← Chapters

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (4)

Vol. 25 Ch. 241

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (4)

Vol. 25 Ch. 241

ထိုအချိန်က ရွာကို ကာကွယ်ပေးနေသည့် ပညာရှင်တစ်ဦးက ကျေးရွာသို့ ကိုယ်တိုင်လာရောက်၍ ကုန်ပစ္စည်းများထဲမှ ခေါ်ဆောင်သွားရန် သင့်တော်သည့် ကလေးများ ရှာဖွေရန် ရောက်လာခဲ့သည်။

လူကုန်ကူးရာတွင် ပါဝင်သည့် ရွာသားများမှာ ထိုပညာရှင်များမှ ကလေးငယ်များအား မည်သည့်နေရာခေါ်သွား၍ မည်သည့်အရာများ လုပ်မည်အား မသိခဲ့ကြပေ။

သူတို့သိသည့် အရာမှာ သုံးလ သို့မဟုတ် ငါးလတစ်ခါခန့်ကြာတိုင်း တစ်ယောက်ယောက်မှ ‘သင့်တော်သည့်’ကလေးတစ်ဦးအား လာရောက်ရွေးချယ်တတ်ကြသည်။

ရွေးချယ်ခံရပြီးပါက ထိုကလေးငယ်များကို နောက်တစ်ကြိမ်မမြင်ရတော့ပေ။

ကျန်းရှောင်ယန်သည်လည်း ထိုအချိန်က ‘ကုန်ပစ္စည်းများ’ထဲမှ တစ်ခုဖြစ်ခဲ့သည်။

အသက်ငယ်စဉ်ကပင် သူမ သေသေချာချာမှတ်မိနေသည်မှာ ဝတ်ရုံဝတ်ဆင်ထားသည့် နှုတ်ခမ်းမွှေးပါးပါးဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက သူမအား ချီမြှောက်၍ သေချာကြည့်နေခဲ့သည်။

အစကတော့ အံ့ဩသွားပုံပေါ်သော်ငြား သေချာစစ်ဆေးပြီးချိန်တွင်တော့ စိတ်ပျက်လက်ပျက်နှင့် သူမအား မြေပေါ်သို့ ပြန်ပစ်ချလိုက်သည်။

“ဒီကောင်မလေးက ထူးခြားတဲ့ ဖွဲ့စည်းပုံနဲ့ မွေးလာတာပဲ၊ သူမက ‘မီးငှက်ရဲ့ ကံကြမ္မာ’နဲ့ မွေးလာတာ။ ဒါပေမယ့် လေ့ကျင့်ဖို့အတွက်ကတော့ မသင့်တော်ဘူး၊ အသုံးမကျဘူး၊ ဒါပေမဲ့ .... သူမက မင်းတို့လို သာမန်လူတွေနဲ့တော့ တော်တော်လေး သင့်တော်သားပဲ”

ထိုအချိန်က ဝူဖန်မှာ ရှောင်ယန်ကျေးရွာ၏ ခေါင်းဆောင်မဟုတ်သေးပေ။ သူသည်က အသက် ၂၀အရွယ်ရှိပြီဖြစ်ကာ ရွာထဲတွင် နာမည်ကြီးလူမိုက်တစ်ဦးဖြစ်နေခဲ့သည်။

သူ၏အလုပ်မှာ လူမိုက်အဖွဲ့များ စုဆောင်း၍ ကာကွယ်ကြေးလိုက်ကောက်ခြင်းသာ ဖြစ်သည်။

ထူးခြားပညာရှင်မှ ကျန်းရှောင်ယန်အကြောင်း ပြောလိုက်သည်ကို ကြားရပြီးနောက် သူက သူမအား ရောင်းချရန် စိတ်မကူးတော့ဘဲ နေအိမ်တွင်သာ ကလေးသတို့သမီးအဖြစ် သိမ်းထားခဲ့သည်။

