ဘယ်သူက နဂါးအစစ်လဲ
Vol. 1 Ch. 10
ရှုအိမ်တော်….
ဂျန်ဖန်းနှင့် ရှုရို့ရန်တို့က ပြန်လာကြပြီး မနက်ခင်းအလင်းရောင်အောက်၌ လမ်းလျှောက်နေကြ၏။
“ဖန်း…”
ရှုရို့ရန်က ရှုမိသားစုဂိတ်တံခါးကို ကြည့်ပြီး အထဲဝင်ဖို့ တွေဝေနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအရာက အရှုံးကို သတ်မှတ်ပြီးသားတိုက်ပွဲပင် ဖြစ်၏။
ရလဒ်ကတော့ သူမက လုကျန်းကို လက်ထပ်ရမည်ဖြစ်၏။
သူမရှေ့က ဂျန်ဖန်းကို ကြည့်ပြီး လေးလံတဲ့ခံစားချက်တွေ သူမစိတ်ထဲမှာ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။ သူမက သူမနှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
“နင်ရှုံးသွားလည်း ကိစ္စမရှိပါဘူး။ နင့်ကိုနင် အပြစ်မတင်ပါနဲ့… နားလည်လား…”
အတူတူနေလာသည့် ဤရက်တွေအတော အတွင်း၌ သူမက ဂျန်ဖန်းကို သူ့မခင်ပွန်း အဖြစ် လက်ခံထားပြီးပြီပဲဖြစ်သည်။
သူသာ အမှန်တကယ် ရှုံးနိမ့်သွားခဲ့လျှင် သူမက လုကျန်းကို ဘယ်တော့မှ လက်ထပ်မည်မဟုတ်ပေ။
အဆိုးဆုံးမှ သူမက နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကို သတ်သေလိုက်မည်ပဲ ဖြစ်သည်။
သူမစိတ်ကို ခံစားမိပြီး ဂျန်ဖန်းက သူမလက်ကို ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ မင်းကို ကာကွယ်ပေးလို့ပြော တယ်ထားတယ်လေ။”
“အခုကော၊ နောင်ကော, အမြဲတမ်း ဒီလိုပဲ….”
ပြောပြီးသည်နှင့် သူမလက်ကို ဆွဲကာ ရှုအိမ်တော် ဂိတ်တံခါးကို ဝင်ရောက်သွား ခဲ့သည်။
အခြားလူ၏ အမိုးအရိပ်အောက်မှာ ၁၀ နှစ်ကျော် နေထိုင်ပြီးနောက် ဒီနေ့ သူက ကောင်းကင်ပေါ် ပျံသန်းတော့မည်ပဲဖြစ်သည်။
ဂျန်ဖန်းက ရှုမိသားစု၏ မျက်လုံးတွေကို ရင်ဆိုင်ဖို့ ဘယ်တုန်းကမှ စိတ်အားမထက် သန်ခဲ့ပါ။
သူက သူကိုယ့်သူ သက်သေပြချင်၏။
သူကအမှိုက်တစ်ယောက် မဟုတ်ပေ။
သူ, ဂျန်ဖန်းက ရှုရို့ရန်နှင့် ထိုက်တန်၏။
သူတို့၏ ပြန်ရောက်လာမှုက ရှုမိသားစု အိမ်တော်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
ရှုကျန်းယန်က အခြားသူတွေနှင့်အတူ အလျှင်အမြန်ရောက်လာပြီး ဒေါသတကြီး အပြစ်တင်ပြောဆိုလိုက်၏။
“ရှုရို့ရန်, နင် ဘယ်ကိုသွားနေတာလဲ။ နင်က ငါတို့ကို သေလောက်အောင် ကြောက်လန့်ချင်နေတာလား….”
သူမအဖေ၏ ဒေါသကို ရင်ဆိုင်ရသည့် အခါ ရှုရို့ရန်၏ မျက်နှာက မဲမှောင်သွားခဲ့ သည်။
“အဖေ, နင်က ငါ့လုံခြုံရေးကို စိုးရိမ်တာလား၊ ဒါမှမဟုတ် လုကျန်းရဲ့ ဆန္ဒကို မဖြည့်ဆည်းနိုင်မှာကို စိုးရိမ်နေတာလား….”
