← Chapters

အလုပ်မဖြစ်သော အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်

Vol. 1 Ch. 9

အလုပ်မဖြစ်သော အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်

Vol. 1 Ch. 9

ချင်ချန်းရှန်က ဂျန်ဖန်းကို ထူးမခြားနားစွာ ကြည့်လိုက်၏။

“အထီးကျန်လှေမြို့မှာ ငါ့ချင်မိသားစု ကလွဲပြီး အခြားနေရာတွေမှာ ချီကျင့်ကြံခြင်းအရည် ရှိမှာမဟုတ်ဘူး။”

“မင်း ချီကျင့်ကြံခြင်းအရည် ရဖို့ ရတနာ အဆောက်အဦးကို သွားခဲ့ပေမယ့် မင်းမေးတာ နေရာမှားနေပြီ။”

“သူတို့ကိုမေးမယ့်အစား သခင်းလေးလုကို မေးတာပိုကောင်းတယ်”

လုကျန်းက မခံချင်အောင်ပြောလိုက်၏။

“ငါ့ကို ချီကျင့်ကြံခြင်းအရည်မေးတာထက် ငါ့ဆီမင်း သူတို့သမီးလောင်းကို ပို့လိုက်တာ ပိုမကောင်းဘူးလား, ဟ….ဟ…”

သူက အူလိုက်သဲလိုက်ရယ်မောလိုက်ပြီး မြင်းစီးကာ အဝေးကို ထွက်ခွာသွားခဲ့သည်။

ချင်ချန်းရှန်က ဂျန်ဖန်းကို စောင့်ငှဲ့ကြည့် လိုက်ပြီး အထင်မြင်သေးစွာ ပြောလိုက်သည်။

“ချီကျင့်ကြံခြင်းအရည်ကို မေ့လိုက်တော့…”

“ငါရှိနေသ၍ မင်း ဘယ်တော့မှ ချီကျင့်ကြံခြင်းအရည်ရမှာမဟုတ်ဘူး။”

ပြောပြီးနောက် သူလည်း မြင်းကို ကဆုန် ပေါက်ကာ ထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်းက ပခုံးတွန့်လိုက်၏။

အဆင့်နိမ့်ချီကျင့်ကြံခြင်းအရည်… ထိုအရာကို ခွေးတောင် မလိုချင်ပေ။

မကြမီ….

ထူးခြားသည့်လူတစ်ယောက် ရတနာ အဆောက်အဦးသို့ရောက်ရှိလာခဲ့သည်။

ထို့နောက်ချန်းမိသားစု၏ ခမ်းနားထည်ဝါသည့် အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။

ဆိုင်ရှင်က ဦးညွှတ်လိုက်ပြီး ကြောက်ရွံ့မှု ကြောင့် တုန်ယင်နေခဲ့သည်။

“သခင်မလေး, ကိစ္စတွေကတော့ ငါအစော ပိုင်းကပြောတဲ့အတိုင်ပါပဲ။”

ချန်မိသားစုအဖွဲ့ဝင်တွေထဲ၌ အလွန် လှပသည့် မိန်းခလေးတစ်ယောက်ရှိ၏။ သူမ၌ နူးညံ့သည့်မျက်နှာ, အရပ်ရှည်ရှည် နှင့် တောက်ပသည့် မျက်လုံးတွေ ရှိတာပဲ ဖြစ်သည်။

သူမက ချန်မိသားစု၏ အကြီးဆုံးသမီး ချန်းစီလင်ဖြစ်၏။

“သူ့အကြောင်းစုံစမ်းဖို့ နင်လူလွတ် လိုက်သေးလား။”

ချန်းစီလင်က စူးရှစွာ မေးလိုက်သည်။

ဆိုင်ရှင်က တုန်ယင်စွာနှင့် အလျှင်အမြန် ပြောလိုက်သည်။

“ဒီအစေခံအိုကြီး ဘယ်လိုလုပ်လုပ်ရဲမှာ လဲ။ ဝိညာဥ်သခင်တွေကို လူအများစုက ငမ်းငမ်းတက်လိုချင်နေကြတာ။ ငါတို့သာ သူ့ကို စိတ်အနှောင့်အယှက်ပေးမိရင် ချန်မိသားစုကို ကပ်ဘေးကြီး တစ်ခု ယူဆောင်သလိုဖြစ်နေမှာလေ။”

