← Chapters

ရှေးသင်္ချိုင်းထဲက အမွေအနှစ်

Vol. 132 Ch. 1828

ရှေးသင်္ချိုင်းထဲက အမွေအနှစ်

Vol. 132 Ch. 1828

ဝမ်လင်းသည် အုပ်စိုးသူ၏ စိတ်ဝိညာဉ်ကို ယူဆောင်နိုင်ခြင်းအပေါ် ပျော်ရွှင်မှု မခံစားရပေ။ ထိုအစား သူက စိတ်မကောင်းဖြစ်သလိုပင် ခံစားမိလိုက်၏။ ဝမ်လင်းသည် သူ ဒုတိယအဆင့်တွင် ရှိခဲ့စဉ်တည်းက ထိုသူ၏အမည်ကို ကြားသိခဲ့ရတာ ဖြစ်၏။ ထို့နောက် သူ ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ရောက်လာခဲ့ချိန်မှစ၍ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အကြိမ်များစွာ ကြုံဆုံခဲ့ကြသည်။

ထိုသူသည် မျိုးဆက်တစ်ဆက်၏ ခေါင်းဆောင်တစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့သော် သူ့ဘဝကမူ ဝမ်းနည်းဖွယ် ကောင်းသည်။ သူသည် အရူး၏ ကျွန်တစ်ယောက် ဖြစ်ခဲ့ရ၏။ အရူး ပျောက်သွားသည့်အခါတွင်လည်း ခုနစ်ရောင်စုံတာအိုသခင်က သူ့ကို တပည့်အဖြစ် အတင်းအကြပ် လုပ်ဆောင်ခဲ့ကာ ခုနစ်ရောင်စုံတာအိုသခင်၏ အမိန့်များကို သူ နားထောင်ခဲ့ရသည်။

အခုအခါ၌လည်း သူ၏စိတ်ဝိညာဉ် တစ်ဝက်မှာ ဝမ်လင်း၏ ယူဆောင်ခြင်း ခံလိုက်ရပြီး အခုလိုအခြေအနေသို့ ကျရောက်ခဲ့ပေပြီ။

ဝမ်လင်းသည် သက်ပြင်းချကာ တာအိုသခင်အိပ်မက်ပြာနှင့် ကျန်သည့်လူများထံသို့ လက်နှစ်ဖက်ဆုပ်၏။

“အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်…”

တာအိုသခင်အိပ်မက်ပြာက လူပုလေးထံမှ သူ၏အကြည့်ကို ရွှေ့လျားကာ ဝမ်လင်းထံသို့ ကြည့်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ မင်းကို အများကြီး အကူအညီ မပေးနိုင်ဘူး။ ဒါပေမဲ့ ဘာပဲ ဖြစ်လာပါစေ ငါအကောင်းဆုံးလုပ်မယ်။ ဒါဟာ မင်းကို ငါ ပေးထားတဲ့ကတိပဲ…”

နောက်ဆုံးစကား၌ သူ၏လေသံမှာ လေးလံနေသည်။

“ထူစီ သို့မဟုတ် ထာဆန်သည်လည်း ပုံမှန်လူအရွယ်အစားသို့ ပြန်ရောက်နေပြီး သူက တည်ငြိမ်စွာ ပြောသည်။ မင်းဟာ ငါ့အမွေအနှစ်ကို ငါ့ရှိ ပြန်ပေးခဲ့တယ်။ ငါ့ရဲ့ မင်အသွင်ပြောင်းခြင်းနတ်နည်းစနစ်ကိုလည်း ပြီးပြည့်စုံစေခဲ့တယ်…။ ဒါ့ကြောင့် အတုန့်အလှည့်အနေနဲ့ ငါ မင်းကို ပြန်ကူညီပေးတာပဲ…”

ဝမ်လင်းသည် ထိုသူမှာ ထူစီလော၊ထာဆန်လော မပြောနိုင်ပေ။ သို့သော် သူက ထိုလူထံ၌ ဖြစ်ပျက်ခဲ့ပုံကို ရေးတေးတေးတော့ နားလည်၏။

