← Chapters

အခန်း (၆၃၃)

Vol. 42 Ch. 633

အခန်း (၆၃၃)

Vol. 42 Ch. 633

ယခု လင်းယွမ်၏ စိတ်စွမ်းအားက သန်းနှစ်ဆယ်ကျော်လွန်သွားပြီဖြစ်ပြီး အခြေခံတိုက်ခိုက်ရေးစွမ်းအားနှင့် ထိန်းချုပ်နိုင်သည့် ကိုယ်ပွားအရေအတွက်က သိသိသာသာ တိုးလာခဲ့သည်။ ကိုယ်ပွားများက စိတ်အသိခွဲထုတ်ခြင်းမဟုတ်သောကြောင့် အခြေခံတိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းနိုင်ရန် စိတ်စွမ်းအားများစွာ လိုအပ်လေသည်။

အခြေခံတိုက်ခိုက်ရေးစွမ်းအားဆိုသည်မှာ လင်းယွမ်၏ မူလခန္ဓာကိုယ်နှင့် ယှဉ်ပြောခြင်းဖြစ်သည်။ သူ၏ အားအနည်းဆုံး ကိုယ်ပွားပင်လျှင် ပင်မစကြာဝဠာမှ အလွှာတစ်ဆယ်သက်ရှိများကို အလွယ်တကူ ဖိနှိပ်နိုင်လေသည်။ အခြေခံတိုက်ခိုက်ရေးစွမ်းအားက အလွှာဆယ့်တစ်သက်ရှိများနှင့် နီးကပ်နေသော ခွန်အားကို ထုတ်ဖော်နိုင်လေသည်။

ယခုအချိန်တွင် လင်းယွမ်က ကမ္ဘာ ၄၂ခုကို သိမ်းပိုက်ထားပြီး ကမ္ဘာတစ်ခုစီတွင် ကိုယ်ပွားတစ်ခုစီ ရှိကြသည်။ ထိုကိုယ်ပွားများက ကမ္ဘာများမှ မူလရင်းမြစ်၏ အားဖြည့်ခြင်းကို ခံထားကြပြီး ထိုမိစ္ဆာနတ်ဘုရားများကို စိန်ခေါ်နိုင်စွမ်းရှိကြလေသည်။

ပင်မစကြာဝဠာမှ သတ်မှတ်ချက်များအရ အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများက အခြေခံအားဖြင့် အလွှာဆယ့်တစ် စတုတ္ထအဆင့်၊ ပဉ္စမအဆင့်တို့နှင့် ညီမျှလေသည်။

သူ၏ ကိုယ်ပွားများက အလွှာဆယ့်တစ် စတုတ္ထအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ရန်အတွက် မူလရင်းမြစ်ကို အသုံးပြန်ရန် လိုအပ်ခြင်းမရှိလျှင် လင်းယွမ်က ကိုယ်ပွားများနှင့် မိစ္ဆာနတ်ဘုရားများကို လိုက်လံသတ်ဖြတ်ပစ်ပြီဖြစ်သည်။

လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ စိုက်ကြည့်လိုက်သည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်မှုနှင့်အတူ သူက ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးမှ ကမ္ဘာတစ်ခုကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

ထိုက်ယန်မူလစိတ်ဝိညာဉ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတွင် နှစ်ပေါင်းသုံးလေးရာကြာသည်အထိ လှည့်လည်သွားလာနေခဲ့သော်လည်း လျို့ဝှက်နယ်မြေ ဖန်တီးသူ၏ သဲလွန်စကို ရှာတွေ့နိုင်ခြင်းမရှိခဲ့ပေ။

