← Chapters

ဟန်ကျန်းဝူ၏ ကမ်းလှမ်းချက်

Vol. 8 Ch. 110

ဟန်ကျန်းဝူ၏ ကမ်းလှမ်းချက်

Vol. 8 Ch. 110

"သခင်လေး”

ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်၏ ခြံဝင်းထဲသို့ ရုတ်တရက် ဝင်လာပြီး သူ့မျက်နှာတွင် ချွေးများထွက်နေ၏

"ဘာတွေထူးလို့လဲ?"

"သခင်လေး ဟန်ကျန်းဝူလာနေပြီ”

ခုန်ကျန်းဟုန်သည် ထိတ်လန့်တုန်လှုပ်သော အသံဖြင့် ပြောသည်။

ပိုင်ကျီဟန် ဟန်ကျန်းဝူအကြောင်းမေးပြီး တစ်ရက်သာရှိသေးပေမဲ့ အခုထိုလူသည် သူ့အိမ်တံခါးကို လာနေချေပြီ။

"အိုး”

(သူ တကယ်လာတာလား?)

လူကိုယ်တိုင်လာခိုင်းဖို့ ပြောခဲ့ပေမဲ့ ပိုင်ကျီဟန်အနေနဲ့ ဟန်ကျန်းဝူပေါ်လာဖို့ မမျှော်လင့်ထားပေ

မကြာခင်မှာပဲ ဟန်ကျန်းဝူသည် မနေ့ကပိုင်ကျီဟန်တွေ့ခဲ့သော ဟွမ်ကျယ်အပါအဝင် သူ့လက်ပါးစေတွေနဲ့အတူ ရောက်လာခဲ့သည်။

ခုန်ကျန်းဟုန်သည် ဟန်ကျန်းဝူနဲ့ ပိုင်ကျီဟန်တို့အကြား နီးကပ်လာသည်နှင့် သူ့မျက်နှာသည် ထိတ်လန့်နေသည် ။

"မင်းက ပိုင်ကျီဟန်ဖြစ်ရမယ်”

ဟန်ကျန်းဝူသည် ပိုင်ကျီဟန် မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းက ဟန်...ဘာဆိုလားပဲ”

ပိုင်ကျီဟန်သည် ဟန်ကျန်းဝူကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြန်ပြောသည် ။

"မင်း”

ဟန်ကျန်းဝူ၏ လက်ပါးစေများထဲမှ တစ်ဦးသည် ထိုသို့ မလေးစားခြင်းကြောင့် ဒေါသ ထွက်သွားသည်။

သို့သော် ဟန်ကျန်းဝူသည် သူ့လက်ကို မြှောက်လိုက်ပြီး ထိုလူကို နှုတ်ပိတ်လိုက်ကာ သူ့အမူအရာ ငြိမ်သက်သွားသည်။

"ဟန်ကျန်းဝူ အဲဒါ ငါ့နာမည်။"

ဟန်ကျန်းဝူသည် ဒေါသတကြီး အရိပ်အမြွက်မပြဘဲ သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။

ဟန်ကျန်းဝူသည် မလေးမစားလုပ်ခံရသည်တိုင် အေးဆေးနေနိုင်တာက ပိုင်ကျီဟန်ကို အံ့အားသင့်စေမိသည်။

ဒါပေမဲ့ ဟန်ကျန်းဝူသည် စစ်မှန်သော သဘောကောင်းသူလား၊ ဒါမှမဟုတ် ပိုင်ကျီဟန်ဆီက တစ်ခုခုလိုချင်သူလားဆိုတာတော့ မသိရသေးပေ

အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုသာ အလေးထားနေသော ရှင်လျန့်ထက်တော့ ပိုသာ၏

“ဟာ၊ တောင်းပန်ပါတယ်။ ငါမေ့သွားတာပဲ။ ဟန်ကျန်းဝူ..ဒီကိုလာတာ ဘာကြောင့်လဲ?”