ယွမ်ရီဖန်က ခါးသက်စွာ ပြုံးသည်။ သူက ဝမ်လင်း၏ ကျေးဇူးတင်ကြောင်းကို ပြန်မတုန့်ပြန်ပေ။ သူက ဝမ်လင်းကို ရှုံးခဲ့သည့်အတွက် ဝမ်လင်း၏အမိန့်များကို နာခံရပေမည်။ မည်သို့ပင်ဖြစ်စေ သွေးကျိန်ဆိုမှု မရှိလျှင်ပင် သူသည် သူ့စကားကို ပြန်ရုတ်သိမ်းလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက တတိယကိုယ်လုပ်တော်၊ ထန်ရှန်ကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ဒီနေရာကနေ ထွက်လို့ရအောင် ငါက နင့်ကို ကူညီပေးခဲ့ဖူးတယ်။ အခု နင်ကလည်း ငါ့အတွက် အုပ်စိုးသူကို တိုက်ခိုက်ပေးခဲ့တယ်။ ဒါ့ကြောင့် ငါတို့ကြားမှာ ကြေပြီ။ ကျေးဇူးကြွေးရယ်လို့ မရှိတော့ဘူး…”

ထန်ရှန်က ငြိမ်သက်စွာ စဉ်းစားပြီးနောက် ခေါင်းညိတ်၏။

အကွာအဝေးတစ်ခု၌ ရီစီရုပ်သေးထွက်ပေါ်လာသော တောင်နေရာမှာ တွင်းပေါက်တစ်ခု လှစ်ဟပေါ်နေ၏။ ရှေးတောက်အော်ရာ အမျှင်တန်းများလည်း ပျံ့လွင့်နေသည်။ ၎င်းမှာ နောက်ဆုံးအလွှာသို့ ဝင်ပေါက်ပင်။

ဝမ်လင်း ထိုနေရာကနေ ဝင်ရောက်သည်နှင့် သူသည် ယဲ့မို၏နှလုံး တည်ရှိသောနေရာသို့ ရောက်လာနိုင်မည် ဖြစ်သည်။

သို့ပေမည့် ထိုအခိုက်တွင် ကောင်းကင်ထက်၌ လှိုင်းဂယက်များ ပဲ့တင်ထပ်၏။ အကွာအဝေးတစ်ခုမှ အလင်းတန်းများ နီးကပ်လာနေကာ အစွမ်းထက်နတ်ဘုရားအာရုံတစ်ခုသည် ပျံ့လွင့်လာသည်။

ထိုပြောင်းလဲမှုက ဝမ်လင်းကို အာရုံစိုက်သွားစေသည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ သူ၏အမူအရာသည် တဖြည်းဖြည်း သုန်မှုန်လာသည်။

တစ္ဆေအိုကြီးကျန့် မှီလာခဲ့ပြီ။

“မင်း ဝင်သွားလိုက်ပါ။ ဒီအဘိုးအိုက မင်းကို ကတိပေးထားတဲ့အတိုင်း မင်းကို ကူညီပေးမယ်…”  တာအိုသခင်အိပ်မက်ပြာက သက်ပြင်းချ၏။ သူ၏ခန္ဓာကိုယ်ထံမှ အပြာရောင်အလင်း ပျံ့လွင့်လာသည်။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ သူ၏မျက်လုံးထဲ၌ တိုက်ပွဲဝင်လိုစိတ် ပြည့်လာသည်။

ထာဆန်သည်လည်း ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ဝမ်လင်းကို ကြည့်သည်။ သူသည် စကားမဆိုပေ။ သို့သော် သူ၏ခန္ဓာကိုယ်တွင်းမှ တစီစီအသံများ ထွက်ပေါ်လာသည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ လက်သီးခပ်တင်းတင်းဆုပ်သည်။

“ဦးလေးမာကလည်း မင်း အချိန်ရအောင်လို့ ကူညီပေးလိမ့်မယ်…”  ယွမ်ရီဖန်က ခါးသီးစွာ ပြုံး၍ လက်တစ်ဆုပ်စာ ဆေးလုံးများကို ထုတ်ယူကာ သောက်လိုက်၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်ထံမှ ဒြပ်စင်ငါးခုအလင်း ဖြာထွက်သည်။ ချပ်ဝတ်တစ်စုံ ဖြည်းဖြည်းချင်း ပေါ်လာလေ၏။