တစ်နည်းဆိုရလျှင် ကျန်းရှောင်ယန်၏ ဘဝကို ဖျက်ဆီးခဲ့သော အိမ်ထောင်ဆိုးသည်က ဝူဖန်သာဖြစ်ချေသည်။

ရွာထိပ်တွင် ဝူဖန်ပြောခဲ့သည့် ရူးသွပ်နေသော ကျန်းရှောင်ယန်အား အိမ်မှ နှင်ထုတ်လိုက်သည့် အမျိုးသားသည်လည်း အခြားသူမဟုတ်ဘဲ၊ သူကိုယ်တိုင်သာ ဖြစ်သည်။

ထိုအရာအား မြင်ရပြီးနောက် ရဲအရာရှိ အနည်းငယ် မျက်စိလည်သွားသည်။

“’မီးငှက်၏ ကံကြမ္မာဖြင့် မွေးဖွားခြင်း’ဆိုတာက ကောင်းတာမဟုတ်ဘူးလား? မိန်းမတွေ အများကြီး အဲ့လို ကံကြမ္မာနဲ့ မွေးကြလို့လား?”

ကုကျစ်စုန့် ရှင်းပြသည်။

“ဘယ်ဟုတ်လိမ့်မလဲ၊ ရှေးခေတ်ကနေ အခုထိ ဘယ်လို ကံကြမ္မာမျိုးကမှ သူများကို ခ,စားဖို့ မွေးလာတာ မဟုတ်ဘူး၊ ဒါပေမယ့် ကျန်းရှောင်ယန်ရဲ့ ဖွဲ့စည်းပုံကတော့ နည်းနည်း ထူးခြားတယ်၊ သူမရဲ့ ဝိဉာဉ်က အရင်ဘဝတုန်းက ပညာရှိတစ်ဦးလေ”

“သူမရဲ့ အရင်ဘဝတုန်းက လက်ခံရခဲ့တဲ့ ကောင်းချီးတွေနဲ့ သူမရဲ့ အတိတ်က လေ့ကျင့်အားထုတ်မှုတွေကြောင့် ပြန်ပြီး ဝင်စားတဲ့အချိန်မှာတောင် သူ့ဝိဉာဉ်မှာ အဲ့ဒီကောင်းချီးအချို့က ကျန်ခဲ့ဦးမှာပဲ

ဒါကြောင့်ပဲ သူမက သန်မာပြီးတော့ အားမလျော့တဲ့ စိတ်ဓာတ်နဲ့ မွေးဖွားလာတာ”

“အဲ္ီလိုလူမျိုးက တည်ငြိမ်အေးချမ်းပြီး ပျော်ရွှင်တဲ့ မိသားစုမှာဆိုရင်တော့ မိသားစုကိုရော၊ အလုပ်ကိုပါ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်၊ ချစ်ရတဲ့သူတွေနဲ့ အေးအတူ၊ပူအမျှ ခံစားပေးနိုင်ပြီးတော့ ပြဿနာပေါင်းများစွာကိုလည်း ဖြေရှင်းပေးနိုင်တယ်

ရှေးခေတ်တွေတုန်းကတော့ ဘုရင့်အကြံပေးတွေက တော်ဝင်မိသားစုတွေအတွက် အိမ်ထောင်ဖက်ရွေးချယ်တဲ့အချိန်မှာ ရွေးချယ်တဲ့ မိန်းမကို ‘မီးငှက်၏ ကံကြမ္မာဖြင့် မွေးဖွားသူ’လို့ ပြောတတ်ကြပြီး သူတို့တွေက ကမ္ဘာကြီးမှာ ဘုရင်မတစ်ပါး ဖြစ်ဖို့ ကံပါလာတဲ့သူတွေလို့ ဆိုကြတယ်

အရွေးချယ်ခံရတဲ့ အမျိုးသမီးကလည်း အဲဒီလို အရည်အချင်းရှိရတယ်

သူတို့ ယုံကြည်ကြတာက ဒီလိုအမျိုးသမီးမျိုးက အိမ်ခြောက်အိမ်ရဲ့ ဆက်ဆံရေးကို ပြေပျစ်အောင် လုပ်ဆောင်နိုင်ပြီး နိုင်ငံတော် တည်မြဲအောင် ကူညီနိုင်တယ်လို့လေ”

