ဖခင်၏ အံ့ဩမှု
Vol. 8 Ch. 107
“အကြီးအကဲ တကယ် ပြောနေတာလား”
ပိုင်ထျန်းဟမ်၏ မျက်နှာသည် မယုံကြည်နိုင်သလိုဖြစ်ကာ ဆယ်စုနှစ်ကြာ ဟာသကို ကြားလိုက်ရသလိုပင်
တကယ်တော့ မဟာ အကြီးအကဲပိုင်ရမ်သည် သူမြင်ခဲ့သည်ကို သတင်းပေးပြီး ပိုင်ကျီဟန်၏ လျှို့ဝှက်အင်အားအကြောင်း ပိုင်ထျန်းဟမ်နဲ့ ဆွေးနွေးချင်ခဲ့တာပင်။
မူလတုန်းကတော့ ပိုင်ထျန်းဟမ်သည် ပိုင်ကျီဟန်၏အင်အားကို အစီအစဉ်အချို့အတွက် တမင်ဖုန်းကွယ်ပေးထားသည်ဟု ပိုင်ရမ်က ယုံကြည်ခဲ့သည်။
သို့ပေမဲ့ ပိုင်ထျန်းဟမ်၏ အံ့ဩနေသည့်အမူအရာအရ ပိုင်ကျီဟန်၏အဖေအရင်းတောင် သူ့၏အမှန်တကယ်အင်အားကို မသိကြောင်း နားလည်သွားသည်။
“လိမ်နေတယ်လို့ ထင်နေတာလား?”
ပိုင်ရမ်သည် တည်ငြိမ်တဲ့ အသံနဲ့ မေးလိုက်၏
“ဟင့်အင်း… အဲ့လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြီးအကဲ ပြောတာကတော့ အရမ်းထူးခြားနေလို့”
ပိုင်ထျန်းဟမ်က စကားပြန်လေ၏
ရွှေဗဟိုနယ်ပယ် နောက်ဆုံးအဆင့်၊ အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား၊ ပြီးတော့ ဓားရည်ရွယ်ချက်
“ဓားရည်ရွယ်ချက်”
အတင်းဖိအားပေးတောင် ပိုင်ကျီဟန်သည် သူ့ဓားနဲ့တစ်နာရီကြာအောင် လေ့ကျင့်သည်ကို မမြင်ဖူးပေ
မဟာ အကြီးအကဲပိုင်ရင်က
ထိုသားသည် ဓားရည်ရွယ်ချက်အား နားလည်သွားသည်ဟု ပြောနေ၏
ဒါက သူ့သမီးသာဆို ပိုင်ထျန်းဟမ် ပျော်မိသွားမှာပင်။ဒါပေမဲ့ ပိုင်ကျီဟန်ဆိုတော့…
မဟာ အကြီးအကဲပိုင်ရမ် ပြောလာတာတောင် သူမယုံနိုင်ဖြစ်နေ၏
“ဒီအကြောင်းကို မင်း မသိဘူးဆိုတာ သေချာလား?”
ပိုင်ရမ်က မျက်မှောင်ကြုတ်ပြီး ထပ်မေးချေသည်။
ပိုင်ထျန်းဟမ်သည် ခေါင်းယမ်းလိုက်သည်။
“ဒါဆိုရင် ပိုင်ကျီဟန်က မင်းကိုပါ သူ့ အင်အားတွေ ဖုန်းကွယ်ထားတာလား?”
ပိုင်ရမ်က ထပ်မံမေးခဲ့သည်။
သူ့အနေနဲ့တော့ ပိုင်ကျီဟန် ဘယ်ကနေ ထိုအင်အားရှိလာသည်ကို မရှင်းသေးတာပင်
“ကျွန်တော်သားကိုတော့ ကျွန်တော်က တော်တော်လေးသိပါတယ်။ ဒီလောက် အင်အားရှိတာကို စကတည်းက ဖုံးကွယ်ထားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
မွေးကတည်းက အဲဒီလိုစွမ်းအားကို ဖုံးကွယ်ထားနိုင်ဖို့က မယုံနိုင်စရာပါ။”
ပိုင်ထျန်းဟမ်က တိတိကျကျ ပြောလိုက်သည်။
“ကျွန်တော် ကောင်းကောင်း သိပါတယ်၊ ကျီဟန်က ကောင်းကင်ဓားဂိုဏ်းကို မထွက်ခါခင်က အဓိကျပေါင်းစည်းခြင်း အဆင့်မှာပဲ ရှိခဲ့တာ။”
ပိုင်ကျီဟန်၏ “အမှိုက်” ဆိုသော နာမည်နဲ့ ကျော်ကြားခဲ့ခြင်းသည် ကောလဟာလ မဟုတ်ပဲ အမှန်တကယ်ဖြစ်သည်ကို ပိုင်ထျန်းဟမ်သိ၏
“ဒါဆို မင်းပြောတာကတော့ ကောင်းကင်ဓားဂိုဏ်းကိုသွားပြီးနောက်မှ ဒီလောက် အင်အားရလာတာလို့ ပြောနေတာပေါ့?”
