အခန်း (၇)
Vol. 1 Ch. 7
ရှုအိမ်တော်….
ဂျန်ဖန်း ပြန်ရောက်ပြီးနောက် သူက ချက်ချင်းတံခါးပိတ်ကာ လက်သီးတင်းကျပ်စွာ ဆုပ်လိုက်၏။
“လုကျန်း… ငါမင်းထက်နိမ့်ကျမယ်လို့ မယုံဘူး။”
သူက “သန်စင်လေကျမ်း”ကိုဖွင့်ပြီး ဂရုတစိုက်ဖတ်လိုက်၏။
သူ့ခန္ဓာကိုယ်က လေဟာနယ်ရှေးဟောင်း သစ်ပင်ဖြင့် သန့်စင်ထားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ ဤအဝါရောင် အဆင့်မြင့် ကျင့်စဥ်က ရုတ်တရက် သူ့အတွက်နာလည်ဖို့ ပိုလွယ်ကူလာခဲ့၏။
နှစ်နာရီလောက်ကြာပြီးနောက် သူ့မျက်လုံး တွေက တောက်ပလာခဲ့ပြီး ခြေချိတ်ထိုင် ကာ စတင်ကျင့်ကြံလိုက်၏။
“ချီကို ဒန်တန်တစ်လျှောက် စီးဆင်းစေပြီး စိတ်အာရုံကို စုစည်းကာ မိမိကိုယ်ကို မေ့ထားရမည်။ လေလည်းမဟုတ် သလို ကိုယ်ကိုတိုင်လည်းမဟုတ်ပေ….”
သူက မန္တန်ကို တိတ်ဆိတ်စွာရေရွတ် လိုက်၏။ သူ့ခန္ဓာကိုယ်ထဲက ဖောက်ထွင်း မြင်ရသည့် စိတ်ဝိညာဥ်အမြစ်က လေထဲမှ စိတ်ဝိညာဥ်စွမ်းအင်တွေကို ဖြည်းညင်းစွာ စုပ်ယူနေခဲ့၏။
စိတ်ဝိညာဥ်အမြစ်က ပိုသန်မာလေလေ စုပ်ယူသည့်အရှိန်ကလည်း ပိုမြန်လေလေ ဖြစ်၏။
ကျင့်စဥ် အဆင့်ပိုမြင့်လေလေ စုပ်ယူသည့် အရှိန်လည်း ပိုမြန်လေလေဖြစ်၏။
ဤအရာနှစ်ခုပေါင်းလိုက်လျှင်တော့ ပေါင်းစပ်အကျိုးရလဒ်ကို ထုတ်ပေးမည်ပဲ ဖြစ်သည်။
မကြာမီ, မမြင်ရသည့် စိတ်ဝိညာဥ်စွမ်း အင်တွေက အရပ်မျက်နှာ အသီးသီးမှ စုဝေးလာကြပြီး သူ့ဒန်တန်ထဲကို ပေါင်းစပ်ကာ သန့်စင်သည့် စိတ်ဝိညာဥ်စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက အပြင်းအထန်လေ့ကျင့်နေပြီး ကျင့်ကြံခြင်းမှာ နစ်မြုပ်သွားခဲ့သည်။
အာရုံတက်လာပြီး တောက်ပသည့် နေအလင်းရောင်က သူ့မျက်လုံးထဲကို ထိုးလာသည့်အခါ သူက နိုးထလာခဲ့ သည်။
သူက သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
မျှော်လင့်ချက်ရေးရေးနှင့်အတူ ကုတင်ပေါ်ကခုန်ဆင်းလိုက်ပြီး သူ့ဒန်တန်ကို လည်ပတ်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
ဘုန်း!
