← Chapters

မင်း ငါနဲ့ တဲ့တိုက်ခိုက်ရဲလား

Vol. 132 Ch. 1824

မင်း ငါနဲ့ တဲ့တိုက်ခိုက်ရဲလား

Vol. 132 Ch. 1824

ဝမ်လင်းသည် ရပ်တန့်ကာ တတိယကိုယ်လုပ်တော်ကို ကြည့်လိုက်၏။ သူက သူမ၏အကြည့်နှင့် တွေ့ဆုံသည့်အခါ သူမ၏မျက်လုံးထဲရှိ လေးနက်မှုကို တွေ့မြင်သည်။

ဝမ်လင်း၏အေးစက်စက်အမူအရာက အနည်းငယ် လျော့ပါးသွား၏။ ဝမ်လင်း၏ဉာဏ်ရည်ဖြင့် သူသည် သူမ သူ့ကို ကူညီချင်တာ အမှန်ဖြစ်မှန်း ယုံကြည်ပေသည်။ အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်း၏အကြည့်က သူမ၏လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒါဆိုရင် မင်းရဲ့ တောင်းဆိုမှုက ဘာလဲ…”

တတိယကိုယ်လုပ်တော်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဘာတောင်းဆိုမှုမှ မရှိဘူး။ နင် ငါ့ကို ကူညီခဲ့တယ်။ ဒါ့ကြောင့် ငါက နင့်ကို ပြန်ကူညီပေးတာပဲ…”

သူမ၏စကားကို ကြားသည့်အခါ ဝမ်လင်း၏အမူအရာသည် အနည်းငယ် ထူးဆန်းသွား၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ညင်သာစွာ ပြောလိုက်သည်။

“အတိတ်တုန်းက ကိစ္စလေးက ရိုးရှင်းပါတယ်။ နင် ဒါကို စိတ်ထဲထားဖို့ မလိုဘူး…”

“နင် ငါ့ကို ကူညီခဲ့တယ်။ ဒါ့ကြောင့် ငါ နင့်ကို ပြန်ကူညီပေးမယ်…” တတိယမြောက်ကိုယ်လုပ်တော်က ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်၏။ သူမ၏လှပသော မျက်နှာမှာ ထိုအခိုက်တွင် တမျိုးတဘာသာ စွဲညှို့နိုင်မှု ရှိနေတော့သည်။

“ဒါပေမဲ့လည်း ခုချိန်မှာ ငါက ဒီတောင်ထဲကို ဝင်ဖို့ အစီအစဉ် မရှိသေးဘူး…”  ဝမ်လင်းက ရှားရှားပါးပါး ပြုံးလိုက်၏။

တတိယကိုယ်လုပ်တော်သည် မင်သက်သွား၏။ သူမက မည်သို့ပြောရမှန်း မသိ ဖြစ်သွားသည်။

“နင့်နာမည် အမှန်က ဘာလဲ…”  ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ ကောင်းကင်ထက်သို့ ကြည့်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။

တတိယကိုယ်လုပ်တော်က အနည်းငယ် တွေဝေပြီးနောက် ညင်သာစွာ ပြောလိုက်သည်။ “ထန်ရှန်ပါ…”

“နင့်ရဲ့ တံခါးခုနစ်ခုကို အသက်သွင်းပြီး နောက်နည်းနည်း ဆုတ်လိုက်…”   ဝမ်လင်းသည် အကွာအဝေးတစ်ခုထံ လှမ်းကြည့်ရင်း သူ၏အသံမှာ ရုတ်တရက် အေးစက်သွားသည်။

ထန်ရှန်၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ သူမ၏ကျင့်ကြံမှုအဆင့်မှာ မနိမ့်သဖြင့် သူမသည်လည်း တစ်ခုခုမူမမှန်သည်ကို ချက်ခြင်း သတိပြုမိလိုက်သည်။ သူမက ဝမ်လင်းစကားကို မဆိုင်းမတွ နားထောင်ကာ ရွှေရောင်အလင်းတောက်တောက်က သူမအား လွှမ်းခြုံသည်။ ရွှေရောင်တံခါးချပ်ခုနစ်ခု သူမပတ်လည်၌ ပေါ်လာ၏။

