← Chapters

အခန်း (၆၃၉)

Vol. 42 Ch. 639

အခန်း (၆၃၉)

Vol. 42 Ch. 639

" အဲ့ဒါ ထျန်းချင်းကမ္ဘာက သိုင်းဘိုးဘေးဖြစ်နိုင်လား။ " ထျန်းကျိအရှင်သခင်က ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

အချိန်လေဟာနယ်လှိုင်းများ၏ လာရာကို ဖုံးကွယ်ထားခြင်းမရှိသောကြောင့် အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတိုင်း ခံစားသိရှိနိုင်လေသည်။

ထျန်းကျိအရှင်သခင်က ထျန်းချင်းကမ္ဘာသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး လှိုင်းနှုန်းများက ထိုနေရာအနီးမှ လာသည်ကို ခန့်မှန်းနိုင်လေသည်။ သိုင်းဘိုးဘေးက ထျန်းချင်းကမ္ဘာတွင် တည်ရှိနေသောကြောင့် ထျန်းကျိအရှင်သခင်က သိုင်းဘိုးဘေးကို မတွေးမိဘဲ မနေနိုင်ပေ။

" သိုင်းဘိုးဘေး အဆင့်တစ်ဆယ်။ "

မကြာသေးမီက ထိုက်ယင်အရှင်သခင်မှာ ထိုက်ယင်အရှင်သခင်ကို တိုက်ခိုက်ရန် မိစ္ဆာနတ်ဘုရားများကို စုစည်းခဲ့ပြီး သိုင်းတာအို၏ မူလအစ ထျန်းချင်းကမ္ဘာကို ဝင်ရောက်လေ့လာခဲ့သေးသည်။

" ဟင်းလင်းပြင်သားတော် ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ။ " နတ်မျက်စိအရှင်သခင်က သတိထားပြီး မေးလိုက်သည်။

သူက ထိုကမ္ဘာတစ်ခုလုံးကို မျိုချလုနီးပါးဖြစ်ခဲ့သော်လည်း အချိန်လေဟာနယ်လှိုင်းများကြောင့် ရုတ်တရက် ရပ်တန့်ခဲ့ဏသည်။ နတ်မျက်စိအရှင်သခင်၏ မေးခွန်းကြောင့် မိစ္ဆာနတ်ဘုရားတိုင်းက ဟင်းလင်းပြင်သားတော်ကို ကြည့်လိုက်ကြသည်။

" ငါတို့ဘာလုပ်သင့်လဲ။ " ဟင်းလင်းပြင်သားတော်က တိတ်ဆိတ်နေသည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ထိန်းချုပ်ထားသော ဟင်းလင်းပြင်သားတော်က အခြားမိစ္ဆာနတ်ဘုရားများနှင့်မတူဘဲ အချိန်လေဟာနယ်လှိုင်းများကို ပို၍ ပြင်းထန်စွာခံစားခဲ့ရသည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ စွမ်းအားဖြင့် သူ၏ အကြည့်က ထျန်းချင်းကမ္ဘာပေါ်သို့ပင် ကျရောက်ခဲ့သည်။ ထျန်းချင်းကမ္ဘာ၏ ပြင်းထန်သော အချိန်လေဟာနယ်စွမ်းအားများကြောင့်သာ မဟုတ်လျှင် ဟင်းလင်းပြင်သားတော်က အတင်းအကျပ် စုံးစမ်းစစ်ဆေးပေလိမ့်မည်။

" သွားကြည့်ကြစို့။ " ဟင်းလင်းပြင်သားတော်က ဖြည်းညင်းစွာ ပြောလိုက်သည်။

သိုင်းဘိုးဘေးက အဆင့်တစ်ဆယ်သို့ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ သူက ခရီးဆက်ရပေလိမ့်မည်။ အကယ်၍ သိုင်းဘိုးဘေးက အဆင့်တစ်ဆယ် ဖြစ်ခဲ့လျှင် ဟင်းလင်းပြင်သားတော်က မိစ္ဆာနတ်ဘုရားများကို ဦးဆောင်ပြီး သစ္စာခံယူပေလိမ့်မည်။