ပိုင်ကျီဟန်က စပ်စုသလို မေးလိုက်သည်။

“ဖြစ်နိုင်ရင် မင်းနဲ့ ကိုယ်တိုင်စကားပြောချင်တယ်။”

“လာပါ”

ပိုင်ကျီဟန်အတွက်တော့ ဟန်ကျန်းဝူ ဘာပြောမည်ကို နားထောင်ဖို့က ပြဿနာမရှိပေ

အကယ်၍ သူ့မှာ အကြံ တစ်ခုခုရှိလျှင်ပင် ၎င်းကို အကောင်အထည်ဖော်ဖို့ စွမ်းအားရှိမှ ဖြစ်မည်။

သူ့စွမ်းအားအဆင့်နဲ့ဆိုရင် ထိုမျိုးဆက်တွင် ကြောက်ရမဲ့လူ မရှိသလောက်ပင်

ပိုင်ကျီဟန်သည် ဟန်ကျန်းဝူကို အိမ်အတွင်းသို့ ခေါ်သွားသည်။

ခြံ၏ အဓိကအခန်းသို့ဝင်သွားပြီး ပိုင်ကျီဟန်

သည် သက်တောင့်သက်သာဖြစ်နေသည့် ထိုင်ခုံမှာထိုင်ရင်း နောက်ကိုမှီလိုက်သည်။

ဟန်ကျန်းဝူသည်လည်း တည်ငြိမ်သော အမူအရာနဲ့ ဆန့်ကျင်ဘက်နေရာမှာ ထိုင်လိုက်သည်။

ခုန်ကျန်းဟုန်နဲ့အခြားလက်ပါးစေတွေကတော့ အပြင်မှာ ကျန်ခဲ့ကြပြီး တံခါးသည် ချောက်ကနဲ့ ပိတ်သွားကာ နှစ်ယောက်ထဲသာ အထဲမှာ ကျန်နေခဲ့၏

တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖောက်ခဲ့သူက ဟန်ကျန်းဝူပင်

“တိုက်ရိုက်ပြောမယ် ပိုင်ကျီဟန်။” ဟန်ကျန်းဝူ အသံသည် တည်ငြိမ်ပေမဲ့ ထဲထဲဝင်ဝင် သွေးဆောင်မှုရှိနေ၏

“မင်းလိုချင်တာ ဘာလဲ?”

ပိုင်ကျီဟန်က မျက်ခုံးတစ်ဖက်သာ ပင့်လိုက်သည်။

“စွမ်းအား”

သူသည် မတွေဝေဘဲ တုံ့ပြန်လိုက်၏

“အဲ့ဒါအပြင် တန်ဖိုးရှိတာ မရှိတော့ဘူး။”

ကမ္ဘာမှာ စွမ်းအားရှိသူသည် ဘာမဆိုပိုင်ဆိုင်နိုင်သူဖြစ်၏ ဂုဏ်သရေကနေ ချမ်းသာမှုအထိ

လူတစ်ယောက်၏ သက်တမ်းသည် ကျင့်ကြံမှုပေါ်တွင် လုံးဝမူတည်သည်။ ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်လျှင်ပင် မြေလျှိုးမိုးပျံအဆင့်ထိဖြစ်နိုင်၏

ဒါဆို လူတိုင်းက စစ်မှန်တဲ့ စွမ်းအားကို မလိုချင်ကြဘူးလား။

ဟန်ကျန်းဝူသည် တခစ်ခစ်ရယ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက ပြုံးပြနေသည်။

"ဟာဟား... ဟုတ်တယ်! စွမ်းအားက ဒီကမ္ဘာကြီးမှာ အရာအားလုံးပါပဲ။ ခွန်အား၊ အဆင့်အတန်း၊ သြဇာ- အဲဒါတွေအားလုံးက စွမ်းအားပဲ ။ အားကြီးတဲ့သူက အားနည်းတဲ့သူရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးတယ်။"

"အဲဒါကို နားလည်လို့ ဝမ်းသာပါတယ်။"

