← Chapters

ငါက မင်းရဲ့ လေ့ကျင့်ဖော် မဖြစ်ချင်ဘူးကွ

Vol. 6 Ch. 83

ငါက မင်းရဲ့ လေ့ကျင့်ဖော် မဖြစ်ချင်ဘူးကွ

Vol. 6 Ch. 83

မြားပစ်ခံရခြင်းကြောင့် လဲကျသွားသဖြင့် မာနကြီးသည့် ပြိတ္တာဘုရင်သည် မြေပြင်ပေါ်တွင် ချိုင့်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

သူ့ခန္ဓာကိုယ်မှနေ အနက်ရောင်စွမ်းအားများ ထွက်ပေါ်လျက်ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးအား မီးတောက်များက လွှမ်းခြုံထားသည်။

သို့သော်လည်း သွေးနက်များ အဆက်မပြတ် စီးကျနေသော ရင်ဘတ်တွင်ရှိသည့် ကြီးမားသည့် ဒဏ်ရာအား ပြန်လည် ကုစားပေးရန် မဖြစ်နိုင်ပေ။

“မုန်းဖို့ကောင်းလိုက်တဲ့ မိန်းမ … အဲဒီကောင်မက ငါ့ကို တကယ်ကြီး ချုံခို တိုက်ခိုက်ရဲတယ်ပေါ့ …” မာနကြီးသည့် ပြိတ္တာဘုရင်သည် ရင်ဘတ်အား လက်ဖြင့်အုပ်ကာ ကောင်းကင်နတ်မိမယ်မြေခွေးနီအား ဒေါသတကြီး ကြီးနေလေသည်။

သို့သော်လည်း ထိုအချိန်မှာပင် မာနကြီးသည့် ပြိတ္တာဘုရင်၏ မြင်ကွင်းတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ အန်လင်း ရောက်ရှိလာလေပြီ။

ရွှေရောင်ဓားအား ဝှေ့ယမ်းကာဖြင့် အန်လင်းသည် ပြေးလာနေသည်။

ထိုအချိန်တွင် သူသည် ဓားအင်မော်တယ် တစ်ဦး ဖြစ်သည်။

“ငါ့ရဲ့ဓားကို မြည်းကြည့်လိုက်စမ်း … ကောင်းကင် တုန်ခါမြေပြင် အက်ကွဲခုတ်ချက် …”

အန်လင်းက အော်ဟစ်လိုက်ပြီးနောက် သူ၏ ရွှေရောင်ဓားအား ပြိတ္တာဘုရင်ထံသို့ ဒေါသတကြီး ခုတ်ပိုင်းလိုက်လေသည်။

ကောင်းကင် တုန်ခါမြေပြင် အက်ကွဲခုတ်ချက် …

ပြိတ္တာဘုရင်သည် ထိုနာမည်ကြောင့် အချက်ပေးလိုက်သလို ဖြစ်ပြီး လျှင်မြန်စွာပင် ဘေးသို့ ရှောင်တိမ်းလိုက်တော့သည်။

ဘုန်း …

ဓားခုတ်ချက်ကြောင့် ၁၀ ပေခန့်ရှည်သည့် လျှိုတစ်ခု ဖြစ်ပေါ်လာသည်။

ဒါပဲလား … မာနကြီးသည့် ပြိတ္တာဘုရင်သည် မျက်တောင် ခတ်မိသွားသည်။

ဒါက သာမန်တိုက်ခိုက်မှုတစ်ခုပဲ မဟုတ်ဘူးလား …။

သူ၏တိုက်ကွက်မှာ လွဲချော်သွားသည်ကို မြင်လိုက်ရသဖြင့် အန်လင်းသည် နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။

“ငါ့ရဲ့ ဓားချက်ကို မြည်းကြည့်လိုက် … ဟင်းလင်းပြင် အက်ကွဲခုတ်ချက် …”

အန်လင်းသည် ဓားကို စောင်းလိုက်ပြီးနောက် ပြိတ္တာဘုရင်၏ ခါးသို့ ခုတ်ပိုင်း လိုက်သည်။

“မင်းရဲ့ ဟင်းလင်းပြင် အက်ကွဲခုတ်ချက်နဲ့ အတူ ငရဲပြည်ကို သွားလိုက်တော့ …”