အလင်းတန်းတစ်ခုသည် အကွာအဝေးတစ်ခုမှ သည်နေရာသို့ ဦးတည်လာနေ၏။ သည်အလင်းတန်းအတွင်း၌ ဧရာမကျောက်ပြားတစ်ခု ပါဝင်နေသည်။ ထိုကျောက်ပြားက တောက်ပကာ အပြာရောင်ဝတ်စုံဖြင့်လူငယ်က ၎င်းပေါ်တွင် ရပ်နေ၏။

ဝမ်လင်း၏အကြည့်က ချက်ခြင်းပင် ထိုလူငယ်၏အကြည့်နှင့် တွေ့ဆုံသွားသည်။ သူတို့၏အကြည့်များ တွေ့ဆုံသွားပြီးနောက် ကျယ်လောင်စွာတုန်ဟည်းသံများ သူတို့၏စိတ်ထဲ၌ ပဲ့တင်ထပ်သည်။ သူတို့သည် အကြည့်ချင်း တွေ့ဆုံချိန်၌ တစ်ယောက်နှင့်တစ်ယောက် မန္တာန်များဖြင့် တိုက်ခိုက်လိုက်ကြသည့်အလား။

ဝမ်လင်း၏ခန္ဓာကိုယ်က တစ်စက်လေးမျှ မလှုပ်ချေ။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

ထိုလူငယ်၏ ခန္ဓာကိုယ်က နောက်သို့ အနည်းငယ် တရွတ်ဆွဲသွား၏။ သူက ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်ရခြင်းပင်။ သူက ဝမ်လင်းကို တိုက်ပွဲဆာလောင်စိတ်ဖြင့် လှမ်းကြည့်သည်။

ဝမ်လင်း…နောက်ဆုံးတော့ ငါ မင်းကို မှီလာပြီ။ ငါက ဒြပ်စင်ငါးခုဂြိုဟ်က ယွမ်ရီဖန်ပဲ။  ပြီးခဲ့တဲ့ ငါတို့တိုက်ပွဲက အလျင်လိုခဲ့တယ် စိတ်ကျေနပ်မှု မရခဲ့ဘူး။ ဒီနေ့ …ဘာအကြံအစည်မှ မပါဘဲ၊ လီကောင်းရဲ့လေး မပါဘဲ မင်း ငါ့ကို တိုက်ခိုက်ဝံ့လား…”

ထိုအလင်းသည် ကျောက်ပြားထံမှ ပျောက်ကွယ်သွား၏။ အပြာရောင်ဝတ်စုံဖြင့်လူငယ်က ဝမ်လင်းထံသို့ လှမ်းကြည့်၏။

“မင်းသာ ငါ့ကို နိုင်ရင် ငါတို့ ဒီလှိုဏ်ဂူလောကမှာ ရှိနေစဉ်အတွင်း ငါ မင်းရဲ့အမိန့်အကုန်လုံးကို နားထောင်မယ်…”  ယွမ်ရီဖန်က ကျောက်ပြားပေါ်မှ ခြေလှမ်းကာ ဝမ်လင်းနှင့် မျက်နှာချင်းဆိုင်သည်။ သူ၏အမြင်၌ တတိယကိုယ်လုပ်တော် ထန်ရှန်က မတည်ရှိပေ။ ဝမ်လင်းတစ်ယောက်သာ တည်ရှိနေ၏။

ယွမ်ရီဖန်ကို စိုက်ကြည့်လျက် ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှုက ပို၍ အားကောင်းလာ၏။ သူက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ကို လိုနေခြင်း ဖြစ်၏။ သည်လူမှာ သူ့ဟာသူ ရောက်လာခဲ့ပေပြီ။ ဤသည်က ဝမ်လင်းကို အချိန်တချို့ သက်သာစေလိမ့်မည်။ သို့သော် ထိုလူ၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားလှခြင်း မရှိပေ။ ဝမ်လင်းသည် သူ၏စိတ်ဝိညာဉ်တစ်ခုတည်းဖြင့် မလုံလောက်သေးဟု ခံစားမိသည်။