သူတို့အားလုံး သဘောပေါက်လိုက်ကြသည်။

ကျန်းရှောင်ယန်ကဲ့သို့ လူများသည် ‘စီးပွားလာဘ်လာဘရွှင်လန်း’ စေသည်မဟုတ်ဘဲ သူတို့၏ ကျက်သရေမင်္ဂလာသည် အနီးအနားမှ လူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသောကြောင့် မိသားစုအား တိုးတက်စေခြင်းဖြစ်သည်။

ရဲဝန်ထမ်းလည်း အနည်းငယ် ဝမ်းနည်းသွားပုံပေါ်သည်။

“ဒါဆို ဒါက... နှမြောဖို့ကောင်းတာပဲ”

အကယ်၍ သူမသာ အဖမ်းဆီးမခံခဲ့ရပါက ကုကျစ်စုန့်၏ စကားအတိုင်းဆိုလျှင် သူမြင်ယောင်မိသည်မှာ ကျန်းရှောင်ယန်၏ ဘဝသည် ပျော်ရွှင်ဖွယ်ရာကောင်းသည့် ဘဝလေးပင် ဖြစ်လိမ့်မည်။

သို့သော် သူမ၏ ခေါင်းမာမှုနှင့် ဇွဲမလျော့မှုတို့ကြောင့်သာလျှင် ထွက်ပြေးရန် လက်မလျှော့ခဲ့ခြင်းပင်ဖြစ်သည်။

သူမ ဝူမိသားစုသို့ ရောက်ရှိလာချိန်က ဝူဖန် သူမအနေဖြင့် ဤမိသားစုအား ချမ်းသာအောင် လုပ်ပေးနိုင်သည်ဟုက ထင်ခဲ့သည်။

ထို့ကြောင့် သူမအား ကောင်းကောင်းဆက်ဆံခဲ့သည်။

အပြင်မထွက်နိုင်၊ ကျောင်းမသွားရသော်ငြား သူမတွင် ဝတ်စရာ၊ စားစရာအပြည့်ဖြစ်သည်။

ထို့ကြောင့် သူမက အလျှော့မပေးဘဲ ကိုယ်တိုင်လေ့လာ၍ စာအတော်များများကို ဖတ်နိုင်ခဲ့သည်။

ငါးနှစ်အတွင်း သူမ သုံးကြိမ်ထွက်ပြေးခဲ့ပြီး အကြိမ်တိုင်းလည်း ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။

နောက်ပိုင်းတွင်တော့ ဝူဖန်က သူမကို ရိုက်နှက်သည့်အပြင် လူကုန်ကူးခံရပြီးနောက် မကောင်းသော နေရာများသို့ ရောင်းချခံလိုက်ရသည့် အမျိုးသမီးများ ဒုက္ခရောက်နေပုံများ မြင်တွေ့အောင် ခေါ်သွားခဲ့သေးသည်။

သို့သော် ထိုမြင်ကွင်းများသည်က ကျန်းရှောင်ယန်အား ပို၍ပင် စိတ်ဓာတ်တွန်းအား ဖြစ်စေခဲ့သည်။

ကျန်းရှောင်ယန်၏ ဒုတိယမြောက် သမီးငယ် မွေးဖွားပြီးချိန်တွင်တော့ ဝူဖန်နှင့်အတူ အခြားသူများက သူမလက်လျှော့လိုက်ပြီဟု ထင်လိုက်ကြသည်။

သူမကတော့ သမီးငယ်အား ဂရုစိုက်နေဟန်ဆောင်၍ အခြား အမျိုးသမီးတစ်ယောက်နှင့်အတူ ထွက်ပြေးရန် ကြံစည်ခဲ့ကြသည်။

ထိုအခြားအမျိုးသမီးမှာကား ချိန်းကြိုးဖြင့် တုပ်နှောင်ခံထားရသည့် အမျိုးသမီးပင်ဖြစ်ချေသည်။

