နိဗ္ဗာနား ပြန်လည်မွေးဖွားခြင်း
Vol. 1 Ch. 3
သူက အလျှင်အမြန်ပဲ ခြေချိတ်ထိုင်လိုက် ၏။ သူက အသက်ရူသံကို ထိန်းညိကာ စိတ်အာရုံကို စုစည်းလိုက်၏။
အက်ကွဲသံက သူ့နားထဲမှာ ပိုကျယ်လောင် လာခဲ့သည်။
ပထမတော့ ထိုအသံက ခြင်တစ်ကောင်၏ အသံလောက်တိုးညင်းတာပဲ ဖြစ်သည်။ ထို့နောက် မိုးစက်ကျသံလောက် ကျယ်လောင်လာပြီး နောက်ဆုံးမှာတော့ စစ်ဗုံသံကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
နောက်ဆုံး၌ တောင်အက်ကွဲသံ နှင့် ကမ္ဘာမြေကွဲထွက်သကဲ့သို့ ကျယ်လောင်သည့်အသံက သူ့နားထဲမှာ ပေါက်ကွဲထွက်လာပြီး ဂျန်းဖန် ကို အမှောင်ထုထဲသို့ ဆွဲခေါ်သွားခဲ့သည်။
အမှောင်ထုထဲ၌ သေးငယ်သည့် အညှောင့် လေးတစ်ခုက မြေကြီးထဲကနေ ထိုးထွက်နေခဲ့သည်။
၎င်း၏ ထွက်ပေါ်လာမှုက စွမ်းအားကြီး တည်ရှိမှုအချို့ကို နှောက်ယှက်နေသလို ဖြစ်နေပြီး ၎င်းကို မြေကြီးထဲပြန်ဖိနှိပ်ဖို့ ကြောက်စရာကောင်းတဲ့ မိုးကြိုးလျှပ်စီး ကြောင်းတွေ ဆင်းသက်လာခဲ့၏။
အညှောင့်လေးက ဖြည်းညင်းစွာ ကြီးထွားလာခဲ့ပြီး မိုးကြိုးလျှပ်စီးကြောင်းတွေကို အေးအေး ဆေးဆေး စုပ်ယူနေခဲ့သည်။
ထို့နောက် ၎င်းက သာမန်မျက်စိနှင့် မြင်နိုင်သည့် အရှိန်နှင့် အလျှင်အမြန် ကြီးထွားလာခဲ့သည်။
တစ်လက်မ၊ နှစ်လက်မ၊ သုံးလက်မ….
တစ်ကိုက်၊ နှစ်ကိုက်၊ သုံးကိုက်….
၁၀ကိုက်၊ ကိုက်တစ်ရာ၊ ကိုက်တစ်ထောင်….
ဂျန်ဖန်းက မိုးကြိုတွေကို ၎င်း၏ အာဟာရ အဖြစ်အသုံးပြုပြီး အဆုံးမရှိကြီး ထွားနေသည့် သစ်ပင်ကြီးကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
၎င်းက ကြီးထွားမှုကို ရပ်တန့်လိမ့်မှာ မဟုတ်ဘူးဆိုတာ နားလည်သွားပြီး တဖြည်းဖြည်းနှင့် မိုးကြိုးတွေရပ်တန့် သွားခဲ့သည်။
ဂျန်ဖန်းက ထိုအရာပြီးဆုံးသွားပြီးဟု တွေးလိုက်ချိန်မှာပဲ မြင့်မြတ်ပြီး အားကောင်းတဲ့ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်းက ဘယ်လိုတောင် လေဟာနယ် ရှေးဟောင်းကလန်ရဲ့ နတ်ဘုရားသစ်ပင်ကို ယူရဲရတာလဲ။ မင်းဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ရှိရှိ ငါတို့မင်းကို ရှာမယ်… ငါတို့မင်းကို ရှာမယ်…”
ထိုအသံကြောင့် သူ့ခေါင်းတစ်ခုလုံး ကွဲထွက်သွားသကဲ့သို့ နာကျင်သွားပြီး သူ၏စိတ်ဝိညာဥ်ကလည်း ထိုနတ်ဘုရားစွမ်းအားအောက်၌ ကွဲကြေတော့မလို ဖြစ်သွားခဲ့သည်။
ထိုအခိုက်အတန့်၌…
လေဟာနယ်ရှေးဟောင်း သစ်ပင်က အစိမ်းရောင်အလင်းတန်းတွေ ဖြန့်ကျက် လာပြီး ဂျန်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ နှစ်မြုပ်သွားခဲ့သည်။
ဆုပ်ဖြဲနေသည့် ခံစားချက်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ပြင် အစိမ်းရောင်အလင်းတန်းတွေ၏ လွမ်းမိုးမှုအောက်၌ သူ့ဒန်တန်ထဲမှာ စိတ်ဝိညာဥ်အမြစ်တစ်ခု စတင်ဖွဲ့စည်း လာခဲ့သည်။
အသက်ဘေးကနေ ကပ်သီလေး လွတ်မြောက်လာပြီး ဂျန်ဖန်း၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။
အဲ့ဒါကဘယ်သူလဲ…
အချိန်နဲ့အာကာသကို ဖြတ်ပြီး လာသည့် အသံတစ်ခုက သူ့ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့သည်။
ပြီးတော့ သူတို့က သစ်ပင်ဟာ လေဟာနယ်ရှေးဟောင်းကလန် ပိုင်တာလို့ ဘာလို့ပြောရတာလဲ။
ထိုအရာက သူ့အဖေသူ့ကို ပေးခဲ့တာ မဟုတ်ဘူးလား….
