← Chapters

အရယ်စောခြင်း

Vol. 1 Ch. 12

အရယ်စောခြင်း

Vol. 1 Ch. 12

ဆိုင်ရှင်ကလည်း ခါးသီးစွာပြုံးလိုက်၏။

“ဝိညာဥ်သခင်အများစုက သိခြားနေကြ ပြီးတော့ တစ်ယောက်တည်းနေရတာကို သဘောကျကြတယ်”

“သူလာတာ မလာတာက သူ့စိတ်ပေါ်မှာပဲ မူတည်တယ်”

သူလည်း အလွန်ကို စိတ်လှုပ်ရှားနေခဲ့ သည်။

ဝိညာဥ်သခင်သာ ရောက်လာခဲ့လျှင် အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်နှင့် ချန်မိသားစု တောက်ပလာပြီး ချင်မိသားစု ကို ကျော်တက်သွားမှာ သံသယရှိစရာ မလိုပေ။

သို့ပေမယ့် သူသာမလာခဲ့လျှင် ဤပြပွဲက ချင်မိသားစု၏ သီးသန်းပြပွဲအဖြစ် ပြောင်းလဲသွားမည်ဖြစ်၏။ ချန်မိသားစု၏ လာမည့်နှစ်တွေက ပိုမိုခက်ခဲတော့မည်ပဲ ဖြစ်သည်။

သူတို့ကို ပိုခက်ခဲစေတာက စွမ်းရည် တိုးမြှင့်ပေးသည့် ချင်မိသာစု၏ ရတနာပဲ ဖြစ်သည်။

သတင်းတွေအရ ချင်ချန်းရှန်က အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည် တစ်ပုလင်းကိုတောင် အောင်မြင်စွာသန့်စင်နိုင်ခဲ့၏။

ဖြစ်နိုင်ခြေက ၁ ရာခိုင်နှုန်းသာရှိသော်လည်း ထိုအရာသာ ထွက်ပေါ်လာလျှင် အုတ်အော်သောင်းနင်း ဖြစ်သွားမည်ပဲဖြစ်သည်။

ချန်မိသားစုအတွက် တစ်ခုတည်းသော နည်းလမ်းက ဝိညာဥ်သခင်အပေါ်ကို မှီခို ဖို့ပဲဖြစ်သည်။

ထိုအခိုက်အတန့်၌…

ဂျန်ဖန်းက မိသားစုနှစ်ခု စင်မြင့်အလယ် ကို ချည်းကပ်လာခဲ့သည်။

သူက အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်ကို တက်ကြွစွာ ရှင်းပြနေသည့် ချင်ချန်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။

ချင်းချန်းရှန်ကလည်းသူ့ကို သတိထားမိသွားပြီး အထင်သေးစွာနှင့် သူ့နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်၏။

“ဒီအောက်ကလူငယ်လေးကို လူတိုင်း သိကြမှာပါ, ဟုတ်တယ်မလား…”

သူက လှောင်ပြောင်လိုက်၏။

“ရှုမိသားစုရဲ့ အနာဂတ်သမက်, ဂျန်ဖန်း ပေါ့….”

“မဆင်မခြင်နဲ့ သခင်လေးလုနဲ့ သွားယှဥ်ပြိုင်တာလေ…. ဒါနဲ့ ငါက သူ့ကို အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် ဝယ်ဖို့ တားမြစ်လိုက်တယ်”

“သူက ရူးသွပ်သွားပြီး အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်တစ်ပုလင်း လိုက်ရှာပါလေရော။ ချန်မိသားစုရဲ့ ရတနာ အဆောက်အဦးကို သွားခဲ့ပေမယ့် အချည်းနှီးပဲလေ”

“အခုလည်း သူက ပြိုင်ပွဲရှုံးလာပြီး ရှုမိသားစုကနေ ကန်ထုတ်ခံလိုက်ရတာပဲ ဖြစ်မယ်။”

“ချီကျင့်ကြံခြင်း တစ်ပုလင်းက သူ့ကို သူ့ဇနီးကို ရှုံးဆုံးသွားစေတယ်။ မင်းတို့အားလုံးလည်း ဒီလိုမျိုး အဆုံးမသတ်ချင်ကြဘူးမလား။”

“ဒါကြောင့် ဝယ်မယ်ဆိုတဲ့လူတွေ အလျှင်အမြန်ဝယ်ကြနော်။ ရောင်းတဲ့ အကန့်အသတ်ရောက်သွားရင် မင်းတို့ ဝယ်ချင်တယ်ဆိုရင်တောင် ဝယ်လို့မရတော့ဘူးနော်….”