ကံဆိုးစွာပင် သူတို့ ပြန်လည် ဖမ်းဆီးခံလိုက်ရပြန်သည်။

ရွာထဲမှ လူတိုင်းက ကြံရာပါများပင် ဖြစ်နေခဲ့သည်။ ကြံရာပါမဟုတ်လျှင်လည်း ထိုအရာများကို ဂရုမစိုက်ကြသူများသာ ဖြစ်သည်။

သူတို့ မြင်တွေ့နေရလျှင်တောင်မှ ပြဿနာဖြစ်မည်ကို စိုးရိမ်သောကြောင့် မမြင်ဟန်ဆောင်တတ်ကြသည်။

ယခုတစ်ကြိမ်တွင်တော့ ဝူဖန် အင်မတန် ဒေါသထွက်သွားသည်။

သူ ကျန်းရှောင်ယန်အား ‘မသနား’တော့ရန် ဆုံးဖြတ်လိုက်တော့သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည်က လူကုန်ကူးခြင်းဖြင့် ငွေအများအပြား ရှာဖွေနိုင်ပြီဖြစ်သည်။

သူ့တွင် သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ချစ်သူတစ်ဦးလည်း ရှိနေပြီဖြစ်သည်။ သူ့အား ချမ်းသာအောင် ကူညီပေးမည့် ကျန်းရှောင်ယန်အား မလိုအပ်တော့ပေ။

ထို့ကြောင့် ကျန်းရှောင်ယန်အား ရူးသွပ်သွားအောင် လုပ်ဆောင်ခဲ့သည်။

တဖက်မှ အမျိုးသမီး၏ ကံကြမ္မာမှာတော့ ကောင်းလှသည်မဟုတ်ပါချေ။

ဖမ်းမိသွားချိန်တွင် သူမတွင် ကိုယ်ဝန်ရှိနေခဲ့သည်။ ထိုကိုယ်ဝန်ကြောင့်သာ မဟုတ်ပါက သူမ၏ ကံကြမ္မာမှာ ကျန်းရှောင်ယန်ထက်ပင် ဆိုးဝါးမည်ဖြစ်သည်။

ကျန်းရှောင်ယန်၏ မှတ်ဉာဏ်တွင်းမှ အတူတူထွက်ပြေးခဲ့ခြင်းကြောင့်သာလျှင် ကုကျစ်စုန့်သည် အခြားအမျိုးသမီး၏ တည်နေရာအား ထောက်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအရာအား မြင်တွေ့ပြီးနောက် ရဲဝန်ထမ်း မေးခွန်းထုတ်မိပြန်သည်။

“မစ်စ်ကု၊ မင်းပြောချင်တာက ကျန်းရှောင်ယန်က ဒီအတိုင်းရူးသွားတာ မဟုတ်ဘူးလား?”

“အမှန်ပဲ၊ သူမရဲ့ စိတ်ဓာတ်က တော်တော်လေး သန်မာတယ်၊ သူမသာ လွယ်လွယ်နဲ့ လဲကျသွားမယ်ဆိုရင် ဆယ်နှစ်ကျော်ထိ တောင့်ခံထားနိုင်ပါ့မလား?”

ကုကျစ်စုန့်၏ မျက်ဝန်းများမှာ အန္တာတိကတိုက်မှ ရေခဲတောင်များသဖွယ် အေးစက်နေခဲ့သည်။

“ကျွန်မပြောပါတယ်၊ ဒီကိစ္စတွေရဲ့ နောက်ပိုင်းမှာ သဘာဝလွန်ပညာရှင်တွေ ရှိနေတယ်လို့လေ၊ ကျန်းရှောင်ယန် ရူးသွားတာက သာမန် စိတ်ရောဂါမဟုတ်ဘူး၊ သူက ‘ဝိဉာဉ်အစားထိုးခြင်းကျိန်စာ’တိုက်ခံလိုက်ရတာ”