“ရှေ့တစ်ခုဆိုရင်တော့ အဖေ စိုးရိမ်မနေပါ နဲ့၊ ငါရှိရှိ မရှိရှိ ရှုမိသားစုအတွက် ကွဲပြားမသွားပါဘူး။ ငါ့ညီမရှိနေတာက လုံလောက်နေပါပြီ….”
ရှုကျန်းယန် ဆွံ့အသွားခဲ့သည်။
ရှုယင်းရင်၏ တည်ရှိမှုက ရှုရို့ရန်ကို အမြဲလျစ်လျူရှုအောင် ပြုလုပ်နေခဲ့၏။ ထို့ပြင် ဝမ်ယင်ဖုန်း၏ လျို့ဝှက်အနိုင်ကျင့် ခြင်းကိုလည်းခံရ၏။
သူက ခပ်မာမာပဲပြန်ပြောလိုက်၏။
“ကောင်းပြီလေ, နင်ပြန်လာတာ ကောင်းတယ်။”
ဂျန်ဖန်း သူမလက်ကို ကိုင်ထားတာကို မြင်သည့်အခါ သူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“ဂျန်ဖန်း, မင်းကျင့်ကြံရေးအခြေအနေ ဘယ်လိုလဲ…”
ဂျန်ဖန်းက စာလုံးနှစ်လုံးကို တည်ငြိမ်စွာ ရေးလိုက်သည်။
“မဆိုးပါဘူး….”
မဆိုးဘူး?....
ရှုကျန်းယန် အံ့အားသင့်သွား၏။
စိတ်ဝိညာဥ်အမြစ်မရှိသည့် လူတစ်ယောက်က အမှန်တကယ် တိုးတက်နိုင်သည်တဲ့လား….
သို့ပေမယ့် အဆင့်ကိုးစိတ်ဝိညာဥ်အမြစ် ရှိတဲ့ လုကျန်းတောင် သုံးရက်အတွင်း အဆင့်မချိုးဖြတ်နိုင်တာကို တွေးပြီး ဂျန်ဖန်းက ပိုလို့တောင် မအောင်မြင်နိုင်တာပဲ ဖြစ်သည်။
“ငါ့နောက်ကလိုက်ခဲ့…. ကလန်အဖွဲဝင်တွေ ခန်းမထဲမှာ စောင့်နေတယ်…”
သူက ဂျန်ဖန်းနှင့် ရှုရို့ရန်တို့အား ရှုမိသားစု အဓိကခန်းမထဲသို့ ခေါ်ဆောင် သွားခဲ့သည်။
ဒါဇင်နှင့်ချီသည့် ရှုမိသားစု လူကြီးလူငယ် ပေါင်းများစွာ ခန်းမထဲ၌ ရှိနေခဲ့၏။
တောက်ပသည့် အဝတ်အစားတွေကို ဝတ်ဆင်ထားသည့် ရှုမိသားစု မိန်းခလေး အချို့က လုကျန်း ပတ်ပတ်လည်မှာ ရယ်မောစကားပြောနေကြပြီး သူ၏ နှစ်သက်မှုကို ရယူဖို့ မျှော်လင့်နေကြ၏။
ရှုယင်းရင်၏ မျက်နှာပေါ်မှာလည်း အပြုံးတစ်ခုရှိနေပြီး လုကျန်းနှင့် ရံဖန်ရံခါ စကားပြောနေခဲ့သည်။
သူမက ဂျန်ဖန်ပြန်လာတာကို မြင်သည့်အခါ သူမ၏အပြုံးက ပျောက်ကွယ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
“ငါက နင်မလာရဲဘူးလို့ ထင်နေတာ….”
