အတုယောင် နဂါးအင်ပါယာ
Vol. 1 Ch. 5
“အဲ့ဒါကို အနန္တအမြစ် လို့ခေါ်တယ်”
“ဒဏ္ဍာရီတွေအရတော့ အဲ့ဒါက အရိပ်မရှိ အရောင်မရှိတဲ့”
“အဲ့ဒီ စိတ်ဝိညာဥ်အမြစ်က အဆင့်ကိုးထက် ၁၀ဆ အဆ ၁၀၀ လောက် ပိုသန်မာတယ်။”
“ဒါပေမယ့် အဲ့လိုစိတ်ဝိညာဥ်အမြစ်မျိုးက ဒဏ္ဍာရီထဲမှာပဲရှိတယ်။ တကယ့် လက်တွေ့ မှာ မရှိဘူး။”
“ဘာလဲ, မင်းမှာ အနန္တအမြစ်ရှိတယ်လို့ ထင်နေတာလား”
မျှော်စင်သခင်က လှောင်ပြောင်ပြောလိုက် ၏။
“အဆင့်ကိုးက မင်းတစ်ဘဝလုံး မော့ကြည့်ရမယ့် တည်ရှိမှုမျိုးပဲ။ အဆင့် ကိုး ပါရမီရှင်ကို တွေ့ရမယ့် အခွင့်အရေးကို ကောင်းကောင်းတန်ဖိုး ထားစမ်းပါ။”
“သူသာ ကြီးပြင်းလာရင် မင်း သူ့ဆီကနေ အကြည့်တစ်ချက်တောင် ရဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။”
ထိုအရာကို ကြားသည့်အခါ လူငယ်က ခါးသီးမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။
လူတစ်ယောက်၏ ပါရမီက သူတို့ အနာဂတ်အဆင့်အတန်း မြင့်တက်မလား နိမ့်ကျမလားဆိုတာကို ဆုံးဖြတ်ပေး၏။
တစ်ယောက်က ကောင်းကင်က အစစ်အအမှန်နဂါးတစ်ကောင် ဖြစ်ပြီး အခြားတစ်ယောက်ကတော့ မြေကြီးပေါ်က ပုရွက်ဆိတ်တစ်ကောင် ဖြစ်၏။
ဤကဲ့သို့နှိုင်းယှဥ်မှုမျိုးက ရက်စက်လွန်းလှ၏။
ဘေးခန်းမှာရှိသည့် ဂျန်ဖန်းက သဘာဝ အတိုင်း ဤရုတ်ရင်းဆန်ခတ်အခြေအနေ ကို သတိထားမိ၏။
“မဖြစ်နိုင်တာ… လုကျန်းမှာ အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်ရှိတယ်တဲ့လား”
ဂျန်ဖန်း၏ မျက်နှာက အံ့အားသင့်နေ ခဲ့သည်။ သူ့မှာသာ ထိုကဲ့သို့ ခွန်အားမျိုးရှိ လျှင် ရှုမိသားစု၏ အရင်းအမြစ်တွေကို ၁၀နှစ်ကြာ အသုံးပြုခဲ့တာတောင့် အဆင့် ၆ ရှုယင်းရင်းထက် အဘယ်ကြောင့် နိမ့်ကျနေရသနည်း။
သူတွေးနေစဥ်မှာပဲ သူ၏ သလင်းကျောက် တိုင်က နောက်တစ်ကြိမ်တုန့်ပြန်လာ တာကို သတိထားမိ၏။
ကျောက်တိုင်ထဲကနေ အလင်းလုံးတစ်ခု ပျံသန်းထွက်လာပြီး သူ့ရှေ့ကို ရောက်လာ ခဲ့၏။
အလင်းတန်းပြောက်ကွယ်သွားသည့်အခါ ထိုအရာက ကျင့်ကြံရေးနည်းလမ်းနှစ်ခု အဖြစ်ပြောင်းလဲသွားခဲ့သည်။
“အို… ဒီဆုလဒ်တွေက ငါအတွက်လား”
ဂျန်ဖန်း အလွန်ပျော်ရွင်သွားခဲ့သည်။