‘ဝိဉာဉ်အစားထိုးခြင်းကျိန်စာ’ဆိုသည်မှာ စာချုပ် ချုပ်ဆိုထားသည့် ဆက်ဆံရေးများတွင်သာ အသုံးပြုနိုင်သည့် ကျိန်စာတစ်မျိုးဖြစ်သည်။

ထိုကျိန်စာအား အကောင်း၊အဆိုး ခွဲခြားရန် ခက်ခဲလှသည်။

တချို့လူများသည်က တစ်ယောက်နှင့် တစ်ယောက် ချစ်မြတ်နိုးလွန်းသောကြောင့် တစ်ဖက်လူနှင့် ကျန်းမာရေး၊ ဘဝသက်တမ်း၊ ကံကောင်းခြင်းတို့အား မျှဝေခံစားခြင်းသောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ကျိန်စာတစ်ခုဖြစ်သည်။

ကျန်းရှောင်ယန် ကိုယ်ပေါ်မှ ‘ဝိဉာဉ်အစားထိုးခြင်းကျိန်စာ’မှာ ဒုတိယအမျိုးအစားဖြစ်သည်။ ထိုကျိန်စာသည် နှစ်ဦးနှစ်ဖက် အသွားအပြန်မဟုတ်၊ သူမအပေါ်တွင်သာ သက်ရောက်နေသည်။

သူမသည်က စတေးခံသည့် လမ်းကြောင်းတစ်ခုသာ ဖြစ်ခဲ့သည်။

သူမ၏ ကံကြမ္မာနှင့် ကျန်းမာရေး ပိုဆိုးလာလေလေ၊ ထိုစာချုပ်,ချုပ်ဆိုထားသော ဆက်ဆံရေးတစ်ဖက်မှလူသည် ပို၍ စီးပွားတက်လေလေ ဖြစ်သည်။

သူမ၏ ထူးခြားသော ကံကြမ္မာနှင့် ကံကောင်းခြင်းတို့ ပေါင်းစပ်လိုက်ချိန်တွင်တော့ သူမသည်က ဝူဖန်၏ ဂုတ်သွေးစုတ်ခံရသည့် သားကောင်တစ်ကောင်ဖြစ်လာခဲ့သည်။

သူက အထက်မှ ထူးခြားပညာရှင်အား အကူအညီတောင်း၍ အင်မတန် ရက်စက်ကြမ်းတမ်းလှသော နည်းလမ်းများ အသုံးပြုကာ ကျန်းရှောင်ယန်၏ စိတ်ဓာတ်အား ဖျက်ဆီးခဲ့သည်၊

သူမအား အတိတ်မေ့အောင် ပြုလုပ်ခဲ့ပြီးနောက် အိမ်မှ နှင်ထုတ်၍ အငတ်ငတ်အပြတ်ပြတ်ဖြင့် သေဆုံးရန် ပစ်ထားခဲ့သည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင်ပင် ဝူဖန်က ကျန်းရှောင်ယန်အား သူ့မျက်စိအောက်တွင်သာ နေစေချင်သည်။

ယခုနှစ်ပိုင်းတွင် ဝူဖန်၏ ဘဝမှာ သာယာချောမွေ့စွာ ‘ဝိဉာဉ်အစားထိုးခြင်းကျိန်စာ’၏ ကျေးဇူးဖြင့် တောင်ပိုင်းပြည်နယ်တွင် ချမ်းသာကြွယ်ဝလာခဲ့သည်။

ကုကျစ်စုန့်နှင့် အဖွဲ့များ ရှောင်ယန်ကျေးရွာသို့လာရောက်၍ သူတို့၏ လုပ်ရပ်အား ချမပြမှီအထိပင်ဖြစ်သည်။

ဝူဖန်နှင့် ကျန်းရှောင်ယန်တို့သည်က ခင်ပွန်းနှင့် ဇနီးသည် ဖြစ်နေဆဲဖြစ်သောကြောင့် သူတို့နှစ်ဦး၏ ထိမ်းမြားခြင်းလမ်းကြောင်းသည်လည်း မပျောက်ပျက်သေးပေ။

