← Chapters

ပိတ်လှောင်မိသော သားရဲ၏ ရုန်းကန်မှု

Vol. 132 Ch. 1826

ပိတ်လှောင်မိသော သားရဲ၏ ရုန်းကန်မှု

Vol. 132 Ch. 1826

ဝမ်လင်းသည် ယွမ်ရီဖန်၏ အတွေးများကို ခန့်မှန်းမိ၏။ သည်လူမှာ ဉာဏ်များလှပေသည်။ ထို့ကြောင့် အကြောင်းမရှိပါဘဲ တစ်ခုခု လုပ်လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် ဝမ်လင်းသည် သူ့ကို အာရုံစိုက်နေဖို့ အချိန်မရှိပါ။ သူက ညာလက်ကို ပင့်မြှောက်ကာ ရွှေရောင်လက်ဝါးထံသို့ ကျရောက်စေလိုက်၏။ အေးစက်စက်ခံစားမှုက ဝမ်လင်းထံ ဖြတ်သန်းစီးဆင်းသွားပြီး သူက ရွှေရောင်လက်ဝါးနှင့် ချိတ်ဆက်မှုကို ခံစားမိသည်။

၎င်းမှာ လေဟာနယ်အတွင်းမှ ဖြစ်ပေါ်လာခါစ ရှိသေးပြီး ပိုင်ရှင်မဲ့နေသေး၏။ ဝမ်လင်း၏ကျင့်ကြံမှုက ၎င်းပေါ်သို့ ခပ်နှိပ်လိုက်ရာ သူသည် ထိုရတနာ၏ ဦးဆုံးပိုင်ရှင် ဖြစ်လာတော့သည်။

ထိုရွှေရောင်လက်ဝါးသည် အစွမ်းထက်သောအော်ရာတစ်ခုကို ပေးစွမ်းနေကာ အုပ်စိုးသူ၏ နတ်ဘုရားဖျက်စီးခြင်းတာအိုမန္တာန်ကို ချိပ်ပိတ်လို့ထားခြင်းပင်။ ထိုမန္တာန်မှာ အုပ်စိုးသူ၏ အင်အားပြည့်အသုံးပြုထားသော မန္တာန်ဖြင့်၏။ ထို့အတွက် ၎င်း၏စွမ်းပကားမှာ အုပ်စိုးသူကိုယ်တိုင် အသုံးပြုခြင်းနှင့် တူသည်။

ရွှမ်လောကြောင့် ၎င်းက ဖြစ်ပေါ်လာသည့်အတွက် ၎င်းထံ၌ နေကိုးစင်း၏ စွမ်းအားအရိပ်အမြွက်လည်း ပါသည်။ ရလဒ်အနေဖြင့် သည်ရတနာမှာ မူလရှိရင်းထက် သာလွန်ခဲ့လေပြီ။

အုပ်စိုးသူသည် ဝမ်လင်းက သည်လက်ဝါးကို ဝါးမြိုကာ သူ၏မူလစိတ်ဝိညာဉ်ထဲ၌ စတင် သန့်စင်ကို တွေ့သည့်အခါ ထိတ်လန့်သွား၏။

ရွှမ်လောသည် ဝမ်လင်း၏ရှေ့တွင် ရပ်နေ၏။ သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်၍ ရုတ်တရက် ပြုံးသည်။

ဤအခိုက်တွင် အုပ်စိုးသူ၏ကြောက်ရွှံ့မှုမှာ အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီပင်။ သူက ဝမ်လင်းကို သတ်ဖြတ်ဖို့ကို လက်လျှော့ကာ နောက်သို့ ချက်ခြင်း ပြန်ဆုတ်သည်။ သူသည် ကြောက်လန့်မှုကြောင့် စိတ်လွတ်မတတ် ဖြစ်နေ၏။

သူသည် တွေးတတ်ကာ ဉာဏ်များလှသူ တစ်ယောက် ဖြစ်၏။ သို့သော် သူသည် ရွှမ်လော ဒီနေရာ၌ ရှိနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မိမည် မဟုတ်ပေ။ သူက သူ့သခင်၏ အစ်ကိုကြီးက သည်နေရာကို ရှာတွေ့သွားပြီဟုသာ ယုံကြည်မိနေ၏။ သူ့သခင်၏ အစ်ကိုကြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းပုံကို တွေးမိကာ အုပ်စိုးသူသည် ချွေးစေးပြန်လာသည်။ သူ့စဉ်းစားဉာဏ်ပင် လွတ်မတတ် ဖြစ်ရသည်။