ချန်းစီလင်၏ အမူအရာက အနည်းငယ် ပျော့ပြောင်းသွားပြီး ပြောလိုက်သည်။

“ကောင်းတယ်, မင်းက ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်ခဲ့တာပဲ။”

“မင်းက ဝိညာဥ်သခင်ကို အကျိုးကျေးဇူး တွေပေးပြီး ဆက်ဆံရေးတိုးတက်အောင် လုပ်ခဲ့တယ်။ ပြီးတော့ နည်းနည်းလေးတောင် မရိုမသေမလုပ်ခဲ့ဘူး။”

“နောက်ပိုင်းမှာ အဲ့ဒီဝိညာဥ်သခင် ငါတို့နဲ့ ပူးပေါင်းမလားဆိုတာ သူ့စိတ်ကူးပေါ်မှာပဲ မူတည်တယ်”

“သူသာ ပြပွဲမှာ ငါတို့ကို အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည် ထုတ်ပေးနိုင်ခဲ့ရင် ငါတို့ ဂုဏ်သတင်းလည်းမြင့်မားလာပြီး နောက်ဆုံးမှာ ချင်းမိသားစုနဲ့ ယှဥ်ပြိုင်နိုင် လိမ့်မယ်။”

သူတို့ကို ချင်းမိသားစုက ရာစုနှစ်ကြာ ဖိနှိပ်ခဲ့၏။ ဝိညာဥ်သခင်က ချန်းမိသားစုကို ထောက်ပံ့ပေးကာ သူတို့မိသားစု၏ ကံကြမ္မာကို ပြောင်းလဲပေးမှာကို တွေးပြီး ချန်းစီလင်း အလွန်စိတ်အားထက်သန်လာခဲ့သည်။

ထို့သို့ဆိုလျှင် သူမက မည်သည့်တန်ဖိုးကို မဆို ပေးဖို့ ဆန္ဒရှိတာပဲဖြစ်သည်။

ဂျန်ဖန်းအတွက်တော့ အိမ်တော်ကို ပြန်ရောက်သည့်အခါ သူက အတွင်းဘက်မှ ဆူညံပွက်လောရိုက်သံ တွေကို ကြားလိုက်ရ၏။

“သူမကို ရှာကြ… မြန်မြန် သူမကို ရှာကြ… မင်းတို့တွေ သုံးပေအနက်ကို တူးရမယ် ဆိုရင်တောာင် ရှုရို့ရန်ကို တွေ့အောင် ရှာကြ…”

ဘာ…

ရို့ရန်ပျောက်သွားတာလား…

ဂျန်ဖန်း ထိတ်လန့်သွားခဲ့သည်။ မနက်ပိုင်း တုန်းက ရုတ်တရက်ထွက်ခွာသွားသည့် သူမ၏ ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာခဲ့ပြီး မကောင်းတဲ့အတွေးတွေ မြင်ယောင်လာခဲ့ သည်။

သူမက သူ့၏အဆင့်ချိုးဖြတ်မှုအတွက် ကောင်းကင်နှင့်မြေကြီးရတနာ သွားရှာတာဖြစ်နိုင်လောက်၏။

ယခုချိန်က မှောင်နေပြီဖြစ်ပြီး သူမက ခုထိပြန်မရောက်သေးပေ။

သူမအန္တရာယ်ရှိနေလောက်လား…

သူက မြို့ပြင်ကို အလျှင်အမြန်ပြေးထွက် သွားခဲ့ပြီး အနီးနားက ကောင်းကင်နှင့် မြေကြီးရတနာရှိသည့် တစ်ခုတည်းသော နေရာ တိမ်မြူခိုးတောင်ကို ဦးတည်လိုက်၏။

“အလှလေးရှု, ရုန်းကန်မနေပါနဲ့တော့။ မဟုတ်ရင် မင်းပြုတ်ကျသွားပြီး အသားပုံကြီး ဖြစ်သွားလိမ့်မယ်။”

