← Chapters

အမကို အစားထိုးလက်ထပ်ခိုင်းခြင်း

Vol. 1 Ch. 1

အမကို အစားထိုးလက်ထပ်ခိုင်းခြင်း

Vol. 1 Ch. 1

“ငါ ဂျန်ဖန်းကို လက်ထပ်မယ့်အစား အသေပဲခံလိုက်မယ်”

ရှုယင်းရင်းက သုံးပေရှည်သည့် အစိမ်းရောင်ဓားတစ်ချောင်ကို သူမလည်ပင်းပေါ်၌ထင်ထားပြီး ပါးပေါ်မှာ မျက်ရည်တွေစီးကျနေခဲ့၏။

ခန်းမက များစွာသော ကလန်အဖွဲ့ဝင်တွေနှင့် ဆူညံနေခဲ့၏။

ယင်းရင်… စိတ်လိုက်မာန်ပါမလှုပ်ပါနဲ့။ ဒါက ငါ့အမှားပါ။ ငါမင်းကို တွန်းအားမပေးသင့်ဘူး။”

ရှုကျန်းယန်က အလွန်ကြောက်လန့်နေခဲ့ပြီး သူမကို စိတ်အေးအေးဖို့ထားဖို့ ဖျောင်းဖျနေခဲ့သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဂျန်းဖန်ရဲ့ အဖေက ခေါင်းဆာင်ကြီးရဲ့ အသက်ကို ကယ်ခဲ့တယ်။ ကျေးဇူတင်တဲ့အနေနဲ့ ခေါင်းဆောင်ကြီးက မင်းတို့နှစ်ယောက် ၁၈နှစ်ပြည့်ရင် လက်ထပ်ပေးမယ်လို့ ကတိပေးခဲ့တာ။”

“မင်းက ဒီသဘောတူညီမှုကို ချိုးဖြတ်လိုက်ရင် လူတွေက ငါတို့ကို ကျေးဇူးမသိတတ်ဘူးလို့ ပြောလိမ့်မယ်။”

“အခု မင်းကို တိမ်စိမ်းဂိုဏ်က သတိထားမိသွားပြီး အစစ်အမှန်တပည့် ဖြစ်လာတော့မယ်။ သူတို့က ဒါကိုသိသွားလို့ စိတ်ပျက်သွားရင် မင်းကို တပည့်အဖြစ်လက်ခံတာကနေ ပယ်ဖျက်ပစ်လိမ့်မယ်။”

ရှုယင်းရင်း၏ အမူအရာက ပြောင်းလဲသွား ခဲ့သည်။ သူမက ခြေဆောင့်လိုက်ပြီး ပြောလိုက်သည်။

“ငါဂရုမစိုက်ဘူး…”

“ငါ ဂျန်ဖန်းကို လက်မထပ်ချင်သလို ငါ့ရဲ့ ဂုဏ်သတင်းကိုလည်း မရှုံးဆုံးချင်ဘူး။ အဖေ နင့်ငါ့အတွက် တစ်ခုခု စဥ်းစားပေးရမယ်။”

ရှုကျန်းယန် ခေါင်းကိုက်သွားခဲ့၏။ သူမျက်လုံးတွေက ထောင့်နားက ဂျန်ဖန်းကို အမူမဲ့အမှတ်မဲ့ကြည့်လိုက်၏။

ခန့်ညားသည့်အသွင်အပြင်ရှိပြီး အရပ်ရှည်ပိန်ပါးတဲ့သူ၏ မျက်လုံးတွေက အေးချမ်းနေခဲ့ပြီး လျစ်လျူရှုတဲ့ အမူအရာတွေရှိနေခဲ့သည်။ သူက ခန့်ညားသည့် လူငယ်လေး တစ်ယောက်ဖြစ်၏။

