ရီစီရုပ်သေး
Vol. 132 Ch. 1823
ရှေးသင်္ချိုင်းအတွင်း၌ ဝမ်လင်းသည် မြူများကြား မြန်ဆန်စွာ ကျဆင်းနေ၏။ သူ၏နားထဲ၌ တဝီဝိအသံများ တိုးဝင်နေသည်။ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကာ သူ့ဘေးပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုသည်။
မြူအတွင်း၌ ထူးခြားသောအရာများ ရှိနေ၏။ ဝမ်လင်းက ဤသည်ကို နားလည်သည်။ သူက သည်နေရာရှိ ကြမ်းကြုတ်သောသားရဲအများစုကိုလည်း မြင်ခဲ့ဖူးသည်။ သူသည် အနီးအနားရှိ သားရဲများကို ရှောင်ဖယ်ကာ သည်နေရာရှိ ဒုတိယအလွှာသို့ ဦးတည်နေ၏။
နောက်ဆုံးအလွှာသို့ ဦးတည်သည့် ဒုတိယအလွှာသည် ဝမ်လင်း ကြောက်မက်ဖွယ်အော်ရာကို ခံစားမိခဲ့သော နေရာပင်။ သို့ပေမည့် သူက ခုချိန်၌ သည်အကြောင်းကို ပြန်တွေးကြည့်သည့်အခါ ထိုအော်ရာသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ အကြီးမားဆုံးဝှက်ဖဲ၏ အော်ရာဖြစ်မှန်း ပို ယုံကြည်လာလေပင်။
ရီစီရုပ်သေး။
ဝမ်လင်းသည် လှိုဏ်ဂူဗဟိုချက်သို့ ဝင်ရောက်လာပြီးနောက် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ချန်ထားခဲ့သော နည်းလမ်းများအပေါ် အခြေခံ၍ သူသည် လူအများကို စတေးမှုများ ပြုလုပ်ခဲ့၏။ စတေးမှုတစ်ခုစီ ပြီးနောက် သူသည် ၎င်းရုပ်သေးနှင့် သူ့ကြား ချိတ်ဆက်မှုက ပိုအားကောင်းလာသည်ကို ခံစားမိခဲ့သည်။
သူက သည်နေရာ၌ လူတော်တော်များများကို သတ်ပစ်ခဲ့၏။ အကြောင်းမှာ သည်ဆန်းကြယ်သော ချိတ်ဆက်မှုကြောင့် ဖြစ်၏။ ဝမ်လင်းသည် ထိုကြောက်မက်ဖွယ်အော်ရာသည် ရီစီ၏အပိုင် ဖြစ်တာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာနေသည်။
“ရှေးသင်္ချိုင်းရဲ့ ရည်ရွယ်ချက်က ဒီရုပ်သေးကို အားဖြည့်ပေးဖို့ပဲ ဖြစ်မယ်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက ယဲ့မိုကို သတ်ပြီးတဲ့နောက် သူ့ကို ဒီရုပ်သေး ပြီးမြောက်အဖို့အတွက် အသုံးပြုခဲ့တာ နေမယ်…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ တတိယစိတ်ဝိညာဉ်ထံမှ အကူအညီကြောင့် ဝမ်လင်းသည် အများစုကို ခန့်မှန်းမိပြီးသား ဖြစ်၏။
သူက ရှေ့ဆက်လာနေစဉ် မြူများက ပိုပါးလွှာလာသည်။ သူသည် နောက်အလွှာ၏ ဝင်ပေါက်ထံ ဦးတည်ရွှေ့လျားနေသည်။ သူ ပို၍ နီးလာလေလေ မြူများက ပိုပါးလှပ်လာလေပင်။ ထို့အတွက် ယင်းမြူများက သူ၏အမြင်ကို ပိတ်ဆို့နေခြင်း မရှိတော့ချေ။ သူ၏အောက်ဘက်၌ အနက်ရောင်မြေပြင်ထု ပေါ်လာလေ၏။
