← Chapters

စီလင်း၏နားလည်မှုလွဲခြင်း

Vol. 1 Ch. 13

စီလင်း၏နားလည်မှုလွဲခြင်း

Vol. 1 Ch. 13

“ဒီမိန်းခလေးက ဟန်လုပ်နေတာပဲ။”

“ဒါပေမယ့် ငါ့ချင်မိသားစုကို ဆန့်ကျင်ဖို့ ဆိုရင် တကယ်အရည်အချင်းရှိဖို့လိုတယ်။”

ဤစကားလုံးတွေက ထွက်မလာခင်မှာပဲ ပျောက်ကွယ်သွားခဲ့သည်။

ချန်းစီလင်၏ နှုတ်ခမ်းက အနည်းငယ်က ကွေးတက်လာပြီး သူမက တည့်တိုးပဲ ပြောလိုက်သည်။

“ငါတို့ချန်မိသားစုက ဒီနေ့ကစပြီး ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ကို အကန့်အသတ်နဲ့ စတင်ရောင်းချမယ်”

ထို့နောက် သူမက လင်ဗန်းပေါ်က အနီရောင်အဝတ်စကို ဖယ်လိုက်၏။

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းက ထင်ရှားစွာ ထွက်ပေါ်လာခဲ့ သည်။

လူအုပ်စုက ချက်ချင်းပဲ ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်သွားခဲ့သည်။

“ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်… ဒါတကယ်ပဲ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ပဲ… တစ်ပုလင်းကို အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် ငါးပုလင်းလောက် အကျိုးသက်ရောက်မှု ရှိတယ်။”

“ဒီထိပ်တန်းအဆင့် စိတ်ဝိညာဥ်ဆေးရည် က တိမ်စိမ်းဂိုဏ်းက တပည့်တွေပဲ ရနိုင်တာ။ အခု အထီးကျန်လှေမြို့မှာ လာရောင်းနေတယ်။”

“ချန်မိသားစုက ကောင်းကင်ကို အံတုနိုင်နေတာပဲ”

ချင်ချန်းရှန်၏ မျက်ခွံ့တွေက တုန်လှုပ်မှု ကြောင့် ပြူးကျယ်လာခဲ့သည်။

“ချန်မိသားစုက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ကို ဘယ်ကနေ ရလာတာလဲ…”

ဤအရာက လွန်ခဲ့သည့် ၁၀ နှစ်က ပေါ်ထွက်လာသည့် အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ထက်တောင် ပိုလို့တောင် ပျက်စီး ဆုံးရှုံးစေနိုင်၏။

သို့ပေမယ့် ချန်မိသားစုက နေ့ချင်းညချင်း ကြီး ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အရည်ကို ဘယ်နေရာက ရလာသည်လဲ ဆိုတာ သူ နားမလည်နိုင်ဖြစ်နေခဲ့သည်။

သူ့ဖောက်သည်တွေ အခြားစင်မြင့်ဆီသို့ ပြေးသွားတာကိုမြင်သည့်အခါ သူက အနည်းငယ် ထိတ်လန့်သွားပြီး အလျှင်အမြန် အော်ပြောလိုက်သည်။

“လူတိုင်း, စိတ်အေးအေးထားကြပါ။ ထိတ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် က အနည်းဆုံး ငွေပြား ငါးသောင်း လောက်တန်တယ်။ မင်းတို့အဲ့ဒါကို တတ်နိုင်တာ သေချာလို့လား။”

ထိုအရာက စိတ်လှုပ်ရှားစွာနှင့် အပြေးသွားနေသည့် လူများစွာကို တွေဝေသွားစေပြီး ရှက်ရွံ့သည့်အမူအရာတွေ ပြသလာခဲ့ကြသည်။

တကယ်တော့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်က ဘယ်လောက် တောင် တန်ဖိုးကြီးလိုက်မည်နည်း။

သာမန်လူတွေကို ထိုအရာကို မတတ်နိုင် ကြပေ။ အဆင့်နိမ့်နှင့် အလယ်အလတ် အဆင့်တွေကို ဝယ်တာက ပိုကောင်း တာပဲဖြစ်သည်။

