← Chapters

ထိပ်တိုက်ရင်ဆိုင်

Vol. 6 Ch. 82

ထိပ်တိုက်ရင်ဆိုင်

Vol. 6 Ch. 82

ဓားအင်မော်တယ်မြစ်စိမ်း ပေးပို့လာသည့် နေရာသည် အန်လင်း ရောက်ရှိနေသည့် နေရာနှင့် ၁၀ကီလိုမီတာသာ ကွာဝေးလေသည်။

သို့သော်လည်း ရန်သူများမှာ ပြိတ္တာဘုရင် တစ်ကောငနှင့် သွေးဘုရင် နှစ်ကောင် ဖြစ်သည်။

သူ၏ ခွန်အားနှင့်ဆိုလျှင် ပြိတ္တာဘုရင် တစ်ဝက်ကိုသာလျှင် အများဆုံး အနိုင်ယူနိုင်လိမ့်မည်။

ကျန်ရှိနေသည့် နှစ်ကောင်နှင့် တစ်ဝက်အား မည်သို့ လုပ်ရမည်နည်း။ သူတို့အား ဓားအင်မော်တယ်မြစ်စိမ်းနှင့် လွှတ်ပေး လိုက်ရမည်လား။

အန်လင်းသည် ထိုအကြောင်းအား စဉ်းစားမိသည့်အခါတွင် ခေတ္တမျှ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဂရုအတွင်းရှိ အခြားသောသူများ၏ တုံ့ပြန်ချက် များကိုလည်း မြင်ချင်သေးသည်။

သို့သော်လည်း သူက အားနေခြင်းတော့ မဟုတ်ပေ။ စောင့်ကြည့် နေစဉ်အတွင်း ဓားအင်မော်တယ်မြစ်စိမ်း၏ တည်နေရာသို့ ဦးတည်လိုက်သည်။ ထိုမှသာ လိုအပ်လျှင် လျင်လျင်မြန်မြန် လှုပ်ရှားနိုင်မည် မဟုတ်ပါလား။

ဝါးစိမ်း “အစ်ကိုကြီး မြစ်စိမ်းရေ … ကျွန်တော်က တာအိုခန္ဓာ အဆင့်၇ပဲ ရှိသေးတာကြောင့် တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါဘူး … ကူညီချင်ရင်တောင် မကူညီနိုင်ပါဘူး …”

အလင်းပွင့်နေသည့် အမှောင်ဝိညာဉ် “ဘဝတူတွေဗျို့ … ကျွန်တော်က တာအိုခန္ဓာ အဆင့်၉ပဲ ရှိနေသေးတာကြောင့် ဘယ်သူ့ကိုမှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး … အစ်ကိုကြီးရေ မင်းကံကောင်းပါစေ”

ဓားအင်မော်တယ်နီရဲသက်တန့်“အစ်ကိုကြီး မြစ်စိမ်းရေ … ကျွန်တော့်ရဲ့ ဂိုဏ်းက ပြိတ္တာမျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုအတွက် စောင့်ကြပ် နေရလို့ပါ … ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်တာကြောင့် ကျွန်တော်က ထွက်လာလို့ မရဘူး … ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပါစေဗျာ …”

ကယ်တင်ရှင် “မြစ်စိမ်းရေ … ငါက အမေရိကမှာ ရောက်နေတာကွ … မင်းကို လာမကယ်နိုင်တော့ဘူး … ကြံ့ကြံ့ခိုင် ရင်ဆိုင်ရမယ်နော် …”

တာအိုသခင်တိမ်တိုက်စူးစမ်း “ငါက လုံဟူတောင်မှာ ပြိတ္တာမျိုးနွယ်ကို သတ်ဖြတ်ဖို့ အတွက် ဆွေးနွေးပွဲ လုပ်နေလို့ မလာနိုင်ဘူး … ရင်ဆိုင်နိုင်ပါစေကွာ …”

