← Chapters

အခိုင်အမာရပ်တည်ပေးမှု

Vol. 1 Ch. 6

အခိုင်အမာရပ်တည်ပေးမှု

Vol. 1 Ch. 6

ဂျန်းဖန်က သူ့ခေါင်းကို တစ်ဖက်လှည့်ပြီး ကြည့်လိုက်၏။ သူအမူအရာက ပုံမှန်ပဲ ဖြစ်ပြီး သာမန်အတိုင်း စာတစ်ကြောင်းရေးလိုက်၏။

“မင်းက ထိုက်တန်လို့လား…”

သူတစ်ဘဝလုံး၌ သူကို တစ်ယောက် တည်းပြုစုပျိုးထောင်ပေးခဲ့သည့် သူ့အဖေကိုသာ ရိုသေလေးစားမည်ဖြစ် ၏။

အခြားမည်သူမှ မထိုက်တန်ပေ။

“ဟာသပဲ… စိတ်ဝိညာဥ်အမြစ်မရှိတဲ့ အမှိုက်ကောင်ကများ။ မင်းမှာဘာအရည်အချင်းရှိလို့ ငါ့ရှေ့မှာ စွမ်းအားကြီးသလို လာလုပ်နေတာလဲ…”

လုကျန်းက အထင်သေးစွာနှင့် ပြောလိုက်သည်။

ထို့နောက်သူက ရှုကျန်းယန်ဘက်ကို လှည့်ကာ ဦးညွှတ်ပြီးပြောလိုက်သည်။

“ဦးလေးရှု, ငါ့မှာတောင်းဆိုစရာတစ်ခု ရှိပါတယ်။”

ရှုကျန်းယန်က အလျှင်အမြန်ပြောလိုက်သည်။

“တူလေးပြောသာပြောပါ… လုပ်ရိုးလုပ်စဥ် တွေမလိုအပ်ပါဘူး”

လုကျန်းက ဂျန်းဖန်ကို တစ်ချက်ကြည့် လိုက်ပြီး သူ့ပါးစပ်ထောင့်ကနေ လှောင်ပြုံးတစ်ခုပေါ်လာခဲ့သည်။

“ငါက ရို့ရန်နဲ့အတူတူ ကြီးပြင်းလာခဲ့တာ။ သူမ အမှိုက်ကောင်တစ်ကောင်နဲ့ လက်ထပ်ရမှာကို ငါကြည့်မနေနိုင်ဘူး။”

“ရို့ရန်ကို ငါနဲ့လက်ထပ်ပေးဖို့ ဦးလေးရှုကို အနူးအညွှတ်တောင်းဆိုပါတယ်။”

“ငါကပဲ သူမရဲ့ ပျော်ရွင်မှု နှင့် အနာဂတ်ကို ယူဆောင်လာပေးနိုင်မှာ”

ဒါက…

ရှုကျန်းယန် ခက်ခဲသည့် အခြေအနေကို ရောက်ရှိသွားခဲ့သည်။ သူက ဂျန်းဖန်ကို ရို့ရန်နှင့် လက်ထပ်ပေးမည်ဟု ကတိပေးထားခဲ့၏။ သူက မည်သို့ သူ့စကားကို ပြန်ပြင်နိုင်ပါမည်နည်း။

ထိုအရာက သူ့ကို ဂုဏ်သိက္ခာမရှိတဲ့ လူတစ်ယောက်ဖြစ်သွားစေလိမ့်မည် ဖြစ်၏။

“ဦးလေး, ငါသာ လက်ထပ်ဖို့ကြေညာ လိုက်ရင် ဒီမှာရှိတဲ့မိသားစုများစွာက ငါနဲ့ ဝမ်းမြောက်ဝမ်းသာပူပေါင်းကြမယ်လို့ ငါယုံကြည်တယ်။”

လုကျန်းက လက်ကို နောက်ပစ်ထားပြီး ခြိမ်းခြောက်တဲ့ အရိပ်အယောင်နှင့် ပြောလိုက်သည်။

“အဲ့အချိန်ကျရင် ငါက အခြားသူရဲ့ သားမက်တစ်ယောက် ဖြစ်သွားလိမ့် မယ်နော်….”

