ကောင်းကင်ဓားဂိုဏ်းကိုပြန်ပြီ
Vol. 8 Ch. 108
ပိုင်ကျီဟန်၏ စီးတော်ယာဉ်သည် မိုးတိမ်ထဲမှ ထွက်လာချိန်တွင် မိန်မိသားစု၌ သူလုပ်ခဲ့သောအကြောင်းတွေသည်
ကောင်းကင်ဓားဂိုဏ်းဆီ သတင်းပျံ့သွားခဲ့ချေပြီ။
“မင်း မကြားဖူးလား၊ ပိုင်ကျီဟန်က ရွှေဗဟိုနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီဆိုတာကို”
“အဲဒါတင်မကဘူး။ ရွှေဗဟိုနယ်ပယ်အဆင့် သုံးယောက်ကို တစ်ယောက်တည်းနဲ့ တိုက်နိုင်တဲ့အထိ မြင့်တက်နေတဲ့ မိုရီချန်ကို သတ်
လိုက်တယ်ဆိုပဲ”
“ဘာလဲ၊ မိုရီချန်လား? သူက ပြိုင်ဘက်ကင်း အလားအလာရှိတဲ့ ပါရမီရှင်.. ဂိုဏ်းကတောင် သူ့ကို ခေါ်ဖို့ စဉ်းစားနေကြတာပဲ။”
“သူ့ကို သတ်လိုက်တာတင်မကဘူး။ ငါကြားတာတော့ ပိုင်ကျီဟန်က မိန်မိသားစုကို တစ်
ချိန်တည်း ဖျက်သိမ်းလိုက်တာဆိုပဲ”
“အဲ့တာက မိန်ရူလန်ကြောင့်ပဲဖြစ်မယ်။ သူလိုနတ်ဆိုးကို စော်ကားရဲတာကို”
ထိုသတင်းတွေသည် တစ်နေ့ချင်းစီ ကျယ်ပြန့်လာသည်။
တချို့က အမှန်ဆိုပေမဲ့ တချို့ကတော့ ပိုင်ကျီဟန်သည် မိန်မိသားစုကို အပြည့်အဝဖျက်သိမ်းလိုက်သည်ဟူသော ချဲ့ကား ပြောတာမျိုးလည်း ရှိသည်။
သူ့လုပ်ရပ်သည် မိသားစုတစ်ခုလုံး ဖျက်သိမ်းတာနဲ့ ဆင်တူသည့်တိုင် ကရုဏာထားပြီး မိသားစုဝင်တစ်ဝက်ခန့်ကိုပဲ စွမ်းအားချိုးဖျက်လိုက်တာပင်။
မည်သို့ပင် ဖြစ်စေ လူတိုင်းသည် ပိုင်ကျီဟန်အကြောင်းကို စိတ်ဝင်စားလာကြတော့သည်။
အစကတော့ သူသည် အမည်ဆိုးနဲ့ ထင်ရှားနေပြီး သူ့အဆင့်အတန်းပေါ်အသုံးချခြင်းကြောင့် ဝေဖန်သူများခဲ့သည်။
ထို့နောက် ရှန်လျန့်နှင့်ပတ်သက်သည့် အဖြစ်အပျက်သည် ကောင်းကင်ဓားဂိုဏ်း၏ ပါရမီရှင်တစ်ဦးကို လက်တစ်ဖက်တည်းဖြင့်နစ်နာစေပြီး အကြီးအကဲအများအပြားကိုပင် ဒုက္ခရောက်စေခဲ့သည်။
အခုတော့ မိန်မိသားစု အဖွဲ့ဝင်သည် သူ့ကို စော်ကားခဲ့တာကြောင့် မိသားစုတစ်ခုလုံးကို ဖျက်သိမ်းလိုက်ရသည်ဟူသော သတင်းသည် ကောလဟာလလိုပျံ့နေ၏
သို့သော် လူတွေကို တကယ် ထိတ်လန့်သွားစေသောအကြောင်းက ထိုအရာမဟုတ်ပေ။ ထိုကဲ့သို့ ရက်စက်မှုက မျှော်လင့်ထားပြီးသားပင်
ထိတ်လန့်စေသောအရာ ပိုင်ကျီဟန် ရွှေဗဟိုနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်သွားသည်ဆိုသော သတင်းပင်
အမှိုက်ဟုထင်ရသော အဓိကဖွဲ့စည်းပုံအဆင့် တစ်စုံတစ်ယောက်သည် ရွှေဗဟိုနယ်ပယ်အဆင့် ရောက်သွားသည့်အခါ မည်သူက မလန့်ပဲနေမည်နည်း
