← Chapters

အခန်း (၆၄၀)

Vol. 42 Ch. 640

အခန်း (၆၄၀)

Vol. 42 Ch. 640

" သိုင်းဘိုးဘေးကို တင်ပြရမှာလား။ " ဟင်းလင်းပြင်သားတော်က နတ်မျက်စိအရှင်သခင်ကို ကြည့်လိုက်သည်။

သိုင်းဘိုးဘေး၏ အဆင့်ကို ဆုံးဖြတ်နိုင်ခြင်းမရှိသေးသော်လည်း အနိမ့်ဆုံးဖြစ်နိုင်ခြေကပင် ဟင်းလင်းပြင်သားတော်နှင့် အဆင့်တူအတွင်း ရှိလေသည်။ ဟင်းလင်းပြင်သားတော်က အရူးတစ်ယောက်မဟုတ်ပေ။ အားနည်းသူများကို ရင်ဆိုင်ရာတွင် အထက်မှ နေနိုင်သော်လည်း သိုင်းဘိုးဘေးကဲ့သို့ အဆင့်တူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ဟင်းလင်းပြင်သားတော်က ဘာလုပ်ရမည်ကို သိလေသည်။

" ငါတို့ ဒီမှာပဲ စောင့်ကြမယ်။ " ဟင်းလင်းပြင်သားတော်က သာမန်အတိုင်း ပြောလိုက်သည်။

သိုင်းဘိုးဘေး၏ အဆင့်နှင့် သူတို့ရောက်လာသည်ကို သတိထားမိပေလိမ့်မည်။ သူတွေ့ဆုံလိုလျှင် သဘာဝအတိုင်း ထွက်လာပေလိမ့်မည်။ သူမတွေ့ချင်လျှင် နတ်မျက်စိအရှင်သခင်က သွားရောက်တင်ပြလျှင်တောင် တွေ့ဆုံနိုင်မည်မဟုတ်ပေ။

" ဟုတ်ကဲ့ " နတ်မျက်စိအရှင်သခင်က သတိထားပြီး နောက်ပြန်ဆုတ်သွားသည်။

ထျန်းချင်းကမ္ဘာ။

ဟင်းလင်းပြင်သားတော်နှင့် မိစ္ဆာနတ်ဘုရားများ ပေါ်လာခြင်းက သူတို့၏ အော်ရာများကို ဖုံးကွယ်ထားလျှင်တောင် ကမ္ဘာထဲမှ သက်ရှိများအပေါ် သက်ရောက်မှုများ ရှိနေဆဲ ဖြစ်သည်။

မိစ္ဆာနတ်ဘုရားများထံမှလာသော ဖိအားများက အလွန်ပြင်းထန်လှသည်။ အထူးသဖြင့် ဟင်းလင်းပြင်သားတော်နှင့် အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများ၏ တည်ရှိမှုများကြောင့် ဖြစ်သည်။ ကမ္ဘာအပြင်ဘက်တွင် ရပ်နေသော မည်သည့်မိစ္ဆာနတ်ဘုရားမဆို ထျန်းချင်းကမ္ဘာတစ်ခုလုံးကို အလွယ်တကူ ဝါးမျိုနိုင်လေသည်။

" အဲ့ဒါ အဲ့ဒါ မိစ္ဆာနတ်ဘုရားတွေလား။ " နတ်ဆရာ ချင်ယောင်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် စိတ်ဝိညာဉ် ချိတ်ဆက်မှုပြုလုပ်ပြီး ဟင်းလင်းပြင်သားတော်နှင့် မိစ္ဆာနတ်ဘုရားများ၏ အော်ရာကို အာရုံခံမိချိန်တွင် သူမ၏ စိတ်ဝိညာဉ်ပင် တုန်လှုပ်သွားခဲ့သည်။

သိုင်းခန်းမထဲမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အချိန်လေဟာနယ်လှိုင်းများက မိစ္ဆာနတ်ဘုရားများအတွက် အလွန်ထင်ရှားသော်လည်း ကမ္ဘာအတွင်းရှိ သက်ရှိများအတွက်မူ လုံးဝမသိရှိနိုင်ပေ။

အဆင့်ကွာဟချက်က ကြီးမားလွန်းသဖြင့် အခြေခံလေဟာနယ်အတက်အကျများကိုပင် မသိနိုင်သော သက်ရှိများအနေဖြင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပြောစရာပင်မလိုပေ။

