← Chapters

ကောင်းကင်ဘုံ စက်ယန္တရားခန်းမ၏ ရောက်ရှိလာမှု

Vol. 1 Ch. 15

ကောင်းကင်ဘုံ စက်ယန္တရားခန်းမ၏ ရောက်ရှိလာမှု

Vol. 1 Ch. 15

ခရမ်းဝတ်အမျိုးသမီးက အလွန်ဝမ်းနည်းပလက်ဖြစ်နေပြီး သူမ၏ တာအိုနှလုံးသားက ကြွေမွလုနီးပါး ဖြစ်သွားခဲ့သည်။

အဆိုးဆုံးအိမ်မက်တွေထဲမှာတောင် သူမ၏ ဂုဏ်ယူရသည့် အဆင့် ၇ စိတ်ဝိညာဥ်အမြစ်က အဆင့် ၉ ထက် အင်မတန်နိမ့်ကျနေမယ်လို့ ဘယ်သောအခါမှ တွေးမထားခဲ့ပေ။

သူမက အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ဂုဏ်ယူရသူကို နောက်ထပ် မကျေနပ်ချက်တွေ မရှိတော့ပေ။ သူမ၌ ကြီးစွာစိတ်ပျက်အားငယ်ခြင်းတွေသာ ရှိတော့၏။

ဂျန်ဖန်းက ချွေးတွေ ရွဲရွဲစိုနေပြီး လျိုဝှက်အခန်းထဲကနေထွက်လာခဲ့သည်။

အပြင်ဘက်၌ ခရမ်းဝတ်အမျိုးသမီးကို မြင်သည့်အခါ သူ့၏ကျင့်ကြံခြင်းက သူမကို အနှောင့်အယှက်ပေးမိပြီဆိုတာ နားလည်လိုက်၏။ အလျှင်အမြန်ပဲ သူက လက်နှစ်ဖက်ကို ယှက်ကာ တောင်းပန်လိုက်၏။

“မိန်းခလေး, နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။”

နှောက်ယှက်သည်တဲ့လား….

ထိုအရာက အသေသတ်ခြင်းဖြစ်၏။

ခရမ်းရောင်ဝတ်အမျိုးသမီးက ဂျန်ဖန်းကို စိတ်ရှုပ်ထွေးစွာနှင့်ကြည့်လိုက်ပြီး သူ့ပုံရိပ်ကို သူမစိတ်ထဲ၌ နက်ရိုင်းစွာ မှတ်သားထားလိုက်၏။

သူမက အနည်းငယ်အံကြိတ်လိုက်ပြီး ပြောလိုက်သည်။

“မှတ်ထားပါ… ငါ့နာမည်က လျိုချင်းရှန်….”

“နင် ငါ့နယ်ပယ်ကို အမှီလိုက်နိုင်တဲ့ နေ့ကြရင် ငါ နင်နဲ့ တိုက်ခိုက်မယ်။”

ထို့နောက်သူမက ခါးမှာချိတ်ဆွဲထားသည့် ခရမ်းရောင်တံဆိပ်ပြားကို ဖြုတ်ကာ ဂျန်ဖန်းဆီသို့ ပစ်ပေးလိုက်သည်။

“ဒါကိုယူလိုက်, နင် အသက်အန္တရာယ်နဲ့ ကြုံရင် အသုံးပြုလို့ရတယ်”

“မသေစေနဲ့အုန်း”

“ဟမ့်….”