အဓိကဖွဲ့စည်းပုံအဆင့်အထိပဲရောက်နေသောသူသည် အဓိကဖွဲ့စည်းပုံအဆင့်ကို ဖြတ်ကျော်သွားသည်ဟု ကြားသောအခါ အံ့ဩကုန်ကျသည်။
သူမနားဆီ ထိုသတင်းရောက်လာသောအခါ ပိုင်ချင်းယွဲ့သည် ကျင့်ကြံနေတုန်းဖြစ်သည်။
“ ဘာလဲ”
အမြဲအေးစက်တည်ငြိမ်နေသော ပိုင်ချင်းယွဲ့သည် ထိုသတင်းကို ကြားသောအခါ မတည်ငြိမ်နိုင်တော့ပေ
“ ဒါအမှန် မဖြစ်နိုင်ဘူး”
သူမ ဘာသာပြောရင်း အမြဲပျင်းရိနေတတ်ကာ တခြားသူများအပေါ်သာ အနိုင်ကျင့်တတ်သည့် ပိုင်ကျီဟန်ကို တွေးနေသည်။
ယခုမူ ထိုလူသည် သူနှင့် တူညီသော ကျင့်ကြံမှု အဆင့်တွင် ရှိနေသည်ဟု သူမ ယုံသင့်ပြီလော။
သူမကတော့ ..ပြီးခဲ့သောနှစ်အနည်းငယ် အတွင်း ကျင့်ကြံမှုကလွဲရင် အခြားအရာများကို အာရုံစိုက်မခဲ့ပေ
"ငါ့ တာအိုအရိုးက သူ့ကို ကူညီပေးခဲ့တာ ဖြစ်နိုင်မလား"
ယင်းသည် သူမတွေးနိုင်သည့် တစ်ခုတည်းသော ယုံကြည့်ရသည့် ရှင်းပြချက်ဖြစ်သည်။
သူ့ထံမှခိုးယူသွားသော တာအိုအရိုးသည် ထိရောက်မှုမရှိကြောင်း ကောလာဟလများထွက်ပေါ်နေသော်လည်း ၎င်း၏ ကျင့်ကြံမှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။
ထိုကောလာဟလများအားလုံးကို ပိုင်မျိုးနွယ်မှ ဖုံးကွယ်ကာ သူမ၏ အရည်အချင်းများ ရရှိထားသည့် ပိုင်ကျီဟန်အား ရန်သူများလက်မှ ကာကွယ်ရန် လုပ်ကြံခဲ့ခြင်းဖြစ်မည်ဟု ကောက်ချက်ချခဲ့သည်။
"ဘာပဲပြောပြော၊ ငါပိုင်တဲ့အရာကို ငါပြန်ယူမယ်။"
ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူမသည် သူ၏ခွန်အားကို အမှန်တကယ် မကြောက်ခဲ့ပေ။
၎င်းသည် သူမစာရင်းတွင် ပိုင်ကျီဟန်၏ "အားနည်းသော" မှ "အနည်းငယ်ပိုမိုအားကောင်း" သို့ရောက်ခဲ့သော်လည်း
သူအား အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်မရပေ
ပိုင်ကျီဟန်၏ ရထားတွဲသည် တိမ်များကြားမှ ဆင်းသက်လာစဉ် လေများ တိုက်ခတ်နေပြီး ကောင်းကင်ဓားဂိုဏ်း၏ ကျယ်ဝန်းသော ဆင်းသက်ရာနေရာသို့ သာယာစွာ ဆင်းသက်လာချေ၏
သူ့ဖိနပ်သည် မြေပြင်ကို မထိခင်တွင် အတွင်းတပည့် ၀တ်စုံဝတ်ထားသော လူတစ်ယောက် ရှေ့ကို တိုးလာပြီး သူ့အမူအရာက ရိုကျိုးမှုနဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကြား လှုပ်ရမ်းနေသည်။
သူ့နောက်တွင် တပည့်လေးယောက်လုံးသည် အတွင်းဂိုဏ်း ဝတ်ရုံကို ၀တ်ဆင်ထားကြသည်။
ပိုင်ကျီဟန်သည် သူ့ကို မသိတာကြောင့် မျက်ခုံးပင့်လိုက်သည်။
ကောင်းကင်ဓားဂိုဏ်းသည် အတော်လေး ကျယ်ပြောပြီး သူသည် ဤနေရာ၌ အချိန်အနည်းငယ်သာ နေနေခဲ့သည်။ ထိုအချိန်တွင် အများစုမှာ ကျင့်ကြံရန် အချိန်ကုန်ခဲ့သည်။
