← Chapters

ယဲ့မို၏ဘယ်လက်

Vol. 132 Ch. 1821

ယဲ့မို၏ဘယ်လက်

Vol. 132 Ch. 1821

ရွှမ်လောသည် အံ့အားသင့်သွား၏။ သည်အခိုက်၌ ဝမ်လင်း၏အကြည့်က သူ့ကို ဖြတ်သန်းသွားသည့်အလား။ ထိုအရာက မဟာအင်ပါယာရွှမ်လောကို အံ့အားသင့်သွားစေသည်။

သို့ပေမည့် မကြာမီတွင် ဝမ်လင်း၏အကြည့်က ဖြတ်ကျော်သွားလေ၏။ ဤသည်က တိုက်ဆိုက်မှုတစ်ခုသာ ဖြစ်လေသည့်အလား။

***

ဝမ်လင်း၏အသက်ရှုသံက တည်ငြိမ်နေ၏။ ခုချိန်၌ သူ၏ဒဏ်ရာများသည် ပြန်ကောင်းမွန်ရုံသာက သူသည် လောက၏စွမ်းအားကို ဆုပ်ကိုင်ထားနိုင်သည့်အလား ခံစားမိနေ၏။ သူသည် လက်သီးတစ်ချက်ဖြင့် လောကကို ဖျက်စီးပစ်နိုင်မည့်အလား။ သူ၏ရှေးတောက်စွမ်းအားက သူ့ကို အတော်လေး နေလို့ထိုင်လို့ ကောင်းစေသည်။

ဤသည်မှာ အစစ်အမှန် အမွေအနှစ်ဖြစ်၏။

ရှေးတောက်စွမ်းအားက သူ၏ကိုယ်တွင်း၌ စီးဆင်းနေသည်။ ၎င်းက သူ့၏အသွေးအသား တစ်လက်မမျှ မကျန် စီးဆင်းနေကာ ဝမ်လင်းကို လောကအား ထိန်းချုပ်နိုင်သည့်နှယ် ခံစားမှုကို ပေးနေသည်။

သွေးတစ်စက်၏ စွမ်းအားက သည်လိုသက်ရောက်မှုကို မပေးနိုင်ပေ။ သို့သော် သည်သွေးစက်ကမူ သူ့အား ပြီးပြည့်စုံခြင်းသို့ ရောက်စေသည့်အတွက်ကြောင့် ၎င်းသည် လုံးဝ ခြားနားနေလေပြီ။

ဝမ်လင်းက သူ၏ခန္ဓာကိုယ်ထဲရှိ ခြားနားမှုကို ခံစားမိ၏။ သူ၏ရှေးကလန်သုံးခုစွမ်းအားသည် ကြယ်ရှစ်လုံးအဆင့်၌သာ ရှိသေးသော်လည်း ယင်းတို့က ပို၍ သန်မာကာ ကြယ်များထံမှအလင်းသည်လည်း ပိုသိပ်သည်းလာ၏။ ဝမ်လင်းက သည်အေးခဲလောကအတွင်းမှ သူ့အားခေါ်သံကို ခပ်ရေးရေး ခံစားမိသည်။ ထိုခေါ်သံသည် ယဲ့မို၏ ညာလက်ကို ခံစားမိချိန်ကနှင့် တူ၏။

ဝမ်လင်းက သူ နောက်ဆုံးသွေးစက်ကို မစုပ်ယူခင်က မည်သည့်အရာကိုမျှ သတိမပြုမိခဲ့ပေ။

ဝမ်လင်းက သူ့ရှေ့တောက်စွမ်းအားကို တည်ငြိမ်စေပြီး လုံးဝ စိမ့်ထွက်စေခြင်း မရှိစေသည့်နောက် အမျိုးသမီးရှေးဟောင်းနတ်ဘုရားက ဖြည်းဖြည်းချင်း ထရပ်လာ၏။ သူမက ဝမ်လင်းကို ကြောက်ရွှံ့စွာ ကြည့်မိ၏။ သည်အခိုက်၌ ဝမ်လင်းသည် ရှေးကလန်သုံးခု၏ ဘိုးဘေးအလား ထင်ရကာ သူမ၏စိတ်နှလုံးကို တုန်ယင်စေ၏။