ပြောပြီးသည်နှင့် သူမက အင်္ကျီလက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်းတစ်ယောက် စိတ်ရှုပ်ထွေးစွာနှင့် ကျန်ရစ်နေခဲ့၏။

ငါသူမကို ဘာလုပ်မိလို့ သူမက ငါနဲ့ တိုက်ခိုက်ချင်နေတာလဲ?…

ထို့ပြင် သူမက တံဆိပ်ပြားတစ်ခုတောင် ပေးခဲ့သေး၏။

သူက ခေါင်းကိုကုတ်ကာ စိတ်ရှုပ်ထွေးစွာ နှင့် ထွက်ခွာသွားခဲ့သည်။

လျိုချင်းရှန်က အဖြူရောင်သိမ်းငှက် တစ်ကောင်ကို စီးနှင်းကာ အထီးကျန်လှေမြို့မှ ထွက်ခွာသွားခဲ့သည်။

သူမထွက်ခွာပြီး မကြာခင်မှာပဲ တိမ်မဲတစ်ခုက ရုတ်တရက် သူမခေါင်းပေါ်မှာ ပေါ်လာခဲ့ပြီး မော့ကြည့်လိုက်သည့်အခါ သူမက ဧရာမ သိမ်းငှက်ပြာကြီးတစ်ကောင်းကို မြင်လိုက်ရ၏။ ၎င်း၏ ကျောပေါ်၌ စူးရှသည့်အကြည့်တွေနှင့် အဖြူရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်နေခဲ့သည်။

သူဆီမှထုတ်လွတ်နေသည့် အားကောင်းတဲ့အော်ရာက လေးပြင်းတွေအားလုံးကို အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားစေခဲ့သည်။

ထိုသူကိုမြင်သည့်အခါ လျိုချင်းရှန်က အကြီးအကျယ်တုန်လှုပ်သွားကာ အလျှင်အမြန်အရိုအသေပေးလိုက်၏။

“တိမ်စိမ်းဂိုဏ်းတပည့် လျိုချင်းရှန် ကောင်းကင်ဘုံစက်ယန္တရားခန်းမရဲ့ လက်ထောက်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”

သူမရှေ့မှ ပုဂ္ဂိုလ်က ကောာင်းကင်ဘုံ စက်ယန္တရားခန်းမ၏ လက်ထောက်ခေါင်းဆောင်လေးယောက်ထဲမှတစ်ယောက်ဖြစ်သည့် ချန်းကျန်းတောက်ပဲဖြစ်သည်။

သူက လုကျန်းကို လာခေါ်သည့် ကောင်းကင်ဘုံစက်ယန္တရားခန်းမမှ ပုဂ္ဂိုလ်ဆိုတာ သံသယရှိစရာမလိုပေ။

“မင်းအဖေက မင်းကို နေရာတိုင်းမှာ လိုက်ရှာနေတာ။ လက်စသတ်တော့ မင်းက ဒီရောက်နေတာကိုး….”

ချန်းကျန်တောက်က အနည်းငယ် ရယ်လိုက်၏။

သူနှင့် တိမ်စိမ်းဂိုဏ်းခေါင်းဆောင်ဟာ တစ်ခါက စီနီယာ, ဂျူနီယာ ညီအကိုတွေ ဖြစ်ကြပြီး အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိ၏။

ဤနေရာလာသည့်လမ်း၌ သူက တိမ်စိမ်းဂိုဏ်း ခေါင်းဆောင် ဆီမှ သူ့သမီး ထွက်ပြေးသွားသည့် သတင်းကို ရရှိခဲ့၏။ သူက သူ့အား သူမကို စောင့်ကြည့်ထားဖို့ အကူအညီတောင်းခဲ့၏။

အောက်မှာရှိသည့် အထီးကျန်လှေမြို့ကို တစ်ချက်ကြည့်လိုက်ပြီး သူက လျိုချင်းရှန်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်ပြီး သိချင်စွာနှင့် မေးလိုက်သည်။

“မင်း အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နဲ့ ဆုံပြီးပြီလား… ဘယ်လိုရှိလဲ…”

ထိုအရာကိုကြားသည့်အခါ လျိုချင်းရှန်၏ မျက်လုံးတွေက နီရဲသွားပြီး မကျေမနပ်ဖြစ်စွာနှင့် ပြောလိုက်သည်။

“သူက အရမ်းအနိုင်ကျင့်တာပဲ…”

အာ….