မာနကြီးသည့် ပြိတ္တာဘုရင်သည် အော်ဟစ်လိုက်ပြီးနောက် ကြေးနီရောင်ရှိသည့် လက်သီးတစ်လုံးအား ဓားထံသို့ ပစ်လွှတ်လိုက်သည်။

ဘုန်း …

ထိုကြေးနီရောင်လက်သီးသည် သံမဏိထက်ပင် မာကြောသေးသည်။

ထိုလက်သီးသည် ဓားနှင့် ထိပ်တိုက် တွေ့မိသည့်အခါတွင် လေထဲတွင် ပေါက်ကွဲ သွားကြတော့သည်။

အန်လင်းသည်လည်း အတော်ဝေးဝေးသို့ နောက်ဆုတ်လိုက်ရပြီး ဟန်ချက်ပျက်လုနီးနီး ဖြစ်သွားသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ … သာမန်ခုတ်ချက် တစ်ခုပါလားကွ …”

ပြိတ္တာဘုရင်၏ မျက်နှာတွင် မဲမှောင် နေလေတော့သည်။ သူ၏လက်မောင်း ကြွက်သားများသည် ဖုဖောင်းလျက်ရှိပြီး သူ့လက်သီးများတွင် အညိုရောင်အလင်းများ တောက်ပနေလေသည်။

“လာစမ်းပါ …” အန်လင်းသည် နောက်တစ်ဖန် အော်ဟစ်လိုက်ပြီးနောက် ပြိတ္တာဘုရင်ထံသို့ ခုတ်ပိုင်းလိုက်ပြန်သည်။

အထင်ကြီးဖွယ် ကောင်းသော၊ ကြောက်မက်ဖွယ်ကောင်းသော အမည်နာမများသည် သူ့ပါးစပ်မှနေ တစ်မျိုးပြီး တစ်မျိုး ထွက်နေတော့သည်။ တစ်ချိန်တည်းမှာပင် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်နှင့် သူ၏ ဓားတို့ အဆက်မပြတ် ထိတွေ့မိရာမှာ ဆူညံ့သည့် အသံများစွာ ထွက်ပေါ်နေလေသည်။

မာနကြီးသည့် ပြိတ္တာဘုရင်သည် ပိုပိုပြီး တိုက်ခိုက်ရလေလေ ပိုပိုပြီး ဒေါသထွက် လာလေလေဖြစ်သည်။ ထိုကျင့်ကြံသူသည် တာအိုခန္ဓာ အဆင့်၁၀ မျှသာလျှင် ရှိနေသေးသော်သည်း သူ့အား ရင်ဆိုင်ကာ တိုက်ခိုက် ဝံ့လေသည်။ ထိုကြောင့် မာနကြီးသည့် ပြိတ္တာဘုရင်သည် နည်းနည်းလေးမျှပင် သည်းမခံနိုင်တော့ချေ။

သူ့အား ရင်ဆိုင်တိုက်ခိုက်ခြင်းကြောင့် ဒေါသထွက်ရခြင်း မဟုတ်ပေ။ တကယ်တမ်း သူ့အား အလွန်အမင်း စိတ်ဆိုးစေသည့် အချက်မှာ ထိုမလောက်လေး မလောက်စား ကောင်သည် အလွန်ဆိုးဝါးလွန်းသည့် ဓားသမား ဖြစ်နေခြင်းကြောင့်ပင်။

မှန်သည်။ ထိုမလောက်လေး မလောက်စားကောင် အသုံးပြုနေသည့် တိုက်ကွက်တိုင်းသည် သာမန်မျှပင် မရှိချေ။ အလွန်အမင်း ရွံ့ဖို့ကောင်းလွန်းသည်။

ဒဏ်ရာပြင်းထန်စွာ ရနေခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် မာနကြီးသည့် ပြိတ္တာဘုရင်မှာ ထိုလူငယ်၏ အရှက်ခွဲနေခြင်းအား ခံရစရာ အကြောင်းမရှိချေ။

တိုက်ကွက် အနည်းငယ်အား တားဆီးပြီးသည့်နောက်တွင် ပြိတ္တာဘုရင်သည် သည်းခံနိုင်စွမ်း ကုန်လွန်သွားပြီ ဖြစ်သည်။

“ဟိုင်း ရား … ငါက အလွယ်တကူ အနိုင်ကျင့်လို့ရတယ်လို့ မင်းထင်နေတာလား …” မာနကြီးသည့် ပြိတ္တာဘုရင်သည် အော်ဟစ်လိုက်သည်။