အချိန်အတော်ကြာပြီးနောက် သူက သူ့နှလုံးသားထဲက တုန်လှုပ်မှုတွေကို တည်ငြိမ်အောင်ပြုလုပ်လိုက်၏။ ထို့နောက် မသိစိတ်အရ သူ့ဝမ်းဗိုက်ကို ကြည့်လိုက်ပြီး သူ့အသံက တုန်ယင်နေခဲ့ သည်။
“စိတ်ဝိညာဥ်အမြစ်… ငါအခု စိတ်ဝိညာဥ် အမြစ်ရှိသွားပြီ။”
သူက အလွန်ပျော်ရွင်စွာနှင့် ပြောလိုက်သည်။
သူက ထိုပြောင်းလဲမှုအတွက် ၁၈ နှစ် စောင့်ဆိုင်းနေခဲ့ရပြီး နောက်ဆုံးမှာ တော့ ရောက်ရှိလာပြီဖြစ်၏။
ချက်ချင်းပဲ သူက မြေပြင်ပေါ် ဝမ်းနည်းစွာနှင့် ဒူးထောက်လိုက်၏။
“အဖေ… မင်းဒါကို မြင်လား…”
“မင်းရဲ့သားက အခု စိတ်ဝိညဥ်အမြစ် ရှိသွားပြီ။ အခုကစပြီး သူက သူ့ကိုယ်သူ ကာကွယ်နိုင်သွားပြီ။”
“မင်းကောင်းကင်ဘုံမှာ အေးအေး ဆေးဆေး အနားယူလို့ရပြီ…”
သူက လေးလေးနက်နက် အရိုအသေပေး လိုက်ပြီး သူ့မျက်လုံးတွေက စိုစွတ်နေခဲ့သည်။
သူ့အဖေအဆုံးခင်းတုန်းက သူ၏အကြီး မားဆုံးစိုးရိမ်မှုက ဂျန်ဖန်း စွမ်းအား ကင်းမဲ့ပြီး သူ့ကိုယ်သူမကာကွယ်နိုင်မှာ ပဲဖြစ်သည်။
အခု… သူက စိတ်ဝိညာဥ်အမြစ် ရှိလာပြီ ဖြစ်၏။
သူ့တစ်ဝလုံးကာကွယ်ပေးခဲ့သည့် သူ့အဖေက နောက်ဆုံးမှာတော့ သူကြီးပြင်းလာတာကို မြင်နိုင်ပြီပဲ ဖြစ်၏။
အချိန်တော်ကြာပြီးနောက် ဂျန်းဖန်းက စိတ်အေးအေးထားကာ စိတ်ဝိညာဥ်အမြစ်ကို စစ်ဆေးလိုက်၏။
“ဖောက်ထွင်းမြင်ရတာလား…”
သူ၏ စိတ်ဝိညာဥ်အမြစ်က အမှန်တကယ် ကို ကြည်လင်နေပြီး မည်သည့်အရောင်မှ မရှိပေ။
“အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း၊ အနက်၊ အဖြူ…. မည်သည့်အရောင်မှ ဖောက်ထွင်းမမြင် ရပေ။”
ရှုယင်းရင်း၏ စိတ်ဝိညာဥ်အမြစ်က အပြာရောင်ဖြစ်ပြီး အဆင့်၆ စိတ်ဝိညာဥ် အမြစ်ကို ကိုယ်စားပြု၏။
အမြင့်ဆုံးဖြစ်သည့် ဒဏ္ဍာရီလာ အဖြူရောင်စိတ်ဝိညာဥ်အမြစ်က အဆင့်ကိုးကို ကိုယ်စားပြု၏။
သို့ပေမယ့် ကြည်လင်နေသည့် စိတ်ဝိညာဥ်အမြစ်ကိုတော့ တစ်ခါမှ မကြားဖူးပေ။
“ကြည့်ရတာတော့ ငါစမ်းသပ်ခြင်းခန်းမ ကို သွားရအုန်းမယ်နဲ့တူတယ်။”
ဂျန်းဖန်းက ရေရွတ်လိုက်၏။