ချန်းကျန်းတောက် ကြောင်အသွားခဲ့သည်။

သူသိရသလောက်တာ့ လျိုချင်းရှန်က မည်သူ့ကိုမှ အရှုံးမပေးတတ်သည့် စိတ်ဓတ်ခွန်အားကြံ့ခိုင်သည့် မိန်းခလေး တစ်ယောက်ဖြစ်၏။

သူမက မျက်ရည်ကျလောက်အောင် ဘယ်လိုတောင်အနိုင်ကျင့်ခံလာရသနည်း။

မည်သို့သော တိုက်ခိုက်မှုတွေ သူမကြုံတွေ့လာရသနည်း။

“သူက မင်းကို ဘယ်လိုအနိုင်ကျင့်တာလဲ။ ငါ့ကို အကြောင်းစုံပြောပြစမ်းပါ…”

ချန်ကျန်းတောက်က ရယ်ချင်စွာနှင့် ဟာသနှော၍ ပြောလိုက်သည်။

လျိုချင်းရှန်က သူမကြုံတွေ့ခဲ့ရသည့် အရာတွေကို ပြန်ပြောပြလိုက်သည်။

နားထောင်ပြီးနောက် ချန်းကျန်တောက်၏ အပြုံးတွေရပ်တန့်သွားခဲ့သည်။

“ဒါက မဖြစ်နိုင်ဘူး….”

“မင်း အမှတ်မမှားတာသေချာလား… သာမန်စိတ်ဝိညာဥ်ချီရေကန်မှာ နှစ်နာရီတည်းနဲ့ အဆင့် ၄ ကနေ အဆင့် ၇ ကို ချိုးဖြတ်သွားတယ်?…”

“ငါ လည်း စိတ်ဝိညာဥ်အမြစ် အဆင့် ၈ ပါ။ အဆင့် ၉ နဲ့က တစ်ဆင့်ပဲကွာတာ။”

“ဒါပေမယ့် ငါ့ကျင့်ကြံခြင်း အရှိန်က မင်းပြောတာထက် တစ်ဝက်တောင်မရှိဘူး”

ချန်ကျန်းတောက်၏ မယုံကြည်နိုင်သည့် အမူအရာကို မြင်သည့်အခါ လျိုချင်းရှန်က စိတ်သက်သာရသွားခဲ့သည်။

အဆင့် ၈ စိတ်ဝိညာဥ်အမြစ်လည်း လွမ်းမိုးခံရတာပါပဲလား…..

ဟမ့်…

သူမက အလွန်ကျေနပ်သွားပြီး ပြောလိုက်သည်။

“လက်ထောက်ခန်းမခေါင်းဆောင်ချန်း, ဘာလို့ ကိုယ်တိုင် မစစ်ဆေးကြည့်တာလဲ…”

“ငါ သူ့ကို တိမ်စိမ်းဂိုဏ်း အမိန့်ပြားပေးခဲ့တယ်။ မင်းသူ့ကို အလွယ်တကူမှတ်မိမှာပါ။”

“နှုတ်ဆက်ပါတယ်…”

သူမက လက်နှက်ဖက်ကို ယှက်ကာ ပျော်ရွင်သည့်အသံနှင့်ပြောလိုက်ပြီး သိမ်းငှက်ဖြူကိုစီးကာ အဝေးကို ထွက်ခွာသွားခဲ့သည်။

ချန်းကျန်တောက်က တိတ်ဆိတ်စွာနှင့် ကျန်ရစ်နေခဲ့၏။

“အဆင့် ၈ နဲ့ အဆင့် ၉ ကြားက ကွာဟချက်က တကယ်ပဲ ဒီလောက်တောင် ကြီးတာလား….”