ထိုမြေပြင်မှာ အဆုံးမရှိသည့်အလား အနက်ရောင်ရေညှိပင်လိုမျိုး အပင်များ ပေါက်ရောက်နေ၏။ ထိုအပင်များက ဝေ့ခါလှုပ်ယမ်းနေပြီး အနက်ရောင်အခိုးငွေ့များကို ထုတ်ပေးနေသည်။ ဤသည်မှာ ထူးခြားသောမြင်ကွင်းတရပ်ပင်။
သည်နေရာ၌ နေမင်းဟူ၍ မရှိလေပါ။ သို့သော် ထိုအပင်တို့ထံမှ ထွက်ပေါ်နေသော တစ္ဆေအလင်း ရှိ၏။ ဝမ်လင်းက သူ့ပတ်လည်ရှိ အရာအားလုံးကို ထိုအလင်းကြောင့် ရှင်းရှင်းလင်းလင်း မြင်ရသည်။
သည်နေရာမှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေ၏။ ဝမ်လင်း ရောက်လာသည့်နောက်တွင်ပင် အနက်ရောင်ရေညှိပင်တို့က ဆက်လက် ဝေ့ယမ်းနေပြီး အနက်ရောင်အခိုးငွေ့များကို ထုတ်လွှတ်နေဆဲ ဖြစ်ကာ မည်သို့မျှ ပြောင်းလဲမှု မရှိသွားပေ။
သူအကြည့်များက ထိုအပင်များကို ကျော်လွန်၍ မြေပြင်ထက်သို့ ကျရောက်သွား၏။ သူက သတိထားနေ၏။ သူသည် ရှေးသင်္ချိုင်အတွင်းမှ အန္တရာယ်များကို အဝေးကနေပင် သတိပြုမိ၏။ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လျက် ရှေ့သို့ ဂရုတစိုက် ဆက်လာနေသည်။
အတိတ်တုန်းက သူ့မှတ်ဉာဏ်ထဲရှိ မြေပုံအတိုင်းဆို ဝင်ပေါက်မှာ ရှေ့ဆို ရောက်ပေတော့မည်။
အမွှေးတိုင်တစ်တိုင်ဝက်စာခန့် ကြာမြင့်ပြီးနောက် ဝမ်လင်းသည် ရှေ့ဆက်လာ၏။ သူ၏ရှေ့ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။ ပေတစ်သိန်းကျော်၌ မည်သည့်အပင်မျှ ရှိမနေဘဲ ပေတစ်သောင်းခန့် နေရာလွတ်တစ်ခု ရှိနေ၏။ ယင်းနေရာ၏ ဗဟိုချက်၌ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တည်ဆောက်ထားသည်။
ထိုအစီအရင် တည်ရှိသည်မှာ အချိန်မည်မျှ ကြာခဲ့ပြီကို မသိနိုင်တော့သော်လည်း ၎င်းက အလုပ်လုပ်နေဆဲသာ။ သို့ပေမည့် ယင်းက ငြိမ်သက်နေ၏။ ၎င်းထံမှ တစ္ဆေအလင်း တဖျတ်ဖျတ် ထွက်ပေါ်ကာ စွမ်းအားအငွေ့အသက်ကို ပေးစွမ်းသည်။
ထိုအစီအရင်ကို တွေ့မြင်ရသည့်နောက် ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ သူက အနီးကပ်ကြည့်လိုက်ရာ ၎င်းအစီအရင်ထံမှ ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံ ထွက်ပေါ်လာသည်။ ထိုဟိန်းသံ၌ ဝမ်လင်း၏စိတ်နှလုံးကို တုန်လှုပ်သွားစေသော ကြောက်မက်ဖွယ်အော်ရာ ပါဝင်နေ၏။ ထို့ကြောင့် သူက ရပ်တန့်လိုက်မိသည်။
ထိုဟိန်းသံ ပဲ့တင်ထပ်လာသည့်အခိုက်၌ သည်ဧရိယာရှိ ရေညှိပင်များသည် ပိုပြင်းထန်စွာ စတင် ဝေှ့ယမ်းလှုပ်ခါ၏။ အနက်ရောင်အခိုးငွေ့များ အတင်းအကြပ် ထွက်ပေါ်လာကာ လေထဲသို့ ပျံတက်သည်။