"အဲဒါကြောင့် ငါဒီကိုရောက်နေတာ။" ဟန်ကျန်းဝူသည် ရှေ့ကို ငုံ့ကာ စူးစူးဝါးဝါး အကြည့်

နှင့် တွက်ချက်နေသည်။

"ငါ့ဆီ ပူပေါင်းဖို့ခေါ်တာ ဒါမှမဟုတ် ငါ့အဖေဦးဆောင်တဲ့အဖွဲ့နဲ့ ပူးပေါင်းဖို့ ငါဒီကိုလာခဲ့တာ။"

ပိုင်ကျီဟန်အမူအရာသည် ပြောင်းလဲမသွားပေမယ့် ဟန်ကျန်းဝူ လာရခြင်း ခရီးစဉ်၏

ရည်ရွယ်ချက်ကို သူသိသွားချေပြီ။

"မင်း ငါတို့နဲ့ပူးပေါင်းရင်" ဟန်ကျန်းဝူသည် သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသောအပြုံးနဲ့ "ငါ့အဖေရဲ့ ပံ့ပိုးမှုလည်းရလိမ့်မယ်။ အရင်းအမြစ်တွေ၊ ကျင့်ကြံနည်းစနစ်တွေ၊ မဟာမိတ်တွေရော ၊ ဒါတွေကို မင်းမလိုအပ်ဘူးဆိုတာ ငါသိပေမဲ့ မင်းကို အာမခံနိုင်တာတစ်ခုတော့ရှိတယ် - ပိုင်မျိုးနွယ်ရဲ့ ခေါင်းဆောင်အဖြစ် မင်းရဲ့အနာဂတ်"

ဟန်ကျန်းဝူသည် သူ့အိမ်စာတွေကို ရှင်းရှင်းလင်းလင်း လုပ်ပြီးသွားချေပြီ။ ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူဖြစ်သော်လည်း သူ၏ရာထူးမှာ လုံခြုံမှုမရှိပေ။

ခြိမ်းခြောက်မှုတွေသည် သူ့ကို ဘက်ပေါင်းစုံက ဝိုင်းထားပေ၏

ပိုင်မျိုးနွယ်ကဲ့သို့ အင်အားကြီးသော မျိုးနွယ်စုများတွင် အမွေဆက်ခံသူများအား အစားထိုးနိုင်သည်။

မျိုးနွယ် အတွင်းနှင့်ပြင်ပမှ ခိုင်မာသောပံ့ပိုးကူညီမှုမရှိဘဲ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာရန် အာမခံချက်မရှိပေ

ဟန်ကျန်းဝူသည် လိုအပ်သည့်အခါတွင် ပိုင်ကျီဟန် အသာစီးရနိုင်သည့် ချိန်ခွင်လျှာကို တိမ်းစောင်း သွားစေနိုင်သော ပြင်ပမဟာမိတ်အဖြစ် သူ့ကိုယ်သူ ကမ်းလှမ်းနေ၏

"ပိုင်မျိုးနွယ်မှာ မင်းကိုမကျေနပ်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ငါသိတယ်။ မင်း ကျရှုံးတာကို မြင်ချင်တဲ့သူတွေရှိတယ်။ မင်းရဲ့ဝမ်းကွဲ ပိုင်ရှင်းယွဲ့ရောပဲ”

ဟန်ကျန်းဝူ၏ ယုံကြည်မှုက ရှင်းသည်။ သူသည် လေ့လာခဲ့ပြီး အသေးစိတ် အချက်အလက် အပြည့်အစုံကို မသိလျှင်ပင် ပိုင်ကျီဟန်နဲ့ ပိုင်ရှင်းယွဲ့အကြား အာဃာတ အကြောင်းကို သူသိသည်။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ပိုင်ရှင်းယွဲ့သည် ပိုင်ကျီဟန် အနာဂတ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး သူမပင်ကိုယ်စွမ်းရည်ကြောင့်သာမက သူမလွှမ်းမိုးမှုကြောင့် ရောပင်