ပိုင်ရမ်အနေနဲ့ ယုံဖို့ ပိုခက်တာကို တွေ့လိုက်ရသည်။
ပိုင်ကျီဟန်သည် အချိန်တိုတိုအတွင်း အခုလို လျင်လျင်မြန်မြန် တိုးတက်သွားသည်ကို လက်ခံတာထက် သူ့၏စစ်မှန်သော ခွန်အားကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာ ပိုကောင်းမည်ဟု ယုံကြည်နေသည်။
"ဒါကပဲ ရှင်းပြလို့ရတာ”
ပိုင်ထျန်းဟမ်က ခေါင်းညိတ်လိုက်သည်။
သူလည်းယုံကြည်ရခက်သည့်တိုင် ပိုင်ထျန်းဟမ်သည် ကောင်းကင်ဓားဂိုဏ်းကိုရောက်ရှိပြီးနောက်တွင် မဟာအကြီးအကဲ ပြောပြသည်ခဲ့သည့် ပြောင်းလဲမှုအားလုံး အောင်မြင်ခဲ့တာ သေချာသည်။
"ဒီကောင်... သူ့ကိုယ်သူ ခံနိုင်ရည်ရှိအောင် သင်ယူစေချင်ခဲ့တာ။ သူဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ကောင်းကင်ဓားဂိုဏ်းမှာ ကျွန်တော်တို့မသိတဲ့ အခွင့်အရေးတချို့ကို သူတွေ့ခဲ့တာ ဖြစ်နိုင်တယ်။"
မည်သို့ပင်ဆိုစေကာမူ ပိုင်ထျန်းဟမ်သည် ထိတ်လန့်တုန်လှုပ်နေသော်လည်း သူသားအနေနဲ့ အောင်မြင်ကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာရကာ ပျော်ရွှင်နေခဲ့သည်။
သူဘယ်လိုဒုက္ခမျိုးကြုံလာနိုင်မည်ကို အမြဲတစေ စိတ်ပူနေသည့်အပေါ် လျှော့ချဖို့ လိုမည်ဟုထင်မိသည်။
ပိုင်မျိုးနွယ်သို့ ပြန်ရောက်ပြီးနောက် ပိုင်ကျီဟန်သည် သူ့ခြံဝင်းဆီသို့ ချက်ချင်းသွားခဲ့သည်။
ပိုင်ကျီဟန်သည် သူ၏ဓားရည်ရွယ်ချက်ဖြင့် လေ့ကျင့်မှုကို စတင်ခဲ့သည်။
ဓားရည်ရွယ်ချက်ကို အသုံးပြု၍ တိုက်ခိုက်မှုများသည် ဓားရည်ရွယ်ချက်မရှိဘဲ တိုက်ခိုက်ခြင်းထက် ဆယ်ဆနီးပါး ပိုမိုပြင်းထန်သည်။
ဓားနည်းစနစ်များကို ပိုမိုလွယ်ကူစွာ ဆုပ်ကိုင်နိုင်ခြင်းကဲ့သို့သော အခြားအကျိုးကျေးဇူးများကို ဖော်ပြခြင်းမရှိဘဲနဲ့တောင် စွမ်းအားတိုးလာခြင်းသည်ပင် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားချေပြီ
အံ့သြစရာကောင်းလောက်အောင် လွယ်ကူသော သူ၏ဆန္ဒနှင့်အညီ သူ၏စွမ်းအားကို ချိန်ညှိနိုင်ခဲ့သည်။
သို့သော် ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်တွင် အကြာကြီးနေရန် အစီအစဉ်မရှိပေ။ သူသည် နောက်တစ်နေ့တွင် ကောင်းကင်ဓားဂိုဏ်းသို့ ပြန်သွားရန် ဆုံးဖြတ်ထားပြီးသား
ဖြစ်နေသည်။
