← Chapters

အကြီးအကျယ်နားလည်မှုလွဲခြင်း

Vol. 1 Ch. 4

အကြီးအကျယ်နားလည်မှုလွဲခြင်း

Vol. 1 Ch. 4

သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ချင်၏။ ထို့ကြောင့် သူ့မှာ ကျင့်စဥ်တစ်ခုရှိရမည်ဖြစ်၏။

ကျင့်စဥ်နည်းလမ်းက လူတစ်ယောက်၏ နယ်ပယ်တိုးတက်ဖို့အတွက် အထူးကျင့်ကြံရေးနည်းလမ်းဖြစ်၏။

ဓားသိုင်း၊ လက်သီးသိုင်း၊ အခြားတိုက် ခိုက်ရေးနည်းလမ်းတွေနှင့်ယှဥ်လျှင် ကျင့်စဥ်နည်းလမ်းတွေက ပိုအဓိကကျပြီး ပိုတန်ဖိုးကြီးတာပဲဖြစ်သည်။

ကျင့်ကြံသူတိုင်းက သူတို့၏ ကျင့်စဥ် နည်းလမ်းတွေကို ရတနာတစ်ခုအဖြစ် ဆက်ဆံကြပြီး အခြားသူတွေကို ထိခွင့်မပေးကြပေ။

သာမန်လူတွေအတွက် ကျင့်စဥ်နည်းလမ်း ရဖို့ စမ်းသပ်ရေးမျှော်စင်က တစ်ခုတည်း သော နေရာဖြစ်၏။ သို့ပေမယ့် ရရှိဖို့ကလည်း အလွန်ခက်ခဲ၏။

ဂျန်ဖန်းက ဆုလဒ်ကို ရယူဖို့ ယုံကြည်ချက် မရှိပေ။ အဆုံးမှာတော့ ကြည်လင်သည့် စိတ်ဝိညာဥ်အမြစ်က မည်သည့်အဆင့် လည်းဆိုတာ သူမသိပေ။

လူအုပ်က စပ်းသပ်မျှော်စင်ထဲကို ဝင်ရောက်သွားကြ၏။

မျှော်စင်ထဲ၌ များစွာသော အခန်းခွဲတွေ ရှိနေပြီး မျှော်စင်သခင်က ရှုမိသားစုမှ ဂျန်ဖန်းနှင့် လုကျန်းအတွက် ကပ်လျက်အခန်းတစ်ခု စီစဥ်ပေးလိုက်၏။

လုကျန်းက အလွန်ယုံကြည်ချက်ရှိနေခဲ့ သည်။ သူက ယဲ့ချန်းကို တစ်ချက် စောင့်ငှဲ့ ကြည့်လိုက်ကာ ပြုံးပြီးပြောလိုက်သည်။

“ပြီးကျရင် ငါ့ရဲ့ စိတ်ဝိညာဥ်အမြစ် အဆင့် ကို သိသွားရင် လန့်မသွားနဲ့အုန်းနော်”

ဤတစ်ချိန်၌ သူက ထိတ်တန်း အဆင့်သုံး စိတ်ဝိညာဥ်အမြစ် စမ်းသပ်နိုင်မည်ဟု ယုံကြည်ချက်ရှိတာပဲဖြစ်သည်။

ထို့ကြောင့် ရှုမိသားစု၌ သူ၏ အဆင့်အတန်းက နောက်တစ်ကြိမ် မြင့်မားလာမည်ပဲဖြစ်သည်။ ထိုအခါ ရှုရို့ရန်ကို လုယူဖို့က ပိုလွယ်ကူသွား ပြီဖြစ်၏။

ဂျန်ဖန်းက ပခုံးတွန့်ပြလိုက်ပြီး စာရွက်ပေါ် မှာ စာရေးပြလိုက်၏။

“စောင့်ကြည့်ကြတာပေါ့…”

သူမှာလည်း စိတ်ဝိညာဥ်အမြစ် ရှိ၏။ ထိုအရာက ကြည်လင်နေပေမယ့်လည်းပေါ့…

မျှော်စင်သခင်၏ ညွှန်ကြားမှုနှင့်အတူ လူတိုင်းက စမ်းသပ်မှုအခန်းတွေကို ဆက်တိုက်ဝင်ရောက်သွားကြ၏။