၎င်းက ထိုမိစ္ဆာနတ်ဘုရားများနှင့် တိုက်ပွဲမဖြစ်ပွားခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။ ယခုထိ သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ မရောက်သေးဘဲ အဆုံးမဲ့ဟင်းလင်းပြင်ရှိ အရာအားလုံးကို တပြိုင်နက် ရှင်းလင်းပစ်နိုင်စွမ်း မရှိသော်လည်း အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရား ဆယ်ပါးကျော်ကို အလွယ်တကူ သတ်ပစ်ရန် ပြဿနာမရှိပေ။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းက ကြီးမားသော အန္တရာယ်များကို ယူဆောင်လာနိုင်လေသည်။ အကြောင်းမှာ ၎င်းက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ ဖန်တီးသူကို လှုပ်ရှားရန် တွန်းအားပေးနိုင်ပြီး လင်းယွမ်အတွက် အဆုံးမဲ့ဟင်းလင်းပြင်တွင် နှစ်ပေါင်းသုံးလေးရာတိုင်အောင် ဖြန့်ကျက်ခဲ့သော သိုင်းတာအိုကို ထိခိုက်စေနိုင်လေသည်။

ထို့အပြင် အချိန်ကလည်း သူ့ဘက်တွင် ရှိသောကြောင့် လင်းယွမ်က ယခုအချိန်ထိ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ စွမ်းအားက လျင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။

" ဒီတော့ မိစ္ဆာနတ်ဘုရားတွေက ငါ့ကို တိုက်ခိုက်ဖို့ စီစဉ်နေမှတော့ ငါ အဲ့လောက် သတိထားဖို့ မလိုတော့ဘူး။ " လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးလေးရာအတွင်း ထိုက်ယင်မူလစိတ်ဝိညာဉ်က အခြားမိစ္ဆာနတ်ဘုရားများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် တတ်နိုင်သမျှ နှိမ့်ချနေထိုင်ပြီး ကမ္ဘာများကိုသာ သိမ်းပိုက်နေခဲ့သည်။

သို့သော် ယခုမူ ထိုနည်းလမ်းက အသုံးမဝင်တော့ပေ။ ထိုမိစ္ဆာနတ်ဘုရားများက သူကို ကိုင်တွယ်ရန် စီစဉ်နေကြသောကြောင့် သူက ထိုကဲ့သို့ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ ကြည့်လိုက်သည်။ ကိုယ်ပွားတစ်ခုက ကမ္ဘာတစ်ခုကို ထိန်းချုပ်လိုက်သည်နှင့် နတ်ဆိုးသစ်ပင်မျိုးစေ့၏ စွမ်းအားဖြင့် ကောင်းကင်တာအိုကို လျင်မြန်စွာ အစားထိုးနိုင်ပြီး ကမ္ဘာ၏ မူလရင်းမြစ်ကို စုပ်ယူနိုင်သည်။ ထို့နောက် ကိုယ်ပွားများ၏ တိုက်ခိုက်ရေးစွမ်းအားက မြင့်တက်လာပြီး မိစ္ဆာနတ်ဘုရားများက ရဲဝံ့စွာ တိုက်ခိုက်ရဲမည်မဟုတ်တော့ပေ။

အဆင့်ကိုး မိစ္ဆာနတ်ဘုရားများ၏ ကိုယ်ပွားများက သူတို့၏ မူလခန္ဓာကိုယ်၏ စွမ်းအားကို ယှဉ်နိုင်မည်မဟုတ်ဘဲ အများဆုံး စိန်ခေါ်နိုင်ရုံလောက်သာ ဖြစ်သည်။

သို့သော် ကမ္ဘာအတွင်းရှိနေလျှင် ကမ္ဘာ၏ စွမ်းအားကို အသုံးပြုခြင်း သို့မဟုတ် ကမ္ဘာကို ဖောက်ခွဲခြင်းများပြုလျှင် ထိုမိစ္ဆာနတ်ဘုရားများက မသေလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ ထွက်ပေါက်တစ်ခုတွင် ထျန်းကျိအရှင်သခင်နှင့် အရှေ့တောင်ပံအရှင်သခင်တို့က ပေါ်လာကြသည်။

" အခု အခြားကိစ္စတွေကို မင်းကို လွှဲပေးလိုက်ပြီ။ " ထျန်းကျိအရှင်သခင်က အရှေ့တောင်ပံအရှင်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။

အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများနှင့် ပူးပေါင်းမည့်ကိစ္စကို စီစဉ်ပြီးပြီဖြစ်ရာ အခြားကိစ္စများကို အရှေ့တောင်ပံအရှင်သခင်နှင့် လွှဲထားနိုင်သည်။