ထိုစာများအား ဖတ်ပြီးသည့် နောက်တွင် ဓားအင်မော်တယ်မြစ်စိမ်း၏ နှလုံးသားမှာ ဆုပ်ကိုင်ထားသကဲ့သို့ နာကျင် လာတော့သည်။ “ပြိတ္တာဘုရင်က ငါ့ကို လိုက်ဖမ်းနေတယ် … ဒီကောင်ကို ရင်ဆိုင်မယ့်အစား မင်းက ဆွေးနွေးပွဲ လုပ်နေတယ်ပေါ့ … အေး ဆွေးနွေးနေလိုက် …”

တာအိုသခင်တိမ်တိုက်စူးစမ်း “ဒါပေမဲ့ ပြိတ္တာဧကရာဇ်က အဲဒီမှာ မဟုတ်ဘူးလေ …”

“ဓားအင်မော်တယ်မြစ်စိမ် …”

“အန်လင်း …”

ရုတ်တရက် ဆိုသလိုပင် ဓားအင်မော်တယ် မြစ်စိမ်းအား အလွန်သနား မိသွားသည်။ ဂရုအတွင်းရှိ ကျင့်ကြံသူများသည် ‘ဓားအင်မော်တယ်မြစ်စိမ်းအား နှုတ်ဆက် စကားဆိုကြမယ်’ ဟု ပြုလုပ်ဖို့ရန်သာ အစီအစဉ်ရှိပုံရသည်။

ဓားအင်မော်တယ်မြစ်စိမ်းသည်လည်း သူဝင်ရောက်ခဲ့သည့် ဂရုမှာ ကျင့်ကြံသူအတုများ ရှိနေခြင်းများလားဟု ခံစားနေရသည်။

ကောင်းကင်နတ်မိမယ်မြေခွေးနီ “မြစ်စိမ်း နင်အခု ရောက်နေတဲ့နေရာ ငါ့ကိုပို့လိုက် … ငါလာခဲ့မယ် …”

အန်လင်းသည် ထိုမက်ဆေ့ချ်အား မြင်လိုက်သည့်အခါတွင် ဆွံ့အသွားမိသည်။ ကောင်းကင် နတ်မိမယ်မြေခွေးနီ ဆိုသည်မှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်ရှိ ကျင့်ကြံသူဖြစ်ပြီး ဂရုထဲတွင် အမြဲလို တိတ်ဆိတ်နေလေ့ ရှိသည်။

ထျန်းလင်းလင်းထံမှ သူမအကြောင်း ကြားဖူးထာခြင်း ဖြစ်သည်။ ယခုလိုမျိုး အချိန်တွင် ကောင်းကင်နတ်မိမယ် မြေခွေးနီသည် တက်ကြွစွာဖြင့် လှုပ်ရှားလာလိမ့်မည်ဟူ မည်သူကမျှ ထင်မထားကြချေ။

ဓားအင်မော်တယ် မြစ်စိမ်းသည် မည်သည့်စကားမျှ မဆိုတော့ဘဲနှင့် သူ၏ လက်ရှိရောက်နေသည့် တည်နေရာအား ပို့လာလေသည်။

ကောင်းကင်နတ်မိမယ်မြေခွေးနီ “ကောင်းပြီ … ငါ့ကိုစောင့်နေလိုက် … အတူတူ ရင်ဆိုင်လို့ နိုင်ခဲ့ရင် သွေးဘုရင်ရဲ့ အလောင်းက ငါ့အတွက်ပဲ …”

ဓားအင်မော်တယ်မြစ်စိမ်း “ပြဿနာမရှိဘူး …”

ကောင်းကင်နတ်မိမယ် မြေခွေးနီ ပေါ်လာသည့်အခါတွင် ဂရုတစ်ခုလုံးသည် နောက်တစ်ဖန် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပန်သည်။

ကောင်းကင် နတ်မိမယ်တည်ငြိမ် “အလှလေးက သူရဲကောင်းကို ကယ်တင်ခြင်း … ဒါက အချစ်စစ်ပဲ …”

တာအိုသခင် တောသားလေးနွားကြီး : “အချစ်စစ် + ၁”

ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး : “အချစ်စစ် + ၂”

***

ထျန်းလင်းလင်း “မြန်မြန် လက်ထပ်ကြပါစေ …”

အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် “ငါ့တွက်ချက်မှုတွေ အရတော့ မနက်ဖြန်က ကံကောင်းတဲ့နေ့ပဲ …”

သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး “ငါတို့ ဟွားရင်ဂိုဏ်းက လက်ထပ်ပွဲလုပ်ဖို့ အကောင်းဆုံး နေရာပဲ … ရှုခင်းကလည်း ပန်းချီကားတစ်ချပ်လိုပဲ … ပန်းပွင့်တွေကလည်း နေရာအနှံ့ရှိတယ် …”

ကယ်တင်ရှင် “လက်ထပ်ပွဲလား … ငါလည်း တက်ချင်တယ်လေ … အခုချက်ချင်း ပြန်လာပြီဟေ့ …”

***

ထိုသို့ဖြင့် ဂရုအတွင်းရှိ ကျင့်ကြံသူများသည် လှုပ်ရှားသက်ဝင် လာကြသည်။ ဂရုသည် နောက်တစ်ဖန် ဖရိုဖရဲ ဖြစ်ကြပြန်သည်။

“ဓားအင်မော်တယ်မြစ်စိမ်း …”

“ကောင်းကင်နတ်မိမယ်မြေခွေးနီ …”

ထိုကဲ့သို့သော ရူးကြောင်ကြောင် အပြုအမူများကြောင့် ကောင်းကင်နတ်မိမယ် မြေခွေးနီသည် ဂရုအတွင်း စကားမပြာခြင်း ဖြစ်သည်။ သူတို့သည် တစ်ခါတစ်ရံတွင် အကြောင်းအရာ တစ်ခုကို လေးနက်စွာ ပြောဆိုနေကြရင်းနှင့်ပင် လုံးဝ ဆက်စပ်လို့မရသည့် အကြောင်းတစ်ခုသို့ ရောက်ရှိသွားကြသည်။

သူမသည် ထိုဂရုအတွင်း ဝင်ရောက ်ပြောဆိုမိခဲ့မည် ဆိုလျှင် သူမသည်လည်း ရူးသွပ်သွားပေလိမ့်မည်။

ကောင်းကင်နတ်မိမယ်မြေခွေးနီ ရောက်ရှိလာမည် ဖြစ်သည့် အတွက် နှစ်ဖက်အင်အား ကွာခြားချက်သည် လျော့ကျသွားပြီ ဖြစ်သည်။

အန်လင်းသည် ခေတ္တမျှ တွေးတော လိုက်ပြီးနောက် သူသည် ယခုတိုက်ပွဲတွင် ကူညီနိုင်ပေလိမ့်မည် ဖြစ်သည့်အတွက် ဂရုအတွင်းသို့ မက်ဆေ့ချ်ပို့လိုက်သည်။

အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် “ဓားအင်မော်တယ်မြစ်စိမ်းရေ … ကျွန်တော်လည်း အဲဒီအနားမှာ ရောက်နေတာမို့ လာပြီးတော့ ကူမယ် …”

ထိုသို့ပြောပြီးသည်နှင့် ဂရုအတွင်းရှိ အခြားသော ကျင့်ကြံသူများ၏ တုံ့ပြန်ပြောဆိုမှုများ ရောက်ရှိလာတော့သည်။

ထျန်းလင်းလင်း “အတုအယောင် တာအိုသခင်ရေ … နင်ပြောတဲ့စကားကို ရုတ်သိမ်းလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ် …”

အနုမြူနတ်သမီးလေး“ဘယ်လိုတောင် အလိုက်မသိတဲ့ ဘေးတွဲလဲ …”

ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး “အန်လင်းရေ … မင့်အနေနဲ့ တခြားသူတွေရဲ့ ရည်မှန်းချက်တွေကို ပြည့်မြောက်အောင် ဘယ်လိုကူညီသင့်တယ် ဆိုတာလေး လေ့လာဖို့ လိုနေပြီနော် …”

အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် “ဟဟ … ဓားအင်မော်တယ်မြစ်စိမ်း ကတော့ တာအိုသခင် အန်လင်းကို သတ်ချင်နေတော့မှာပဲ …”

