အံ့ဖွယ်မျိုးစေ့
Vol. 1 Ch. 2
ဂျန်းဖန်းက လှောင်ပြုံးပြုံးလိုက်၏။
“ငါက အအတစ်ယောက်ပါလို့ ဘယ်တုန်းက ပြောဖူးလို့လဲ”
ရှုရှို့ရန်၏ စိတ်က ဖရိုဖရဲဖြစ်သွားပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်သည်။
“နင်… နင်က အချင်ယောင်ဆောင်နေတာပဲ။ ဘာလို့လဲ…”
ဂျန်းဖန်းက နောက်ပစ်ထားသည့် သူ့လက်တွေကို ဆုပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို တိတ်ဆိတ် စွာကြည့်လိုက်၏။
အချိန်ခဏကုန်ဆုံးသွားခဲ့၏….
ရှင်းလင်းသည့်ကောင်းကင်က ကျယ်လောင်သည့် မိုးခြိမ်းသံကြီး နှစ်သံ ထွက်ပေါ်လာပြီး ရှုမိသားစုမှ လူတိုင်းကို ရုတ်တရက် ထိန့်လန့်သွားစေခဲ့သည်။ သူတို့က အပြင်ဘက်ကို အပြေးထွက်လာ ကာ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ကြ၏။
ရုတ်တရက်မိုးခြိမ်းသံကြောင့် ရှုရို့ရန်လည်း အနည်းငယ် တုန်ယင်သွားပြီး တီးတိုးပြောလိုက်သည်။
“ဘာလို့လျှပ်စီးတွေ နေရာတိုင်းမှာ ပေါ်လာတာလဲ။ လွန်ခဲ့တဲ့သုံးနှစ်ကလည်း ဒီလိုဖြစ်ဖူးတယ်…”
ဂျန်းဖန်းက အမူအရာကင်းမဲ့နေဆဲ ဖြစ်၏။
သူ့ကိုယ်ထဲ၌ အံ့ဖွယ်မျိုးစေ့တစ်ခုရှိနေပြီး သူစကားပြောလိုက်သည့်အချိန်တိုင်း အစေ့၏ အော်ရာတွေကလွတ်ထွက်သွားခဲ့ သည်။ ထိုအခါ ကောင်းကင်ဘုံအမျက် ဒေါ်သမိုးကြိုးတွေကို ဆင့်ခေါ်တတ်၏။
ငယ်ငယ်လေးကတည်းက စကားမပြောဖို့ သူ့အဖေက သူ့ကို သတိပေးထားခဲ့၏။
၁၈နှစ်လုံးလုံး သူက သူ့အဖေ၏ စကားကို အတိအကျလိုက်နာခဲ့ပြီး သူ့အဖေဆုံးသွား သည့်အချိန်ကတော့ ချွင်းချက်ဖြစ်၏။
ထိုညက မိုးကြိုးလျှပ်စီးတွေက ဒေါသတကြီး ထွက်ပေါ်နေခဲ့ပြီး မနက်မိုးလင်းတဲ့ထိ မရပ်တန့်ခဲ့ပေ။
သူ့မျက်လုံးထဲက ဝမ်းနည်းမှုကို မြင်သည့်အခါ ရှုရို့ရန်က ညင်သာစွာ ပြောလိုက်၏။
“ကောင်းပြီ… ကောင်းပြီ… ငါထပ်မမေး တော့ဘူး”
“မင်းရဲ့ ပစ္စည်းတွေကို ထုတ်ပိုးပြီး မြန်မြန် ထွက်သွားတော့။ မင်းတစ်ချိန်လုံး အချင်ယောင်ဆောင်နေတာကို အန်တီဝမ်သာ သိသွားရင် သူမက ပိုလို့တောင် သံသယဖြစ်လာလိမ့်မယ်။”
ဂျန်းဖန်းက တစ်ဖက်လှည့်လိုက်၏။ သူက သူမ၏ နူးညံ့သည့်လက်လေးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