မြေပြင်ထုသည် စတင် တုန်ယင်လာကာ လှိုင်းများကဲ့သို့ လှုပ်ရှားသည်။
ထိုအသံသည် အချိန်အတန်ကြာပြီးမှ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ဝမ်လင်း၏မျက်နှာမှာ ဖြူရောနေလျက် သူက အစီအရင်အပြင်ဘက်တွင် ရပ်ကာ အချိန်အတန်ကြာ စဉ်းစားနေသည်။ ထို့နောက် သူ၏မျက်လုံးထဲ၌ ပြတ်သားမှုတို့ ရှိလာတော့သည်။
“ငါ့ ကောက်ချက်သာ မှန်ခဲ့ရင် ဒါဟာ အန္တရာယ် မရှိသင့်ဘူး။ ဘာပဲ ဖြစ်ဖြစ် ဒါဟာ ငါ့အတွက် မဟာကံကောင်းမှုတစ်ခုလည်း ဖြစ်သွားနိုင်တယ်။ ရီစီရုပ်သေး…”
ဝမ်လင်းက ဆက်လက်၍ တွေဝေမနေတော့ဘဲ ထိုရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ လျှောက်လှမ်းလာတော့၏။
သူ ထိုအစီအရင်တွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ၎င်းက အသက်ဝင်လာသည်။ တစ္ဆေအလင်းက အဘက်ဘက်သို့ ပြန့်ကြဲကာ ကီလိုမီတာထောင်သောင်းချီကို ဖုံးလွှမ်းသွား၏။
တတိယမြောက်ကိုယ်လုပ်တော်သည် သည်မြူအတွင်း၌ မြန်ဆန်စွာ သွားလာနေ၏။ သူမက တည်နေရာအတိအကျကို မသိပေ။ သို့သော် မည်သည့်နေရာမှန်း အာရုံခံနိုင်၏။ သို့ပေမည့် သူမက မြူများကြား ထွင်းဖောက်လာသော တစ္ဆေအလင်းတန်းကို တွေ့မြင်သည့်အခါ ရုတ်တရက် ရပ်တန့်လိုက်သည်။
သူမ၏မျက်လုံးသည် အရောင်တောက်သွား၏။ သူမသည် တစ္ဆေအလင်းရင်းမြစ်ထံသို့ ဂရုတစိုက် ဦးတည်လာတော့၏။
အမွှေးတိုင်တစ်တိုင်ဝက်စာမျှ ကြာမြင့်ပြီးနောက် သူမက မြေပြင်ထက်ရှိ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မြင်၏။ တတိယကိုယ်လုပ်တော်သည် ထိုအစီအရင်အပြင်ဘက်၌ အချိန်အတန်ကြာ ချီတုံချတုံ ဖြစ်နေသည်။ ထို့နောက်တွင် သူမက အံတင်းတင်းကြိတ်ကာ အစီအရင်အတွင်းသို့ ခြေလှမ်းဝင်ရောက်လိုက်၏။
ရှေးသင်္ချိုင်း၏ ဒုတိယအလွှာအတွင်း၌ မြူများမှာ အပေါ်ပိုင်းလောက် မသိပ်သည်းတော့ပေ။ ဝမ်လင်းသည် ထိုနေရာတွင် ဂရုတစိုက် သွားလာနေ၏။ အလင်းရောင် ရှိသော်လည်း ယင်းမှာ သွေးကဲ့သို့ နီရဲနေသည်။
မကြာဆိုသလိုပင် ဟိန်းအော်သံများသည် ပတ်ဝန်းကျင်ရှိ မြူများထံမှ ထွက်ပေါ်လာ၏။ အနီရောင်မျက်လုံးတစ်စုံက ဝမ်လင်းကို စိုက်ကြည့်နေသည့်အလား။ သို့ပေမည့်ဝမ်လင်း၏ ရှေးတောက်အော်ရာကြောင့် ယင်းတို့က ချဉ်းကပ်မလာဝံ့ကြချေ။
တကယ်တော့ ခုလက်ရှိ ဝမ်လင်းသည် အရင်နှင့် မတူတော့ပေ။ သူသာ သတိထားနေသ၍ ချက်ခြင်းအန္တရာယ် ရှိနိုင်တော့မည် မဟုတ်ပေ။
သူသည် မြန်ဆန်စွာ ရှေ့ဆက်လာနေစဉ် သူ့ပတ်လည်ရှိ မြူများက အလျင်အမြန် ရွှေ့လျား၏။ ဟိန်းအော်သံက သူ့နားဘေး၌ ပဲ့တင်ထပ်နေသည့်အလား။ ထိုဟိန်းသံက လောကကိုပါ လှုပ်ခါစေနိုင်၏။