ပေါက်ကွဲသံတိုးတိုးက သူ့နားထဲကို ဝင်ရောက်လာခဲ့၏။
“ချီကျင့်ကြံခြင်း ဒုတိယအဆင့်… တစ်ညတည်းနဲ့ ငါ ချီကျင့်ကြံခြင်းအဆင့် ၂ ကို ရောက်သွားပြီပဲ။”
ဂျန်ဖန်း အလွန်ပျော်ရွင်သွားခဲ့သည်။
“ရှုယင်းယင်းက ချီကျင့်ကြံခြင်း အဆင့် ၁ ကို ချိုးဖြတ်ဖို့ တစ်နေ့လုံးအချိန်ယူခဲ့ရ တယ်မလား”
သူက အလွန်ပျော်ရွင်သွားပေမယ့်လည်း မောက်မာပြီး ကျေနပ်ရောင့်ရဲမနေပေ။
“ချီကျင့်ကြံခြင်း အဆင့် ၂ နဲ့ မလုံလောက် သေးဘူး။ ငါ့ကိုယ်ငါနဲ့ ရို့ရန်ကို ကာကွယ်ဖို့ ငါပိုသန်လာဖို့လိုအပ်တယ်။”
ဂျန်ဖန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။ သူက ဆက်ကျင့်ကြံဖို့ပြင်လိုက်ပေမယ့် သူ၏ စိတ်ဝိညာဥ်စွမ်အင်စုပ်ယူသည့်အရှိန်က သိသိသာသာ နှေးကွေးနေတာကို ရှာတွေ့ လိုက်၏။
“ချီကျင့်ကြံခြင်းနယ်ပယ်မှာ အဆင့်မြင့် လာလေလေ ကျင့်ကြံရေးအရှိန်က နှေးလာလေလေပဲ။ အကူအညီ အနေနဲ့ ချီကျင့်ကြံရေးအရည်တွေ လိုအပ်တယ်။”
“ဒါပေမယ့် ချီကျင့်ကြံရေးအရည်က အရမ်းဈေးကြီးတယ်။ ပြီးတော့ ချင်ချန်းရှန်ကလည်း ငါ့ကို ရောင်းမှာ မဟုတ်ဘူး။”
သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက် ၏။
ရုတ်တရက် သူ့စိတ်ထဲမှာ အလင်းတစ်ချက်တောက်ပလာပြီး ရေရွတ်လိုက်၏။
“ငါ့အဖေ မဆုံးခင်တုန်းက သူနှင့်အတူ ဆယ်နှစ်အကြာ သယ်ဆောင်ထားတဲ့ သေတ္တာတစ်လုံးကို သူ့အုတ်ဂူရှေ့မှာ ငါ့ကို မြုပ်နှံခိုင်းခဲ့တာပဲ။”
“သူက အစေ့အညှောင့်မပေါက်မခြင်း ငါ့ကို အဲ့ဒါ မတူးဖို့ သတိပေးခဲ့တယ်။”
“အထဲမှာ ငါအတွက် ကျင့်ကြံရေးအရင်းအမြစ် တစ်ခုခုများ ထားခဲ့တာလား။”
သူ့အဖေက သူ့အတွက် ဤကဲ့သို့ အံဖွယ်မျိုးစေ့ကို ထားခဲ့တာကြောင့် သေတ္တာထဲက ပစ္စည်းကလည်း သာမန်မဟုတ်နိုင်ပေ။
သူက မတ်တပ်ထရပ်လိုက်ပြီး တံခါးဖွင့်လိုက်၏။
သို့ပေမယ့် သူက ဘေးနားက ခြံဝန်းမှ ရှုရို့ရန်၏ တောင်းပန်သံကို ကြားလိုက်ရ ၏။
“ဒေါ်လေးဝမ်, ဒါက ကလန်က ဒီလခွဲဝေပေးတဲ့ ငါ့ရဲ့ အရင်းအမြစ်ဝေစုပါ။ ကျေးဇူးပြုပြီး ယူမသွားပါနဲ့။”
ဝမ်ယင်ဖုန်းက အစေခံနှစ်ယောက်နှင့် အတူ ရှုရို့ရန်ကို ခြံစည်းရိုးထောင့်နား ဆွဲခေါ်လာခဲ့၏။
အစေခံနှစ်ယောက်သူမ၏ လက်တွေကို ချုပ်ထားပြီး ဝမ်းယင်ဖုန်းက သူမရင် ဘတ်ကြားမှ ချီကျင့်ကြံရေးအရည် တစ်ပုလင်းကို ယူလိုက်၏။ သူမ၏ မျက်နှာက အေးစက်နေပြီး ပြောလိုက်သည်။
“ငါမသိဘူးမထင်နဲ့… နင်က ဒါကို အဲ့ဒီ အမှိုက်ကောင် ဂျန်ဖန်းကို ပေးမလို့မလား။”
“နင်က သူ့ကို နိုင်စေချင်တာလား… အိမ်မက်မက်နေလိုက်လေ။”
ဘန်း!
