← Chapters

မကောင်းဆိုးရွား ဝိဥာဥ်များကို နှင်ခြင်း (3)

Vol. 25 Ch. 248

မကောင်းဆိုးရွား ဝိဥာဥ်များကို နှင်ခြင်း (3)

Vol. 25 Ch. 248

ဖွဲ့စည်းပုံအတွင်းသို့ ခြေချလိုက်သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ယိုစိမ့်ထွက်နေသော မကောင်းမှုစွမ်းအင်များက ပို၍ ထင်ရှားလာခဲ့သည်။

ဤနေရာမှ စွမ်းအင်ကို ခံစားရလိုက်ရပြီးနောက် သက်ရှိကမ္ဘာမှ တောက်ကျန့်များမှ ယန်ချန်ကို အဘယ်ကြောင့် ဤမျှ ဂရုစိုက်စောင့်ကြည့်နေရသည်ကို သူမ နားလည်သွားခဲ့သည်။

သူသည်က မကောင်းဆိုးဝါးဝိဉာဉ်များကို သိုလှောင်ထားသည့် ကရားတစ်ခုကဲ့သို့ ဖြစ်နေခြင်းပင်။

ကရား၏ ဆန့်ဝင်နိုင်စွမ်းသည်လည်း အကန့်အသတ်ရှိ၍ ယခုအချိန်တွင် ထိုကရားငယ်က အက်ကွဲလုနီးနီး ဖြစ်နေခဲ့သည်။

သိုလှောင်သူဖြစ်သည့် ယန်ချန် ထိန်းမထားနိုင်တော့သည်နှင့်တပြိုင်နက် ထိုမျှ များပြားလှသော မကောင်းမှုစွမ်းအင်များက သူ့ကို နှစ်တစ်ထောင်တွင် တစ်ကြိမ် မြင်ရခဲသော မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေပြီး ကမ္ဘာအား အန္တရာယ်ပြုမည်ဖြစ်သည်။

ကုကျစ်စုန့် ယခု ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။

ဤမျှ ရက်စက်လှသော ကံကြမ္မာဆိုးတို့ရှိနေသည့် ယန်ချန်က မည်ကဲ့သို့သော လူဖြစ်မည်နည်း?

ဤမျှ ရက်စက်ကြမ်းကြုတ်လှသော မကောင်းဆိုးဝါးစွမ်းအင်၏ တိုက်ခိုက်မှုအား နှစ်၂၀ကျော်ကြာထိ တောင့်ခံထားနိုင်သည့် စိတ်စွမ်းအားသည် မနည်းလှပါချေ။

ကုကျစ်စုန့် ယန်လန်၏နောက်မှ လိုက်သွားခဲ့ပြီး ယန်မိသားစုအိမ်တော်၏ ဧည့်ခန်းထဲသို့ ဝင်လာပြီးချိန်တွင် ဧည့်ခန်းထဲ၌ လူအများအပြားရှိနေကြောင်းကို တွေ့လိုက်ရသည်။

အပြင်လူများကမတူညီသော ဝတ်စုံများ ဝတ်ဆင်ထားခဲ့ကြပြီး တချို့ကမျက်လွှာချထားပြီး အိပ်ပျော်နေကြသူများ ရှိသကဲ့သို့ တချို့က ခြေတင်ပလ္လင်ခွေထိုင်ကာ တရားထိုင်နေကြသူများလည်း ရှိသည်။

သို့သော် မှော်လက်နက်များပေါ်တွင် တင်ထားသည့် လက်များ၊ သက်တောင့်သက်သာ ရှိဟန်မပေါ်သည့် ကိုယ်ဟန်အနေအထားနှင့် မျက်မှောင်ကြုတ်ထားသည့် မျက်နှာများအရ သူတို့သည်လည်း ထင်ထားသလောက် အေးဆေးနေဟန်မပေါ်ပေ။

အားလုံးက ရလဒ်တစ်ခုကို တုန်လှုပ်စွာ စောင့်ဆိုင်းနေခဲ့ကြခြင်းပင်။

တံခါးကို စောင့်ကြပ်နေသည့် ရွှမ်တောက်ကျန့် က ယန်လန်ကို မြင်ပြီးနောက် နှုတ်ဆက်လိုက်သည်။

“မစ်စတာယန်”

ယန်လန်နောက်မှ ပါလာသော ကုကျစ်စုန့်အား မြင်လိုက်ရချိန်တွင် သူ၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။

