ဝိညာဥ်သခင်
Vol. 1 Ch. 8
ထိုအရာက ကျောက်စိမ်းပုလင်း နှစ်ခု ဖြစ်ပြီး အထဲ၌ အစိမ်းရောင် စိတ်ဝိညာဥ်အရည်တွေရှိနေခဲ့၏။
“အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်…. ဒါက အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ပဲ”
ဂျန်ဖန်းက အလွန်ပျော်ရွင်သွားခဲ့သည်။
သူ့အဖေက သူ့အတွက် သေချာပေါက် ကျင့်ကြံရေး အရင်းအမြစ်ထားခဲ့မယ်ဆိုတာ သူသိ၏။
ဤအလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည်က သူ၏ အလောတကြီးလိုအပ်နေမှုကို ဖြေရှင်းပေးခဲ့၏။
သူက အလျှင်အမြန်ပဲ ချီကျင့်ကြံခြင်းအရည်ကို ကောက်ယူလိုက် ၏။ ထိုအရာအောက်၌ စာတစ်စောင်နှင့် ဝါးလိပ် တစ်ခုကို ရှာတွေ့သွား၏။
စာစောင်ကို မြင်သည့်အခါ သူ့နှလုံးသား က ခုန်ပေါက်နေပြီး သူက တုန်တုန်ယင်ယင်နှင့် ထိုအရာကို ဖွင့်ဖတ်လိုက်၏။
အထဲက လက်ရေးက တကယ်ပဲ သူ့အဖေ လက်ရေးဖြစ်နေခဲ့၏။
“ဖန်အာ… မင်းဒီစာကို မြင်တဲ့အချိန် မင်းအဖေသေသွားတာ သုံးနှစ်ရှိသွား လောက်ပြီ။”
“မင်းမျိုးစေ့လည်း အညှောင့်ပေါက် လာပြီလား… ရှုယင်းရင်းနဲ့ လက်ထပ်ပြီး ပြီးလား… မင်းကျန်းမာပြီးဘေးကင်ရဲ့လား… မင်းအခု ဘယ်လိုပုံစံရှိနေပြီလဲ…”
“ဒါတွေကို အဖေ တကယ်သိချင် တယ်။ ဒါပေမယ့် ငါ မမြင်နိုင်တော့ဘူး။”
“မင်းသေတ္တာဖွင့်တဲ့အခါ အဖေ့ညွှန်ကြား ချက်ကို လိုက်နာမယ်လို့ ငါမျှော်လင့်တယ်။ အထဲက ပစ္စည်းတွေက မျိုးစေ့အညှောင့်ပေါက်လာမှပဲ အသုံးဝင်မှာ။”
“အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ကို မင်းရဲ့လက်ရှိနယ်ပယ်ကို မြှင့်တင်ဖို့ ချန်ထားခဲတယ်။”
“ဒါပေမယ့် အရေးကြီးဆုံးပစ္စည်းက ဝါးစာ လိပ်ပဲ။ အဖေရဲ့ ပါရမီက သာမန်ပဲ မို့ တစ်ဘဝလုံးကျင့်ကြံပြီးတဲ့နောက်မှာ ကြယ်နှစ်လုံး ဝိညာဥ်သခင်ပဲ ဖြစ်လာခဲ့ တယ်။”
“ငါ့သားက ငါ့ကို ကျော်တက်ပြီး မဟာဝိညာဥ်သခင် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါဆိုရင် မင်းကိုမင်း ကာကွယ်ဖို့ နည်းလမ်းတွေ ရှိသွားတာ ပေါ့။”
“ပုန်းကွယ်နေတဲ့ အလွှာကို မဖွင့်နိုင်ခဲ့တာ ကအဖေရဲ့ နောက်ဆုံးနောင်တပဲ။”
“တစ်နေ့နေ့မင်းသာ ဒါကို ဖွင့်နိုင်ခဲ့ရင် စာရွက်တွေ မီးရှို့ပြီး အထဲက အကြောင်းအရာတွေ အဖေ့ကို ပြောပြဖို့မမေ့နဲ့နော်…”
“ဆက်သွားပါ…ငါ့သား…”
“မင်းဘဝမှာ များစွာသောအလှည့် အပြောင်းတွေရှိလိမ့်မယ်။ ဘာကိစ္စပဲရှိရှိ အရှုံးမပေးနဲ့… ဟုတ်ပြီလား…”
မျက်ရည်စက်တွေ တစ်ပေါက်ပြီး တစ်ပေါက် စာရွက်ပေါ်သို့ ကျလာခဲ့သည်။
သူ့အဖေက သူ့ရှေ့၌ နောက်ဆုံးနှုတ်ဆက် စကားပြောနေသကဲ့သို့ ဂျန်ဖန်းခံစားလိုက် ရ၏။
“အဖေ….”