ဝမ်းယင်ဖုန်းက ချီကျင့်ကြံရေးအရည် ပုလင်းကို မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ခွဲလိုက်၏။ တန်ဖိုးကြီးအရည်တွေ အားလုံး လွင့်စင်ကုန်ပြီး မြေကြီးတွေနှင့် ရောနှောနေခဲ့သည်။
ရှုရို့ရန်က စိုးရိမ်တကြီးနှင့် အစေခံ နှစ်ယောက်လက်ထဲမှ ရုန်းထွက်ကာ မြေပြင်ပေါ်ကို ပြေးဝင်သွားခဲ့သည်။ သူမက သူတို့ထဲကအနည်းငယ်ရလို့ရငြား မျှော်လင့်ချက်ဖြင့် စိတ်ဝိညာဥ်အရည် တွေစိမ့်ဝင်နေသည့် ရွံ့တွေကို သဲ့ယူနေ ခဲ့သည်။
သို့ပေမယ့် အရည်တွေက မြေကြီးတွေနှင့် ရောနေပြီဖြစ်ပြီး ပြန်လည်ခွဲထုတ်ဖို့က မဖြစ်နိုင်တော့ပေ။
“ဒေါ်လေးဝမ်…”
ပုံမှန်အားဖြင့် ငြိမ်းအေးနေသည့် သူမ၏ မျက်လုံးတွေက ဒေါသကြောင့် မျက်ရည်တွေနှင့် ပြည့်နှက်နေခဲ့သည်။
“ဖန်းက အစကတည်းက သနားစရာ ကောင်းနေပါပြီ။ နင်က ဘာလို့ သူကို ဒီလိုမျိုး အနိုင်ကျင့်နေရတာလဲ”
“ချီကျင့်ကြံရေးအရည် တစ်ပုလင်းလေး တောင်မှ နင်က သူ့ကို အရမ်းခက်ခဲ အောင်လုပ်နေတယ်။”
ဝမ်ယင်ဖုန်းက ဂရုမစိုက်ပဲ သူမလက် တွေကို ခါကာပြောလိုက်သည်။
“ဘယ်သူက သူ့ကို အနိုင်ကျင့်လို့လဲ”
“ချီကျင့်ကြံရေးအရည်က ငါတို့ ရှုမိသားစု ပိုင်တာပဲ။ သူမှာသာ အစွမ်းအစရှိရင် သူကိုယ်တိုင်ရအောင်ယူလေ။ မိန်းမတစ်ယောက်အပေါ်မှာ မှီခိုပြီး ခိုးကြောင်ခိုဝှက် လိုချင်နေတယ်။ သူ့လုပ်ရပ်က ရှုမိသားစုက ငါတို့တွေ သူ့အပေါ် အထင်သေးစေရုံ သာမကဘူး လမ်းပေါ်က သူတောင်းစားတွေတောင် သူ့ကို တံတွေးနဲ့ ထွေးကြလိမ့်မယ်။”
“လာ, သွားကြစို့…”
သူမက သူမ၏တင်ပါးကို ယိမ်းထိုး လှုပ်ရှားကာ ကျေနပ်စွာနှင့် ထွက်ခွာသွား ခဲ့သည်။
ဂျန်ဖန်းက ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းတောင်မရှိပေ။ ထို့ပြင် သူက သူ့တူကို အနိုင်ယူချင်နေသေး၏။ အိမ်မက်ပဲမက်နေမှရမည်ဖြစ်၏။
ရှုရို့ရန်က မြေပြင်ပေါ်မှာ အကူအညီမဲ့စွာ ဆောင့်ကြောင့်ထိုင်နေခဲ့၏။ သူမက သူမ၏ ဒူးနှစ်ဖက်ကို ပိုက်ထားပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိစိတ်နှင့် ငိုနေခဲ့သည်။
ထိုအခိုက်အတန့်၌ လက်တစ်ဖက်က သူမကျောပေါ်ကို ရောက်ရှိလာပြီး ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
ရုတ်တရက်ထိန့်လန့်သွားပြီး သူမခေါင်းကို နောက်လှည့်လိုက်၏။ ဂျန်ဖန်းကို မြင်လိုက်သည့်အခါ သူမ၏ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်က ပိုမိုပြင်းထန်လာခဲ့သည်။ သူမက သူ့ရင်ခွင်ထဲကို ဝင်လိုက်ပြီး အော်ငိုလိုက်၏။