သူ့ခွန်အားအကုန်လုံးကို စုစည်းလိုက်ပြီးနောက် ပြိတ္တာဘုရင်သည် အန်လင်းထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်လေသည်။

ဘုန်း …

ပြိတ္တာဘုရင် ထုတ်လွှတ်လိုက်သည့် လက်သီးချက်ကြောင့် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်ကာ မြေပြင် ပေငါးဆယ်ပတ်လည်မှာ အက်ကွဲ သွားလေသည်။ အန်လင်း သည်လည်း အနောက်သို့ ဆုတ်သွားခဲ့ပြီး လက်ထဲမှ ဓားလွတ်ကျ သွားတော့သည်။

အန်လင်းသည် မြေပြင်ပေါ်တွင် လဲကျသွားကာ ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်လိုက်သည်။ ထို့နောက်တွင် မတ်တတ်ရပ်ကာ အော်လိုက်သည်။ “အရမ်းကို ကျေနပ်စရာ ကောင်းလွန်းတယ် …”

မရှေ့မနှောင်းမှာပင် အန်လင်းသည် လက်သီးကို တင်းတင်းဆုပ်ကာဖြင့် မာနကြီးသည့် ပြိတ္တာဘုရင်ထံသို့ ပြေးဝင် သွားတော့သည်။ ပြိတ္တာဘုရင်၏ မျက်လုံးများသည် ပြူးထွက် လာလေသည်။ သူ့ခွန်အား အကုန်လုံးကို အခုနက လက်သီးချက်တွင် အသုံးပြုလိုက်ပြီး ဖြစ်သည်။

သာမန် တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူတစ်ဦးသည် သူ၏ လက်သီးချက်ကြောင့် သေချာပေါက်ကို သေခြင်းတရားနှင့် ရင်ဆိုင်သွားရမည် ဖြစ်သည်။

သူ့အရှေ့တွင် ရှိနေသည့် ကျင့်ကြံသူမှာ မည်ကဲ့သို့သော လူမျိုးနည်း။ ပါးစပ်နှင့်အပြည့် သွေးအန် လိုက်သော်ငြား သူသည် ယခင်ကထက်ပင် တက်ကြွလာသေးသည်။ သူ၏ အငွေ့အသက် မှာလည်း နည်းနည်းလေးမျှပင် အားနည်းသွားခြင်း မရှိချေ။ ဘယ်လိုတောင် ထူးခြားလိုက်တဲ့ လူသားလဲ။

ပြိတ္တာဘုရင် မသိသည့်အချက်မှာ အထွတ်အထိပ် မြေကြာပန်း အတတ်ကြောင့် အန်လင်း၏ ခန္ဓာကိုယ်သည် သာမန်စိတ် ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးနီးပါး ကြံ့ခိုင်ကာ မာကြောနေခြင်း ဖြစ်သည်ဟူသော အချက်ပင်။

ထို့အပြင် သူသည် မူလဖန်တီးခြင်း ဆေးလုံးကို သောက်သုံး ထားခဲ့သေးသည် မဟုတ်ပါလား။ ထိုဆေးလုံးသည် လနတ်သမီး ချန်အယ် ကိုယ်တိုင် ဖော်စပ်ပေးထားသော အဆင့်၂ အင်မော်တယ် ဆေးလုံး ဖြစ်သည်။ သောက်သုံး ခဲ့သည်မှာလည်း မကြာသေးသဖြင့် သူ့ခန္ဓာကိုယ်တွက် အသက်ဓာတ်များ အလွန်အမင်း ပေါများနေခြင်း ဖြစ်သည်။

သူ၏ မာကြောသည့် ခန္ဓာကိုယ်နှင့် စွမ်းအင်များ စီးဆင်းလျက်ရှိခြင်းကြောင့် ပြိတ္တာဘုရင်၏ လက်သီးချက်သည် အန်လင်းအား ခြိမ်းခြောက်နိုင်ရုံမျှသာ ရှိသည်။

အန်လင်းသည် ပြိတ္တာဘုရင်နှင့် ရင်ဆိုင်မိပြန်သည်။ ဒီတစ်ကြိမ်တွင် ဓားကိုမသုံးတော့ချေ။ ထို့အစား လက်သီးကိုသာလျှင် အသုံးပြုပြီး မာနကြီးသည့် ပြိတ္တာဘုရင်အား အဆက်မပြတ် ထိုးနှက်နေတော့သည်။