ထန်ရှန်ကလည်း  သူမ၏ညာလက်ကို ဝေ့ယမ်း၏။ ရွှေရောင်တံခါးခုနစ်ချပ်သည် သည်နေရာ၌ လူတိုင်း၏ပတ်လည်၌ ပေါ်လာလေ၏။ သူမက အသက်ဝဝရှိုက်သွင်းကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ဝမ်လင်းက ပါးစပ်ဟကာ တစ်ခုခု ပြောရန် ဟန်ပြင်၏။ သို့သော် သူက မည်သို့ပြောရမှန်းမသိ ဖြစ်ရသည်။ သူ သည်နေရာတွင် မရှိပါက ရီစီရုပ်သေးကို ထိန်းချုပ်နိုင်မည် မဟုတ်၍ ၎င်းက သူ့နောက်သို့ လိုက်လာရမည် ဖြစ်၏။

ဝမ်လင်းက လူတိုင်းထံ လေးလေးနက်နက် ဦးညွှတ်လိုက်၏။ သူက အခုအခါမှာ စကားပြောနေရမည့်အချိန် မဟုတ်မှန်း သိ၏။ သူသည် ဘယ်မျက်လုံးအပြင် ယဲ့မို၏ နောက်ဆုံးအမွေအနှစ်ကို ရယူရမည် ဖြစ်သည်။ ထို့နောက် သည်လေးခုမြောက်ပန်းပွင့်လောကမှ ထွက်ခွာကာ ငါးခုမြောက်ပန်းပွင့်လောက၌ အစစ်အမှန်တံခါးချပ်ကို ရှာရလိမ့်မည်။

သို့ပေမည့် ထိုအခြေအနေများကို တစ္ဆေအိုကြီးကျန့် ရောက်မလာခင် အပြီးသပ်နိုင်ရမည်ပင်။

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူက ဆက်လက်နှေးဖင့်မနေလေတော့ပေ။ သူသည် ပျက်စီးသွားသော တောင်ထံသို့ ဦးတည်၏။ သူ ပျောက်ကွယ်သွားသည့်နောက် ကောင်းကင်မှာ တုန်ဟည်း၍ တစ္ဆေအိုကြီးကျန့်၏ ပုံရိပ်မှာ လေထဲတွင် ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်ကို ခုနစ်ရောင်စုံအလင်းက ဝန်းရံထား၏။ အကြောင်းမှာ သူက ခုနစ်ရောင်စုံတာအိုသခင်ကို ဝါးမြိုပစ်ခဲ့သောကြောင့်ပင်။ သည်စိတ်ဝိညာဉ်နှစ်ခုက ပေါင်းစပ်ခြင်း မရှိသော်လည်း သူ့အတွက် အကျိုးများစွာ ဖြစ်စေ၏။ သူ၏ ကျင့်ကြံမှုကိုလည်း ပိုအစွမ်းထက်သွားစေသည်။

သူသည် ခုနစ်ရောင်စုံတာအိုသခင်နှင့် ကွာခြားပေ၏။ သူက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်နှင့် တစ္ဆေအိုကြီးကျန့်တို့ နှစ်ယောက်ပေါင်းထားခြင်း ဖြစ်သည်။ တစ္ဆေအိုကြီးကျန့်မှာ နဂိုထဲက မြင့်မားသောကျင့်ကြံမှုအဆင့် ရှိထားပြီး ဖြစ်ကာ ထို့နောက်တွင် သူက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ တာအိုကို လက်ခံရခဲ့၏။ ခုချိန်၌ သူသည် ခုနစ်ရောင်စုံတာအိုသခင်ကိုပါ ဝါးမြိုခဲ့ပြီး ဖြစ်ရာ သူ၏ကျင့်ကြံမှုအဆင့်သည် အတိတ်တုန်းက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူနှင့် အလွန်တရာ နီးကပ်နေချေပြီ။

“မင်းတို့က မလောက်လေးမလောက်စားတွေပဲ။ ဒီအဘိုးအိုအတွက် ထွက်သွားကြစမ်း…”

တစ္ဆေအိုကြီးကျန့်၏ အသံက သည်အလွှာတွင် ပဲ့တင်ထပ်၏။ မြေပြင်ထု ပျက်စီးကာ ကောင်းကင်ဆုတ်ဖြဲခြင်း ခံရသည်။

ရှေးသင်္ချိုင်း၏ နောက်ဆုံးအလွှာ၌ ဝမ်လင်း ပေါ်လာ၏။ သူ ပေါ်လာသည်နှင့် သူက နှလုံးခုန်သံတစ်ခုကို ခံစားမိလိုက်သည်။