သူကလက်သီးဆုပ်လိုက်ပြီး မျက်ရည်တွေ ကျဆင်းလာခဲ့၏။
“ငါအသက်ရှင်အောင် သေချာပေါက် ကြိုးစာမှာပါ…. သေချာပေါက် ကြိုးစားမှာပါ…”
အချိန်အတော်ကြာပြီးနောက် သူက သူ့မျက်ရည်တွေကို သုတ်လိုက်၏။
သူက စာကို တရိုတသေ သိမ်းလိုက်ပြီး အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
“ဒီတော့, အဖေက ကြယ်နှစ်လုံး ဝိညာဥ် သခင်ပေါ့…”
ဝိညာဥ်သခင်တွေက ဤကမ္ဘာကြီး၌ ဂုဏ်သတင်းအကြီးဆုံး အသက်မွေးဝမ်း ကျောင်း လုပ်ငန်းဖြစ်၏။
သူတို့က ထူးခြားသည့် ဝိညာဥ်စွမ်းအားကို ပိုင်ဆိုင်ကြပြီး အံ့သြစရာကောင်းသည့် အမျိုးမျိုးသော ဝိညာဥ်နည်းလမ်းတွေနှင့် သိုင်းပညာရှင်တွေအသုံးပြုသည့် ဆေးလုံးတွေကို သန့်စင်နိုင်ကြ၏။
သာမန်လူတွေ၏ ဆေးဝါးတွေနှင့် မတူပဲ ကျင့်ကြံခြင်းအတွက်လိုအပ်သည့် ဆေးလုံးတွေကို သက်တမ်းအမျိုးမျိုး ရှိသည့် ကောင်းကင်နှင့် မြေကြီး ရတနာတွေမှ ပြုလုပ်ရတာပဲ ဖြစ်သည်။
ထိုကောင်းကင်နှင့် မြေကြီးရတနာတွေက တောင်အနက်ပိုင်းတွေနှင့် သစ်တောကြီး တွေ၌ ကြီးထွားကြ၏။ သူတို့က စိတ်ဝိညာဥ်စွမ်းအင်နှင့် အညစ်အကြေး နှစ်မျိုးလုံးကို စုပ်ယူကြ၏။
ထိုအညစ်အကြေးတွေကို ဖယ်ရှားဖို့ အတွင်အားကောင်းသည့် ဝိညာဥ်စွမ်းအား ပေါ်၌သာ မှီခိုနိုင်၏။
ထို့ကြောင့် ဝိညာဥ်သခင်တစ်ယောက်က အံဖွယ်ပညာရှင်တစ်ယောက် ဖြစ်ရုံသာမက အစားမထိုးနိုင်သည့် ဆေးဖော်စပ်စရာ တစ်ယောက်လည်းဖြစ်၏။
အထီးကျန်လှေမြို့၏ ချင်မိသားစုက ထိပ်တန်း ဆေးသန့်စင်သည့် မိသားစု တစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျိုးဆက်တိုင်းရဲ့ မိသားစုခေါင်းဆောင် တိုင်းက လူတစ်ယောက်၏ ဝိညာဥ်စွမ်းအားကို ယာယီတိုးမြင့်ပေးနိုင်သည့် ရတနာတစ်ခုကို လက်ဆင့်ကမ်း အမွေရရှိ သောကြောင့်ဖြစ်၏။
တိုးမြင့်ထားသည့်အဆင့်က အကြမ်းဖြင်းအားဖြင့် စဦးဝိညာဥ်သခင် အရည်အချင်းသာရှိ၏။
ထိုသို့ဆိုရင်တောင်, ထိုအရာက ချင်မိသားစုကို အထီးကျန်လှေမြို့မှာ အကျော်ကြားဆုံး မိသားစုတစ်ခု ဖြစ်အောင်ပြုလုပ်ပေး၏။ သူတို့ ခြေလှမ်းပြင်းပြင်းနင်းလိုက်လျှင် မြို့တစ်ခုလုံးတောင် တုန်လှုပ်သွားစေ၏။