“ငါမသွားဘူး။ ငါဒီမှာနေပြီး မင်းကို လက်ထပ်မယ်။ ခုချိန်ကစပြီး ငါမင်းကို ကာကွယ်ပေးမယ်။”
ရှုရို့ရန်၏ မျက်နှာက ချက်ချင်းပဲ နီရဲသွားခဲ့သည်။ “မင်းကို ကာကွယ်ပေးမယ်” ဆိုတဲ့စကားက သူမနားထဲမှာ ပဲ့တင်ထပ်နေခဲ့ပြီး သူ့မနှလုံးသားကို အပြင်းအထန်ခုန်ပေါက် သွားစေခဲ့သည်။
သူမက အလျှင်အမြန်ပဲ သူမလက်ကို ပြန်ဆွဲယူလိုက်ပြီး ညင်သာစွာ ဆူပူလိုက်၏။
“ကြွားမနေနဲ့… မင်းရဲ့ စိတ်ဝိညာဥ်အမြစ် ကငါ့လောက်တောင် မကောင်းပဲနဲ့…”
ဂျန်းဖန်းက ပြုံးလိုက်ပေမယ့် ဘာမှမပြော ပေ။
သူ့အဖေက သေခါနီးအချိန်၌ မျိုးစေ့နှင့် ပတ်သက်သည့်အမှန်တရားကို ပြောပြခဲ့၏။
ထိုအရာက နတ်ဘုရာမျိုးစေ့တစ်ခုဖြစ်ပြီး များစွာသော အလားအလာတွေရှိကာ အညှောင့်ပေါက်ဖို့ ၁၈နှစ် လိုအပ်တာပဲဖြစ်သည်။
အညှောင့်ပေါက်ပြီးနောက် လက်ခံသူက ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရမည်ပဲ ဖြစ်သည်။
ယနေ့ ၁၈နှစ်ပြည့်သည့် နောက်ဆုံးနေ့ပဲ ဖြစ်သည်။
မနက်ဖြန်အာရုဏ်ဦးအလင်းရောင်နှင့် အတူ ဂျန်းဖန်က အသစ်တဖန် ပြန်မွေးဖွာ မှာပဲဖြစ်သည်။
ထို့နောက် အအဂျန်းဖန် နောက်ထပ်ရှိတော့မည်မဟုတ်ပေ။ အမှိုက်ကောင်းဂျန်းဖန်လည်း ဆက်ရှိတော့မည် မဟုတ်ပေ။
သူက ရှုရို့ရန်ကို ကြည့်ပြီး ယုံကြည်မှုရှိစွာနှင့် ပြောလိုက်သည်။
“ငါ့ကို ယုံပါ”
ဂျန်းဖန်၏ မျက်လုံးထဲ၌ တည်ငြိမ်လေး နက်မှုတွေကို မြင်သည့်အခါ နွေးထွေးမှုတစ်ခုက ရှုရို့ရန်၏ နှလုံးသားထဲ၌ ထွက်ပေါ်လာခဲ့သည်။
သူမအမေဆုံးသွားပြီးကတည်းက တစ်စုံတစ်ယောက်က သူမကို ကာကွယ်ပေးမည်ဟုပြောတာဟာ ဤအရာ ပထမဆုံးအကြိမ်ဖြစ်၏။
အချိန်အတော်ကြာတိတ်ဆိတ်သွားပြီး နောက် သူမက ငွေအိတ်ကို ဂျန်းဖန်လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
ဂျန်းဖန်အနည်းငယ်မျက်မှောင် ကြုတ်လိုက်၏။ သူမက သူ့ကို ခုထိမယုံကြည်သေးပေ။
ထိုအရာ အံ့သြစရာတော့မဟုတ်ပေ။ သူက စိတ်ဝိညာဥ်အမြစ်မရှိသည့် အအတစ်ယောက်ဖြစ်နေတုန်းပဲဖြစ်သည်။
သို့ပေမယ့် မနက်ဖြန် မျိုးစေ့အညှောင့်ပေါက်လာသည့်အခါ….