ဤကောက်ကာငင်ကာ ကြော်ငြာချက်က ကြည့်ရှုနေသည့် သိုင်းပညာရှင်တွေကို စုဝေးလာစေခဲ့သည်။

အချိန်ခဏအတွင်းမှာပဲ ပုလင်းရာပေါင်း များစွာ ရောင်းထွက်သွားခဲ့သည်။

ချင်းချန်းရှန် အလွန်ပျော်သွားပြီး သူ့ပါးစပ်ကို မစိနိုင်တော့ချေ။ သူက ထေ့ငေါ့စွာနှင့် ပြောလိုက်သည်။

“သခင်လေးဂျန်, မင်းရဲ့ ဥပမာက ငါ့ပြောတဲ့ စကားလုံး တစ်ထောင်ထက်တောင် ပိုထိရောက်သေးသေးတယ်။”

“မင်းဘာလို့ ငါ့ချင်မိသားစုကို မလာတာ လဲ…. နေ့တိုင်း ဈေးဆိုင်ဝင်ပေါက်မှာ မတ်တပ်ရပ်ပြီး အဆင့်နိမ့် ချီကျင့်ကြံခြင်း တစ်ပုလင်းကြောင့် မင်းဇနီးကို ဆုံးရှုံးခဲ့ရတဲ့အကြောင့် ပြောပြမယ်ဆိုရင် ငါတို့ ရောင်းအားလည်း မြှင့်တက်လာပေါ့…”

ထိုလှောင်ပြောင်သည့်စကားတွေကို နားထောာင်ပြီး ဂျန်ဖန်းက လှောင်ပြုံးပြုံး ကာ စာရေးလိုက်၏။

“ချင်းမိသားစုခေါင်းဆောင်, မင်းအရယ်စောနေတယ်….”

ချင်းချန်းရှန်က ပိုမိုကျယ်လောင်စွာ ရယ်လိုက်၏။

“မင်းမှန်တယ်… ငါ့မှာ ကြေငြာဖို့ ပိုကောင်း တဲ့သတင်းတွေတောင်ရှိသေးတယ်။ အစစ်အမှန်ရယ်စရာက ခုထိ ရောက်မလာသေးဘူး….”

ဂျန်ဖန်း၏ အပြုံးက ပိုနက်ရှိုင်းလာပြီး စာရေးလိုက်သည်။

“မင်း အဆုံးထိ ရယ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

ထို့နောက် သူက တစ်ဖက်လှည့်ကာ နောက်ဖေးလှမ်းကြားထဲကို ဝင်သွားခဲ့သည်။

ချင်းချန်းရှန်က အထင်အမြင်သေးစွာနဲ့ လှောင်ပြောင်လိုက်၏။

“ဘာအားကိုးနဲ့ ငါတို့ချင်မိသာစုကို လာလှောင်နေတာလဲမသိဘူး။ ငါတို့ ချိတ်ဆက် ထားတဲ့အရာကို နားတောင်မလည်ပဲနဲ့…”

“အဒါက အဆင့်ကိုး စိတ်ဝိညာဥ်အမြစ်ကွ… အနာဂတ်ရဲ့ မဟာတန်ခိုးရှင်တစ်ယောက်ကွ…”

ခဏကြာပြီးနောက် အင်္ကျီထူထူဝတ်ဆင် ထားပြီး မျက်နှာဖုံးတပ်ထားတဲ့ ထူးဆန်းသည့် ပုံရိပ် တစ်ခုက နောက်ဖေးလမ်းကြားတစ်ခုကနေ ထွက်လာခဲ့သည်။

ထိုလူက သူနှင့် ချင်မိသားစု တစ်ခုလုံး အတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့် မည်ပဲဖြစ်သည်။

ဂျန်ဖန်းက ချန်မိသားစု ပြပွဲစင်မြင့်ပေါ်သို့ တက်သွားလိုက်သည်။

ချန်းစီလင်က အရှေ့အနောက် လမ်းလျှောက်နေပြီး သူက မှုန်မှိုင်းသည့် ပုံရိပ်တစ်ခုကို ရိပ်ကနဲမြင်လိုက်သည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“နင်က ဘယ်သူလဲ…”

ဆိုင်ရှင်ကလည်းကြည့်လိုက်ပြီး အဝတ်အစားကို ချက်ခြင်းမှတ်မိသွား၏။ သူက နှလုံးက အပြင်းအထန်ခုန်ပေါက်လာပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။

“အ…အကြီးဆုံးသခင်မလေး… ဒါသူပဲ၊ ဒါသူပဲ….”