ထို့ကြောင့် တပည့်အများစုသည် အလွန်ကျော်ကြားနေသည့်တိုင် သူမသိတာက သာမာန်သာဖြစ်သည်။
"ဂျူနီယာ ညီလေးပိုင် ပြန်လာတာကို ကြိုဆိုပါတယ်။"
တပည့်သည် လက်သီးဆုပ်ပြီး သူ့မျက်နှာမှာ ပြုံးပြနေ၏
"ငါက ယွမ်ကျယ်ပါ၊ မင်းနဲ့ စကားနည်းနည်းပြောလို့ရမလား"
ယွမ်ကျယ်က ယဉ်ယဉ်ကျေးကျေး မေး၏ ။ သူက တည့်တည့်ကြည့်ရင်း ပိုင်ကျီဟန် တုံ့ပြန်မှုကို သတိထားပြီး စောင့်ကြည့်နေသည်။
ပိုင်ကျီဟန်လည်း အတော်လေး ယဉ်ကျေးပုံပေါက်ပြီး သူ့မှာ ဘာမှလုပ်စရာမရှိတာကြောင့် ခေါင်းငြိမ့်လိုက်ချေသည်။
"စီနီယာအစ်ကို ဟန်ကျန်းဝူက မင်းပြန်လာတာကိုကြားပြီး မင်းနဲ့တွေ့ချင်လို့”
ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ ယွမ်ကျယ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။
(ဟန်ကျန်းဝူက ဘယ်သူလဲဟင်။)
ပိုင်ကျီဟန် တွေးလိုက်မိသည်။
အနီးနားရှိ အခြားတပည့်များသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးအတွက် ရွှင်လန်းစွာ တုံ့ပြန်မည်ဟု မျှော်လင့်ထားပုံရသော်လည်းပိုင်ကျီဟန်အဖို့ ၎င်းက အခြားသော ကျပန်းအမည်တစ်ခုသာဖြစ်သည်။
"ဟန်ကျန်းဝူ?"
သူ့လေသံက ဘာမှမဟုတ်သလိုပင်
“ ဘယ်သူလဲ”
ခဏလောက်ကြာတော့ ယွမ်ကျယ်၏ ယုံကြည်ချက်ရှိသော အပြုံး
သည် အက်ကွဲသွားပြီး သူ့မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားချေသည်။
"ဘယ်သူလဲ... စီနီယာ အစ်ကို ဟန်ကျန်းဝူက”
ယွမ်ကျယ်က အမြန်ရှင်းပြလိုက်ပြီး သူ့အသံက မယုံကြည်နိုင်စွာ တိုးသွားသည်။
"စီနီယာအစ်ကို ဟန်က ကျွန်တော်တို့ ကောင်းကင်ဓားဂိုဏ်း ထိပ်တန်း တပည့်တွေထဲက တစ်ဦးပဲလေ။ သူ့ရဲ့ထူးခြားတဲ့ ဓားနဲ့အထူး လေ့ကျင့်မှုတွေကြောင့် လူသိများတယ်။ သူက ကျွန်တော်တို့ဂိုဏ်းရဲ့ လေးစားထိုက်တဲ့ အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တဲ့ အကြီးအကဲဟန်ရဲ့သား”
"အိုး”
ပိုင်ကျီဟန် အမူအရာက ပြောင်းလဲမသွားပေ။
သို့သော် သူသည် ဆန့်ကျင်ဂိုဏ်းခေါင်းဆောင် ဂိုဏ်းခွဲ၏ ခေါင်းဆောင်ဟု ခေါ်သော အကြီးအကဲဟန် အမည်ကို သိခဲ့သည်။
ယွမ်ကျယ်သည် ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုများကြား ပြာယာခတ်နေသည်။
(ဒီကောင်က ဟန်ကျန်းဝူ ဘယ်သူလဲဆိုတာ တကယ်မသိတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား?)