ဘုန်း … ဘုန်း … ဘုန်း …

ဗုံးများ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသကဲ့သို့ လက်သီးချက် သည်လည်း ပြင်းထန်သည့် ပေါက်ကွဲမှုများ ဆက်တိုက် ထွက်ပေါ်လာစေသည့် အတွက်ကြောင့် မြေပြင်တွင် နက်ရှိုင်းသည့် ချိုင့်တွင်းကြီး ဖြစ်ပေါ်စေသည်။

အန်လင်းနှင့် ပြိတ္တာဘုရင်တို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် တိုက်ခိုက် နေကြလေသည်။

ကနဦးတွင် သူတို့၏ လက်သီးများသည် အချင်းချင်း ထိခိုက်မိရုံသာ ဖြစ်သော်လည်း အချိန်ကြာလာသည့် အခါတွင်မူ လက်သီးချက် တိုင်းသည် အရေပြားကို ပွတ်တိုက် မိတော့သည်။

လူသားဆန်သည့် တိုက်ပွဲဖြစ်သည်။ ငါ့ရဲ့ ရင်ဘတ်ကို ထိုးမည်ဆိုလျှင် မင်းရဲ့ ဝမ်းဗိုက်ကို ပြန်ထိုးရလိမ့်မည်။

မည်သူက ပိုသန်မာသည်နှင့် မည်သူက ပိုခုခံနိုင်သည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ရလဒ်မှာ … မာနကြီးသည့် ပြိတ္တာဘုရင်သည် ထပ်ကာထပ်ကာ သွေးအန်နေရခြင်း ဖြစ်သည်။

ပြိတ္တာဘုရင်သည် လုံးဝကို ထိတ်လန့် နေမိသည်။ အန်လင်း၏ လက်ရုံးရည်မှာ ဓားစွမ်းရည်ထက် အဆပေါင်းများစွာ စွမ်းအားကြီးနေခြင်းအား သူ့အနေဖြင့် မယုံကြည်နိုင်ပေ။

သူ၏ ခုခံနိုင်စွမ်းမှာ ကြောက်ဖို့ ကောင်းလောက်အောင် သန်မာရုံတင်မက သူ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း အလွန်စွမ်းအား ကြီးလေသည်။

မာနကြီးသည့် ပြိတ္တာဘုရင်သည် အန်လင်းနှင့် မတိုက်ခိုက်ခင်ကပင် ဒဏ်ရာရရှိထားခြင်း ဖြစ်သည်။ ယခုအခါတွင် သူ၏ ဒဏ်ရာများမှာ ပို၍ဆိုးဝါးလာနေပေသည်။

ပြိတ္တာဘုရင်သည် ထိုကဲ့သို့ ဆက်မနေနိုင်တော့ချေ။ မဟုတ်လျှင် သူသည် တာအိုခန္ဓာ အဆင့် ၁၀ မျှသာ ရှိနေသေးသည့် ကျင့်ကြံသူ တစ်ဦးထံတွင် ရှုံးနိမ့်သွားနိုင်ချေ အလွန်မြင့်မားလျက် ရှိနေပေသည်။

နတ်ဆိုးနဂါးဆန်းကြယ်လက်သီး…။

ရုတ်တရက်ဆိုသလို နဂါးနက် တစ်ကောင်သည် ပြိတ္တာဘုရင်၏ လက်မောင်းတွင် ရစ်ခွေလာသည်။ ကြောက်မက်ဖွယ် ခွန်အားအပြည့်နှင့် ထိုလက်သီးသည် အန်လင်း၏ ခန္ဓာကိုယ် တဝိုက်တွင် ဝေဝါးသည့် ပုံရိပ်များ ဖြစ်ပေါ်လာစေကာ သူ့အား ရှောင်တိမ်းနိုင်မည့် အခွင့်အရေး မပေးချေ။

အန်လင်းသည် မျက်လုံးများအား ခေတ္တမျှ မှိတ်ချလိုက်သည်။ သူ့မျက်လုံးများအား ပြန်ဖွင့်လိုက်သည့် နောက်တွင် ထိုမျက်လုံးများသည် နှင်းကဲ့သို့ ဝေဝါးနေလေသည်။