" ကျုပ်ကို လွှဲပေးတယ်။ ထျန်းကျိ ခင်ဗျားဘာလုပ်ဖို့ စီစဉ်နေတာလဲ။ " အရှေ့တောင်ပံအရှင်သခင်က အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ထိုက်ယင်အရှင်သခင်က ကမ္ဘာတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီး အဲ့ဒီပုရွက်ဆိတ်တွေကို ကျင့်ကြံခိုင်းတာက မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်။ ပြီးတော့ သိုင်းတာအို....မိစ္ဆာနတ်ဘုရားတွေရဲ့ ကြီးထွားမှုနဲ့ မတူညီတဲ့ အဲ့ဒီကျင့်ကြံခြင်းစနစ်က အဲ့ဒီပုရွက်ဆိတ်တွေကို တကယ် အားကောင်းလာစေတယ်။ " ထျန်းကျိအရှင်သခင်၏ အသံက လေးနက်နေသည်။

ထိုက်ယင်အရှင်သခင်က ကမ္ဘာ တစ်ခုပြီးတစ်ခု သိမ်းပိုက်နေသည်ကို ကြားသောအခါ သူက စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သူ့လို အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတစ်ပါးအတွက် ကမ္ဘာပေါင်းများစွာကို သိမ်းပိုက်ခြင်းက အရေးမပါပေ။

နောက်ပိုင်း ထိုက်ယင်အရှင်သခင်က ထိုကမ္ဘာများမှ သက်ရှိများကို ကျင့်ကြံပေးနေကြောင်း သိရချိန်တွင်လည်း သူက သိပ်မစိုးရိမ်ခဲ့ပေ။ ကမ္ဘာများထဲမှ သက်ရှိများက ကျင့်ကြံနိုင်လျှင်တောင် သူတို့၏ စွမ်းအားနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

ထျန်းကျိအရှင်သခင်၏ အမြင်တွင် ထိုက်ယင်အရှင်သခင်၏ လုပ်ဆောင်မှုများက အားလပ်ချိန်တွင် အပျင်းပြေ လျှောက်လုပ်ခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။ ထျန်းကျိအရှင်သခင်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို မြင်သည်အထိ စိတ်မပူခဲ့ပေ။

သို့သော် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို လေ့လာကြည့်သောအခါ သူက ကျောချမ်းသွားခဲ့သည်။ သူ့လို အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတစ်ပါးက သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ အလားအလာကို ချက်ချင်း နားလည်နိုင်သည်။ ထိုကျင့်ကြံခြင်းစနစ်ကို အဆုံးထိ ကျင့်ကြံနိုင်လျှင် သူတို့က မိစ္ဆာနတ်ဘုရားများထက် မည်သည့်နည်းနှင့်မျှ အားမနည်းနိုင်ပေ။

ထို့ကြောင့်ပင် ထျန်းကျိအရှင်သခင်က ထိုက်ယင်အရှင်သခင်ကို အလေးအနက် စောင့်ကြည့်ခဲ့သည်။ နောက်ဆုံး ထိုက်ယင်အရှင်သခင်၏ လှုပ်ရှားမှုများကို မြင်တွေ့ပြီးနောက် သူ၏ ခွန်အားကို ဖုံးကွယ်ထားကြောင်း သိခဲ့ရသည်။

" အဲ့ဒါဆို ထိုက်ယင်အရှင်သခင်ကို ရှင်းပြီးရင် သိုင်းတာအိုကျင့်ကြံသူတွေအားလုံးကို သတ်ပစ်ရုံပဲမဟုတ်ဘူးလား။ " အရှေ့တောင်ပံအရှင်သခင်က ချက်ချင်း ပြန်ပြောလိုက်သည်။

ယခုအချိန်တွင် သိုင်းတာအိုကျင့်ကြံသူများက သာမန်သက်ရှိများထက် အနည်းငယ် သန်မာနေရုံသာဖြစ်ပြီး မိစ္ဆာနတ်ဘုရားများအတွက် ပို၍ အရသာရှိသော အစားအသောက်များသာ ဖြစ်သည်။