ချန်စိလင်း၏ နှလုံးသားကလည်း အနည်းငယ်တုန်လှုပ်သွားပြီး အလျှင်အမြန်ရှေ့ထွက်ကာ ဦးညွှတ်လိုက် ၏။

“စီလင်, စီနီယာကို အရိုအသေပေးပါ တယ်။”

ဆိုင်ရှင်ကလည်း အလျှင်အမြန် ဝင်ပြောလိုက်သည်။

“စီနီယာ, ဒါက ငါတို့မိသားစုရဲ့ အကြီးဆုံး သခင်မလေးပါ။ သူမက သူမအဖေကိုယ်စား မိသားစုကိစ္စတွေကို ကြီးကြပ်နေတာပါ…”

ဂျန်ဖန်းက ချန်မိသားစု၏ ကိစ္စတွေကို စိတ်မဝင်စားပေ။

သူက မရှင်းလင်းသည့်အသံနှင့် ပြောလိုက်သည်။

“မင်းတို့ ချီကျင့်ကြံခြင်းအရည် ဘယ်လောက်များများ ယူနိုင်လဲ…”

ချန်စီလင်က သူမ၏ ပျော်ရွင်မှုကို ဖုံးဖိ ထားလိုက်၏။

ဤဝိညာဥ်သခင်က ချန်မိသားစုနှင့် ပူးပေါင်းဖို့ အမှန်တကယ် အလိုရှိ၏။

သူမ၏ မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“ကျွန်မတို့ချန်မိသားစုက တစ်ပုလင်းကို ငွေပြားတစ်သောင်း ပြင်ဆင်ထားတယ်။ ပေါက်ဈေးအရ အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည် ၁၀ ပုလင်း ယူမယ်ရှင့်…”

ထိုအရာကို ကြားသည့်အခါ ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်၏။

သူမှာ ယခုလက်ရှိ အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည် မရှိပေ။ ထိပ်တန်း အဆင့်သာရှိ၏။

အချိန်အတော်ကြာ တုံ့ပြန်သံမကြားသည့် အခါ ချန်းစီလင်က မှားယွင်းတွေးလိုက် ၏။ သူမ ပြင်ဆင်လာသည့် ပိုက်ဆံက မလုံလောက်သည့်အတွက်ကြောင့် အခြားတစ်ဖက်က မကျေမနပ်ဖြစ်သွား သည်ဟု ထင်ကာ အလျှင်အမြန်ပြောလိုက်၏။

“စီနီယာမသိလို့… ကျွန်မတို့ ချန်မိသားစုက စီနီယာရဲ့ ချီကျင့်ကြံခြင်းအရည်ကို တစ်ပုလင်း တစ်သောင်းနဲ့ဝယ်တာ… ဒီဈေးက မျှတပါတယ်…”

“ချင်မိသားစုကလည်း အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ထုတ်နိုင်သွားပြီ။ အနာဂတ်မှာ ရောင်းဈေးက သေချာပေါက် ငွေပြားတစ်သောင်းထက် သေချာပေါက် နည်းလာမှာ…”

“ကျွန်မတို့ ချန်မိသားစုက ဂုဏ်သိက္ခာအတွက်နဲ့ အရှုံးခံထားတာပါရှင့်”

ဟမ့်…

ချန်စီလင်က ဆိုင်ရှင်ကို တစ်ချက်ကြည့်လိုက်၏။ သူက ဝိညာဥ်သခင်ကို အရာရာကို သေသေချာချာ မရှင်းပြထားဘူးလား။

ထိုအရာကသာ အလယ်အလတ်အဆင့် မဟုတ်လျှင် သူတို့က ဝယ်ဖို့ အလိုမရှိပေ။

အဆင့်နိမ့်ချီကျင့်ကြံခြင်းအရည်က ချန်မိသားစု နာမည်ရဖို့ မလုံလောက်ပေ။

ဆိုင်ရှင်လည်း စိုးရိမ်စွာနှင့် ချွေးစေးတွေ ထွက်လာခဲ့သည်။ အလယ်အလယ်အဆင့် ချီကျင့်ကြံခြင်းအရည် ဝယ်ဖို့ဆိုတာအား သူက ဤဝိညာဥ်သခင်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့၏။

ထိုအခိုက်အတန့်၌…

ဂျန်ဖန်းက တိတ်တဆိတ် ပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး သူ့လက်ဝါးပေါ်မှာထားကာ ပြောလိုက်၏။

“ငါဒါပဲ ရောင်းလို့ရမယ်….”