“ငါတောင်ပန်းပါတယ်, ဖန်း… ငါက တော်တော်အသုံးမကျဘူး။”
“ငါပိုပြီးဂရုစိုက်သင့်တယ်။ ဒါဆို ဒေါ်လေးဝမ် ဒါကိုရှာတွေ့မှာ မဟုတ်ဘူး။”
ဂျန်းဖန်က သူမ၏နောက်ကျောကို ညင်သာစွာပွတ်သတ်ပေးလိုက်ပြီး သူ့နှလုံးသားက နူးညံ့ကြင်နာမှုတွေနှင့် ပြည့်နှက်နေခဲ့၏။
“အလိုက်တဲ့ကောင်းမလေး… ငါက မင်းကိုတောင် ကျေးဇူးတင်ရအုန်းမှာ၊ ဘာလို့ မင်းကို အပြစ်တင်ရမှာလဲ။”
ရှုရို့ရန်၏ မျက်လုံးတွေက နီရဲနေပြီး ကိုယ်ကိုယ်ကို အပြစ်တင်စိတ်တွေနှင့် ပြည့်နှက်နေခဲ့သည်။
“ဒါပေမယ့် အဲ့ဒါက ငါ နင့်ကို ပေးနိုင်တဲ့ တစ်ခုတည်းသော ချီကျင့်ကြံခြင်းအရည် လေ။”
ဒီလို သူတို့သမီးလောင်းလေးရှိတာ ငါက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ……
ဂျန်ဖန်းက ပိုလို့တောင် နူးညံ့လာခဲ့၏။
“ဝမ်ယင်ဖုန်းပြောတာတစ်ခုကိုတော့ ငါလက်ခံတယ်။”
“မိန်းမတစ်ယောက်ရဲ့ အကူအညီကို မှီခိုပြီး အနိုင်ရတဲ့ ယောက်ျားတစ်ယောက်ကို အခြားလူတွေအထင်သေးရုံသာမကဘူး ငါ့ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို အထင်သေးမိလိမ့်မယ်။”
“မစိုးရိမ်ပါနဲ့။ ငါ ငါ့ဘာသာ ချီကျင့်ကြံခြင်းအရည် ရဖို့ နည်းလမ်း ရှာမှာပါ။”
“အနားယူကြီတော့… ငါ့သတင်းကို စောင့်နေ။”
ရှုရို့ရန်က အချိန်အတော်ကြာတိတ်ဆိတ် နေခဲ့ပြီးနောက် ရုတ်တရက် ခေါင်းညိတ် လိုက်၏။
“ကောင်းပြီ, နင်အကောင်းဆုံးကြိုးစားပါ။ ရလဒ်ကဘာပဲဖြစ်ဖြစ် ငါ့နင့်ကို အပြစ်တင်မှာ မဟုတ်ဘူး။”
ထို့နောက် သူမက အနောက်ဘက်ခြံဝန်းက နေထွက်ကာ ရှုမိသားစုကနေ ထွက်ခွာ သွားခဲ့သည်။
သူမ၏ ဦးတည်ချက်က မြို့စွန်မှာရှိသည့် တိမ်မြူခိုးတောင်ဖြစ်ပြီး ထိုနေရာ၌ စိတ်ဝိညာဥ် မြက်တွေ အများအပြားပေါက်ရောက်ကြ၏။
သူမက ဂျန်ဖန်း၏ အထီးကျန်မှုနှင့် အကူအညီမဲ့မှုကို ကြည့်မနေနိုင်ပဲ သူမတတ်နိုင်သလောက်သူ့ကို ကူညီခြင်သေး၏။
စိတ်ဝိညာဥ်မြက်က ချီကျင့်ကြံခြင်း အရည်ထက် အကျိုးသက်ရောက်မှု အတော်လေးနည်းသော်လည်း ဘာမှမရှိတာထက်စာလျှင် ပိုကောင်းသေး၏။
ထိုစဥ်, ဂျန်းဖန်လည်း ရှုအိမ်တော်မှ ထွက်ကာ မြို့ပြင်က သင်္ချိုင်းကုန်းကို ရောက်လာခဲ့၏။
“အဖေ… မင်းရဲ့ တာဝန်မကျေတဲ့ သားက မင်းကို တွေ့ဖို့ရောက်လာပြီ”
သူက အုတ်ဂူရှေ့၌ ဒူးထောက်လိုက်ပြီး စာရွက်တွေနှင့် ဖယောင်းတိုင်တွေကို မီးရှို့လိုက်၏။ သူ့စိတ်ထဲ၌ သူ့အဖေနှင့်အတူ ကုန်ဆုံးခဲ့သည့် နှစ်တွေကို ပြန်လည်သတိ ရနေခဲ့သည်။
သူ့အဖေက စကားနည်းသူတစ်ယောက်ဖြစ်ပြီး အရက်သောက်ရတာကို ကြိုက်နှစ်သက်သူဖြစ်၏။