အတိတ်တုန်းက ဒြပ်စင်ငါးခုဂြိုဟ်ပေါ်၌ သူက ဝမ်လင်းနှင့် ယှဉ်နိုင်သော ခွန်အား ရှိခဲ့၏။ ထိုစဉ်က ဝမ်လင်း၏ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်မှာလည်း ပြီးပြည့်စုံမှု မရှိခဲ့သေးပေ။ ခုခါ၌ ဝမ်လင်းသည် သူ့ကျင့်ကြံမှု၏အထွတ်အထိပ်အနေထား၌ ရှိနေပြီး သူ၏ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်မှာလည်း အလွန်အစွမ်းထက်နေပြီ ဖြစ်၏။

ဝမ်လင်းသည် ယွမ်ရီဖန်က ချိန်းခြောက်မှုတစ်ခုဟု မယူဆထားပေ။

သို့ပေမည့် ထိုသူက သူသာ ရှုံးပါက သူ့နောက်လိုက်မည်ဟုသော ကတိစကားက ဝမ်လင်းကို လှုပ်ရှားစေ၏။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “စကားသပ်သပ်နဲ့ အလုပ်မဖြစ်ဘူး…”

ယွမ်ရီဖန်၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက သူ့ညာလက်ဖြင့် သူ့နှဖူးကို ရိုက်သည်။ သွေးကျိန်ဆိုမှုသွေးတစ်စက်သည် ဝမ်လင်းထံ ပျံသန်းလာလေ၏။

ဝမ်လင်းက ထိုသွေးစက်ကို လက်ခံပြီး သေချာကြည့်လိုက်သည်။ ယွမ်ရီဖန်၏မျက်လုံးက အေးစက်လာကာ သူက သူ့ညာလက်ကို ပင့်မြှောက်၏။ ဧရာမဓားသွားတစ်လက် ပေါ်လာပြီး သူက ရှေ့သို့ လှမ်းကာ ဝမ်လင်းထံ ပိုင်းချလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဓားသွားက ကောင်းကင်နှင့်မြေကြီးကို ထက်ပိုင်းခွဲသွားလေမည့်အလား။ ဓားသွားစွမ်းအင်တန်းတစ်ခု ပေါ်လာသည်။ ၎င်းက ဝမ်လင်းထံ နီးကပ်လာ၏။

ထိုဓားသွား ဆင်းသက်လာချိန်၌ ဝမ်လင်းက ရှေ့သို့ လှမ်၏။ သူက ညာလက်သီးဆုပ်၏။ သူ၏ရှေးတောက်စွမ်းအားသည် စုဝေးလာကာ သူသည် ယွမ်ရီဖန်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်ကြောင့် လောကသည် အရောင်များ ပြောင်းကုန်၏။ သည်လောကတစ်ခုလုံးသည် တွန့်ခေါက်ပုံပျက်ကာ ပျက်စီးလေတော့မည့်အလား။ ရှေးတောက်အရိပ် ပေါ်လာကာ ဓားသွားထံ လက်သီးပစ်သွင်းသည်။

ချက်ခြင်းပင် ဓားသွားနှင့်လက်သီးချက်တို့မှာ ထိပ်တိုက်တွေ့ကြသည်။ ဓားသွားသည် အပိုင်းပိုင်းအစစ ဖြစ်သွားသလို ဝမ်လင်း၏လက်သီးချက်မှာလည်း လွင့်ပြယ်သွား၏။

ယွမ်ရီဖန်၏ ခန္ဓာကိုယ်သည် နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်လိုက်ရ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ ရယ်မောလိုက်လေသည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ရှေ့၌ အနက်ရောင်အလင်း ပေါ်လာပြီး မြူနက်တစ်ခုကို ဖွဲ့စည်းသည်။ သူက မြူနက်ထံ လက်ဆန့်ထုတ်ကာ ဓားသွားတစ်ခုကို ထုတ်ယူသည်။ သူက ဝမ်လင်းထံခုတ်ပိုင်းချလိုက်ပြီးနောက် မြူနက်ထံ ထပ်မံ၍ လက်လှမ်းသည်။