နတ်ဘုရားစစ်ဆေးမှု  အသက်ဝင်…။

ပြစ်ချက် စစ်ဆေးမှု

အန်လင်းသည် သူ့လက်သီးအား ပစ်သွင်းလိုက်သည်။ တောင်ခွင်း လက်သီးသည် လေကိုဖြတ်သန်း သွားပြီးနောက် တောက်ပသည့် ရွှေရောင်အလင်းများကို ပိုင်ဆိုင်ထားသည်။

ရွှေလက်သီးသည် ပုံရိပ်ယောင် အထပ်ထပ်အား ဖြတ်ကျော်ကာဖြင့် မာနကြီးသည့် ပြိတ္တာဘုရင်၏ အားနည်းဆုံး အပိုင်းဖြစ်သည့် ခါးထံသို့ ထိုးနှက်လိုက်သည်။

ဘုန်း …

တောင်ခွင်းလက်သီးတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည့်ကြောင့် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်အား ထိုးကြိတ်မိသည့် အခါတွင် အင်္ဂလိပ်အက္ခရာ “C” ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားစေသည်။

“အား …” ပြိတ္တာဘုရင်သည် နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် အမြောက်ဆ ံတစ်ခုကဲ့သို့ အဝေးသို့ လွင့်ထွက် သွားတော့သည်။

မြေပြင်ပေါ်ရှိ တောင်ပူစာလေးအား အက်ကွဲ သွားစေပြီးနောက်တွင် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်သည် အရှိန်တန့် သွားတော့သည်။

မာနကြီးသည့် ပြိတ္တာဘုရင်သည် သွေးအဆက်မပြန် အန်ထုတ်ပြီးနောက် ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ရီလျက် ရှိနေသည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ … ငါ့ရဲ့ နတ်ဆိုးနဂါးဆန်း ကြယ်လက်သီးက တာအိုခန္ဓာ အဆင့်၁၀ပဲ ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ကို ရှုံးနိမ့်သွားတယ်တဲ့လား …”

ပြင်းထန်သည့် တိုက်ပွဲအပြီးနောက်တွင် အန်လင်း သည်လည်း ဒဏ်ချက်များဖြင့် ဖြစ်သည်။

“ဓား … လာခဲ့စမ်း …”

ရွှေရောင်ဓားသည် သူ့လက်အတွင်းသို့ ပျံသန်းရောက် ရှိလာလေသည်။ ထို့နောက်တွင် အန်လင်းသည် ပြိတ္တာဘုရင်ထံသို့ ဖြေးညင်းစွာဖြင့် လျှောက်လှမ်း သွားတော့သည်။

“ဘယ်လိုပြောရမလဲ … ကျေးဇူးတင်ပါတယ် …”

မာနကြီးသည့် ပြိတ္တာဘုရင်  …

“အခုလိုတိုက်ပွဲမျိုး မတိုက်ရတာ အရမ်းကို ကြာခဲ့ပြီ … ခင်ဗျားက ကျုပ်ကို ကျုပ်ရဲ့ ကိုယ်ပိုင်ခွန်အားကို ပိုပြီးနားလည်လာအောင် ခွင့်ပြုခဲ့တယ ်… အဲဒါကြောင့် ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့်ကို ပေးမယ် …”

မာနကြီးသည့် ပြိတ္တာဘုရင်မှာ နောက်ဆုံးတော့ နားလည်သွားလေပြီ။

ကနဦးတွင် အန်လင်းသည် အဘယ်ကြောင့် ဆိုးဝါးလှသည့် ဓားနည်းစနစ်အား အသုံးပြုကာ သူ့အား တိုက်ခိုက်ခဲ့ခြင်းကို နားလည်နိုင်ခဲ့ပြီ … လက်ရုံးရည်အား အသုံးပြုကာ တိုက်ခိုက်ခြင်းကိုလည်း နားလည်နိုင်ပေပြီ … သူ၏ နောက်ဆုံးသော တိုက်ကွက်ပြီးသည့် နောက်တွင် မျှော်လင့်မထားဘဲ သူရှုံးနိမ့်သွားရခြင်းကိုလည်း နားလည်နိုင်ခဲ့ပါပြီ …။

စတင်တိုက်ခိုက်ချိန်မှစကာ သူသည် အန်လင်းအတွက် လေ့ကျင့်တိုက်ခိုက်ဖော် တစ်ဦးသာ ဖြစ်ခဲ့ခြင်း ဖြစ်လေသည်။