" ငါ့မှာ စိုးရိမ်မှုတွေ ရှိနေတုန်းပဲ။ ဒါကြောင့် ငါ သိုင်းတာအိုရဲ့ မူလရင်းမြစ်ကို ခန့်မှန်းတွက်ချက်ဖို့ စီစဉ်ထားတယ်။ " ထျန်းကျိအရှင်သခင်က လေးနက်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ " အရှေ့တောင်ပံအရှင်သခင်က ခေါင်းညိမ့်လိုက်သည်။ " တစ်ခုခုအကြောင်းရှိရင် ခင်ဗျားကို ဆက်သွယ်လိုက်မယ်။ "

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာ ကြာသွားခဲ့သည်။

ထျန်းချင်းကမ္ဘာ၏ သိုင်းခန်းမထဲတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ စွမ်းအားများက ကျယ်ပြောသော ကောင်းကင် မြစ်တစ်စင်းပုံစံကို မှုန်ဝါးစွာ ဖန်တီးနေသည်။

မြစ်ရေများက လှိုင်းထနေပြီး အချိန်လေဟာနယ်အတက်အကျများက ပြင်းထန်စွာ ထွက်ပေါ်လာသည်။

" အချိန်နဲ့ လေဟာနယ်ပေါင်းစပ်ခြင်းဆိုတာ ဘာလဲ။ " လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး လေးနက်စွာ စဉ်းစားနေသည်။

သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပထမဆုံး နားလည်ခဲ့ချိန်တွင် အချိန်နှင့်လေဟာနယ်၏ အခြေခံနက်နဲမှုများကို သိမြင်ခဲ့သည်ဟု ခံစားခဲ့ရသည်။ ထို့နောက် ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်တို့ရောက်ချိန်တွင် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် ပက်သက်ပြီး ပို၍ ရှုပ်ထွေးလာသည်။

အထူးသဖြင့် ယခုအချိန်တွင် သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ ရောက်ရန် ကြိုးစားနေခဲ့သော်လည်း တိုက်တက်မှုမရှိသည်ကို တွေ့ခဲ့ရသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ရောက်ရန် လင်းယွမ်က နှစ်တစ်ရာသာ အချိန်ယူခဲ့သည်။ သို့သော် ယခု သူက ပဉ္စမအဆင့်မှ ဆဋ္ဌမအဆင့်သို့ တက်လှမ်းရန် နှစ်ပေါင်းသုံးရာကျော် ကြိုးစားခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပေ။

" ငါတို့နေထိုင်တဲ့ နေရာကလည်း အချိန်လေဟာနယ်ပဲ။ ငါတို့ ကြုံတွေ့ရတဲ့ အချိန်ကလည်း အချိန်လေဟာနယ်ပဲ။ ငါအရင်က မြင်တွေခဲ့တဲ့ အချိန်မြစ်ကလည်း အချိန်သက်သက်မဟုတ်ဘဲ လေဟာနယ်ကိုပါ ပေါင်းစည်းထားတယ်။ အဲ့ဒါကို အချိန်လေဟာနယ်မြစ်လို့ ခေါ်သင့်တယ်။ " လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များစွာ ပေါ်လာခဲ့သည်။

ထျန်းဟီလျို့ဝှက်နည်းစနစ်ကို နားလည်နေစဉ် အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သူ၏ အသိအမြင်များကလည်း ဆက်လက်တိုးတက်နေခဲ့သည်။ ထိုလျို့ဝှက်နည်းစနစ်သာ မရှိလျှင် လင်းယွမ်က ထိုအဆင့်သို့ ရောက်ရန် အနည်းဆုံး အချိန်ဆယ်ဆကြာပေလိမ့်မည်။

ထို့အပြင် ၎င်းက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းလည်း အပါအဝင်ဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းမရှိလျှင် သူ၏ လက်ရှိအဆင့်နှင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန် မဖြစ်နိုင်ပေ။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ထျန်းဟီလျို့ဝှက်နည်းစနစ်ကို လေ့လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

All Chapters