← Chapters

လူတိုင်းကိုတုန်လှုပ်သွားစေခြင်း

Vol. 1 Ch. 11

လူတိုင်းကိုတုန်လှုပ်သွားစေခြင်း

Vol. 1 Ch. 11

“ချီကျင့်ကြံခြင်း အဆင့် ၁… ဒါက ချီကျင့်ကြံခြင်း အဆင့် ၁ပဲ၊ ဖန်, နင်… နင် အဆင့်ချိုးဖြတ်သွားပြီ။”

ရှုရို့ရန်၏ ညိုးငယ်နေသည့် မျက်နှာက အပြည့်အဝပွင့်လန်းနေသည့် နွေဦးမြက်ခင်းကဲ့သို့ တောက်ပလာခဲ့သည်။

သူမက သူမပါးစပ်ကို လက်နဲ့ကာလိုက် ပြီး ပျော်ရွင်မှုနှင့်အတူ မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ရှုယင်းရင်း၏ မျက်လုံးတွေက ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာနှင့် ရေရွတ်လိုက်၏။

“သူ့မှာစိတ်ဝိညာဥ်အမြစ်ရှိတယ်လား…”

လုကျန်းကို ထောက်ခံနေကြသည့် အမျိုး သမီးတွေလည်း ကြောင်အသွားကြသည်။

လုကျန်း၏ မျက်လုံးတွေလည်း ပြူးကျယ် နေပြီး သူမြင်ရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

သူဘယ်တုန်းကမှအလေးမထားခဲ့သည့် သူက ချီကျင့်ကြံခြင်း အဆင့် ၁ ကို ချိုးဖြတ်ပြီး သူ့ကို အနိုင်ရသွားပြီ ဖြစ်၏။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

သူက ဒါကို လက်မခံနိုင်ပေ။ အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်နှင့် ပါရမီရှင် သူက အမှိုက်ကောင်ကို ရှုံးနိမ့်သွားခဲ့သည်။

ဂျန်ဖန်းပြုံးပြီး ခဲတံကို ကောက်ကာ စာတစ်ကြောင်းရေးလိုက်၏။

“ငါ အဆင့်ကိုးစိတ်ဝိညာဥ်အမြစ် ပါရမီရှင် ကို အနိုင်ရသွားတာ ဂျန်မိသားစု ဘိုးဘေးတွေသာ သိရင် သူတို့ အရမ်းဂုဏ်ယူနေကြမှာသေချာတယ်။”

အစောပိုင်း လုကျန်း၏ လှောင်ပြောင်မှုက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။

သူက လက်သီးဆုပ်လိုက်ပြီး တားဆီးလို့ မရအောင် ဒေါသထွက်နေခဲ့သည်။

ဝမ်ယင်ဖုန်းလည်း အစော်ကားခံရသကဲ့သို့ ခံစားလိုက်ရပြီး အေးစက်စွာပြောလိုက် သည်။

“ဒါက ချီကျင့်ကြံခြင်း အဆင့် ၁ လေးကို မင်းက ကိုယ့်ကိုယ်ဟုတ်လှပြီထင်နေတာပဲ။”

“အဆင့် ၅ ကနေ အဆင့် ၆ ကို ချိုးဖြတ် တာနဲ့ ဘယ်လိုလုပ် ယှဥ်လို့ရမှာလဲ…”

အဲ့ဒါက အဆင့် ၁ကို ချိုးဖြတ်တာထက် ၅ ဆလောက်ပို ခက်ခဲတယ်။”

လုကျန်းကို ထောက်ခံကြသည့် အမျိုးသမီးတွေကလည်း ချက်ချင်းပဲ လှောင်ပြောင်လိုက်ကြ၏။

“အတိအကျပဲ… စိတ်ဝိညာဥ်အမြစ်သာရှိ ရင် ခွေးတောင် အဆင့် ၁ ကို ချိုးဖြတ် နိုင်တယ်။”