သို့ပေမယ့် ချန်းစီလင်း၏ နှုတ်ခမ်းတွေကို ကွေးတက်လာပြီး သူမက ပြောလိုက်သည်။

“ဒီနှစ်တွေမှာ ငါတို့ချန်မိသားစုကို ထောက်ပံ့ပေးခဲ့တဲ့ ဖောက်သည် အသစ်တွေရော, အဟောင်းတွေရောကို ကျေးဇူးဆပ်ဖို့ တစ်လအတွင်း ထိပ်တန်းဆင့် ချီကျင့်ကြံခြင်းအရည်ကို ငွေပြား သောင်းနှစ်ထောင်နဲ့ ရောင်းပေး ပါမယ်။”

သူမက ဂရုတစိုက်တွက်ချက်ခဲ့၏။

ငွေပြား သောင်းနှစ်ထောင်… ထိုထဲမှ တစ်သောင်းအား စီနီယာကို ပေးရမည်ဖြစ်၏။ တစ်ထောင်က ကုန်ကြမ်းပစ္စည်း ကုန်ကျစရိတ်ဖြစ်ပြီး ချန်မိသားစုက မစို့မပို့ ငွေပြားတစ်ထောင်လေး သာရရှိ၏။

သို့ပေမယ့် အကျိုးအမြတ်က နည်းနေ လျှင်တောင်မှ ထိုအရာက ချင်မိသားစုကို နင်ခြေပစ်ဖို့ လုံလောက်တာပဲဖြစ်သည်။

“ဘာ… ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အရည်ကို ငွေပြား သောင်းနှစ်ထောင် တည်းလား…”

“ဒီဈေးက ချင်မိသားစုရဲ့ အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်း အရည်ထက်တောင် ဈေးနည်းနေသေး တယ်။”

“အရူးပဲ ဒါကို မဝယ်မှာပေါ့….”

“ငါဝယ်မယ်…”

“ငါလည်း တစ်ပုလင်းလိုချင်တယ်…”

“ချင်မိသားစုခေါင်ဆောင် ငါမင်းဆီက ခုလေးမှ ဝယ်ထားတဲ့ အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်ကို မလိုချင်တော့ဘူး။ ကျေးဇူးပြု၍ ငွေပြန်အမ်းပေးပါ…”

“ငွေပြန်အမ်း… မြန်မြန်ငွေပြန်အမ်းပါ…”

လူအုပ်က ချက်ချင်းပဲ ပေါက်ကွဲထွက်လာ ခဲ့ကြသည်။ အချို့က ချန်မိသားစုစင်မြင့် ဆီကို အပြေးသွားပြီး ငွေတစ်သောင်း တန် မှတ်စုတွေကို ပစ်ပေးကြ၏။

ထို့နောက် နောက်တစ်သုတ်က ချန်မိသားစုစင်မြင့်ဆီကို အပြေးလာပြီး အလုအယက်ဝယ်ယူကြပြန်တော့၏။

ဤဖရိုဖရဲအခြေအနေက မှောင်ခါနီးမှ ပြီးဆုံးသွားခဲ့သည်။

ချင်ချန်ရှန်က သူ့စင်ရှေ့က အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်တွေကို ကြည့်ပြီး သူ့မျက်လုံးတွေက သွေးရောင်တောက် လာပြီးပြောလိုက်သည်။

“ဒီလို ဘာလို့ဖြစ်ရတာလဲ… ဘာလို့လဲ…”

ချန်မိသားစုက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်တွေကို ထိုကဲ့သို့ ဈေးနည်းနည်းဖြင့် ဘယ်နေရာက ရလာလဲဆိုတာ သူနားမလည်နိုင်တော့ ချေ။

ထိုအရာက ချင်မိသားစုကို ပစ်မှတ်ထား နေတာသိသာလှ၏။

သူက အံ့ကြိတ်လိုက်ပြီး ရေရွတ်လိုက်၏။

“ချန်းစီလင်, နင့်နောက်မှာ ဘယ်သူပဲရှိရှိ ငါ့ချင်မိသားစုကို နင်းခြေဖို့ မင်းကနုပါသေးတယ်။”

သူက မတ်တပ်ရပ်လိုက်ပြီး နာမှုတ်ကာ ပြောလိုက်သည်။

“ငါက လုကျန်းကို အများကြီးကူညီ ထားခဲ့တာ။ ဒီတစ်ချိန် ငါတို့ချင်မိသားစုကို ကူညီဖို့ သူ့ရဲ့ တာအိုအစောင့်အရှောက်ကို ဖိတ်ခေါ်ဖို့ အချိန်ကျပြီ။”

ချန်မိသားစုစင်နောက်ဖက်၊ ယာယီရွက်ဖျင်တဲထဲ၌….

