← Chapters

ရှန်လျန့်၏ လွတ်မြောက်မှု

Vol. 8 Ch. 111

ရှန်လျန့်၏ လွတ်မြောက်မှု

Vol. 8 Ch. 111

ဟန်ကျန်းဝူသည် လက်ပါးစေများနှင့်အတူ ထွက်သွားခဲ့သည်။

ပိုင်ကျီဟန်ကတော့ သူတို့စကားဝိုင်းကို သိပ်ပြီး မစဉ်းစားပေ

"သခင်လေး ဟန်ကျန်းဝူနဲ့ ဘာတွေပြောနေတာလဲ"

ခုန်ကျန်းဟုန်က စိတ်ဝင်တစား မေးသည်။

"အဓိပ္ပါယ်မရှိတာတွေပါ ။ အများကြီး စဉ်းစားနေစရာ မလိုဘူး။"

ဟန်ကျန်းဝူသည် ကောင်းကင်ဓားဂိုဏ်းတွင် အသန်မာဆုံးတစ်ဦးဖြစ်သည့်တိုင် ပိုင်ကျီဟန်ကတော့ ဘာကြောင့် စိတ်ဝင်စားမှုနှင့် ကြောက်ရွံ့မှု မရှိသည်ကို ခုန်ကျန်းဟုန် စဉ်းစားနေခဲ့သည်။

သို့သော် ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်၏ယုံကြည်ကိုးစားမှု ဘယ်ကလာသည်ကို နားလည်သည်ဟု ထင်မိသည်။

သူ့တွင် ပါရမီရှင်အစ်မတစ်ဦးရှိပြီး ဟန်ကျန်းဝူထက်ပင် အစွမ်းထက်သူပင်

ထို့ကြောင့် ဟန်ကျန်းဝူကို ကြောက်ရွံ့ရန် အကြောင်းပြချက် မရှိသင့်ပေ။

"အဲဒါထက် မင်းကို ငါမေးခိုင်းထားတာကို သိရပြီလား"

ကိုယ်တိုင် လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘဲ မိန်ရူလန် မည်သို့ လွတ်မြောက်သွားသည်ကို ရှာဖွေရန် မနေ့က သူ့အားတာဝန်ပေးခဲ့သည်။

မိန်ရူလန်ကို သူဖြေရှင်းလိုက်သည် ။ သို့တိုင် သူ့လုပ်ရပ်တွေကို ဖျက်ဆီးဖို့ ဘယ်သူက ကြိုးစားနေသည်ကို သိဖို့လို၏

ခုန်ကျန်းဟုန် ဒီကိုရောက်လာတာက တစ်ခုခုကိုသိလို့ ဒါမှမဟုတ် အနည်းဆုံး သဲလွန်စတစ်ခုခုရှိလို့ဟု ပိုင်ကျီဟန် ယူဆသည်။

"ရပါပြီ သခင်လေး။ ကျွန်တော် တစ်ညလုံး စုံစမ်းတော့ သူမ လွတ်မြောက်ပုံကို ရှာတွေ့ခဲ့ပါတယ်"

ခုန်ကျန်းဟုန်သည် ယုံကြည်ချက်အပြည့်နဲ့ တုံ့ပြန်ပြီး မိန်ရူလန် လွတ်မြောက်မှုနဲ့ ပတ်သက်သော အချက်အလက်အားလုံးပါသည့် စာလိပ်ကို ပိုင်ကျီဟန်အား ပေးလိုက်သည်။

ပိုင်ကျီဟန်သည် ၎င်းကို ဖတ်လိုက်ပြီး တကယ်ပဲ သူလိုချင်သော အချက်အလက်တွေ ပါ၀င်နေ၏

ခုန်ကျန်းဟုန်၏ အချက်အလက်များကို လျင်မြန်စွာ စုဆောင်းနိုင်ခြင်းကြောင့် သူ အံ့သြသွားပြန်သည်။

(သူဟာ ပါရမီရှင် ဖြစ်ကောင်းဖြစ်နိုင်မလား?)