“ကျေးဇူးပါ။ ငါ အစစ်အမှန်တံခါးကို ရှာနိုင်ခဲ့ရင် နင် ဒီနေရာကနေ ထွက်သွားလို့ရအောင် ကျိန်းသေပေါက် ကူညီပေးမယ်…”  ဝမ်လင်းသည် ထရပ်ပြီး ထိုအမျိုးသမီးထံ လက်နှစ်ဖက်ဆုပ်၏။

သူမက ခေါင်းညိတ်ကာ မည်သို့မျှ ပြန်မပြောပေ။

“ဒီနေရာမှာ ဘာကို ချိပ်ပိတ်ထားတာလဲ…”  ဝမ်လင်းက သူ့ကို တစ်ခုခုက ခေါ်နေသလို ခံစားမိသော နေရာထံသို့ လက်ညွှိုးထိုးပြလိုက်၏။

“အဲ့နေရာဟာ တန်လင်းကလန်ရဲ့ အနက်ရောင်တောက်၊ တန်လင်းရေကန် ရှိတဲ့နေရာပါ။ ဒါပေမဲ့ ဒါဟာ သခင့်ရဲ့ မှတ်ဉာဏ်ထဲကအတိုင်း ဖန်တီးထားရုံသာ ဖြစ်ပြီး ဘာစွမ်းအားမှ မရှိပါဘူး…”  အမျိုးသမီးရှေးဟောင်းနတ်ဘုရားက စိတ်ရှုပ်ထွေးဟန်ဖြင့် မော့ကြည့်၏။

ဝမ်လင်းက လှမ်းမျှော်ကြည့်လိုက်ရင်း သူ၏မျက်လုံးသည် တောက်ပလာသည်။ အနည်းင် စဉ်းစားပြီးနောက် သူက လေထဲသို့ ပျံတက်လိုက်၏။

“ငါ အဲ့နောက်ကို သွားစစ်ဆေးကြည့်လိုက်အုံးမယ်။ ဒီနေ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်။ ငါဟာ ရန်ငြှိုးနဲ့ကျေးဇူးတရားကို ကောင်းကောင်းခွဲသိတတ်တဲ့သူမျိုးပဲ။ အရင်တုန်းက ငါတို့ကြားက ရန်ငြှိုးက ပြီးသွားပြီ။ အခု ငါ နင့်အပေါ်မှာ ကျေးဇူးကြွေးတင်နေရပြီ။ ငါ နင့်ကို ဒီနေရာက ထွက်သွားလို့ရအောင် ကူညီပေးမယ်…”  ဝမ်လင်းသည် ထိုသို့ ဆိုပြီးနောက် သူ့အား ခေါ်နေသော နေရာထံသို့ ပျံသန်းသွားလေ၏။

ထိုရေခဲပြင်နေရာကို အအေးစွမ်းအင်က ဝန်းရံထား၏။ သို့သေည် ဤသည်က ဝမ်လင်းကို မရပ်တန့်စေနိုင်ပေ။ သည်ရေခဲက တခြားသူများအပေါ် သက်ရောက်မှု ရှိနိုင်၏။ ဝမ်လင်းအတွက်မူ သာမညပင်။

ဝမ်လင်းသည် ရေခဲပြင်ကို ဖြတ်၍ ပျံသန်းနေရင်း သူက အအေးဓာတ်ကို ပို၍ ခံစားမိ၏။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်ကို အနည်းငယ် လှည့်ပတ်လိုက်သည်နှင့် ထိုအေးစက်မှုက လွင့်ပျောက်သွားသည်။

ထိုရေခဲပြင်မှာ ကြေးမုံတစ်ချပ်လိုပင်။ ၎င်းက သူ ရွှေ့လျားနေစဉ် သူ၏ပုံရိပ်ကို ရောင်ပြန်ဟပ်၏။ ဝမ်လင်း တစ်ချက်ကြည့်လိုက်ပြီးနောက် မည်သို့မျှ မဖြစ်သည့်အလား ရှေ့ဆက်လာသည်။

