ချုံခိုတိုက်ခိုက်မှု
Vol. 132 Ch. 1816
“ရှစ်ဆယ်ရာခိုင်နှုန်း…” ဝမ်လင်း၏အကန့်အသတ်မှာ ရှစ်ဆယ်ရာခိုင်နှုန်း ဖြစ်၏။ သူ ထိုသို့ ပြောလိုက်သည်နှင့် သူ၏မျက်နှာမှာလည်း ဖြူရောသွားသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ အသက်ဓာတ်အားသည် မြန်ဆန်စွာကုန်ဆုံးပြီး သူ၏မျက်နှာက အိုစာလာသည်။
တစ်ချိန်တည်းမှာ ထီးက ရုတ်တရက် ပိတ်၏။ နာကျင်ထိတ်လန့်စွာ အော်ဟစ်သံများ ပဲ့တင်ထပ်သည်။ ၎င်းက လူမည်မျှများများကို သေဆုံးစေပြီကိုမူ မသိရပေ။
ဗိုလ်ချုပ်သုံးယောက်၏စိတ်မှာ တုန်ယင်နေ၏။ သူတို့၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူတို့က ကျင့်ကြံမှုအပြည့်အဝကို ထုတ်ဖော်၍ သည်မီးစွမ်းအားကို ခုခံရသည်။ သူတို့သည် မီးပင်လယ်မှ ထိုးထွက်နိုင်ဖို့ အရှိန်အမြင့်ဆုံးဖြင့် လှုပ်ရှားကုန်သည်။
ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့မှာလည်း သုန်မှုန်နေ၏။ သူတို့သည်ပင် ဒီမီးကို ခုခံဖို့ အားစိုက်ထုတ်မှုတချို့ သုံးစွဲရ၏။ တကယ်တော့ သူတို့၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားလှသော်လည်း သူတို့၏ခန္ဓာကိုယ်များမှာမူ ရှေးလူများကဲ့သို့ မဟုတ်ပေ။
ခုနစ်ရောင်စုံတာအိုသခင်က ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ မန္တာန်များကို အမွေဆက်ခံထားသူ ဖြစ်၏။ ၎င်းမန္တာန်များထဲ၌ နယ်မြေလောင်ကျွမ်းခြင်းထီးလည်း ပါဝင်၏။ ၎င်းက ဝမ်လင်း အသုံးပြုသော မန္တာန်နှင့် ကွာခြားသော်လည်း သည်နေရာရှိ မည်သူကမျှ ဒီမန္တာန်အကြောင်း သူ့ထက်ပို၍ မသိပေ။ သည်အခိုက်၌ သူက မာန်သွင်းကာ မီးပင်လယ်မှ ထိုးထွက်၏။ သူက ဝမ်လင်းထံ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဦးတည်ဝင်လာသည်။ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်လာသည့်နောက် ဝမ်လင်း၏ အကန့်အသတ်တိုင် လေပြီ။ နောက်ထပ် တစ်ရာရာခိုင်နှုန်းထိ မပိတ်ဆို့နိုင်ပေ။ သို့သော် ဝမ်လင်းသည် ဒီနယ်မြေလောင်ကျွမ်းခြင်းထီး၏ သက်ရောက်မှုအပေါ် မချင့်မရဲ ဖြစ်နေသေးသည်။
ခုနစ်ရောင်စုံတာအိုသခင် တိုးဝင်လာစဉ် ဝမ်လင်းက သူ့ဘယ်လက်ကို ဝေ့ယမ်း၏။
လောကသည် တုန်ဟည်း၏။ ခုနစ်ရောင်စုံအလင်း ဝမ်လင်းပတ်လည်၌ လင်းလက်ကာ မြေပြင်ထုသည် ခုနစ်ရောင်စုံတောက်ပသည်။ ထိုခုနစ်ရောင်စုံအလင်းက ကောင်းကင်ထက်သို့ ထိုးတက်ကာ မီးပင်လယ်အတွင်းမှ ဦးဆုံး ထိုးထွက်လာသည့် ခုနစ်ရောင်စုံတာအိုသခင်၏ ပတ်လည်ရှိ ခုနစ်ရောင်စုံအလင်းနှင့် ချိတ်ဆက်သွားသည်။