ထိုအရာက ဂျန်ဖန်း၏ လေးကြိမ်မြောက် ဖြစ်၏။

ကျောက်တုံးတစ်ခါးကို ပိတ်ပြီးနောက် အခန်းအလယ်မှာပေါလောပေါ်နေသည့် သလင်းကျောက်တိုင်ကို ကြည့်ပြီး စိတ်လှုပ်ရှားလာခဲ့သည်။

၎င်း၌ အရောင်ကိုးရောင်အမှတ်အသားရှိ ပြီး အဆင့်၁မှ ၉ထိ ကိုယ်စားပြု၏။

သိုင်းပညာရှင်တစ်ယောက် သူတို့လက်တွေကို ထိုအရာပေါ်၌ တင်လိုက်သည့်အခါ စိတ်ဝိညာဥ်အမြစ် အဆင့်ကို ညွှန်ပြသည့် အရောင်ကို ထုတ်ဖော်ပြသပေးမည်ပဲဖြစ်သည်။

စမ်သပ်မှုတွေက အလွန်တိကျပြီး တစ်ခါမှ မမှားဘူးပေ။

အသက်ပြင်းပြင်းရူလိုက်ပြီး ဂျန်ဖန်းက သလင်းကျောက်တိုင်နားကို ချည်းကပ်သွားပြီး သူ့လက်ကို တင်လိုက်သည်။

ဝှစ်!

သလင်းကျောက်တိုင်က ချက်ချင်းပဲ အနည်းငယ်တုန်ခါလာခဲ့သည်။

လှိုင်းတစ်ခုက အောက်ခြေကနေ တဖြည်း မြင့်တက်လာပြီး အနီရောင် အမှတ်အသား ကို ရောက်ရှိလာခဲ့သည်။ ထို့နောက် ရပ်တန့်ခြင်းမရှိပဲ လိမ္မော်ရောင် ဆီကို ဆက်တက်သွားခဲ့သည်။

ဂျန်ဖန်း အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

ထိုကြည့်လင်သည့် စိတ်ဝိညာဥ်အမြစ်က အဆင့်မရှိသည့် အမှိုက်အမြစ်ဖြစ်နေ မှာကို သူအမြဲစိုးရိမ်နေခဲ့၏။

မကြာမီ, လှိုင်းက အဝါရောင်အမှတ်အသားသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် အစိမ်းရောင်ကို အလျှင်အမြန်ပဲ ရောက်ရှိသွား၏။

အစိမ်းရောင်က အဆင့်၄ စိတ်ဝိညာဥ်အမြစ်ကို ကိုယ်စားပြုပြီး လုကျန်း၏ စိတ်ဝိညာဥ်အမြစ်ထက် သာလွန်နေခဲ့သည်။ ထိုအရာက အထီးကျန်လှေမြို့၌ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်အမြစ်ဖြစ်၏။

သို့ပေမယ့် လှိုင်းက ရပ်တန့်မည့်အရိပ်အယောင် မပြသေးပေ။

၎င်းက အပြာရောင်ကို ကျော်ကာ မိုးပြာရောင်ကို ရောက်ရှိသွားခဲ့သည်။

ဂျန်ဖန်း၏ နှလုံးသားက အပြင်းအထန် ခုန်ပေါက်နေပြီး လက်သီးဆုပ်လိုက်၏။

အဆင့် ၆ စိတ်ဝိညာဥ်အမြစ်…. ထိုအရာက ရှုယင်းရင်း၏ အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။

သို့ပေမယ့် လှိုင်းက မရပ်တန့်သေးပေ။

ခရမ်းရောင်… အဆင့် ၇

အနက်ရောင်… အဆင့် ၈

ယဲ့ချန်းက အလွန်စိတ်လှုပ်ရှားနေပြီး အာခေါင်ခြောက်လာခဲ့သည်။

အဆင့် ၈….

သူက အမှန်တကယ်ပဲ အဆင့် ၈ ရခဲ့၏။ ထိုအရာက အထီးကျန်လှေမြို့၏ အမြင့်ဆုံးမှတ်တမ်းကို ချိုးဖြတ်သွားပြီး ဖြစ်၏။

ဝှစ်!