ဝိညာဥ်သခင်တစ်ယောက်၏ စွမ်းအားက သိသာထင်ရှာလှ၏။
ဂျန်ဖန်းက အာခေါင်တွေခြောက်လာပြီး ဝါးလိပ်ကို ဖွင့်ကြည့်လိုက်၏။ သူက အနည်းငယ်လေးနားလည်ရုံနှင့် တောင်မှ သူ့အဖေကဲ့သို့ ကြယ်နှစ်ပွင့် ဝိညာဥ်သခင်ဖြစ်နိုင်တာပဲဖြစ်သည်။
ဝါးစာလိပ်ပေါ်၌ ထူးဆန်းလိမ်ကောက်နေသည့် စလုံးတွေ ရှိနေခဲ့၏။
တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့ကို စာလုံးတွေလို့တောင် ယူဆလို့မရပေ။
ထို့ပြင် သူတို့ကို ကြည့်နေရင်း သူက မူးဝေလာခဲ့သည်။
“ထိုက်ယင် ဝိညာဥ်နည်းပညာ, အပေါ်ပိုင်း အခန်း၊ ရေးသားသူ- ကြယ်ရှစ်လုံး မဟာ အပူပင်မဲ့သခင်”
“အားကောင်းတဲ့ ဝိညာဥ်စွမ်းအားနဲ့ သူ သာလျှင် ဒီအခန်းတွေကို ဖတ်ရှုနိုင်မည်။ အခြားလူတွေဖတ်လျှင် မပြင်းထန်ရင် အပြင်းအထန်ခေါင်းကိုက်ပြီး ပြင်းထန်ရင်တော့ သူတို့ရဲ့ ဝိညာဥ်တွေ ပျက်ဆီးသွားမယ်။ သတိထားပြီး လေ့ကျင့်ကြပါ။”
ထို့စာလုံးတွေကို သူ့မျက်လုံးတွေနှင့် မကြည့်ရပဲ သူ့ဝိညာဥ်နှင့် မှတ်သားရမည်ဆိုတာ ယဲ့ချန်း နားလည်သွားခဲ့သည်။
သူက သူတို့ကို ဖတ်နိုင်တယ်ဆိုသည့် အချက်က သူ၏ ဝိညာဥ်ဟာ သာမန်လူ တွေထက်ပိုသန်မာတာကို ညွှန်ပြနေခဲ့၏။ သူက ဝိညာဥ်သခင် တစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မှီတာပဲဖြစ်သည်။
ထိုအရာက ဂျန်ဖန်းကို အလွန်ပျော်ရွင် သွားစေခဲ့သည်။ သူက အလျှင်အမြန် ဆက်ဖတ်လိုက်ပြီး ခေါင်းကိုက်လာသည့် အခါမှာ ရပ်တန့်လိုက်၏။
သူက အုတ်ဂူရှေ့မှာပဲ အလျှင်အမြန် ခြေချိတ်ထိုင်လိုက်ပြီး သူဖတ်ခဲ့သည့် အရာတွေကို စဥ်းစားနေခဲ့၏။
“သန့်စင်လေကျင့်စဥ်” ကို လေ့ကျင့်တုန်း ကအတိုင်းပဲ သူက ထိုအကြောင်းအရာ တွေကို အလျှင်အမြန် နားလည်သွား ခဲ့သည်။
နေ့တစ်ဝက်လောက်ကြာပြီးနောက် သူ့မျက်လုံးတွေပွင့်လာခဲ့ပြီး မျှော်လင့်ချက်တွေနှင့် တောက်ပနေခဲ့၏။
“အဖေ…., ငါ့ဝိညာဥ်ကို အသုံးပြုဖို့ နည်းလမ်းအချို့ သင်ယူနိုင်ခဲ့ပြီ။”
သူ့ရှေ့က အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည် နှစ်ပုလင်းကို ကြည့်ပြီး တစ်ပုလင်းကိုသောက်ကာ အခြားတစ်ခုကို သူ့ရင်ဘတ်ထဲ သိမ်းလိုက် ၏။
