← Chapters

  အထင်ကရများစုစည်းမှု

Vol. 8 Ch. 112

  အထင်ကရများစုစည်းမှု

Vol. 8 Ch. 112

ဂိုဏ်းခေါင်းဆောင် ထျန်းယုဟမ်သည် သူ၏ကြီးမားသော စာကြည့်ခန်းအတွင်း၌ အစီရင်ခံစာအစုအဝေး တစ်စုံကို စစ်ဆေးရင်းအေးမြသောမျက်လုံးများသည် အတွေ့အကြုံပြည့်ဝသည့် ကျင့်ကြံသူတစ်ဦးလို စာမျက်နှာတိုင်းကို ငြိမ်သက်စွာ ဖတ်ရှုသွားသည်။

“ဒီလူတွေကတော့… တစ်ခဏလေးတောင် ငါ့ကို နားခွင့်မပေးဘူး”

အစီရင်ခံစာများအများစုသည် သူ့ရန်သူဖြစ်သော အကြီးအကဲ ဟန်နဲ့ပတ်သက်သည့် လှုပ်ရှားမှုများ ဖြစ်သည်။

နေရောင်အလင်းသည် ပြတင်းပေါက်မှတဆင့် ဖြန့်ကျက်ဝင်လာပြီး စာကြည့်ခန်းတစ်ခုလုံးကို ရွှေဝါရောင်အလင်းဖြင့် ပြန့်နှံ့စေသည်။

အရာအားလုံးသည် ငြိမ်သက်လှပသော်လည်း မကြာမီ ပြိုကွဲသွားသည်။

နူးညံ့သည့် ဝိညာဉ်ချီသည် ကောင်းကင်ဓားဂိုဏ်းအနှံ့ ပျံ့သွားသည်။

အစတွင် လေတစ်စင်း တိုက်သွားသလိုမျှသာဖြစ်သော်လည်း မိနစ်အနည်းငယ်အတွင်း ကြီးထွားလာရာ ထျန်းယုဟမ်ပင် လျစ်လျူ ရှုပြီး မနေနိုင်ပေ

သူ၏ဦးခေါင်းကို မြန်မြန်ပြန်လှန်ကြည့်လိုက်ပြီး မျက်လုံးတစ်စုံက စူးရှနေသည်။

“ဒါက… ဘယ်ကဟာလဲ…?”

သူ၏ခုံပေါ်မှ ထပြီး အစီရင်ခံစာများကိုဘေးသို့ ဖယ်ကာ စာကြည့်ခန်းကြီး၏ ဖွင့်လှစ်ထားသော လေသာဆောင်ဆီသို့ တက်လှမ်းသွားသည်။

သူ၏မျက်လုံးသည် ကောင်းကင်သို့ ထိုးထွက်နေသော အလင်းတိုင်တစ်တိုင်ဆီ ရောက်သွားသည်။

ထိုအလင်းတိုင်သည် အသက်ရှိသကဲ့သို့ တဖျက်ဖျက် တောက်နေကာထိုအလင်းမှ ထွက်သော ဝိညာဉ်လှိုင်းများသည် လေကိုတောင် လှုပ်ခတ်သွားစေသည်။

ထျန်းယုဟမ်နှုတ်ခမ်းမှ စကားတစ်ခွန်းထွက်လာသည်။

“အခွင့်အလမ်းတစ်ခု ပေါ်လာပြီ…”

ထျန်းယုဟမ်သည် ငြိမ်သက်နေသော်လည်း စိတ်ဝင်စားမှုအနည်းငယ်ပါဝင်သော အသံနဲ့ပြောနေသည်။

ရှေးခေတ် အပျက်အစီး များ ပေါ်လာသလို

လက္ခဏာသည် ထွက်ပေါ်လာ၏

နှောင့်နှေးမနေဘဲ လက်ကို တစ်ချက်လှုပ်လိုက်သည်နှင့် သူ၏ ဝိညာဉ်စွမ်းအားသည် ဂိုဏ်းတစ်ခွင် လှိုင်းများလို ဖြန့်ကျက်သွား၏

“အကြီးအကဲရှီ၊ အကြီးအကဲလျန်ဟွာ၊ အကြီးအကဲချင်းလန်—အမြန်ဆုံး ဗဟိုခန်းကို စုဝေးပါ။”