ချက်ခြင်းပင် မြူအတွင်းမှ ဓားသွားခုနစ်ခုကို ထုတ်ယူကာ ဝမ်လင်းထံ ပိုင်းချလာ၏။ ခုတ်ပိုင်းချက်ခုနစ်ခုသည် ချိတ်ဆက်ကာ ကြောက်မက်ဖွယ်ဓားသွားစွမ်းအင်ကို ဖြစ်ပေါ်စေပြီး ဝမ်လင်းထံ ပျံသန်းဝင်လာသည်။

“ဓားသွားရှစ်ခု စိတ်ဝိညာဉ် ဖြတ်တောက်ခြင်း…”  ယွမ်ရီဖန်က မာန်သွင်းလိုက်၏။ တစ်ခုနှင့်တစ်ခု ထပ်နေသောအရိပ်ခုနစ်ခု ပေါ်လာသည်။ သူ၏ကိုယ်ပွားခုနစ်ခု ပေါ်လာကာ ဓားသွားများကို ဆုပ်ကိုင်ထားသည့်နှယ်။ ထိုခုနစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြ၏။

ထိုဓားသွားခုနစ်ခုက အတူတကွ ချိတ်ဆက်သွားပြီး ရှစ်ခုမြောက်ဓားသွားအရိပ်အယောင် ပေါ်လာသည်။

လောကသည် ပုံပျက်ယွင်းကာ မှိန်ဖျော့လာ၏။ ၎င်းမှာ ယွမ်ရီဖန်၏ အစွမ်းထက်ဆုံးမန္တာန်ဖြစ်ကာ သည်လောက၌ ထိုဓားသွားသည် တည်ရှိလေတော့သည့်အလား။

ဓားသွားရှစ်ခု နီးကပ်လာစဉ် ဝမ်လင်း၏အမူအရာက တစ်စက်လေးမျှ ပြောင်းလဲမသွားပေ။ သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၍ ကောင်းကင်ထက်သို့ ဆုတ်ဖြဲလိုက်၏။

ဧရာမလက်တစ်စုံသည် ဝမ်လင်း၏ရှေ့၌ ပေါ်လာ၏။ ထိုလက်တစ်စုံက ကြမ်းရှကာ မရေမတွက်နိုင်သော အမာရွတ်များ ပြည့်ဖုံးသည်။ ၎င်းမှာ ယဲ့မို၏လက်နှစ်ဖက်ဖြစ်၏။

ဝမ်လင်း လှုပ်ရှားစဉ် သည်လက်နှစ်ဖက်က လေဟာနယ်ကို ဆုပ်ကိုင်ကာ ကောင်းကင်ကို ခပ်ကြမ်းကြမ်း ဆုတ်ဖြဲသည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်လာပြီးနောက် ဧရာမအက်ကြောင်းတစ်ခု ဖွင့်လှစ်ခြင်း ခံရ၏။ ထိုအက်ကြောင်းမှာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်သည်။

အဝေးမှ ကြည့်ပါက ဝမ်လင်းရှေ့ရှိ လောကသည် ပျက်စီးသွားသည့်အလား။ အက်ကြောင်းထံ၌ ရှေးအော်ရာ ပါဝင်ကာ လောကကို ဖျက်စီးနိုင်သော အဖျက်အစီးအားတစ်ခု ရှိနေသည့်အလား။ တဝုန်းဝုန်းအသံများ မြည်ဟိန်းလျက် ဓားသွားရှစ်ခုသည် အက်ကြောင်းနှင့် ထိပ်တိုက်တွေ့သည်။ ဓားသွားများသည် ယွမ်ရီဖန်၏ ခန္ဓာကိုယ်နှင့်အတူ ပျက်စီးလေသည်။

သိပ်မကြာခင်တွင် သူ၏ ဒုတိယ၊တတိယ၊ လေးခုမြောက် ခန္ဓာကိုယ်များမှာ ဓားသွားနှင့်အတူ ပျက်စီးခြင်း ဆိုက်၏။

“မင်းက တဲ့တိုက်ခိုက်ချင်မှတော့ ငါ မင်းကို တဲ့တိုက်ခိုက်မယ်…”  ဝမ်လင်း၏အသံကအေးစက်၏။ သူ၏အသံက လောကတွင် ပဲ့တင်ထပ်လာသည်။