"ဒါဆို ဘယ်လိုလဲ။ မင်းငါ့နဲ့ ပူပေါင်းဖို့ သဘောတူရင် ပိုင်ရှင်းယွဲ့ကို ငါ ကြည့်လုပ်ပေးမယ်။"

ဟန်ကျန်းဝူသည် ကမ်းလှမ်းလာပြီး သူ့အသံက ယုံကြည်မှုအပြည့်နဲ့ပင်

ထိုအချိန်တွင် ပိုင်ကျီဟန်၏ တည်ငြိမ်သော အမူအရာ ပျက်ယွင်းသွားသည်။ ကုလားထိုင်ပေါ်ပြန်လှဲပြီး ရယ်မောလိုက်ကာ အခန်းတစ်ဝိုက်တွင် ပဲ့တင်ထပ်နေသည်။

"ဟားဟား... မင်းက ပိုင်ရှင်းယွဲ့ကို ဖြေရှင်းပေးဖို့လား?" ရယ်မောခြင်းကြားတွင် သူစကား ပြန်ပြောနိုင်ခဲ့သည်။ "မင်း... မင်း ငါ့အတွက်နဲ့ ပိုင်ရှင်းယွဲ့နဲ့ ဆက်ဆံနိုင်မယ်ထင်လား ဟား”

ပိုင်ကျီဟန်အတွက်တော့ ထိုအရာသည် ဟာသဖြစ်သွားခဲ့သည်။ ဟန်ကျန်းဝူသည် အကောင်းဆုံးဆိုသည့်တိုင် ဇာတ်ဆောင်အတွက်

လမ်းကြောင်းလေးတစ်ခုအဆင့်သာ ဖြစ်သည်။

တစ်ဖက်မှာတော့ ပိုင်ရှင်းယွဲ့သည် ကြယ်ငါးပွင့်အဆင့် ကောင်းကင်ရွေးချယ်သူဖြစ်သည်

ဟန်ကျန်းဝူမှာ အနည်းငယ် လွှမ်းမိုးမှုရှိပြီး ဖခင်ကြောင့် အကြီးအကဲအချို့ကို စုရုံးနိုင်သည်။

သို့ပေမဲ့ ကောင်းကင်ရွေးချယ်သူကိုလား ။ ကောင်းကင်ဘုံဖီးနစ် ဖွဲ့စည်းပုံကိုလား

ကောင်းကင်ရွေးချယ်သူတွင် ဝှက်ဖဲများစွာရှိ၏

ကောင်းကင်အဆင့် ကြယ်တစ်ပွင့်တောင် သူ့ကိုသတ်နိုင်သည်။

ပိုင်ရှင်းယွဲ့လို ကြယ်ငါးပွင့်အဆင့် ကောင်းကင် ရွေးချယ်သူကို အလွယ်တကူ ဖြေရှင်းမှာက ရယ်စရာပင်

ဟန်ကျန်းဝူ ထင်နေသည့် ပိုင်ရှင်းယွဲ့ကို ဖြေရှင်းမည့်အရာက ကလေးတစ်ယောက်သည် နဂါးကို ဖမ်းမည်ဟု ပြောနေသလိုပင်

ဟန်ကျန်းဝူ မျက်နှာပေါ်ရှိ အပြုံးသည် ပြန်မတည်ငြိမ်ခင် အနည်းငယ် တိမ်းစောင်းနေ၏ ။

“မင်းနဲ့ သူကြားက အငြိုးကို ငါသိတယ် - လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ငါတို့အဖွဲ့ရဲ့ အင်အားနဲ့ သူမကို အလွယ်တကူ ဖြေရှင်းနိုင်တယ်။”

ပိုင်ကျီဟန် ရယ်သံသည် တဖြည်းဖြည်းပျောက်သွားပြီး ဟန်ကျန်းဝူကို တစ်စုံတစ်ရာ ဝမ်းနည်းသဘောနေသည့် မျက်နှာနဲ့ ကြည့်လိုက်သည်။