သူ၏ ဩဇာရှိသောအသံသည် အကြီးအကဲသုံးဦး စိတ်ထဲသို့ ပျံဝင်သွားကာ တစ်ဦးမှ နှောင့်နှေးမနေကြချေ

သူသည် အကြီးအကဲအားလုံးကို မခေါ်ခဲ့ချေ။

သူယုံကြည်နိုင်သူနှင့် အင်အားအရှိဆုံးသူများကိုသာ ခေါ်ခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် ကောင်းကင်ဓားဂိုဏ်း ဗဟိုခန်းမသည် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

“ထျန်းယုဟမ် ဘာဖြစ်နေသလဲ?”

အကြီးအကဲရှီက မေးလိုက်သည်။ သူသည် အဝေးရှိ အလင်းတိုင်ကို မမြင်သေးဘဲ အကြီးအကဲလျန်ဟွာနဲ့ အကြီးအကဲချင်းလန်ကတော့ ဘာကြောင့်ခေါ်ခံရသည်ကို နားလည်နေသကဲ့သို့ဖြစ်နေကြသည်။

ထျန်းယုဟမ်၏ မျက်လုံးများသည် ဗဟိုခန်းမကိုပင် မကြည့်ဘဲ အလင်းတိုင်ကိုသာ ကြည့်နေသည်။

“အခွင့်အလမ်းတစ်ခု ပေါ်လာပြီ။ ငါထင်တာကတော့ ရှေးခေတ် အပျက်အစီး တစ်ခု ဒါမှမဟုတ် မှော်နယ်မြေတစ်ခုဖြစ်နိုင်တယ်။ ငါတို့ စစ်ဆေးမှသာ တိတိကျကျ သိလာနိုင်မယ်။”

အကြီးအကဲရှိ၏ မျက်လုံးများ နည်းနည်းကျယ်သွားသည်။

“မှော်နယ်မြေတစ်ခုလား.. ဒါမျိုးကို ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ မတွေ့ဖူးသေးဖူး မလား”

ထျန်းယုဟမ်သည် ခေါင်းငြိမ့်လိုက်သည်။ အမှန်တော့ ထိုအခွင့်အလမ်းမျိုးတွေသည် မဖြစ်လေ့ ဖြစ်ထ မရှိသည့်အတွက် ဒီတစ်ခါအခွင့်ကို လွတ်မသွားအောင် လုပ်ရမည်ဟု သူသိနေသည်။

“ ငါတို့ရှိနေတော့ အခြားသူတွေကို အဲ့ဒီအခွင့်အရေးကို ရယူခွင့်မပြုနိုင်ဘူး”

“တပည့်တွေကို ပြင်ဆင်လိုက်ရမလား”

အကြီးအကဲလျန်ဟွာသည် စူးစမ်းသလို မေးသည်။

ထျန်းယုဟမ်သည် ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး၊ ဒါက မျိုးဆက်သစ်လူငယ်တွေ ပါ၀င်ပတ်သက်ဖို့ အရမ်းအန္တရာယ်များတယ်။ အထဲမှာ ဘာတွေရှိလဲဆိုတာကို အရင်ဆုံး စုံစမ်းမယ်”

"နားလည်ပါပြီ”

အကြီးအကဲ လျန်ဟွာသည် ခေါင်းညိတ်လိုက်သည်။

ခဏကြာသော် ထျန်းယုဟမ်နှင့် သူ၏ရွေးချယ်ထားသော အကြီးအကဲများသည် လျှို့ဝှက်ဆန်းကြယ်သောအလင်း ၏ရင်းမြစ်ဆီသို့ ပျံသန်းသွားရာ ဝိညာဉ်ရေးအလင်းများက ကောင်းကင်သို့ပျံတက်သွားသည်။