“ငါ ဒါကို ယုံကို မယုံနိုင်ဘူး”

ရှုအိမ်တော်၌…

ဂျန်ဖန်းပြန်ရောက်လာသည့်အခါ အိမ်တော်တစ်ခုလုံးက အလုပ်ရှုပ်နေတာကို တွေ့လိုက်၏။

အစေခံတွေက များစွာသောပန်းခြင်းတွေကို စီစဥ်နေပြီး စားပွဲနှင့် ကုလားထိုင်တွေကို သန့်ရှင်းနေခဲ့ကြသည်။

မိသားစုခေါင်းဆောင်ဖြစ်သည့် ရှုကျန်းယန်တောင်မှ ရှုရို့ရန်၏ ကပျာကယာကူညီပေးမှုနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးနေခဲ့သည်။

“ဘာတွေဖြစ်နေကြတာလဲ…”

ဂျန်ဖန်းက အံ့အားသင့်စွာနှင့်မေးလိုက် သည်။

သူပြန်လာသည်ကို မြင်သည့်အခါ ရှုကျန်းယန်က အထင်သေးသည့်အမူအရာ ကိုထုတ်ပြလာပြီး ပြောလိုက်သည်။

“မင်းက အဲ့မှာ ဘာလို့ရပ်နေတာလဲ။ မြန်မြန်လာကူညီလည့်…”

ရှုရို့ရန်က အဝတ်တစ်ခုကို ကမ်းပေးလိုက်သည်။

“ခုနတုန်းက မြို့သခင်က တစ်စုံတစ်ယောက်ကို အလောတကြီး သတင်းပို့ခိုင်းလိုက်တယ်။”

“ကောင်းကင်ဘုံစက်ယန္တရားခန်းမက ဂုဏ်သိက္ခာရှိပုဂ္ဂိုလ် ရောက်လာပြီတဲ့”

အို…

အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နှင့် တစ်ယောက်ကို လာခေါ်သည့် ကောင်းကင်ဘုံစက်ယန္တရားခန်းမမှ ပုဂ္ဂိုလ်က ရောက်လာပြီလား….

“ဂျန်ဖန်း, မင်းအဲ့နေရာမှာရပ်ပြီး ဘာလုပ်နေတာလဲ။ ခုချက်ချင်း အလုပ်သွားလုပ်ချီစမ်း…”

“မင်းသာ ငါ့ရဲ့ ပွဲကြီးကို ဖျက်ဆီးမိရင် မင်းမှာ ခေါင်း ၁၀ လုံးရှိရင်တောင် လုံလောက်မှာမဟုတ်ဘူး။”

ဤအခိုက်အတန့်၌ လုကျန်းက အလွန် ယုံကြည်မှုရှိနေခဲ့သည်။ သူက အသစ်စက်စက် ပိုးချည်သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဝင့်ကြွားစွာနှင့် အမိန့်ပေးလိုက်သည်။

ဂျန်ဖန်းက သူ့လက်ထဲက အဝတ်စကို ပုံမှန်အတိုင်းပဲ မြေပြင်ပေါ်လွင့်ပစ်လိုက်၏။

သူက စာရေးလိုက်၏။

“အဲ့ဒါမင်းကိစ္စလေ၊ ငါနဲ့ဘာဆိုင်လို့တုန်း”

ကောင်းကင်ဘုံစက်ယန္တရားခန်းမမှ လူက လုကျန်းအတွက်ရောက်လာခဲ့ခြင်းဖြစ်၏။

ဂျန်ဖန်းက ဘာကြောင့် သန့်ရှင်းရေးလုပ် ပေးရမည်နည်း။

လုကျန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“မင်းက ဘယ်လိုအမှိုက်လဲ”

“ဒီနေ့က ငါ ကိုးကောင်းကင်ကို တက်မယ့်နေ့ပဲ”

“ဒါ့အပြင် လူများစွာက ဒီနောက်ဆုံး အခိုက်အတန့်မှာ ငါ့ကို တွယ်ဖက်ထားကြဖို့ ကြိုးစားနေကြတာ။ ဒါပေမယ့် ငါ့မှာ သူတို့အတွက် အချိန်မရှိဘူး။”

“မင်းက ကံကောင်းပြီး ငါ့ထိုင်ခုံနဲ့ ကြမ်းပြင်ကို သုတ်ပေးဖို့ အခွင့်ရေးရတာ။ ဒါပေမယ့် မင်းက ဒါကို တန်ဖိုးမထားဘူး။”