ပိုင်ကျီဟန် တွေးလိုက်သည်။ ကျင့်ကြံခြင်း သို့မဟုတ် မည်သည့်အရာအတွက်မျှမဟုတ်ဘဲ တစ်နေ့တည်းတွင် ခုန်ကျန်းဟုန် ဘယ်လောက်စုဆောင်းနိုင်ကြောင်း သူပင် မသိနိုင်ခဲ့သော ဉာဏ်ရည်အတွက်ကြောင့်ပင်

မည်သို့ပင်ဆိုစေ ပိုင်ကျီဟန် စုဆောင်းထားသော အချက်အလက်တွေအရ မိန်ရူလန်သည် ရှန်လျန့်ကြောင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ရှန်လျန့်ကိုလည်း ရောင်ပြန်ဟပ်ဂူတွင် ထိန်းသိမ်းထားတာကြောင့် တစ်စုံတစ်ယောက်သည် သူ့ကို လွတ်မြောက်အောင် ကူညီပေးပုံရပြီး မိန်ရူလန်ကိုပါ သူနဲ့အတူ ခေါ်သွားခဲ့သည်။

မိန်ရူလန်ကတော့ အဓိကပန်းတိုင်ဖြစ်သော ရှန်လျန့်ပြီးမှ တစ်ဖက်သတ်ရှာဖွေမှုတစ်ခုသာ ဖြစ်ပုံရသည်။

ရှန်လျန့်လွတ်မြောက်အောင်ကူညီရာတွင် မည်သူ ပါဝင်ပတ်သက် ခဲ့သည်ကို အများကြီး စဉ်းစားနေစရာ မလိုပေ

ထိုဆန့်ကျင်ရေးဂိုဏ်းခေါင်းဆောင်အဖွဲ့များ သို့မဟုတ် ရှန်မျိုးနွယ်တို့ ဖြစ်နိုင်သည် သို့မဟုတ် နှစ်ဖက်လုံးဖြစ်နိုင်သည်။

"ဒါဆို ရှန်လျန့်လည်း လွတ်သွားပြီလား?"

ခုန်ကျန်းဟုန်ကြောင့် မဟုတ်ရင် သူသိမည် မဟုတ်ပေ

သူ့၏ လက်ရှိအင်အားနဲ့ ဒုက္ခိတရှန့်လျန့်ကို သိပ်ပြီး မတွေးပေ။

သူ့အား တစ်ခုခုလုပ်ဖို့ကြိုးစားလျှင် ကောင်းကင်ဘုံပို့ပေးလိုက်မည်

"ဟုတ်​တယ်​ သူတကယ်​လွတ်​သွားပြီထင်​တယ်​"

ခုန်ကျန်းဟုန်က ပြန်ဖြေသည်။

ပိုင်ကျီဟန်သည် မမေးခင် စက္ကန့်အနည်းငယ်လောက် လေးလေးနက်နက် တွေးနေခဲ့သည် "ဒါဆို ဂိုဏ်းက သူ့ကို ပြန်ရဖို့ ကြိုးစားနေလား ဒါမှမဟုတ် တစ်ခုခုလား"

ကောင်းကင်ဓားဂိုဏ်းသည် အလားတူပင်ဖြစ်ပြီး ရှန်လျန့်ပြေးသွားခြင်းနှင့်ပတ်သက်၍ အနည်းငယ် ဆွေးနွေးမှုပင်မရှိခဲ့ပေ။

သူလွတ်သွားသည်ကို တပည့်တွေတောင် မသိကြပေ

ဒါမှမဟုတ် သူ့အောင်မြင်မှုတွေကြောင့် ရှန်လျန့်နဲ့ ပတ်သက်သည့် သတင်းမှန်သမျှ တိမ်မြုပ်သွားရသည်။

"အဲ့လိုလည်း မဟုတ်ဘူး”

ခုန်ကျန်းဟုန်က ဖြေသည်။

"သူလွတ်သွားရင်တော့ ရှန်မျိုးနွယ်ဆီ ပြန်ရမှာ။ ရှန်မျိူးနွယ်က သူတို့ပါရမီရှင်တွေကို တောင်းဆိုပြီး ဂိုဏ်းကို ဖိအားပေးနိုင်တဲ့သူတစ်ယောက်မှ မရှိဘူး။ ဂိုဏ်းခေါင်းဆောင်က ရှန်လျန့်ကို မောင်းထုတ်ပြီး သူတို့လက်ထဲမှာ ထားခဲ့ဖို့ စိတ်ကူးထားပုံပဲ၊ အခုတော့ သူက မလိုအပ်တော့ဘူးလေ”