ရှုကျန်း၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

လုကျန်းက ရှုမိသားစု၏ ကောင်းကင်ထိ မြင့်သည့် သစ်ပင်ကြီးဖြစ်၏။ သူသာ သူ့ကို ဆုံးရှုံးသွားခဲ့လျှင် ရှုကျန်းယန်က ရှုမိသားစု၏ အပြစ်သားတစ်ယောက် ဖြစ်သွားမည်ပဲဖြစ်သည်။

အပြစ်သားဖြစ်ရသည်ထက်စာလျှင် သူ့စကားကို ချိုးဖျက်ပြီး ဂုဏ်သိက္ခာ ဆုံးရှုံးရတာကပိုကောင်း၏။

သူက သူ့ဆုံးဖြတ်ချက်ကို ပြောတော့မည် ပြင်လိုက်စဥ်မှာပဲ ဂျန်ဖန်းက သူခဲတံကိုမြှောက်ကာ စာလုံးအနည်းငယ် ရေးလိုက်၏။

“ဦးလေးရှု, ရို့ရန်ကို ပျော်ရွင်မှုပေးဖို့က ခွန်အားအပေါ်မှာမှီခိုတာလား၊ စကားလုံးတွေပေါ်မှာလား…”

“ငါ လုကျန်းနှင့် ယှဥ်ပြိုင်ဖို့ ဆဒ္ဒရှိတယ်…”

ရှုကျန်းယန် ရုတ်တရက် စိတ်သက်သာရာ ရသွားခဲ့သည်။

ဂျန်ဖန်းသာ ရှုံနိမ့်သွားပြီး ဆန္ဒအလျောက် လက်လျော့သွားခဲ့လျှင် သူက ဂုဏ်သိက္ခာ မရှိသည့်လူဟူသည့်နာမည်ကို ခေါင်းခံစရာမလိုတော့ပေ။

ထို့ပြင် လုကျန်းလည်း သူ့ဆန္ဒအတိုင်း ရို့ရန်ကို လက်ထပ်နိုင်မည်ဖြစ်၏။

ပြီးပြည့်စုံသည့် ဖြေရှင်းချက်ဖြစ်၏။

ဂျန်ဖန်းအနိုင်ရဖို့ ဖြစ်နိုင်ချေကတော့….

တစ်ယောက်က စိတ်ဝိညာဥ်အမြစ်မရှိပြီး အခြားတစ်ယောက်က အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်ဖြစ်၏။

သူက ယဲ့ချန်းအနိုင်ရမယ်လို့ မထင်ပေ။

သူက အလျှင်အမြန်ပဲ လုကျန်းကို ကြည့်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်၏။

“ကျန်းအာ… မင်းဘယ်လိုထင်လဲ”

လုကျန်းက အူလိုက်သည်းလိုက် ရယ်မော လိုက်၏။

“အမှိုက်ကောင်က အဆင့်ကိုး စိတ်ဝိညာဥ် အမြစ်ကို ယှဥ်ပြိုင်ချင်တယ်။ ဟ…ဟ…ဟ…”

“ကောင်းပြီး, ငါတို့နှစ်ယောက်လုံးက ရှုမိသားစုမှာကြီးပြင်းလာကြတာဆိုတော့ စိတ်ဝိညာဥ်အမြစ် အဆင့်ကိုးကို ယှဥ်ပြိုင်ဖို့ အခွင့်အရေးတစ်ခုပေးလိုက်မယ်။”

“မင်းရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တောင် မင်းတစ်ဘဝလုံး ဒီအကြောင်းကို ကြွားပြောလို့ရတာပေါ့။”