တောင်စွန်းတစ်ခု၌ ရင်ဘတ်မှာ လင်နို့ပုံတက်တူးထိုးထားသည့် ထွားထွား ကြိုင်းကြိုင်း ယောက်ျားကြီးသုံးယောက်ရှိနေခဲ့၏။ သူတို့က စပျစ်နွယ်တစ်ခုကို တင်းကြပ်စွာ ကိုင်ထားသည့် ရှုရို့ရန်ကို အန္တရာယ်ပေးမည့်ဟန်ဖြင့် ပြုံးဖြဲဖြဲလုပ်ပြနေကြ၏။

သူမ၏ လက်တွေက စပျစ်နွယ်ကို အချိန်အတော်ကြာ ကိုင်ထားတာကြောင့် သွေးတွေထွက်နေခဲ့၏။ သူမက ခြေကုန်လက်ပန်းကျကာ ဖြူဖျော့ကာ တုန်ယင်နေပြီပဲဖြစ်သည်။

သူမအောက်၌ အကန့်အသတ်မရှိတဲ့ ကျောက်ကမ်းပါးတစ်ခုရှိနေပြီး တိမ်တွေ ဖုန်းလွမ်းနေတာကြောင့် ၎င်းအောက်ခြေကို မမြင်ရပေ။

“မြန်မြန်တက်လာခဲ့ပါ… ငါတို့နဲ့ပတ်သက်ပြီး အထင်မလွဲပါနဲ့။ ငါတို့က မင်းကို ဖမ်းပြီး လုကျန်းပေးရမယ့် လောင်းကစားအကြွေးတွေကို ပြန်တောင်ချင်ရုံလေးပါ။”

သူတို့က ထိုသို့ပြောနေပေမယ့် သူတို့၏ တောက်လောင်နေသည့် မျက်လုံးတွေက ရှုရို့ရန်၏ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်မှ မခွာကြပေ။

သူတို့သာ သူမကို ဖမ်းမိလျှင် ဘာဖြစ်မည် ဆိုတာကို အလွယ်တကူ တွေးကြည့်နိုင် တာပဲဖြစ်သည်။

ရှုရို့ရန်က အံ့ကြိတ်ကာ ပြောလိုက်၏။

“အိမ်မက်မက်နေလိုက်…”

ခေါင်းဆောင်ဖြစ်သူက စိတ်ရှည်မှုကုန်ဆုံးသွားပြီး အမိန့်ပေးလိုက် သည်။

“သူမကို ဆွဲတင်ကြ…”

ရှုရို့ရန် အမှန်တကယ်ခုန်ကျမည်ဟု သူမယုံပေ။

အခြားလူနှစ်ယောက် ချက်ချင်းပဲ စပျစ်နွယ်ကို စတင်ဆွဲယူတော့၏။

သူမအပေါ်ကို ဆွဲတင်ခံနေရတာကို မြင်သည့်အခါ ရှုရို့ရန် ဝမ်းနည်းသွားခဲ့ သည်။

သူမက သူမလက်ကို လွတ်ကာ ချောက်နက်ထဲသို့ ခုန်ချဖို့ အသင့်ဖြစ်နေ ခဲ့သည်။

ထိုအခိုက်အတန့်၌…

အလွန်လျှင်မြန်သည့်ခြေသံတွေက ရုတ်တရက် ချည်းကပ်လာခဲ့၏။

ထို့နောက် စပျစ်နွယ်ကို ဆွဲနေသည့် လူနှစ်ယောက်ထဲက တစ်ယောက်ကို ချောက်ထဲသို့ကန်ချလိုက်၏။

ထိုသူ၏ပုံရိပ်က တိမ်တွေထဲသို့ ထိုးကျသွားပြီး အော်ဟစ်ကာ အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။

အခြားလူနှစ်ယောက်က ဒေါသထွက်သွား ကြပြီး တိုက်ခိုက်လာသူကို တိုက်ခိုက်လိုက်၏။

မကြာမီ, နောက်ထပ်လူတစ်ယောက် မြေပြင်ပေါ်ကို အော်ဟစ်ကာ လှဲကြသွားခဲ့ သည်။

နောက်ဆုံးကျန်ရှိသည့်လူက ကြောက်ရွံ့စွာနှင့် အော်ပြောလိုက်သည်။

“မင်းက သွေးလင်းနို့နန်းတော်က လူတစ်ယောက်ကို သတ်ရဲတယ်…. မင်းတော့သေပြီပဲ…”