ခရီးသည် လျင်မြန်သော်လည်း ထိုမျှလောက်

ဖြတ်သန်းသွားသော အခိုက်အတန့်မှာပင် ဝိညာဉ်ရေးရာချီသည် ပြင်းထန်လှသည်။

ဝိညာဉ်ချီ၏ ကြီးမားသော အရှိန်အဟုန်ဖြင့် အခြားသော အဓိက အင်အားစုအများစု မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ရောက်လာမည်ကို ထျန်းယုဟမ်က သိလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူတို့ရောက်လာသောအခါတွင် သူတို့ပင် မဟုတ်ကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်တွင် တန်ခိုးကြီးသော အရောင်များ ဖြာထွက်နေကာ အခြားအုပ်စုများဖြစ်သော မျိုးနွယ်စုများနှင့် ဂိုဏ်းခွဲများလည်း ရောက်နေသည်။

တစ်ခု သို့မဟုတ် နှစ်ခုမဟုတ်ဘဲ ရာနှင့်ချီ၍ စုစည်းထားတာဖြစ်သည်။

သူတို့အထဲတွင် အထင်ရှားဆုံးကတော့ ပိုင်ထျန်းဟမ် ဦးဆောင်သော ပိုင်မျိုးနွယ်ပင် ၊ သူ့နဲ့ နောက်မှ လိုက်ပါလာသော အေးစက်သည့် အကြည့်တွေက စူးရှနေ၏

ပိုင်မျိုးနွယ်သာမက လီမျိုးနွယ်ခေါင်းဆောင် နှင့် ကျောက်မျိုးနွယ် ခေါင်းဆောင်တို့သည်လည်း ၎င်းတို့၏ အကြီးအကဲများနှင့်အတူ ရှိနေခဲ့သည်။

ဒါပေမယ့် ဒါတွေအားလုံးတင် မဟုတ်ပေ

အမြင့်ဆုံးနေရာ၌ ရွှေနဂါးတံဆိပ် အမှတ်အသားဖြင့် ခမ်းနားထည်ဝါသော ပျံဝဲနေသည့် ခန်းမတစ်ခုတွင် ကောင်းကင်အင်ပါယာ၏ တော်ဝင်မိသားစုကို တွေ့ရသည်။

တော်ဝင်မိသားစုအောက်တွင် အပြင်းထန်ဆုံးဖြစ်သည့် တော်ဝင်စစ်သေနာပတိတစ်ဦးကိုလည်း စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်ပုံရသည်။

နောက်ဆုံးတော့ ဒါက တော်ဝင်မိသားစုတောင်မှ လျစ်လျူမရှုနိုင်လောက်အောင် ကြီးမားသော အခွင့်အရေးပင်

ထျန်းယုဟမ်သည် ပွဲသို့ နောက်ကျမှရောက်လာကြောင်း သိလိုက်ရသည်။

"ဒါဆို အားလုံးစနေပြီပဲ” အကြီးအကဲရှီက တိုးတိုးလေးပြောကာ သူ့အသံက တင်းမာနေသည်။ “ပြီးတော့ တော်ဝင်မိသားစုလည်း…”

"မျှော်လင့်ထားတဲ့အတိုင်းပဲ”

ထျန်းယုဟမ်သည် တုံ့ပြန်လိုက်ပြီး သူ့အသံက တည်ငြိမ်လာသည်။

"ဒီပြင်းအားရဲ့ ဖြစ်စဉ်တစ်ခုက စွမ်းအားတိုင်းရဲ့ အာရုံကို ဆွဲဆောင်လိမ့်မယ်။"

ပိုင်ထျန်းဟမ်၏ အကြည့်တွေ ပြောင်းသွားပြီး ထျမ်းယုဟမ်ဆီရောက်သွားလေ၏ ။ သူ့နှုတ်ခမ်းများသည် အနည်းငယ် ကွေးသွားချေသည်။

"ဂိုဏ်းခေါင်းဆောင် ထျန်းယုဟမ် ၊ မင်း မြန်မြန် ရောက်လာမယ်ဆိုတာ ငါသိတယ်။"

"ပိုင်မျိုးနွယ်ခေါင်းဆောင်”

ထျန်းယုဟမ်သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဒီလိုအခွင့်အရေးအတွက် မင်းရဲ့တုံ့ပြန်မှုက လည်း အရင်ကထက်မြန်တယ်လို့ ငါမြင်မိတယ်။"

"ဟာဟား...ဟုတ်တယ်.. မဟုတ်ရင် ငါတို့ရဲ့ အဆင့်အတန်းကို အခိုင်မာဆုံး မျိုးနွယ်အဖြစ် ဘယ်လို ထိန်းသိမ်းထားနိုင်မလဲ။"