ထိုအသံက သူ့စိတ်ထဲသို့ ဝင်ရောက်လာ၏။ သို့သော် ၎င်းက သူ၏စိတ်နှလုံးကို ၎င်းနှလုံးခုန်သံနှင့်အတူ လိုက်ပါမခုန်စေနိုင် ဖြစ်၏။ ထိုအစား ၎င်းအသံက သူ့နှလုံးကို ကမောက်ကမ ဖြစ်စေသည်။ သူ၏နားထဲသို့ မတူညီသောနှလုံးခုန်သံနှစ်ခုက ပဲ့တင်ထပ်နေသည့်အလား။ ဝမ်လင်း၏မျက်လုံးမှာ တလက်လက် ဖြစ်လာ၏။ သူက ဘေးပတ်လည်သို့ ကြည့်လိုက်သည်။ သည်အလွှာ၌ ကောင်းကင်နှင့်မြေပြင်ဟူ၍ ရှိမနေလေပေ။

ပေထောင်ချီထူထဲသော သွေးကြောမျှင်များသာ ရှိ၏။ သူက ထိုနှလုံးခုန်သံကို ကြားရတိုင်းထို သွေးကြောများက လှုပ်ရှားကြသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံ၌ သူက ထိုသွေးကြောများသည် ဧရာမနှလုံးသားကြီးနှင့် ချိတ်ဆက်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်ရသည်။ ထိုနှလုံးတစ်ကြိမ် ခုန်တိုင်း ဝမ်လင်းသည် သူ့ရင်ဘက်ကို ထိုးစိုက်သလို နာကျင်မှုကို ခံစားရသည်။

သည်နေရာရှိ အရာအားလုံးမှာ သူ ပထမဆုံးအကြိမ် အမွေအနှစ်ဆက်ခံခဲ့ချိန်က တွေ့မြင်ခဲ့သည့်အရာများနှင့် ကွာခြား၏။

ဝမ်လင်းက အချိန်သည် အလွန်အရေးကြီးကြောင်း သိ၏။ သူက တာအိုသခင်အိပ်မက်ပြာနှင့် တခြားသူများက တစ္ဆေအိုကြီးကျန့်ကို အချိန်မည်မျှ ကြာအောင် ဆွဲထားနိုင်မည်ကို မသိပေ။ စက္ကန့်မလပ် သူ့အတွက် အရေးကြီးချိန်ပင်။

ခုချိန်၌ သူသည် သူ့နောက်ကို သေချာ မလေ့လာကြည့်နိုင်ဘဲ ရှေ့သို့သာ ဆက်နေ၏။ သူသည် သွေးကြောများကြား ဖြတ်သန်းကာ အမြန်ဆုံးနှုန်းဖြင့် သွားနေ၏။

ကံကောင်းစွာဖြင့် သည်နေရာ၌ သားရဲများ ရှိမနေခြင်းပင်။ ဝမ်လင်းသည် မည်သည့်အတားအဆီးမျှ မကြုံရဘဲ ရှေ့ဆက်နေသည်။ သို့ပေမည့် ထိုနှလုံးကမူ ဝမ်လင်း ရောက်လာသည်ကို ထောက်လှမ်းမိ၏။ ၎င်း၏ခုန်သံက ပိုမြန်လာသည်။ နှလုံးထံမှ ခုန်သံက ဝမ်လင်း၏ကိုယ်ပိုင်နှလုံးခုန်သံကို ကမောက်ကမ ဖြစ်စေသည်။ စည်းချက်မညီစေပေ။ ထိုအခါဝမ်လင်း၏မျက်နှာသည် ဖြူရောပြီး သူ၏ရင်ဘက်၌ မခံမရပ်နိုင်လောက်အောင် နာကျင်စွာ ခံစားရသည်။

သူ နှလုံးထံသို့ ပိုနီးလာလေလေ ထိုခံစားမှုက ပိုအားကောင်းလာလေပင်။ အဆုံးသပ်၌ နှလုံးခုန်သံများက မိုးကြိုးသံအလား ဖြစ်တည်လာသည်။ ထိုအသံက ဝမ်လင်း၏စိတ်နှလုံးအတွင်း အပ်တစ်ချောင်းဖြင့် ထိုးစွနေသည့်နှယ်။ ယင်းနာကျင်မှုကို စကားလုံးဖြင့် ဖော်ပြ၍ငှာ မရပေ။