“ဖွီး …” မာနကြီးသည့် ပြိတ္တာဘုရင်သည် ဒေါသထွက်လွန်းသဖြင့် ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်လိုက်ပြန်သည်။

ထိုမျှလောက် အရှက်ခွဲခံရခြင်းအား တစ်ခါမျှပင် မကြုံဖူးခဲ့ချေ။

ကြီးကျယ်မြင့်မြတ်သည့် ပြိတ္တာဘုရင် တစ်ဦးသည် တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူ တစ်ယောက်၏ လေ့ကျင့် တိုက်ခိုက်ဖော်အဖြစ်သို့ အဆင့်နှိမ့်ချခြင်း ခံခဲ့ရသည်။ သူသည် လုံးဝကို လက်တစ်လုံးခြား စော်ကားခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

မာနကြီးကာ အထက်စီးဆန်သည့် ပြိတ္တာဘုရင် တစ်ဦးအတွက် ထိုကဲ့သို့သော အပြုအမူအား မည်ကဲ့သို့ လက်သင့် ခံနိုင်ပါမည်နည်း။

“သေနာလေး … မင်းကိုငါသတ်မယ် …” မာနကြီးသည့် ပြိတ္တာရှင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တုံ့ဆိုင်းခြင်း မရှိဘဲနှင့် သူ၏ အသက်စွမ်းအားကို ထုတ်ကာ ခရမ်းမိုးကြိုးနတ်ဆိုးလှံ အား အသုံးပြုလိုက်တော့သည်။

သူ့အရှေ့တွင် တောက်ပသည့် ခရမ်းရောင် မိုးကြိုးလုံးများ ပေါ်လာပြီးနောက် ခရမ်းရောင်လှံ အဖြစ်သို့ ပေါင်းစပ်ကာ ပြောင်းလဲသွားတော့သည်။

ရုတ်တရက် ဆိုသလို ကြီးမားသည့် အန္တရာယ်သည် အန်လင်းအား လွှမ်းခြုံ လာသည်ကို ခံစားမိလိုက်သည်။

ထိုတိုက်ကွက်သည် အလွန်အန္တရာယ် ကြီးလွန်းသည်။

သို့သော်လည်း ထိုဖျက်ဆီးနိုင်စွမ်း ကြီးမားသည့် မိုးကြိုးလှံအား အာရုံစိုက်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို ဉာဏ်အလင်း ပွင့်လာတော့သည်။

“သွား … သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ပစ်လိုက် …” ပြိတ္တာဘုရင်က အော်ဟစ ်လိုက်သည်။

ထိုတိုက်ကွက်သည် သူ၏ နောက်ဆုံးသော တိုက်ခိုက်မှု ဖြစ်သည်။ ထိုအထဲတွင် သူ၏ ခွန်အား အကုန် ပါဝင်နေသလို မျှော်လင့်ချက်အားလုံးလည်း ပါဝင်နေခြင်း ဖြစ်သည်။

ထိုတိုက်ကွက်နှင့် ရင်ဆိုင်ရပါက စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူပင်လျှင် ချက်ချင်းသေဆုံးသွားမည် ဖြစ်သည်။

ဝှစ် …

အတုမဲ့သည့် စွမ်းအားများ ပိုင်ဆိုင်ထားသည့် ခရမ်းမိုးကြိုးလှံသည့် မျက်စိတစ်မှိတ် အတွင်းတွင် အန်လင်းထံသို့ ပြေးသွားလေသည်။

အန်လင်းသည် ရိုးရှင်းစွာဖြင် လက်ချောင်း တစ်ချောင်းအား ဆန့်ထုတ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ခရမ်းမိုးကြိုးလှံသည် အန်လင်း၏အရှေ့တွင် ရပ်တန့်သွားသည်။ တစ်လက်မလောက်ပင် ရွေ့လျားနိုင်ခြင်း မရှိတော့ချေ။

ပြိတ္တာဘုရင်၏ မျက်လုံးများသည် ပြူးလာတော့သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ ကပ်ငြိနေလေသည်။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