ဤကုန်းမြေတိုက်ကြီး၌ ကောင်းကင်ဘုံ စက်ယန္တရားခန်းမ လို့ခေါ်သည့် ရှေးဟောင်းစွမ်းအားတစ်ခုရှိ၏။ နာမည်ကြီး တိမ်စိမ်းဂိုဏ်းက ၎င်း၏ ဂိုဏ်းခွဲ ကိုးခုထဲ မှ တစ်ခုဖြစ်၏။
သူတို့က မြို့တိုင်း၌ စမ်းသပ်ရေးမျှောင်စင်တွေ တည်ဆောက် ထားကြ၏။
လူတိုင်းအတွက် အခမဲ့ စိတ်ဝိညာဥ်အမြစ် စစ်ဆေးဖို့ စီစဥ်ပေး၏။
ကောင်းမွန်သည့် စိတ်ဝိညာဥ်အမြစ် ရှိလျှင် စပ်သပ်ရေးမျှော်စင် သခင်မှ တစ်ဆင့် ဒေသခံဂိုဏ်းတစ်ခုကို ဝင်ရောက် နိုင်တာပဲ ဖြစ်သည်။
ဥပမာ, ရှုယင်းရင်း၏ စမ်းသပ်မှုက အဆင့် ၆ စိတ်ဝိညာဥ်အမြစ် ဖြစ်၏။ ထိုအရာကို တိမ်စိမ်းဂိုဏ်းအကြီးအကဲတစ်ယောက် က သတိထားမိသွားပြီး သူမကို ခြွင်းချက်အနေဖြင့်အစစ်အမှန်တပည့်အဖြစ် လက်ခံခဲ့၏။
ထိုအချက်အရ လူတစ်ယောက်၏ ပါရမီကသာ ပြိုင်ဘက်ကင်းနေလျှင် ကောင်းကင်ဘုံ စက်ယန္တရားခန်းမမှ တစ်စုံတစ်ယောက်ကို တောင် ဆွဲဆောင်နိုင်မှာပဲ ဖြစ်သည်။
သို့ပေမယ့် သတင်းတွေအရ အထီးကျန် လှေမြို့ မှာ စမ်းသပ်ရေးမျှော်စင် တည်ထောင်ကတည်းက မည်သူက ကောင်းကင်ဘုံ စက်ယန္တရားခန်းမကို တိုက်ရိုက်မဝင်ရောက်နိုင်သေးပေ။
ကောင်းကင်ဘုံ စက်ယန္တရားခန်းမကို ဝင်ရောက်ဖို့အတွက် လူတစ်ယောက်က ဂိုဏ်းကိုးခုထဲက တစ်ခု၌ သုံးနှစ် လေ့ကျင့်ရမည်ပဲဖြစ်သည်။ သူတို့ထဲက အထူးချွန်ဆုံးလူမှသာလျှင် ကောင်းကင်ဘုံ စက်ယန္တရားခန်းမက ရွေးခယ်ဖို့ အခွင့်အရေးရှိမည်ဖြစ်၏။
သူ၏ ကြည်လင်သည့် စိတ်ဝိညာဥ်အမြစ် က မည်သည့်အဆင့်ဖြစ်မည်ဆိုတာ သူက သိချင်နေခဲ့၏။
ထို့အခိုက်အတန့်၌…
လေဟာနယ်ရှေးဟောင်းသစ်ပင်၌ ကြီးမားကြည်လင်သည့် အသီးတွေနှင့် ပြည့်နှက်နေတာကို ဂျန်းဖန် ရုတ်တရက် သတိထားမိလိုက်၏။
အနိမ့်ဆုံးသစ်သီး၌ ကျင့်ကြံရေးနည်းလမ်း တစ်ခုကို ချိပ်ပိတ်ထားခဲ့သည်။
“အဆင့်မြင့် သိမ်မွေ့အဆင့် ကျင့်စဥ် - ‘နဂါးရှာဖွေခြင်းကျမ်း’”
ကျင့်စဥ်ပေါ်က အညွှန်းကို ဖမ်းပြီး ဂျန်းဖန် တုန်လှုပ်သွားခဲ့သည်။
အထီးကျန်လှေမြို့ ၏ စွမ်းအားကြီး ရှုမိသားစုမှာတောင် အမြင့်ဆုံးအနေဖြင့် အဝါရောင် အလယ်အလတ်အဆင့် သိုင်းကျမ်း တစ်ခုသာ ရှိ၏။ ထိုအရာက အထီးကျန်လှေမြို့တော်၌ ထိပ်တန်း သိုင်းပညာ ၁၀ခုထဲကို အဆင့်ဝင် တာပဲဖြစ်သည်။