***

ထိုစကားများကိုကြည့်ကာ အန်လင်းမှာ ငိုချင် လာတော့သည်။

ဘာတွေဖြစ်နေကြတာလဲဗျာ …

သူက သွားပြီး ကူညီချင်ရုံလေးပါ။ အခုတော့ ဘာလို့များ ရာဇဝတ်မှုတစ်ခု ကျူးလွန်မိနေတယ်လို့ ခံစားမိနေရတာလဲ။

ထိုအချိန်မှာပင် ဓားအင်မော်တယ်မြစ်စိမ်းမှ မက်ဆေ့ချ်တစ်ခု ပို့လာသည်.

ဓားအင်မော်တယ်မြစ်စိမ်း “အန်လင်းရေ … အဲဒီအမှိုက်တွေ ပြောတာကို နားထောင်မနေနဲ့ … မင်းက သန်မာပြီးသား … အဲတော့ မင်းလာမယ်ဆိုရင် အဆင်ပြေတယ် … ဒါပေမဲ့လည်း တိုက်ပွဲက ဖြစ်တော့မှာဆိုတော့ မင်းအနေနဲ့ ကောင်းကင်နတ်မိမယ် မြေခွေးနီကို စောင့်လိုက်တာ ပိုကောင်းလိမ့်မယ် … သူမရောက်လာရင်တော့ တိုက်ပွဲထဲ ဝင်လာခဲ့တော့ …”

အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် “ကောင်းပြီ …”

အင်မော်တယ် အဆင့်ဇယားတွင် နံပါတ်စဉ် ချိတ်သည့် သူတစ်ဦး ဖြစ်သည့်အတွက် အန်လင်း၏ ခွန်အားမှာ တာအိုခန္ဓာ အဆင့် ၁၀ ကျင့်ကြံသူများထဲတွင် ထိပ်ဆုံး၌ ရှိနေလေသည်။

တိုက်ပွဲစွမ်းရည်ကိုသာ သတ်မှတ်မည်ဆိုလျှင် သူသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် အားအနည်းဆုံး ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်ပေသည်။

ထို့ကြောင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦး အဆင့်တွင် ရှိနေသည့် ပြိတ္တာဘုရင်အား အနိုင်မယူနိုင်လျှင်တောင် သူသည် အလွယ်တကူ ရှုံးနိမ့်နိုင်မည့်သူ မဟုတ်ချေ။

ထို့ကြောင့် ဓားအင်မော်တယ်မြစ်စိမ်းအား ယုံကြည်ချက်ရှိရှိဖြင့် ကူညီ တိုက်ခိုက်ပေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

***

ဆယ်မိနစ်ကြာပြီး နောက်တွင် အန်လင်းသည် ကြီးမားလှသည့် တောင်တစ်လုံးပေါ်သို့ ပြေးတက်သွားသည်။

ဓားအင်မော်တယ်မြစ်စိမ်း ဂရုထဲတွင် ပို့ထားသည့် တည်နေရာအရ သူတို့ကြား အကွာအဝေးသည် ၁၀ ကီလိုမီတာထက် လျှော့နည်းသွားပြီ ဖြစ်သည်။

ထို့အပြင် ဓားအင်မော်တယ် မြစ်စိမ်းသည် လတ်တလောတွင် သူရှိနေသည့် နေရာသို့ ပြေးလာနေခြင်း ဖြစ်သည်.

ကောင်းကင်နတ်မိမယ် မြေခွေးနီ၏ တည်နေရာအား ကြည့်လိုက်သည့် အခါတွင် သူမသည်လည်း အန်လင်းရှိနေသည့် နေရာသို့ အခြားသော နေရာတစ်ခုမှနေ ပျံသန်းလာနေခြင်းဖြစ်သည်။

မဖြစ်နိုင်ဘူး …။ ဒီလောက်အထိတော့ မတိုက်ဆိုင်နိုင်ဘူးလေ … ဟုတ်တယ်မလား …။ သူတို့အားလုံးက ငါ့ဆီမှာ လာပြီးတော့ စုဆုံကြတာလား …။