“အနည်းဆုံးတော့, နင်က ယောက်ျားပီသ သေးသားပဲ…”
ကလန်အဖွဲ့ဝင်တွေလည်း ကြည့်လိုက်ကြ ပြီး ဂျန်ဖန်းနှင့် လုကျန်းကို ယှဥ်ကြည့်နေခဲ့ သည်။
အချို့ ခက်ထန်သည့် လူတွေက ကြမ်းတမ်းသည့်စကားတွေတောင် ပြောလာကြ၏။
“ငါတကယ် နားမလည်နိုင်တော့ဘူး။ လုကျန်းနဲ့ ယှဥ်ပြိုင်ဖို့ သူက ဘယ်က သတ္တိတွေရလာတာလဲမသိဘူး…”
“သူက ရှုမိသားစု ကျွေးတာကို ၁၀ နှစ် ကြာစားသောက်ခဲ့ပြီးပြီ။ ဒါတောင် သူ့အဆင့် အတန်းကို ခုထိနားမလည်သေးပဲ အကိုလု ကို ယှဥ်နိုင်မယ်လို့ ထင်နေတယ်…”
“ငါ့သာသူ့နေရာမှာဆိုရင် အကိုလုပြော တာကို စောင့်မနေဘူး။ ရှုရို့ရန်ကို ကိုယ်တိုင်ပေးလိုက်တယ်, အနည်းဆုံးတော့ မျက်နှာရသေးတာပေါ့…”
……
ဂျန်ဖန်း၏ မျက်နှာက မည်သည့်အမူအရာမှ မပြပေ။
၁၀နှစ်အတွင်း၌ သူက များစွာသော အေးစက်သည့်မှတ်ချက်တွေကို ကြားဖူးပြီး ထိုအရာတွေကို ထုန်နေပြီပဲ ဖြစ်သည်။
သူက စကားတစ်ခွန်းမှ မပြောပဲ ခန်းမအလယ်မှာ မတ်တပ်ရပ်ပြီး ယုံကြည်ချက်ရှိစွာ ရေးလိုက်၏။
“ငါတို့ ဘယ်အချိန် စကြမှာလဲ….”
သူ၏ ယုံကြည်ချက်ရှိသည့် အရှိန်အဝါက လူတိုင်း၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။
ရှုယင်းရင်က သူ့ကို အံ့သြစူးစမ်းစွာနှင့် ကြည့်လိုက်ပြီး ခေါင်းစ ခြေအဆုံး စစ်ဆေးလိုက်၏။
ယနေ့ ဂျန်ဖန်းက သူမကို မဖော်ပြနိုင်သည့် ခံစားချက်တစ်ခုပေးစွမ်းနေ၏။ သူ့အရိုးထဲမှ ယုံကြည်မှုတစ်ခုက အပြင်ဘက်ကို ပေါက်ကွဲထွက်လာ သကဲ့သို့ဖြစ်၏။
သူက ဒီနေ့ပြိုင်ပွဲမှာ အနိုင်ရဖို့ ယုံကြည်ချက် ရှိနေလား….
ဒါပေမယ့် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာ လဲ…
သူမက ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ဒီပြိုင်ပွဲရဲ့ ရလဒ်က အစောကြီးကတည်းက ဆုံးဖြတ်ပြီးပြီ…”
လုကျန်းကို ထောက်ခံကြသည့် အမျိုးသမီးကလန်အဖွဲ့ဝင်တွေက သူမတို့ ၏ မျက်လုံးတွေကိုပင့်လိုက်ကြ၏။
“သူက သူ့ကိုယ်သူ အဆင့်ကိုး စိတ်ဝိညာဥ် အမြစ်ရှိတဲ့သူလို သရုပ်ဆောင်နေတာပဲ”
“သူ့ဇနီးကို ဆုံးရှုံးရတော့မှာဆိုတော့ ဒါက သူ့ရဲ့ နောက်ဆုံးဂုဏ်သိက္ခာလေးပဲ ဖြစ်မှာပါ…”
“သူ အရုပ်ကျိုးပြတ်ဖြစ်ပြီး ငိုတော့မှာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး…”
ဝမ်ယင်ဖုန်းက သူမလက်ဖက်ရည်ခွက်ကို ပေါ့ပါးစွာထိလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်၏။
“ဂျန်ဖန်း…”
လူတိုင်းက ကလန်ခေါင်းဆောင်ကတော် ပြောတာကို တိတ်ဆိတ်စွာနားထောင်လိုက်၏။
“ဒီပြိုင်ပွဲရဲ့ လောင်းကြေးကို နင်မှတ်မိတယ်မလား…”
“နင် လုကျန်းကို ရှုံးရင် ရှုရို့ရန်က လုကျန်းကို လက်ထပ်ရမယ်…”
ဂျန်ဖန်းက သူမကို အေးစက်စွာကြည့်လိုက်ပြီး စာရေးလိုက်သည်။
“လုကျန်းရှုံးရင် မင်းလည်း မင်းတူကို ထိန်းသိမ်းထားပြီး သူ့ရဲ့ ဖားပြုတ်က ငန်းသားစားချင်နေတဲ့အတွေးကို ရပ်တန့်ခိုင်းဖို့ ငါမျှော်လင့်တယ်။”
ဘန်း!