ဝမ်းနည်းစွာနှင့်ပဲ သူက စွံ့အနေခဲ့သည်။

ထို့ပြင် သူက အကြိမ်များစွာ စစ်ဆေးခဲ့ပေမယ့် စိတ်ဝိညာဥ်အမြစ် မရှိပေ။

အခြားတစ်ဖက်မှာတော့ သူ၏ သမီးက အဆင့် ၆ စိတ်ဝိညာဥ်အမြစ်နဲ့ ပါရမီရှင် တစ်ယောက်ဖြစ်၏။ သူမက တိမ်စိမ်းဂိုဏ်း အကြီးအကဲတွေ၏ နှစ်သက်ခြင်းကို ခံထားရပြီး အစစ်အမှန်တပည့်တစ်ယောက်အဖြစ် လက်ခံဖို့ စီစဥ်ထားသူဖြစ်၏။ သူမကို အဆုံးအဆမရှိတဲ့ အနာဂတ်တွေက ဆီးကြိုနေခဲ့၏။

တစ်ယောက်က ကောင်းကင်ပေါ်မှာရှိပြီး နောက်တစ်ယောက်က မြေပြင်ပေါ်မှာရှိကာ လုံးဝကို အတူညီသည့် ကမ္ဘာနှစ်ခုဖြစ်နေခဲ့၏။

“ယောက်ျား… အခြားနည်းလမ်းမရှိရင် ရို့ရန်ကို ယင်းရင်းအစား လက်ထပ်ခိုင်းလိုက်ပါလား။”

ဘေးနားက သူ့ဇနီး ဝမ်ယင်ဖုန်းက အကူအညီမဲ့စွာ သက်ပြင်းချလိုက် လိုက်၏။

ရှုကလန်အဖွဲဝင်အားလုံး၏ မျက်လုံးတွေက လူအုပ်နောက်က ရှုရို့ရန်ကို ကြည့်လိုက်ကြ၏။

သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိသည့် မိန်းကလေးကတစ်ယောက်ဖြစ်၏။

သူမ၏ အလှအပက ထိုသူတွေ၏ မျက်လုံးတွေကို သူမဆီမှ မခွာနိုင် ဖြစ်စေခဲ့၏။

အမကြီးတစ်ယောက်အနေဖြင့် သူမက သူမ၏ ညီမ ရှုယင်းရင်းထက် ပိုဆွဲဆောင်မှု ရှိတာပဲဖြစ်သည်။

သို့ပေမယ့် ကံမကောင်းစွာနှင့်ပဲ သူမက မယားငယ်တစ်ယောက်မှ မွေးဖွားလာခဲ့ ၏။ ရှုမိသားစု၌ သူမ၏ ဂုဏ်သတင်းက ရှုယင်းရင်းနှင့် ယှဥ်လျှင် အတော်လေးနိမ့်ကျတာပဲဖြစ်သည်။

ဝမ်းယင်ဖုန်း သူ့သမီးအစား သူမကို အအ တစ်ယောက်နှင့် လက်ထပ်ခိုင်းတာက ရှုမိသားစုမှ များစွာသောလူတွေကို သည်းမခံနိုင်ဖြစ်သွားစေခဲ့သည်။

ဤကဲ့သို့မိန်းမလှလေးက ဂျန်းဖန်းလို အအတစ်ယောက်နှင့်လက်ထပ်တာဟာ သူမ၏ ဘဝကို ပျက်စီးစေလိမ့်မည်မှာပဲ ဖြစ်သည်။

“အဖေ, ငါမင်းရဲ့ဘေးမှာပဲ ပြုစုပေးချင်တယ်။ ကျေးဇူးပြုပြီး ငါ့ကို လက်မထပ်ခိုင်းပါနဲ့။”

ထိုအရာကို ကြားသည့်အခါ ရှုရို့ရန်၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားခဲ့သည်။