ခုန်ကျန်းဟုန်က ရှင်းပြသည်။

(အမှန်ပဲ။ ဒုက္ခိတရှန်လျန့်က ရှန်မျိုးနွယ်ကို ဒေါသတကြီးဖြစ်အောင် လုပ်ပြီးသား။ သူ့ကို ဒဏ်ခတ်ဖို့ ထပ်ကြိုးစားခြင်းက ဒဏ်ရာကို ဆားထည့်လိုက်သလိုပဲ။ ဂိုဏ်းခေါင်းဆောင်က ရှန်လျန့်ကြောင့် ရှန်မျိုးနွယ်နဲ့ အမှန်တကယ် စစ်ပွဲကို မလိုလားဘူးပဲ)

ပိုင်ကျီဟန် တွေးလိုက်သည်။

"အင်း ဒါပဲထင်တာပဲ”

ယခုအချိန်တွင် ပိုင်ကျီဟန်သည် ရှန်လျန့်နှင့်ပတ်သက်သမျှကို လိုက်စုံစမ်းရန် စိတ်မ၀င်စားသေးပေ။ သူလွတ်သွားလျှင်လည်း သူ့အတွက်ကောင်းသည် ။ သူ့နောက်လိုက်ပြီး အချိန်ဖြုန်းဖို့လည်း ရည်ရွယ်ချက်မရှိပေ။

ပိုင်ကျီဟန်သည် ကုလားထိုင်ကို မှီပြီး ခုန်ကျန်းဟုန်ကို ကြည့်ကာ သူ့နှုတ်ခမ်းတွေက ပြုံးနေ၏

"မင်းကောင်းကောင်းလုပ်ထားတယ် ခုန်ကျန်းဟုန် " ပိုင်ကျီဟန်သည် ကျောက်စိမ်းပုလင်းသေးသေးလေးကို သူ့ဆီ ပစ်ပြီး ပြောလိုက်သည်။

ခုန်ကျန်းဟုန်သည် တုန်တုန်ယင်ယင်လက်ဖြင့် ဖမ်းလိုက်ပြီး ဖွင့်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"အဆင့်မြင့်ဆေး... ထပ်ပြီးတော့လား?"

ခုန်ကျန်းဟုန် အသံသည် ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများ ရောထွေးနေသည်။

နောက်ဆုံးအသုတ်ကပင် သူ့ကျင့်ကြံမှုကို အတော်လေး တိုးတက်စေချေပြီ ၊ အခု သူ ပိုတိုးတက်လာမှာလား?

"အလုပ်ကောင်းကောင်းလုပ်ပါ ၊ ဒါဆို အဲဒါတွေ ပိုများလာလိမ့်မယ်။" ပိုင်ကျီဟန်၏ လေသံသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း သူ့အကြည့်တွင် စူးရှမှုတစ်ခု ရှိနေသည်။

"ဒါပေမယ့် ငါ့မှာ မင်းအတွက် နောက်ထပ်

အလုပ်တစ်ခုရှိသေးတယ်။ ဒီတစ်ခုက ပိုအရေးကြီးတယ်"

ခုန်ကျန်းဟုန်၏ အမူအရာသည် လေးနက်သွားပြီး ချက်ချင်းပင် မတ်တပ်ရပ်ကာ သခင်၏အမိန့်ကို စောင့်နေသော သစ္စာစောင့်သိသည့် ခွေးတစ်ကောင်ကဲ့သို့ ပြုမူလေသည်။

“မင်း ဒီတာဝန်ကို ကောင်းကောင်း ပြီးမြောက်နိုင်ရင် မင်းကို အရမ်းကောင်းတဲ့ အထူးအဆင့် လက်နက်ကို ငါပေးမယ်။"

ထိုစကားများ ပိုင်ကျီဟန်၏နှုတ်ခမ်းမှ ထွက်ခွာသွားသည့် အခိုက်တွင် ခုန်ကျန်းဟုန်၏ မျက်လုံးများသည် လောဘနှင့် စိတ်

လှုပ်ရှားမှုများဖြင့် တောက်ပနေခဲ့သည်။

သူသည် ထိုအတွေးနဲ့ပင် ရင်ခုန်မိသည်။ အထူး အဆင့်ရှိတဲ့ လက်နက်တစ်ခုလား။

၎င်းသည် အလွန်အဖိုးတန်သော အရာဖြစ်သည်—သူကဲ့သို့ တစ်စုံတစ်ဦးအနေနဲ့ ရရှိရန် စိတ်ကူးမယဉ်နိုင်ပေ။

သို့ပေမဲ့ ပိုင်ကျီဟန်သည် သူ့အတွက် အလွန်အရေးကြီးသော တာဝန်ပေးသည်ဟု ဆိုတာကြောင့် သူ့လုပ်ရမည့်အရာကိုနားလည်ခဲ့သည်။