သူ နောက်သို့ စဆုတ်သည်နှင့် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ထရပ်ကာ ရှေ့သို့ ခြေလှမ်းသည်။ သူသည် အုပ်စိုးသူနောက်သို့ လိုက်လံတော့၏။

“အတိတ်တုန်းက သင်ဟာ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒီကနေ့တော့ ငါက သင့်အသက်ကို ပြန်ချိန်းခြောက်မယ်…။ ထာဆန်…သင်လည်း ဒီကို ရောက်နေပြီ မလား။ သင် ငါနဲ့တိုက်ခိုက်ချင်လား ဒါမှမဟုတ် ငါ့ကို ကူညီပြီး ဒီလူ့ကို တိုက်ခိုက်ပေးချင်လား…”

နောက်သို့ လိုက်လံရင်း ဝမ်လင်း၏အသံက ဟိန်းထွက်လာ၏။

သူ၏အသံ ပဲ့တင်ထပ်လာစဉ် လောက၌ ရယ်မောသံတစ်သံ ပဲ့တင်ထပ်သည်။ အုပ်စိုးသူနောက်မှ လောကသည် တွန့်ခေါက်ပုံပျက်ကာ ဧရာမပုံရိပ်တစ်ခု ပေါ်လာ၏။

သူ၏ခန္ဓာကိုယ်မှာ အပေါ်ပိုင်း ဗလာကျင်းထားပြီး ရှေးအော်ရာကို ပေးစွမ်း၏။ သူသည် မောက်မာသောဟန်ပန် အပြည့်ရှိ၏။ သူမှာ ထာဆန်ပင်။

သူ ပေါ်လာသည့်အခါ၌ ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ အုပ်စိုးသူထံသို့ ထိုးချလာ၏။ ထိုလက်သီးချက်က လောကကို တုန်ခါစေသည်။ ထိုလက်သီးချက်က သည်နေရာရှိ စွမ်းအားအားလုံးကို စုပ်ယူ၍ အုပ်စိုးသူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည့်အလား။

အုပ်စိုးသူက ရုတ်တရက် နောက်လှည့်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ နေအလင်းက သူ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းသွားသည်။ သူက နေတစ်စင်းအဖြစ် ပြောင်းသွားသည့်အလား ထိုလက်သီးချက်နှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ အုပ်စိုးသူက ငြီးငြူလိုက်ရပြီး နောက်သို့ ခြေလှမ်းများ ဆုတ်သွားရသည်။ ထာဆန်၏ခန္ဓာကိုယ်မှာလည်း တုန်ယင်ကာ ပေတစ်ထောင်ကျော်ထိ ဆုတ်လိုက်ရသည်။ သူက ကြမ်းကြုတ်သောအပြုံးကို လှစ်ဟဖော်သည်။

“ကျေနပ်စရာပဲ။ ဝမ်လင်း…ကောင်းကင်ဘုံသားတွေလို မန္တာန်တွေနဲ့ မတိုက်ခိုက်နဲ့။ ငါတို့ကလန်ရဲ့ အစွမ်းထက်ဆုံး ခန္ဓာကိုယ်နဲ့ တိုက်ခိုက်ကြမယ်။ လောကကို ချိုးဖျက်၊ ကောင်းကင်ဘုံသားနဲ့ ယှဉ်တိုက်မယ်…”  ထာဆန်က ထိုသို့ ပြောနေရင်း သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ပဲ့တင်ထပ်လာသည်။ သူ၏ခန္ဓာကိုယ်သည် ပေသောင်းချီထိ မြင့်မားလာ၏။ သို့သော် သူက မရပ်ပေ။ သူသည် ဆက်လက်ချဲ့ကားလာသည်။ သိပ်မကြာခင်တွင် ပေထောင်ချီမြင့်မားသော ဧရာမရှေးဟောင်းနတ်ဘုရားတစ်ပါးသည် ဤနေရာတွင် ပေါ်လာခဲ့လေပြီ။

