ဟန်ကျန်းဝူ
Vol. 8 Ch. 109
“ဂုဏ်ယူပါတယ်သခင်လေး ။ သခင်လေးရဲ့လုပ်ရပ်တွေအကြောင်း ကြားပြီးပါပြီ။ မိန်ရူလန်က တကယ် အဲ့လိုလုပ်ဖို့ ထိုက်တန်တဲ့သူပါ။”
ပိုင်ကျီဟန် လျှို့ဝှက်လမင်းတောင်ထိပ်ကို ပြန်ရောက်လာချိန်မှာ ပထမဆုံး တွေ့ဖို့လာနေသူတွေကတော့ ခုန်ကျန်းဟုန်နဲ့ ဖန်ကျင်းယန်ပင်
လင်းရွှမ်ကတော့ တကယ်ပဲ ကျင့်ကြံနေတာဖြစ်လောက်သည်။
ထိုအကြောင်းစဉ်းစားကြည့်တော့ ခုန်ကျန်းဟုန်နဲ့ ဖန်ကျင်းယန်သည် ကျင့်ကြံနေတောင် သူပြန်လာတာနဲ့ ပေါ်လာကြသည်။
ဒါပေမဲ့ သူ့အနေနဲ့ ၎င်းကို အများကြီးစိတ်မဝင်စားခဲ့ပေ
သူတို့ ကျင့်ကြံခြင်း မကျင့်ကြံခြင်းက သူတို့ ကိစ္စပင်။ သူတို့ရှိနေခြင်းက သူမေးစရာရှိတာ မေးနိုင်တာကြောင့် အဆင်ပြေတာတော့ အမှန်ပင်
“ဟန်ကျန်းဝူဆိုတဲ့လူကို မင်းတို့နှစ်ယောက်သိလား?”
ပိုင်ကျီဟန်က မေးလိုက်သည်။
ခုန်ကျန်းဟုန်နဲ့ ဖန်ကျင်းယန်သည် အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။ သူတို့အနေနဲ့ ဟန်ကျန်းဝူကို မသိဘဲမနေပေ။
သူတို့နှစ်ဦးစလုံး ထင်နေကြတာက ပိုင်ကျီဟန်၏ နောက်ထပ်ပစ်မှတ်သည် ကောင်းကင်ဓားဂိုဏ်းတွင် ရှန်လျန့်ထက် ပိုဩဇာရှိသော ဟန်ကျန်းဝူဟု သံသယဖြစ်မနေ၏
“ သခင်လေး ပြောတာက အကြီးအကဲဟန်ရဲ့သား ဟန်ကျန်းဝူမလား”
ဖန်ကျင်းယန်က သေချာအောင် မေးလိုက်သည်။
ပိုင်ကျီဟန်က ခေါင်းညိတ်လိုက်သည်။
ဖန်ကျင်းယန်သည် အစောက ယွမ်ကျယ်ပြော ထားတာတွေအတိုင်း ပြောပြ၏ ဟန်ကျန်းဝူသည် အကြီးအကဲဟန်၏ သားဖြစ်ပြီး ထိုအဆင့်အတန်းကပင် ကြီးမားနေချေပြီ
ပိုင်ကျီဟန်သည် သဘောကျပုံမပေါ်ဘဲ မျက်ခုံးပင့်လိုက်သည်။
"ဒါဆို သူက သူ့အဖေနောက်ခံနဲ့ တပည့်တစ်ယောက်ပဲလား"
အနီးနားတွင် ရပ်နေသော ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်၏ ပြတ်ပြတ်သားသားမေးပုံကို ပြုံးလိုက်၏
"သခင်လေး၊ ဒါတင်မကဘူး။ ဟန်ကျန်းဝူက သူတို့ရဲ့ နောက်ခံကို ပြောင်ပြောင်တင်းတင်း လုပ်တဲ့ တခြားကောင်တွေလို မဟုတ်ဘူး။ သူက အေးစက်တယ်၊ တွက်ချက်တတ်တယ်၊ နည်းစနစ်ကျတယ်။ သခင်လေးကို ရန်သူလို့ ဆုံးဖြတ်ရင် မစဉ်းစားဘဲ ဖျက်ဆီးပစ်လိမ့်
မယ်" ဖန်ကျင်းယန်က ရှင်းပြသည်။
ပိုင်ကျီဟန်သည် ရှန်လျန့်လိုမျိုး လူတွေကို အလေးအနက်မထားပေမယ့် ဟန်ကျန်းဝူကတော့ မတူညီသော သားရဲတစ်ကောင်ပင်။