အခန်းထဲမှ လူများအားလုံးသည်လည်း အသံကိုကြားရပြီးနောက် လှမ်းကြည့်လာကြသည်။

ကုကျစ်စုန့် သူမကို စိုက်ကြည့်နေသည့် မုန်းတီးသည့်အကြည့်တစ်ခုအား ခံစားမိလိုက်သည်။ ထိုအကြည့်ပိုင်ရှင်က ရင်းနှီးနေသည့် မျက်နှာတစ်ခုဖြစ်လေသည်။ ထိုသူမှာ သူမထံမှ ကျောက်စိမ်းလက်ချောင်းရိုး လုယူရန် လာခဲ့သည့် တောက်ကျန့်များထဲမှ တစ်ဦးပင်။

ထိုလူ၏ အကြည့်ကို လျစ်လျှူရှုလိုက်ပြီးနောက် ကုကျစ်စုန့် အခန်းတွင်းမှ လူများအား လှည့်ပတ်ကြည့်လိုက်သည်။

ထိုလူများ အကြားတွင် ဆိုဖာပေါ်တွင် လက်များ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး စိတ်လှုပ်ရှားနေကြသော စုံတွဲနှင့် သူတို့နှစ်ဦးဘေးတွင် မျက်မှောင်ကျုတ်ကာ ထိုင်နေသည့် လူငယ်လေးတစ်ဦး ရှိနေခဲ့သည်။

ထိုလူသုံးဦးသည်က ဤအခန်းထဲတွင် စွမ်းအင်မရှိသော သာမန်လူများပင်ဖြစ်ပေသည်။

ထိုမြင်ကွင်းအရ သိနိုင်သည်မှာ ဤလူသုံးဦးသည် ထူးခြားပညာရှင်များမဟုတ်၊ သာမန်လူများသာ ဖြစ်ကြသည်။

လူငယ်လေး၏ တီးတိုးနှစ်သိမ့်သံကိုလည်း ကုကျစ်စုန့် ကြားလိုက်ရသည်။

“အမေ… အရမ်း စိတ်မပူပါနဲ့.. ကော အဆင်ပြေသွားမှာပါ….”

သူမ၏ မျက်လုံးများ လူငယ်လေးကို လှမ်းကြည့်လိုက်ချိန်တွင် ထိုကောင်လေး၏ ဘေးတိုက်မြင်ရသည့် မျက်နှာကြောင့် အံ့အားသင့်သွားခဲ့ရသည်။

ဆင်တူလွန်းလှသည်..

ထိုလူငယ်လေး၏ မျက်နှာသည်က သူမ၏ သူငယ်ချင်းဟောင်း- သူမနှင့်အတူ တောင်ထိပ်မှ ကျောင်းဆောင်တွင် နေထိုင်ခဲ့သော ဖျားနာနေသည့် မင်းသားငယ် ယန်ဟွိုင်ရှင်းနှင့် ဆင်တူလွန်းလှပေသည်။

ဘေးတိုက်မြင်လိုက်ရသည့် မျက်နှာကြောင့် သူမ ပထမဆုံးတွေ့လိုက်ရချိန်တွင် ထိုဖြူဖျော့သည့် မင်းသားငယ်လေးအား ပြန်တွေ့လိုက်ရသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့ရသည်။

သို့သော် သေသေချာချာ စိုက်ကြည့်လိုက်ချိန်တွင် သူမရှေ့မှ လူငယ်သည် သူမ၏ သူငယ်ချင်းမဟုတ်ကြောင်း သိသာလာခဲ့သည်။

ယန်ဟွိုင်ရှန်း၏ နှာတံသည်က ဖြောင့်စင်းနေသော်ငြား ဤလူငယ်လေးသည် အနည်းငယ် နှာတံမြင့်သောကြောင့် သူ့တွင် ယန်ဟွိုင်ရှန်းကဲ့သို့ တည်ကြည်၍ နူးညံ့သည့် စိတ်နေစိတ်ထား ရှိသူမဟုတ်ပေ။

တူညီသည့် မျိုးရိုးနာမည်များကို သတိရလိုက်ပြီးနောက် ကုကျစ်စုန့် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။

ဒီယန်မိသားစုက ယန်ဟွိုင်ရှန်းနှင့်များ သက်ဆိုင်နေတာလား?

