← Chapters

အခန်း (၆၃၅)

Vol. 42 Ch. 635

အခန်း (၆၃၅)

Vol. 42 Ch. 635

အဆုံးမဲ့ဟင်းလင်းပြင်တွင် ယနေ့အချိန်ထိ အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားအဖြစ် သတ်မှတ်ခံထားရသူမှာ ဟင်းလင်းပြင်လျို့ဝှက်နယ်ကို ဖန်တီးသူသာ ဖြစ်သည်။ သူက ဟင်းလင်းပြင်အပြင်ဘက်ရှိ ဒိုင်မန်ရှင်းကွာဟချက်အျားကြားမှ ဟင်းလင်းပြင်သက်ရှိများကို ပိတ်လှောင်ပြီး မိစ္ဆာနတ်ဘုရားများအတွက် အာဟာရဖြစ်စေခဲ့သည်။

သို့သော် ဖန်တီးသူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ဖွင့်လှစ်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

" သိုင်းတာအိုကို ထိန်းချုပ်ဖို့အတွက် ထိုက်ယင်အရှင်သခင်က ဒုတိယပဲ။ အဓိကပစ်မှတ်က သိုင်းဘိုးဘေးဖြစ်တယ်။ " ထျန်းကျိအရှင်သခင်က စိတ်များလေးလံနေသည်။

" ငါ အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတွေအားလုံးနဲ့ ပူးပေါင်းရမယ်။ ပြီးတော့ အဲ့ဒီတစ်ယောက်ကိုပါ နှိုးရမယ်။ "

ထိုက်ယင်အရှင်သခင်ကို ရှင်းလင်းရန် အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရား ဆယ်ယောက် သို့မဟုတ် အယောက်နှစ်က လုံလောက်မည်ဟု ထျန်းကျိအရှင်သခင်က ယုံကြည်ခဲ့သည်။

သို့သော် သိုင်းဘိုးဘေးကိုတော့ ထျန်းကျိအရှင်သခင်က မိစ္ဆာနတ်ဘုရား အားလုံးပေါင်းလျှင်တောင် မသေချာကြောင်း ခံစားနေရသည်။ အရေးကြီးသော အချိန်တွင် သူက ထိုသူကို နှိုးရုံသာ ရှိသည်။

ထိုသူမှာ ဖန်တီးသူပျောက်ကွယ်သွားပြီးနောက် အဆုံးမဲ့ဟင်းလင်းပြင်ရှိ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို အမွေဆက်ခံခဲ့သော အသန်မာဆုံး မိစ္ဆာနတ်ဘုရားဖြစ်လေသည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားသောကြောင့် အဆင့်တစ်ဆယ်နီးပါး တိုက်ခိုက်ရေးစွမ်းအားကို အသုံးပြုနိုင်လေသည်။

" ဟမ် " အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ထျန်းကျိအရှင်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

သူက ယခုလောက်ကြာအောင် ထွက်ပြေးနေခဲ့ပြီး ရင်းနှီးသော ဟင်းလင်းပြင်နယ်မြေသို့ ရောက်သင့်ပြီဖြစ်သည်။ သို့သော် သူရှိနေသော ပတ်ဝန်းကျင်က မပြောင်းလဲပုံရသည်။ ကျယ်ပြောလှသော ဟင်းလင်းပြင်ထဲတွင် သူက လုံးဝ မလှုပ်ရှားသကဲ့သို့ ဖြစ်နေသည်။

" ဘာဖြစ်တာလဲ။ " ထျန်းကျိအရှင်သခင်၏ မျက်နှာက မဲမှောင်သွား၏။

ထိုခဏတွင် အချိန်နှင့် လေဟာနယ်က ပြောင်းလဲသွားပြီး ထျန်းကျိအရှင်သခင်က ထျန်းချင်းကမ္ဘာသို့ တစ်ဖန် ပြန်ရောက်လာသည်။ သူက သိုင်းခန်းမအတွင်းမှ ကြောက်စရာကောင်းသော ပုံရိပ်၏ ရှေ့တွင် ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ကိုယ်ပွားမဟုတ်ဘဲ မူလခန္ဓာကိုယ် ဖြစ်နေခဲ့သည်။