သူအော်ပြောနေစဥ်မှာပဲ သူက ထွက်ပြေးသွားခဲ့သည်။

ရှုရို့ရန်က ရုတ်တရက် ထိတ်လန့်သွားပြီး ရောက်လာသည့်သူကို သိချင်နေခဲ့သည်။

သွေးလင်းနို့နန်းတော်မှ လူသုံးယောက်၌ တစ်ယောက်က ချီကျင့်ကြံခြင်းအဆင့် ၃ ဖြစ်ပြီး အခြားနှစ်ယောက်က အဆင့် ၂ ဖြစ်၏။

ရုတ်တရက်,ခေါင်းတစ်လုံးပြူထွက်လာပြီး ရှုရို့ရန် ကြောင်အသွားခဲ့သည်။

“ဖန်?....”

လူဆိုးကောင်တွေကို တိုက်ခိုက်လိုက်တာ က ဖန်းဆိုတာ သူမက မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

တင်းမာသည့်မျက်နှာနှင့် ဂျန်ဖန်းက သူမကို ဆွဲတင်ပြီး သူမတင်ပါးကို ခပ်ပြင်းပြင်းရိုက်ကာ အော်ပြောလိုက်၏။

“ဘယ်သူက မင်းကို ဒီနေရာလာခိုင်းလို့လဲ…”

ရှုရို့ရန်က အပြစ်ရှိစွာနှင့် ခေါင်းကို ငုံထားပြီး သူမ၏ သွေးစွန်းနေသည့်လက်ကို ညင်သာစွာ ကိုင်လိုက်၏။ သူမက လက်ထဲ၌ တောက်ပသည့် ဆေးမြစ်တစ်ခုကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အားနည်းစွာပြောလိုက်သည်။

“ငါက နင့်ကို ကူညီချင်ယုံလေးပါ…”

ယခုချိန်ထိ ဆေမြစ်ကို လွတ်ဖို့ ဆန္ဒမရှိသေးသည့် သူမ၏ သွေးထွက်နေသည့်လက်ကို မြင်သည့်အခါ ဂျန်ဖန်း၏ နှလုံးသားက နာကျင်သွားခဲ့ သည်။

သူက သူမကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။

“မင်းက ငါ့အတွက် အရေးကြီးဆုံးလူပါ။ မင်းသာ ငါ့ကို ထားသွားရင် ဒီကမ္ဘာကြီးမှာ ငါဂရုစိုက်ရမယ့်လူမရှိတော့ဘူး။”

သူ၏ ဆူပူကျိန်းမောင်းမှုတွေကြားမှ ရှုရို့ရန်က အရင်ကတစ်ခါမှ မခံစားဖူးသည့် ချိုမြိုန်မှုကို ခံစားနေရ၏။

သူ၏ ရင်ခွင်ကျယ်ကြီးကို မှီပြီး သူမက အရင်ကထက် ပိုလုံခြုံတယ်လို့ ခံစားနေရ၏။

သူမ စိတ်လျော့ချလိုက်ကာ ပင်ပန်းပြီး အိပ်ပျော်သွားခဲ့သည်။

ဂျန်းဖန်း၌ သူမကို နိုးဖို့ နှလုံးသားမရှိပေ။

မြေပြင်ပေါ်မှာရှိတဲ့ သွေးလင်းနို့နန်တော်က လူတွေ၏ အလောင်းကိုကြည့်ပြီး သူကအတွေးတစ်ခုရသွားကာ သူတို့ကို ရှာဖွေလိုက်၏။

မကြာမီ သူက တံဆိပ်ပြားတစ်ခုကို ရှာတွေ့သွားပြီး ပျော်ရွင်သွားခဲ့သည်။

“သွေးလင်းနို့နန်းတော် တံဆိပ်ပြား… မြို့သခင်ရဲ့ အိမ်မှာ ဆုလဒ်တစ်ခုထုတ်ပြန် ထားတယ်။ သွေးလင်းနို့နန်းတော်က လူတွေကို သတ်တဲ့လူတိုင်း မြို့သခင်အိမ် တော်က စိတ်ဝိညာဥ်ရေကန်မှာ ကျင့်ကြံ ခွင့်ရမယ်တဲ့….”