ဝမ်လင်း၏ ဘေးရှိ မြေပြင်ထက်မှ ခုနစ်ရောင်စုံလှံ ထိုးထွက်လာကာ ၎င်းက တာအိုသခင်ထံ ဦးတည်သည်။
ဤတိုက်ခိုက်မှုက ရုတ်ချည်းဆန်လှ၏။ ခုနစ်ရောင်စုံတာအိုသခင်က မီးပင်လယ်အတွင်းမှ ထိုးထွက်လာရုံ ရှိသေး သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ ရိုးတံနှစ်ခု ဆုံးရှုံးထားသော ကြာပွင့် ပေါ်လာ၏။ သူက ဝမ်လင်း၏ ဓားသွားကို ပိတ်ဆို့ခဲ့သလိုမျိုး ကြာပွင့်ရိုးတံများက နီးကပ်ကာ သူ့အား ခြုံလွှမ်းပေးသည်။
သို့ပေမည့် ခုနစ်ရောင်စုံတာအိုသခင်၏ ကြာပွင့်က ဝမ်လင်း၏ ခုနစ်ရောင်စုံလှံကို မရပ်တန့်နိုင်စေပေ။ နယ်မြေလောင်ကျွမ်းခြင်းထီးကဲ့သို့ပင် သည်မန္တာန်နှစ်ခုလုံးက ဒီလှိုဏ်ဂူလောကမှ မဟုတ်ပေ။ လူတစ်ယောက်သည် ထိုမန္တာန်၏ ခွန်အားအများအပြားကို အသုံးပြုနိုင်ပါက ၎င်းမှာ အလွန်အစွမ်းထက်လှမည်။
ထိုလှံက ကြာပွင့်ထံသို့ ချက်ခြင်း နီးကပ်လာ၏။ ယင်းတို့ ထိပ်တိုက်တွေ့သည်နှင့် ကြာပွင့်၏ရိုးတံငါးခုသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်။ ထို့နောက် ကြာပွင့်ကိုယ်တိုင်လည်း တစစီ ဖြစ်သွားသည်။
သုန်မှုန်နေသော ခုနစ်ရောင်စုံတာအိုသခင် လှစ်ဟပေါ်လာ၏။ သူက ချက်ခြင်း ညာလက်ကို ဝေ့ယမ်းလိုက်ရာ အလားတူ ခုနစ်ရောင်စုံလှံ ပေါ်လာပြီး ဝမ်လင်း၏ လှံနှင့် ထိပ်တိုက်တွေ့သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ကောင်းကင်ပြိုလဲသံအလား မြည်ဟိန်းသံ ပဲ့တင်ထပ်၏။ သည်လှံနှစ်ခု ထိပ်တိုက်တွေ့ခြင်းက ပြင်းထန်သောတုန်ခါလှိုင်းကို ဖြစ်စေသည်။ ထိုအခိုက်၌ ဝမ်လင်း၏ တတိယတိုက်ကွက် ပေါ်လာသည်။
ထိုဖိသိပ်အား တစစီ ပြိုကွဲစဉ် ဝမ်လင်း၏မူလခန္ဓာကိုယ် ပေါ်လာ၏။ သူ၏မျက်ခုံးများကြားနှင့် မျက်လုံးများထဲရှိ ကြယ်များသည် လှည့်ပတ်ကာ ဝဲကတော့အသွင် ဖြစ်လာသည်။ သူ၏နောက်တွင် ရှေးတောက်အရိပ် ပေါ်လာသည်။ သူက ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ဆွဲကိုင်ကာ ခုတ်ပိုင်းချလာသည်။
ထိုခုတ်ပိုင်းချက်နှင့်အတူ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းလှံက ခုနစ်ရောင်စုံတာအိုသခင်ထံ ပျံသန်းဝင်လာ၏။ သည်အခိုက်တွင် တစ္ဆေအိုကြီးကျန့် လှမ်းထွက်လာသည်။
သူ၏မျက်လုံးမှာ တောက်ပကာ လောဘနှင့် ပြည့်နှက်နေ၏။ ဝမ်လင်း၏ မူလခန္ဓာကိုယ် ပုဆိန်ချက် ခုတ်ပိုင်းစဉ် သူက ဝမ်လင်းရှေ့ရှိ တတိယစိတ်ဝိညာဉ်ထံသို့ တိုးဝင်လာသည်။