သူမ အတွေးကမ္ဘာတွင်း နစ်မြောနေစဉ် သူမ လျှစ်လျှူရှုထားခဲ့သည့် တောက်ကျန့်ကတော့ ကုကျစ်စုန့်မှ သူ့အား အရှက်ခွဲချင်သည်ဟု တွေးကာ ဒေါသူပုန်ထနေခဲ့သည်။

သူ၏ မျက်နှာတစ်ခုလုံး ကျီးအာသီးမှည့်သကဲ့သို့ နီမြန်းလာပြီးနောက် ဒေါသတကြီးဖြင့်‌ အော်ဟစ်လိုက်သည်။

“နေပါဦး၊ ဒါက အင်မတန်မှ နှမြောတွန့်တိုတဲ့ ‘ကျောက်စိမ်းလက်ချောင်းရိုး’ရဲ့ ပိုင်ရှင် ကုကျစ်စုန့်မဟုတ်ဘူးလား? မင်းက ဘာလို့ အခု ဝိဉာဉ်ဆိုင်ရာအထူးဌာနက မစ္စတာယန်နဲ့ ပါလာရတာလဲ?

ငါသာ မင်းနေရာမှာဆိုလို့ကတော့ ဒီကိုလာရမှာ ရှက်လွန်းလို့ တွေးတောင်မတွေးရဲလောက်ဘူး၊ မင်းသာ တစ်ကိုယ်ကောင်းဆန်ပြီး ယန်ချန်ရဲ့ ဒုက္ခကို ဖြေရှင်းပေးဖို့ မငြင်းခဲ့ရင် သူလဲ အခုလောက်ထိ ဖြစ်လာစရာအကြောင်းမရှိဘူး!”

သူ့စကားဆုံးသည်နှင့် အားလုံး၏ အကြည့်များက ကုကျစ်စုန့်ထံသို့ ကျရောက်လာခဲ့သည်။

သက်လတ်ပိုင်းစုံတွဲနှင့် လူငယ်လေးတို့၏ အကြည့်လည်း ကုကျစ်စုန့်ထံသို့ ရောက်လာခဲ့သည်။

ထိုလူငယ်လေး၏ မျက်နှာအား ရှင်းလင်းစွာမြင်လိုက်ရချိန်တွင် ကုကျစ်စုန့် ရင်ထဲတွင် ရှင်းမပြနိုင်သည့် စိတ်ပျက်မှုတစ်ခု ပေါ်လာခဲ့သည်။

အရှေ့မှ မြင်ရသည့် မျက်နှာသည် ခြားနားလွန်းလှသည်။

သူ၏ မျက်နှာအချိုးအစားတွင် ယန်ဟွိုင်ရှန်၏ အရိပ်အယောင်များ ခပ်ရေးရေး မြင်တွေ့နိုင်သော်ငြား ဤလူငယ်င ယန်ဟွိုင်ရှန်နှင့် ကွဲပြားလွန်းလှသည်ဟု ခံစားမိနေရသည်။

ထိုအခိုက်တွင် သူမ၏ စိတ်ထဲသို့ အလွန်တရာစိတ်လှုပ်ရှားနေသည့် စနစ်၏ အသံ ပေါ်ထွက်လာပြန်သည်။

“အဲဒါက အမျိုးသားဇာတ်လိုက်ပဲ! ယန်ရှုကွေလေ စုန့်စုန့်!”

“အိုကေ! အခုဆိုရင် အမျိုးသားဇာတ်လိုက်နဲ့ ‘သူ့ကို တမ်းတမ်းစွဲ စွဲလမ်းနေတဲ့ ဇာတ်ပို့’တို့တော့ တွေ့ပြီပဲ! သေချာတာတစ်ခုကတော့ စုန့်စုန့်.. မင်းနဲ့ သူနဲ့က နည်းနည်းမှ လိုက်ဖက်တဲ့ အရိပ်အယောင်မရှိဘူး”

ကုကျစ်စုန့်လည်း မြင်နိုင်သည်။

ဤယန်ရှုကွေ့မှာ သူမကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်ငြား ဤလူငယ်၏ မျက်လုံးတွင် သူမအပေါ် မနှစ်မြို့ခြင်းအား မြင်တွေ့နေရသည်။

တစ်ဖက်လူမှာ သူမ၏ အရင်းနှီးဆုံးသူငယ်ချင်းနှင့် ဆင်တူသောကြောင့် ကုကျစ်စုန့်၏ စိတ်ထဲတွင် အနည်းငယ် နှစ်လိုနေခဲ့ခြင်းတို့မှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားခဲ့သည်။