“များစွာသောလူတွေက အဲ့ဒီနေရာကို သွားရောက်ချင်ကြတယ်။”

သူက တံဆိပ်ပြားကို သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။

ပတ်ဝန်းကျင်က မှောင်မဲနေပြီး တောင်အောင်ဆင်းသည့် လမ်းရှာဖို့က မဖြစ်နိုင်ပေ။

သူက လုံခြုံသည့် ဂူတစ်လုံးရှာပြီး ထိုနေရာ၌ ရှုရို့ရန်နှင့်အတူ ညကို ကုန်ဆုံးဖို့သာ တတ်နိုင်တော့၏။

သူမကို စောင့်ရှောက်နေစဥ်၌ ဂျန်ဖန်းက အချိန်ဖြုန်းမနေပေ။

သူက ရတနာအဆောက်အဦးမှရခဲ့သည့် ကုန်ကြမ်းပစ္စည်းတွေကို ထုတ်ယူကာ ချီကျင့်ကြံခြင်းအရည် သန့်စင်နေခဲ့၏။

နောက်တစ်နေ့အာရုံတက်ချိန်၌…

ဂျန်ဖန်း မြေပြင်ပေါ်က ပြာပုံကြီးကို ကြည့်လိုက်၏။

“ငါ ကုန်ကြမ်းသုံးစုံတော့ အလကား ဖြစ်သွားပြီ။”

“ဒါပေမယ့်…”

သူ့မျက်လုံးတွေက သူ့ဘေးမှာရှိတဲ့ စိတ်ဝိညာဥ်အရည် ၈ ပုလင်းကို ကြည့်လိုက်သည်။

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ၇ ပုလင်း နှင့် အထွတ်အထိပ် ချီကျင့်ကြံခြင်း အရည် ၁ ပုလင်း ပင်ဖြစ်၏။

“ကြည့်ရတာတော့ ငါက ငါ့အဖေထက် ပို ပါရမီရှိတယ်နဲ့တူတယ်။ ငါက ထိတ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ကိုသန့်စင်နိုင်နေပြီ။ အကောင်းဆုံး အခြေအနေမှာဆိုရင် အထွတ်အထိတ်အဆင့် ကိုတောင် သန့်စင်နိုင်တယ်။”

“ငါကျွမ်းကျင်လာတဲ့ အခါကျရင် အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်း အရည် အောင်မြင်တဲ့နှုန်းကလည်း ပိုတိုးလာမှာပဲ။”

သူက စိတ်အားထက်သန်စွာနှင့် အထွတ်အထိပ် ချီကျင့်ကြံခြင်းအရည် ကိုကောက်ယူလိုက်ပြီး သောက်လိုက်၏။

ထိုအရာမှ ထုတ်လွတ်ပေးသည့် စိတ်ဝိညာဥ်စွမ်းအင်တွေက အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်ထက် ဆယ်ဆ ပိုများပြီး ဂျန်းဖန်း၏ ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းပွသွား စေခဲ့သည်။

သူက ကျင့်ကြံဖို့ အလျှင်အမြန်ခြေချိတ်ထိုင်လိုက်ကာ စိတ်ဝိညာဥ်စွမ်းအင်တွေကို အလျှင်အမြန် စုပ်ယူလိုက်၏။

နှစ်နာရီလောက်ကြာပြီးနောက်….