သို့ရာတွင် ဝမ်လင်းက ချုံခိုတိုက်ကွက် ခုနစ်ကွက် ပြင်ဆင်ထားသည့်အတွက် သူသည် တစ္ဆေအိုကြီးကျန့်ကို သူ ဆန္ဒရှိသလို မည်သို့ လုပ်ခွင့်ပြုပါ့မည်နည်း။ ဝမ်လင်းသည် တစ္ဆေအိုကြီးကျန့်၏ ကျင့်ကြံခြင်းအဆင့်နှင့် မယှဉ်နိုင်သော်လည်း သူက ချုံခိုတိုက်ကွက်များကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ တစ္ဆေအိုကြီးကျန့် သူနှင့် ပေတစ်ထောင်အတွင်းသို့ ရောက်လာသည်နှင့် ဝမ်လင်းက ချိပ်ဟန်တစ်ခု ဖြစ်စေကာ လက်ညွှန်သည်။
“လေးခုမြောက်တိုက်ခိုက်မှု၊ တစ္ဆေသွေးရွက်ဖျက်…”
တစ္ဆေအိုကြီးကျန့်က ရုတ်တရက် ရပ်တန့်ကာ သူ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု ပေါ်လာ၏။ ကျယ်လောင်စွာ မြည်ဟိန်းသံ ပဲ့တင်ထပ်၏။ သွေးမြူက သူ၏ရှေ့၌ ပေါ်လာသည်။ ထိုမြူသည် အနီရောင်တစ္ဆေမျက်နှာအဖြစ်သို့ ပြောင်းကာ တစ္ဆေအိုကြီးကျန့်အား ဝါးမြိုသည်။
ထိုပုံရိပ်ယောင်က ခုနစ်ရောင်စုံတာအိုသခင်ကိုပင် ပိတ်နိုင်စေရာ ထို့အတွက် တစ္ဆေအိုကြီးကျန့်မှာ မည်သို့ ရှောင်နိုင်ပါ့မည်နည်း။ တစ္ဆေအိုကြီးကျန့် တစ္ဆေမျက်နှာ၏ ဝါးမြိုခြင်း ခံရသည့်အခါ သူက ချက်ခြင်း ထိုင်ချ၏။ သူ၏အမူအရာမှာ ဆက်တိုက် ပြောင်းလဲနေသည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏ပုဆိန်ချက်က ခုနစ်ရောင်စုံတာအိုသခင်ထံ နီးကပ်လာသည်။ ဝမ်လင်းက သည်တိုက်ခိုက်မှုသည် ထိုသူ့ကို ဒဏ်ရာမရစေနိုင်တာ သိ၏။ ထို့ကြောင့် သူက သည်လက်နက်ကိုပါ ဖျက်စီးပစ်ဖို့ ဆန္ဒရှိနေခြင်းပင်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က တစစီ ဖြစ်သွား၏။ အဖျက်အစီးအားတစ်ခု ထိုးထွက်လာ၏။ ဝမ်လင်း၏မူလခန္ဓာကိုယ်သည် ပျက်စီးကာ သွေးများ ပန်းထွက်သည်။ သို့ပေမည့် ရှေးအင်မောတယ်ခန္ဓာကိုယ်ကြောင့် သူ၏ခန္ဓာကိုယ်သည် ကိုယ်ပွားထံသို့ ဆုတ်နေရရင်း မြန်ဆန်စွာ ပြန်ကောင်းမွန်လာနေသည်။ သူ၏မူလခန္ဓာကိုယ်က ကိုယ်ပွားနှင့် ထပ်မိသွားချိန်၌ သူသည် လုံးဝ ပြန်ကောင်းမွန်သွားသည်။
သို့ပေမည့် ဝမ်လင်း၏ပါးစပ်ထောင့်တွင် သွေးစတို့ စီးကျနေဆဲပင်။ သည်ကား တုန်လှုပ်ဖွယ် မြင်ကွင်းပင်။
ခုနစ်ရောင်စုံတာအိုသခင်ကမူ သူ၏ဆံပင်များ ရှုပ်ပွကုန်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်လာ၏။ သူက ဝမ်လင်းထံသို့ ခြေလှမ်းသည်။ တစ်ချိန်တည်းမှာ ဗိုလ်ချုပ်သုံးယောက်နှင့် အုပ်စိုးသူတို့က မီးပင်လယ်ထဲမှ ထိုးထွက်လာသည်။ သို့ပေမည့် သူတို့ ထွက်ပေါ်လာပြီးသည့်နောက် ရပ်တန့်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်ကုန်သည်။