သည်နေရာမှာ အလွန်ကြီးမား၏။ သို့သော် ဝမ်လင်း၏အမြန်နှုန်းဖြင့် သူ့အား ခေါ်နေသော အသံ ပိုထင်ရှားလာသောနေရာသို့ ရောက်ဖို့ အမွှေးတိုင်တစ်တိုင်ဝက်စာသာ ကြာသည်။ သူသည် ပေတစ်သိန်းပင် မလိုတော့ပေ။

သည်လောကမှာ ချိပ်ပိတ်ခံထားရသော်လည်း ဝမ်လင်းသည် ဤနေရာမှ ရေခဲများ ဝန်းရံထားသည့် မြင့်မားသောတောင်တစ်လုံးဖြစ်မှန်းကို မြင်နိုင်၏။ ထိုတောင်ကို ဖြတ်သန်းလာပြီးနောက် တောင်၏အနောက်ဘက်ရှိ ကြီးမားသောရေကန်တစ်ကန်ကို မြင်နိုင်သည်။

ထိုရေကန်မှာလည်း ချိပ်ပိတ်ခံထားရ၏။ ကောင်းကင်ဘုံစွမ်းအင် အငွေ့အသက်က ထိုရေကန်ကို ဝန်းရံထားသည်။

ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်သွားပြီး သူက ရှေ့သို့ ဂရုတစိုက် ရွှေ့လျားသည်။ ခဏအကြာတွင် သူသည် ရေကန်အထက်သို့ ရောက်လာပြီး အောက်သို့ ငုံ့ကြည့်၏။ သူ၏မျက်လုံးသူငယ်အိမ်မှာ စုကြုံ့သွားသည်။

သည်ရေကန်မှာ အေးခဲနေသော်လည်း အလင်းဖောက်နိုင်၏။ လူတစ်ယောက်သည် အထက်စီးမှ သေချာကြည့်ပါက သည်ရေကန်အတွင်း၌ တစ်စုံတစ်ခု မြင်နိုင်ပေလိမ့်မည်။

၎င်းမှာ ဧရာမလက်မောင်းတစ်ဖက်၊ ဘယ်လက်တစ်ဘက်ပင်။

“ယဲ့မိုရဲ့ ဘယ်လက်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားလေ၏။ သူက သည်နေရာသို့ ရောက်မလာခဲ့ချိန်တည်းက ခန့်မှန်းမှုတစ်ခု ရှိနေ၏။ သူသည် ယင်းကို ယဲ့မို မျက်လုံးဟု တွေးမိထားသော်လည်း ဘယ်လက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

“ငါ ယဲ့မိုရဲ့ ညာလက်နဲ့ ပေါင်းစပ်ပြီးတဲ့နောက် ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ဟာ တတိယအဆင့် ကျင့်ကြံသူတွေကိုတောင် ဆုတ်ဖြဲပစ်နိုင်ခဲ့တယ်။ ငါသာ အခု ဘယ်လက်နဲ့ ပေါင်းစပ်ပြီးရင် ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကို အသုံးပြုမယ်ဆို ၎င်းရဲ့ စွမ်းအားဟာ…”  ဝမ်လင်းသည် ထိုသို့ တွေးမိကာ စိတ်နှလုံးတစ်ချက် ခုန်သွားမိ၏။

သူက သည်ရေခဲအတွင်းသို့ ဝင်ရောက်ရန် ခြေတစ်ချက် စောင့်ချလိုက်၏။ သို့သော် ရေကန်ထံမှ တန်ပြန်ကန်အားတစ်ခု ထွက်ပေါ်လာသည်။

ဝမ်လင်းသည် သူ့အောက်ရှိ ရေခဲထုကို စိုက်ကြည့်ကာ သူ၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သည်နေရာမှာ အလွန်ထူးခြားပြီး တခြားရေခဲပြင်များနှင့် မတူလေပေ။