“သုံးတည်းတည်းနဲ့ အဆင့် ၅ အထွတ်အထိတ်ကို တက်ရောက်တာက အဆင့် ၁ ကို ချိုးဖြတ်တာထက် အများကြီး ပိုခက်ခဲတယ်။”

“သူက ဂုဏ်ယူဝင့်ကြွားဖို့ ဘယ်ကနေ သတ္တိတွေရလာတာလဲမသိဘူး။”

ဂျန်ဖန်းက ပြုံးရုံလေးပြုံးလိုက်၏။

သူက သူ့လက်ကို မြောက်ကာ နောက်ထပ် လက်သီးချက် ထုတ်ဖော်လိုက်ပြီး လေထုကို သိမ်မွေ့စွာ အသံမြည်သွား စေခဲ့သည်။

သူက အနည်းငယ်ပြုံးကာ ခဲတံကို ကောက်လိုက်၏။

“ခုကော ဘယ်လိုလဲ…”

ရှုရို့ရန် အလွန်တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

“ချီကျင့်ကြံခြင်း အဆင့် ၂… ဖန်း, နင် ချီကျင့်ကြံခြင်း အဆင့် ၂ ကို သုံးရက်တည်းနဲ့ ချိုးဖြတ်ခဲ့တာလား…”

ဤတစ်ချိန်၌ ရှုယင်းရင် ခုံမှာထိုင်မနေ နိုင်တော့ပေ။

သူမ၏ လှပသည့်မျက်နှာလေးက အံ့အားသင့်မှုတွေကို ပြသနေခဲ့သည်။

“ငါတောင် ချီကျင့်ကြံခြင်း အဆင့် ၂ ကို သုံးရက်တည်းနဲ့ အချိုးဖြတ်နိုင်ခဲ့ဘူး။”

“ဂျန်ဖန်း နင်မှာ တကယ်ပဲ အရင်က စိတ်ဝိညာဥ်အမြစ်မရှိခဲ့ဘူးလား…”

သို့ပေမယ့် သူမက အဓိပ္ပာယ်မရှိသည့် မေးခွန်းမေးမိသွားသည်ဆိုတာ အလျှင်အမြန်ပဲ နားလည်သွားခဲ့သည်။

ဂျန်းဖန်းက ရှုမိသားစု၏ စောင့်ကြည့်နေမှု အောက်မှာပဲ စပ်းသပ်ရေးမျှော်စင်ကို သုံးကြိမ်သွားရောက်ခဲ့၏။

အရင်က သူမှာ စိတ်ဝိညာဥ်အမြစ်ရှိလျှင် ထိုအရာကို ဖုံးကွယ်မထားနိုင်ပေ။

လုကျန်းကို ထောက်ပံ့ပေးသည့် အမျိုးသမီးတွေလည်း မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး မည်သည့်အရာမှ မပြောနိုင်ကြတော့ပေ။

လုကျန်း၏ မျက်ခွံ့တွေလည်း တုန်လှုပ် နေပြီး သူ့မျက်လုံးတွေက ဒေါသတွေနှင့် ပြည့်နှက်နေခဲ့သည်။

အဆင့် ၁ ကို ချိုးဖြတ်တာက သူ့ကို ရိုက်ခတ်နေပြီဖြစ်၏။ ယခု ချီကျင့်ကြံခြင်း အဆင့် ၂ ကို ချိုးဖြတ်ခြင်းက သူ့ကို လုံးဝနင်းခြေပစ်လိုက်၏။

ဝမ်ယင်ဖုန်းလည်း တုန်လှုပ်သွား၏။ သို့ပေမယ့် သူမက အလျော့မပေးပဲ ငြင်းခုန်လိုက်၏။

“”ချီကျင့်ကြံခြင်း အဆင့် ၂ က မခက်ပါ ဘူး။ ဒါက လုကျန်း အဆင့်ကို မှီရုံလောက် လေးပဲရှိသေးတယ်…”

သို့ပေမယ့်….