အန်လင်း၏ အမူအရာမှာ မည်းမှောင် လာတော့သည်။ သူက အလျင်အမြန်ပင် သူ၏ အငွေ့အသက်အား ဖိနှိပ်လိုက်ပြီးနောက် ဧရာမကျောက်တုံးကြီး၏နောက်တွင် ပုန်းကွယ် နေလိုက်သည်။

ကောင်းကင် တစ်နေရာတွင် အနက်ရောင် ပုံရိပ်တစ်ခုသည် တဖြည်းဖြည်းနှင့် ကြီးထွား လာလျက်ရှိသည်။

သူသည် တလှပ်လှပ် လွင့်နေသည့် ဝတ်စုံနက်အား ဝတ်ဆင်ထားပြီး ဓားပျံ တစ်ချောင်းထိပ်တွင် ရပ်နေပြီး ကောင်းကင်ထက်တွင် ပျံသန်းလျက်ရှိသည်။

သို့သော်လည်း ခန့်ညားသည့် ပုံရိပ်အား ဖျက်ဆီးနေသည့် အရာတစ်ခု ရှိနေသည်။ ဖုန်းတစ်လုံးအား သူ့လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အဆက်မပြတ်  စာရိုက်နေလေသည်။

ဓားအင်မော်တယ်မြစ်စိမ်း “ကောင်းကင်နတ်မိမယ်မြေခွေးနီရေ … အဆင်ပြေရဲ့လား … ငါတို့တွေ တွေ့ဆုံတာနဲ့ အဲဒီကောင်တွေကို ရင်ဆိုင်ကြမယ် …”

ကောင်းကင်နတ်မိမယ်မြေခွေးနီ  “ကောင်းပြီ”

အန်လင်းသည် ကောင်းကင်၏ အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ ကောင်းကင်နတ်မိမယ် မြေခွေးနီသည် ယခုအခါတွင် သူနှင့် တစ် ကီလိုမီတာ အကွာတွင် ရှိနေသင့်သည်။ သို့သော်လည်း သူမအား သေးသေးလေးမျှပင် မြင်နိုင်ခြင်း မရှိသေးချေ။

မဟုတ်မှလွှဲ … လမ်းလျှောက် လာတာများလား …

အန်လင်းသည် ရုတ်တရက် ဆိုသလို နားလည်လိုက်မိသည်။ ဟုတ်တာပေါ့ … သူမက ပျံသန်း လာမယ်ဆိုရင် သိပ်မကြာလိုက်ဘူး ပြိတ္တာဘုရင်နဲ့ သွေးဘုရင်တွေရဲ့ ထောက်လှမ်း မိသွားမှာပေါ့ … အဲလိုဖြစ် သွားမယ်ဆိုရင် ရုတ်တရက် ရင်ဆိုင်တိုက်ပွဲက အကျိုးမရှိ ဖြစ်သွားလိမ့်မယ် …။

အလွန်အားကောင်းသည့် အငွေ့အသက် ငါးခုသည် တဖြည်းဖြည်း စုဆုံလာကြသည်။

မကြာမီမှာပင် အန်လင်းသည်  ချုံပုတ်များအား လျှင်မြန်စွာ ခုတ်ပိုင်းနေသည့် သေးသွယ်လှပကာ ကျက်သရေ ရှိလှသည့် ပုံရိပ်လေးအား မြင်တွေ့လိုက်ရသည်။

သူမ၏ ရှည်လျားမည်းနက်သည့် ဆံနွယ်များသည် သူမနောက်တွင် လွှင့်ဝဲနေလေသည်။ သူမ၏လက်တွင် နီရဲနေသည့် ဒူးလေးအား ကိုင်ထားသည်။ သူမ၏ခါးတွင် အနီရောင် ခါးစည်းတစ်ခု ချည်နှောင်ထားပြီ သူမ၏ နောက်‌ကျောတွင် အနီရောင်အမြီးသုံးခု ရှိနေကာ သူမသည် ဖျက်လတ်စွာဖြင့် ပြေးနေလေသည်။