ချီကျင့်ကြံခြင်းအရည် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် ၎င်းက များပြားသည့် စိတ်ဝိညာဥ်စွမ်းအင်တွေ ထုတ်လွတ်လာခဲ့၏။
ဂျန်ဖန်းက အလျှင်အမြန်ကျင့်ကြံ လိုက်ပြီး ထိုစိတ်ဝိညာဥ်စွမ်းအင်တွေကို လောဘတကြီး စုပ်ယူနေခဲ့သည်။
ခဏကြာပြီးနောက်, သူ့ခန္ဓာကိုယ်က တုန်လှုပ်လာခဲ့သည်။
သူက ပျော်ရွင်စွာနှင့် သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။
“ငါ ချီကျင့်ကြံခြင်း အဆင့် ၃ ကို ချိုးဖြတ်သွားပြီ။ အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည်က ဒီလိုအကျိုးသက်ရောက်မှုမျိုးတောင် ရှိတယ်….. ထိပ်တန်းအဆင့်နဲ့ အထွတ်အထိပ်အဆင့်တွေရဲ့ အကျိုးသက် ရောက်မှုက ဘယ်လိုရှိလိမ့်မလဲဆိုတာ ငါသိချင်မိတယ်။”
သူက အုတ်ဂူရှေ့က ကျွင်းကို ပြန်ဖို့လိုက် ပြီး သူ့အဖေ၏ အုတ်ဂူကို အရိုအသေပေး လိုက်၏။ ထို့နောက် သူက မြို့ကို ပြန်လာခဲ့ လိုက်သည်။
သူက ရှုမိသားစုသို့ ပြန်မလာခဲ့ပေ။ ထိုအစား သူက တိတ်ဆိတ်တဲ့ ရတနာ အဆောက်အဦးတစ်ခုကို သွားလိုက်၏။
ရတနာအဆောက်အဦးက ချန်မိသားစု၏ ဆိုင်ဖြစ်ပြီး အထီးကျန်လှေမြို့မှာ ဆေးဝါးသန့်စင်သည့် နံပါတ်နှစ်မိသားစု ဖြစ်၏။
ချန်းမိသားစုက ချင်မိသားစုကဲ့သို့ ဝိညာဥ်တိုးမြှင့်သည့် ရတနာ မရှိပေ။ ထို့ကြောင့် သူတို့က မသန့်စင်သည့် ဆေးလုံးတွေသာ သန့်စင်နိုင်ကြပြီး သူတို့၏ လုပ်ငန်းက ချင်မိသားစုထက် အတော်လေးနိမ့်ကျ၏။
ဂျန်ဖန်းက ရောက်လာသည့်အခါ အနက်ရောင်အင်္ကျီအကြီးကြီးကို ပြောင်းဝတ်လိုက်ပြီး မျက်နှာဖုန်းတစ်ခုကို တပ်ဆင်လိုက်၏။ ထို့နောက် သူက ဈေးဆိုင်ထဲကို လျှောက်ဝင်သွားခဲ့သည်။
ရတနာအဆောက်အဦး၏ ဆိုင်ပိုင်ရှင်က ကုလားထိုင်ပေါ်မှာ ပျင်းရိစွာလဲလျောင်း နေပြီး ပြောလိုက်သည်။
“ဧည့်သည် ဘာဝယ်ချင်လို့လဲ…”
ဂျန်ဖန်းက သူ့ခေါင်းကိုခါးယမ်းပြီး ပြောလိုက်၏။ သူက သူ့အသံကို ပြောင်းဖို့ ပါးစပ်ထဲမှာ ကျောက်တုံးသေးသေးလေး တစ်ခုကို ငုံထားခဲ့သည်။
“ဘာမှမဝယ်ဘူး…”
အို့….