သို့ပေမည့် သည်ထူးဆန်းသောနှလုံးခုန်သံက ဝမ်လင်းနောက် လိုက်လာသော ရီစီသားရဲပေါ်သို့ မသက်ရောက်ပေ။ ၎င်းက ၎င်း၏လျှာအရှည်ကို တလှစ်လှစ် ထုတ်ထားဆဲ ဖြစ်၏။ ၎င်း၏အကြည့်မှာလည်း ပိုကြမ်းကြုတ်လာသည်။ ၎င်းထံမှ မသတီစရာအာရုံအငွေ့အသက် ထွက်ပေါ်နေသည်။

ဝမ်လင်းက နာကျင်လှသော်လည်း မရပ်ပေ။ သူက လေအလျင်အလား ရွှေ့လျားလာနေသည်။ သည်အလွှာ၏ ဗဟိုချက်သို့ ရောက်လာသည့်အခါ နာကျင်မှုသည် ဝမ်လင်းကို ရူးသွပ်စေမတတ် ဖြစ်လာသည်။

သည်နေရာသို့ ရောက်လာသည့်နောက် ဝမ်လင်း၏နှလုံးခုန်သံသည် ဧရာမနှလုံး၏ခုန်သံနှင့် ပို၍ ဖီလာဆန့်ကျင်လာသည်။ သူက သွေးတပွက် အန်ထုတ်လိုက်ရ၏။ ဤသည်မှာ သူ၏နှလုံး ပေါက်ကွဲလေတော့မည့် လက္ခဏာပင်။

ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ သွေးကြောများသည် ဖောင်းကြွလာ၏။ သူ၏သွေးစီးနှုန်းမှာ မြန်လိုက်နှေးလိုက် ဖြစ်နေသည်။ ကသိကအောက် နှလုံးခုန်သံကြောင့် သူ၏နှလုံးမှာ ပေါက်ကွဲတော့မည့် အရိပ်အယောင်များ ပြလာ၏။

ဤသည်မှာ မန္တာန်မဟုတ်၊စွမ်းရည် မဟုတ် တာအိုမန္တာန် မဟုတ်ပေ။ ၎င်းသည် မရှုနိုင်၊မကယ်နိုင် ဖြစ်ကာ သေစေနိုင်သော နှလုံးခုန်သံမျှသာ ဖြစ်၏။ ဝမ်လင်း၏ရှေးတောက်ခန္ဓာကိုယ်သည်လည်း ၎င်းကို မခုခံနိုင်ပေ။

ဝမ်လင်း၏မျက်နှာသည်‌ သေလောက်အောင် ဖြူရောနေ၏။ သူ့ညာလက်ကို ရင်ဘက်ပေါ်သို့ ခပ်တင်းတင်း ဖိထားသည်။ သူက သူ၏နှလုံးတွင်းရှိ ကသိကအောက် နှလုံးခုန်သံကိုသာ ခံစားကြည့်နိုင်သည်။ ထိုတုန်ခါမှုက သူ့လက်ကိုပါ တုန်ယင်စေသည်။

ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ မာန်သွင်း၍ ရုန်းကန်၏။ သူက သွေးအန်ရပြန်သည်။ သူသည် ကြီးမားသောနှလုံး၏ အနားသို့ ရောက်လာ၏။ သူသည် နှလုံးခုန်သံနှင့်အတူ ရွှေ့လျားသည်။

ဝမ်လင်းသည် နာကျင်မှုကို ဖိနှိပ်ကာ ထိုနှလုံးပေါ်၌ ထိုင်ချ၏။ သူကမျက်လုံးမှိတ်ကာ သူ့စိတ်ကို သူ၏နှလုံးထံသို့သာ အာရုံအပြည့်ထားထားလိုက်သည်။

“ယဲ့မို…ငါဟာ သင့်ရဲ့မူလစိတ်ဝိညာဉ်၊ သင့်ရဲ့သွေးမျိုးဆက်၊ သင့်ရဲ့လက်နှစ်ဖက်ကို အမွေဆက်ခံခဲ့ပြီးပြီး။ ငါ ဒီကို ရောက်လာတာဟာ သင့်နှလုံးကို အမွေဆက်ခံဖို့ပဲ…”

“သင် သဘောတူတယ်ဆိုရင် ဒီမနာခံတဲ့ နှလုံးခုန်သံကို ရပ်လိုက်ပါ။ ငါနဲ့အတူ လိုက်လျောညီထွေ ဖြစ်ပေးပါ…”