“တန်လင်းရေကန်။ ဒါက တန်လင်းရေကန် ဖြစ်မယ်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက ဒါကို ပြန်ဖန်တီးခဲ့ပြီး ဒီရေကန်ရဲ့ ဆန်းကြယ်မှုကိုတော့ ငါ မသိဘူး…” ဝမ်လင်းသည် ထိုရေကန်ကို သေချာကြည့်၏။ သို့သော် သူသည် မည်သည်ကိုမျှ မတွေ့လေပေ။

ထိုအေးခဲနေသော ရေကန်က အလွန်သာမန်ဆန်၏။

သူသည် ဒူးထောက်ထိုင်ကာ သူ့ညာလက်ကို ရေခဲပေါ်သို့ တင်လိုက်၏။ သူသည် ဖြည်းဖြည်းချင်း ဖိချလိုက်ရာ အက်သံများ ပဲ့တင်ထပ်လာချေသည်။ အက်ကြောင်းများ ပေါ်လာပြီး အေးခဲနေသော ရေကန်က တုန်ခါသွား၏။ သို့ပေမည့် ထိုအက်ကြောင်းများ ပေါ်လာသည့်အခါ အအေးစွမ်းအင် ထွက်ပေါ်လာပြီး ရေခဲပြင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သွေးအလင်း တောက်ပကာ သွေးဓား ပေါ်လာသည်။ ဘန်းခနဲ ပေါက်ကွဲပြီး သွေးဓားက ၎င်းရေခဲပြင်ထံ ပျံသန်းဝင်လာ၏။ ထိုအခါ ရေခဲပြင်ထက်၌ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာ၏။ သို့သော် ချက်ခြင်းပင် ပြန်ကောင်းမွန်သွားသည်။

ဝမ်လင်းက ရေခဲကန်ပေါ်တွင် ထိုင်ကာ သူ၏အကြည့်က ရေခဲလွှာကို ထွင်းဖောက်ပြီး ယဲ့မို၏ဘယ်လက်ပေါ်သို့ ကျရောက်သွားသည်။ သူသည် တဖြည်းဖြည်းချင်း တချို့သဲလွန်စများကို မြင်လာ၏။

“ဒီရေကန်ဟာ ယဲ့မိုရဲ့ ဘယ်လက်နဲ့ ပေါင်းစည်းနေတာ။ ဒါ့ကြောင့် ဒီရေခဲမှာ ယဲ့မိုရဲ့ ပြန်ကောင်းမွန်နိုင်စွမ်း ရှိနေတယ်။ ဒါက ဖျက်စီးခံရရင်တောင် ချက်ခြင်း ပြန်ကောင်းမွန်နိုင်တယ်…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်ကာ သူ့ကိုယ်သူ ပြောလိုက်သည့်အလား၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို ပြောလိုက်သည့်အလား ထင်ရသည်။

ရွှမ်လောသည် လက်နောက်ပစ်၍ သည်ရေကန်အထက်တွင် လွင့်မြောနေသည်။ သူသည် ထိုရေခဲပြင်ထံသို့လည်း ကြည့်နေ၏။ သူက ဝမ်လင်း၏စကားကို ကြားသည့်အခါ ပြုံးမိ၏။ သူ၏မျက်လုံးထံမှလည်း ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။

သည်ရေခဲပြင်ကို မဝင်ရောက်နိုင်သလို၊ ချိုးဖျက်လို့လည်း မရပြန်ဘူး။ ဝမ်လင်းသည် မျက်မှောင်ကြုံ့ကာ အေးစက်စက်နှာခေါင်းရှုံ့၍ သူ့လက်ငါးချောင်းဖြင့် ကုတ်ဆွဲဟန် ဖြစ်ပေါ်စေသည်။ ရှေးတောက်စွမ်းအားက သူ၏လက်ချောင်းများထံ ဝင်ရောက်လာချေသည်။