သို့သော် နတ်ဆရာချင်ယောင်က သိုင်းခန်းမထဲမှ လာသော ပြောင်းလဲမှုများကို ခွဲခြားမသိနိုင်သော်လည်း ယခုအချိန်တွင် ကမ္ဘာအပြင်ဘက်ရှိ မိစ္ဆာနတ်ဘုရားများ၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများကို ခံစားသိရှိနိုင်လေသည်။

မိစ္ဆာနတ်ဘုရားတစ်ပါးမှ ထွက်ပေါ်လာသော အော်ရာက ထျန်းချင်းကမ္ဘာကို အကြိမ်ပေါင်းများစွာ ဖျက်စီးပစ်နိုင်လေသည်။

" ပြီးသွားပြီ။ " ချင်ယောင်က လုံးဝ မျှော်လင့်ချက်မဲ့သွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းရာချီက မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့၏ ကျူးကျော်မှုကို ရင်ဆိုင်ရချိန်မှာပင် သူမက ခုခံရန် သို့မဟုတ် အပြန်အလှန် တိုက်ခိုက်ရန် သတ္တိရှိသေးသည်။ သို့သော် ယခု ကမ္ဘာအပြင်ဘက်ရှိ မိစ္ဆာနတ်ဘုရားများက ချင်ယောင်ကို ခုခံလိုစိတ်ပင် ပျောက်ကွယ်သွားစေခဲ့သည်။

ချင်ယောင်နားမလည်နိုင်သောအရာမှာ ထိုကြောက်စရာကောင်းသော မိစ္ဆာနတ်ဘုရားများက ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တွင် အဘယ်ကြောင့်မလှုပ်ရှားဘဲ ရပ်နေကြသနည်း။

သိုင်းခန်းမထဲတွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို အာရုံခံနေခဲ့သည်။ သေးငယ်သော အချိန်လေဟာနယ်မြစ်ပုံစံက သူ၏ အတွင်းကမ္ဘာထဲ၌ ဖြစ်ပေါ်လာပြီး လင်းယွမ်၏ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို မြှင့်တင်ပေးသွားသည်။

စိတ်စွမ်းအားအတွက်မူ ခန္ဓာကိုယ်က စိတ်ဝိညာဉ်ကို ထောက်ပံ့ပေးပြီး စိတ်ဝိညာဉ်က စိတ်စွမ်းအားကို ထောက်ပံ့ပေးသည်။ ယခု လင်းယွမ်၏ စိတ်စွမ်းအားက မယုံကြည်နိုင်လောက်အောင် အားကောင်းလှသည်။

၎င်းက အလွှာဆယ့်တစ်သို့ ကြိုးစားချိန်တွင် သို့မဟုတ် အလွှာဆယ့်နှစ်သို့ ကြိုးစားချိန်မှသာ သက်ရောက်မှုရှိပေလိမ့်မည်။ စိတ်စွမ်းအားက ပို၍ အားကောင်းလာသည်နှင့်အမျှ မြှင့်တင်ရန် ပိုမိုခက်ခဲလာပြီဖြစ်သည်။

" အဲ့ဒီမိစ္ဆာနတ်ဘုရားတွေ ရောက်လာပြီပဲ။ " လင်းယွမ်က ကမ္ဘာအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဟင်းလင်းပြင်သားတော်နှင့် မိစ္ဆာနတ်ဘုရားများကို ချက်ချင်း သတိထားမိလိုက်သည်။

" အင်း သူတို့နဲ့ အရင်ရှင်းရမယ်။ " လင်းယွမ်က ထရပ်လိုက်ပြီး ခြေတစ်လှမ်းနှင့် သိုင်းခန်းမအပြင်ဘက်သို့ ရောက်သွားခဲ့သည်။

" သိုင်းဘိုးဘေး " လင်းယွမ်ကို မြင်သည်မှင့် ချင်ယောင်က ချက်ချင်းပြောလိုက်သည်။ " အပြင်မှာအစွမ်းထက်တဲ့ မိစ္ဆာနတ်ဘုရားတွေ ပေါ်လာတယ်။ "

" အရေးမကြီးဘူး။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။ " သူတို့ ငါ့ကို ဂါရဝပြုဖို့ ရောက်လာကြတာ..."