အလွန်ရွင်ပြနေသည့် ဝမ်ယင်ဖုန်းကလည်း ထေ့ငေါ့စွာဝင်ပြောလိုက်သည်။

“ကျန်းအာ, ဘာလို့ ဒီအအကောင်နဲ့ စိတ်ရှုပ်ခံနေတာလဲ”

“အချို့လူတွေက သူတို့တစ်ဘဝလုံး နိမ့်နိမ့်ကျကျနေရဖို့ ကံပါလာပြီးသား။ မင်းသူတို့ကို ကူညီဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့က မြှင့်တက်လာမဟုတ်ဘူး။”

အဒေါနှင့် တူက သူတို့၏ ခနဲ့တဲ့တဲ့စကားတွေနှင့် ရှေ့သွားနောက်လိုက်ညီနေခဲ့ကြသည်။

ထိုအချိန်မှာပဲ ချင်းချန်ရှန်က သတင်းကြားကာ ရောက်လာခဲ့သည်။ သူက လက်နှစ်ဖက်ကို ယှက်ကာ အပြုံးနှင့် ပြောလိုက်သည်။

“သခင်းလေးလု, ဂုဏ်ယူပါတယ်…”

“ဒီမှာ လေစားသမှုအနေနဲ့ လက်ဆောင် သေးသေးလေးတစ်ခုပါ”

“သခင်လေးလု အနာဂတ်မှာ ချင်မိသားစုကို ကြည့်ရှုပေးမယ်လို့ ငါ မျှော်လင့်ပါတယ်”

ချင်ချန်းရှန်နောက်၌ များစွာသော သန်မာထွားကြိုင်းသည့်လူတွေက အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်တွေနှင့် ပြည့်နေသည့် သေတ္တာကြီးတွေကို သယ်ဆောင်လာခဲ့ကြသည်။ ထိုအရာကြောင့် ရှုမိသားစုတစ်ခုလုံး ပင့်သက်ရှိုက်သွားကြသည်။

ဤကဲ့သို့ ချီကျင့်ကြံခြင်းအရည်ပမာဏက အနည်းဆုံး ငွေးပြား သုံးသိန်း တန်းဖိုးရှိ၏။

ရှုကျန်းယန်နှင့် ဝမ်ယင်ဖုန်းက အလွန်ပျော်ရွင်သွားခဲ့ကြသည်။ သူတို့က ထိုပစ္စည်းတွေကို ချက်ချင်းလက်မခံရဲကြပေ။

တစ်ခုယူလျှင် တစ်ခုပြန်ပေးရမည်ဖြစ်၏။

သူတို့၏ ရှုမိသားစုက ဤကဲ့သို့ လက်ဆောင်ကြီးအတွက် ပြန်ပေးဖို့ မတတ်နိုင်ပေ။

သို့ပေမယ့် လုကျန်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး တွေဝေနေခြင်းမရှိပဲ လက်ခံလိုက်၏။

“မိသားစုခေါင်းဆောင် ချင် က အချိန်မီ ရောက်လာတာပဲ”

“ကဲ, လာကြ, လာကြ… ဒီနေရာမှာ အလုပ်လုပ်တဲ့ လူတိုင်း တစ်ယောက်ကို တစ်ပုလင်းဆီရမယ်”

“ဒါပေါ့, ကိုယ့်ကိုယ်ကို မြင့်မြတ်တယ်လို့ ထင်နေတဲ့ လူတစ်ချို့ကတော့ ရမှာမဟုတ်ဘူးပေါ့”

မိသားစုအဖွဲ့ဝင်တိုင်းက ပျော်ရွင်စွာနှင့်ပဲ အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းဆီ လက်ခံရရှိခဲ့ကြ၏။ ပုံမှန်ဆိုလျှင် သူတို့က ထိုအရာကို ဝယ်ယူနိုင်ကြမည်မဟုတ်ပေ။