ယန်ရှုကွေ့သည်လည်း နာမည်ကျော် ‘ကုကျစ်စုန့်’အား စိုက်ကြည့်နေခဲ့ပြီး တောက်ကျန့်၏ စွပ်စွဲချက်များအား ကြားလိုက်ရပြီးနောက် သူ့ရင်ထဲတွင် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ကုကျစ်စုန့်၏ အင်မတန် မောက်မာ၊ဂုဏ်မောက်နေခြင်းများ၊ သူ၏ အစ်ကိုဖြစ်သူကို ကူညီရန် ‘ကျောက်စိမ်းလက်ချောင်းရိုး’ မပေးခြင်းတို့အကြောင်းကို တောက်ဓမ္မဂိုဏ်းမှ လူများ၏ အပြစ်တင်ပြောဆိုခြင်းများအား အကြိမ်ပေါင်းများစွာ ကြားခဲ့ရပြီးဖြစ်သည်။

အမှန်ဆိုရပါလျှင် ဤလက်ချောင်းရိုးသည်က သူတို့ ယန်မိသားစု၏ ဘိုးဘေးများ ပိုင်ဆိုင်သည့် ရတနာတစ်ခုပင် ဖြစ်ပေ၏။

ထို့အပြင် သူသည် မကြာသေးခင်က အနုပညာနယ်ပယ်တွင်းမှ အမျိုးသမီးကြယ်ပွင့်တစ်ပွင့်ဖြင့် ချစ်ကျွမ်းဝင်ခဲ့သည်။

ထိုမင်းသမီး၏ နာမည်မှာ ယွီဖုန်းချင်းဖြစ်ပြီး သူမက နူးညံ့၊ ကြင်နာတတ်သည့် မိန်းမလှလေးတစ်ဦးဖြစ်သောကြောင့် သူ မြင်မြင်ချင်း ချစ်မြတ်နိုးခဲ့ခြင်းပင်။

ယန်ရှုကွေ ထိုမင်းသမီးလေး၏အကြောင်းကို အင်တာနက်တွင်လည်း မကြာခဏ ရှာကြည့်တတ်ပြီး သူမ ပရိတ်သတ်များ၏ မှတ်ချက်များ၊ မက်ဆေ့ချ်များအား ဖတ်ရှုလေ့ရှိသည်။

ထိုစာများတွင် အများဆုံး မြင်ရတတ်သည်မှာ ကုကျစ်စုန့်နှင့် ယွီဖုန်းချင်းတို့သည် ယခင်က အတူတကွပွဲဦးထွက်ခဲ့ခြင်းဖြစ်ကြောင်းကိုသာ ဖြစ်ပေ၏။

သူတို့နှစ်ဦးကြားတွင်လည်း ပြဿနာများစွာ ရှိခဲ့ကြသည်။ ယခင်က ကုကျစ်စုန့်မှ ယွီဖုန်းချင်းကို အနိုင်ကျင့်တတ်သော်ငြား ယခုတွင်တော့ ထိုပြဿနာများသည် ဖြေရှင်းပြီးကိစ္စများသာ ဖြစ်နေခဲ့ပြီ။

ထိုအချက်များကြောင့်ပင် ယန်ရှုကွေ့အနေဖြက်် ဤအမျိုးသမီးအပေါ်တွင် အကောင်းမြင်စိတ်မရှိတော့ပေ။

ကုကျစ်စုန့်မှ သူ့အား စိုက်ကြည့်နေသောကြောင့် ယန်ရှု့ကွေး မျက်မှောင်ကြုတ်လိုက်သည်။

ကုကျစ်စုန့်လည်း သူ့အား စိတ်မဝင်စားတော့ချေ။ သူမကို လက်ညိုးထိုး၍ အော်ဟစ်နေသည့် တောက်ကျန့်ဘက်သို့ လှည့်လိုက်သည်။

ကုကျစ်စုန့် သူ့ဘက်သို့ လှည့်လာသည်ကို မြင်လိုက်ရပြီးနောက် ထိုသူက ပါးစပ်ဟ၍ ထပ်မံအော်ဟစ်ရန် ပြင်လိုက်သော်ငြား ကုကျစ်စုန့်မှ လက်ချောင်းထိပ်လေးများဖြင့် တစ်ချက် အသာအယာ တောက်လိုက်လေသည်။