လှိုင်းက ရပ်တန့်မသွားသေးပဲ အမြင့်ဆုံး အမှတ်အသားဖြစ်သည့် အဖြူရောင် ထိပါရောက်ရှိသွားခဲ့သည်။

အဆင့် ၉… ထိုအရာက အဆင့် ၉ ဖြစ်၏။

ဂျန်ဖန်း၏ မျက်ခွံ့တွေက ကျုံ့သွားပြီး သူ့မျက်လုံးတွေက ထိန်းချုပ်မရသည့် ပျော်ရွင်မှုတွေနှင့် ပြည့်နှက်နေခဲ့၏။

သူက အမှန်တကယ်ပဲ အရင်က တစ်ခါမှ မရှိဖူးသည့် အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ရှိခဲ့၏။

ထိုအရာက ဒဏ္ဍာရီလာအဆင့် ဖြစ်၏။

သို့ပေမယ့်…

လိုင်းက ရပ်တန့်မသွားသေးပဲ ဆက်လက် မြင့်တက်နေခဲ့သည်။

သလင်းကျောက်တိုင်၏ အဆုံး၌ အမှတ်အသားမရှိသည့် နေရာကျယ်ကြီး ရှိ၏။

သို့ပေမယ့် လှိုင်းက ဆက်လက်မြင့်တက် သွားပြီး နောက်ဆုံးမှာ ကျောက်တိုင်အပြင် ဘက်ကို ရောက်ကာ အခန်းအပြင်ဘက်ကို ပျံသန်း သွားခဲ့သည်။

ဂျန်ဖန်း အတော်လေး အံ့အားသင့်သွား ခဲ့သည်။

သူ့မှာရှိတာ ဘာစိတ်ဝိညာဥ်အမြစ်အမျိုးအစားလဲ…

သူက စမ်းသပ်လို့ပြီးစီးသွားပေမယ့် မပြီးသေးပုံပေါ်နေ၏။

အလင်းလှိုင်း သလင်းကျောက်တိုင် အပြင်ဘက်ကို ထွက်ခွာသွားချိန်…

ဘေးချင်းကပ်အခန်း၌…

လုကျန်းက သလင်းကျောက်တိုင်မှာ ပိုနှေးနှေးလာသည့် အလင်းလှိုင်းကို ကြည့်နေခဲ့၏။ ၎င်းက ခရုတစ်ကောင် နံရံပေါ်တက်နေသကဲ့သို့ ဖြစ်နေပြီး နောက်ဆုံး အဆင့်သုံး အလယ်အလတ်နှင့် ထိပ်တန်းအဆင့်ကြားမှာ ရပ်တန့်သွားသည့်အခါ လုကျန်းမျက်နှာက အရုပ်ဆိုးသွားခဲ့သည်။

“မြင့်တက်စမ်း….လုပ်စမ်းပါ… တက်လာစမ်းပါ… သေစမ်း”

လုကျန်းက သလင်းကျောက်တိုင်ကို ဒေါသထွက်စွာနှင့် ထုရိုက်နေပြီး စိတ်ပျက် စွာ အော်ဟစ်လိုက်၏။

သူက ထိပ်တန်းအဆင့်သုံးကို ရောက်မည်ဟု အသေအချာတွေးထားသော်လည်း ကပ်သီလေးလိုအပ်နေခဲ့၏။

သူက ရှုမိသားစု၏ အရင်းအမြစ်တွေကို မရရှိတော့ဘူးဟု ထိုအရာက ဆိုလိုနေ၏။ ဝမ်းယင်ဖုန်း ကတိပေးထားသည့် ရှုမိသားစု ဓားသိုင်းကိုလည်း မရတော့ပေ။

ထိုအခိုက်အတန့်၌…

ဂျန်ဖန်း သလင်းကျောက်တိုင်မှ အလင်းလှိုင်းက သူ့အခန်းထဲမှ ထွက်သွားကာ လုချန်း၏ အခန်းကို ဖြတ်သန်းသွားခဲ့သည်။

ထိုစွမ်းအားက လုချန်း၏ သလင်းကျောက်တိုင်က အလင်းလှိုင်းကို လှုံ့ဆော်လိုက်ပြီး နောက်တစ်ကြိမ် မြင့်တက်သွားစေခဲ့သည်။

အလင်းလှိုင်းက အစိမ်း၊ အပြာ၊ မိုးပြာရောင်၊ ခရမ်း၊ အနက်… စတာတွေကို ကျော်တက်သွားခဲ့သည်။

နောက်ဆုံးမှာတော့ ၎င်းက ဖြည်းညင်း စွာနှင့် အဖြူရောင်အမှတ်သားကို ရောက်ရှိသွားခဲ့သည်။