ရှုမိသားစု၏ ကပ်ဘေးများစွာက အခြားလူတွေ ထိုသိုင်းကျမ်းကို လိုချင် တပ်မက်ကြလို့ပဲ ဖြစ်သည်။
အဆင့်မြင့် သိမ့်မွေ့အဆင့်သိုင်းကျမ်း တစ်ခုက ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်သွား စေဖို့ လုံလောက်၏။
သူက သစ်ပင်ဆီသို့ အပြေးအလွားသွား ပြီး သစ်သီးကို ခုန်ခူးဖို့ ကြိုးစားလိုက်၏။
သို့ပေမယ့် မမြင်ရသည့်အားတစ်ခုက သူ့ကို နောက်သို့ ပြန်တွန်းထုတ်လိုက်၏။
သတင်းအချက်အလက်တစ်ခုက သူ့စိတ်အာရုံထဲမှာ ပေါ်ထွက်လာခဲ့သည်။
“အခြေခံတည်ဆောက်ခြင်း အဆင့်မှ သာ အနိမ့်ဆုံးသစ်သီးကို ခူးယူနိုင်မယ်”
ထို့နောက် သူ့ရှေ့က အမှောင်ကမ္ဘာက တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီး သူနေတဲ့ သာမန်အခန်းထဲကို ပြန်ရောက်လာခဲ့သည်။
သူက တုန်လှုပ်နေခဲ့၏။ ယခုလေးတင် တွေ့ခဲ့ရသည့် အတွေ့အကြုံတွေက အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
သို့ပေမယ့် သူ့ဝမ်းဗိုက်ထဲက စိတ်ဝိညာဥ် အမြစ်က ထိုအရာတွေဟာ အစစ်အမှန်ဆိုတာ သက်သေပြနေခဲ့သည်။
“ နဂါးရှာဖွေရေးကျမ်း… အခြေခံတည် ဆောက်ခြင်းအဆင့်…”
ဂျန်ဖန်းက စိတ်လှုပ်ရှားစွာနှင့် သူ့နှုတ်ခမ်း ကို လျှာဖြင့်သပ်လိုက်၏။ သူက ခုချက်ချင်း အခြေခံတည်ဆောက်ခြင်း အဆင့်ကို ချိုးဖျက်ခြင်နေခဲ့သည်။
သူကနောက်ထပ် အချိန်မဖြုန်းတော့ပဲ ရှုအိမ်တော်မှ ထွက်ကာ စမ်းသပ်ခြင်း မျှော်စင်သို့ အလျှင်အမြန်သွားလိုက်၏။
ယခုချိန်က မနက်အစောကြီးပဲ ရှိသေးတာကြောင့် စမ်းသပ်ခြင်းမျှော်စင် မဖွင့်သေးပေ။
လူငယ်ယောက်ျားလေး၊ မိန်းခလေး အုပ်စုက သူတို့၏ စိတ်ဝိညာဥ်အမြစ်စမ်းသပ်ဖို့ စပ်သပ်ခြင်းမျှော်စင် အပြင်ဘက်၌ စောင့်ဆိုင်းနေခဲ့ကြသည်။
“ကျန်းအာ..ဒီနေ့က နောက်တစ်ကြိမ် စပ်းသပ်တာပဲ၊ စိတ်မလှုပ်ရှားပါနဲ့။ မျှော်စင်သခင်ပြောတာတော့ အရင်တစ်ကြိမ်တုန်းက မင်းစိတ်လှုပ်ရှား နေလို့ စွမ်းဆောင်ရည်နိမ့်ကျသွားတာတဲ့။”
ဝမ်ယင်ဖုန်းက လုကျန်းနှင့်အတူ မျှော်စင်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေ ခဲ့သည်။