ထိုစကားတွေထွက်ပေါ်လာသည်နှင့် ဂျန်ဖန်းက လေထဲသို့ နောက်ထပ်လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။

လေထုအက်ကွဲသံက လူတိုင်း၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်၏။

“ဒါဆိုရင်ရော…”

ဂျန်ဖန်းက အေးစက်စွာပြုံးလိုက်ပြီး ခဲတံကို ကောက်ယူကာမေးလိုက်သည်။

ဝှစ်!

ရှုယင်းရင်လည်း အံ့အားသင့်စွာနှင့် မတ်တပ်ရပ်လိုက်ပြီး ထိုင်ခုံကို အဝေးကို လွင့်ပျံသွားစေခဲ့သည်။ သူမက ထိုအရာကို နားကို မလည်နိုင်တော့ပေ။

သူမ၏ လှပသည့်မျက်နှာက အလွန်အံ့အားသင့်နေခဲ့၏။

“ချီကျင့်ကြံခြင်း အဆင့် ၃… မဖြစ်နိုင်တာ, သုံးရက်တည်းနဲ့ ချီကျင့်ကြံခြင်း အဆင့် ၃ ကို ချိုးဖြတ်ဖို့က ဖြစ်ကို မဖြစ်နိုင်ဘူး။ အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်တောင်မှ မရဘူး…”

“ဂျန်ဖန်း, နင်က အတိအကျ ဘာဖြစ်နေတာလဲ…”

အစောပိုင်းက လုကျန်းကို ကာကွယ်ပေးချင်တဲ့ အမျိုးသမီးတွေလည်း လုံးဝကို ကြောင်အသွားကြသည်။

သူတို့က နှစ်ပေါင်းများစွာကျင့်ကြံခဲ့ကြ ပေမယ့် ချီကျင့်ကြံခြင်း အဆင့် ၃ သာ ရောက်ရှိခဲ့ကြ၏။

သို့ပေမယ့် ဂျန်ဖန်ကတော့ သုံးရက်သာ အချိန်ယူခဲ့၏။

လုကျန်းနှင့် ဝမ်းယွမ်ဖုန်းတို့၏ မျက်နှာတွေလည်း တုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေပြီး ဂျန်ဖန်းကို မယုံကြည်နိုင်စွာနှင့် စိုက်ကြည့်နေခဲ့ကြ သည်။

သုံးရက်တည်းနှင့် သူက ချီကျင့်ကြံခြင်း အဆင့် ၃ ကို ရောက်ရှိခဲ့၏။

ထိုအရာက လုကျန်းကို အနိုင်ရရှိသွားရုံတင်မဟုတ်ပေ, သူ့ကို လုံးဝကို နင်းခြေသွားပြီဖြစ်၏။

နေရာတစ်ခုလုံးက တိတ်ဆိတ်နေခဲ့ပြီး လူတိုင်းက ၁၀ နှစ်ကြာ အမှိုက်လို့ ယူဆခဲ့သည့် လူငယ်လေးကို အလေးထားပြီး ကြည့်နေခဲ့ကြသည်။

ဂျန်ဖန်းက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး အခြားတစ်ဖက်က ခဲတံကို ကိုင်ထားခဲ့သည်။

“သူက နဂါးအစစ်ဆိုတော့ရော ဘာဖြစ်လဲ…. အဆင့်ကိုး စိတ်ဝိညာဥ်အမြစ် ရှိတော့ကော ဘာဖြစ်လဲ…”

“ငါ့ကိုအချိန်သာပေး…. ငါ သူတို့အားလုံး ကို နင်းခြေပစ်မယ်။”