ဟင်းလင်းပြင်သားတော်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အကူအညီနှင့် အဆင့်တစ်ဆယ် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်မည်ဟု ယုံကြည်လေသည်။ သို့သော် စစ်မှန်သော အဆင့်တစ်ဆယ် သက်ရှိတစ်ယောက်နှင့် ယှဉ်ပြိုင်ရန် အာမခံချက်မရှိပေ။

သူမယှဉ်နိုင်လျှင် အညံ့ခံရုံသာ ရှိလေသည်။ မိစ္ဆာနတ်ဘုရားများကြားတွင် တောတွင်းဥပဒေသာကြီးစိုးပြီး အားနည်းသူက အားကြီးသူကို ခစားရမည်ဖြစ်သည်။

အကယ်၍ သိုင်းဘိုးဘေးက အဆင့်တစ်ဆယ်သို့ မရောက်သေးလျှင်တောင် ဟင်းလင်းပြင်သားတော်က ရန်လိုရန် ရည်ရွယ်ချက်မရှိတော့ပေ။ သူက လာရောက်လည်ပတ်ခြင်းဖြစ်ပြီး သိုင်းဘိုးဘေးနှင့် ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ရန် ဖြစ်သည်။

လက်ရှိ အချိန်လေဟာနယ်လှိုင်းက အဆင့်တစ်ဆယ်သို့ မရောက်သေးလျှင်တောင် ၎င်းက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကဲ့သို့ မြင့်မားသော အမွေအနှစ်တစ်ခုကို ညွှန်ပြနေလေသည်။

ထိုအခြေအနေအောက်တွင် ဟင်းလင်းပြင်သားတော်က သူ၏ စွမ်းအားအားလုံးကို အသုံးပြုလျှင်တောင် သိုင်းဘိုးဘေးကို ရှင်းလင်းနိုင်မည်မဟုတ်ပေ။ အစကတည်းက ငြိမ်းချမ်းရေးယူလိုက်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။

ဟင်းလင်းပြင်သားတော်၏ အဆင့်တွင် အဆုံးမဲ့ဟင်းလင်းပြင်၌ သူ အမှန်တကယ် ရှာဖွေနေသည်မှာ အဆင့်တစ်ဆယ်သို့ ဝင်ရောက်ရန်သာ ဖြစ်ပြီး ကျန်သောအရာများက အတုအယောင်များသာ ဖြစ်သည်။

" သွားကြစို့။ " ဟင်းလင်းပြင်သားတော်က များပြားသော မိစ္ဆာနတ်ဘုရားများကို ဦးဆောင်ပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ စွမ်းအားကို တိုက်ရိုက်အသုံးပြု၍ ထျန်းချင်းကမ္ဘာသို့ တည်နေရာရွေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်။

ထျန်းချင်းကမ္ဘာရှိ သိုင်းခန်းမထဲတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး လေထုထဲတွင် ထူထပ်သော အချိန်လေဟာနယ်လှိုင်းများက ပြည့်နှက်နေသည်။ သူ၏ ရှေ့၌ မတည်ငြိမ်သော အချိန်နှင့် လေဟာနယ်စွမ်းအားများက ယဉ်ပါးသော ကြောင်ကလေးများသဖွယ် အလိုရှိသလို ထိန်းချုပ်ခံနေရလေသည်။

" ဒါက အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်လား။ " လင်းယွမ်က ပြုံးလိုက်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သူ၏ နားလည်မှုက ဆဋ္ဌမအဆင့်သို့ လုံးဝ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး ကြီးမြတ်သူအဆင့်ဟု ပြောနိုင်လေသည်။ ၎င်းက အချိန်လေဟာနယ်နိယာမအပေါ် နားလည်မှုသက်သက်သာဖြစ်သည်။

သူ၏ ခွန်အားက ကြီးမြတ်သူအဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ အကယ်၍ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နည်းစနစ်တစ်မျိုးအဖြစ် သတ်မှတ်လည်း ခွန်အားကလည်း အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လေသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်က ကြီးမြတ်သူများအတွက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဝင်ခွင့်အဆင့်မျှသာဖြစ်သည်။