ချန်စီလင်နှင့် ဆိုင်ရှင်တို့ နှစ်ယောက်လုံးက ကြည့်လိုက်ကြ၏။

ချန်းစီလင်က သူမစိတ်ကို တည်ငြိမ်အောင်လုပ်ပြီးစဥ်မှာပဲ သူမမျက်ခွံ့တွေက အကြီးအကျယ်ကျုံ့သွားခဲ့သည်။

အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ကို သန့်စင်တာနှင့် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ကို သန်စင်တာက လုံးဝမတူညီသည့် အရာနှစ်ခုဖြစ်၏။

ရှေ့ကတစ်ခုကို အဆင့် ၁ ဝိညာဥ်သခင်က သန့်စင်နိုင်၏။

နောက်တစ်ခုကို သန်စင်ဖို့က အနည်းဆုံး အဆင့် ၂ ဝိညာဥ်သခင်တစ်ယောက် လိုအပ်၏။

ထို့ပြင် တိမ်းစိမ်းဂိုဏ်းမှာတောင် အဆင့် ၂ ဝိညာဥ်သခင် တစ်ယောက်သာရှိ၏။

ဘယ်လို မဟာပုံရိပ်မျိုးနှင့် သူမဆုံတွေ့ နေရသည်နည်း။

ဆိုင်ပိုင်ရှင်က တိုက်ရိုက် အော်ဟစ်လိုက် ၏။

“ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အရည်။”

“စီနီယာ, မင်းက ဒါကို ငါတို့ဆီ ရောင်ချင်တာလား…”

ဂျန်ဖန်းက မေးလိုက်၏။

“မင်းတို့က မဝယ်ချင်ဘူးလား….”

“မဟုတ်ပါဘူး… မဟုတ်ပါဘူး… သေချာပေါက် ဝယ်ချင်ပါတယ်။”

ဤအရာက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ဖြစ်၏။

ဤအရာက အထီးကျန်မြို့တင်မကပဲ, ပတ်ဝန်းကျင်က မြို့တွေမှာတောင် တစ်ခါမှ မပေါ်လာဖူးသည့် ထိပ်တန်းအဆင့် စိတ်ဝိညာဥ် ဆေးဝါးဖြစ်၏။

ထိုအရာနှင့်ဆိုလျှင် ချန်မိသားစုက သူတို့၏ နာမည်ကို လုံးဝတည်ထောင်နိုင်ပြီပဲဖြစ်သည်။ ထိုအရာနှင့်ဆိုလျှင် သူတို့က ချင်းမိသားစု၏ ဈေးကွက်အများစုကို ရယူနိုင်ပြီး အထီးကျန်မြို့၌ နံပါတ်တစ် ဆေးသန့်စင်မိသားစု ဖြစ်လာမည်ဖြစ်၏။

ချင်းမိသားစု၏ အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည်က ထိပ်တန်းအဆင့် ရှေ့၌ လုံးဝထင်ရှားမည်မဟုတ်ပေ။

သို့ပေမယ့် ဆိုင်ရှင်က နောက်တစ်ကြိမ် စိုးရိမ်လာခဲ့၏။

“စီနီယာ, မင်းက ဒါကို ဘယ်လောက်နဲ့ ရောင်းမှာလဲ…”

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းစီတိုင်းက အလွန်တန်ဖိုးကြီး ၏။ သတင်းတွေအရာ တစ်ပုလင်းကို ငွေပြား ငါးသောင်း တန်ကျေးရှိတာပဲ ဖြစ်သည်။

ဤဝိညာဥ်သခင်ကသာ မတန်မဆ တောင်းလျှင် သူတို့ ချန်မိသားစုက အများကြီးဝယ်နိုင်မည်မဟုတ်ပေ။

“ငွေပြားတစ်သောင်း…”

ဂျန်ဖန်းက ပြတ်သားစွာပြောလိုက်သည်။

အမ်…

ချန်စီလင်၏ မျက်လုံးတွေထဲ၌ သံသယအချို့ ထွက်ပေါ်လာပြီး လေးလေးနက်နက် ပြောလိုက်သည်။

“စီနီယာ… အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည်တောင် တစ်ပုလင်းကို ငွေပြားတစ်သောင်းတန်တယ်နော်”