အန်လင်းသည် သာမန်ကာလျှံကာမျှသာ ပြုံးလိုက်သည်။ သူက မာနကြီးသည့် ပြိတ္တာဘုရင်ထံသို့ ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ သူ့အား စိတ်ရှုပ်ထွေးမှုဖြင့် သေဆုံးသွားလိုစိတ် မရှိချေ။ “ဒါက ကျုပ်ရဲ့ လျှပ်စီးအား လိုသလိုထိန်းချုပ်ခြင်း နည်းစနစ်လို့ ခေါ်တယ်လေ … မိုးကြိုးလျှပ်စီး အနှစ်သာရ ကျင့်ကြံခြင်း နည်းစနစ်ကနေ ခွဲထွက်လာတဲ့ အင်မော်တယ်မန္တန် တစ်ခုပဲ … အဲဒီတော့ သီအိုရီကျကျ ပြောရမယ်ဆိုရင် ကျုပ်က လျှပ်စီး အားလုံးကို လိုသလို အသုံးပြုနိုင်တယ် …”

အန်လင်း၏ ရှင်းလင်းချက်အား ကြားလိုက်ရသည့်အခါတွင် ပြိတ္တာဘုရင်၏ နှလုံးသားလေးမှာ နာကျင်မှုကြောင့် တုန်ခါနေလေတော့သည်။ သူ့မျက်နှာမှာ ရှုံ့မဲ့လာပြီး စိတ်ဓါတ်ကျမှုအပြည့် ဖြစ်လာသည်။ အချိန်အတော်ကြာပြီးနောက်တွင် “မင်း … မင်းက လူလိမ်ကောင် …”

“ငါက မင်းရဲ့ တွဲဖက်လေ့ကျင့်ဖော် မဖြစ်နိုင်ဘူးပေါ့ …”

အန်လင်းက ခေါင်းကို ခါယမ်း လိုက်ပြီးနောက် လေးနက်စွာဖြင့် “မင်းစထားခဲ့တာကို ပြန်ပြီး အဆုံးသတ်ရမယ် …”

ထိုသို့ပြောရင်း သူ့လက်ချောင်းအား ဆတ်ခနဲ လှုပ်ရှားလိုက်သည်။ သူ၏ စေခိုင်းချက်အား လိုက်နာသည့်အနေဖြင့် ခရမ်းမိုးကြိုးလှံသည် နာခံစွာဖြင့် သူ၏ဓားအား ရစ်ပစ်လိုက်သည်။

ထို့နောက်တွင် အန်လင်း၏ ဓားသည် တောက်ပသည့် ခရမ်းမိုးကြိုးများဖြင့် တဖျစ်ဖျစ်မြည်လာပြီးနောက် မာနကြီးသည့် ပြိတ္တာဘုရင်ထံသို့ ပြေးသွားလိုက်သည်။

“ငါ့ရဲ့ဓားကို မြည်းကြည့်လိုက် … ခရမ်းမိုးကြိုး နတ်ဘုရားဓားသွား…”

ခရမ်းရောင် လျှပ်စီးချင်း တူပါသော်လည်း ခံစားချက်မှာတော့ ကွဲပြား သွားလေပြီ။

သူ့ထံသို့ ကျရောက်လာသည့် ခရမ်းမိုးကြိုး နတ်ဘုရားဓားသွားအားကြည့်ကာ ပြိတ္တာဘုရင်၏ မျက်လုံးထဲတွင် မျက်ရည်စများ ဝေ့သီလာတော့သည်။

ဘုန်း …

ဓားသွားသည် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက် သွားသည့်အခါတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ကောင်းကင်ဘုံရှိ မိုးကြိုးများသည် ဒေါသတကြီး ပစ်လွှတ်နေကြလေသည်။

ဖျက်ဆီးနိုင်စွမ်း ကြီးမားသည့် မိုးကြိုးကြီးသည် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်အား မည်းနက်လောင်ကျွမ်းသွားတော့သည်။

ယုံကြည်မှုပြင်းထန်ကာ ကြောင့်ကြမဲ့သည့် အမူအရာဖြင့် အန်လင်းသည် ဓားကို ဝှေ့ယမ်း လိုက်လေသည်။

သူက ပြိတ္တာဘုရင်အား ကျောပေးလိုက်ပြီးနောက် သက်ပြင်း ချလိုက်သည်။ “ဒီလိုမျိုး လက်ရည်တူတဲ့ တိုက်ပွဲ…”

“ဘာပဲဖြစ်ဖြစ် … ငါ … ဓားအင်မော်တယ် အန်လင်းက နောက်ဆုံးသော အောင်နိုင်သူ ဖြစ်လာတာပါပဲ …”

***

All Chapters