“မင်း တကယ် မသိဘူးလား။ ပိုင်ရှင်းယွဲ့ကို တစ်စုံတစ်ယောက်က လွယ်သလို ဖြေရှင်းလို့မရဘူး။ မင်းက လုပ်နိုင်မယ်ထင်ရင်တော့ ငါ မင်းရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားပေးနိုင်တယ်။”

ထိုသို့ပြောသည့်တိုင် ပိုင်ကျီဟန်သည် ဖြစ်နိုင်သည်ကို မစဉ်းစားသလို ဟန်ကျန်းဝူပြောတာကိုလည်း စိတ်မဝင်စားပေ

အကြောင်းကတော့ သူ့၏ စွမ်းအားအပေါ်သဘောထားနဲ့ ဟန်ကျန်းဝူသဘောထားက မတူကြပေ

ဟန်ကျန်းဝူအတွက် စွမ်းအားသည် အဆင့်အတန်းနဲ့ ကန့်သတ်ချက်ဖြစ်သည်။

ဒါပေမယ့် ပိုင်ကျီဟန်ကတော့ သိပ်ဂရုမစိုက်ပေ။

ပိုင်မျိုးနွယ်စု ခေါင်းဆောင်? သူ့ပန်းတိုင်က တကယ်ကို သေးငယ်နေသလား

ပိုင်ကျီဟန်အတွက် ထိုသို့ သာမန် ခေါင်းစဉ်တစ်ခုက အရေးမကြီးပေ။

အမွေဆက်ခံသူအဖြစ် သူ့အဆင့်အတန်းကို မနှစ်သက်တာမဟုတ်သည့်တိုင် ထိုအရာမရှိလည်း အများကြီးပြောင်းလဲသွားမည်ဟု မထင်ထားပေ

ထိုမျှလောက် ယာယီ၊ လှည့်စားနိုင်သော စွမ်းအားကို မလိုအပ်ချေ

သူလိုချင်သောအရာက အကြွင်းမဲ့ခွန်အား—သူ့ဆန္ဒအတိုင်း ကောင်းကင်ကိုတောင် ကွေးညွတ်သွားစေနိုင်သော ခွန်အားတစ်ခုပင်

ပိုင်ကျီဟန်က အထင်သေးသောပုံနဲ့ကြည့်နေတာကြောင့် ဟန်ကျန်းဝူအမူအရာသည် အနည်းငယ် တင်းမာသွားချေသည်။ ဒါပေမယ့် တချိန်တည်းမှာပဲ မျှော်လင့်ချက် အရိပ်အမြွက် ရှိခဲ့သည်။

ပိုင်ရှင်းယွဲ့ကို ပြဿနာတစ်ခုဟု ပိုင်ကျီဟန်သာ ယုံကြည်ပါက ဟန်ကျန်းဝူအနေနဲ့ သူ့အဖွဲ့ခွဲက သူမအား ဆန့်ကျင်ကြောင်းသက်သေပြရန် လိုအပ်သည်။

မကြာသေးမီက ကောလာဟလများဖြစ်သည့် ပိုင်ကျီဟန်၏ ခွန်အားကို အထူးဂရုမစိုက်ပေ။

သူလိုချင်တာက ပိုင်ကျီဟန်၏ အဆင့်အတန်းဖြစ်သော ပိုင်မျိုးနွယ် အမွေဆက်ခံသူ ရာထူးသာ၊ ကြီးမားသော အလားအလာရှိသည့် စွမ်းအားထိုင်ခုံတစ်ခုပင်။

“ဟုတ်ပြီ။ ငါပိုင်ရှင်းယွဲ့ကို ကိုင်တွယ်ပေးမယ်၊ အဲ့တာဆို မင်း ငါ့အဖေရဲ့ အဖွဲ့ကို ပူးပေါင်းရမယ်။”

All Chapters