အရက်မူးသွားသည့်အခါ သူက အချို့မကျေနပ်ချက်တွေကို ဖွင့်ထုတ်သကဲ့သို့ ကောင်းကင်ဘုံကို ဒေါသတကြီး ဆဲရေးနေတတ်၏။
အရက်မမူးသည့်အခါ သူက လကို ကြည့်နေတတ်ပြီး သူ့မျက်နှာပေါ်မှာ မျက်ရည်တွေစီးကျနေတတ်၏။
သူအရက်မူးမူး မမူးမူး ဂျန်ဖန်းကို ကြည့်သည့်သူ့အကြည့်တွေက အမြဲနူးညံ့ နေခဲ့၏။
“အဖေ, ငါလက်ထပ်တော့မယ်…. ဒါပေမယ့် ရှုယင်းရင်းတော့ မဟုတ်ဘူး။ မင်းပိုသဘောကျတဲ့ ရှုရို့ရန်နဲ့လေ။ မင်းတစ်ခါက ပြောခဲ့ဖူးတယ်… သူမက ငါ့ဇနီးဖြစ်ဖို့ အမှန်တကယ်သင့်တော်တယ်တဲ့။ သိမ့်မွေ့နူးညံ့ပြီးတော့ နားလည်မှုရှိတယ် လို့လေ။”
ဂျန်ဖန်းက ရယ်လိုက်၏။ သို့ပေမယ့် ပြောနေစဥ်မှာ မျက်ရည်တွေကျလာခဲ့သည်။
“မင်းသာ အသက်ရှင်နေသေးရင် နားရွက်တက်ချိတ်အောင်ပြုံးမိလိမ့်မယ်။”
“ငါတို့လက်ထပ်ပြီးတဲ့အခါကျရင် သူမကို မင်းနဲ့တွေ့ဖို့ ငါသေချာပေါက် ခေါ်လာမှာ ပါ။”
သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ဂျန်ဖန်း က အနည်းငယ်အပြစ်ရှိစွာနှင့် ပြောလိုက်သည်။
“ဒါပေမယ့် ငါအခု ပြဿနာအချို့တွေ့ နေရလို့ မင်းထားခဲ့တဲ့ သေတ္တာကို ဖွင့်ဖို့ လိုအပ်တယ်။”
“မင်းရဲ့ ငြိမ်းချမ်းမှုကို နောက်ယှက်မိ တာကြောင့် ငါတောင်းပန်ပါတယ်။”
အကြိမ်များစွာကန်တော့ပြီးနောက် ဂျန်ဖန်းက ပေါက်ပြားတစ်ခုကို ကောက်ယူကာ အုတ်ဂူရှေ့က မြေကြီးကို စတင်တူးတော့၏။
သူက သုံးပေအနက်ထိတူးပြီးနောက် နောက်ဆုံးမှာတော့ အနက်ရောင်သစ်သား သေတ္တာတစ်ခုကို တွေ့လိုက်၏။
“အမ်… ဒါက မပျက်ဆီးသေးဘူးပဲ။”
ဂျန်ဖန်းက ထိုအရာကို ကောက်ယူလိုက် ပြီး သူ့မျက်နှာပေါ်မှာ အံ့အားသင့်မှု တစ်ခုရှိနေခဲ့သည်။
သူမှတ်မိတာအရ ဤသစ်သားသေတ္တာက အမြဲတမ်း ဒီပုံစံအတိုင်းပဲဖြစ်၏။ အနည်းငယ်လေးတောင် ယိုယွင်ပျက်ဆီး မသွားပေ။
သုံးနှစ်အကြာ မြေကြီးထဲ မြုပ်နှံထားတာ တောင်မှ အင်းဆက်ပိုးမွားတွေ ကိုက်ဖြတ်ထားမှုတွေသာမက မြေကြီး၏ တိုက်စားမှုတွေလည်း တစ်ခုမှမရှိပေ။
ကြည့်ရတာတော့ သေတ္တာက လုံးဝကို သာမန်မဟုတ်ပေ။
သူ့နှလုံးသား အနည်းငယ်ခုန်ပေါက်နေမှုနှင့်အတူ သူက သေတ္တာသော့ကို ဖွင့်လိုက်၏။ အသံတစ်ခုနှင့်အတူ….
သူ့အဖေ ၁၅နှစ်ကြာ မခွဲမခွာဆောင်ထား ပြီး တစ်ခါလေးတောင်မဖွင့်ခဲ့တဲ့ ဤသေတ္တာက
နောက်ဆုံး ဂျန်ဖန်း၏ မျိုးစေ့အညှောင့် ပေါက်ပြီးနောက် နေအလင်းရောင်ကို နောက်တစ်ကြိမ်မြင်တွေ့ရတော့မည် ဖြစ်၏။
ခရက်…
သေတ္တာပွင့်လာပြီးနောက် ဂျန်ဖန်၏ မျက်ခွံ့တွေကို ကျုံ့သွားစေသည့် ပစ္စည်းအချို့ မြင်ကွင်းထဲကို ပေါ်လာခဲ့၏။