သူက လျှင်မြန်စွာပဲ သူတို့ကို ယူလိုက်ပြီး အနီးကပ်ကြည့်ရှုလိုက်၏။
တစ်ခုက သန့်စင်လေကျမ်း လို့ခေါ်သည့် အဝါရောင်အဆင့်မြင့် ကျင့်စဥ် တစ်ခုဖြစ်၏။
နောက်တစ်ခုက ကြယ်ခုနှစ်စင်း ဓားသိုင်း အဝါရောင်အဆင့်မြင့် သိုင်းကျမ်းတစ်ခု ဖြစ်၏။
အထီးကျန်လှေမြို့၌ရှိသည့် အမြင့်ဆုံး သိုင်းကျမ်းက အဝါရောင် အလယ်အလတ်အဆင့်ဖြစ်၏။
သူက မမျှော်လင့်စွာနှင့် အဝါရောင်အဆင့် မြင့် နည်းလမ်းနှစ်ခုကို တစ်ပြိုင်နက်တည်း ရရှိခဲ့၏။
ပိုအရေးကြီးတာက သူတို့ထဲက တစ်ခုက သူအရေးတကြီးလိုအပ်နေသည့် ကျင့်စဥ် နည်းလမ်းဖြစ်၏။
“ဒီလိုမြင့်မားတဲ့ ဆုလဒ်မျိုးရတယ်ဆိုတော့ ငါက ဘယ်အဆင့်မှာရှိတာလဲ။”
ဂျန်ဖန်း မအံ့သြပဲ မနေနိုင်ပေ။
ရှုယင်းရင်းက အဆင့် ၆ စိတ်ဝိညာဥ်အမြစ် နှင့် အဝါရောင်အဆင့်နိမ့် ကျင့်စဥ်နည်း လမ်းကို ရရှိခဲ့၏။
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် ဤနည်းလမ်း နှစ်ခုနှင့် ဖောက်ထွင်းမြင်ရသည့် စိတ်ဝိညာဥ်အမြစ်နှင့်ဆိုလျှင် သူက အချိန်တိုအတွင်း အလျှင်အမြန်တိုးတက် လာလိမ့်မှာဖြစ်၏။
သူက ကျင့်စဥ်တွေကို သိမ်းလိုက်ကာ ကျောက်တုံးတံခါးကို ဖွင့်လိုက်၏။
တံခါးဖွင့်လိုက်သည့် ကျယ်လောင်တဲ့ အသံက မရေမတွက်နိုင်သည့် ကြည့်ရှုသူ တွေကို ဆွဲဆောင်သွားခဲ့သည်။
“ဒါက ဂျန်ဖန်းပဲ… သူကငါ့ကို ခြောက်နေ တာပဲ။ ငါက လုကျန်းထွက်လာပြီ ထင်နေတာ။”
“ဂျန်ဖန်းရဲ့ စမ်းသပ်မှုက ဒီတစ်ချိန်လည်း ထပ်ပြီး ဘာစိဝိညာဥ်အမြစ်မှ မပြဘူးလား”
“အာလား… နံရံလေးတစ်ခုပဲခြားပေမယ့် တစ်ယောက်က ပြိုင်ဘက်ကင်း အဆင့်ကိုး၊ နောက်တစ်ယောက်က စိတ်ဝိညာဥ်အမြစ်မရှိဘူးတဲ့။ ခြားနားချက်က မိုးနဲ့မြေလိုပဲ။”
“ရှုမိသားစုက အံ့ဖွယ်နေရာပဲ။ ၁၀ နှစ် အတွင်းမှာ အမှိုက်တစ်ကောင်နဲ့ ပြိုင်ဘက် နဂါးတစ်ကောင်ကို မွေးထုတ်ပေးလိုက် တယ်။ ဟ…ဟ…”
ဂျန်ဖန်းက မျက်မှောင်ကြုတ်လိုက်၏။
သူက သူတို့နှင့် ငြင်းခုန်ချင်၏။ သို့ပေမယ့် သူက သေချာစဥ်းလိုက်ပြီးနောက် သူတို့နှင့်ပတ်သက်၍ ဘာလို့ စိတ်အနှောက်အယှက်ဖြစ်ခံရမည်နည်း။
သူက ယခု တစ်ယောက်တည်းဖြစ်၏။ သူ့အကြောင်းတွေ လူတွေသိသွားလျှင် ထိုအရာက ကြီးမားသည့်ပြဿနာကြီးတွေ ယူဆောင် လာမည်ပဲဖြစ်သည်။