အဖြူရောင်အလင်းတန်းက ပိုပိုပြီး တောက်ပလာခဲ့သည်။

မျှော်စင်သခင်က ဝါးကုလားထိုင်ပေါ်မှာ လဲလျောင်နေပြီး တစ်ဖက်က ခဲတံတစ်ချောင်းကို ကိုင်ကာ အခြားတစ်ဖက်က စာရင်းစာအုပ်ပေါ်ကို ပျင်းရိစွာ တစ်ဒေါက်ဒေါက် တောက်နေခဲ့သည်။

ထိုအချိန်၌ အခန်း ၃ ၏ ကျောက်တုံးတံခါး က ပထမဆုံးပွင့်လာပြီး ဖျော့တော့သည့် အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွတ်လိုက်၏။

သူက မှတ်တမ်းစာအုပ်ထဲက အခန်း ၃ ကို ကြည့်လိုက်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

“အခန်း ၃, ကျူးမိသားစုရဲ့ ကျူးတင်တင်- ပထမအဆင့် အဆင့်နိမ့် စိတ်ဝိညာဥ်အမြစ်”

မကြာမီ, အခြားအခန်းတွေလည်း တစ်ခုပြီးတစ်ခု ပွင့်လာခဲ့သည်။

“အခန်း ၇, ယုဝမ်တုန်- လျိုမိသာစု ကုန်သွယ်ရေး၏ အမွေခံ… ပထမအဆင့် အဆင့်မြင့် စိတ်ဝိညာဥ်အမြစ်”

“အခန်း ၁, ချန်အိမ်တော်ရဲ့ သခင်လေး ကျန်းရှန်းကျူး- ပထမအဆင့် အဆင့်နိမ့် စိတ်ဝိညာဥ်အမြစ်”

…..

အခန်းများစွာရဲ့ ရလဒ်တွေကို မှတ်တမ်းတင်ပြီးနောက် မျှော်စင်သခင်က သူ့ခေါင်းကို ထပ်ခါထပ်ခါ ခါယမ်းလိုက်၏။

“ဟူး… အထီးကျန်လှေမြို့က တစ်နှစ်ပြီး တစ်နှစ် ကျဆင်းလာပြီပဲ”

“မကြာသေးခင်က အဆင့်၆ စိတ်ဝိညာဥ် အမြစ်ရှိတဲ့ ရှုယင်းရင်းကြောင့်သာ မဟုတ်ရင် စပ်သပ်ရေးမျှော်စင်က ဖျက်သိမ်းရလိမ့်မယ်။”

ရုတ်တရက်, လုကျန်းအခန်း၏ ကျောက်တုံးတံခါးကြားက အဖြူရောင် အလင်းတန်း ထွက်ပေါ်လာခဲ့သည်။

မျှော်စင်သခင်က သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ပဟေဠိ ဖြစ်စွာ ကြည့်လိုက်၏။

“အဖြူရောင်…. သလင်းကျောက်တိုင် ပေါ်မှာ အဖြူရောင်ကိုယ်စားပြုတာက…”

ဘုန်း!

သူက ထရပ်လိုက်၏။ သူ့လှုပ်ရှားမှုအားက ဝါးကုလားထိုင်ကို ပေဒါဇင်ပေါင်းများစွာ လွင့်ထွက်သွားစေခဲ့သည်။

လုချန်း၏အခန်းမှ ထွက်ပေါ်လာသည့် ပိုပိုတောက်ပလာသည့် အဖြူရောင် အလင်းတန်းကို ကြည့်ပြီး သူ၏ အသက်ကြီးတဲ့မျက်နှာက အကြီးအကျယ်တုန်လှုပ်နေခဲ့သည်။ သူက အံ့အားသင့်စွာနှင့် စကားလုံးလေးလုံးကို ရေရွတ်လိုက်၏။

“အဆင့်၉…. ထွက်ပေါ်လာပြီ”

သူပြောပြီးသည်နှင့် အဖြူရောင်အလင်း တန်းက တောက်လောင်နေသည့် နေတစ်စင်းကဲ့သို့ ရုတ်တရက် ပိုမိုတောက်ပလာပြီး စမ်းသပ်ရေး မျှော်စင်တစ်ခုလုံးကို အဖြူရောင် ပြောင်းသွားစေခဲ့သည်။