ဝမ်လင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။ ထိုဟိန်းအော်သံနှင့်အတူ ပြင်းထန်သောအားတစ်ခုက သူ့အား လာရောက်ထိမှန်သည့်နှယ်။ ထိုအားက သူ့ကို နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်သွားစေပြီးမှ လွင့်ပြယ်သွား၏။
ဝမ်လင်း၏မျက်နှာသည် ဖြူရောသွား၏။ သူ၏မျက်လုံးကမူ အရောင်ပိုတောက်လာသည်။ ထိုဟိန်းအော်သံက သူ၏စိတ်ကို လှုပ်ခါစေကာ ဒဏ်ရာရစေလုနီးပါးပင်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့အော်ရာလဲ။ ဒါဟာ ရီစီရုပ်သေး တကယ်ဖြစ်ရင် ငါသာ ဒါကို အသုံးပြုနိုင်ခဲ့ရင်…” ဝမ်လင်းသည် ရှေ့ဆက်လာ၏။
ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် ထိုဟိန်းအော်သံ၏ ရင်းမြစ်ထံ ပိုနီးကပ်လာကာ သူသည် တောင်တစ်လုံးကို တွေ့မြင်လိုက်ရပြီ။
ထိုတောင်သည် မြင့်မားခြင်း မရှိဘဲ အနီရောင်မြူများ ဖုံးနေ၏။ သူ အနားသို့ ရောက်လာပြီး ၎င်းကို တွေ့သည့်အခါ တောင်ပတ်လည်ရှိ အနီရောင်မြူများသည် စတင်လှုပ်ရှားကာ ဧရာမဦးခေါင်းကြီးအသွင် ဖြစ်ပေါ်သည်။
ထိုဦးခေါင်း၌ မည်သည့်ဆံပင်မျှ မရှိ၊ ဦးခေါင်းပြောင်ကြီး ဖြစ်၏။ ၎င်းမှာ ဝေဝါးသဖြင့် မည်သည့်ပုံပန်းအသွင် ရှိသည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့ပေမည့် ၎င်း၏ပါးစပ်က ပွင့်ဟနေကာ တုန်လှုပ်ဖွယ်ဟိန်းအော်သံကို ထုတ်လွှတ်လာသည်။
ထိုဟိန်းသံ ပေါ်လာသည်နှင့် ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ဝေ့ယမ်းလိုက်သည်။ သူ၏အနှစ်သာရမှာ သူ့ရှေ့တွင် ပေါ်လာပြီးနောက် သူ့ရှေးတောက်စွမ်းအားသည် သူ၏ခန္ဓာကိုယ်တွင်း၌ ပြည့်နှက်ကာ ၎င်းဟိန်းသံစွမ်းအားကို ခုခံသည်။
သည်အခိုက်အတန့်တွင် သူသည် ပေထောင်ချီတွင် ရှိနေ၏။ သည်အကွာအဝေးဖြင့်ပင် ထိုဟိန်းသံက သူ့အား လာရိုက်ခတ်သေး၏။ တစီစီအသံများ ထွက်ပေါ်လာပြီးနောက် ဝမ်လင်း၏အနှစ်သာရများသည် သူ၏ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်ရောက်ကာ သူ့မျက်နှာမှာ ဖြူရောသွား၏။ သူသည် နောက်သို့ ပေတစ်သောင်းခန့် ဆုတ်သွားပြီးမှ ဟိန်းသံသည် လွင့်ပြယ်သည်။ ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ အနီရောင်မြူမှ ဖြစ်ပေါ်လာသော ဦးခေါင်းကြီးက အရည်ပျော်သွားသည့်အလား ထင်ရကာ တောင်ထံသို့ ပြန်ရောက်ရှိသည်။