ရှုရို့ရန်က သူ့ကို ကြည့်လိုက်၏။ သူမ၏ ပါးပြင်က အနည်းငယ်နီရဲနေပြီး နူးညံ့စွာ ပြောလိုက်သည်။
“ဒါကို ငါ့ကိုလက်ထပ်တဲ့အတွက် မင်္ဂလာဦး လက်ဆောင်အဖြစ် သိမ်းထားလိုက်…”
ဘုန်း….
ထိုအရာက မိုးခြိမ်းသံမဟုတ်ပေ။
ထိုအရာက ဂျန်းဖန်၏ နှလုံးသားထဲက အသံဖြစ်၏။
မိန်းခလေးတစ်ယောက်က သူ့အား သူမတစ်ဘဝလုံးစာ စုဆောင်းမှုကို မင်္ဂလာဦးလက်ဆောင်အဖြစ်ပေးသည့် နေ့ရှိလာလိမ့်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ရှင်းမပြနိုင်သည့် ခံစားချက်တစ်ခုက ဂျန်းဖန်း၏ နှလုံးသားကို ရစ်ပတ်လာခဲ့ သည်။
ထိုအရာက သူအား ရှုရို့ရန်ကို တင်းကြပ်စွာဆုပ်ကိုင်ပြီး သူမကို ကောင်းကောင်း ကာကွယ်ပေးရဖို့ တွန်းအားပေးနေခဲ့သည်။
“မင်း အဲ့ဒီမှာဘာလို့ရပ်နေတာလဲ…”
ရှုရို့ရန်က သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်ကာ သူ့အဝတ်တွေကို ညင်သာစွာ သန့်ရှင်းပေးနေခဲ့၏။ သူမက နူးညံ့စွာပြောလိုက်၏။
“ဦးလေးဂျန်းက သူ့တစ်ဘဝလုံး ဆင်းဆင်းရဲရဲနဲ့ပဲ နေခဲ့ရတာ။ နင့်အတွက် ဘာပစ္စည်းဥစ္စာမှ ချန်မထားခဲ့နိုင်ဘူး။ ဒီငွေလေးတွေက နင့်ကို ကူညီနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။”
သူမကိုယ်တိုင်က ခက်ခဲတဲ့ဘဝမှာ နေရ ပေမယ့် သူမက ဂျန်းဖန်းအတွက် တွေးနေသေး၏။
ဂျန်းဖန်း နောက်ထပ်ထိန်းမထားနိုင်တော့ပေ။ သူက သူမကို သူ့လက်မောင်းထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ ပျော့ပျောင်းသည့် ခါးလေးကို ပွေ့ဖက်လိုက်၏။
သူက နူးညံ့စွာနှင့် နောက်တစ်ကြိမ်ပြော လိုက်သည်။
“လာမယ့် ငါတို့ရဲ့ လမ်းတွေမှာ မမျှောင်လင့်ထားတာတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဆုံးသတ်က တော့ အဆင်ပြေစေရမယ်…”
မင်း မှန်ကန်သည့်လူတစ်ယောက်ကို တွေ့သည့်အခါ အကောင်းဆုံးလက်ထပ်မှု က ဖြစ်ပွားလာခဲ့မှာပဲဖြစ်သည်။
ဂျန်းဖန်းက မှန်ကန်သည့်လူတစ်ယောက်ကို ရှာတွေ့သွားပြီဖြစ်၏။
ရှုရို့ရန်၏ မျက်နှာက ဆောင်းကုန်ကာနီးက တည်သီးတစ်လုံးကဲ့သို့ နီရဲနေပြီး သူမစိတ်က ဗလာကျင်းနေခဲ့သည်။ သူမခန္ဓာကိုယ်က တောင့်တင်းနေကာ ဂျန်းဖန်းဖက်ထားတာကြောင့် လှုပ်ရှားလို့ မရဖြစ်နေခဲ့သည်။
အချိန်အတော်ကြာပြီးသည့်နောက်၌ သူမက ထိုအရာနှင့်ပတ်သက်ပြီး စိတ်မသက်မသာမဖြစ်တော့ပေ။ သူမက သူရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး ထိပ်ထိပ်ပြာပြာနှင့် ပြောလိုက်သည်။
“ငါ… ငါ အဝတ်အစားတွေ တိုင်းရအုန်းမယ်…”
သူမ၏ နောက်ဆုတ်သွားသည့်ပုံရိပ်ကို ကြည့်ကာ ဂျန်းဖန်က ငွေအိပ်အား စားပွဲပေါ်သို့ ပြန်ထားလိုက်သည်။
“ငါ့ဇနီးကို လက်ထပ်တာ ဘယ်လိုလုပ်နှမြေနေလို့ရမှာလဲ…”
“ရို့ရန်… ငါ့ မင်းကို ခမ်းခမ်းနားနားနဲ့ လက်ထပ်ယူမယ်”
ဂျလိမ်း….