" အာ..." ချင်ယောင်က မည်သို့ပြန်ပြောရမှန်း မသိတော့ပေ။

ကြောက်စရာကောင်းသော မိစ္ဆာနတ်ဘုရားများစွာက သိုင်းဘိုးဘေးကို ဂါရဝပြုဖို့လာကြတာလား။

ကမ္ဘာအပြင်ဘက်တွင် ဟင်းလင်းပြင်သားတော်နှင့် မိစ္ဆာနတ်ဘုရားများက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးက စိတ်မရှည်သော အမူအရာများကို လုံးဝမပြကြပေ။

ဝှစ်....

ထိုအချိန်တွင် အချိန်လေဟာနယ်လှိုင်းများက အားလုံး၏ ရှေ့တွင် ထွက်ပေါ်လာပြီး လူငယ်တစ်ယောက်၏ ပုံရိပ်အဖြစ် စုစည်းသွားသည်။ သူ၏ မျက်လုံးများက တည်ငြိမ်နေပြီး မိစ္ဆာနတ်ဘုရားများကို ကြည့်နေသည်။

" သိုင်းဘိုးဘေးရောက်လာပြီ။ " မိစ္ဆာနတ်ဘုရားအားလုံးက စိတ်လှုပ်ရှားသွားကြပြီး အလွန်လေးနက်သွားကြသည်။

ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တွင် လင်းယွမ်နှင့် မိစ္ဆာနတ်ဘုရားများက အပြန်အလှန်လေ့လာနေကြသည်။ နတ်မျက်စိအရှင်သခင်၊ အရှေ့တောင်ပံအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရားများက လင်းယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အချိန်လေဟာနယ်စွမ်းအားလှိုင်းများကို ခံစားမိပြီး သိုင်းဘိုးဘေးကို ကြည့်ရှုခြင်းက အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုလုံးကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။

ခမ်းနားသော အချိန်လေဟာနယ်စွမ်းအားများက လေဟာနယ်အလွှာများ၏ အနက်ရှိုင်းဆုံးသို့ အဆက်မပြတ် စီးဆင်းနေပြီး ပတ်ဝန်းကျင်ရှိ အချိန်နှင့် လေဟာနယ်ကို သက်ရောက်ကာ ကိုယ်ပိုင်နယ်ပယ်တစ်ခုကို စုစည်းနေသည်။ ၎င်းက ဟင်းလင်းပြင်သားတော်နှင့် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကြားမှ ဆက်သွယ်နေသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ကွာခြားချက်မှာ ဟင်းလင်းပြင်သားတော်၏ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက ထိုနယ်မြေကို ဖန်တီးသူထံမှ လာခြင်းဖြစ်သည်။ လင်းယွမ်က သူ၏ ကိုယ်ပိုင်လွှမ်းမိုးမှုမှ လာခြင်းဖြစ်သည်။ ထိုမြင်ကွင်းက မိစ္ဆာနတ်ဘုရားများအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

" သိုင်းဘိုးဘေးရဲ့ အော်ရာက အရမ်းကြောက်စရာကောင်းတယ်။ သူ့ရှေ့မှာ တိုက်ခိုက်ဖို့ မဝံ့ရဲဘူး။ " မိစ္ဆာနတ်ဘုရားများက တွေးလိုက်ကြသည်။

"ငါတို့ သိုင်းဘိုးဘေးကို အရင်ရန်မစခဲ့တာ တော်သေးတယ်။ မဟုတ်ရင် ငါတို့ သက်သက်မဲ့ ဓားစာခံတွေ ဖြစ်သွားလိမ့်မယ်။ "

" အရမ်းသန်မာတယ်။ အရင် ငါ့ကိုယ်ပွားမြင်ခဲ့တဲ့အချိန်ကထက် အဆပေါင်းများစွာ ပိုအားကောင်းလာတယ်။ " ထျန်းကျိအရှင်သခင်က ထိတ်လန့်စွာဖြင့် နောက်ဆုတ်လိုက်သည်။ " ဟင်းလင်းပြင်သားတော်တောင် နည်းနည်း အားနည်းသလို ခံစားရတယ်။ သိုင်းဘိုးဘေးက အဆင့်တစ်ဆယ်ကို တကယ်ဝင်ရောက်သွားခဲ့တာလား။ "

All Chapters