သူ့ဖခင်သည် လူဆိတ်ငြိမ်ရာ ကောင်းကင်ဘုံအင်ပါယာတွင် သြဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့်အဆင့်အတန်းမြင့်ရုံသာမက၊ ရှန့်လျန့်နှင့်မတူဘဲ ကမ္ဘာကြီး၏အလုပ်လုပ်ပုံကို နားလည်သဘောပေါက်သည့် စစ်မှန်သော ပါရမှရှင်တစ်ဦးလည်း ဖြစ်သည်။
ပိုင်ကျီဟန်က ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းကို မဲ့လိုက်သည်။
"ဒီမှာ ငါ ရန်သူတွေ မရှိတော့ဘူး ထင်ခဲ့တာ။ ဒါပေမယ့် အဲဒါအတွက် ငါ စိတ်ပူနေစရာ မလိုတော့ဘူးထင်တယ်"
ပိုင်ကျီဟန်သည် စိတ်ပူရတာထက် ပိုပျော်နေပုံရသည်။
သူ၏ မကြာသေးမီက လုပ်ဆောင်မှုများကြောင့် ကောင်းကင်ဓားဂိုဏ်းမှ တပည့်များသည် သူအား စိတ်မ၀င်စားဘဲ အဝေးမှာနေမည်ဟု ထင်ခဲ့သည်။
ဒါပေမဲ့ သူရောက်လာတဲ့အခိုက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ လူသစ်တစ်ယောက်ပေါ်လာချေပြီ
ဟန်ကျန်းဝူသည် သူ၏ရန်သူဖြစ်သည်ကို သံသယမဖြစ်စရာ မရှိခဲ့ပေ။
တကယ်တော့ တောင်တစ်တောင်မှာ ခြင်္သေ့နှစ်ကောင်ရှိလို့မရပေ
ဟန်ကျန်းဝူသည် သူ့ကို လက်အောက်ငယ်သားဖြစ်စေ ဒါမှမဟုတ် အလားတူတစ်ခုခုဖြစ်စေလုပ်ချင်တာ ဖြစ်နိုင်၏
သူမှားနိုင်သည့် အခွင့်အရေးလည်း ရှိချေ၏ သို့တိုင် ထိုအခွင့်အရေးက ဖြစ်နိုင်ချေနည်းပေသည်။
ဖန်ကျင်းယန်နှင့် ခုန်ကျန်းဟုန်သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ ပိုင်ကျီဟန်သည် စိတ်ပူတာထက် ကြည်နူးပြီး ကျေနပ်နေပုံရပေသည်။
ဟန်ကျန်းဝူသည် အခြားသူများနှင့် ယှဉ်လျှင် လုံးဝခြားနားသော ရန်သူဖြစ်ကြောင်း သူ့ကို သတိပေးချင်သော်လည်း ချုပ်နှောင်ထားလိုက်ကြသည်။
ဘယ်သူတွေက သူ့ကိုသတိပေးနိုင်မလဲ။ ဤသည်မှာ ရှန်လျန့်ကို ဟာသတစ်ခုလိုဖြစ်စေပြီး မျိုးနွယ်စုတစ်ခုကိုပင် ဖျက်ဆီးခဲ့သည့် သခင်
လေးဖြစ်သည်။
"နောက်တစ်ခုကတော့ မိန်ရူလန်က ရောင်ပြန်ဟပ်ဂူထဲကနေ ဘယ်လိုလွတ်မြောက်လာတယ်ဆိုတာကို စုံစမ်းဖို့ လိုတယ်။"
သာမာန်အားဖြင့် သူမသည် ပြစ်ဒဏ်အဖြစ် ရောင်ပြန်ဟပ်ဂူတွင် တစ်နှစ်နေခဲ့ရသော်လည်း တစ်နည်းနည်းဖြင့် မိန်မျိုးနွယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