“ဒါဟာ ရီစီပဲ…” ဝမ်လင်းသည် ထိုမြူမှိုင်းသောတောင်ထိပ်ထံသို့ စိုက်ကြည့်၏။ သူ၏စိတ်နှလုံး၌ ချိတ်ဆက်မှု ရှိခဲ့ပြီး ဖြစ်ကာ အခုအခါ၌ သူသည် အတော်လေး သေချာနေပေပြီ။
“ကံမကောင်းစွာနဲ့ ငါဟာ စတေးဖို့ လူတော်တော်များများကို သတ်ပစ်ခဲ့ပေမဲ့ မလုံလောက်သေးဘူးပဲ။ ငါသာ ဒီအရာကို ထိန်းချုပ်နိုင်ချင်ရင် နောက်ထပ်အစွမ်းထက်တဲ့ သူတွေကို ပိုသတ်ဖို့ လိုမယ်….” ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ သူ၏ရှေ့ရှိ တောင်ကို ကြည့်သည်။ သူသည် စဉ်းစားနေရင်း အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။
“သူမပဲ…” ဝမ်လင်း၏ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်လို့သွားကာ သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။
မကြာမီတွင် ရွှေရောင်အလင်းတောက်ပကာ ရွှေရောင်တံခါးတစ်ခု မြောလွင့်လာ၏။ ထိုတံခါးနောက်တွင် တတိယမြောက်ကိုယ်လုပ်တော် ထိုင်နေသည်။ သူမ၏မျက်နှာမှာ ဖြူရောနေလျက် သူမ၏ပါးစပ်ထောင့်မှ သွေးများ စီးကျသည်။
သူမသည် ရှေ့ရှိ တောင်ကို ကြည့်ကာ သူ၏မျက်လုံးထဲ၌ ကြောက်လန့်မှု ပေါ်၏။ သူမသည် သည်ရှေးသင်္ချိုင်း၏ ဒီအလွှာတွင် ခုလောက်ကြောက်မက်ဖွယ်ကောင်းသော အရာ ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူမက အံတင်းတင်း ကြိတ်၏။ ထိုတောင်က နောက်ထပ် ဟိန်းအော်သံ မထုတ်လွှတ်သည့်အခိုက်တွင် သူမက သတင်းစကားတစ်ခုကို ပို့လွှတ်သည်။
“ဝမ်လင်း…နင် ဒီမှာ ရှိတာ ငါ သိပါတယ်။ ငါ့မှာ မကောင်းတဲ့စိတ် မရှိဘူး။ ငါငါ့စွမ်းအားကို ယုံတယ်။ ငါ့မန္တာန်က နင့်ကို ကူညီပေးနိုင်လိမ့်မယ်လို့ ငါ ယုံတယ်။ ကျေးဇူးပြုပြီး နင် ထွက်လာပေးပါ…”
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေ၏။
တတိယကိုယ်လုပ်တော်၏အသံက ပဲ့တင်ထပ်လာသည်။ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့သည့်အခါ သူမ၏အမူအရာသည် မှိန်ဖျော့သွားကာ ခေါင်းယမ်းလိုက်မိသည်။ ရွှေရောင်တံခါးသည် နောက်သို့ တဖြည်းဖြည်းဆုတ်သွားကာ သူမက ဝမ်လင်းကို ရှာဖို့ နောက်ထပ်ဦးတည်ရာတစ်ခုထံ ရွှေ့လျားရန် ဟန်ပြင်သည်။
သို့ပေမည့် ထိုစဉ် တောင်ပေါ်ရှိ မြူများက စတင်၍ တဝုန်းဝုန်း ဖြစ်လာပြီး ဖျော့တော့တော့အရိပ်တစ်ခု ပေါ်လာကာ ဟိန်းအော်သံကို ထုတ်လွှတ်လာသည်။