“အင်မောတယ်ရှေးတောက်…”  ဝမ်လင်းသည် မာန်သွင်းလိုက်၏။ မရေမတွက်နိုင်သော အရိပ်များသည် သူ၏ညာလက်ပေါ်သို့ ထပ်လာသည်။ အရိပ်ထောင်ချီ ပေါ်လာဟန် တူကာ ယင်းတို့သည် ထပ်၍ တစ်ခုတည်းဖြစ်လာပြီး ဝမ်လင်း၏ညာလက်သည် ထိုရေခဲထံသို့ ဆန့်ထုတ်သည်။

ကျယ်လောင်စွာ မြည်ဟိန်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်းက သူ့ညာလက်ဖြင့် ထိုရေခဲကို ဖမ်းဆုပ်လိုက်စဉ် ပျောက်ကွယ်သွားသော မရေမတွက်နိုင်သည့် အရိပ်များက ရုတ်တရက် ပြန်ပေါ်လာ၏။

အင်မောတယ်ရှေးတောက်ဖြင့် ဝမ်လင်းက သည်ပြန်ကောင်းမွန်နိုင်သော ရေခဲပြင်ကို တိုက်ခိုက်လိုက်လေပြီ။ ဝမ်လင်းက မာန်သွင်းကာ သူ၏လက်ချောင်းများက ရေခဲထံ ကုတ်ဆွဲချလိုက်ပြီးနောက် သူက လက်ဝါးအရွယ်ရှိ ရေခဲအပိုင်းအစတစ်ခုကို ဆွဲထုတ်ယူသည်။

ထိုရေခဲကို ကိုင်ထားရင်း ဝမ်လင်းက ၎င်းကို အသေအချာ ကြည့်၏။ ၎င်းကို သူ၏မီးအနှစ်သာရဖြင့် လောင်ကျွမ်းပစ်၏။ သို့သော် သူက ၎င်းရေခဲအပိုင်းအစကို အရည်မဖျော်ပစ်နိုင်ပေ။ သူက မျက်မှောင်ကြုတ်သွားသည်။ သူသည် ထိုရေခဲအတွင်း၌ ထူးဆန်းသောအားတစ်ခုကို ခံစားမိ၏။ သူက ထိုအားသည် အနှစ်သာရနှင့် ဆင်တူသည်ကို တွေ့ရှိလိုက်သည်။

သို့သော် ကွာခြားချက်တစ်ခု ရှိလေ၏။ သည်နေရာမှာ ရေခဲဖြင့် မချိပ်ပိတ်ထားပါက သူသာ သည်ရေကန်အတွင်း၌ ရှိနေပါက သူ၏အနှစ်သာရများအတွက် များစွာ အကျိုးကျေးဇူး ရလိမ့်မည်ပင်။

သို့ပေမည့် သည်စွမ်းအားက အားနည်းကာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် သူ၏မျက်လုံးထဲ၌ ဉာဏ်အလင်းလှစ်ဟပေါ်သည်။

သည်နေရာသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသည် သူ့မှတ်ဉာဏ်များအရ ဖန်တီးထားခြင်း ဖြစ်ကာ သူ၏ကိုယ်ပိုင်အသက်ဓာတ်အားဖြင့် အားဖြည့်ပေးခဲ့ခြင်းပင်။ သည်တန်လင်းကန်က အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ တကယ် တည်ရှိမည့်ပုံ ပေါ်သည်။ ၎င်း၏အကျိုးသက်ရောက်မှုမှာလည်း အနှစ်သာရများကို အားဖြည့်ပေးရန် ဖြစ်နိုင်သည်။

ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ကျင့်ကြံခြင်းမှာ အကန့်အသတ် ရှိခဲ့၍ သူက ဒီရေကန်၌ အော်ရာကိုသာ လုပ်ဆောင်နိုင်ခဲ့ပြီး အကျိုးသက်ရောက်မှုကို မလုပ်နိုင်ခဲ့ပေ။