သို့သော် ထိုမတိုင်မီ သူစစ်ဆေးလိုသည့်အရာတစ်ခုရှိပြီး ၎င်းမှာ သေဆုံးနေသော မိုရီချန်ထံမှ ယူဆောင်ခဲ့သော ထာဝရဝိညာဉ်ဓားဖြစ်သည်။
သူသည် သိုလှောင်လက်စွပ်မှ ဓားကိုထုတ်လိုက်ကာ ၎င်း၏အလှကို သဘောကျနေမိသည်။
ဓားသည် သူ့အား ခုခံရန် ကြံ့ကြံ့ခံနေချိန်နှင့် မတူဘဲ ယခုမူ လုံးဝ လိုက်လျောညီထွေ ဖြစ်နေသည်။
သူ့အား ၎င်း၏သခင်အဖြစ် ထမ်းဆောင်လိုစိတ်ရှိသကဲ့သို့ စိတ်အားထက်သန်မှုကိုပင် ခံစားခဲ့ရသည်။
(ငါ့ရဲ့ဓားရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်တယ်။)
ဓားရည်ရွယ်ချက်ဖြင့် သူ၏အရည်အချင်းများကို သက်သေပြနေသကဲ့သို့ပင် ထာဝရဝိညာဉ်ဓားသည် ၎င်းကို အသိအမှတ်ပြုပုံရသည်။
ဒါက ထာဝရဝိညာဉ်တော်ဓားကို ထိန်းရန်အတွက် ကြိုးစားအားထုတ်မှုအချို့ကို သက်သာစေခဲ့သည်။ အခုလိုအပ်တာတွေအားလုံးက သူ့စွမ်းအားကို စမ်းသပ်ဖို့ပင်
ရွှမ် ရွှမ်
သူသည် ဓားကို ပေါ့ပေါ့တန်တန် လွှဲလိုက်ပြီး ငွေရောင်အစွန်းများသည် ဓားသွားတစ်ဝိုက်တွင် ကခုန်ကာ ချွန်ထက်သော အစွန်းတစ်ခုစီ ဖြာထွက်နေသည်။
အတွေးတစ်ခုဖြင့် သူသည် ဓားရည်ရွယ်ချက်အလယ်အလတ်အဆင့်ကို ဓားသွားထဲသို့ ထည့်လိုက်သည်။
ဟမ်
ဓား၏ တောက်ပမှု ပြင်းထန်လာပြီး ငွေရောင် အလင်းသည် မျက်စိစူးလုနီးပါး ဖြစ်လာသည်။
ရွှမ် ရွှမ်
ပိုင်ကျီဟန်တစ်ယောက် အပြုံးနဲ့ခေါင်းညိတ်လိုက်သည်။ ဓားသည် သူ့အတွေးနဲ့ တစ်ခုထဲဖြစ်သွားသလို သူ့ဆန္ဒအလျောက် သွားနေသည်ဟု ခံစားမိသည်
ဓားက အတော်လေးကောင်းပေ၏။ ဒါပေမဲ့ အခုအချိန်မှာတော့ အထူးအဆင့်သက်သက်သာ ရှိပေသည်။
တကယ်တော့ သူ့အခုသုံးနေသည့်ဓားကပင် ပိုကောင်း နေသေးသည်။ သို့ပေမဲ့ ပိုင်ကျီဟန်သိနေတာတစ်ချက်က ဓားသည် အကန့်အသတ်မရှိဘဲ ထိုထက်ပိုမြင့်တင်နိုင်သည်။
ကောင်းကင်ဘုံအဆင့်နဲ့ ထိုအထက်_ ဒါကိုတွေးကြည့်မိတော့ ဘယ်လောက်ထိစွမ်းအားကြီးလာမည်ကို သူခန့်မှန်းမရပေ
“ဒါပေမဲ့ နောက်တစ်ဆင့်တင်ဖို့ ဘယ်အရာတွေလိုမလဲဆိုတာ မသိဘူး။”
ပိုင်ကျီဟန်သည် ဓားကိုနီးနီးကပ်ကပ် ကြည့်ရင်း ပြောလိုက်သည်။
ဒါကိုကြည့်ပြီးနောက် လက်လျှော့လိုက်သည်။ အကျိုးမရှိတာ သူသိနေပြီးသားပင်။
ဒါပေမဲ့ ဓားစမ်းကြည့်တော့မည့် အချိန်တွင်
ဒင်!
စိတ်ထဲတွင် နည်းနည်းနားမလည်နိုင်စရာ အသံတစ်ခုပေါ်လာသည်။
ပိုင်ကျီဟန် မျက်မှောင်ကျုံ့သွားသည်။
ဟမ်??