ပိုင်ထျန်းဟမ်က ကြွားလုံးထုတ်ပေ၏

"ဒါဆို မင်းဒီအကြောင်း တစ်ခုခုတွေ့ပြီလား၊ ဘာလို့ အားလုံးက စောင့်နေကြတာလဲ"

ထျန်းယုဟမ်သည် စိတ်ဝင်တစား မေးသည်။

ပိုင်ထျန်းဟမ်၏ နှုတ်ခမ်းများသည် ပါးလွှာသော အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။

"အာ ထျန်းယုဟမ် မင်းရောက်တာ နောက်ကျနေပြီ၊ ဒါကြောင့် မင်း မမြင်ရသေးဘူး။ အဲဒီအလင်း အရင်းအမြစ်ကို ဝန်းရံထားတဲ့ အင်အားကြီးတဲ့ အတားအဆီးတစ်ခု ရှိတယ်။ ငါတို့ရဲ့ ပေါင်းစပ်စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုတွေ၊ ခွန်အားတွေနဲ့တောင် ဒါကို လက်လျော့ လိုက်ရတယ်။"

အပျက်အစီးများ ရှင်းရှင်းလင်းလင်းရှိသော အောက်ခြေမြေပြင်ဆီသို့ လျှောက်သွားခဲ့သည်။

သစ်ပင်များ လောင်ကျွမ်းကာ ကွဲအက်နေ၏ မြေကြီးသည် နက်ရှိုင်းသော အက်ကွဲကြောင်းများ ပေါ်နေပြီး လေထုသည် ချီဖြင့် တောက်ပနေသည်။

ရှင်းရှင်းလင်းလင်းရှိသော စစ်မြေပြင်ဖြစ်သည်—သို့သော် အတားအဆီးသည် မပျက်မစီးဘဲ တောက်ပနေကာ ၎င်းပတ်ပတ်လည်တွင် ရက်စက်ကြမ်းကြုတ်မှုများ ရှိနေသော်လည်း ၎င်း၏မျက်နှာပြင်သည် မထိခိုက်သေးပေ။

"ကြည့်​ရတာ​​တော့ ဘယ်​သူမှ ​နောက်​မဆုတ်သေးဘူး”

ထျန်းယုဟမ်သည် ရေရွတ်လိုက်ပြီး မျက်လုံးများ မှိတ်ထားသည်။

အသန်မာဆုံးလူတွေစုပြီး အတားအဆီးကို မဖြတ်ကျော်နိုင်လျှင် အတင်းအကြပ်ဝင်ဖို့ နည်းလမ်းမရှိပေ

ဒါပေမယ့် အတားအဆီးအတွင်းမှာရှိသည် ဘာမဆိုက ပိုတန်ဖိုးရှိသည်ကို ဒီမှာရှိသည့် လူတိုင်းသဘောပေါက်ပြီးသား ဖြစ်ရမည်

"ဒါဆို အားလုံးကြည့်နေကြတာလား?"

ထျန်းယုဟမ်က မေးသည်။

အတားအဆီးကို ချိုးဖျက်၍မရနိုင်ကြောင်း သိနေသော်လည်း တစ်ခု သို့မဟုတ် နှစ်ခုလောက်ပင် မကြိုးစားကြပေ။

"စောင့်ကြည့်ပြီးရင်း စောင့်နေတယ်။"

ပိုင်ထျန်းဟမ်က ရယ်မောလိုက်သည်။

"အခင်းအကျင်းဖွဲ့စည်းပုံသခင်တွေ ရောက်လာတာကို စောင့်နေကြတယ်။ တော်ဝင်မိသားစုက ဖွဲ့စည်းပုံခန်းမကို တောင်းဆိုတဲ့စာတစ်စောင် ပို့ထားပြီးသား။"

“အဲဒီအချိန်ကတည်းက ဘယ်သူမှ အတင်းအကြပ် ဝင်လာဖို့ မကြိုးစားကြဘူးလား”

ဖန်ဆင်းရှင်သခင်ရောက်လာမည့်အချိန်ကို လူတိုင်း တိတ်တဆိတ်စောင့်မျှော်နေမည်ဟု ထျန်းယုဟမ် မထင်ခဲ့ပေ