အန်လင်းသည် ထိုပုံရိပ်လေးအား မြင်လိုက်ရသည့်အခါ အလွန် အံ့အားသင့်လျက် ရှိနေလေသည်။ ကောင်းကင်နတ်မိမယ်မြေခွေးနီ ဆိုတာ တကယ့်မြေခွေးလားဟ …

ဒီလိုဟာတွေကို မကောင်းဆိုဝါး ဝိညာဉ်လို့ အမျိုးအစား ခွဲထားတာ မဟုတ်ဘူးလား … သူမက ဘာလို့ လူသားကျင့်ကြံသူတွေကြားကို ရောက်နေရတာလဲ …

အန်လင်းသည် ခေါင်းကို ခါလိုက်ပြီးနောက် ထိုအတွေးများအား အဝေးသို့ လွင့်သွားစေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် နေမထိ ဖြစ်နေလေသည်။ ကောင်းကင်နတ်မိမယ် မြေခွေးနီနှင့် ဓားအင်မော်တယ် မြစ်စိမ်းတို့သည် လမ်းတွင် တွေ့ဆုံကြတော့မည် ဖြစ်သည်။

ထိုအချိန်မှာပင် ဓားအင်မော်တယ် မြစ်စိမ်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် အရှိန်လျော့ လိုက်သည်။ ရန်သူများအား သူနှင့်နီးကပ်လာစေရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဝှစ် ...

ဓားအင်မော်တယ်မြစ်စိမ်း စီးနင်းနေသည့် ဓားပျံသည် ရုတ်တရက် ဆိုသလို သူ့လက်အတွင်း ပျံသန်း ရောက်ရှိလာသည်။ သူ့ခန္ဓာကိုယ်မှနေ အလွန်အားကောင်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီးနောက် တလက်လက် တောက်ပလျက် ရှိနေသည့် ဓားဖြင့် အနောက်ဘက်သို့ ခုတ်ပိုင်းလိုက်လေသည်။

တည်ငြိမ်နေသည့် မြစ်ရေပြင်အား လေတိုက် ခတ်သွားသကဲ့သို့ ပေတစ်ရာခန့် အရွယ်အစားရှိမည့် ကြီးမားလှသည့် ဓားပုံရိပ်သည် ပြိတ္တာဘုရင် ဦးဆောင်လာသည့် ရန်သူများဆီသို့ ဦးတည်ကာ ပိုင်းဖြတ သွားတော့သည်။

ဓားအင်မော်တယ်မြစ်စိမ်းသည် ထွက်ပြေးနေရာမှ ရပ်ကာ သူတို့အား ရင်ဆိုင် တိုက်ခိုက်လာသည်ကို မြင်လိုက်ရသဖြင့် မာနကြီးသည့် ပြိတ္တာဘုရင် သည် ထိတ်လန့် သွားတော့သည်။ သူက အလျင်အမြန်ပင် အကာအကွယ်မန္တန်ကို အသက်သွင်း လိုက်ပြီးနောက်တွင် သူ့ခန္ဓာ ကိုယ်ရှေ့တွင် ကြေးသတ္တုအကာအကွယ် ပေါ်လာတော့သည်။

ဘုန်း ...

ဓားခုတ်ချက်မှနေ ဖျက်ဆီးနိုင်စွမ်းရှိသည့် စွမ်းအားများ ထုတ်လွှတ် လာပြီးနောက် ကြေးသတ္တု အကာအကွယ်အား စုတ်ပြဲသွားစေသည်။ မာနကြီးသည့် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်သို့ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် လှိုင်းများထိမိသဖြင့် အနောက်သို့ လွင့်ထွက် သွားပြီးနောက် ပါးစပ်မှနေ သွေးများ ယိုစီးကျလာသည်။

မာနကြီးသည့် ပြိတ္တာဘုရင်သည် ဒဏ်ရာ ရရှိသွားသော်လည်း သူ့မျက်နှာတွင် ရက်စက်သည့် အပြုံးတစ်ပွင့် ပေါ်လာသည်။ “မင်းက တိုက်ခိုက်ချင်တယ် ဆိုတော့လည်း လွတ်မြောက်ဖို့ ဆိုတာကို စဉ်းတောင် မစဉ်းစားနဲ့တော့ …”

ဘုန်း ...