ပြောပြီးသည်နှင့် သူက ရှုရို့ရန်ကို ပွေ့ဖက် လိုက်၏။

“ရို့ရန်က ငါ့ဇနီးပဲ… သူမကို ဘယ်သူမှ ငါ့ဆီက ယူသွားလို့မရဘူး။”

သူ့စကားတွေက ခိုင်မာပြတ်သားလှပြီး ခန်းမထဲမှာ ပဲ့တင်ထပ်နေခဲ့သည်။

လုကျန်းက စော်ကားသလို ခံစားလိုက်ရ ပြီး အော်ပြောလိုက်၏။

“ဂျန်ဖန်း… မင်းကဘာတွေဒီလောက် ဂုဏ်ယူနေတာလဲ”

“ငါမင်းကို ပြောလို့ကြောက်မသွားနဲ့နော်… ကောင်းကင်ဘုံ စက်ယန္တရားခန်းမ က လူတွေက ဒီကိုလာနေပြီ”

“သူတို့ရောက်တဲ့အခါကျရင် ငါက ကောင်းကင်ဘုံ စက်ယန္တရားခန်းမကို တိုက်ရိုက်ဝင်ရောက်ရမယ်။ မင်းကကော…. ချီကျင့်ကြံခြင်း အဆင့် ၃ ပဲ ရှိတဲ့ အင်းဆက်ပိုးမွားလေး တစ်ကောင်ပါပဲ…”

“ငါနဲ့ယှဥ်ပြိုင်ဖို့လား?... မင်းနဲ့တန်လို့လား…”

ပြောပြီးနောက် သူက ထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်းက ပခုံးတွန့်ပြလိုက်သည်။

လုကျန်း၏ အဆင့်ကိုး စိတ်ဝိညာဥ်အမြစ် ကို သူအမြဲတမ်းသံသယရှိခဲ့၏။

သူ၏ ဖောက်ထွင်းမြင်ရသည့်အမြစ်နှင့် သူက ချီကျင့်ကြံခြင်းအဆင့် ၄ ကို သုံးရက်နှင့် ရောက်ရှိခဲ့၏။

အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်က တစ်ဆင့်မှ မချိုးဖြတ်နိုင်စရာ အကြောင်း မရှိပေ။

ကောင်းကင်ဘုံ စက်ယန္တရားခန်းမမှ လူတွေရောက်လာသည့်အခါ သူတို့က လုကျန်း၏ စိတ်ဝိညာဥ်အမြစ်ကို အတည်ပြုကြလိမ့်မည်ပဲဖြစ်သည်။

ဝမ်ယင်ဖုန်းလည်း ဒီနေ့ အစော်ကားခံရ သလို ခံစားရ၏။

သူမအပြည့်အဝထောက်ပံ့ပေးခဲ့သည့် တူက အမှိုက်ကောင်လောက်တောင် အဖြစ်မရှိပေ။

သူမက ဂျန်ဖန်းကို စိန်းစိန်းဝါးဝါးကြည့် လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။

“ကောင်းပြီးလေ… နင့်မှာစိတ်ဝိညာဥ် အမြစ်ရှိတယ်, နင်က အမှိုက်မဟုတ်ဘူး။ နင်းက အရမ်းအံ့သြစရာကောင်းတယ်။ ဟုတ်ပြီလား…”

“အစတုန်းကတော့ ငါက နင့်ကိုသနားလို့ ခန်းဝင်ပစ္စည်း မတောင်းတော့ဘူးလို့နေတာ…”

“ဒါပေမယ့် နင်က အရမ်းကို စွမ်းဆောင် နိုင်နေပြီဆိုတော့ ၁၀ ရက်အတွင်း ခန်းဝင်ပစ္စည်း ပြင်ဆင်ထားလိုက်ပါ။”

“နင်မပြင်ဆင်နိုင်ရင် ငါနင်တို့ရဲ့လက်ထပ်ပွဲ ကိုဖျက်သိမ်းပြီး အခြားတစ်ယောက်နဲ့ လက်ထပ်ပေးမှ ငါ့ကို အပြစ်မတင်နဲ့…”