သူတို့က သည်မြင်ကွင်းကို လုံးဝ မမျှော်လင့်ထားကြပေ။ တစ္ဆေအိုကြီးကျန့်မှာ အနီရောင်မြူအစုအဝေး၏ ဝန်းရံခြင်း ခံထားရပြီး ဝမ်လင်း၏ ပေတစ်ထောင်အကွာ၌ သူသည် မျက်နှာရှုံ့တွစွာဖြင့် ထိုင်လို့နေသည်။
ခုနစ်ရောင်စုံတာအိုသခင်၏ ဆံပင်များမှာလည်း ရှုပ်ပွနေ၏။ သူက သနားစရာအခြေအနေသို့ ရောက်သွားသည့်အလား။
သူတို့က အစောပိုင်းတုန်းက အဖြစ်အပျက်ကို မမြင်ခဲ့ကြပေ။ ရလဒ်ကိုသာ တွေ့မြင်ခဲ့၏။ သူတို့၏စိတ်နှလုံးထဲ၌ ကြောက်လန့်မှုတို့ ရှိလာသည်။ အုပ်စိုးသူက ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့မှာ မည်မျှအစွမ်းထက်သည်ကို သိ၏။ သူက မယုံကြည်နိုင် ဖြစ်နေသည်။ သည်နှစ်ယောက်သည်ပင် ဝမ်လင်း၏ရှေ့၌ ခုလိုမျိုးအခြေအနေ ဖြစ်နေရသည်။ ထိုအဖြစ်က သူ၏စိတ်နှလုံးကို တုန်ခါစေသည်။
အဇူရာနဂါးဗိုလ်ချုပ်သည် ပင့်သက်ရှိုက်ကာ ဝမ်လင်းအား အလန့်တကြား ကြည့်မိသည်။ သူသည် တုန်လှုပ်မိသည်ထက် ပိုလွန်စွာ ခံစားမိနေသည်။
လိပ်နက်၏ မျက်နှာမှာ ဖြူရောသွားပြီး သူက ဘေးပတ်လည်သို့ ကြည့်၏။ သူက ဝမ်လင်း၏ ကောင်းကင်ဘုံတာအိုကိုပါ အမှတ်ရလိုက်ပြီး သူ၏စိတ်ထဲ၌ ကြောက်ရွှံ့မှု ပိုမြင့်တက်လာသည်။ သူက သည်ကို လာခဲ့သည့်အတွက် နောင်တရသလိုပါ ခံစားမိကုန်သည်။
ဟင်္သာငှက်ဗိုလ်ချုပ်၏ ခံစားချက်က ပို၍ပင် ရှုပ်ထွေးနေသေး၏။ သူ၏စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်နိုင်ဖို့ ခက်နေသည်။
ခြောက်ယောက်မြောက်ကိုယ်လုပ်တော်လည်း ရှိသေး၏။ သူမသည် မီးပင်လယ်မှ လွတ်မြောက်နိုင်ရုံသာ ရှိပြီး ဒဏ်ရာရထား၏။ အခုအခါ၌ သူမ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဝမ်လင်းအပေါ် ကြောက်ရွှံ့မှုကို ဖုံးဖိမထားနိုင် ဖြစ်ရသည်။
သိုပေမည့် အမှန်တော့ ဝမ်လင်းသည် သူ၏ချုံခိုတိုက်ကွက် ခုနစ်ခု၌ ငါးခုကို အသုံးပြုပြီး ဖြစ်သလို ဒဏ်ရာလည်း ရထားပေပြီ။ သူ၏ကိုယ်ပွားနှင့် မူလခန္ဓာကိုယ်နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရထားသည်။ အသက်ထိန်းရှု သတိကပ်ထားခြင်းကြောင့်သာ မဟုတ်ပါက သူသည် သတိလစ်သွားလောက်ပြီ ဖြစ်သည်။