ထို့ကြောင့် သူကတည်ငြိမ်သည့် အပြုံးတစ်ခုနှင့် တုန့်ပြန်လိုက်၏။
“ဂျန်ဖန်း, နင်လည်းဒီနေရာမှာရှိနေတာလား။ အထဲက အခြေအနေတွေကကော ဘယ်လိုရှိလဲ။”
ရှုယင်းရင်းနှင့် ရှုကျန်းယန်တို့ ရောက်လာကြပြီး ဂျန်ဖန်းလည်း လာစပ်းသပ်တာကို သတိထားမိလိုက်၏။
ရှုယင်းရင်းက သူမ၏ အနီရောင် နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး အလျှင်အမြန်ပြောလိုက်သည်။
ဂျန်ဖန်းက တည်ငြိမ်စွာပဲ စာတစ်ကြောင်း ရေးလိုက်သည်။
“လုကျန်းရဲ့ စမ်းသပ်မှုက အဆင့်ကိုး စိတ်ဝိညာဥ်အမြစ် ပြနေတယ်”
ဘာ…
ရှုယင်းရင်း၏မျက်နှာက ဖြူဖျော့ သွားပြီး နောက်ကို ခြေလမ်းအနည်းငယ်ဆုတ် သွားခဲ့သည်။ သူမက ထိုအရာကို မယုံကြည်နိုင်ပေ။
“မဖြစ်နိုင်ဘူး… ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး…”
အဆင့်ကိုး ပါရမီရှင်က အမှန်ကတယ် မွေးဖွားလာခဲ့ပြီလား….
ဒါ့အပြင် သူက သူတို့မိသားစု၏ မွေးစားသားဖြစ်၏။
သူမ၏မာနက ထိုအချက်ကို လက်မခံနိုင်ပေ။ သူမ၏ မျက်လုံးထဲ၌ မျက်ရည်တွေဝဲလာခဲ့သည်။
ဂျန်ဖန်းက တိတ်တဆိတ် သက်ပြင်းချလိုက်၏။ လုကျန်း၏ စိတ်ဝိညာဥ်အမြစ်စမ်းသပ်မှုနှင့် ပတ်သက်၍ ပြဿနာတစ်ခုရှိမယ်လို့ သူအမြဲခံစားနေရ၏။ ထို့ကြောင့် သူက သူမကို နှစ်သိမ့်ဖို့ စာတစ်ကြောင်းရေးလိုက်၏။
“စိတ်အေးအေးထားပြီး ဆက်ကျင့်ကြံပါ။ အနာဂတ်ကို စောင့်ကြည့်ကြတာပေါ့…”
ရှုယင်းရင်းက ထိုအရာကို တစ်ချက်ကြည့် လိုက်ပြီး ဂျန်းဖန်က သူမကို လှောင်ပြောင်နေတယ်လို့ခံစားလိုက်ရ၏။
“ငါငိုနေတာမြင့်တော့ နင်က ဝမ်းသာနေ တာမလား…”
“နင့်နဲ့လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်လို့ ဝဋ်လည်တယ်လို့ နင်တွေးနေတာမလား…”
“ဘာပဲဖြစ်ဖြစ် ငါက အဆင့် ၆ ပါရမီရှင်ပဲ။ နင့်လို အအကောင်အမှိုက်ထက် အဆတစ်ရာ၊ အဆတစ်ထောင် သာတယ်။”
ဂျန်ဖန်း ဆွံ့အသွားခဲ့သည်။
သူမက ဒေါသထွက်နေ၏။ သို့ပေမယ့် ဘာကြောင့် သူ့အပေါ်လာပုံချနေရသည် နည်း။
ထိုအချိန်၌, မျှော်စင်သခင်က ရှုကျန်းယန်၏ ရောက်ရှိလာမှုကို သတိထားမိလိုက်၏။ သူက အလွန်ကြင်နာသည့်အပြုံးတစ်ခုနှင့် အလျှင်အမြန်ပဲပြေးလာခဲ့၏။
“ညီအကိုရှု….ဂုဏ်ယူပါတယ်… ဂုဏ်ယူပါတယ်….”