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ပြုံးလိုက်သည်။ သူ့ထံမှ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာ၏။ ပထမဆုံးအကြိမ်အဖြစ် သူက သူ၏ခန္ဓာကိုယ်ကို လုံးဝ ဆန့်ထွက်ပစ်သည်။ သူ့ခန္ဓာကိုယ်က ကြီးမားလာပြီး ထာဆန်နှင့် အရွယ်တူ ဖြစ်လာသည်။

အဝေးမှ ကြည့်ပါက တောင်ကြီးနှစ်လုံးက အုပ်စိုးသူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့်နှယ်။

တစ်ချိန်တည်းမှာ ယွမ်ရီဖန်၏မျက်လုံးက အရောင်တောက်သွား၏။ သူက သည်အနီးအနား၌ ဆန်းကြယ်သောမဟာအင်ပါယာရွှမ်လော ရှိနေသည်ကို သိသည်။ ထို့ကြောင့် သူသည် ပြတ်ပြတ်သားသား လုပ်ဆောင်ပေမည်။ သူ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။ ခရမ်းရောင်အလင်း လင်းလက်သွား၏။ ခရမ်းရောင်အလင်းက ခရမ်းရောင်မျောက်တစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်။ ထိုမျောက်က ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ အုပ်စိုးသူထံ ခုန်ဝင်လာသည်။

“ဝမ်လင်းဟာ ဒီလှိုဏ်ဂူလောကဗဟိုချက်မှာ ကျရှုံးဖို့ အခွင့်အရေး လုံးဝ မရှိဘူး။ ငါ့အစီအစဉ် မမှားနိုင်လောက်ဘူး…”

တတိယမြောက်ကိုယ်လုပ်တော်လည်း ထန်ရှန်လည်း ရှိသေး၏။ သူမက အံတင်းတင်းကြိတ်၏။ သူမ၏လက်ကောက်ဝတ်ပေါ်မှ ရွှေရောင်ပုတီးသည် တောက်ပလာသည်။ ရွှေရောင်တံခါးချပ်များ ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ထပ်သည်။ ရွှေရောင်တံခါးခုနစ်ချပ်က တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားသည်။ ရွှေရောင်အလင်းသည် တောက်ပနေလျက် ယင်းတံခါးက ရွှေရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းကာ အုပ်စိုးသူထံ တရကြမ်း တိုးဝင်လာတော့သည်။

သူတို့လေးယောက်၏ တိုက်ခိုက်မှုက တပြိုင်နက်တည်း ကျရောက်လာ၏။ သူတို့၏စွမ်းအားမှာ အံ့ချီးဖွယ်တည်း။

ဝမ်လင်းနှင့် ထာဆန်တို့က လက်သီးဆုပ်ကာ လက်သီးချက်များကို ဝုန်းဒိုင်းကြဲ ပစ်သွင်းလာသည်။

အုပ်စိုးသူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွား၏။ သူက တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။ သူသည် အစောပိုင်းတုန်းက သူ့ရွှေရောင်လက်ဝါး၏ အဖြစ်သနစ်ကြောင့် လုံးဝ တုန်လှုပ်နေခဲ့ပြီပင်။ သူသည် သူ့သခင်၏အစ်ကိုကြီး ဖြစ်သူက သည်အနီးပတ်လည်၌ ပုန်းနေသည်ဟု သူ သံသယ ရှိနေ၏။

ထိုအတွေးက သူ့ကို တုန်ယင်စေသည်။ ထိုအခါ သူ၏ခွန်အားပြည်ကိုပင် အသုံးမပြုနိုင် ဖြစ်ရသည်။ သူ့စိတ်ထဲ၌ တစ်ခုတည်းသောအတွေးမှာ ထွက်ပြေးဖို့သာ။ ဝမ်လင်းနှင့် ထာဆန်တို့၏ လက်သီးချက်များ ကျဆင်းလာသည်နှင့် အုပ်စိုးသူက သူ၏အကြောက်တရားများကို ဖယ်ရှားစေသည့်အလား မာန်သွင်းအော်ဟစ်သည်။ သူ့လက်ကို ရွှေ့လျားကာ နေနှစ်စင်းကို ကိုင်ထားသည့်နှယ် ဝမ်လင်းနှင့်ထာဆန်တို့၏ လက်သီးချက်များနှင့် ထိပ်တိုက်တွေ့တော့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်တော့၏။ ထာဆန်၏လက်မှာ တုန်ယင်သွား၏။ သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ ဝမ်လင်းသည်လည်း တုန်ယင်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