“ဟမ့်…”

သူက စားပွဲကို ရိုက်လိုက်ပြီး ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။

အစောပိုင်းက ပျော်ရွင်နေသည့် ရှုရို့ရန်လည်း ယခုအခါ သူမ၏ မျက်နှာပေါ်မှ စိုးရိမ်နေသည့် အမူအရာတစ်ခုရှိနေပြီး သက်ပြင်းချလိုက် သည်။

“ဖန်, ငါပေးတဲ့ ငွေအပိုင်းအစတွေက မလုံလောက်မှာစိုးတယ်…”

“ဒေါ်လေးဝမ်က နင့်ကို တမင်သက်သက် ခက်ခဲအောင်လုပ်နေတာပဲ… နင်ဘယ်လောက်ပဲယူလာလာ သူက အပြစ်မရှိအပြစ်ရှာနေအုန်းမှာပဲ…”

အရင်ကသာဆိုလျှင် ဂျန်ဖန်း အတွက် ဒုက္ခများမည်ဖြစ်၏။

ယခုအခါမှတော့ ဒါက သူ့အတွက် ပြဿနာမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူက ဝိညာဥ်သခင်တစ်ယောက်ဖြစ်၏။ ဈေးကြီးသည့် ဆေးလုံးတွေကို သန့်စင်နိုင်သည့် ဝိညာဥ်ဆရာတစ်ယောက် ဖြစ်၏။

အထီးကျန်လှေမြို့ ပြပွဲမှာ ပါဝင်ဖို့ ရတနာအဆောက်အဦး ဆိုင်ရှင်ကို မနေ့တုန်းက ကတိပေးထားတာအား သူက ရုတ်တရက် မှတ်မိသွားခဲ့သည်။

သူက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အရည် တွေ သန့်စင်ထားခဲ့ပြီးဖြစ်၍ ထိုအရာတွေက ဈေးကောင်းရသင့်၏။

“ရို့ရန်… ငါကျင့်ကြံကြီလိုက်အုန်းမယ်။ အပြင်တွေလျှောက်မသွားနဲ့နော်… နားလည်လား….”

ဂျန်ဖန်းက ခဲတံတစ်ချောင်းနှင့် ရေးပြ လိုက်၏။

ရှုရို့ရန်က နာခံစွာနှင့် ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ… ကောင်းပါပြီ… သွားပါ… ငါနင့်ကို နောက်ထပ် ပြဿနာဖြစ်အောင် မလုပ်တော့ပါဘူး…”

သူမက အလွန်စိတ်ချမ်းသာနေခဲ့ပြီး ထွက်ခွာသွားသည့် ဂျန်ဖန်း၏ နောက်ကျောကို ကြည့်ကာ သူမ၏ မျက်လုံးတွေက မျှော်လင့်ချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။

ဤကဲ့သို့ အလုပ်ကြိုးစားပြီး အားပေးတတ်သည့် ယောက်ျားမျိုးရှိတာ သူမတို့ အနာဂတ်ဘဝကက မည်သို့ မတောက်ပဲနေမည်နည်း။

“အမ… နင်က နင့်ရဲ့ စိတ်မှန်တဲ့ အိမ်ထောင် ဖက်နဲ့ လွဲချော်သွားပြီ”

ရှုယင်းရင်းက စိတ်မကောင်းဖြစ်စွာနှင့် သူမဆီသို့ လျှောက်လာခဲ့သည်။

“သုံးရက်နဲ့ ချီကျင့်ကြံခြင်း အဆင့် ၃ ကို ချိုးဖြတ်နိုင်တာက အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်ကို ဘယ်လိုမှ မယှဥ်နိုင်ဘူး…”