"အိုး..သူတို့လုပ်ခဲ့ပါတယ်”

ပိုင်ထျန်းဟမ်၏ အပြုံးသည် ကျယ်လာသည်။

"ဒါပေမယ့် အတားအဆီးက အရမ်းအစွမ်းထက်တော့ တိုက်ခိုက်မှုတွေကို ရောင်ပြန်ဟပ်နေတယ်။ ကျောက်မျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်ဆို လက်တစ်ဖက်တောင် ဆုံးရှုံးသွားတယ်။ ဟား... သူတို့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပဲ။"

ထျန်းယုဟမ်၏ အကြည့်များ စူးရှလာသည်။

"ရောင်ပြန်ဟပ် အတားအဆီးတစ်ခု?"

"အတိအကျပဲ။ တုံ့ပြန်မှုက သုံးတဲ့အင်အားနဲ့ တိုက်ရိုက်အချိုးကျတယ်။"

အကြီးအကဲ လျန်ဟွာသည် ရှေ့သို့ တိုးလာသည်။

"ဒါသာမှန်ရင် စွမ်းအားက အသုံးမဝင်ပါဘူး။ လူတိုင်းက အခင်းအကျင်းသခင်ကို စောင့်နေကြတာ အံ့ဩစရာမရှိပါဘူး”

“ဟုတ်ပ”

ပိုင်ထျန်းဟမ်သည် ခေါင်းညိတ်လိုက်သည်။

"ဒါဆို အခုက စောင့်မျှော်နေတဲ့ ဂိမ်းတစ်ခုပေါ့”

ထျန်းယုဟမ်က ရေရွတ်လိုက်သည်။

"ကောင်းပြီ၊ ငါတို့ ဒီကနေ တစ်ခုခု ရနိုင်သရွေ့ ဒါက အရေးမကြီးပါဘူး။"

ထျန်းယုဟမ်သည် အကြီးအကဲများနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

ဒါက အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုပင်

ရောက်လာသူတိုင်းသည် ၎င်းတို့၏ကိုယ်ပိုင်ရည်မှန်းချက်များဖြင့် အားကောင်းသူများဖြစ်ကြပြီး ၎င်းတို့သည် အချိန်ကြာကြာ စောင့်ဆိုင်းလေလေ၊ တင်းမာမှုများ ကြီးမားလာလေဖြစ်သည်။

ပူလောင်သောမြေကြီးနှင့် ကွဲအက်နေသော ကျောက်တုံးများဖြင့် ဖုံးလွှမ်းထားသော အောက်မြေပြင်သည် ယင်းအတွက် သက်သေဖြစ်သည်။

အတားအဆီး၏ သာမာန်အလင်းရောင်သည် မထိခိုက်ဘဲ လေထုထဲတွင် ဖရိုဖရဲဖြစ်နေသော ချီသည် ဖြတ်သန်းသွားသည့်အခိုက်အတန့်တိုင်းတွင် ပိုမို ပြင်းထန်လာပုံရသည်။

ရုတ်​တရက်​ပင်​ လှိုင်းလုံးကြီးတစ်​ခုသည် စုရုံး​နေ​သော လူအုပ်​ကို ဖြတ်​သွားသည်​။ ကောင်းကင်ကြီးက တောက်ပနေပြီး ၀တ်စုံဝတ်ထားသော လူတစ်စုက တိမ်တွေဆီကနေ ဆင်းသက်လာချေ၏

ထိပ်တန်းပုဂ္ဂိုလ်သည် ငွေရောင်နှင့် ရွှေရောင် ၀တ်စုံများကို ၀တ်ဆင်ထားပြီး ရှေးခေတ် မှော်စာများ—ဖွဲ့စည်းပုံသခင်များ၏ မမှားနိုင်သော အမှတ်အသားတစ်ခုဖြစ်သည်။

"တော်ဝင်မိသားစုက တောင်းဆိုထားတဲ့ ဖွဲ့စည်းပုံသခင် ရောက်လာပုံရတယ်။"