တစ်စုံတစ်ယောက်သည် သူမ၏ လွတ်မြောက်ခြင်းတွင် ကူညီပေးသည်မှာ ထင်ရှားသည်။ မဟုတ်လျှင် မိန်ရူလန်သည် သူ့ဘာသာ ထိုသို့လုပ်ဖို့ မဖြစ်နိုင်ပေ
သူတို့နှစ်ယောက်သည် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် အရင်းအမြစ်တွေ ထပ်ရဖို့ အခွင့်အရေးတစ်ခုဟု နားလည်လိုက်ကြသည်။
ခုန်ကျန်းဟုန်၊ ဖန်ကျင်းယန်တို့နှင့် စကားစမြည်ပြောပြီး သူ့ရန်သူအကြောင်း လေ့လာကာ မိန်ရူလန်ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုပြီးနောက် ပိုင်ကျီဟန်သည် သူ့အခန်းသို့ သွားခဲ့သည်။
ထို့နောက် အလွန်အသက်ဝင်ပုံပေါက်သည့် ထာဝရဝိညာဉ်ဓားကို ထုတ်ယူခဲ့သည်။
"မစောင့်နိုင်ဘူးလား၊ ငါ မနေနိုင်တော့ဘူး”
ပိုင်ကျီဟန်သည် ရယ်ပြီး ဓားသွားကို ညင်သာစွာ ပုတ်လိုက်သည်။
သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝေ့လိုက်ရုံနဲ့ သိုလှောင်လက်စွပ်ကို အသက်သွင်းလိုက်ပြီး ရှားပါးသတ္တုရိုင်းများ၊ ဝိညာဉ်သလင်းကျောက်များ၊ သန့်စင်ထားသော သားရဲအူတိုင်များနှင့် အသက်ဆက်ဆေးဖြစ်သည့် ကြက်သွေးရောင် အရည်ဗူးများသည် လေထဲတွင် တောက်ပနေသည်။
ဤအရာများသည် လောင်ချင်းအား စုဆောင်းရန် သူတောင်းဆိုခဲ့သော ပစ္စည်းများဖြစ်ပြီး ဓားကို အဆင့်မြှင့်ရန်အတွက် တစ်ခုစီတိုင်းကို ဂရုတစိုက်ရွေးချယ်ခဲ့ရသည်။
ပစ္စည်းများ ပေါ်လာသည်နှင့် တပြိုင်နက် ထာဝရ ဝိညာဉ်ဓားသည် လှုပ်ရှားသွားကာ တိုးညှင်းသော အသံက အခန်းကို လွှမ်းခြုံသွားသည်။
ပိုင်ကျီဟန်၏ အပြုံးသည် ကျယ်လာသည်။
သူအများကြီးလုပ်စရာတောင်မလိုချေ။ ဓားသည် ပစ္စည်းတွေကို လောဘကြီးစွာဆွဲနေပြီး သူ့၏ငွေရောင်ဓားကလည်း တောက်ပပြီးရင်း တောက်ပနေသည်။
သန့်စင်သောသတ္တုရိုင်းများသည် ငွေရောင်အရည်အဖြစ်သို့ အရည်ပျော်သွားပြီး ဓါးသွားတစ်ဝိုက်တွင် လှည့်ပတ်ကာ ၎င်းထဲသို့ ပေါင်းစပ်သွားခဲ့သည်။
ဝိညာဥ်သလင်းကျောက်များသည် ဓားမှ စုပ်ယူထားသော သန့်စင်သောစွမ်းအင်အဖြစ်သို့ ကွဲအက်သွားကာ တောက်ပနေသော မှော်စာများကို ၎င်း၏မျက်နှာပြင်ပေါ်တွင် တွယ်ကပ်သွားစေသည်။
သားရဲအူတိုင်များသည် ပြိုကျပြီး ၎င်းတို့၏ အနှစ်သာရသည် ဓါး၏ ခိုင်ခံ့မှုနှင့် ထက်မြက်မှုကို မြှင့်တင်ပေးသည်။
ပိုင်ကျီဟန်သည် လုပ်ငန်းစဉ် ထိုသို့ ချောမွေ့သွားသည်ကို အနည်းငယ် အံ့သြသွားမိသည်။