" မ ဟုတ် ဘူး...." ထျန်းကျိအရှင်သခင်က တုန့်ပြန်နိုင်ခြင်းမရှိမီ သူ၏ စိတ်အသိက လျင်မြန်စွာ အမှောင်ကျသွားခဲ့သည်။

လင်းယွမ်က ထျန်းကျိအရှင်သခင်ကို ကြည့်လိုက်သည်။ အမှန်တော့ ထျန်းကျိအရှင်သခင်၏ ကိုယ်ပွားတစ်ခု ထျန်းချင်းကမ္ဘာထဲသို့ စတင်ဝင်ရောက်ချိန်ကတည်းက လင်းယွမ်က သတိပြုမိနေခဲ့သည်။ ထိုအချိန်တွင် သူက မလှုပ်ရှားခဲ့သည့်အကြောင်းရင်းမှာ ထျန်းကျိအရှင်သခင်၏ မူလခန္ဓာကိုယ်ကို ပိတ်လှောင်ရန် ဖြစ်သည်။

ထျန်းကျိအရှင်သခင်၏ ကိုယ်ပွားက သိုင်းခန်းသို့ ရောက်လာချိန်တွင် လင်းယွမ်က ထျန်းကျိအရှင်သခင်၏ မူလခန္ဓာကိုယ်ကို အတည်ပြုနိုင်ခဲ့သည်။ ထို့နောက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့်အတူ ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြုပြီး အတွင်းကမ္ဘာထဲသို့ ရွှေပြောင်းပစ်ခဲ့သည်။

ထျန်းကျိအရှင်သခင်က အသက်ရှူချိန်အတည်းကယ်အတွင်း အလင်းနှစ်သန်းချီကို ထွက်ပြေးခဲ့သည်မှာ အမှန်တော့ လင်းယွမ်၏ အတွင်းကမ္ဘာထဲတွင်သာ ရှိနေသည်။

လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်သန်းနှစ်ရာကျော်သာ ရှိလေသည်။ သို့သော် လေဟာနယ်အလွှာများက ဆင့်ကဲဖြစ်ပေါ်လာပြီး အချိန်လေဟာနယ်ဝင်္ကဘာတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ထျန်းကျိအရှင်သခင်က အသက်ဆယ်ကြိမ်ရှူချိန်မပြောနှင့် ဆယ်နှစ်၊ နှစ်တစ်ရာ ပြေးနေလျှင်တောင် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

" သူက ဒီနေရာကို ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ။ " လင်းယွမ်က အံ့ဩနေ၏။

ထိုက်ယင်မူလစိတ်ဝိညာဉ်က အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် လှည့်လည်သွားလာပြီး ကမ္ဘာတစ်ခုပြီးတစ်ခု သိမ်းပိုက်ကာ သိုင်းတာအိုကို ဖြန့်ကျက်ခဲ့သော်လည်း သိုင်းတာအို၏ မူလရင်းမြစ် သို့မဟုတ် သိုင်းဘိုးဘေး လင်းယွမ်အကြောင်း မည်သည့်သဲလွန်စမှ ထုတ်မပြခဲ့ပေ။

သိုင်းတာအိုက ထျန်းချင်းကမ္ဘာတွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဖုံးကွယ်မှုကြောင့် မိစ္ဆာနတ်ဘုရားများက သတိထားမိခြင်းမရှိခဲ့ပေ။

" ငါ လွတ်လွတ်လပ်လပ် ထွက်သွားလို့မရသေးဘူးပဲ။ " လင်းယွမ်က တွေးလိုက်သည်။

သိုင်းတာအိုပျံ့နှံ့လာသည်နှင့်အမျှ အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများက ထျန်းချင်းကမ္ဘာကို အချိန်မရွေး ရှာတွေ့သွားနိုင်လေသည်။ လင်းယွမ်ကလည်း သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားရန် တစ်ခါမှ မစဉ်းစားခဲ့ပေ။ သူ၏ ကျင့်ကြံမှုအတွက် အချိန်ယူရုံသာဖြစ်သည်။

" ငါ့ရဲ့ လက်ရှိစိတ်စွမ်းအားနဲ့ ပုံရိပ်ယောင်နည်းစနစ်တွေကို ပေါင်းစပ်လိုက်ရင် ဒီမိစ္ဆာနတ်ဘုရားကို လုံးဝ အိပ်ပျော်သွားအောင် လုပ်လို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ကြောင်းကျိုးဆက်နွယ်မှုများမှတစ်ဆင့် လင်းယွမ်က အဝေးနေရာတစ်ခုတွင် ထျန်းကျိအရှင်သခင်က ကိုယ်ပွားများ သို့မဟုတ် အသက်ကယ်နည်းလမ်းများကို ချန်ထားခဲ့ကြောင်း အာရုံခံနိုင်ခဲ့သည်။