ရှုကျန်းယန် မြှောက်တက်သွားခဲ့သည်။
မျှော်စင်သခင်က များသောအားဖြင့် အခြားလူတွေကို ဘယ်သောအခါမှ မျက်နှာသာမပေးပေ။ မြို့သခင်ကိုတောင် မှ အနည်းငယ်သာ ပြုံးပြတာပဲဖြစ်သည်။
ရုတ်တရက်သူ့ကို အလွန်ကြင်နာစွာဖြင့် ညီအကိုရှုလို့ခေါ်လိုက်သည့်အခါ သူက လေပေါ်မှာ လမ်းလျှောက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။
ထို့နောက် အထီးကျန်မြို့၏ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည့် မြို့သခင် ယဲ့ဂျိဖုန်းက လက်သီးလက်ဝါးဆုပ်ကာ ပြောလိုက်၏။
“ရှုမိသားစုခေါင်းဆောင်… ဂုဏ်ယူပါတယ်။ ရှုမိသားစုက နဂါးတစ်ကောင်ကို မွေးထုတ်ပေးလိုက် ပြီ။”
ယဲ့ဂျိဖုန်း၏ ပြုံးနေသည့် မျက်နှာကို မြင်သည့်အခါ ရှုကျန်းယန်က အိပ်မက်မက်နေသကဲ့သို့တောင် ခံစားလိုက်ရ၏။
တစ်ခါတုန်းက သူက လက်ဆောင်တွေ အများကြီးနှင့် ယဲ့ဂျိဖန်းဆီသို့ အလည်သွားခဲ့ပေမယ့် ထွက်မတွေ့ခဲ့ပေ။
ယခု သူက မနာလိုမှုတွေနှင့်အတူ ကောင်းမွန်သည့် စိတ်ထားကို အတင်းလာပြနေ၏။
ရှုကျန်းယန် လေးလေးစားစား ဆက်ဆံရမည့် သီးခြားနေထိုင်တဲ့ မကောင်းဆိုးရွားအိုကြီး တွေလည်း ကြင်ကြင်နာနာနှင့် ချည်းကပ်လာကြ၏။ သူတို့က သူတို့ဘိုးဘေးတွေနှင့် ရှုမိသားစုကြားက ဆက်နွယ်မှုတွေ အကြောင်း ပြောလာကြ၏။
ထိုအရာက ကျဆင်းမှေးမှိန်နေသည့် ရှုမိသားစုဟာ နေ့ချင်းညချင်း အထီးကျန်လှေမြို့၏ နံပါတစ်အကျော်ကြားဆုံးမိသားစု ဖြစ်လာသကဲ့သို့ ဖြစ်နေခဲ့၏။
ရှုကျန်းယန်က အချိန်အတော်ကြာ မှင်သက်မိနေပြီးနောက် တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့သည်။
ထိုအရာအားလုံးက လုကျန်း၏ ကျေးဇူးကြောင့်ဆိုတာ ရှုကျန်းယန် နားလည်၏။
ဝမ်ယင်ဖုန်းကလည်း ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လာခဲ့သည်။
“ယောက်ျား.. ငါ လုကျန်းကို ရှုမိသားစုမှာ ခေါ်ပြီး ကျင့်ကြံဖို့ တိုက်တွန်းခဲ့တုန်းက နင်ပြောခဲ့တာကို မှတ်မိသေးလား?”