ပိုင်ကျီဟန် စိတ်ထဲတွင် ရုပ်ပုံနဲ့ စာသားတွေ အစီအရီ ထွက်လာကြသည် ။ ရှားပါး ဆေးရွက်တွေ ၊ တွင်းထွက်တွေနဲ့ သားရဲအူတိုင်တွေ တစ်ခုချင်းစီမှာတောက်ပနေတဲ့အလင်း တစ်စင်းစီနဲ့ပင်
(ဒါတွေက ….ပါဝင်ပစ္စည်းတွေ?)
နည်းနည်းနဲ့ သူနားလည်ပေသည်။
(ထာဝရဝိညာဉ်ဓား… ဒါက အဆင့်မြင့်တင်ပေးဖို့လိုတဲ့ ပစ္စည်းတွေကို ပြနေတာလား?)
ပိုင်ကျီဟန်သည် မပြုံးဘဲ မနေနိုင်ပေ
(ဒီလို စျေးပေါပေါ ပစ္စည်းတွေပါလား။ မိုရီချန်က ဒါတောင်မတတ်နိုင်ဘူးလား?)
ဒါပေမဲ့ ဘာကြောင့်ဆိုတာ သူနားလည်ပေသည်။ နောက်ခံခိုင်ခိုင်မာမာ မရှိသည့် မိုရီချန်လို လူအတွက် ထိုအရာတွေ ရဖို့ကအိပ်မက်လိုပင်
ပိုင်ကျီဟန်အတွက်တော့… ဒါတွေက အိတ်ကပ်ပြောင်းရုံသာ
“ငါ့အတွက် ဒါတွေကို အခုစပြီး စုဆောင်းခိုင်းရမယ်။”
သူသည် တိတ်တိတ်ဆိတ်ဆိတ်ပြောပြီး အခန်းမှ ထထွက်လာသည်။
အခန်းဝကို တစ်ဆင့် လှမ်းထွက်လိုက်တော့ လောင်ချင်းသည် သူ့အား စောင့်နေသည်ကို တွေ့လိုက်ရသည်။
“ အချိန်ကိုက်ပါလား လောင်ချင်း။ ငါလုပ်ခိုင်းစရာတစ်ခုရှိတယ်။”
“ဟုတ်ကဲ့ပါ သခင်လေး”
လောင်ချင်းသည် ခေါင်းငုံ့ကာ ဖြေလိုက်သည်။
ပိုင်ကျီဟန်သည် သူလိုအပ်သောပစ္စည်းစာရင်းကို ထုတ်ပေးလိုက်သည်။
“ဒီစာရင်းကိုယူပြီး အားလုံးစုဆောင်းထား။ အမြန်ဆုံး လိုအပ်တယ်"
"ဟုတ်ကဲ့ပါသခင်လေး”
လောင်ချင်းသည် လေးလေးစားစား အသံဖြင့် ပြန်ပြောသည်။
သူမ အပြေးအလွှား ထွက်သွားတာကို ကြည့်ပြီး ပိုင်ကျီဟန်က ရယ်မောလိုက်သည် ။
"အဲ့လောက် အလျင်စလို လုပ်စရာမလိုဘူး သိလား”
နောက်တစ်နေ့မနက်၌ ပိုင်မျိုးနွယ်၏အိမ်ခြံဝင်းတွင် နေသည် ကြည်လင်ပြတ်သားစွာ လင်းလက်လာသည်။
ပိုင်ကျီဟန်သည် သူ့ရထားရောက်လာမည့်အချိန်ကို စောင့်နေခဲ့ပြီး ကောင်းကင်ဓားဂိုဏ်းသို့ ပြန်သွားရန် ဖြစ်သည်။
သူ့ဘေးမှာတော့ ပိုင်ထျန်းဟမ်၏ ပုံမှန်အားဖြင့် တင်းမာသော မျက်နှာသည် ထွက်ခွာရန် ပြင်ဆင်နေသော သူ့သားအပေါ် ရှားရှားပါးပါး ဂုဏ်ယူသော အပြုံးနဲ့ ကြည့်နေသည်။
ပိုင်ကျီဟန်အနေနဲ့ သူ့အဖေသည် ရွှေဗဟိုနယ်ပယ် နှောင်းပိုင်း အဆင့်နဲ့ တခြားအသေးစိတ် အချက်အလက်တွေကို အခုမှ သိတာကြောင့် မေးခွန်းတွေ တရစပ် လာမည်ဟု ထင်ခဲ့သည်။