ထိုနေရာများက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် တည်ရှိပြီး လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်ပင် အတင်းအကျပ် ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ထျန်းကျိအရှင်သခင်၏ မူလခန္ဓာကိုယ်ကို သတ်ဖြတ်ခြင်းက ကိုယ်ပွားများ၏ အဓိကပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ပေ။ သို့သော် မူလခန္ဓာကိုယ်အိပ်ပျော်သွားသောအခါ ကိုယ်ပွားများကလည်း စိတ်အသိကို မျှဝေထားကြသောကြောင့် အိပ်ပျော်သွားကြပေလိမ့်မည်။

ထျန်းချင်းကမ္ဘာတွင် သူ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခြင်းက မျှော်လင့်ထားသော်လည်း အချိန်ဆွဲနိုင်ခြင်းက ပိုကောင်းလေသည်။ ထျန်းကျိအရှင်သခင်၏ စိတ်စွမ်းအားက အလွန်သန်မာသော်လည်း စိတ်စွမ်းအားအသုံးပြုပုံမှာ ချောမွေ့ခြင်းမရှိပေ။

ပင်မစကြာဝဠာရှိ လူသားမျိုးနွယ်မှ ကြီးမြတ်သူ ယုတိုင်က ပုံရိပ်ယောင်တွင် ထူးချွန်ပြီး ပုံရိပ်ယောင်နှင့် ပက်သက်လျှင် အဆုံးစွန်သော တည်ရှိမှုဖြစ်လေသည်။

လင်းယွမ်က ကြီးမြတ်သူယုတိုင်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာခဲ့ပြီး ပုံရိပ်ယောင်နည်းစနစ်များကိုလည်း နားလည်ထားခဲ့သည်။ ထျန်းကျိအရှင်သခင်ကို လုံးဝ အိပ်မောကျသွားစေရန် မခက်ခဲပေ။

" မင်းရဲ့ မှတ်ဉာဏ်တွေကို တစ်ချက်ကြည့်ရအောင်။ " လင်းယွမ်က သူ၏ စိတ်စွမ်းအားဖြင့် ထျန်းကျိအရှင်သခင်ကို ပိတ်လှောင်ထားခဲ့ပြီး ပုံရိပ်ယောင်မှတစ်ဆင့် ထျန်းကျိအရှင်သခင်၏ မှတ်ဉာဏ်များကို ကြည့်ရှုနိုင်လေသည်။

ခဏကြာသောအခါ လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

" အဆုံးမဲ့ဟင်းလင်းပြင်... ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ.... ပျောက်ကွယ်သွားတဲ့ မူလဖန်တီးသူ... ပြီးတော့ ဟင်းလင်းပြင်သားတော် ဒါမှမဟုတ် ဟင်းလင်းပြင်အရှင်သခင်လို့ ပြောရမလား။ "

ထျန်းကျိအရှင်သခင်၏ မှတ်ဉာဏ်များကို ကြည့်ရှုခြင်းဖြင့် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်အကြောင်းကို များစွာ သိရှိသွားခဲ့သည်။ ထျန်းကျိအရှင်သခင်က လျို့ဝှက်ချက်များစွာကို သိထားပြီး လင်းယွမ်အတွက် အလွန်အကျိုးရှိခဲ့လေသည်။

" ဟင်းလင်းပြင်အရှင်သခင်.... " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်နေသည်။

ဟင်းလင်းပြင်အရှင်သခင်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ လက်ရှိကြီးကြပ်သူတစ်ယောက်ဖြစ်သည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ တစ်ဦးတည်းသော အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို တည်ထောင်ကာ နောက်လာနောင်သား မိစ္ဆာနတ်ဘုရားများအတွက် အဆုံးမဲ့ ကောင်းချီးများကို ပေးသနားခဲ့သည်။

ထို့အပြင် ဟင်းလင်းပြင်သားတော် သို့မဟုတ် ဟင်းလင်းပြင်အရှင်သခင်က မူလဖန်တီးသူပျောက်ကွယ်သွားပြီးနောက် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို စီမံခန့်ခွဲခဲ့သည်။

ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားမဟုတ်သော်လည်း ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို အသုံးပြုခြင်းဖြင့် အဆင့်တစ်ဆယ်နီးပါး ခွန်အားကို သုံးစွဲနိုင်လေသည်။ ထို့ကြောင့် အဆုံးမဲ့ဟင်းလင်းပြင်အတွင်း သူက အသန်မာဆုံး မိစ္ဆာနတ်ဘုရားအဖြစ် သတ်မှတ်ခံရလေသည်။

" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ထိန်းချုပ်ထားတာကတော့ တကယ်ပြဿနာပဲ။ " လင်းယွမ်က လေးနက်စွာ တွေးလိုက်သည်။

ပြိုင်ဘက်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ လေဟာနယ်အလွှာများစွာကို အသုံးပြုပြီး အိမ်ကွင်းအားသာချက်ကို ယူခဲ့လျှင် လင်းယွမ်၏ ဝှက်ဖဲများက အသုံးဝင်မည်မဟုတ်ပေ။ ပြိုင်ဘက်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်း ပုန်းအောင်းနေလျှင် ကမ္ဘာနတ်စွမ်းရည်ကိုလည်း အသုံးပြု၍ မရပေ။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကိုလည်း ကမ္ဘာတစ်ခုအဖြစ် ရှုမြင်နိုင်လေသည်။

" ထျန်းကျိအရှင်သခင်ရဲ့ မှတ်ဉာဏ်တွေအရဆို အဲ့ဒီဟင်းလင်းပြင်အရှင်သခင်က အချိန်အများစုကို အိပ်စက်နေခဲ့တယ်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေရဲ့ မူလရင်းမြစ်ကို လေ့လာပြီး အဆင့်တစ်ဆယ်ကို ဝင်ရောက်ဖို့ ကြိုးစားနေတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဟင်းလင်းပြင်အရှင်သခင်က အရာအားလုံးကို ထိန်းချုပ်ထားပြီး သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အဆင့်တစ်ဆယ်သို့ တက်လှမ်းရန်သာ ဖြစ်သည်။

" ရတနာတွေ " လင်းယွမ်က ထျန်းကျိအရှင်သခင်၏ ရတနာများကို ထုတ်ယူလိုက်သည်။

ခဏစစ်ဆေးပြီးနောက် အားလုံးကို အတွင်းကမ္ဘာထဲသို့ ထည့်ထားလိုက်သည်။ ဆင်းသက်မှုပြီးဆုံးချိန်တွင် မူလစွမ်းအားအဖြစ် ပြောင်းလဲပြီး ယွမ်ရှန်းကျင်းကို အားဖြည့်နိုင်လေသည်။

" ထျန်းဟီလျို့ဝှက်နည်းစနစ်ကို ဆက်ပြီး လေ့လာရမယ်။ ငါ အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်ကို ရောက်ဖို့ မလိုတော့ဘူးလို့ ခံစားရတယ်။ " လင်းယွမ်က မျက်လုံးများမှိတ်ပြီး အချိန်လေဟာနယ် ကောင်းကင်မြစ်က တစ်ဖန် လှိုင်းထလာခဲ့သည်။

အဆုံးမဲ့ဟင်းလင်းပြင်၏ တစ်နေရာတွင် အရှေ့တောင်ပံအရှင်သခင်နှင့် မိစ္ဆာနတ်ဘုရား ဆယ်ယောက်ကျော်က စုဝေးနေကြသည်။

" ထျန်းကျိက ဘာလို့ငါတို့ကို အကြောင်းမပြန်သေးတာလဲ။ " အရှေ့တောင်ပံအရှင်သခင်က မျက်မှောင်ကြုတ်နေသည်။

သူက ထျန်းကျိအရှင်သခင်၏ ညွှန်ကြားမှုအတိုင်း ထိုက်ယင်အရှင်သခင်ကို ရှင်းလင်းရန် အဆင့်ကိုး မိစ္ဆာနတ်ဘုရားများကို စုစည်းထားခဲ့သည်။ ယခု အားလုံး အဆင်သင့်ဖြစ်နေသော်လည်း ထျန်းကျိအရှင်သခင်က ပေါ်မလာခဲ့ပေ။

All Chapters