ထိုအရာကို ကြားသည့်အခါ ရှုကျန်းယန်၏ မျက်နှာက အပြစ်ရှိမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။
သူက ထိုအရာကို အကြီးအကျယ်ကန့်ကွက်ခဲ့၏။ အဆုံးမှာတော့ ရှုမိသားစု၌ အရင်းအမြစ် တွေက အကန့်အသတ်ရှိတာပဲဖြစ်သည်။ သူတို့ကို အပြင်လူတစ်ယောက်အား ပေးထားဟာ သူတို့လူတွေအတွက် နည်းသွားမှာပဲဖြစ်သည်။
ဝမ်းယင်ဖုန်း၏ အပြင်းအထန်တောင်း ပန်မှုကြောင့် သူက တွန့်ဆုတ်စွာနှင့် လက်ခံလိုက်ရ၏။
လုကျန်း ဤကဲ့သို့ အလားအလာမျိုး ရှိမယ်လို့ သူဘယ်တုန်းကမှ မျှော်လင့်မထားပေ။
“ငါအဲ့ချိန်တုန်းက မျက်စိကန်းနေခဲ့တာပါ။ ငါ့မိန်းမကို ကျေးဇူးတင်ရမယ်။ ဒီလိုပါရမီ ရှင်မျိုးနဲ့ ငါတို့ရှုမိသားစုကို ချည်နှောင် ပေးခဲ့တယ်။”
ရှုကျန်းယန်က ဝမ်ယင်ဖုန်းကို ပွေ့ဖက်လိုက်ပြီး အလွန်အမင်း ကျေးဇူးတင်နေခဲ့သည်။
ဝမ်ယင်ဖုန်း၏ မျက်နှာကလည်း တောက်ပနေခဲ့၏။
“အရင်က ပိုင်းယွင်မြို့ရဲ့ အဆင့်၈ ပါရမီရှင်က ကောင်းကင်ဘုံ စက်ယန္တရား ခန်းမကို တိုက်ရိုက်ဝင်ခွင့်ရခဲ့တယ်။ သူက နောက်ပိုင်းမှာ ကောင်းကင်ဘုံ စက်ယန္တရားခန်းမရဲ့ လက်ထောက်ခန်းမသခင်ဖြစ်လာခဲ့တယ်တဲ့။”
“ငါတို့ ကျန်းအာက အဆင့်ကိုးပဲ။ အဲ့ကိစ္စသာ အမှန်ဆိုရင် ကောင်းကင်ဘုံ စက်ယန္တရားခန်းမက မကြာခင်သူ့ကို လာခေါ်လိမ့်မယ်။”
“နင့်ရဲ့ ရှုမိသားစုက ငါ့ ကျန်းအာရဲ့ အကူအညီနဲ့ အမြင့်ကို ပျံတက်သွား တော့မှာ။”
ရှုကျန်းယန်က အလွန်စိတ်လှုပ်ရှား နေခဲ့သည်။
လုကျန်း၏ အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်က သူ၏ ကံကြမ္မာကို ပြောင်းလဲပေးရုံသာမက ရှုမိသားစုတစ်ခု လုံး၏ ကံကြမ္မာကိုပါ ပြောင်းလဲ ပေးမည်ဖြစ်၏။
ခဏကြာပြီးနောက်, လူတိုင်း၏ မျှော်လင့် စောင့်စားမှုအလယ်မှာပဲ လုကျန်းက ကျောက်တုံးတံခါးကို ဖွင့်ကာ အပြင်ကို ယုံကြည်ချက်ရှိရှိ လျှောက်ထွက်လာခဲ့၏။
သူက ရှုကျန်းယန်၏ ရှေ့ကို လာလိုက်ပြီး ဒူးတစ်ဖက်ထောက်လိုက်ကာ ပြောလိုက်၏။
“ငါ့ကို ဒီနှစ်တွေအတွင်းမှာ ပြုစုပျိုးထောင် ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဦးလေး။”