ဒါပေမယ့် အံ့သြစရာကောင်းတာက ပိုင်ထျန်းဟမ်သည် ဘာမှ မမေးဘဲ ပိုင်ကျီဟန် ထွက်သွားခါနီးမှာတောင် နှုတ်ဆိတ်နေခဲ့သည်။
သူ့အဖေသည် ထိုအကြောင်းအရာတွေကို သိလားဆိုတာကိုပင် ပိုင်ကျီဟန် သံသယ ဖြစ်လာသည်။
"လမ်းမှာ သတိထားပါ”
ပိုင်ထျန်းဟမ်သည် တုန်တုန်ယင်ယင်နဲ့ ပိုင်ကျီဟန် ပခုံးပေါ် လက်ကို တင်လိုက်သည်။
"ဘယ်လိုအခွင့်အရေးတွေ ရခဲ့ပါစေ အဲဒါကို ကြိုးစားအားထုတ်ပါ"
(ကောင်းကင်ဓားဂိုဏ်းမှာ အခွင့်ကောင်းတစ်ခုခု ရခဲ့တယ်ထင်လို့ အဖေထင်နေပုံပဲ။)
တွေးကြည့်တော့ ဒါဟာ စွမ်းအားရုတ်တရက် တိုးလာမှုအတွက် ဖြစ်နိုင်ခြေ အရှိဆုံး ရှင်းပြချက်ပင်
ပိုင်ကျီဟန် ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော်သေချာလုပ်ပါမယ်”
အမှန်အတိုင်းပြောဖို့ မလိုအပ်ဘူးဟု သူထင်ခဲ့သည်။ အမှန်တရားက သူ့အဖေထင်ထားတာထက် အများကြီး ပိုမယုံနိုင်စရာပင်
"ဒီကောင်...ဟူး! ကောင်းကင်ဓားဂိုဏ်းကို သိပ်ဒုက္ခမပေးနဲ့။"
ပိုင်ကျီဟန် ဘယ်လောက်ပဲ အရည်အချင်းရှိလာပါစေ ။သူ့ပုံစံကြောင့် ပိုင်ထျန်းဟမ် စိတ်ပူနေဆဲပင်
ကောင်းကင်ဓားဂိုဏ်းကို ရောက်ပြီး လအနည်းငယ် အတွင်းမှာတော့ အကြီးအကဲရှန်း၊ ရှန်လျန့်နဲ့ နောက်ဆုံး မိန်မျိုးနွယ်တို့အပါအဝင် ကြီးမားတဲ့အရာတွေကို နှိုးဆော်ပြီးချေပြီ။
အဲဒါတွေက ပိုင်ထျန်းဟမ်အဖို့ တကယ်ကို စိုးရိမ်ဖို့ လုံလောက်သော အရာတွေပင်။ သတိမပြုမိသော အခြား ပြဿနာသေးသေးလေးများစွာ ရှိနိုင်သည်ကိုလည်း သူသိသည်။
သူသိပေမယ့် ပိုင်ကျီဟန် ကောင်းကင်ဓားဂိုဏ်းကိုပြန်မသွားဖို့ တားမှာမဟုတ်ချေ
တကယ်တော့ ပိုင်ကျီဟန်သည် ကောင်းကင်ဓားဂိုဏ်း ဒါမှမဟုတ် ပိုင်မျိုးနွယ်မှာပဲဖြစ်ဖြစ် ပြဿနာ ရှာနိုင်သည်။
ဒါကြောင့် သူ့ပြဿနာဖြစ်လာမည့်အစား တခြားသူတွေ ပြဿနာဖြစ်လာတာကို ပိုသဘောကျမိသည်။
အထူးသဖြင့် ကောင်းကင်ဓားဂိုဏ်းခေါင်းဆောင်။
ထျန်းယုဟမ်သည် ပိုင်ကျီဟန်အကြောင်း အဆက်မပြတ် ညည်းညူနေပြီး ထိုပြဿနာအားလုံးကို ကိုင်တွယ်ရန်အတွက် လျော်ကြေးပေးဖို့ တောင်းဆိုခဲ့သည်။
သို့ပေမယ့် သူသည် ထိုစာအားလုံးကို လျစ်လျူရှုထားသည်။
"ဒါဆို ကျွန်တော် သွားတော့မယ်”
ပိုင်ကျီဟန်သည် ရထားထဲကို ဝင်ပြီး အထက်ကိုတက်ကာ မနက်ခင်းမြူခိုးတွေဖြတ်ရင်း ကောင်းကင်ဓားဂိုဏ်းဆီ ပြန်သွားခဲ့သည်။