ဂျန်ဖန်းမှလွဲ၍ ကျန်သည့်လူအကုန် ရရှိကြ၏။

လုကျန်းက ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်ကာ ပြောလိုက်သည်။

“ဂျန်ဖန်း, မင်းအခု နောင်တရနေပြီ မလား”

“မင်းက အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းနဲ့ လွဲချော်သွားပြီ”

“ကျွစ်… ကျွစ်… ဆုံးရှုံးမှုကြီးလိုက်တာ”

ဂျန်ဖန်းက သူ့အင်္ကျီကို သေသေသပ်သပ် လုပ်လိုက်ပြီး အထဲမှာရှိသည့် အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်း အရည်တွေကို နေသားတကျဖြစ်အောင် ပြုလုပ်လိုက်၏။ ထို့နောက် သူက ဖြေညင်းစွာ စာရေးလိုက်၏။

“ငါသာမင်းဆိုရင် ကောင်းကင်ဘုံစက်ယန္တရားခန်းမကို မဝင်ရသေးပဲနဲ့ ဒီလက်ဆောင်တွေကို လက်ခံမှာမဟုတ်ဘူး”

တကယ်လို့ လုကျန်းသာ မဝင်ရောက်နိုင် ခဲ့လျှင် သူက မည်သို့ပြန်ပေးမည်နည်း။

လုကျန်းက လှောင်ပြောင်လိုက်၏။

“မင်းကိုမင်းပြန်ကြည့်လိုက်စမ်း… ငါ့လိုဖြစ်လာဖို့ စိတ်ကူးယဥ်နေတယ်၊ ဟ…ဟ…”

ချင်းချန်ရှန်က သဘာဝအတိုင်း လုကျန်းကို ထောက်ခံလိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။

“ဂျန်ဖန်း, ငါကလက်ဆောင်ပေးချင်တယ်၊ သခင်လေးလုက လက်ခံတယ်။ မင်းက ဘာတွေကြားက ဝင်နှောက်ယှက်နေတာလဲ။”

ဂျန်ဖန်းက ချင်းချန်ရှန်ကို ကြည့်လိုက်ပြီး ရွတ်နောက်နောက်ပြုံးကာ စာရေးလိုက်သည်။

“ငါက ချင်မိသားစုခေါင်းဆောင်အတွက် စိုးရိမ်ပေးရုံပါ။ နောက်ဆုံးကျမှ ဘာမှမရပဲ နောင်တတွေပဲရနေမယ်။”

ချင်းချန်ရှန်က အူလိုက်သည်းလိုက် ရယ်မောလိုက်၏။

“နောင်တ?...”

“အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ရှိတဲ့ လူရဲ့ ခြေထောက်ကို တွယ်ကပ်တာ ဘာနောင်တတွေရနိုင်လဲတော့ ငါစဥ်းစားလို့မရဘူး။”

ထိုအခိုက်အတန့်၌….

လေပြင်းတစ်ခုက ကွင်းပြင်တစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။

ဧရာမအပြာရောင် သိမ်းငှက်ကြီးက ရှုမိသားစုအိမ်တော်ပေါ်ကို ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

ထို့နောက် စွမ်းအားကြီးအရှိန်အဝါတွေထုတ်လွတ်နေ သည့် ပုံရိပ်တစ်ခုက သိမ်းငှက်ကျောပေါ်ကနေ ခုန်ကျလာခဲ့သည်။

လုကျန်းက အသက်ပြင်းပြင်းရူကာ ဂျန်ဖန်းကို ပြောလိုက်သည်။

“ဂျန်ဖန်း…”

“ငါရဲ့ တောက်ပမယ့်အချိန်က ရောက်လာပြီကွ”

“ငါ နဂါးဂိတ်ကို ဖြတ်ပြီး ကိုးကောင်းကင်ရဲ့ အစစ်အမှန်နဂါးတစ်ကောင် ဘယ်လိုဖြစ်လာမလဲဆိုတာ သေသေချာချာကြည့်ထား”

All Chapters