"အိုး... ဘာပဲဖြစ်ဖြစ် စီနီယာအစ်ကို ဟန်က မင်းနဲ့ စကားတစ်ခွန်းလောက်ပြောချင်လို့တဲ့ ။ ငါနဲ့လိုက်ခဲ့ဖို့ ဆန္ဒရှိလား"
ယွမ်ကျယ်သည် စိတ်တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ကြိုးစားနေချေသည်။
ပိုင်ကျီဟန်သည် သူ့ရထားပေါ်တွင် ပျင်းရိစွာ မတ်တတ်ရပ်လိုက်ပြီး ပြုံးလိုက်သည်။
"သူငါ့ကိုတွေ့ချင်နေတာလား ဒါဆို သူဘာလို့ဒီမှာရှိမနေတာလဲ။"
ယွမ်ကျယ်၏ ယဉ်ကျေးသော အပြုံးသည် တင်းမာလာသည်။
"စီနီယာ အစ်ကိုဟန် ကျင့်ကြံရင်း အလုပ် ရှုပ် နေ လို့ မင်းကို ဖိတ် ဖို့ ငါ့ကို ပို့လိုက်တာပါ”
“ကျင့်ကြံရေးနဲ့ အလုပ်ရှုပ်နေတာလား"
ပိုင်ကျီဟန်သည် သူ့စကားကို ဖြတ်လိုက်ပြီး ရွဲ့စောင်း ရယ်မောလိုက်သည်။
"ငါ့ကို ခွေးလိုခေါ်ဖို့ လက်ပါးစေတစ်
ယောက်ကို လွှတ်ရင်း အလုပ်ရှုပ်နေတာလား"
ယွမ်ကျယ် မျက်နှာ မည်းမှောင်သွားသည်။
"မင်း”
တပည့်သည် ဒေါသထွက်လုနီးပါးဖြစ်ခဲ့သော်လည်း ပိုင်ကျီဟန်ကို မစော်ကားမိစေဖို့ ဟန်ကျန်းဝူ၏ တင်းကျပ်သောသတိပေးချက်ကို သတိရမိသည်။
ပိုင်ကျီဟန်သည် ရှေ့ကို ငုံ့ပြီး အသံတိုးကာလှောင်ပြောင်လိုက်၏
"တကယ်လို့ မင်းရဲ့ စီနီယာအစ်ကိုက ငါ့ကိုတွေ့ချင်ရင် သူ့ဘာသာသူ ဒီကိုလာနိုင်တယ်။ ငါ့မှာ ဘာမဟုတ်တာအတွက် အလုပ်ရှုပ်ဖို့ ဝါသနာမှ မပါဘူး”
"မင်း”
ယွမ်ကျယ်၏မျက်နှာသည် ဒေါသများဖြင့် နီမြန်းနေသော်လည်း သူသည် သွားများကို တင်းတင်းကြိတ်ကာ အသက်ပြင်းပြင်းရှူရင်း တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည် ။
"နားလည်ပါပြီ။ စီနီယာအစ်ကိုဟန်ကို ပြန်ပြောပေးပါ့မယ်"
ကျောခိုင်းပြီး လှည့်ထွက်သွားကာ လက်သီးများကို တင်းတင်းဆုပ်ထားသည်။
ပိုင်ကျီဟန်သည် သူထွက်သွားတာကို ကြည့်ပြီး နှုတ်ခမ်းက ခပ်ဖျော့ဖျော့ ပြုံးနေလိုက်သည်။
"အဓိကတပည့်လား။ အကြီးအကဲသားလား။" သူက ကဲ့ရဲ့လေ၏။
"အဲဒါကြောင့်နဲ့ပဲ ငါ့က သူ့တို့အားလုံးကို ဖားယားရမယ်လို့ ဘာလို့ထင်နေကြတာလဲ"
ခေါင်းကို ခါယမ်းလိုက်သည်နှင့် သူ့စိတ်က လျစ်လျူရှုခြင်းဆီသို့ ပြန်ရောက်နေပြီဖြစ်သည်။
ထိုတွေ့ဆုံမှုအကြောင်းကို သူအများကြီးမစဉ်းစားဘဲ သူ့ခြံဝင်းဆီကို လျှောက်သွားချေ၏