သူမက သူမ၏နှုတ်ခမ်းတွေကို ကိုက်ကာ အကူအညီမဲ့စွာနှင့် အသနားခံလိုက်၏။

သို့ပေမယ့် ရှုကျန်းယန်က သူမ၏အကြည့် ကို လျစ်လျူရှုထားခဲ့သည်။ သူက ရှေ့ကို လျှောက်လာကာ သူမပခုံးကို လေးလေးနက်နက် ဆုပ်ကိုင်လိုက်၏။

“ရို့ရန်, ငါတို့ ရှုမိသားစုက ကျဆင်းနေခဲ့တာ နှစ်တစ်ရာလောက်ရှိပြီ။ ငါတို့က မင်းညီမလို ပါရမီရှင်တွေကို အများကြီးမွေးထုတ်ပေးရမယ်။ ရှုမိသားစု ရဲ့ အနာဂတ်က သူမအပေါ်မှာ မှီခိုနေတယ်။”

“အဖေကမင်းကို မေတ္တာရပ်ခံတာပါ။ မင်းညီမအစား ဂျန်းဖန်ကို လက်ထပ်လိုက်ပါ။”

သူမ တွေဝေနေသေးတာကို မြင်သည့်အခါ ရှုကျန်းယန်က အံကြိတ်ကာ ဒူးထောက်လိုက်၏။

“မင်းကို တောင်ဆိုဖို့ မင်းက အဖေ့ကို ဒူးထောက်စေချင်တာလား…”

ရှုရို့ရန် ရုတ်တရက်တုန်လှုပ်သွားပြီး သူ့ကို မတ်တပ်ရပ်ဖို့ အလျှင်အမြန်ကူညီလိုက်၏။

“အဖေ, ဒီလိုမလုပ်ပါနဲ့…”

“ငါလက်ထပ်ပါ့မယ်… ငါလက်ထပ်ပါ့မယ်… ဒါဆိုရပြီမလား”

သူမ သဘောတူလိုက်သည့် အခိုက်အတန့်၌ သူမ၏ မျက်လုံးတွေက မကျေနပ်ချက်တွေနှင့် ပြည့်နှက်နေခဲ့၏။

မတ်တပ်ရပ်ပြီးနောက် နှစ်ပေါင်းများစွာ ရှိနေသည့် ရှုကျန်းယန် ရင်ဘတ်ထဲက အစိုင်အခဲကြီးက နောက်ဆုံးမှာတော့ ပြုတ်ကျသွားခဲ့သည်။

သူက စိတ်သက်သာရာ ရသည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး ဂျန်းဖန်ကို ကြည့်လိုက်၏။

“ဖန်းအာ, မင်းဘယ်လိုထင်လဲ…”

ဂျန်းဖန်က ထောင့်နားမှာ တည်ငြိမ်စွာ ထိုင်နေပြီး အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေခဲ့၏။

ထိုအရာကို ကြားသည့်အခါ သူက မျက်လုံး ပင့်ကြည့်လိုက်၏။

သူက ရှုရို့ရန်ကို တစ်ချက်ကြည့်လိုက်၏။ သူမက ခေါင်းငုံ့ကာတိတ်ဆိတ်နေခဲ့ပြီး မျက်လုံးထဲမှာ မျက်ရည်စတွေရှိနေခဲ့၏။ သူက စိတ်ထဲမှ တိတ်ဆိတ်စွာ သက်ပြင်းချ လိုက်၏။

“သနားစရာပဲ, သူမရဲ့မိသားစုက သူမကို ဈေးတွက်တွက်နေတယ်။”

ရှုမိသားစုက သူတို့၏ ပါရမီရှင်သမီးတော် ရှုယင်းရင်းကို ဂျန်းဖန်းနှင့် လက်ထပ်ပေးဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိပေ။