တစ်ချိန်တည်းမှာ ယွမ်ရီဖန်၏ မန္တာန်ကြောင့် ဖြစ်ပေါ်လာသော မျောက်က အုပ်စိုးသူထံ ခုန်အုပ်ဝင်လာသည်။ ၎င်းက ခရမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ အုပ်စိုးသူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ထိုမျောက်၏အရိပ်က အုပ်စိုးသူ၏မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာသည်။

အုပ်စိုးသူသည် တုန်ယင်သွား၏။ ဝမ်လင်းနှင့်ထာဆန်တို့၏ တိုက်ခိုက်မှုများက သူ့ကို သွေးဆူစေခဲ့ပြီး ဖြစ်၏။ ထို့နောက် အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ ယွမ်ရီဖန်၏ မန္တာန်သည် သူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်စေတော့မည့်အလား။ ထို့နောက်တွင်လည်း ထန်ရှန်၏ ရွှေရောင်နဂါးက အုပ်စိုးသူ၏ခန္ဓာကိုယ်ထံ ဝင်ဆောင့်လာသည်။

အုပ်စိုးသူသည် နောက်လှည့်ကာ ရွှေရောင်နဂါးကို သူ့ညာလက်ဖြင့် ရိုက်ချလိုက်၏။ ထိုနဂါး ပျက်စီးသွားစဉ် အုပ်စိုးသူသည် ပထမဆုံးအကြိမ်အဖြစ် သွေးအန်လိုက်ရသည်။ သူ၏အမူအရာက မှိန်ဖျော့သွားကာ သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ပို၍ အားကောင်းလာသည်။

ဝမ်လင်းနှင့် ထာဆန်တို့၏ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် အုပ်စိုးသူကို ချိန်းခြောက်နိုင်ပေ၏။ သို့ပေမည့် သူတို့ကြားရှိ ကျင့်ကြံမှုအဆင့် ကွာဟချက်မှာ ကြီးမားလှသည်။ သူတို့သည် ရင်ဆိုင်ဖို့ ခက်ခဲသော်လည်း သူ့ကို ဒဏ်ရာအပြင်းအထန် ရစေဖို့ တန်ဖိုးတစ်ခုကြီးကြီးမားမား ပေးဆပ်ရမည်သာ။

သူ့ကို ကြောက်လန့်မှု ဖြစ်စေဆုံးက အစောပိုင်းက ဖြစ်ခဲ့သော ရွှေရောင်လက်ဝါး ဖြစ်၏။ ၎င်းက သူ့ကို တည်ငြိမ်စွာ ကြည့်နေသော မျက်လုံးတစ်စုံနှင့် တူသည်ဟုသော ခံစားမှုကို ရစေသည်။

ထိုခံစားချက်သည်အလွန်အားကောင်းသည်။ သူ့ကို ရူးသွပ်စေလုနီးပါးပင်။ သူသည် တာအိုသခင်အိပ်မက်ပြာ၏ အော်ရာ နီးကပ်လာသည်ကိုလည်း ခံစားမိ၏။ အိပ်မက်ပြာသာ ရောက်လာပါက သူ အန္တရာယ်ကျရောက်သွားလိမ့်မည်။

သွေးအန်လိုက်ပြီးနောက် အုပ်စိုးသူ၏မျက်လုံးမှာ နီရဲလာ၏။ ရုတ်တရက် သူက မော့ကြည့်လိုက်ပြီး သူ၏ခြေထောက်အောက်၌ လှိုင်းဂယက်များ ပေါ်လာကာ သူသည် ထွက်ခွာနိုင်ဖို့ ကြိုးစားသည်။ ထိုအခိုက်တွင် ဝမ်လင်းညာလက်က လေဟာနယ်ထံ ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်၏။ ရှေးသစ်ရွက်တစ်ဒါဇင် ပျံသန်းထွက်လာသည်။