ဝမ်ယင်ဖုန်းက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီး သူမ၏ ဖီးနှစ် မျက်လုံးတွေက ဒေါသတွေနှင့် ပြည့်နှက်နေခဲ့၏။
ကပ်စားနေသည့် ကောင်ကများ သူမကို ထိုကဲ့သို့ပြောရဲသည်လား…
သူမက အေးစက်စွာလှောင်ပြောင်လိုက်၏။
“ကျန်းအာသာရှုံးသွားရင် သဘာဝအတိုင်း သူမှာ ရှုရို့ရန်ကို လက်ထပ်ခွင့်တောင်းဖို့ မျက်နှာရှိမှာမဟုတ်ဘူး”
“မင်းရှုံးသွားရင် မင်းရှုအိမ်တော်ကနေ ထွက်သွားတာ အကောင်းဆုံးပဲ။ ရှုမိသားစုက မင်းအပေါ်မှာ နောက်ထပ် ဘာအကြွေးမှမရှိတော့ဘူး။”
ဂျန်ဖန်းက ယုံကြည်မှုရှိစွာ ရေးလိုက်၏။
“ကောင်းပြီလေ…”
“အနိုင်ရရှိသူကို ရှင်းရှင်းဆုံးဖြတ်လိုက်ကြ တာပေါ့”
ဝမ်ယင်ဖုန်းက ဒေါသတနုံ့နုံ့ထွက်လာပြီး ပြောလိုက်သည်။
“ကျန်းအာ.. သွားပါ…”
“နင့်ရဲ့ ခွန်အားအကုန်ကို အသုံးပြုလိုက်။ နင်က အဆင့်မချိုးဖြတ်နိုင်ဘူးဆိုရင်တောင်မှ နင်က တိုးတက်နေသ၍ အနိုင်ရပြီပဲ။”
“အဆုံးမှာတော့ ဂျန်ဖန်းက နည်းနည်းလေးတောင်တိုးတက်ဖို့ မဖြစ်နိုင်ဘူး။”
လုကျန်းက ယုံကြည်မှုရှိစွာနှင့် ခန်းမအလယ်ကို လျှောက်လာပြီး ဂျန်ဖန်းနှင့်မျက်နှာဆိုင်မှာ ရပ်လိုက်၏။
သူ့မျက်နှာပေါ်၌ အထင်သေးမှုတွေက အထင်းသားပဲဖြစ်သည်။
“အဆင့်ကိုးစိတ်ဝိညာဥ်အမြစ်နဲ့ လူတစ်ယောက်ကို ယှဥ်ပြိုင်ခွင့်ရတာ မင်းမိသားစုဘိုးဘေးတွေ ဂုဏ်ယူနေမှာပါ…”
သူက လှောင်ပြောင်နေပြီး သူ့လက်သီးကို မြောက်ကာ လေးထဲသို့ ကြမ်းတမ်းစွာ ထိုးလိုက်၏။
ဘန်း!
ဗျောက်အိုးဖောက်သံကဲ့သို့ အသံ ထွက်ပေါ်လာပြီး ချီကျင့်ကြံခြင်း အဆင့် ၅ အထွတ်အထိပ် အားနှင့်အတူ လေထုကို တုန်ခါသွားစေခဲ့သည်။
ရှုယင်းရင်း မအံ့သြပဲ မနေနိုင်ခဲ့ပေ။
“အဆင့်မချိုးဖြတ်နိုင်ဘူး?.... ဒါ မဖြစ်သင့်ဘူးလေ….”