ရှုကျန်းယန်က လုံးဝစိတ်အေးသွားပြီး ပြောလိုက်သည်။

“မင်းတို့ သုံးရက်အချိန်ရမယ်။ အဆင့် တစ်ခုတက်နိုင်တဲ့ ဘယ်သူမဆို ရို့ရန်ကို လက်ထပ်ဖို့ အရည်အချင်းပြည့်မှီတယ်။”

“မင်းတို့ဘယ်လိုထင်လဲ…”

သုံးရက်နှင့် အဆင့်တစ်ဆင့်?

ဤသုံးရက်အတွင်း၌ သူက အဆင့် တစ်ဆင့်ထက်ပိုပြီး ချိုးဖျက်နိုင်မယ်လို့ ယုံကြည်မှုရှိ၏။

သူ၏ ထူးခြားသည့် စိတ်ဝိညာဥ်အမြစ်နှင့် အဝါရောင်အဆင့်မြင့် ကျင့်စဥ်နှင့်ဆိုလျှင် ထိုအရာကလုံးဝမခက်ခဲပေ။

သူက ချက်ချင်းပဲ သူ့ခဲတံကို မကာ ရေးလိုက်၏။

“သဘောတူတယ်…”

လုကျန်းက ယုံကြည်မှုရှိစွာ ပြုံးလိုက်၏။

“အဆင့်တစ်ဆင့်…. ဦးလေး, မင်းက အဆင့်ကိုးစိတ်ဝိညာဥ်အမြစ်ကို လျော့တွက်နေတာပဲ။ သုံးရက်နေရင် စောင့်ကြည့်ကြတာပေါ့…”

ထိုအခိုက်အတန့်၌ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်က ဂုဏ်သရေရှိ လူတွေကြားထဲကနေထွက်လာပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။

“သခင်လေး လု, ငါက ချင်းချန်ရှန်ပါ။”

ထိုအရာကို ကြားသည့်အခါ လူတိုင်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

ချင်းချန်ရှန်က အထီးကျန်လှေမြို့၏ နံပါတ်တစ် ဆေးဖော်စပ်သည့် မိသားစု ဖြစ်၏။ သူတို့က ဘိုးဘေးပိုင် ချီကျင့်ကြံရေးအရည်လုပ်နည်းနှင့် ဘေးပတ်ဝန်းကျင်မြို့အားလုံးကို ထောက်ပံ့နေခဲ့၏။

ထို့ပြင် ချီကျင့်ကြံရေးအရည်က ချီကျင့်ကြံရေးနယ်ပယ်မှာ ကျင့်ကြံရေးကို မြင့်တင်ပေးနိုင်သည့် တစ်ခုတည်းသော ဆေးဝါးဖြစ်၏။

ထို့ကြောင့် အထီးကျန်လှေမြို့က လူတွေက ပြောကြ၏။ မြို့သခင်ကို ၁၀ ဆ စော်ကားတာဟာ ချင်မိသားစုကို အနည်းငယ်စော်ကားသည်ထက်ပိုကောင်း၏။

သူ့၏ ထွက်ပေါ်လာမှုက လူတိုင်း၏ အာရုံကို ချက်ချင်းပဲဆွဲဆောင်သွားခဲ့ သည်။

လုကျန်းလည်း သူ့ကိုမှတ်မိ၏။ သူက စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်၏။

“ချင်မိသားစုခေါင်းဆောင်, ဘာကိစ္စရှိလို့ လဲ။”

ချင်းချန်ရှန်က ပြုံးလိုက်ပြီး သေတ္တာ တစ်ခုကို ပေးလိုက်၏။ အထဲ၌ သေးငယ်သည့် ကျောက်စိမ်းပုလင်း ၁၀ ပုလင်းရှိနေ၏။ တစ်ခုခြင်းစီက စိတ်ဝိညာဥ်အလင်းရောင်တွေထုတ်လွတ်နေပြီး နာမည်ကြီး ချီကျင့်ကြံရေးအရည်တွေနှင့် ပြည့်နှက်နေခဲ့၏။