“မင်းက အနည်းဆုံး အဆင့်သုံး ထိပ်တန်းအဆင့် ရသင့်တယ်။ ဒါပေမယ့် စိတ်လှုပ်ရှားနေ တာကြောင့် အဆင့်သုံး အလယ်အလတ် အဆင့်ပဲ ရခဲ့တယ်။”
“ဒီခြားနားမှုကြောင့် ရှုမိသားစုကနေ ငါ မင်းအတွက် ပိုများတဲ့ အရင်းအမြစ်တွေ ယူပေးဖို့ မသေချာတော့ဘူး။”
လုကျန်းက လေးလံစွာ ခေါင်းညိတ် လိုက်၏။
ရှုမိသားစု၏ အရင်းအမြစ်တွေက အကန့်အသတ်ရှိတာဖြစ်ပြီး အများစုက ရှုယင်းရင်းဆီကို ရောက်နေခဲ့၏။ ကျန်လူတွေကို ပါရမီအရ ခွဲဝေပေးတာပဲ ဖြစ်သည်။
ရှုမိသားစု၌ အဆင့်သုံး စိတ်ဝိညာဥ်အမြစ် များစွာ ရှိ၏။
အဆင့်နိမ့်လေလေ ရတဲ့ အရင်းအမြစ်က ပိုနည်းလေလေဖြစ်၏။
ထို့ကြောင့် ဤတစ်ချိန်စမ်းသပ်မှု၌ သူ၏ အစစ်အမှန်အဆင့်ကို ပြဖို့လိုအပ်တာပဲ ဖြစ်သည်။
“မင်းသာ ထိပ်တန်း အဆင့်သုံး စိတ်ဝိညာဥ်အမြစ်ရှိခဲ့ရင် ခြွင်းချက်အနေနဲ့ ရှုမိသားစု ဓားသိုင်းလေ့ကျင့်လို့ရအောင် ငါ ရှုမိသားစုကို စည်းရုံးပေမယ်။”
ဤတူလေးအတွက် ဝမ်းယင်ဖုန်းက အကုန်လုပ်ဖို့ဆန္ဒရှိ၏။ ရှုမိသားစု၏ အဓိကလျို့ဝှက်ချက်တွေ ပြင်ပလူဆီသို့ ပျံနှံ့ သွားမယ်ဆိုင်တောာင် လုပ်မှာဖြစ်၏။
ဘာ….
လုကျန်း အလွန်ပျော်ရွင်သွားခဲ့သည်။
ရှုမိသားစုဓားသိုင်းက အဝါရောင် အလယ်အလတ်အဆင့် သိုင်းကျမ်းဖြစ် ပြီး အထီးကျန်လှေမြို့၏ ထိပ်ဆုံး သိုင်းကျမ်းတစ်ခုဖြစ်၏။ ရှုမိသားစု အဓိက အဖွဲ့ဝင်တွေသာ ပိုင်ဆိုင်ခွင့်ရှိတာ ဖြစ်၏။
ရှုမိသားစု၌ ၁၀နှစ်ကြာ နေခဲ့ပြီးနောက် နောက်ဆုံးမှာသူက ၎င်းတို့၏ အဓိက သိုင်းပညာကို ထိတွေ့ခွင့်ရတော့မည် ဖြစ်၏။
သူစိတ်လှုပ်ရှားနေစဥ်မှာပဲ သူ့မျက်လုံး ထောင့်ကနေ ရင်းနှီးသည့် ပုံရိပ်တစ်ခုကို ဖျတ်ခနဲမြင်လိုက်ပြီး အံ့သြသင့်သွား ခဲ့သည်။
“ဂျန်ဖန်း… မင်းကဒီနေရာကို ဘာလာလုပ် တာလဲ”
ဂျန်ဖန်းက တည်ငြိမ်စွာနှင့် စာတစ်ကြောင်းရေးလိုက်၏။
“မင်းလိုပဲပေါ့…”
သူ့စွမ်းအား အဆင့်တစ်ခုထိ မရောက်သေးမခြင်း ရှုမိသားစုရဲ့ သံသယတွေကကင်းဝေးဖို့အတွက် သူက စကားမပြောဖို့ ဆုံးဖြတ်ထား၏။
“ငါ့လိုပဲ…။ ဟ..ဟ…”