ဝမ်လင်း၏စကားလုံးများ ပဲ့တင်ထပ်လာသည့်အခိုက်မှာပင် သူ့လက်နှစ်ဖက်ဖြင့် ကောင်းကင်ကို ထပ်မံ ဆုတ်ဖြဲ၏။ သူ၏ရှေ့ရှိ ချိတ်ဆက်ထားသော လောကကို ဆုတ်ဖြဲဖွင့်လှစ်သည်။ ကျယ်လေင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ယွမ်ရီဖန်၏ ငါးခုမြောက်၊ ခြောက်ခုမြောက်၊ ခုနစ်ခုမြောက် ခန္ဓာကိုယ်များ တစစီ ဖြစ်သွား၏။ ငြီးငြူသံ ထွက်ပေါ်လာပြီးနောက် ပျက်စီးသွားသော ဓားသွားခုနစ်ခုထံမှ အခိုးအငွေ့တစ်ခု ထွက်ပေါ်ကာ ယွမ်ရီဖန်၏ မူလခန္ဓာကိုယ်အဖြစ် အကွာအဝေးတစ်ခုတွင် ပြန်ဖွဲ့စည်းသွားသည်။

သူက သွေးအန်လိုက်ရ၏။ သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွားသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို အလန့်တကြား ကြည့်သည်။

ယွမ်ရီဖန်က နောက်ဆုတ်နေစဉ် ဝမ်လင်းရှေ့ရှိ အက်ကြောင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူက နေရာတွင်ပင် ရပ်နေကာ သူ၏ဆံပင်ဖြူတို့သည် တလွင့်လွင့် ရှိ၏။ သူက ယွမ်ရီဖန် ပို့လွှတ်ခဲ့သော သွေးကျိန်ဆိုမှုကို ကိုင်ထားသည်။

ယွမ်ရီဖန်က ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏စိတ်ထဲ၌ ခါးသီးစွာ ခံစားနေရပြီး သူက ခေါင်းညိတ်လိုက်သည်။

သူ ခေါင်းညိတ်လိုက်သည့်အခိုက်တွင် ဝမ်လင်း၏လက်ထဲရှိ ကျိန်ဆိုမှုသွေးစက်သည် အနီရောင်အလင်း တောက်ပလာ၏။ ၎င်းက ဝမ်လင်း၏လက်ဝါးထဲ၌ ဖြည်းဖြည်းချင်း ပျောက်ကွယ်ကာ ကျိန်ဆိုမှုတစ်ခု ဖြစ်လာတော့သည်။

ယွမ်ရီဖန်က သမာသမတ်ကျ၏။ ထို့အတွက် သူသည် မည်သည့်လှည့်ဖြားမှုမှ မပါဘဲ သွေးကျိန်ဆိုမှုကို ပေးခဲ့ခြင်းပင်။ သူ ရှုံးသွားမှတော့ အရှုံးသာ ဖြစ်၏။ ဤသည်ကပင် သူ့အသက်ကို ကယ်တင်လိုက်သည်ကိုမူ ယွမ်ရီဖန် မသိလေပေ။

သူသာ တစ်ခုခုလုပ်ဖို့ ကြိုးစားပါက အချိန်တချို့ ဖြုန်းတီးရမည် ဖြစ်လျှင်ပင် ဝမ်လင်းသည် ချက်ခြင်း သတ်ပစ်မည် ဖြစ်၏။ သို့ပေမည့် သည်အခိုက်၌ ဝမ်လင်းက ပိုကောင်းသော ရွေးချယ်မှုတစ်ခု ပြုလုပ်သည်။ သူသည် အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ရာ သူ သိသော အော်ရာသုံးခု နီးကပ်လာနေသည်ကို ခံစားမိသည်။

“သူတို့ ရောက်လာကြပြီ။ ငါ ယွမ်ရီဖန်ရဲ့ စွမ်းအားကို အသုံးချရမယ်…”

သည်တိုက်ပွဲ အဆုံးသပ်သွားရုံ ရှိသေး တောင်ပတ်လည်ရှိ မြူများက စတင်လှုပ်ရှားကာ ဦးခေါင်းပြောင်တစ်ခု ဖွဲ့စည်းလာ၏။ ထိုဦးခေါင်းက ကျယ်လောင်စွာ ဟိန်းအော်သံကို ထုတ်ဖော်လာပြန်သည်။