ဆိုင်ပိုင်ရှင်က အံ့အားသင့်စွာနှင့် ဂျန်ဖန်းကို ကြည့်လိုက်၏။
“ဒါဆို, ကောင်းကင်နဲ့မြေကြီးရတနာ လာရောင်းတာလား…”
ကံကောင်းသည့် သိုင်းပညာရှင်အချို့က သူတို့ရှာတွေ့ခဲ့သည့် ဆေးမြစ်တွေကို နာမည်ရှိသည့်ဈေးဆိုင်တွေကို ရောင်းချတာ သာမန်ပဲဖြစ်သည်။
“ဘာမှလည်း မရောင်းဘူး…”
ဈေးဆိုင်ပိုင်ရှင် မျက်မှောင်ကြုတ်သွားခဲ့ သည်။
“ဒါက လုပ်ငန်းလုပ်တဲ့ နေရာနော်။ ရောင်းလည်းမရောင်းဘူး, ဝယ်လည်မဝယ်ဘူးဆိုတော့ မင်းက ဒီနေရာကို ဘာလာလုပ်တာလဲ။”
ဂျန်ဖန်းက အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည် ထုတ်ယူလိုက်ပြီး ကောင်တာပေါ်ကို တင်လိုက်၏။
“လဲလှယ်မှာ…”
ဆိုင်ပိုင်ရှင်က မျက်မှောင်ကြုတ်လိုက်ပြီး အလယ်အလယ်အဆင့် ချီကျင့်ကြံခြင်း အရည်ကို ကြည့်လိုက်၏။
အစပိုင်း၌ သူက အနည်းငယ်အံ့အားသင့် သွားခဲ့သည်။ ထို့နောက်က သူက ရုတ်တရက် ပက်လက်ကုလားထိုင်မှ ခုန်ထလိုက်ပြီး အလျှင်အမြန် လျှောက်လာကာ အော်ပြောလိုက်၏။
“ဒါက…. ဒါက အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည် လား”
“ဆယ်နှစ်ရှိသွားပြီ… ငါ အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ကို နောက်တစ်ကြိမ် ထပ်မြင်ရပြီ။”
သူ့အသံက အတော်လေး စိတ်လှုပ်ရှား နေခဲ့၏။ သူက ဂျန်ဖန်းကို ရိုသေလေးစားစွာကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
“မြန်မြန်.. အဲ့ဒီမှ ရပ်မနေနဲ့ ဒီကလူကြီးမင်း အတွက် လက်ဖက်ရည်ယူခဲ့ကြစမ်း”
“အကောင်းဆုံးလက်ဖက်ရည်နော်….”