လုကျန်းက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး အထင်သေးမှုတွေနှင့် ပြည့်နှက်နေခဲ့၏။
သူက ဒီနေရာကို ပိုမြင့်သည့် စိတ်ဝိညာဥ်အမြစ်အတွက် နောက်တစ်ကြိမ်စမ်းသပ်ဖို့ လာခဲ့ခြင်း ဖြစ်၏။
ဂျန်ဖန်းက အကြိမ်များစွာ စပ်းသပ်ဖူး၏။ နောက်ထပ်စပ်သပ်လို့ ဘာအဓိပ္ပာယ် ရှိမည်နည်း။
သူက ဂျန်ဖန်း၏ ပခုံးကို ပုတ်ကာ ခနဲ့တဲ့တဲ့ပြောလိုက်သည်။
“စိတ်ဝိညာဥ်အမြစ်က မွေးရာပါပဲ။ မင်းမှာ ရှိရင်ရှိတယ်ပေါ့…. မရှိတော့လည်း မရှိဘူးပေါ့…”
“သာမန်လူတစ်ယောက်လို အသက်ရှင်ရတာ ဘာများမကောင်းလို့လဲ။ မင်းမရနိုင်တဲ့ အရာတစ်ခုကို ဘာလို့များ မရမကလိုက်ရှာနေရတာလဲ။”
ဂျန်ဖန်းက တိတ်ဆိတ်စွာ သူ့လက်သီးဆုပ် လိုက်၏။
အခြားလူတွေ အမြင့်ကို တက်ပြီး စွမ်းအားကြီးသိုင်းပညာရှင်တွေ ဖြစ်နေစဥ် မှာ သူက ဘာကြောင့် သာမန်လူတစ်ယောက်ဖြစ်ဖို့ ကံပါလာရမည်နည်း။
ထိုအခိုက်အတန့်၌ တံခါးက ပွင့်လာခဲ့ သည်။
မျှော်စင်သခင်က ဒီအလုပ်ကို ဆယ်စုနှစ် ကြာ လုပ်ခဲ့သည့် လူအိုကြီး တစ်ယောက်ဖြစ်၏။ သူက အမူအရာကင်း မဲ့စွာနှင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ထုံးစံအတိုင်းပဲ ထူးချွန်တဲ့ အရည်အချင်း ရှိတဲ့လူတွေက ကျင့်ကြံရေးနည်းလမ်း တွေကို ဆုအဖြစ်ရလိမ့်မယ်။”
လူတိုင်းက ထူးမခြားနားစွာ ကြည့်လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုဆုတွေက သူတို့အတွက် နီးတောင်မနီးစပ်ပေ။
မကြာသေးခင် ဆယ်စုနှစ်အတွင်း ဆုရရှိသည့်သူက ရှုယင်းရင်တစ်ယောက်တည်းသာ ရှိ၏။
သူမက အဆင့်၆ စိတ်ဝိညာဥ်အမြစ် ရှိတာကြောင့် အဝါရောင်အဆင့်နိမ့် ကျင့်စဥ်နည်းလမ်းကို ရရှိခဲ့၏။
ထိုကျင့်စဥ်နှင့်အတူ ရှုယင်းရင်းက ခြောက်လတည်းနှင့် ချီကျင့်ကြံခြင်း အဆင့် ၈ ကို ရောက်ရှိခဲ့၏။
အဆင့်၆ စိတ်ဝိညာဥ်အမြစ်တောင်မှ အနိမ့်ဆုံးကျင့်စဥ်သာ ရရှိခဲ့၏။ ထို့ကြောင့် အခြားလူတွေက မျှော်လင့်ချက်ထားပြီး စိတ်အနှောက်အယှက်အဖြစ်မခံကြပေ။
သို့ပေမယ့် ဂျန်ဖန်း၏ မျက်လုံးတွေက တောက်ပနေခဲ့သည်။
“ကျင့်စဥ်တွေက လူတိုင်းရနိုင်တာလား…”