မျှော်စင်က အဖြူရောင်အလင်းတန်းကို ထိန်းမထားနိုင်ပဲ ၎င်းက ကောင်းကင်ထက် ကိုထက်ပျံတက်သွားကာ တိမ်တွေဆီသို့ ထိုးဖောက်သွားခဲ့သည်။

ရှုမိသားစု…

ရှုယင်းရင်းက ကျင့်ကြံရေးပြီးစီးသွားခဲ့ သည်။ သူမပတ်လည်၌ စိတ်ဝိညာဥ်စွမ်းရည်တွေ ဝန်းရံနေပြီး သူမမျက်လုံးတွေက စူးရှတောက်ပနေခဲ့ သည်။

သူမဘေး၌ ရှုကျန်းယန်က ဂုဏ်ယူစွာ ကြည့်နေခဲ့သည်။

“ယင်းရင်, မင်းက ချီကျင့်ကြံခြင်း အဆင့် ၉ ကို ချိုးဖြတ်သွားပြီ။ ဒီလောက်ငယ်တဲ့ အရွယ်နဲ့ ဒါက ငါတို့ အထီးကျန်လှေမြို့ မှာ အရင်က တစ်ခါမှ မရှိဖူးဘူး။”

ရှုယင်းရင်၏ မျက်ခုံးတွေမှာ ဂုဏ်ယူမှု တွေရှိနေခဲ့သည်။

“အဆုံးမှာတော့, အဆင့်၆ စိတ်ဝိညာဥ်အမြစ်နဲ့ ကျင့်ကြံရေး ဒီလောက်မြန်တာ အံ့သြစရာမရှိပါဘူး။”

“ငါ တိမ်စိမ်းဂိုဏ်းကို ရောက်လို့ အဝါရောင် အလယ်အလတ်, အဆင့်မြင့် ကျင့်စဥ်တွေသာ ရရင် ငါ့ကျင့်ကြံရေးက ဒီထက်တောင်ပိုမြန်လိမ့်အုန်းမှာ….”

ရုတ်တရက်, သူမက သူမ၏ မျက်လုံးထောာင့်ကနေ အဖြူရောင် အလင်းတန်းတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရ၏။

“အဖေ… အဲ့ဒါဘာလဲ”

ရှုကျန်းယန်လည်း အဖြူရောင်အလင်း တန်းကို ကြည့်ပြီး တုန်လှုပ်စွာနှင့် ပြောလိုက်သည်။

“ဒါက စမ်းသပ်ရေးမျှော်စင်ကပဲ”

“ကမ္ဘာအဆင့် စိတ်ဝိညာဥ်အမြစ် ထွက်ပေါ်လာတာလား…”

“ငါမင်းအဘိုးဆီကကြားဖူးတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အိမ်နှီးချင်းပိုင်ယွင်မြို့မှာ စိတ်ဝိညာဥ်အမြစ်အဆင့် ၈နဲ့ ပါရမီရှင် တစ်ယောက်ပေါ်ထွက်လာခဲ့တယ်တဲ့။ စမ်းသပ်နေစဥ်အတောအတွင်းမှာ အနက်ရောင်အလင်းတန်းက ကောင်းကင် ထက်ကို ထိုးတက်သွားပြီး အခုငါတို့မြင်ရတဲ့အတိုင်းပဲတဲ့။”

အနက်ရောင်အလင်းတန်းက အဆင့် ၈ ကို ကိုယ်စားပြု၏။

ဒါဆို အဖြူရောင်အလင်းတန်းက အဆင့် ၉ ဖြစ်ရမည်ပဲဖြစ်သည်။

ရှုယင်းရင်က အဖြူရောင်အလင်းတန်း ကို ကြည့်ပြီး ယုံဖို့ခက်ခဲနေခဲ့သည်။ သူမက သူမ နှုတ်ခမ်းကို အမှုမဲ့အမတ်မဲ့ ကိုက်လိုက်မိ၏။

ပါရမီရှင်တစ်ယောက်အနေဖြင့် အထီးကျန်လှေမြို့၌ သူမထက် ပိုအားကောင်းသည့် စိတ်ဝိညာဥ်အမြစ် ရှိတဲ့ တစ်စုံတစ်ယောက်ရှိတာကို လက်မခံနိုင်ပေ။