“ငါမင်းကို စိတ်မပျက်စေခဲ့ဘူး။ ငါ့ရဲ့ စမ်းသပ်မှုက အဆင့်ကိုးစိတ်ဝိညာဥ်အမြစ် ပဲ။”
လူတိုင်းက ရှုကျန်းယန်ကို အားကျနေခဲ့ကြ သည်။
ဤကဲ့သို့ ကောင်းကင်ဂုဏ်ယူရသူကို ရရှိဖို့ မည်မျှကံကောင်းဖို့ လိုလဲဆိုတာ မည်သူမှ မသိပေ။
ရှုကျန်းယန်က မမောက်မာရဲပေ။ သူက သူ့ကို အလျှင်အမြန်ပဲ မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်၏။
“ဒါက မလိုအပ်ပါဘူး ကျန်းအာ… မင်းက အဆင့်ကိုး ပါရမီရှင်တစ်ယောက်ပဲ။ မင်းဦးလေးငါက ဒီဒူးထောက်မှုနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ။ မြန်မြန်ထပါ…”
လုကျန်းက အလွန်ဝမ်းသာနေခဲ့သည်။
အတိတ်တုန်းက သူက ရှုကျန်းယန်ရှေ့၌ အမြဲတမ်းသတိထားပြီး စကားပြောရ၏။ အနည်းငယ်လေးမှားသွားရင်တောင် ပြစ်တင်ကြိမ်းမောင်းခံရမည်ပဲဖြစ်သည်။
ယခု ရှုကျန်းယန်က သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ လေးစားနေခဲ့၏။
ထို့ပြင်, မျှော်စင်သခင်၊ မြို့သခင် နှင့် မကောင်းဆိုးဝါးအိုကြီးအချို့ကလည်း သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့ကြသည်။ သူတို့က သူနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်နေကြ၏။
ထိုအရာက အချိန်အတော်ကြာ အောက်ကျို့ပြီးနေခဲ့ရသည့် သူ့အား ကမ္ဘာကြီးကို ကောင်းကင်ကိုးထပ်က ငုံ့ကြည့်နေရသကဲ့သို့ ပြိုင်ဘက်ကင်း ခံစားချက်ကို ပေးစွမ်းနေ၏။
သို့ပေမယ့် သူ၏ မျက်လုံးထောင့်ကနေ ဂျန်းဖန်၏ ပုံရိပ်ကို မြင်လိုက်ရ၏။
လူတိုင်းက သူ့ အဆင့်ကိုး စိတ်ဝိညာဥ် အမြစ်၏ တောက်ပမှုကို ဦးညွှတ်နေကြ၏။
ဂျန်းဖန်သာလျှင် သူ့လက်ကို အင်္ကျီလက်ထဲ ထည့်ထားပြီး လေးစားမှု မရှိသလို ကြောက်ရွံ့မှုလည်းမရှိပေ။
ထိုအရာက သူ့အား အတော်လေး စိတ်ပျက်သွားစေခဲ့၏။
အမှိုက်ကောင်အအက သူ့ကို ဘာကြောင့် ဦးမညွှတ်ရတာလဲ….
“ဂျန်ဖန်း… မင်းက လက်မခံနိုင်ဖြစ်နေတာလား”
လူတိုင်းရှေ့မှာပဲ သူက သူ့မေးခွန်းကို ခိုင်မာစွာမေးလိုက်သည်။