နှစ်ခုထက်များသည့် ကောင်းကင်မိုးကြိုး တွေက ဆက်တိုက်ပေါက်ကွဲထွက်လာ ခဲ့သည်။
ဂျန်းဖန်းက ဒေါသထွက်နေသည့် ကောင်းကင်ကြီးကို ကြည့်ပြီး ရေရွတ်လိုက်၏။
“ဆက်ပြီး ဟိန်းဟောက်နေလိုက်ပါ… ဒီညပြီးရင် မင်းမှာ နောက်ထပ်အခွင့်အရေး မရှိတော့ဘူး။”
အိမ်တော်နောက်ဖေးဥယျာဥ်….
ဝမ်ယင်ဖုန်း၏ အိပ်ခန်းအတွင်း၌…
“ဒေါ်လေး… ရို့ရန်ကို အမှိုက်ကောင် ဂျန်းဖန်းနဲ့ ဘာလို့လက်ထပ်ပေးလိုက် တာလဲ။”
လုကျန်းက ရှုမိသားစု၌ နေထိုင်တာ ၁၀နှစ် ရှိပြီဖြစ်၏။ သူက ဝမ်ယင်ဖုန်းရှေ့မှာ ဒူးဒေါက်နေပြီး သူ့မျက်နှာက ပူပန်မှုတွေနှင့် ပြည့်နှက်နေခဲ့၏။
“ကျေးဇူးပြုပြီး မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးပါ။ ပြီးတော့ ဝမ်းကွဲအမကို ငါနဲ့လက်ထပ်ပေးပါ။”
လုကျန်းက ဝမ်းယင်ဖုန်း၏ တူဖြစ်ပြီး အဆင့်သုံး စိတ်ဝိညာဥ်အမြစ်ရှိကာ ကြည့်ကောင်းပြီး ပါရမီရှိသူဖြစ်၏။
သူ့ကို ဝမ်ယင်ဖုန်းက ငယ်ငယ်လေးကတည်းက ရှုအိမ်တော်သို့ ခေါ်ကာ ပြုစုပျိုးထောင်ပေးခဲ့သည်။
ထို့ပြင် သူက သူမကို စိတ်မပျက်စေခဲ့ပေ။ အသက် ၂၀မှာ ချီကျင့်ကြံခြင်းအဆင့် ၅ ကို ရောက်ရှိပြီး ဝမ်ယင်ဖုန်းအား သူမမိသားစုရှေ့မှာ ဂုဏ်သိက္ခာတွေအများကြီး ယူဆောင်ပေးခဲ့သည်။
သို့ပေမယ့် ဝမ်းယင်ဖုန်းကို ခေါင်းကိုက်စေသည့်အရာက လုကျန်းဟာ ရှုရို့ရန်ကို အသေအလဲကြိုက်နေပြီး သူမကို သူ့မိန်းခလေးဟု ယူဆထားခဲ့သည်။
ပြဿနာရှာမှာစိုးသည့်အတွက် သူမက ယနေ့ သူ့ကို အခြားမြို့ကို အကြွေးတောင်း လွတ်ခဲ့၏။
သို့ပေမယ့် သူက တစ်နည်းနည်းဖြင့် ဒီသတင်းကို သိသွားပြီး အိမ်သို့ အလျှင်အမြန်ပြန်လာခဲ့၏။
“ကျန်းအာ… ရို့ရန်က ဂျန်းဖန်းကို လက်ထပ်တာ ရှုမိသားစု အနာဂတ် အတွက်ပဲ။ မင်းရဲ့အန်တီက အခြားကိစ္စတွေမှာ အလျှော့ပေးလို့ရတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ မင်း မစဥ်းစားမဆင်ခြင်ပဲ လုပ်လို့မရဘူး။”