မိနစ်အနည်းငယ်အတွင်းမှာပဲ ဓားတစ်ဝိုက်မှ အလင်းရောင်တွေ မှိန်ဖျော့လာကာ တစ်ချိန်က အတန်ငယ် ကြည်လင်တောက်ပသော ဓားသည် အခုဆို ပိုခိုင်ခံ့ပြီး ခံ့ညားလာသလိုပင်
၎င်း၏ ပြတ်သားမှုသည် မြင်သာထင်သာနီးပါးရှိပုံရပြီး အန္တရာယ်ရှိသော အငွေ့အသက်သည် ဖျတ်ခနဲ ဖြာထွက်လာသည်။
ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ ဓားကို အကဲဖြတ်လိုက်သည်။
"ပြီးပြီလား? အဲဒါက ငါမျှော်လင့်ထားတာထက် ပိုမြန်တယ်။"
သူသည် ဓားရိုးကိုကိုင်ပြီး ဖြည်းညှင်းစွာ လွှဲလိုက်သည်။ လေသည် အနည်းငယ် လှိုင်းထနေပုံရပြီး ကြက်သွေးရောင် အလင်းတန်းလေးသည် ဓား၏ ရွေ့လျားမှုနောက်သို့ လိုက်သွားသည် ။
"စိတ်ဝင်စားဖို့ကောင်းတယ်... အဲဒါက ပိုအားကောင်းလာမယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် အဲဒါက မြေကမ္ဘာအဆင့်ဓားနဲ့ ယှဉ်နိုင်ဖို့ကတော့”
သူ့၏အခြားလက်နက်တွေက ပိုအားကောင်းနေသေးသည့်တိုင် သူအသုံးပြုနေသောဓားနဲ့ သိပ်မကွာတော့ပေ
နောက်ထပ် အဆင့်မြှင့်တင်မှုတစ်ခု သို့မဟုတ် နှစ်ခုပြီးနောက် ထာဝရဝိညာဉ်ဓားသည် သူ၏လက်ရှိလက်နက်ကို ကျော်လွန်သွားနိုင်သည်။
ချက်ချင်းပင် သူ့စိတ်ထဲတွင် နောက်ထပ် ပါဝင်ပစ္စည်းစာရင်း ပေါ်လာသည်။
ယခုတစ်ကြိမ်တွင် လိုအပ်သောပစ္စည်းများမှာ ယခင်ကထက် ပို၍ အဖိုးတန်သော အဆင့်(၄)သားရဲအူတိုင်နှင့် ရှားပါး သတ္တုရိုင်းများပင်
ဒါပေမယ့် ပိုင်ကျီဟန်အတွက်ကတော့ ထူးခြားမှုမရှိပေ ။ ထိုစာရင်းကို သူ့အဖေဆီ ပို့ဖို့သာ လိုပြီး ထို့နေ့မှာပဲ ပါဝင်ပစ္စည်းတွေကို ပို့ပေးခိုင်းလို့ရသည်။
"လိုအပ်တဲ့ ပစ္စည်းတွေအကုန်ပြောပြနိုင်ရင် တစ်ခါတည်း အကုန်ရောက်နိုင်တယ်"
ပိုင်ကျီဟန်က ရေရွတ်နေပေမယ့် ထာဝရဝိညာဉ်ဓားကတော့ နားမလည်ပေ ။
ဒါက မျှော်လင့်ထားပြီးသားပင်
မည်သို့ပင်ဖြစ်စေ ပါဝင်ပစ္စည်းများကိုရရှိရန်မှာ လွယ်ကူသော်လည်း အချိန်တိုင်းစောင့်ဆိုင်းရပြီး သူ့အဖေကို တောင်းဆိုရခြင်းမှာ စိတ်အနှောက်အယှက်ဖြစ်စေသည်။
သို့သော် ကောင်းကင်အဆင့်ဓား၏ အလားအလာအတွက် ၎င်းသည် အနည်းငယ် အဆင်မပြေမှုဖြစ်စေသည်။
ကောင်းကင်အဆင့်သို့ အဆင့်မြှင့်တင်ခြင်းသည် ယခုကဲ့သို့ လွယ်ကူဖို့ သူမျှော်လင့်မိသည်။