ဂျန်ဖန်းက လည်ချောင်းရှင်းဖို့ လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။

ဤနေ့အတွင်း သူက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်း ၅၀ နှင့် အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်း အရည် ၁၀ ပုလင်း သန့်စင်နိုင်ခဲ့၏။

သူက အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်တွေကို သူ့အတွက် သိမ်းထားလိုက်၏။

သူက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အရည် ပုလင်း ၅၀ ကို ငွေပြား ငါးသိန်း နှင့်ရောင်းခဲ့၏။

ထိုအခိုက်အတန့်၌….

ချန်းစီလင်က ကြော့မော့စွာနှင့် ချည်းကပ်လာခဲ့သည်။ သူမလက်ထဲ၌ ငွေမှတ်စုစာရွက်ကို ကိုင်ထားပြီး မွေးရနံ့သင်းသင်းလေးကို သယ်ဆောင်ထားခဲ့သည်။ သူမက ပြောလိုက်သည်။

“စီနီယာ… ဒီမှာ ရှင့်ရဲ့ ငွေပြား ငါးသိန်းပါ။”

ဂျန်ဖန်းက သူတို့ကို အမူအရာကင်းမဲ့စွာနှင့် လက်ခံလိုက်ပြီး သူ့အင်္ကျီအိတ်ထဲကို သိမ်းလိုက်ကာ ပြောလိုက်သည်။

“မနက်ဖြန် ငါ နောက်ထပ် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် တွေ သန့်စင်ပေးမယ်။ ငွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ ပြင်ဆင်ထားလိုက် ပါ။”

သူက မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်၏။

“ခဏနေပါအုန်း, စီနီယာ….”

ချန်းစီလင်၏ မျက်လုံးတွေက တောက်ပနေပြီး ပြောလိုက်သည်။

“ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် က ချန်မိသားစုကို ဖြုတ်ချနိုင်ဖို့ တစ်ဝက်ပဲ လုံလောက်တယ်။ သူတို့မှာက အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် တွေရှိသေးတော့ သူတို့က အဲ့ဒါတွေနဲ့ ဆက်လက်ရုန်းကန် နေတုန်းပဲ။”

ဂျန်ဖန်းက ခဏတွေးလိုက်ပြီး နားလည်သွားခဲ့သည်။

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ကို တတ်နိုင်သည့် အရေအတွက်က နောက်ဆုံးမှာတော့ နည်းပါးလှ၏။

သိုင်းပညာရှင်အများစုက အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်သာ ဝယ်နိုင်ကြ၏။

ချင်းမိသားစုက လုကျန်းအတွက်နှင့် သူ့ကို ဖိနှိပ်ခဲ့၏။ သူက ဤကိစ္စကို ဖြေရှင်းရမည် ပဲဖြစ်သည်။

“စီနီယာ, ရှင် အဆင့်နိမ့် ချီကျင့်ကြံခြင်း အရည်အချို့ လုပ်နိုင်လား…”

ချန်းစီလင်က မဝံ့မရဲမေးလိုက်သည်။

ဂျန်ဖန်းက အဝေးကို စိုက်ကြည့်နေခဲ့သည်။

အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်က ပြုလုပ်နိုင်၏။ သို့ပေမယ့် ဝယ်လို့အားက ကြီးမားလှ၏။ နေ့ရောညရော အလုပ်လုပ်ရင်တောင်မှ ဈေးကွက်ဝယ်လို့အားကို နိုင်အောင် ထုတ်လုပ်ပေးနိုင်ချင်မှ ပေးနိုင်မှာဖြစ်၏။

သူ၏ အဓိကပန်းတိုင်က ကျင့်ကြံဖို့ဖြစ်၏။ ချင်မိသားစုနှင့် ဆက်ဆံဖို့ အချိန်အများကြီး သုံးတာက မထိုက်တန်ပေ။

သူက ဝိညာဥ်သခင် အလုပ်သင် အနည်းငယ်လောက် လေ့ကျင့်ပေးနိုင်လောက်လား…

ချန်းစီလင်၏ အမူအရာက အနည်းငယ် ပုံမှန်မဟုတ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းကြည့်နေ သည့်နေရာက သူမ၏လုံးဝန်းသည့် ရင်ဘတ်နေရာဖြစ်၏။

“စီနီယာ, မင်းဘယ်လိုထင်လဲ….”