ထိုအချိန်မှာပင် အနီရောင်ပုံရိပ် နှစ်ခုသည် ရောက်ရှိလာကြသည်။

ကောင်းကင်နတ်မိမယ် မြေခွေးနီသည်လည်း သူမ၏ လမ်းကြောင်းတွင် ရပ်တန့် လိုက်ပြီးနောက် ဒူးလေးအား လေးတင်ထားလိုက်သည်။

သူမအနီးတွင် စိတ်စွမ်းအင် အများအပြား စုဝေးလာကြပြီး ထိုစိတ်စွမ်းအင် များသည် အကန့်အသတ်မဲ့သည့် မီးတောက်များကို ယူဆောင်လာကြသည်။

ထို့နောက်တွင် ထိုမီးတောက်များသည် လေးကြိုးတွင် စုဆုံလာကြပြီးနောက် နီရဲနေသည့် မြားတစ်ချောင်းအဖြစ် ပုံပေါ်လာသည်။

ဝှစ် ….

ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေသည့် နီရဲနေသည့် မြားသည် လေကို ဖြတ်သန်းကာ မာနကြီးသည့် ပြိတ္တာ ဘုရင်ထံသို့ ဦးတည်နေလေသည်။

မာနကြီးသည့် ပြိတ္တာဘုရင်သည် ဓားအင်မော်တယ်မြစ်စိမ်းကြောင့် ဒဏ်ရာရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် ကြောက်မက်ဖွယ် အရှိန်ဖြင့် ပျံသန်းလာနေသော မြားတစ်ချောင်းအား အာရုံခံမိသည့် အချိန်တွင် သူ့အနေဖြင့် တုံ့ပြန်ရန်  အလွန်အမင်း နောက်ကျသွားပြီ ဖြစ်သည်။

မြားသည် သူ့ခန္ဓာကိုယ်အား ထုတ်ချင်းပေါက် သွားပြီးနောက် တစ်ကိုယ်လုံးကို မီးတောက်များက ဖုံးလွှမ်း သွားတော့သည်။

“အား”

မာနကြီးသည့် ပြိတ္တာဘုရင်သည် နာကျင်စွာ အော်ဟစ် လိုက်ပြီးနောက် မြေပေါ်တွင် လဲကျ သွားတော့သည်။

“ငလူး  … ချုံခိုတိုက်တာဟ …”

ကောင်းကင်တွင် ရှိနေသည့် သွေးပုံရိပ်နှစ်ခုသည် ဒေါသတကြီး ဖြစ်လာတော့သည်။ တစ်ခုသည် ဓားအင်မော်တယ် မြစ်စိမ်းထံသို့ ပြေးဝင်သွားပြီး နောက်တစ်ခုမှာ ကောင်းကင်နတ်မိမယ် မြေခွေးနီထံသို့ ပြေးဝင်သွားတော့သည်။

ကောင်းကင်နတ်မိမယ် မြေခွေးနီ၏ လှပသည့် မျက်နှာလေးတွေင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ အန်လင်းပုန်းအောင်း နေသည့် ဧရာမကျောက်တုံးကြီးအား လှည့်ကြည့်လိုက်ပြီးနောက် မာနကြီးသည့် ပြိတ္တာဘုရင်ထံသို့ ညွှန်ပြလာသည်။

အန်လင်းသည် ယုံကြည်မှု ပြည့်ဝစွာဖြင့် ခေါင်းညိတ် လိုက်ပြီးနောက် လက်ညှိုးနှင့် လက်မဝိုင်းက ‘အိုခေ’ ဟု အချက်ပြလိုက်တော့သည်။

ထိုသို့ဖြင့် ကောင်းကင်နတ်မိမယ် မြေခွေးနီသည် သွေးနီရောင်လွှမ်းနေသည့် ပုံရိပ်ထံသို့ ပြေးဝင်သွားတော့သည်။

အန်လင်းက ရယ်မောလိုက်ပြီးနောက် မာနကြီးသည့် ပြိတ္တာဘုရင် လဲကျနေရာသို့ ပြေးသွားတော့သည် …။

***

All Chapters