သူမ၏ လက်ချောင်းထိပ်မှ ဝိဉာဉ်စွမ်းအင် အလင်းတန်းငယ်သည် တောက်ကျန့်၏ ပါးစပ်ထဲသို့ တန်းဝင်သွားခဲ့သည်။

ရုတ်တရက်ပင် ထိုတောက်ကျန့်၏ ပါးစပ်မှာ မမြင်နိုင်သည့်‌ ကော်ဖြင့် ပိတ်ဆို့ခံလိုက်ရသည့်အလား၊ စကားမပြောနိုင်တော့ပေ။

သူ့မျက်နှာသည်လည်း ဒေါသကြောင့် နီမြန်းလာခဲ့သည်။

ကုကျစ်စုန့်၏ လေသံမှာတော့ အေးစက်လွန်းလှသည်။

“ရှင့်ရဲ့ပါးစပ်ကနေ လူအများကို အထောက်အကူပြုမယ့်စကား တစ်ခွန်းမှ မထွက်လာဘူးဆိုရင် အဲဒီပါးစပ်ကို ဖွင့်စရာလည်း အကြောင်းမရှိတော့ဘူး”

တစ်ခြားဂိုဏ်းတစ်ခုမှ တောက်ကျန့်အိုတစ်ဦး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒီက မိန်းမငယ်လေး… မင်းက အရမ်းကို လွှမ်းမိုးချင်နေတာပါလား၊ ကိုယ်လိုသူလို တောက်ကျန့်တစ်ဦးကို မင်းက ဒီတိုင်းခပ်ပေါ့ပေါ့ နှုတ်ဆိတ်ဂါထာနဲ့ စီရင်လိုက်တာပဲ

မစ္စတာယန်၊ ခင်များတို့ရဲ့ ဝိဉာဉ်ဆိုင်ရာအထူးဌာနက လူတွေ အကုန်လုံး ဒီလိုချည်းပဲလား?”

တကယ်တမ်းတွင်တော့ သူ အလွန် အံ့အားသင့်နေခဲ့လေ၏။

ကုကျစ်စုန့် မည်သည့်အရာကို လုပ်လိုက်သည်ကို သူ မမြင်လိုက်ရချေ။ နှုတ်ဆိတ်ဂါထာ စတင်အလုပ်လုပ်သည်ကို မြင်လိုက်ရသည်နှင့်တပြိုင်နက် သူ ပြန်လည်ဖယ်ရှားရန် ကြိုးစားလိုက်သော်ငြား အချည်းနှီးပင်။

ကုကျစ်စုန့်၏ အဆင့်နှင့်စွမ်းအင်တို့က သူ့ထက်ပို၍ သာလွန်နေခြင်းပေလော!?

ယန်လန် အကူအညီမဲ့စွာ စကားပြန်သည်။

“တောက်ကျန့်တို့ အထင်လွဲနေပြီထင်ပါတယ်၊ မစ်စ်ကုက ငါတို့ ဝိဉာဉ်ဆိုင်ရာအထူးဌာနရဲ့ ‘အထူးအဖွဲ့ဝင်လေ၊ အမြဲတမ်း အဖွဲ့ဝင်မဟုတ်ဘူး

ပြီးတော့ သူ့အဆင့်က ငါ့ထက်တောင် ပိုမြင့်တာဆိုတော့ ငါ့မှာ သူ့ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးလေ”

တောက်ကျန့်အိုကြီး နှာခေါင်းရှုံ့သည်။

“မစ်စတာယန်က အဲလိုမျိုး လက်လွတ်စပယ် ပြောနိုင်တာပဲလား? ဒါကြီးက…”

ထိုအချိန်တွင် မနှောင့်ယှက်ဘဲ မနေနိုင်တော့သည့် သက်လတ်ပိုင်းစုံတွဲ စကားဖြတ်ပြောလိုက်သည်။

“အားလုံးပဲ၊ ဒါက ယန်မိသားစုပါ.. ရှင်တို့ရဲ့ တောက်ဓမ္မဂိုဏ်းပိုင်နက် မဟုတ်ပါဘူး.. ကျွန်မသားက အခုထိ အရေးပေါ်အခြေအနေပဲ ရှိသေးတယ်! ရှင်တို့တွေ ငြင်းခုံနေတာ ရပ်လိုက်ကြပါတော့!”

All Chapters