ချန်းစီလင်က တည်ငြိမ်စွာနှင့် သူမရင်ဘတ်ကို ကာလိုက်ပြီး မေးလိုက်သည်။

ဂျန်ဖန်းက သတိပြန်ဝင်လာပြီး ပြောလိုက်သည်။

“တောင်းပန်ပါတယ်, ငါက အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်ပြုလုပ်ဖို့ ဝိညာဥ်သခင်အနည်းငယ် လေ့ကျင့်ပေး မလားလို့ စဥ်းစားနေတာ။”

“ဒါပေမယ့် ဒီကိစ္စက အလောတကြီး မလုပ်သင့်ဘူး။ သင့်တော်တဲ့လူကို သေသေချာချာ ရွေးချယ်သင့်တယ်။”

“ငါတို့ နောက်အချိန်ရှိမှ ဆွေးနွေးကြတာ ပေါ့။”

သူက ကောင်းကင်ကို ကြည့်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။

ချန်းစီလင်က အလွန်စိတ်လှုပ်ရှားနေခဲ့ သည်။

ဝိညာဥ်သခင် အလုပ်သင်(စဦးဝိညာဥ်သခင်) လေ့ကျင့်ပေးခြင်း?

ချင်ချန်းရှန်တောင်မှ မိသားစုရတနာ အကူအညီနှင့် စဦးဝိညာဥ်သခင်အဆင့်သာ ရောက်ရှိနိုင်၏။

ချန်းမိသားစု၌သာ စဦးဝိညာဥ်သခင် အဆင့် ရှိခဲ့လျှင် သူတို့က ဘယ်တော့မှ နောက်ထပ် စိုးရိမ်းစရာမလိုတော့ပေ။

သို့ပေမယ့် ဂျန်ဖန်းက သူမစိတ်ဝင်စားသွားသည့်အချိန်မှ ထိုကိစ္စကို ဘေးဖယ်ထားလိုက်၏။

အစောပိုင်းတုန်းက ဂျန်ဖန်း သူမရင်ဘတ် ကိုစိုက်ကြည့်နေအား ပြန်တွေးမိသည့်အခါ ချန်းစီလင်က တစ်စုံတစ်ခုကို သိသိသာသာ နားလည်မှုလွဲသွားခဲ့သည်။ သူမက သူမ၏ စွန်းစိုနေသည့် အနီရောင်နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး ညင်သာစွာသက်ပြင်းချလိုက်သည်။

“သူက ငါ့ကို အရိပ်အမြွက် ပေးသွားတာပဲ…”

“တကယ်တော့, ကမ္ဘာကြီးမှာရှိတဲ့ ယောက်ျားတွေအားလုံးက အတူတူပါပဲ”

အချိန်ခဏကြာစဥ်းစားပြီးသည့်နောက်၌ သူမက ပြောလိုက်သည်။

“ပုံရိပ်ယောင်ချိုးဖြတ်ခြင်း သလင်းကျောက်ကို ထုတ်လာခဲ့။ မနက်ဖြန် အိမ်တော်ကို သူ လာတဲ့အခါ ငါ သူ့မျက်နှာ အစစ်အမှန်ကို မြင်ချင်တယ်။”

ပုံရိပ်ယောင်ချိုးဖြတ်ခြင်း သလင်းကျောက်က ချန်မိသားစု၏ ဘိုးဘွားအမွေအနှစ် ရတနာဖြစ်ပြီး အယောင်ဆောင် ရုပ်ဖျက်ထားတာတွေကို မြင်နိုင်တာပဲဖြစ်သည်။

သူမကိုယ်သူမ အနစ်နာခံသင့်လား မခံသင့်လားဆိုတာ မဆုံးဖြတ်ခင် သူမက အနည်းဆုံး ဤဝိညာဥ်သခင် ဘယ်လိုပုံရှိလဲဆိုတာ သိရမှရမည်ဖြစ်၏။