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်က အရည်အသွေးပြောင်းလဲမှုကို ရည်ညွှန်းတယ်။ အဲ့ဒါက အချိန်လေဟာနယ်မြစ်ရဲ့ ကန့်သတ်ချက်တွေထဲက လွတ်မြောက်နိုင်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ "

လင်းယွမ်က ကျယ်ပြောလှသော အချိန်လေဟာနယ်ကို လေ့လာပြီး အသိအမြင်များစွာ ရရှိခဲ့လေသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို ကြီးမြတ်သူများ၏ အဆင့်အဖြစ် သတ်မှတ်ရသည့်အကြောင်းရင်းမှာ ထိုအဆင့်၌ သက်ရှိတစ်ယောက်က ကိုယ်ပိုင်အချိန်လေဟာနယ်မြစ်ကို ဖွဲ့စည်းနေသော ကြောင့် ဖြစ်သည်။

ယခုအချိန်တွင် လင်းယွမ်က ဆန္ဒရှိလျှင် ကြီးမြတ်သူအဆင့်ကို ကြိုးစားနိုင်လေသည်။ ကြယ်စကြာဝဠာအတွင်းရှိ မျိုးနွယ်အမျိုးမျိုးမှ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများက ကြီးမြတ်သူအဆင့်ကို ကြိုးစားနိုင်ခြင်းမှာ သူတို့က ဝင်ခွင့်အဆင့်သို့ ရောက်လုနီးပါးဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော် လင်းယွမ်က အလွှာတစ်ဆယ်သာ ရှိနေသေးသော်လည်း အလွှာဆယ့်တစ်သက်ရှိများနှင့် ကွာခြားခြင်းမရှိဘဲ အချို့ရှုထောင့်များတွင် သူကပင် ပိုအားကောင်းလေသည်။ ဥပမာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခြင်းနှင့် သူ၏ စိတ်စွမ်းအားညွှန်းကိန်းတို့ဖြစ်သည်။

သို့သော် လင်းယွမ်က ကြီးမြတ်သူအဆင့်ကို ကြိုးစားနိုင်သော်လည်း အောင်မြင်နိုင်မလားဆိုသည်မှာ အခြားကိစ္စတစ်ခုဖြစ်သည်။ အနည်းဆုံးတော့ လင်းယွမ်က ယခု ကြီးမြတ်သူအဆင့်ကို ကြိုးစားခဲ့လျှင် နတ်ဘုရင်ကဲ့သို့ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများထက် အခွင့်အရေးပိုများလေသည်။

" အတွင်းကမ္ဘာ " လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ ရောက်သွားခြင်းက လင်းယွမ်၏ အတွင်းကမ္ဘာအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့လေသည်။ အတွင်းကမ္ဘာအတွင်း၌ အချိန်နှင့် လေဟာနယ်က စတင်ပေါင်းစည်းလာပြီး သေးငယ်သော အချိန်လေဟာနယ်မြစ်ပုံစံက မှိန်ဖျော့စွာ ဖွဲ့စည်းနေသည်။

၎င်းက သန္ဓေသားပုံစံဖြစ်လျှင်တောင် အချိန်လေဟာနယ်မြစ် ထွက်ပေါ်လာခြင်းက အတွင်းကမ္ဘာ၏ အော်ရာကို ပြောင်းလဲပစ်ခဲ့သည်။

" ငါ့ရဲ့ အတွင်းကမ္ဘာက အမြင့်ဆုံးကန့်သတ်ချက် မိုင် ၂.၃ ဘီလီယံကို မကျော်လွန်နိုင်သေးတာ နှမြောစရာပဲ။ "

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် ငါ့ရဲ့ လက်ရှိနားလည်မှုနဲ့ အလွှာဆယ့်တစ်ကို တက်လှမ်းပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံလိုက်ရင် ငါ့ အတွင်းကမ္ဘာရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်နိုင်မလားမသိဘူး။ "

လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ သာမန်အားဖြင့် အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က ကြီးမြတ်သူအဆင့်ကို ကြိုးစားချိန်တွင် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံပြီး အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို ဖြစ်ပေါ်စေပြီး အချိန်လေဟာနယ်မြစ်၏ အချုပ်အနှောင်များမှ လွတ်မြောက်ကာ အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ကြီးမြတ်သူများ၏ အတွင်းစကြာဝဠာက အလင်းနှစ် ထောင်ပေါင်းများစွာမှ သန်းပေါင်းများစွာထိ ရှိလေသည်။ ထို့ကြောင့်လည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ ရောက်လာသော လင်းယွမ်က ကြီးမြတ်သူများနှင့် နှိုင်းယှဉ်ရန် စိတ်ကူးမရှိခြင်းဖြစ်သည်။

" ငါ အလွှာဆယ့်တစ်ကို တက်လှမ်းဖို့ အခွင့်အရေးတစ်ခု ရလာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်၏ လက်ရှိအခြေအနေက လူသားမျိုးနွယ်မပြောနှင့် စကြာဝဠာခေတ်များမှာပင် သူနှင့် ယှဉ်နိုင်သူ ရှိမည်မဟုတ်ပေ။

အလွှာတစ်ဆယ်သို့ တက်လှမ်းချိန်တွင် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံရရှိခဲ့သည်။ အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို နားလည်ခဲ့သည်။ အလွှာတစ်ဆယ်တွင် စိတ်စွမ်းအားညွှန်းကိန်း ၂၄သန်းကျော်နှင့် မိုင် ၂.၃ ဘီလီယံရှိသော အတွင်းကမ္ဘာကို ပိုင်ဆိုင်ထားသည်။ ထိုအခြေအနေများက စကြာဝဠာခေတ်တစ်ခုမှ သက်ရှိများမပြောနှင့် စကြာဝဠာခေတ်အများစုကို လွှမ်းမိုးထားနိုင်လေသည်။

ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တွင် ဟင်းလင်းပြင်သားတော်နှင့် မိစ္ဆာနတ်ဘုရားများစွာ ပေါ်လာကြသည်။

" ဒါက အချိန်လေဟာနယ်လှိုင်းတွေ ထွက်ပေါ်လာတဲ့နေရာပဲ။ "

" အဆင့်တစ်ဆယ်လို့ ထင်ရတဲ့ တည်ရှိမှုက ဒီကမ္ဘာလေးထဲမှာ နေတာလား။ "

" အဲ့ဒါက မယုံကြည်နိုင်စရာပဲ။ "

မိစ္ဆာနတ်ဘုရားအများစုက အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် လှည့်လည်သွားလာနေကြပြီး ကမ္ဘာတစ်ခုအတွင်း နေထိုင်ခြင်းက အလွန်မွန်းကျပ်စရာကောင်းလှသည်။

" ထျန်းချင်းကမ္ဘာ " ဟင်းလင်းပြင်သားတော်က ထျန်းချင်းကမ္ဘာကို စိုက်ကြည့်နေသည်။

ပြင်းထန်သော အချိန်လေဟာနယ်လှိုင်းများက ပြည့်နှက်နေပြီး ထိုလှိုင်းများအောက်တွင် ဟင်းလင်းပြင်သားတော်က ထျန်းချင်းကမ္ဘာနှင့် ပက်သက်သော အချက်အလက်အနည်းငယ်ကိုပင် ရှာဖွေနိုင်ခြင်းမရှိပေ။

" တကယ် အဆင့်တစ်ဆယ်ကို ဝင်ရောက်သွားတာလား။ ဒါမှမဟုတ် ငါလို့ အဆင့်တစ်ဆယ် အမွေအနှစ်ရတနာတစ်ခုခုကို စောင့်ရှောက်နေတာလား။ " ဟင်းလင်းပြင်သားတော်က အမှန်တရားကို ကောက်ချက်ချနိုင်ခြင်းမရှိပေ။

" ဟင်းလင်းပြင်သားတော် ကျွန်တော်သွားပြီး သိုင်းဘိုးဘေးကို ကျွန်တော်တို့ အပြင်မှာရောက်နေကြောင်း တင်ပြလိုက်ရမလား။ " နတ်မျက်စိအရှင်သခင်က ချီတုံချတုံနှင့် မေးလိုက်သည်။

All Chapters