“သခင်လေးလု အဆင့်ကိုး စိတ်ဝိညာဥ် အမြစ်ကို စမ်းသပ်နိုင်လို့ ချင်မိသားစုက ဂုဏ်ပြုပါတယ်။ ငါတို့မှာအခြားပေးစရာ လည်းမရှိတော့ ဒီအသစ်သန့်စင်ထားတဲ့ ချီကျင့်ကြံရေးအရည် ၁၀ ပုလင်းကို ကျေးဇူးပြုပြီးလက်ခံပေးပါ။”

“နောက်သုံးရက်မှာ သခင်လေးလု အလှလေးရဲ့လက်ကို အနိုင်ရလိမ့်လို့ ငါတို့ မျှော်လင့်ပါတယ်။”

၁၀ ပုလင်း?

များစွသောလူတွေက ချီကျင့်ကြံရေး အရည်တွေကို လောဘတကြီးကြည့်လိုက် ကြ၏။ တစ်ပုလင်းဆိုရင်တောင် တန်းဖိုးမဖြတ်နိုင်လောက်အောင်ဖြစ်ပြီး သာမန်မိသားစုတွေ တတ်နိုင်သည့်အရာ မဟုတ်ပေ။

ချင်မိသားစုက တစ်ခါတည်းနှင့် ၁၀ ပုလင်းပေးလိုက်တာက အမှန်တကယ်ကို ရက်ရောသည့် အမူအရာဖြစ်၏။

ချီကျင့်ကြံရေးအရည် ၁၀ ပုလင်းနှင့် ဝက် တစ်ကောင်ဆိုရင်တောင် အရည်အသွေး ပြောင်းလဲသွားမည်ဖြစ်၏။ အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်နှင့် လုကျန်းကိုတော့ ပြောစရာကို မလိုတော့ပေ။

သူတို့က မနေနိုင်ပဲ ဂျန်ဖန်းကို စာနာသနား စွာနှင့် ကြည့်လိုက်၏။

ဤလူငယ်လေးက သူ့ သူတို့သမီးကို ရှုံးဖို့ ကံပါလာခဲ့၏။

ဂျန်ဖန်း၏ မျက်လုံးတွေက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။ ချင်းမိသားစုက လုကျန်းကို ထောက်ပံ့နေတာ သိသာလှ၏။

ဂျန်ဖန်း၏ အကြည့်ကို သတိထားမိသည့် အခါ ချင်ချန်းရှန်က ရပ်တန့်မသွားပေ။ ထိုအစား သူက ထူးမခြားနားစွာ ပြောလိုက်သည်။

“ဒါ့အပြင် ဒီနေ့ကစပြီး ချင်မိသားစု ဆိုင်တွေအားလုံးမှာ ဂျင်ဖန်းကို ချီကျင့်ကြံရေးအရည်ရောင်းတာ တားမြစ်တယ်။”

ထိုအရာက ထောက်ပံရုံတင် မဟုတ်တော့ ပေ။ ထိုအရာက ပေါ်တင်ဖိနှိပ်ခြင်းဖြစ်၏။

ဂျင်ဖန်း၏ မျက်လုံးတွေက အေးစက်လာ ခဲ့ပြီး သူ့ခဲတံမြောက်ကာ စာရေးလိုက်၏။

“မင်းဒါကို နောင်တမရဖို့ ငါမျှော်လင့်ပါ တယ်။”

ချင်းချန်းရှန်က လှောင်ပြောင်လိုက်၏။

“နောင်တလား… အမှိုက်ကောင်ကို စွန့်ပစ်လို့နောင်တရရမှာလား…. သခင်လေးလုကို ထောက်ခံပေးလို့ နောင်တရရမှာလား….”