ချီကျင့်ကြံခြင်းအရည် ၁၀ ပုလင်းနှင့် ဆိုလျှင် စိတ်ဝိညာဥ်အမြစ် အဆင့် ၆ နှင့် သူမတောင် အဆင့်ချိုးဖြတ်နိုင်၏။
ကလန်အဖွဲ့ဝင်တွေက ပဟေဠိဖြစ်စွာနဲ့ အကြည့်ခြင်း ဖလှယ်လိုက်ကြသည်။
သူတို့က ဤရလဒ်ကို မျှော်လင့်မထားကြ ပေ။
အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်က သူတို့ ထင်ထားသလို အားမကောင်းပေ။
မြင်ကွင်းက ကိုးရိုးကားရား နိုင်လှ၏။
ဝမ်ယင်ဖုန်းက ကိစ္စတွေကို ရင်ကြားစေ့ ပေးလိုက်၏။
“ကျင့်ကြံခြင်းလမ်းကြောင်းက အဆင့်တိုင်းမှာ ခက်ခဲလာတယ်။ သုံးရက်တည်းနှင့် အဆင့် ၅ အထွတ်အထိပ်ကို ရောက်တာက အထင်ကြီးစရာကောင်းနေပါပြီ။”
ကလန်အဖွဲ့ဝင်တွေက ထူးဆန်းတာကို ရှာတွေ့သော်လည်း အများကြီးတွေးမနေ ကြပေ။
လုကျန်းကို ဖားနေသည့်အမျိုးသမီးတွေ က သဘောတူကြောင်းပြောလိုက်ကြသည်။
“ကလန်ခေါင်းဆောင် ကတော် ပြောတာ မှန်တယ်။ ဘယ်သူမှ ရေသေအတိုင်းရပ် နေမဘူး။”
“ဟုတ်တယ်.... ဘာပဲဖြစ်ဖြစ် စိတ်ဝိညာဥ် အမြစ်မရှိတဲ့အမှိုက်ထက်တော့ သာသေးတယ်….”
“အထွတ်အထိပ်အဆင့်ကို ရောက်သွား တာကက အထင်ကြီးစရာကောင်းနေပြီး အနိုင်ရဖို့က သေချာနေပြီ။”
ထိုအရာကို ကြားသည့်အခါ လုကျန်းက ဂုဏ်ယူစွာနှင့် ရင်ကော့လိုက်ပြီး ဟန်လုပ်ပြုံးလိုက်၏။
“မင်းဘာပြောမလဲ… ဂျန်ဖန်း…”
“ငါက အဆင့်မချိုးဖြတ်ခဲ့ပေမယ့်လည်း အနည်းဆုံးတော့ တိုးတက်ခဲ့သေးတယ်။”
“မင်းရှုံးနေတုန်းပဲ…”
သူကမနေနိုင်ပဲ ရှုရို့ရန်ကို ပြင်းပြစွာ ကြည့်လိုက်သည်။
သူ့စိတ်ထဲ၌ သူမကို အပိုင်စီးသည့် မြင်ကွင်းကို ပုံဖော်ထားပြီးပြီဖြစ်၏။
ဂျန်ဖန်းက ပြုံးပြီး စာရေးလိုက်၏။
“အဆင့်ကိုးစိတ်ဝိညာဥ်အမြစ်.... ချင်ချန်းရှန်က လည်း အပြည့်အဝထောက်ပပေးထားသေးတယ်…. ပြီးတော့ ဒါပဲလား…”
သူ့စကားလုံးတွေက ဝမ်းယင်ဖုန်းကို နားမခံနိုင်ဖြစ်သွားစေ၏။ သူမ စာပွဲကို စိတ်မရှည်စွာနှင့် ရိုက်လိုက်၏။
“ကောင်းကင်ဘုံနဂါးက ကောင်းကင်ပေါ် မှာရှိတယ်။ တီကောင်ကတော့ မြေကြီးထဲ မှာပဲ။ မင်းမှာလှောင်ပြောင်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ…”
ကောင်းကင်ဘုံနဂါး?....
ဂျန်ဖန်းက ပြုံးလိုက်ပြီး သူ့လက်သီးကို မြောက်ကာ လေထဲသို့ ကြမ်းတမ်းစွာ ထိုချလိုက်၏။
သန်စင်သည့် စိတ်ဝိညာဥ်စွမ်းအင်တွေက လေထုကို ချေမွသွားခဲ့သည်။
ထို့ပြင် လူတိုင်း၏ မျှော်လင့်ချက်တွေကို လည်း ချေမွသွားခဲ့သည်။