သူက ကျန်းရှောင်ယန်ထံမှ ရနိုင်သမျှ စွမ်းအင်များအား တစ်ခုမကျန် ရယူနေခဲ့ခြင်းပင်ဖြစ်ပေသည်။

*

ကျန်းရှောင်ယန်အတွက်တော့ သူမ၏ စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံလိုက်ရချိန်တွင် ခံစားခဲ့ရသည့် နာကျင်မှုသည် အသက်သေရသည်နှင့် မခြားနားလှပါချေ။

ထို့ကြောင့်ပင် ကျိန်စာတိုက်ခဲ့သော တောက်ကျန့်ဝတ်ရုံဝတ်လူများက သူမ အမုန်းတီးဆုံးလူများဖြစ်လာပြီး အသိစိတ် ပျောက်သွားချိန်မှာပင် ထိုလူများကို မုန်းတီးစိတ်ကတော့ ပြတ်သားထင်ရှားစွာ ကျန်ရစ်နေခဲ့သည်။

ထိုလူများသာ ဝူဖန်ကဲ့သို့သော လူကုန်ကူးသမားများကို မကူညီပေးခဲ့ပါလျှင်၊ သူတို့က သာမန်လူများအား ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးမထားဘဲ စိတ်ရှိတိုင်း မနှိပ်စက်ခဲ့ပါလျှင်၊ သူမသည်လည်း ဖမ်းဆီးခံရပြီး ယခုကဲ့သို့ နာကျင်မှုဝေဒနာများ ခံစားနေရန် အကြောင်းရှိပါဦးမည်လော?

ထို့ကြောင့် သူမ ရူးသွပ်ကာ အရာအားလုံးကို မေ့ပျောက်သွားချိန်မှာပင်လျှင် ရှင်းယိချင်းနှင့် ဟဲမီတူတို့ ဝတ်ဆင်ထားသည့် အဝတ်အစားကို မြင်ရပြီးနောက် ရင်ထဲမှ အနက်ရှိုင်းဆုံး အမုန်းတရားများ ပြန်လည်ပေါ်ပေါက်လာပြီး သူတို့နှစ်ဦးအား ရန်ပြုရန် ကြိုးစားခဲ့ခြင်းပင်။

ဤအချိန်တွင် ကျန်းရှောင်နာပျောက်ဆုံးခြင်း၏ ပဟေဠိမှာ ဖြေရှင်းပြီး ဖြစ်သည်။

ကုကျစ်စုန့် သူမ မှတ်ဉာဏ်အတွင်းမှ တောက်ကျန့်ပညာရှင်များ၏ မျက်နှာများနှင့် ရှောင်ယန်ကျေးရွာဖြင့် ပူးပေါင်းကာ လူကုန်ကူးရာတွင် ကူညီပေးနေသည့် သူများ၏ နာမည်ကိုလည်း မှတ်မိနေခဲ့သည်။

အချက်အလက်များ စုဆောင်းပြီးချိန်တွင် သူမ တောင်ပိုင်းပြည်နယ်ရဲစခန်းသို့ အပ်နှံခဲ့သည်။

“ကျွန်မ လုပ်ပေးနိုင်တာကတော့ ဒါအကုန်ပါပဲ၊ နောက်ပိုင်း စစ်ဆေးတာတွေနဲ့ ဖမ်းဆီးတာတွေမှာတော့ ကျွန်မတို့က သိပ်ပြီး အထောက်အကူဖြစ်မယ်လို့ မထင်ဘူး”

ကပ္ပတိန်လည်း သူ့စားပွဲပေါ်မှ အရေးကြီးသော အချက်အလက်များကို ကြည့်ကာ ဝမ်းသာသွားရသည်။

“ကျေးဇူးအများကြီးတင်ပါတယ် ကုတောက်ကျန့်၊ တကယ်ကို ကျေးဇူးတင်ပါတယ်!”

All Chapters