ထို့ပြင် ဤအရာက အများကြီးပို မြင့်နေခဲ့သည်။

တဖြည်းဖြည်းမှိန်လာသည့် အလင်းတန်း ကို ကြည့်ပြီး သူမကအံကြိတ်လိုက်၏။ သူမက သူမ၏ဓားကို ပစ်ချပြီး စမ်းသပ်ရေးမျှော်စင်ဆီသို့ အပြေးသွား တော့သည်။

“ဒါဘယ်သူလဲဆိုတာ ငါကြည့်ရမယ်…”

ရှုကျန်းယန်က သူမ၏အမူအရာအတွက် စိတ်မပူပေ။ သို့ပေမယ့် သူလည်း ထို အံ့ဖွယ်ပါရမီရှင်အကြောင်းကို အတာ်လေး သိချင်နေခဲ့သည်။

ထို့ကြောင့် သူမနောက်ကနေ အပြေးလိုက် သွားခဲ့သည်။

အဖြူရောင်အလင်းတန်းထွက်ပေါ်လာမှု ကြောင့် အထီးကျန်လှမြို့ တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။

မရေမတွက်နိုင်သည့် သိုင်းပညာရှင်တွေက စမ်းသပ်ရေးမျှော် စင်သို့ အပြေးအလွားသွားကြ၏။ သူတို့က နှစ်ပေါင်းရာပေါင်းများစွာမှာ တစ်ခါသာ မြင်ရသည့် ထိုမြင်ကွင်းကို မြင်ရဖို့ စိတ်အားထက်သန်နေခဲ့ကြသည်။

သူတို့ကြား၌ သေပြီထင်တာကြာပြီ ဖြစ်သည့် ကလန်ခေါင်းဆောင်အိုကြီး တွေတောင်ပါဝင်တာပဲ ဖြစ်သည်။ သူတို့က ထို ပါရမီရှင်ကို တွေ့ရဖို့ လူရှေ့ထွက်လာခဲ့ကြသည်။

အပြင်ဘက်ကမ္ဘာက ကသောင်းကနင်း ဖြစ်နေခဲ့၏။

စမ်းသပ်ရေးမျှော်စင်အတွင်း၌လည်း အုတ်အုတ်ကျက်ကျက်ဖြစ်နေခဲ့၏။

စမ်းသပ်ရေးခန်းထဲက သိုင်းပညာရှင်တွေ က သူတို့အခန်းထဲမှ အလျှင်အမြန်ထွက်ကာ လုကျန်း တံခါးဝ မှာ စုဝေးနေကြပြီး အတော်လေး တုန်လှုပ်နေခဲ့ကြသည်။

မျှော်စင်သခင်က အလွန်အမင်း စိတ်လှုပ် ရှားနေပြီး မရပ်တန်း ရေရွတ်နေခဲ့သည်။

“ဒဏ္ဍာရီပဲ… ငါ ဒဏ္ဍာရီတစ်ခုကို မျက်မြင် တွေ့နေရတာပဲ”

“ငါ့ဘဝမှာ ဒဏ္ဍာရီလာ အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်ကို အမှန်တကယ် မြင်တွေ့ဖူးပြီ”

“ဒါက ငါတို့ ကောင်းကင်ဘုံ စက်ယန္တရားခန်းမ ခန်းမသခင်ရဲ့ စိတ်ဝိညာဥ်အမြစ်နဲ့ အတူတူပဲ။”

လူငယ်တစ်ယောက်က လက်သီးဆုပ် လိုက်ပြီး မနာလိုစွာနှင့် ပြောလိုက်သည်။

“မျှော်စင်သခင်, အဆင့်ကိုးက တကယ်ပဲ အသန်မာဆုံးလား”

မျှော်စင်သခင်က သူကို တစ်ချက်ကြည့် လိုက်ပြီး နာမှုတ်လိုက်၏။

“အဓိပ္ပာယ်မရှိတာ… သေချာပေါက် အဆင့်ကိုးက အသန်မာဆုံးပေါ့…”

တစ်စုံတစ်ခုကို ပြန်သတိရပုံပေါ်ပြီး သူက ခဏရပ်တန့်သွားကာ မသေချာစွာနှင့် ပြောလိုက်သည်။

“အဆင့်ကိုးကို ကျော်လွန်နေတဲ့ စိတ်ဝိညာဥ်အမြစ်တစ်မျိုးတော့ ရှိတယ်။”

All Chapters