သူက သည်နေရာသို့ အရင်ရောက်လာခဲ့ကာ ချုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ဒဏ်ရာရသွားခဲ့ရသည်သာ။ ဤသည်က ခုနစ်ရောင်စုံတာအိုသခင် မည်မျှအစွမ်းထက်သည်ကို ပြသနေ၏။
ဝမ်လင်းအပေါ် ခုနစ်ရောင်စုံတာအိုသခင်၏ သတ်ဖြတ်ချင်စိတ်က အထွတ်အထိပ် ရောက်လာ၏။ သည်အခိုက်၌ သူက မြန်ဆန်စွာ ချဉ်းကပ်လာပြီး ညာလက်ကို ပင့်မြှောက်သည်။ သူက တတိယစိတ်ဝိညာဉ်ကိုပင် ဖမ်းဆုပ်ခြင်း မရှိဘဲ ဝမ်လင်းကို သတ်ဖို့ ဦးတည်နေ၏။
ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ သို့သော် သူ၏မျက်လုံးတို့ကမူ တည်ငြိမ်သည်။ ခုနစ်ရောင်စုံတာအိုသခင် ချဉ်းကပ်လာသည့်အခါ ဝမ်လင်းက သူ၏ညာလက်မှ လီကောင်းလေးကို ဆုပ်ကိုင်၍ ဘယ်လက်ဖြင့် တာအိုသခင်ထံသို့ လက်ညွှန်သည်။
“ကောင်းကင်ဘုံတာအို၊ လောက ဝါးမြိုခြင်း…” သည်အခိုက်အတန့်၌ လောကသည် တုန်ယင်၏။ ဧရာမအက်ကြောင်းတစ်ခုက ခုနစ်ရောင်စုံတာအိုသခင်၏ရှေ့၌ ပေါ်လာ၏။ အဝေးမှ ကြည့်ပါက ထိုအက်ကြောင်းသည် ပါးစပ်ကြီးတစ်ခုနှင့်ပင် တူသေးသည်။
မြေနိမ့်သားရဲ ပေါ်လာ၏။ ၎င်းက ရုတ်တရက် မျက်လုံးဖွင့်လာကာ ကြမ်းကြုတ်မှုနှင့် အေးစက်မှုကို ဖော်ပြသည်။ ခုနစ်ရောင်စုံတာအိုသခင် နီးကပ်လာသည့်အခါ ၎င်းက ဝါးမြိုလာ၏။
မြေနိမ့်သားရဲက ၎င်း၏ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် ၎င်းက သက်ရှိအားလုံးကို ဝါးမြိုမည် ဖြစ်၏။ တာအိုခုနစ်ခုကလန်မှ တပည့်အချို့က မီးပင်လယ်ထံမှ ရုန်းကန်လွတ်မြောက်နိုင်ခဲ့၏။ သူတို့က လွတ်လာရုံ ရှိသေး မြေနိမ့်သားရဲ၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
ကောင်းကင်ထက်ရှိ မီးပင်လယ်တစိတ်တပိုင်းပင် မြေနိမ့်သားရဲ၏ ဝါးမြိုခြင်းကို ခံရသည်။
ဗိုလ်ချုပ်သုံးယောက်၏ အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူတို့က စုပ်အားကို ခုခံနိုင်ဖို့ ခန္ဓာကိုယ်များကို တောင့်ထားကြ၏။ သို့ပေမည့် ခြောက်ယောက်မြောက်ကိုယ်လုပ်တော်ကမူ စုပ်အားကို မယှဉ်သာတော့ဘဲ စူးစူးဝါးဝါး အော်ဟစ်ကာ ဝါးမြိုခြင်းခံလိုက်ရတော့သည်။
အုပ်စိုးသူမှာ လုံးဝ မင်သက်နေ၏။ သူက မြေနိမ့်သားရဲကို ဖြူရောရောမျက်နှာဖြင့် လှမ်းကြည့်၏။ သူက ထိုမြေနိမ့်သားရဲကို ဦးဆုံး မြင်သည့်အခါ၌ ခန့်မှန်းချက်များ ရှိထားပြီးပင်။ အတိတ်တုန်းက သူ၏သခင်ဟောင်း လျန်တောက်ဖေ(အရူး)မှာ မြေနိမ့်သားရဲ၏ ဝါးမြိုခြင်းခံခဲ့ရသော မြင်ကွင်းအား သူ မည်သို့ မေ့နိုင်ပါ့မည်နည်း။ ခုချိန်၌ သည်အေးစက်စက်နှင့် ကြမ်းကြုတ်လှသော မျက်လုံးများကို တွေ့မြင်ရသည့်အခါ အုပ်စိုးသူသည် တုံ့နှေးခြင်းမရှိ နောက်ဆုတ်မိတော့၏။