“အနာဂတ်မှာ ဂျန်ဖန်းက လုကျန်းကို မော့ကြည့်ဖို့ အခွင့်အရေးတောင်ရှိမှာ မဟုတ်ဘူး…”

ရှုရို့ရန်ကတော့ ဂျန်ဖန်း၏ နောက်ကျောကို ကြည့်နေခဲ့သည်။

“လုကျန်းခွန်အားကြီးတော့ကော ငါက ဘာလုပ်ရမှာလဲ”

“ငါ့နှလုံးသားကို ပေးအပ်ဖို့ ဂျန်ဖန် တစ်ယောက်ပဲထိုက်တန်တယ်”

ရှုယင်းရင်း က ရှုရို့ရန်ကို ကြည့်လိုက်၏။ ရှုရို့ရန်၏ မျက်နှာက ပျော်ရွင်မှုတွေ၊ မျှောင်လင့်ချက်တွေနှင့် ပြည့်နှက်နေတာ ကိုမြင်သည့်အခါ သူမက အတော်လေး ဒေါသထွက်လာခဲ့သည်။

ဂျန်ဖန်းက တကယ်ပဲကောင်းတာလား….

မြို့သခင်အိမ်တော်ရှေ့၌….

ကျယ်ပြန်သည့်လမ်းမကြီးမှာ ဆိုင်ခန်း ငယ်တွေများစီတန်းတည်ရှိနေခဲ့သည်။

ယနေ့က တစ်မြို့လုံးရှိ ဆေးလုံးသန့်စင် သည့်မိသားစုတွေ၏ ပြပွဲနေ့ဖြစ်၏။ အမျိုးမျိုးသော ဆေးသန့်စင်သူတွေက သူတို့၏ အကောင်းဆုံးပစ္စည်းတွေကို လာရောက်ပြသကြမည်ပဲဖြစ်သည်။

မြို့ထဲက များစွာသော သိုင်းပညာရှင်တွေ နှင့် အခြားမြို့က ကုန်သည်ပေါင်းများစွာ ပြပွဲကို တက်ရောက်ကျမည်ပဲဖြစ်သည်။

ပြပွဲအတွင်း၌ သူတို့က သူတို့ကိုင်တိုင် သုံးဖို့နှင့် ပြန်ရောင်းဖို့အတွက် ဆေးဝါးတွေကို ရွေးချယ်ကြမည်ပဲဖြစ်သည်။

သေးငယ်သည့် ဆေးသန့်စင်မိသားစုတွေ အတွက် ဤအရာက သူတို့ပစ္စည်းတွေကို ပြသဖို့ အထူးအခွင့်အရေးပဲဖြစ်သည်။

ချင်မိသားစုကဲ့သို့ ထိပ်တန်းအဆင့် ဆေးသန့်စင် မိသားစုတွေအတွက်လည်း ဒါက စိန်ခေါ်မှုတစ်ခုဖြစ်၏။

သေချာတာပေါ့… ချင်းမိသားစုခေါင်း ဆောင် ချင်းချန်ရှန်က ချင်မိသားစု၏ အကောင်းဆုံးပစ္စည်းဖြစ်သည့် အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် တွေကို ကျယ်ဝန်းသည့်စင်မြင့်တစ်ခုပေါ်မှာ ခင်းကျင်း ပြသနေခဲ့သည်။

လူအုပ်က တောင်တန်းနှင့် ပင်လယ်တွေ ကဲ့သို့စုဝေးနေကြ၏။

ဆန့်ကျင်ဘက်အနေဖြင့် ချန်မိသားစု စင်မြင့်ကတော့ တိတ်ဆိတ်ခြောက်သွေ့ နေခဲ့သည်။

ထိုအခြေအနေကြောင့် ချန်းစီလင်က မလွယ်ကူသလိုခံစားလိုက်ရပြီး ညည်းညူလိုက်၏။

“အဲ့ဒီစီနီယာက တကယ်ကောလာမှာလား…”

All Chapters