ဝမ်လင်းမှာ သူ၏ရှေးတောက်အော်ရာနှင့် ဝန်းရံထားပြီး သူက ၎င်းအော်သံကို ခုခံနိုင်ဖို့ နောက်သို့ ပေတစ်ထောင်ကျော် ဆုတ်၏။ ထန်ရှန်ကလည်း သည်ပြီးခဲ့သောတိုက်ပွဲကို ကိုယ်တိုင်မြင်ခဲ့၏။ သူမကလည်း ဝမ်လင်းနှင့်အတူ နောက်သို့ အမြန်ဆုတ်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်လာစဉ် အကွာအဝေးတစ်ခုရှိ ကောင်းကင်မှာ တွန့်ခေါက်ပုံပျက်လာ၏။ ဝိုးတဝါးပုံရိပ်တစ်ခု ရောက်လာသည်။

“ယွမ်ရီဖန်…အဲ့လူကို သတ်…”  ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူ့ညာလက်ကို ဆန့်ထုတ်ရာ သွေးအလင်း လင်းလက်၏။ သွေးဓား ပေါ်လာကာ ဝိုးတဝါးပုံရိပ်ထံသို့ ပျံသန်းလာသည်။

ထိုဝိုးတဝါး ပုံရိပ်၏ ရှေ့တွင် နေတစ်စင်း ပေါ်လာပြီး တောက်ပသောနေအလင်းက သွေးဓားနှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဝိုးတဝါးပုံရိပ်သည် နောက်သို့ ဆုတ်လိုက်ရပြီး အုပ်စိုးသူ လှစ်ဟပေါ်လာ၏။

သူ ပေါ်လာသည်နှင့် ယွမ်ရီဖန်က အံတင်းတင်းကြိတ်ကာ ဆေးလုံးအနည်းငယ်ထုတ် သောက်လိုက်သည်။ သူက တိုးဝင်ကာ ဓားသွားရှစ်ခုစိတ်ဝိညာဉ် ဖြတ်တောက်ခြင်းကို အသုံးပြုသည်။ ယင်းတို့က အုပ်စိုးသူထံ တိုးဝင်လာတော့သည်။

ထန်ရှန်လည်း ရှိသေး၏။ သူမက တုံ့နှေးမနေဘဲ ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လက်ဝေ့ယမ်းသည်။ ရွှေရောင်တံခါးခုနစ်ချပ်က ယွမ်ရီဖန်ရှေ့တွင် ပေါ်လာ၏။ နောက်ထပ်ခုနစ်ခုကလည်း ဝမ်လင်း၏ရှေ့တွင် ပေါ်လာတော့သည်။

“အကာအကွယ်မန္တာန်…” ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။

မန္တာန်အများစုက တိုက်ခိုက်ဖို့အတွက် ဖြစ်၏။ အကာအကွယ်မန္တာန်များသည်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်သာ သုံးနိုင်သည်။ တခြားသူများအတွက် အသုံးပြုပေးနိုင်သော အကာအကွယ်မန္တာန်များသည် ရှားပါးလွန်းလှသည်။ ဤသည်မှာ ဝမ်လင်းအနေဖြင့် တစ်စုံတစ်ယောက်က ထိုကဲ့သို့မန္တာန်မျိုး အသုံးပြုသည်ကို ပထမဆုံးမြင်ဖူးခြင်းပင်။

ထန်ရှန်၏ ကောင်းကင်တံခါးချပ်ကလန်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် ကလန်ငယ်တစ်ခုသာ ဖြစ်ပြီး အဓိကကလန်ဆယ့်သုံးခုတွင် မပါဝင်သော်လည်း ကျော်ကြားဆဲသာဖြစ်၏။ အကြောင်းမှာ သူတို့၏ အကာအကွယ်မန္တာန်များသည် အလွန်အစွမ်းထက်ပြီး တခြားသူများအတွက်ပါ အသုံးပြုပေးနိုင်သောကြောင့် ဖြစ်၏။

***

All Chapters