သူတို့က ရှုရို့ရန်အား စတေးခံအဖြစ်အသုံး ပြုဖို့ အရာအားလုံးစီစဥ်ထားခဲ့၏။

ရှုယင်းရင်၏ သေခြင်းတရားနှင့် ခြိမ်းခြောက်မှုမှ ဝမ်းယန်ဖုန်း၏ အစားထိုးမည့် အကြံပြုချက်နှင့် ရှုကျန်းယန် သရုပ်ဆောင်မှု အထိ အရာအားလုံးက ကြိုတင်စီစဥ်ထားတာပဲဖြစ်သည်။

သန့်စင်ပြီး ကြင်နာတတ်သည့် ရှုရို့ရန်က ထိုအကွက်ထဲကို အလွယ်တကူကျရောက် သွားပြီး အစားထိုးဖို့ လက်ခံခဲ့၏။

ထိုကဲ့သို့ သနားစရာကောင်းသည့် မိန်းခလေးကို ဂျန်းဖန်း မည်သို့ ထိခိုက်အောင်လုပ်နိုင်မည်နည်း။

သူက သူအမြဲသယ်ဆောင်ထားသည့် စာရွက်နှင့် ခဲတံကို ကောက်ယူကာ စာတစ်ကြောင်းရေးပြလိုက်၏။

“ဦးလေး, ရို့ရန်ကို ဒုက္ခမပေးပါနဲ့။ ရှုမိသားစုက ငါ့ကို စောင့်ရှောက်လာတာ ၁၀ နှစ် ကျော်ပြီ။ ငါ့အဖေရဲ့ အသက်ကယ်အကြွေးကိုလည်း ပြန်ပေးဆပ်ပေးပြီးပါပြီ။ ဒီနေ့ အဲ့ဒီ သဘောတူညီမှုကို ဖျက်သိမ်းလိုက်ရ အောင်။”

ရှုရို့ရန်ကို ထည့်မတွက်ရင်တောင် ဂျန်းဖန်က သဘောတူညီမှုကို ဖျက်သိမ်းဖို့ ရည်ရွယ်ထားခဲ့၏။

လွန်ခဲ့သည့် ၁၀ နှစ် သူ့အဖေ ရှုခေါင်းဆောင်ကို ကယ်တင်ပြီးကတည်းက သူတို့ဟာ ရှုမိသားစုမှာနေထိုင်ခဲ့ကြ၏။

ရှုမိသားစု၏ စိတ်ရှည်မှုက အလွန်ပါးလွာနေပြီဆိုတာ ဂျန်းဖန်သိ၏။

သဘောတူညီမှုကို ချိုးဖြတ်လျှင် သူတို့၏ ဂုဏ်သတင်းထိခိုက်မည်စိုးလို့သာ မဟုတ်လျှင် သူတို့က ဂျန်းဖန်ကို ကန်ထုတ်ခဲ့တာ ကြာပြီပဲဖြစ်သည်။

ယခု သူထွက်သွားဖို့ အချိန်ကျလာပြီပဲဖြစ်သည်။

ထိုစာကို ဖတ်ပြီးနောက် ရှုကျန်းယန်က အလွန်စိတ်လှုပ်ရှားလာခဲ့သည်။

ဂျန်းဖန် ရှုမိသားစု၌ နေထိုင်တာက ဂျန်းမိသားစုကို ပေးစရာအကြွေးကျန် ရှိနေသေးသည်ဟု ရှုကျန်းယန်ကို အမြဲသတိပေးနေခဲ့၏။

တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကြာလာသည့်အခါ ထိုအရာက ရှုကျန်းယန်၏ ရင်ထဲက ဖယ်ရှားလို့မရသည့် ဆူးတစ်ချောင်းကဲ့သို့ ဖြစ်လာခဲ့၏။

ယခု ဂျန်းဖန်ထွက်သွားတော့မည်ဆိုတာက သတင်းကောင်းပဲဖြစ်သည်။

မမျှော်လင့်စွာနှင့်ပဲ ဝမ်ယင်ဖုန်းက ဝင်ပြောလိုက်၏။

“ဖန်းအာ, ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ…”