ခုနစ်ရောင်စုံတာအိုသခင်၏ အမူအရာမှာလည်း ပြောင်းလဲသွား၏။ သူက ရုတ်တရက် ရပ်တန့်သည်။ သူက မြေနိမ့်သားရဲကို တုန်လှုပ်ဟန်ဖြင့် စိုက်ကြည့်သည်။
“ကောင်း…ကောင်းကင်ဘုံတာအို…”
သည်မြေနိမ့်သားရဲက မပြီးပြည့်စုံသေးပေ။ ထို့ကြောင့် ၎င်းက အလွန်အစွမ်းထက်သော သူများကို ဝါးမြိုနိုင်ခြင်း မရှိလေပေ။ ဝမ်လင်းကလည်း ဤသည်ကို သိ၏။ သို့သော် သူက ခုနစ်ရောင်စုံတာအိုသခင် တုန်လှုပ်သွားသည့်အား မြင်ရဖို့အတွက် ထိုသားရဲကို ငါးခုမြောက်တိုက်ကွက်အဖြစ် အသုံးပြုလိုက်သည်သာ။
တကယ်တော့ ဝမ်လင်းက ခုနစ်ရောင်စုံတာအိုသခင်၏ အပေါ်၌ ရပ်တန့်ခြင်းမန္တာန်ကို အသုံးမပြုနိုင်ပေ။ သူက ထိုမန္တာန်၏ တန်ပြန်ကန်အားကို ခံနိုင်လိမ့်မည် မဟုတ်ပါ။ ထို့အတွက် သူက မြေနိမ့်သားရဲကို ဆင့်ခေါ်ပြီး ရပ်တန့်ခြင်းမန္တာန်ကဲ့သို့ တူညီသောသက်ရောက်မှုကို ဖြစ်စေလိုက်ခြင်းတည်း။
“ခြောက်ခုမြောက်တိုက်ခိုက်မှု…” ဝမ်လင်းက ညစ်ပြုံးပြုံး၏။ သို့သော် သည်အပြုံးမှာ အားပျော့လှသည်။ သူ၏ပါးစပ်ထောင့်မှလည်း သွေးများ စီးကျနေ၏။
ဝမ်လင်းက သူ့ဘယ်လက်ဖြင့် မြေပြင်ထုကို ရိုက်ချလိုက်၏။ ထိုနည်းလမ်းက ဟင်္သာငှက်ဒုတိယမျိုးဆက်ထံမှ သူ သင်ယူခဲ့သော ခွန်အားကို အသုံးချသည့်နည်းလမ်းပင်။ မြေပြင်သည် တသိမ့်သိမ့် တုန်ခါကာ မြေအောက်ရှိ အိပ်ပျော်နေသော ဆင့်ကဲပြောင်းလဲလာသည့် ငါးမျက်လုံးသားရဲကို လှုံ့ဆော်လေ၏။
သည်အခိုက်၌ ဝမ်လင်းက လေထဲတွင် သွေးစက်ဝန်းတစ်ခုကို ရေးဆွဲလိုက်ရာ အတားအဆီးများ ပျောက်ကွယ်၏။ သွေးနံ့နှင့် မူလစွမ်းအင်ကို ဆက်၍ ဖုံးကွယ်မထားစေတော့ဘဲ လုံးဝ ပေါက်ကွဲထွက်လာတော့သည်။
ထိုသွေးစက်ဝန်းက ခုနစ်ရောင်စုံတာအိုသခင်ထံသို့ ပျံသန်းသွား၏။ ခုနစ်ရောင်စုံတာအိုသခင်က တုန်လှုပ်၍ ခဏတာ မင်သက်မိစဉ်မှာ သည်သွေးစက်ဝန်းက ပေါက်ကွဲထွက်သည်။
သွေးစက်ဝန်းထံမှ အော်ရာက ခုနစ်ရောင်စုံတာအိုသခင်ကို ဝန်းရံသွား၏။ သည်ဂြိုဟ်မှာ တုန်ဟည်းကာ မရေမတွက်နိုင်သည့် နှစ်များစွာ အိပ်ပျော်နေရာကနေ နိုးထလာသည့် လွှမ်းမိုးနိုင်စွမ်းအပြည့် ဟိန်းအော်သံသည် သည်ဂြိုဟ်၏ အတွင်းနက်ပိုင်းမှ ထွက်ပေါ်လာချေသည်။
ထိုဟိန်းသံ ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာ ဂြိုဟ်ပေါ်ရှိ အဝါရောင်သဲက အထက်သို့ မြင့်တက်လာသည်။
***