သူမက ဂျန်ဖန်း၌ အခြားရည်ရွယ်ချက်ရှိအုံးမလားဆိုတာ သိချင်နေခဲ့သည်။

ဂျန်ဖန်းက နောက်ထပ် ပုလင်းသုံးခုကို ထုတ်ယူလိုက်ပြီး တည်ငြိမ်စွာပြောလိုက် ၏။

“ငါမှာတောင်းဆိုစရာတစ်ခုပဲ ရှိတယ်။ ချင်မိသားစုကို ဖြုတ်ချလိုက်…. မင်းတို့ လုပ်နိုင်လား…”

ချန်စီလင် ရုတ်တရက် နားလည်သွားခဲ့သည်။

သူက ဤလောက်နိမ့်သည့် ဈေးနှင့် ရောင်းတာကို မအံ့သြတော့ပေ။ ဤစီနီယာက ချင်မိသားစုနှင့် ရန်ညိုးရှိနေခဲ့တာပဲဖြစ်သည်။

သို့ပေမယ့် ချင်မိသားစုက ဆေးစားများ မှားသွားကြတာလား။ သူတို့က ဘယ်လိုတောင် အဆင့် ၂ ဝိညာဥ်သခင်ကို ရန်စရဲရသနည်း။

သူမက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။

“စီနီယာကသာ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ကို ဒီလို ဈေးနည်းနည်းနှင့် အချိန်အတော်ကြာ ထောက်ပံ့ပေးမယ်ဆိုရင် ချင်မိသားစုကို ဖြုတ်ချဖို့က ဘာခက်မှာလဲ…”

ဂျန်ဖန်းက ရယ်မောပျော်ရွင်နေသည့် ချင်ချန်းရှန်ကို တစ်ချက်ကြည့်လိုက်၏။

“ကောင်းပြီ… ငါ့ကို ချီကျင့်ကြံခြင်းအရည် အတွက် ကုန်ကြမ်းပစ္စည်းပေး။ ငါ မင်းတို့အတွက် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ချက်ချင်း သန့်စင်ပေးမယ်။”

ချန်စီလင်က ကုန်ကြမ်းပစ္စည်းနှင့် ဆေးသန့်စင်ဖို့နေရာတစ်ခု စီစဥ်ဖို့ တစ်စုံတစ်ယောက်ကို ချက်ချင်းအမိန့်ပေး လိုက်၏။

ယခုချိန်က နေ့လည်ရောက်နေပြီ ဖြစ်ပြီး ပြပွဲက အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်၏။

ရုတ်တရက် ချင်ချန်းရှန်က ကျယ်လောင်စွာ ရယ်လိုက်၏။

“လူတိုင်း… ငါမှာ ပြောစရာ သတင်းကြီး တစ်ခုရှိတယ်။”

“ငါတို့ ချင်မိသားစုက အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တယ်။ ဈေးနှုန်းကတော့ ငွေပြား သောင်းသုံးထောင်ပါ။”

လူအုပ်ထဲ၌ စိတ်လှုပ်ရှားမှုတွေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအရာက ပေါက်ဈေးထက် များနေသော် လည်း အလယ်အလတ်အဆင့် ချီကျင့်ကြံ ခြင်းအရည်က ဈေးကွက်ထဲမှာမရှိသည့် အရာဖြစ်သည်။

ထိုအရာကို ဝယ်ယူနိုင်ဖို့က အလွန်ကံကောင်းဖို့ လိုအပ်တာဖြစ်ပြီး ဈေးကြီးတာက လက်ခံပေးလို့ရ၏။

လှုပ်လှုပ်ရှားရှားဖြစ်နေသည့် လူအုပ်ကို ကြည့်ပြီး ချင်ချန်းရှန်က အူလိုက်သည်း လိုက် ရယ်မောလိုက်၏။

လုကျန်းနှင့် တစ်ဖက်တည်းမှာ နေလိုက် ကတည်းက ချင်မိသားစုက ကံကောင်းနေခဲ့၏။

“လူတိုင်း… ငါတို့ချန်မိသားစုမှာလည်း ကြေညာစရာ သတင်းကောင်း ရှိတယ်။”

ချန်စီလင် ရှေ့ထွက်လာတာ မြင်သည့်အခါ ချင်ချန်းရှန်က အံ့သြသွားခဲ့သည်။ သူမက အနီရောင်အဝတ်တစ်ခုနှင့် ဖုံးအုပ်ထားသည့် လင်ဗန်းတစ်ခုကို ကိုင်ထားပြီး အနည်းငယ်ပြုံးနေခဲ့၏။

All Chapters