“ဒီသဘောတူညီမှုက ခေါင်းဆောင်ကြီး လုပ်ခဲ့တာ။ ငါတို့က သူ့ဆန္ဒကို ဘယ်လိုလုပ် ဆန့်ကျင်ရဲမှာလဲ။ သူသာ ခရီးကပြန်ရောက်လာလို့ ဒီကိစ္စကိုသိသွား ရင် မင်းဦးလေးကော ငါကော အကျိုးဆက်ကို မခံနိုင်ဘူး။”

“မင်းသာ ရှုမိသားစုရဲ့ ၁၀နှစ်ကြာ ဂရုစိုက်မှုကို တကယ် အသိအမှတ်ပြု တယ်ဆိုရင် ရို့ရန်ကို လက်ထပ်လိုက်ပါ။ ငါတို့အားလုံး မိသားစုတွေ ဖြစ်လာကြတာ ပေါ့။”

ပါးနပ်တဲ့ ကလန်အဖွဲ့ဝင်အချို့က ဝမ်ယင်ဖုန်း ၏ ရည်ရွယ်ချက် အစစ်အမှန်ကို မြင်နိုင်တာပဲဖြစ်သည်။

သူမက ရှုရို့ရန်အား အအတစ်ယောက်နှင့် လက်ထပ်ပြီး သူမတစ်ဘဝစာ ပျော်ရွင်မှုကို ဖျက်ဆီးချင်နေခဲ့၏။ ထိုနည်းနှင့် သူမက သူမသမီး ရှုယင်းရင် အတွက် ခြိမ်းခြောက်မှုအားလုံးကို ဖယ်ရှားလိုတာပဲဖြစ်သည်။

ရှုရို့ရန်၏ စိတ်သဘောထားပြည့်ဝမှုနှင့် ပြိုင်ဘက်ကင်းအလှတရားကြောင့် သူမက အလွန်ကျော်ကြားတာပဲဖြစ်သည်။

စွမ်းအားကြီးမိသားစုမှ လူငယ်များစွာက သူမကို လိုချင်တပ်မက်ကြ၏။

သူမသာ စွမ်းအားကြီးမိသားစုတစ်ခုသို့ လက်ထပ်ပြီး သန်မာသည့် ပုံရိပ်တစ်ခု၏ ဇနီး သို့မဟုတ် ကိုယ်လုပ်တော် တစ်ယောက်ဖြစ်လာလျှင် သူမက ရှုယင်းရင်း၏ ပြိုင်ဘက်တစ်ယောက် ဖြစ်လာမှာ သံသယရှိစရာမလိုပေ။

စိတ်ဝိညာဥ်အမြစ်မရှိသည့် အအ ဂျန်းဖန်နှင့် သူမကို လက်ထပ်ပေးခြင်းကသာလျှင် သူတို့အတွက် ဖုန်းကွယ်နေသည့် ခြိမ်းခြောက်မှုကို လုံးဝ ဖယ်ရှားနိုင်မှာပဲ ဖြစ်သည်။

“တကယ်ကြောက်စရာကောင်းတာပဲ…”

ဂျန်းဖန်က အရာအားလုံးကို ရှင်းလင်စွာ မြင်နိုင်တာပဲဖြစ်သည်။ သူက တိတ်တိတ်လေးငိုနေသည့် ရှုရို့ရန်ကို ကြည့်ပြီး သက်ပြင်းချကာ တွေးလိုက်၏။

“ငါ ဒီနေ့ သူမကို ကူညီနိုင်ရင်တောင်မှ ငါထွက်သွားတဲ့နောက်မှာ သူမ ဝမ်းယင်ဖုန်းရဲ့ လက်ခုပ်ထဲက လွတ်မှာ မဟုတ်ဘူး။”

“အဲ့ချိန်ကျရင် သူမရဲ့ ကံကြမ္မာက အအတစ်ယောက်ကို လက်ထပ်တာထက် ပိုဆိုးသွားလိမ့်မယ်။”