လူအုပ်က ကျယ်လောင်စွာ ရယ်လိုက်ကြ၏။

ဂျင်ဖန်းက ချင်ချန်ရှန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး အဝေးကို တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။

လူအုပ်လည်း ပြောက်ကွယ်သွားခဲ့ပြီး ဟာသပြဇတ်က ပြီးဆုံးသွားခဲ့သည်။

အပြန်လမ်း၌ ချင်းချန်းရှန်နောက်က အကြီးအကဲတစ်ယောက်က တွေဝေစွာ ပြောလိုက်၏။

“မိသားစုခေါင်းဆောင်,မင်းဘာလို့ လူငယ် တစ်ယောက်ကို အတင်းဖိနှိပ်နေရတာလဲ”

ဆေးဖော်စပ်သည့်မိသားစုအနေဖြင့် ချင်းမိသားစုက နှစ်တိုင်း အကျိုးအမြတ် အများကြီးရပြီး လူများစွာ၏ မနာလိုမှုတွေကို ဆွဲဆောင်နေခဲ့၏။

ထို့ကြောင့် ချင်မိသားစု မည်သူ့ကိုမှ မစော်ကားဘူးဆိုသည့် အခြေခံစည်းမျဥ်း ကို လိုက်နာခဲ့ကြ၏။

ချင်းချန်ရှန်က ထိုအရာကို ကောင်းကောင်း နားလည်၏။ သူက အမြဲတမ်း သဟဇာတ ဖြစ်အောင်နေထိုင်ပြီး သဘောထားကွဲလွဲမှု တွေကို ရှောင်ရှားခဲ့၏။ ယခု သူ ဂျင်ဖန်းကို အပြင်းအထန်ဖိနှိပ်နေတာက အကြီးအကဲကို ပဟေဠိဖြစ်သွားစေခဲ့သည်။

ချင်ချန်းရှန်၏ အမူအရာက ခံစားချက် ကင်းမဲ့နေဆဲဖြစ်၏။

“လွန်ခဲ့တဲ့ ၁၀ နှစ်က ပေါ်လာတဲ့ ထူးဆန်းတဲ့ ဝိညာဥ်သခင်ကို မင်းမှတ်မိသေးလား။”

အကြီးအကဲက ခေါင်းညိတ်လိုက်၏။

“ဒါပေါ့ ငါမှတ်မိတာပေါ့။ သူသန့်စင်ခဲ့တဲ့ အလယ်အလတ်အဆင့် ချီကျင့်ကြံရေးအရည်က ငါတို့ချင်မိသားစု ရဲ့ နှစ်ရာချီလုပ်ငန်းကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့တယ်လေ။”

“သူက ဆယ်ပုလင်းပဲသန့်စင်ပြီး ငွေနဲ့ သိုင်းပညာအချို့လဲလှယ်သွားခဲ့တယ်။ သူသာ အဲ့လောက်နဲ့ မရပ်တန့်ခဲ့ဘူးဆိုရင် သူ့ရဲ့ အလယ်အလတ်အဆင့် ချီကျင့်ကြံရေးအရည်က ငါတို့ရဲ့ အဆင့်နိမ့် ချီကျင့်ကြံရေးအရည် ဈေးကွက်ကို လုံးဝကို လွဲပြောင်းယူသွားတော့မှာ။”

ချင်မိသားစု၏ ချီကျင့်ကြံရေးအရည်က အဆင့်နိမ့်ဖြစ်ပြီး အလယ်အလတ်အဆင့် ထက် အကျိုးကျေးဇူး တစ်ဝက်ကျော်လောက် လျော့နည်းတာပဲ ဖြစ်သည်။