ထိုတစ္ဆေအလင်း လင်းလက်သွားပြီး ရှေးသစ်ရွက်တစ်ဒါဇင်သည် အုပ်စိုးသူထံ တရကြမ်း ဝင်လာကာ သူ့ဆုတ်လမ်းကို ချိပ်ပိတ်သည်။

အုပ်စိုးသူ ချိပ်ပိတ်ခံရချိန်၌ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် လင်းလက်ကာ သူက ရှေ့သို့ လှမ်းသည်။ သူ့ညာလက်ကို ပင့်မြှောက်၍ သူ၏အားအကောင်းဆုံးမန္တာန်၊ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းကို အသုံးပြုသည်။ လောကသည် ဆုတ်ဖြဲခံရကာ အက်ကြောင်းက အုပ်စိုးသူထံ ပြေးဝင်လာသည်။

ထိုအက်ကြောင်းက အုပ်စိုးသူနားသို့ ချက်ခြင်း ရောက်လာ၏။ အုပ်စိုးသူက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ အက်ကြောင်းထံသို့ လက်ဆန့်ထုတ်သည်။

တစ်ချိန်တည်းမှာ ထာဆန်၏ခန္ဓာကိုယ်က ရွှေ့လျားလာပြီး သူ့အား ထပ်နေသော အရိပ်တစ်ခု ပေါ်လာသည်။ ဖျတ်ခနဲအတွင်း သူ့ပတ်လည်ရှိ မောက်မာမှုသည် ပျောက်ကွယ်သွားကာ တည်ငြိမ်မှုနှင့် ခိုင်မာမှု အစားထိုး ဝင်ရောက်၏။

သူသည် တခြားသူတစ်ယောက် ဖြစ်လာသည့်အလား။ သူသည် နိုးထလာသော ထူစီ ဖြစ်လာသည့်အလား ထင်မှားရသည်။

ပို၍ တိတိပပဆိုရသော် ခု ပေါ်လာသောလူမှာ ထူစီပင်။ သူက ညာလက်ကို ပင့်မြှောက်၍ လေဟာနယ်ထံ ဆန့်ထုတ်၏။ ကျယ်လောင်စွာ မြည်ဟိန်းသံတို့ ပဲ့တင်ထပ်ကာ ဧရာမလှံတစ်လက် သူ၏လက်တွင် ပေါ်လာ၏။ ထိုလှံကို ဆုပ်ကိုင်ကာ သူသည် အုပ်စိုးသူထံ ထိုးစိုက်လိုက်သည်။

ယွမ်ရီဖန်နှင့် ထန်ရှန်တို့ကလည်း ထပ်မံ တိုက်ခိုက်ကြ၏။ သူတို့ကလည်း သူတို့၏အစွမ်းထက်ဆုံးမန္တာန်များကို အသုံးပြုသည်။

တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်ကာ ယွမ်ရီဖန်သည် သွေးအန်၍ နောက်သို့ လွင့်ထွက်သွား၏။ ထန်ရှန်၏ပါးစပ်ထောင့်မှလည်း သွေးများစီးကျကာ သူမသည် ပေတစ်သောင်းကျော် နောက်ဆုတ်လိုက်ရကာ အလွန်အားနည်းသွားပုံ ပေါ်သည်။

ထူစီ၏လှံကို အုပ်စိုးသူက ဖမ်းယူ၏။ အုပ်စိုးသူ၏အမူအရာမှာ ကြမ်းကြုတ်နေကာ သူက ထူစီထံသို့ ညာလက်ဖြင့် ရိုက်ချသည်။

ထူစီ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ နောက်သို့ ပေတစ်ထောင်ကျော် ဆုတ်သွားရသည်။ သို့သော် သူက ဒဏ်ရာ မရလိုက်ပေ။