ဝမ်လင်း၏နတ်ဘုရားအာရုံသည် ထိုနှလုံးထံ ပျံ့လွင့်သည်။

သို့ပေမည့် သူ၏နတ်ဘုရားအာရုံ ပျံ့နှံ့လာရုံရှိသေး နှလုံးသည် မြန်မြန်၊ပြင်းပြင်း ပိုမို ခုန်လာသည်။ ၎င်းသည် ဝမ်လင်း၏နှလုံးခုန်သံနှင့် တစ်စက်လေးမျှ သဟာဇာတ မဖြစ်စေဘဲ ပြင်းထန်သောတွန်းကန်အားကို ထုတ်လွှတ်သည်။

“ငါက စမ်းသပ်မှုသုံးခု၊ကပ်ဘေးခုနစ်ခုကို ကျော်ဖြတ်ပြီးခဲ့ပြီ။ ရှေးဘိုးဘေးရဲ့ အသိအမှတ်ပြုမှုကိုလည်း ရယူခဲ့တယ်။ သင့်ရဲ့ အမွေအနှစ်တစ်ဝက်ကျော်ကိုလည်း ရရှိခဲ့ပြီး ဖြစ်တယ်။ အခု ဒီနှလုံးသာ ကျန်တော့တယ်။ သင် ဆန္ဒမရှိတာ ငါ သိပါတယ်။ ဒါပေမဲ့ သင်က သေပြီးသားလေ…”

“ဒါ့ကြောင့် သင့်ရဲ့အမွေအနှစ် ငါ့ကို ပေးပါ။ ငါ သင့်ရဲ့ နောက်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ရှိတဲ့ သင့်ရဲ့ မျိုးနွယ်တွေကိုလည်း ဂရုစိုက်ပေးမယ်။ လုံခြုံဘေးကင်းအောင် လုပ်ပေးမယ်…”

“သင်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူနဲ့ တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်ခဲ့တယ်။ ငါ ဝမ်လင်းဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်မယ်။ ရှုံးတာဖြစ်ဖြစ်၊ နိုင်တာဖြစ်ဖြစ် ငါဟာ အတိတ်တုန်းက တိုက်ပွဲကို ဆက်လုပ်မယ်…”

ဝမ်လင်း၏အောက်ရှိ နှလုံးသည် ရုတ်တရက် ရပ်တန့်သွား၏။ တည်ငြိမ်မည့် အရိပ်လက္ခဏာများ ပြလာသည်။ သို့သော် ၎င်းသည် တဖန် အပြင်းအထန် စတင်ခုန်ပေါက်ပြန်၏။

တစ်ချိန်တည်းမှာ မကျေမနပ်မှုအပြည့်ဖြင့် ကြောက်မက်နာကျင်ဖွယ်နတ်ဘုရားအာရုံတစ်ခုသည် ဝမ်လင်း၏စိတ်ထဲသို့ တရကြမ်း တိုးဝင်လာသည်။

“ငါ့ဘယ်မျက်လုံးကို ငါ့ရှိ ပြန်ယူလာပေး…”

ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်ကာ ပြောလိုက်၏။ “ငါ သင့်ရဲ့ ဘယ်မျက်လုံးကို ရှာဖို့ ကူညီပေးမယ်။ဒါဟာ သင့်ကိုပေးတဲ့ ငါ့ကတိပဲ…”

သူ ထိုသို့ ပြောလိုက်သည့်အခါ၌ သူ၏အောက်ရှိ နှလုံးသည် သူနှင့် ဆက်ကျင်ဘက် မဖြစ်တော့ပေ။ ၎င်းက ဝမ်လင်း၏နှလုံးခုန်သံနှင့် သဟဇာတ ဖြစ်ရန် ရွေးချယ်လေ၏။

အားကောင်းသောရှေးတောက်အော်ရာက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ တိုးဝင်လာကာ သူ၏ကိုယ်ပိုင်နှလုံးခုန်သံနှင့် လိုက်လျောညီထွေ ဖြစ်လာသည်။ ထိုအော်ရာ သူ၏ခန္ဓာကိုယ်တွင်းသို့ တရကြမ်း တိုးဝင်လာသည့်အခါ ဝမ်လင်း၏ ဝတ်ရုံသည် တဖျတ်ဖျတ်လွင့်၏။

သူ၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်ရှစ်လုံးသည် အလျင်အမြန် လှည့်ပတ်ကာ ကိုးခုမြောက်ကြယ် ပေါ်လာသည့် အရိပ်လက္ခဏာများ ပြသလာတော့သည်။

***

All Chapters