“ချီကျင့်ကြံခြင်း အဆင့် ၄…. ပြီးတော့ ငါက အဆင့် ၅နဲ့လည်း မဝေးတော့ဘူး။”

ဂျန်ဖန်းက တိတ်တဆိတ် အံ့သြသင့် သွားခဲ့သည်။

ရှုယင်းရင်းက နေ့စဥ်နေ့တိုင်း အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်တွေကို သောက်ပြီး

အဆင့် ၃မှ အဆင့် ၄ ကို တက်ရောက်ဖို့ ၁၀ ရက်အချိန်ယူခဲ့ရ၏။

သူက အထွတ်အထိပ် အဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းတည်းနှင့် အောင်မြင်သွားခဲ့ သည်။

အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်း အရည်၏ အကျိုးသက်ရောက်မှုက မယုံနိုင်လောက်အောင် အားကောင်းလှ၏။

ချီကျင့်ကြံခြင်းအဆင့် ၄ ၏ ခွန်အားကို ခံစားနေပြီး သူက မနေနိုင်ပဲ အိပ်နေသည့် ရှုရို့ရန်၏ လှပသည့် မျက်နှာလေးကို ကြည့်ကာ အနည်းငယ်ပြုံးလိုက်၏။

“ရို့ရန်, ဒီတစ်ချိန် ငါမင်းကို ကာကွယ်ပေး မယ်။”

ရှုအိမ်တော်….

လုကျန်းက ချွေးတွေစိုဆွဲနေပြီး သူ့မျက်နှာက အတော်လေး အရုပ်ဆိုးနေ ခဲ့သည်။

သူက သူ့ရှေ့မှာရှိတဲ့ ဘာမှမရှိတော့သည့် ချီကျင့်ကြံခြင်း အရည် ၁၀ ပုလင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ဘာလို့ ဒီလိုဖြစ်ရတာလဲ…”

“ငါ အားလုံးသောက်ခဲ့တာတောင် ဘာလို့ အဆင့် မချိုးဖြတ်နိုင်သေးတာလဲ”

သူ့ဘေးက ဝမ်ယင်ဖုန်းလည်း ပဟေဠိ ဖြစ်နေခဲ့သည်။

ဒါကြီးကမဖြစ်သင့်ပေ….

အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်နှင့် အဆင့်နိမ့် ချီကျင့်ကြံခြင်း အရည် ၁၀ ပုလင်း…. ဝက်တစ်ကောင်ဆိုရင်တောင် အဆင့်ချိုးဖြတ်နိုင်သင့်၏။

သို့ပေမယ့် လုကျန်းက တိုးတက်မှု အရိပ်အယောင်တောင်မပြပေ။

သူမက သူ့ကို နှစ်သိမ့်ပေးလိုက်၏။

“ကျန်းအာ, အလျှင်လိုတာက အမှား ဖြစ်စေတယ်။ အဆင့်ချိုးဖြတ်ဖို့ မင်းက စိတ်လှုပ်ရှားနေတာကြောင့် မင်းရဲ့ စိတ်အခြေအနေပေါ်ကို သက်ရောက် သွားတာနေမှာပါ။”

“အဆုံးမှာတော့ မင်းက မရှုံးနိုင်ပါဘူး။ ဂျန်ဖန်းက အဆုံးသမားတစ်ယောက်ပဲ။ သူ့မှာ စိတ်ဝိညဥ်အမြစ်မရှိသလို ချီကျင့်ကြံခြင်းအရည်လည်းမရှိဘူးလေ။ အဆင့်ချိုးဖြတ်ဖို့က ပိုလို့တောင် မဖြစ်နိုင်သေးတယ်။”

“ဒီတော့ မင်းတို့နှစ်ယောက်က အတူတူပါ ပဲ။”

ထိုအရာကို ကြားသည့်အခါ လုကျန်းက စိတ်သက်သာရာရစွာ သက်ပြင်းချ လိုက်သည်။

သူက လှောင်ပြောင်လိုက်၏။

“သူက ငါနဲ့ ယှဥ်ပြိုင်ဖို့ ထိုက်တန်လို့ လား…”

“ငါ့ရဲ့ အဆင့်မချိုးဖြတ်နိုင်မှုက ယာယီပဲ။ ဒါပေမယ့် သူက သူ့တစ်ဘဝလုံး ဘယ်တော့မှ အဆင့်ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။”

“အဓိကခန်းမကို သွားပြီး အနိုင်ရရှိသူကို ဆုံးဖြတ်လိုက်ရအောင်….”

All Chapters