ထိုပုဂ္ဂိုလ်သာ အလယ်အလတ်အဆင့် ချီကျင့်ကြံရေးအရည်ကို အများကြီးထုတ် လုပ်ပြီး ရောင်းခဲ့လျှင် မည်သူက အဆင့်နိမ့် ချီကျင့်ကြံရေးအရည်ကို ဆက်ဝယ်နေအုန်းမည်နည်း။

ထိုစဥ်က သူ၏ ထွက်ပေါ်လာမှုက ချင်မိသားစုကို ကျဆင်းလုနီးပါးဖြစ် သွားခဲ့သည်။

ချင်ချန်းရှန်က အဓိပ္ပာယ်ပါပါနှင့် ပြောလိုက်သည်။

“ငါ့တို့ အထီးကျန်မြို့ကို လုကျန်းရောက် လာတဲ့အချိန်ကို မှတ်မိသေးလား”

အကြီးအကဲက ဂရုတစိုက် တွေးလိုက်ပြီး တုန်လှုပ်စွာပြောလိုက်သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလေ။ မိသားစု ခေါင်းဆောင် မင်းဆိုလိုတာက…”

“အတိအကျပဲ”

ချင်းချန်ရှန်၏ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်က လုကျန်းရောက်လာခဲ့ တယ်။ ပြီးတော့ အဲ့ဒီထူးဆန်းတဲ့ ဝိညာဥ်သခင်ကလည်း အဲ့ချိန်မှာ ပေါ်ထွက်လာခဲ့တာပဲ။ ဒါက တိုက်ဆိုင်မှု တစ်ခုမဟုတ်နိုင်ဘူး။”

“သူက အဆင့်ကိုးစိတ်ဝိညာဥ်အမြစ်ရှိတဲ့ လုကျန်းရဲ့ စောင့််ရှောက်သူလို့ ငါထင်တယ်။”

“ငါဘာလို့ လုကျန်းနဲ့ ဂျင်ဖန်းကြားက ယှဥ်ပြိုင်မှုထဲကို ဝင်ပတ်သက်ခဲ့တယ် ဆိုတာ မင်းအခုနားလည်ပြီလား”

အကြီးအကဲက ရုတ်တရက် နားလည်သွား ပြီး ချီးမွမ်းလိုက်၏။

“မိသားစုခေါင်းဆောင်က လုကျန်းရဲ့ ထောက်ခံမှုကို ရယူပြီး သူ့နောက်က ဝိညာဥ်သခင်ရဲ့ အသိအမှတ်ပြုမှုကို ရယူချင်နေတာပဲ။”

“သူက ငါတို့ရဲ့ နောက်ခံဖြစ်လာမယ်ဆိုရင် ငါတို့ပိုင်နက်က ပတ်ဝန်းကျင် မြို့ အနည်းငယ်ကိုတောင် ကျော်လွန်သွားလိမ့် မယ်။”

ချင်ချန်းရှန်က ဖြည်ညင်းစွာ ခေါင်းညိတ်လိုက်၏။

သူက သူ့လက်ကို ကောင်းကင်ပေါ် မြှောက်လိုက်ကာ တင်းတင်းဆုပ်လိုက်ပြီး အလွန်တက်ကြွစွာပြောလိုက်၏။

“ငါ့တစ်ဘဝလုံး သတိနဲ့နေလာတာ။ ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး။”

“ဒီတစ်ချိန်လည်း မှားမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။”

“ဂျင်ဖန်းဆိုတဲ့ ကောင်လေးအတွက်တော့ ပိုကြီးတဲ့ပုံရိပ်ကို မမြင်တဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်။ သူက ချင်မိသားစု တိုးတက်မယ့်လမ်းကြောင်းကို လာပိတ်တာကိုး…”

“သူက သေးငယ်တဲ့ ပုံရိပ်လေးတစ်ခုပါ။ သူ့ကို စော်ကားတာက ဘာမှကြီးကြီးမားမားဖြစ်လာမှာ မဟုတ်ဘူး။”

All Chapters