ထျန်းယုဟမ်က တိုးတိုးလေးပြောသည်။

ပိုင်ထျန်းဟမ် အပြုံးသည် အနည်းငယ် မှိန်ဖျော့သွားပြီး သူ့အကြည့်များက လေးနက်လာသည်။

"သူတို့ ဖွဲ့စည်းပုံကို ချိုးဖျက်နိုင်မလား မကြည့်ရအောင်။"

ဖွဲ့စည်းပုံသခင်များသည် လှပစွာဆင်းသက်လာကာ ခေါင်းဆောင်ဖြစ်ဟန်တူသော ရွှေရောင်မျက်လုံးများနှင့် ငွေရောင်မုတ်ဆိတ်ရှည်ဖြင့် အကြီးအကဲတစ်ဦး ရှေ့သို့ တိုးလာသည်။

သူ လှည့်ကြည့်လိုက်တော့ သူ့အမူအရာသည် တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်နဲ့ပင်

သူနှင့်အတူ အခြားဖွဲ့စည်းပုံသခင်များ ပါ၀င်သည်။

"ကျွန်တော်က ခန်းမဆောင်ရဲ့ မဟာအကြီးအကဲဟွမ်ပါ ။"

အဘိုးအိုသည် ကျယ်လောင်လွန်းခြင်းမရှိသော အသံနဲ့ ဧရိယာတစ်ခုလုံးကိုကြားရအောင် ကြေညာသည်။

"ဘုရင်မင်းမြတ် အမိန့်နဲ့ အတားအဆီးကို ဆန်းစစ်ပြီး ခွဲခြမ်းစိတ်ဖြာပါမယ်။ ကျေးဇူးပြုပြီး အားလုံး သည်းခံကြပါ"

ဖွဲ့စည်းပုံသခင်သည် အဆင့်(၇) ဖွဲ့စည်းပုံသခင်များအတွက် သီးသန့်ခေါင်းစဉ်ဖြစ်သော မဟာသခင်ဖြစ်သည်ကိုမြင်တော့ လူတိုင်းသည် အတားအဆီးကို ဖောက်ဖျက်နိုင်သည်ဟု ယုံကြည်ချက် တဟုန်ထိုး ခံစားလိုက်ရသည်။

"ဟုတ်ကဲ့ပါ ဆရာကြီးဟွမ်”

"ဆရာကြီးဟွမ် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။"

ထိုကဲ့သို့ လေးစားထိုက်သူကို သံသယဝင်ခြင်းက မကောင်းသည်ကို သူတို့သိသည်။

ဆရာကြီးဟွမ်သည် အတားအဆီးနှင့် နီးကပ်လာကာ သူ့မျက်လုံးများသည် ရွှေရောင်အလင်းတန်းများ တောက်ပနေသော မျက်နှာပြင်ကို ကြည့်နေသည် ။

သူ့လက်ချောင်းများသည် လေထဲတွင် ကခုန်နေကာ ရှုပ်ထွေးသော သင်္ကေတများကို ခြေရာခံပြီး သူ့လက်ချောင်းထိပ်တွင် တောက်ပလာသည်။

ထျန်းယူဟမ်၏မျက်လုံးများသည် မဟာသခင်ဟွမ်၏ ရုပ်သွင်ကနေ မခွါပေ

သို့သော် သူကြည့်နေကြသည့်တိုင် ထျန်းယုဟမ်သည် စိတ်မသက်မသာ ခံစားလိုက်ရသည်။

ဤမျှလောက် အင်အားကြီးမားသော လူများစွာကို ဤနေရာတွင် စုစည်းထားတာကြောင့်တင်းမာမှုသည် သိသာထင်ရှားနေပြီး အနည်းငယ်သော အမှားအယွင်းက ပဋိပက္ခကို ဖြစ်ပေါ်စေနိုင်သည်။

သို့တိုင် သူတို့ မထွက်ခွါနိုင်ကြပေ

အဘယ်ကြောင့်ဆိုသော် ထိုအတားအဆီးကိုကျော်လွန်နိုင်သည့် မည်သည့်အရာမဆို ဆိတ်သုဉ်းသော ကောင်းကင်အင်ပါယာတစ်ခုလုံးရှိ စွမ်းအား ချိန်ခွင်လျှာကို ပြောင်းလဲသွားစေနိုင်သည်။

All Chapters