ဤနှစ်တွေတစ်လျှောက်၌ ရှုရို့ရန်က သူကို ကြင်နာစွာဆက်ဆံသည့် တစ်ယောက်သောသူဖြစ်၏။

သူ့အဖေဆုံးသွားသည့်နှစ်က သူက အလွန်ပူဆွေးသောကရောက်ခဲ့ပြီး အပြင်းအထန်ဖျားကာ အိပ်ရာထဲ၌ ခုနှစ်ရက် ခုနှစ်ည လဲနေခဲ့ရ၏။

ရှုမိသားစုကလျစ်လျူရှုထားခဲ့ပေမယ့် ရှုရို့ရှန်က သူ့ဘေး၌ ခုနှစ်ရက်လုံးမအိပ်ပဲနေကာ ကျန်းမာတဲ့အထိပြုစုပေးခဲ့၏။

သူက ဤသန့်စင်ကြင်နာတတ်သည့် မိန်းခလေးကို ရှုမိသားစုဒုက္ခတွင်းထဲ၌ တစ်ယောက်တည်း မထားခဲ့နိုင်ပေ။

လေးလေးနက်နက်စဥ်းစားပြီးနောက် သူက အကူအညီမဲ့စွာနှင့် ခဲတံကို ကောက်ယူပြီး ဝမ်းယင်ဖုန်းကို စာတစ်လုံး ရေးပြလိုက်၏။

“ကောင်းပါပြီ…”

ဝမ်ယန်ဖုန်းက ပြုံးလိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။

“ရို့ရန် ဂျန်းဖန်းကို သူ့အဝတ်တွေတိုင်းဖို့ မြန်မြန်ခေါ်သွားတော့။ နင်တို့နှစ်ယောက် တစ်လအတွင်းလက်ထပ်ရမယ်။”

သူမက သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အလွန် စိတ်အား ထက်သန်နေခဲ့၏။

ရှုရို့ရန်က သူမ၏ မျက်ရည်တွေကို သုတ်လိုက်၏။ သူမ၏ မျက်လုံးတွေက နီရဲနေပြီး ဖူးရောင်နေခဲ့ကာ ဂျန်းဖန်ဆီသို့ လျှောက်လာလိုက်၏။

“ငါနဲ့လိုက်ခဲ့, ငါမှာ နင့်ကို ပြောစရာအချို့ ရှိတယ်”

အမျိုးသမီးအိပ်ခန်းထဲ၌…

အမျိုးသမီးအိပ်ခန်းဆိုတာထက် ထိုအရာက အစေခံတစ်ယောက်၏ အခန်းထက်အနည်းငယ်သာ သာပြီး အလွန်ရိုးရှင်းလှ၏။

ရှုရှိ့ရန်က သူမအလှပြင်ခုံ အံဆွဲကို ဖွင့်ကာ ဒေါင့်နားမှာဝှက်ထားသည့် အိတ်သေးသေးလေးတစ်ခုကို ထုတ်ယူလိုက်၏။

အထဲ၌ ငွေစလေးတွေရှိနေခဲ့၏။

“အအလေး, နင်လက်မခံလိုက်သင့်ဘူး။”

ရှုရို့ရန်က သက်ပြင်းချလိုက်၏။

“သူတို့က နင့်ကို ငါနဲ့ တကယ်လက်ထပ် ပေးချင်ကြတာမဟုတ်ဘူး။ သူတို့က ကျေးဇူးမသိတတ်ဘူးဆိုတဲ့ ခေါင်းစဥ်ကို မလိုချင်ရုံပဲရှိတာ။”

“ငါညီမသာ တိမ်စိမ်းဂိုဏ်းကို ဝင်ရောက်သွားရင် သူတို့က နှင့်ကို နှိပ်စက်ပြီး ထွက်သွားအောင် နည်းလမ်းတွေ ရှာလိမ့်မယ်။”