သို့သော်လည်း ဝိညာဥ်သခင်အများစုက အသက်ကြီးသည့် အဘိုးကြီးတွေဖြစ်ကြ ၏။

ဤအရာကိုတွေးပြီး သူမက စိတ်ဓာတ်ကျသွားကာ ရင်ဖွင့်ဖို့ တစ်စုံတစ်ယောက်ကို အလိုရှိနေခဲ့သည်။

“ရို့ရန် စေ့စပ်သွားပြီလို့ငါကြားတယ်။”

သူမက ပြောလိုက်သည်။

“ငါက ဒီနေ့တွေမှာ ပြပွဲနဲ့ အလုပ်တွေရှုပ် နေတာနဲ့ သူမကို ဂုဏ်ပြုဖို့ အခွင့်အရေး မရခဲ့ဘူး။”

“ဆိုင်ပိုင်ရှင်, မနက်ဖြန် ရှုအိမ်တော်ကို သွားပြီး သူမကို ဖိတ်ခေါ်ခဲ့”

ဆိုင်ပိုင်ရှင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ချန်းစီလင်က အနည်းငယ်စဥ်းစားလိုက်ပြီး ထပ်ပေါင်းပြောလိုက်သည်။

“ပြီးတော့ သူမသတို့သားလောင်းပါ ခေါ်ခဲ့ဖို့ပြောလိုက်”

“သူမက အရမ်းလှပြီး မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေက နှစ်သက်ကြတယ်။ ဒီစေ့စပ်ပွဲက မြင့်မြတ်တဲ့မိသားစုက သားတစ်ယောက်နဲ့ပဲဖြစ်ရမယ်။”

“သူမကို သူ့ကိုပါတစ်ပါတည်းခေါ်လာခိုင်း လိုက်။ ဘယ်မိသားစုရဲ့ သားက အထီးကျန်လှေမြို့ရဲ့ ပုလဲလေးကို အနိုင်ရသွားတယ်ဆိုတာ ငါမြင်ချင်သေးတယ်။”

ချန်းစီလင် နှင့် ရှုရို့ရန်တို့က အလွန်ရင်နှီးသည့် သူငယ်ချင်းတွေ ဖြစ်ကြ၏။

သူတို့၏ အဆင့်အတန်းက မိုးနှင့်မြေလို ကွားခြားသော်လည်း သူမတို့၏ စိတ်နေသဘောထားတွေက အလွန်ထပ်ညီကြပြီး သူမတို့ကို သဟဇာတ ဖြစ်စေ၏။

ထိုအရာကိုကြားသည့်အခါ ဆိုင်ပိုင်ရှင်က မချိပြုံးပြုံးလိုက်သည်။

“သခင်မလေး, နင် စိတ်ပျက်ရတော့မယ်နဲ့ တူတယ်။ သူမ သူတို့သားလောင်းက ဂျန်ဖန်းလေ…”

ချန်းစီလင် ကြောင်အသွားခဲ့သည်။

“ရှုမိသားစုမှာနေတဲ့ ဂျန်ဖန်းလား….”

“သူက စိတ်ဝိညာဥ်အမြစ်မရှိတဲ့ အအကောင်မလား။ သူဆိုတာ သေချာလို့လား….”

ဆိုင်ပိုင်ရှင်က စိတ်မကောင်းစွာနှင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သေချာပါတယ်။ ဒီကိစ္စက အထီးကျန်လှေမြို့ တစ်ခုလုံးကို ပျံ့နှံ့နေပြီ….”

ချန်းစီလင် တုန်လှုပ်သွားခဲ့သည်။

“ရှုရို့ရန် ရူးသွားပြီလား…အဲ့ကောင်ကို လက်ထပ်တယ်တဲ့။ ဒါက နွားချေးပုံထဲ ပန်းပွင့်စိုက်တာနဲ့ တူမနေဘူးလား….”

“မဖြစ်ဘူး… သူမကို ဒီလက်ထပ်ပွဲ ဖျက်သိမ်းဖို့ ဖျောင်းဖျရမယ်။”

“ပြီးတော့ ဂျန်ဖန်းကိုလည်းပြောရမယ်။ သူမှာ ခြေတွေလက်တွေရှိတာပဲ။ ဘာလို့ မိန်းမတစ်ယောက်အပေါ်မှီခိုနေတာလဲ မသိဘူး။”

“ယောက်ျားတစ်ယောက်က အမှီအခိုကင်းသင့်တယ်မဟုတ်ဘူးလား…”

All Chapters