ဝမ်လင်းသည် ခဏတာ စဉ်းစားနေ၏။ သူက ထိုရေခဲပိုင်းကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်လိုက်သည်။ ၎င်းမှာ ထူးခြားလှကာ သူ၏သိုလှောင်နေရာလွတ်အတွင်း၌ပင် အရည်မပျော်သွားပေ။ ထိုအစား အေးစက်စက်အော်ရာကို ပေးစွမ်းသည်။

ထိုရေခဲကို စိုက်ကြည့်လျက် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်ပြီး သူ့ညာလက်ကို ပင့်မြှောက်သည်။ အင်မောတယ်ရှေးတောက်က သူ၏လက်ထဲ၌ ပြည့်နှက်လာကာ သူက ရေခဲထံ နောက်တဖန် ကုတ်ဆွဲလိုက်၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ သည်နည်းလမ်းကို အသုံးပြုကာ ဝမ်လင်းက ရေခဲအတွင်းသို့ ဂလိုင်ပေါက် ဖြစ်အောင် ဖန်တီးဖို့ အချိန်နာရီနှင့်ချီကာ ကြာပေလိမ့်မည်။

အမွှေးတိုင်တစ်တိုင်ဝက်စာခန့်အတွင်း နောက်ဆုံးအကြိမ် တုန်ဟည်းသံပဲ့တင်ထပ်၏။ ဝမ်လင်းက ရေခဲအပိုင်းတစ်ခုထံ ကုတ်ဆွဲလိုက်ရာ ယဲ့မို၏ဘယ်လက် လှစ်ဟပေါ်လာသည်။

လက်ဝါးအရွယ်အစားခန့် အရေပြားမျှသာ လှစ်ဟလာသေး၏။ ၎င်းသည် မီးခိုးရောင် ရှိသည်။ သို့သော် ၎င်းထံမှ ပေးစွမ်းသော အစွမ်းထက်လှသည့် ရှေးတောက်အော်ရာက ဝမ်လင်း၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူ့ဘယ်လက်ဖြင့် ထိုလှစ်ဟပေါ်လာ‌သော အရေပြားထံ ဖိချလိုက်သည်။

သူ့ဘယ်လက် ဖိချလိုက်သည်နှင့် ယဲ့မို၏ ဘယ်လက်က တစ္ဆေအလင်းကို ပေးစွမ်းကာ ရေခဲပြင်ကို ထွင်းဖောက်သည်။ ဤသည်က သည်ရေခဲပြင်ကို ထူးထူးခြားခြား လှပမှုကို ဖြစ်သွားစေသည်။

သည်အလင်းက အဘက်ဘက်သို့ ဆက်လက် ပျံ့နှံ့၏။ ၎င်းသည် ပတ်ဝန်းကျင်ကီလိုမီတာ တစ်သောင်းခန့်ကို ခြုံလွှမ်းသည့်အထိ ပျံ့နှံ့ပြီးနောက်မှ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သူ့ဘေးပတ်ဝန်းကျင်သို့ စစ်ဆေးကြည့်၏။ သူက ယဲ့မို၏ ဘယ်လက်ကိုလည်း ဖြည်းဖြည်းချင်း စုပ်ယူနေသည်။ အရင်ညာလက်ကို စုပ်ယူခဲ့ဖူးသည့် အတွေ့အကြုံကြောင့် ဝမ်လင်းက သည်ဖြစ်စဉ်ကို ရင်းနှီးပေသည်။ သုံးရက်မျှ ကြာပြီးနောက် ယဲ့မို၏ဘယ်လက်က တဖြည်းဖြည်း ကြုံ့လာတော့သည်။

၎င်းလက် ကြုံ့လာစဉ် ကီလိုမီတာ တစ်ထောင်ကျော် ပျံ့နှံ့သွားသော တစ္ဆေအလင်းကလည်း ပြန်ကြုံ့လာ၏။ ၎င်းအလင်း ပြန်ရောက်ရှိလာသည့်အခါ ယဲ့မို၏ဘယ်လက်က အခိုးအငွေ့အမျှင်တန်းအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ဘယ်လက်အတွင်းသို့ ဝင်ရောက်သည်။

***

All Chapters