“ သ_သခင်လေး ၊ စိတ်ချပါ ၊ သခင်လေးကို စိတ်မပျက်စေရပါဘူး”

ခုန်ကျန်းဟုန်သည် စိတ်လှုပ်ရှားပြီး တုန်လှုပ်နေသော အသံဖြင့် ပြောလိုက်သည်။

ခုန်ကျန်းဟုန်၏ ခွေးနှင့်တူသော သဘောထားကို မြင်လိုက်ရတော့ ပိုင်ကျီဟန် ရယ်ချင်မိသည်။

ဒီကောင်က သူ့လောဘကို ဖုံးကွယ်ဖို့တောင် မကြိုးစားပေ။ ခုန်ကျန်းဟုန်သည် လောဘကြီးပြီး သူ့ကိစ္စများကို လုပ်လိုစိတ်ရှိသည်မှာ ကောင်းပါသည်။

"ကောင်းပြီ၊ သေချာနားထောင်။"

ပိုင်ကျီဟန် လေသံသည် အေးစက်လာပြီး သူ့၏ရယ်မောနေသော အမူအရာသည် ပြတ်သားကာ လေးနက်သော အကြည့်နဲ့ အစားထိုးလိုက်သည်။ သူ့အသံက တိုးနေပေမယ့် မာပေ၏

"ပိုင်ရွှယ်ချင်းရဲ့ ရည်းစားဟောင်းအကြောင်း မင်းတတ်နိုင်သမျှ ရှာဖွေပေး”

ပိုင်ကျီဟန်အကြည့်တွေသည် ခုန်ကျန်းဟုန်ကို ထိုးဖောက်သွားသည်။

"ဒါနဲ့ ငါပြောတာ အရာအားလုံးနော်။ အကုန်ကွာ ။ သူ့နောက်ခံ၊ သူ့ရဲ့ လက်ရှိအခြေအနေ၊ သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ သူ့အပေါ် အသုံးချနိုင်တဲ့ အရာအားလုံးကို နားလည်လား။"

(ဒီဇာတ်ဆောင်ကို ရှာဖို့ အချိန်တန်ပြီ)

အရင်ကနဲ့မတူတာက ပိုင်ကျီဟန်သည် လုံလောက်သော စွမ်းအား ရထားပြီး ကောင်းကင်ရွေးချယ်သူကိုတောင် သတ်ပစ်နိုင်ပြီဟု ထင်ရသည်။

ထို့ကြောင့် ဇာတ်ဆောင်တွေ တံခါးလာခေါက်တာကို စောင့်မှာမဟုတ်ပေ။ ယင်းအစား သူကအရင် သူတို့တံခါးကို သွားခေါက်မည်ပင်

ပိုင်ကျီဟန် စာရင်း၏ထိပ်ဆုံးမှာတော့ အကြီးမားဆုံးဇာတ်ဆောင်ကြီးဖြစ်သည့် ၎င်းအစ်မ၏ စေ့စပ်ထားသူဟောင်းဖြစ်သည် ။

ထိုအချိန်မှာ သူသာ ဇာတ်လိုက်ဖြစ်ခဲ့လျှင် အရာများစွာကို နှိုးဆော်ခဲ့ပြီး အလွန်အစွမ်းထက်မြက်သူဖြစ်လာရန် လမ်းစရှိသင့်သည်။

ပိုင်ကျီဟန်သည် သူ့အဖေကို မေးချင်သည်တိုင် သူတို့မဟာမိတ်ဟောင်းနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်

လိုက်သည့်အတွက် အပြစ်ရှိသည်ဟု ခံစားမိနေသော သူ့အဖေကတော့ သဘောမတူနိုင်လောက်ပေ

ထို့ကြောင့် ပိုင်ကျီဟန်သည် သူ့ဘာသာ စုံစမ်းရန် တစ်စုံတစ်ဦးကို ရှာဖွေသင့်သည်ဟု ထင်ကာ ခုန်ကျန်းဟုန်သည် သူလိုအပ်သော သူဖြစ်၏

ခုန်ကျန်းဟုန်သည် ​​စိတ်လှုပ်ရှားစွာ တံတွေး မျိုချလိုက်ပြီး သူ့အရင်လောဘ၏ ခြေရာတွေအားလုံးကို ကြောက်လန့်တဲ့စိတ်နဲ့ အစားထိုးလိုက်သည်။

"နားလည်ပါပြီ သခင်လေး ၊ ကျွန်တော် ချက်ချင်းစလိုက်ပါမယ်”

All Chapters