ရှုရို့ရန်ကို လုံးဝဖိနှိပ်နိုင်ဖို့အတွက် ဝမ်းယင်ဖုန်းက သူမ၏ကံကြမ္မာအား အမှိုက်ကောင် ဂျန်းဖန်းနှင့် ချည်နှောင်ကာ သူမ၏ဘဝကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ထား၏။
သို့ပေမယ့် လုကျန်း၏ နာကျင်နေသည့် အမူအရာကို မြင်သည့်အခါ သူမက နူးညံ့သွားပြီး လေးလေးနက်နက် ပြောလိုက်သည်။
“မင်းရဲ့ဒေါ်လေးက မင်းကို သူတို့ရဲ့ မင်္ဂလာပွဲကို မနှောက်ယှက်ဖို့ပဲ ပြောတာ။ အဲ့ဒါပြီးသွားရင် ဘာမှ မလှုပ်ရဘူးလို့မပြောဘူး။”
“မတော်တဆတစ်ခုခုကြောင့် ဂျန်းဖန်း သေသွားရင် မင်းက ရို့ရန်ကို လက်ထပ်နိုင်သေးတာပဲ။”
ရှုရို့ရန်သာ မုဆိုးမတစ်ယောက်ဖြစ်လာလျှင် မိသားစုကြီးတွေမှ လူတွေနှင့် စွမ်းအားကြီး ပုဂ္ဂိုလ်တွေက သူမကို လက်ခံတော့မည်မဟုတ်ပေ။
မုဆိုးမတစ်ယောက်ကို မည်သူက လက်ထပ်မည်နည်း။
မည်သူက အရှက်ရချင်ပါ့မည်နည်း။
“ငါနားလည်ပါပြီ… ကျေးဇူးတင်ပါတယ် ဒေါ်လေး….”
လုကျန်းက ရုတ်တရက်နားလည်သွားခဲ့သည်။ သူ့မျက်နှာက ပျော်ရွင်မှုတွေနှင့် တောက်ပနေခဲ့၏။
သူက မုန့်ထုတ်တစ်ခုကို ပေးလိုက်၏။
“ဒေါ်လေး, ဒါက ပိုင်းလျိုမြို့က အထူးပြု လုပ်ထားတဲ့ နှင်းကရင်မ်လေ၊ မင်းအကြိုက်ပဲ။ ငါ ဒါကို မင်းအတွက် တကူးတကယူလာတာ။”
ဝမ်းယင်းလင်က ညင်သာစွာ မာန်မဲလိုက်၏။
“နင်က ကျင့်ကြံရမဲ့အစား အခြားအရာတွေပေါ်မှာပဲ အမြဲတမ်း အာရုံစိုက်နေတာပဲ။”
သူမက ဤအရာကို ပြောလိုက်သော် လည်း သူမအပြုံးက သူမကို သစ္စာဖောက်နေခဲ့သည်။
“ဒေါ်လေးကို ပျော်ရွင်အောင်လုပ်ပေးရမှာ က ငါ့တာဝန်ပါ။ ငါ ဂျန်းဖန်းကို မင်္ဂလာဆောင်ကိစ္စတွေကူညီပေးရီလိုက် အုန်းမယ်။ ဒါမှ သူတို့က မကြာခင် လက်ထပ်နိုင်ကြမှာ။”
“သွားပါ… မနက်ဖြန်ကျရင် စောစောထဖို့ မမေ့နဲ့။ မင်းရဲ့ စိတ်ဝိညာဥ်အမြစ်ကို စစ်ဆေးဖို့ စစ်ဆေးခြင်းမျှော်စင်ကို ငါမင်းနဲ့လိုက်ခဲ့မယ်။”
“ကောင်းပါပြီ…”
လုကျန်းက ဦးညွှတ်လိုက်၏။ သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေခဲ့သည်။