အို…

ဂျန်းဖန် အနည်းငယ်ပြုံးလိုက်၏။ သူမက အရမ်းကြီးတော့ မတုံးအသေးပေ။

ရှုရို့ရန်က ဂျန်းဖန်လက်ထဲသို့ ငွေအိတ်ကို ထည့်ပေးပြီး ညင်သာစွာပြောလိုက်သည်။

“ဒီငွေတွေကို ယူပြီး ရှုမိသားစုနဲ့ အထီးကျန်လှေမြို့ကနေ ထွက်သွားတော့။”

“နင့်ကို ငါ့လိုဘဝမျိုးနဲ့ မရှင်သန်စေချင် ဘူး။”

ဂျန်းဖန်းက စာတစ်ကြောင်းရေးလိုက်၏။

“နင်ကကော…”

ရှုရို့ရန်၏ နှုတ်ခမ်းတွေက ကွေးတက်လာပြီး အနည်းငယ်ပြုံးလိုက်၏။

“ဒါက ငါ့အိမ်လေ။ သူတို့ငါ့ကို ဘယ်လိုပဲ ဆိုးဆိုးရွားရွားဆက်ဆံဆက်ဆံ ငါထွက်မသွားနိုင်ဘူး။”

ရုတ်တရက် စတိုခန်းထဲက ဖဲသားစကို သွားယူသည့် အစေခံတွေ၏ စကားပြောသံနှင့် ရယ်မောသံတွေကို သူတို့က ကြားလိုက်ရ၏။

သူမက ထိပ်ထိပ်ပျာပျာနှင့် ပြောလိုက်၏။

“နင်မြန်မြန်ထွက်သွားရမယ်… တွေဝေမနေနဲ့တော့။”

သို့ပေမယ့် ထာဝရအတွက်ဖြစ်သွား နိုင်သည့် ဤခွဲခွာခြင်းကို တွေးလိုက်သည့် အခါ…

သူမနှင့်အတူကြီးပြင်းလာသည့် သူ့ကို နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ဘူး လို့ တွေးလိုက်သည့်အခါ…

ရှင်းမပြနိုင်သည့် ဝမ်းနည်းမှုက သူမရင်ထဲ၌ လိမ့်တက်လာခဲ့ပြီး အသံအက်အက်နှင့်ပြောလိုက်၏။

“အပြင်ရောက်ရင် သူစိမ်းတွေကို အလွယ်တကူမယုံနဲ့နော်။ သူတို့ရဲ့ အစားအစာတွေကိုလည်းမစားနဲ့။ သူတို့ရေတွေကိုလည်းမသောက်နဲ့နော်။”

“ဒါ့ပြင် လူတွေနဲ့လည်း မကြာမဏစကား မပြောနဲ့။ သူတို့က မင်က စကားမပြောနိုင် တာကို သိသွားရင် မင်းကို အနိုင်ကျင့်ကြလိမ့်မယ်။”

“နားလည်လား… အအလေး”

သူမ၏ မျက်လုံးထဲ၌ မျက်ရည်တွေ ဝဲလာခဲ့သည်။

ဂျန်းဖန်းက ရှေ့တိုးကာ သူမခေါင်းလေးကို ညင်သာစွာပုတ်ကာ နူးညံ့စွာပြောလိုက်၏။

“အခုကစပြီး မင်းငါ့ကို ယောက်ျားလို့ ခေါ်သင့်တယ်”

ဟမ်…

ရှုရို့ရန် သူမခေါင်းကို အလျှင်အမြန်မော့ လိုက်၏။ သူမ၏မျက်လုံးတွေက တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အံ့သြတုန်လှုပ်စွာနဲ့ ပြူးကျယ်နေပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“နင်… နင်စကားပြောနိုင်တယ်”

“နင်က အအ မဟုတ်ဘူးပဲ။”

All Chapters