ထိုဟိန်းအော်သံ အောက်၌ လောကသည် အရောင်များ ပြောင်းလဲကာ မမြင်ရသောအလွှာလှိုင်းဂယက်များ လေထဲအနှံ့ ပဲ့တင်ထပ်၏။ မြေပြင်ထုသည် တုန်ယင်ကာ ကောင်းကင်သည် ပုံပျက်ယွင်းသည်။ တတိယကိုယ်လုပ်တော်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူမက လျှာထိပ်ကို ကိုက်ကာ သွေးများကို ရွှေရောင်တံခါးပေါ်သို့ ထွေးထုတ်လိုက်၏။
ထိုတံခါးသည် သည်ဟိန်းသံကို ခုခံဖို့ အပြင်းအထန် တောက်ပ၏။ သို့သော် ၎င်းက မြန်ဆန်စွာ ပျက်စီးရသည်။ တတိယကိုယ်လုပ်တော်၏ မျက်နှာမှာ ဖြူရောသွားပြီး ချက်ခြင်း နောက်ဆုတ်ကာ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ရွှေရောင်အလင်း ဖျတ်ခနဲ လင်းလက်ကာ နောက်ထပ်ရွှေရောင်တံခါးလေးခု ပေါ်လာသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ရွှေရောင်တံခါးလေးချပ်သည် တစ်ခုပြီးတစ်ခု တစစီ ဖြစ်သွားသည်။ တတိယမြောက်ကိုယ်လုပ်တော်သည် သည်အချိန်ကို အသုံးချကာ သည်တစ်ကြိမ်၌ ပေတစ်သောင်းကျော်ထိ နောက်ဆုတ်သွားသည်။ သူမသည် ကျန်သည့် တုန်ခါလှိုင်းကို ခုခံဖို့ နောက်ထပ်မန္တာန်တစ်ခု အသုံးပြုရန် ဟန်ပြင်စဉ် အေးစက်စက်အသံ ထွက်ပေါ်လာသည်။
“နင် ဘာကြောင့် ငါ့ကို လာရှာတာလဲ…” ထိုအသံ ပဲ့တင်ထပ်လာသည့်အခါ ဝမ်လင်းသည် ထိုအမျိုးသမီး၏ရှေ့၌ ပေါ်လာ၏။ သူက ညာလက်ကို ဝေ့ယမ်းကာ ထိုတုန်ခါလှိုင်းကို တားဆီးလိုက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ ထိုမျှအဆင့်တုန်ခါလှိုင်းကို ခုခံဖို့အတွက်တော့ လုံလောက်အောင် သန်မာသည်။
“ဝမ်လင်း…” တတိယကိုယ်လုပ်တော် မင်သက်သွား၏။ သူမ၏မျက်လုံးထဲ၌လည်း ပျော်ရွှင်မှု ဖြစ်ပေါ်သွားသည်။ သို့သော် သူမက ချက်ခြင်း ဖုံးကွယ်လိုက်၏။
“နင်…နင် ငါ့ကို ရှေးသင်္ချိုင်းထဲမှာ တခါ ကူညီပေးခဲ့ဖူးတယ်။ ဒီတစ်ကြိမ် ငါ နင့်ကို ပြန်ကူညီပေးချင်တယ်…”
“မလိုဘူး။ ဒီမှာ အန္တရာယ်များတယ်။ မနေတော့နဲ့…” ဝမ်လင်းသည် တတိယကိုယ်လုပ်တော်ကို အေးစက်စက်ကြည့်လိုက်ပြီးနောက် စတေးဖို့အတွက် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ရှာရန် လှည့်လိုက်သည်။
“ငါ…ငါ နင့်ကို ကူညီပေးနိုင်တယ်…” တတိယကိုယ်လုပ်တော်က သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ညာလက်ကို ပင့်မြှောက်လိုက်၏။ သူမ၏လက်ကောက်ဝတ်တွင် ရွှေရောင်ပုတီးစေ့အမျှင်တန်းတစ်ခု ရှိလေသည်။ ထိုပုတီးစေ့များသည် ညင်သာသောရွှေရောင်ကို ပေးစွမ်း၏။
“ဒါကို ငါ့ဆရာက ငါ့ကို လက်ဆောင်ပေးခဲ့တာ။ ဒါဟာ တံခါးခုနစ်ချပ်အဖြစ် ပြောင်းလဲနိုင်တယ်။ နင် ဒီတောင်ထဲ ဝင်ရောက်ချင်ရင် ဒီအရာက နင့်ကို ကူညီပေးနိုင်လိမ့်မယ်…”
***