ထူစီ နောက်ဆုတ်လိုက်ရသည့်နောက် အုပ်စိုးသူက တဖက်သို့ လှည့်၏။ ထိုအခိုက်တွင် ကောင်းကင်ဘုံဆုတ်ဖြဲခြင်းအက်ကြောင်းက နီးကပ်လာကာ သူနှင့် ဆယ်ပေပင် မကွာလှတော့ပေ။ အုပ်စိုးသူ၏ဆံပင်တို့မှာ ရှုပ်ပွနေ၏။ သူက လျှာထိပ်ကို ကိုက်ကာ ချက်ခြင်းပင် သူ့အနှစ်သာရသွေးအချို့ကို ထွေးထုတ်သည်။ ထိုသွေးသည် ရွှေရောင်ရှိပြီး ၎င်းက အက်ကြောင်းကို ထွင်းဖောက်သွားကာ ဝမ်လင်းထံ ဦးတည်သည်။

ဝမ်လင်းသာ ထိုသွေးနှင့် ထိမှန်ပါက သူသည် အန္တရာယ် ရှိနိုင်၏။

ထိုကဲ့သို့ အရေးတကြီးအခိုက်အတန့်၌ ဝမ်လင်းက တည်ငြိမ်စွာသာ ရှိနေ၏။ ထိုသွေး နီးကပ်လာစဉ် ဝမ်လင်းက စကားတစ်ခွန်းသာ ဆိုသည်။

ရပ်တန့်ခြင်း။

ကောင်းကင်ပါ ရပ်တန့်ခြင်း၊ မြေပြင်ထု ရပ်တန့်ခြင်း၊ ဥပဒေသအားလုံး ရပ်တန့်ခြင်း။

ဝမ်လင်း၏ရှေ့တွင် ၎င်းသွေးက ခဏတာ တုန့်သွား၏။ သူက ၎င်းကို တည်ငြိမ်စွာ ရှောင်လိုက်သည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သွေးဓား ပျံသန်းထွက်လာသည်။ သို့သော် သည်အခိုက်၌ သူ၏ခန္ဓာကိုယ်တွင်း၌ တန်ပြန်ကန်အား ပေါက်ကွဲထွက်လာသည်။ သူက ထိုကန်အားကို ဖိနှိပ်ထားလိုက်ရာ သူ၏မျက်နှာသည်ပင် အနည်းငယ် ဖြူရောသွားလေ၏။

ချက်ခြင်းပင် ရပ်တန့်ခြင်းမန္တာန်၏ လုပ်ဆောင်မှုက ရပ်တန့်သွားကာ သွေးများသည် ဝမ်လင်းကို ကျော်၍ မြေပြင်ထက်သို့ ပက်ဖြန်းသွားသည်။ တစီစီအသံများ မြေပြင်ထက်မှ ထွက်ပေါ်လာပြီးနောက် မြေပြင်ထုသည် စတင်ကြုံ့ဝင်သည်။

သွေးဓားသည် လင်းလက်သွားကာ အုပ်စိုးသူထံမှ ငြီးသံ ထွက်ပေါ်၏။ သွေးဓားက မြန်လွန်၏။ ၎င်းက အုပ်စိုးသူ သွေးကို ထွေးထုတ်လိုက်ချိန်၌ သူ့ထံ တဟုန်ထိုး ဝင်ရောက်လာခဲ့ပေပြီ။ ၎င်းဓားက အုပ်စိုးသူ၏ ညာပုခုံးကို ထွင်းဖောက်သွားသည်။

သွေးများ ပန်းထွက်လာ၏။ အုပ်စိုးသူ၏မျက်လုံးတို့မှာ ချင်းချင်းနီရဲလေ၏။ သူက ဘယ်လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။

“မင်းတို့က သေချင်နေတာပဲ။ ရေတွင်းထဲက လမျှားခြင်း…”

အုပ်စိုးသူ၏တာအိုမန္တာန်။ မြေပြင်ကို ရေတွင်းအဖြစ် အသုံးပြုကာ ကောင်းကင်ကို အရာအားလုံးအား အလင်းပြန်စေခြင်း။ ထို့နောက် ထိုအလင်းပြန်မှုကနေ တဆင် စိတ်ဝိညာဉ်ကို ထုတ်နှုတ်ကာ သတ်ဖြတ်ခြင်း။ ဝမ်လင်းသည် ထိုမန္တာန်ကို အကြိမ်များစွာ မြင့်ဖူး၏။ အကြိမ်တိုင်းမှာလည်း သူ့အား အကြီးအကျယ် တုန်လှုပ်စေခဲ့သည်ပင်။

***

All Chapters