ဂျန်ဖန်းအတော်လေးအံ့အားသင့်သွားခဲ့ သည်။
၁၀နှစ်လား…
ထိုချီကျင့်ကြံခြင်းအရည်တွေက သူ့အဖေ သန့်စင်ခဲ့တာ ဖြစ်နိုင်လောက်လား…
သူက အမူအရာကင်းမဲ့စွာပြောလိုက် သည်။
“လက်ဖက်ရည်မလိုပါဘူး… ငါ ဒါကို ကုန်ကြမ်းပစ္စည်းနဲ့ လဲချင်တယ်။ မင်းဆိုင်က ဘယ်လောက်များများ ပေးနိုင်လဲ။”
သူက ကောင်းတာပေါ်က ခဲတံတစ်ချောင်း ကို ယူပြီးရေးလိုက်၏။
“ချီကျင့်ကြံခြင်းအရည်အတွက် ကုန်ကြမ်းပစ္စည်း”
ဆိုင်ရှင် ပိုလို့တောင်စိတ်လှုပ်ရှားသွားခဲ့ သည်။ သူ့အသံက ရိုသေလေးစားမှု တွေနှင့် ပြည့်နှက်နေခဲ့ပြီး သူ့ခန္ဓာကိုယ်က မရည်ရွယ်ပဲ ကွေးညွှတ်နေခဲ့၏။
“ဒီကဆရာက…. ဝိညာဥ်သခင်လား…”
အထီးကျန်လှေမြို့တစ်ခုလုံး၌ ချင်ချန်းရှန် မှလွဲ၍ မည်သူမှ ချီကျင့်ကြံခြင်းအရည် ကုန်ကြမ်းပစ္စည်း မလိုအပ်ပေ။
သူက ဝိညာဥ်သခင်မဟုတ်သော်လည်း ချီကျင့်ကြံခြင်းအရည်ကို သန့်စင်နိုင်၏။
ဂျန်ဖန်း၏ အသံက အေးစက်သွားခဲ့ သည်။
“မင်းကသိချင်တာလား…”
ဆိုင်ပိုင်ရှင်ရုတ်တရက် ထိတ်လန့်သွားပြီး ချက်ချင်းပဲ သူ့ပါးစပ်ကို ရိုက်လိုက်၏။
“ငါ့ရဲ့စပ်စုမှုကို ခွင့်လွတ်ပေးပါ ဆရာ… ကျေးဇူးပြု၍ ခွင့်လွတ်ပေးပါ…”
ထိုလူသာ အမှန်တကယ် ဝိညာဥ်သခင် ဖြစ်ခဲ့လျှင် သူ့ကိုစော်ကားမိခြင်းအတွက် ပြန်ပေးဆပ်ဖို့ အသက် ၁၀ သက်ရှိနေလျှင် တောင် လုံလောက်မည်မဟုတ်ပေ။
“အပိုတွေလျော့ပြော၊ မင်းဘယ်လောက် ပေးနိုင်လဲ။”
ဂျန်ဖန်းက ပြောလိုက်သည်။
ဆိုင်ပိုင်ရှင်က အလျှင်အမြန် ပြန်ဖြေ လိုက်၏။
“ကာလပေါက်ဈေးအရ အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းကို ငွေပြား တစ်သောင်းပါ။ ချီကျင့်ကြံခြင်း အရည်အတွက် ကုန်ကြမ်းပစ္စည်းကတော့ တစ်စုံကို ငွေပြားတစ်ထောင်ပါ။ မင်းက ကုန်ကြမ်းပစ္စည်း ၁၀ စုံနဲ့ လဲလှယ်လို့ရပါ တယ်။”
သူ့ကြည့်က အနည်းငယ် ရွေ့လျားသွားပြီး ဆိုင်ပိုင်ရှင်က သူ့လက်ကို ပွတ်သတ်လိုက် ၏။
“ဒါပေမယ့်ဆရာ, မင်းမှာ ငါတို့ကို ရောင်းဖို့ ပိုများတဲ့ ချီကျင့်ကြံခြင်းအရည်တွေရှိရင် မင်းကို ကုန်ကြမ်းပစ္စည်း ၁၁ စုံပေးဖို့ ဆုံးဖြတ်ပေးနိုင်တယ်။”
ဂျန်းဖန် ခဏတိတ်ဆိတ်သွားခဲ့သည်။
ငွေပြားတစ်သောင်း?....
အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်က တစ်ပုလင်းကို ငွေးပြား ငါးရာသာ ရှိ၏။
အလယ်အလတ်အဆင့်၏ ဈေးနှုန်းက နှစ်ဆဖြစ်နေခဲ့၏။
သို့ပေမယ့် ၎င်း၏ အကျိုးသက်ရောက်မှု က အဆင့်နိမ့်ချီကျင့်ကြံခြင်းအရည်ထက် နှစ်ဆဖြစ်တာကို တွေးကြည့်တော့လည်း ထိုအရာက အဓိပ္ပာယ်ရှိတာပဲဖြစ်သည်။
အချိန်ခဏကြာ တွေးပြီးနောက် ဂျန်ဖန်းက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ…”
ဆိုင်ပိုင်ရှင်က အလွန်ပျော်ရွင်သွားခဲ့သည်။ သူက အလျှင်အမြန်ပဲ ကုန်ကြမ်းပစ္စည်း ၁၁ စုံကို သွားယူကာ ဂျန်ဖန်းကို ပေးလိုက်၏။ သူက သူ့လက်တွေကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။
“ဆရာ.. ရိုးရိုးသားသားပြောရရင် မနက်ဖြန်က အထီးကျန်လှေမြို့က ဆေးဝါးသန့်စင် မိသားစုတွေရဲ့ ပြပွဲနေ့ပါ။ မင်းမှာသာ ချီကျင့်ကြံခြင်းအရည်တွေ ရှိသေးရင် ငါတို့ကိုရောင်းပေးပါ့လား။ ဒါမှ ပြပွဲမှာ ငါတို့ချန်မိသားစုရဲ့ ဂုဏ်သိက္ခာ မြင့်မားလာမှာ…”
ဆိုင်ပိုင်ရှင်၏ တောင်းပန်သည့် အမူအရာကို မြင်သည့်အခါ ဂျန်းဖန်က အနည်းငယ် ခေါင်းညိတ်လိုက်၏။
“စိတ်ချပါ…”
ထို့နောက် သူက ရတနာအဆောက်အဦး ထဲကနေ ထွက်ခွာလာခဲ့သည်။
သူ့နောက်ကို မည်သူမှ လိုက်မလာတာ သေချာပြီးနောက် သူက နောက်ဖေး လမ်းကြားတစ်ခုကို ရှာကာ သူ့အနက်ရောင်ဝတ်ရုံကြီးကို ဖယ်ရှားလိုက်၏။ ထို့နောက် သူက လမ်းပေါ်ကို တည်ငြိမ်စွာ လျှောက်သွား လိုက်သည်။
ခြေလှမ်းအနည်းငယ်သွားပြီးနောက် သူက လှောင်ပြောင်သံတစ်ခုကို ကြားလိုက်ရ၏။
“အို… ဒါဘယ်သူများလဲ…”
လုကျန်းက မြင်းစီးထားပြီး ပြုံးနေခဲ့သည်။ သူ့ဘေးမှာ ချင်ချန်းရှန်လည်းရှိနေခဲ့၏။ သူတို့က ဂျန်းဖန်ကို မြင်သည့်အခါ သူတို့၏ မြင်းတွေကို ဇက်ကြိုးဆွဲကာ ရပ်တန့်လိုက်ကြ၏။
အနီးနားက ရတနာအဆောက်အဦးကို ကြည့်ပြီး လုကျန်းက လှောင်ပြောင် လိုက်၏။
“ချင်မိသားစုခေါင်းဆောင်, အချို့လူတွေက နေ့ခင်ကြောင်တောင် အိမ်မက်မက်နေ တာပဲ။ သူတို့က အဆင့်နိမ့် ချီကျင့်ကြံခြင်း အရည် ဝယ်နိုင်မယ်လို့ ထင်နေကြတယ်။”