သို့ပေမယ့် သူ ဝမ်းယင်ဖုန်၏ အခန်းထဲမှ ထွက်လာသည့်အခါ သူမျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းနှင့် ပျောက်ကွယ် သွားပြီး ရက်စက်သည့်အမူအရာတွေ အစားထိုးလာခဲ့သည်။
“ဂျန်းဖန်း သုံးပြီးသားကို လက်ထပ်ရမယ် တဲ့။ ဒီမိန်မကြီးက ဟာသတွေပြောနေ တာပဲ။”
“ငါ, လုကျန်းက အကောင်းဆုံးပဲ လိုချင်တာ။”
“မနက်ဖြန် ငါ့စိတ်ဝိညာဥ်အမြစ်စမ်းသပ် လို့ ပိုအဆင့်မြင့်နေခဲ့ရင် ရှုမိသားစုက လူတိုင်းရှေ့မှာ ရို့ရန်ကို ပြန်လုယူမယ်။”
နောက်နေ့မနက်စောစော၌….
ရှုမိသားစု အနောက်ဘက်ခြံဝန်း ရိုးစင်းသည့် အခန်းတစ်ခုအတွင်း၌…
ဂျန်းဖန်းက အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေခဲ့၏။ တစ်ခါတစ်ရံ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး သူ့မျက်လုံးတွေကနီရဲနေခဲ့၏။
“ဘာလို့နေမထွက်သေးတာလဲ….”
ဂျန်းဖန်းက အလွန်စိတ်မရှည်ဖြစ်နေခဲ့ သည်။
သူက ဒီနေ့အတွက် ၁၈နှစ်ကြာ စောင့်နေခဲ့ရ၏။
စိတ်တည်ငြိမ်အောင်ထားပြီး ပြင်ပလွမ်းမိုး မှုတွေက စိတ်ခံစားချက်တွေကို မပြောင်းလဲနိုင်ဘူးလို့ သူက တွေးလိုက်၏။ သူက မျို့စေ့ အညှောင့်ပေါက်တာကို တွေ့ရဖို့ အသင့်ဖြစ်နေခဲ့သည်။
ယခုမူကား နေ့အချိန်ကို ရောက်ရှိလာပြီ ဖြစ်၏။ သူကတစ်ညလုံးမအိပ်ရသေးပဲ စိုးရိမ်မှုတွေနှင့်ပြည့်နှက်နေခဲ့၏။
“အဖေက ငါ့ကို လိမ်တော့မလိမ်လောက် ဘူးမလား….”
“ဒီမျိုးစေ့က တကယ်ပဲ မှော်ဆန်တာလား”
“ဒါက တကယ်ပဲ ငါ့ကို ပြောင်လဲသွားစေ မှာလား…”
မရေမတွက်နိုင်သည့်အတွေးတွေက သူ့စိတ်ထဲမှာ ထွက်ပေါ်လာပြီး ဂျန်းဖန်းက စိတ်လှုပ်ရှားစွာဖြင့် အသက်ပြင်းပြင်းရူလိုက်သည်။
ရုတ်တရက်…
တောက်ပသည့်အလင်းတန်းတစ်ခုက တိမ်တွေကို ဖြတ်သန်းကာ အခန်းထဲကို ဝင်ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပဲ ဂျန်းဖန်က ဝိုးတိုးဝါးတား အက်ကွဲသံ တစ်သံကို ကြားလိုက်ရ၏။
အခွံမာတစ်ချို့ အက်ကွဲလာသကဲ့သို့ဖြစ်၏။
၁၈ နှစ်ကြာပြီးနောက် ပြန်လည်မွေးဖွားသည့် အခိုက်အတန့်က ရောက်ရှိလာခဲ့ပြီဖြစ်၏။