အခွင့်အရေး
Vol. 8 Ch. 113
မိနစ်အနည်းငယ်အထိ မဟာသခင်ဟွမ်နဲ့ အခြား သခင်တွေသည် သူတို့လက်များက လေထဲတွင်ဝဲကာ သင်္ကေတများဆွဲပြီး ဝိညာဉ် အလင်းသေးသေးများ ပြုလုပ်နေသည်။
သို့သော် သူတို့၏ ဝိညာဉ်သံဖြင့် စမ်းသပ်ခြင်း၊ ရှေးဟောင်း အက္ခရာများကို ခြေရာခံခြင်းနဲ့ နည်းစနစ် အမျိုးမျိုးဖြင့် စမ်းသပ်ခြင်းများ ပြုလုပ်ကြသော်လည်း တစ်ယောက်ခြင်းစီ၏ မျက်နှာသည် မဲမှောင်နေသည်။
နောက်ဆုံးတွင် သူတို့အကြားရှိ နားလည်မှုရသော အကြည့်တစ်ခု ပေါ်လာသည်။
မဟာသခင်ဟွမ်သည် ရပ်တန့်ပြီး လက်များကို ဖြေချလိုက်၏ သူ့နှုတ်ခမ်းမှ ညည်းညူသံထွက်လာသည်။
သုံးသပ်နေသူ အစုအဝေးလည်း ထိုအပြောင်းအလဲကို ခံစားသိမြင်လာကြသည်။
ထိုအချိန်တွင် တော်ဝင် စစ်သူကြီး၏ မျက်လုံးသည် မဟာခင်ဟွမ်ကို တည့်တည့်ကြည့်လိုက်သည်။
“ မဟာသခင်ဟွမ် ရလဒ်က ဘယ်လိုဖြစ်သလဲ?”
သူ့အသံမှာ အာဏာရှိသော်လည်း စိုးရိမ်ချက်သေးသေးလေး ပါဝင်နေသည်။
မဟာသခင်ဟွမ်သည် လူအစုကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က သဘောထားကတော့ အဖြေကို ထင်ရှားနေချေပြီ။
“ဒီအတားအဆီးက ကျွန်တော် မျှော်လင့်ထားတာထက် မြင့်သွားတယ်။ အခုတော့ သေချာပြောလို့ရပြီ—ဒါက အဆင့် (၈) ဖွဲ့စည်းပုံ ဒါမှ မဟုတ် အဲ့ထက်တောင်ပိုမြင့်နိုင်တယ်။ ဒီနိုင်ငံအတွင်းမှာ ဒီအဆင့်ကို ဖြေရှင်းနိုင်သူ တစ်ဦးမှ မရှိဘူး”
လူအစုကြား အံ့အားသင့်သံများသည် တစ်ပြင်လုံး ထွက်ပေါ်လာသည်။
“ အဆင့် -၈”
“မဖြစ်နိုင်ပါဘူး.. အနှစ်တစ်ထောင်တောင် အင်ပါယာမှာ အဆင့်-၈ ဖွဲ့စည်းပုံ တစ်ယောက်မှ မရှိသေးဘူး”
“ဒါဆို ဒီဖွဲ့စည်းပုံကို မဖောက်ဖျက်နိုင်တော့ဘူးလား”
မဟာသခင်ဟွမ်သည် မေးခွန်းကို တုန့်ပြန်ရာတွင် အေးအေးဆေးဆေးနဲ့ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ဒီဖွဲ့စည်းပုံ၊ လှည့်ကွက်နဲ့ အင်အားက ငါတို့နိုင်ငံက တစ်ဦးမှ မဖြေရှင်းနိုင်အောင် ခက်ခဲနေပြီ ။ကောင်းကင်အင်ပါယာက ဖွဲ့စည်းပုံ သခင်တွေအကုန်လုံးကို စုထားတောင် အဲ့ဒီအတားအဆီးကို ချိုးဖောက်ဖို့ မဖြစ်နိုင်ဘူး”
အဆင့်(၉) ဖွဲ့စည်းပုံသည် ရှေးခေတ်စွမ်းအားတစ်ခု ဖြစ်သည်။ အင်အားဖြင့် တိုက်ဖျက်ဖို့ဆိုတာ အရူးတစ်ယောက် အိပ်မက်သာ ဖြစ်သည်။
“ဒါဆို ငါတို့ ဘာလုပ်နိုင်မလဲ"
တော်ဝင် စစ်သူကြီးသည် မျက်မှောင်ကြုတ်ကာ မေးသည်။
အတားအဆီးသည် ၎င်းတို့၏ တိုက်ခိုက်မှုများကို ပြန်လည်ထင်ဟပ်စေသောကြောင့်၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် ဖြတ်ကျော်ရန် ကြိုးပမ်းတာတောင် ဘာမှဖြစ်မလာပေ
ယခုမူ အဆင့်-၇ ဖွဲ့စည်းပုံ သခင်ပင်လျှင် ၎င်းရှေ့တွင် အစွမ်းအစမရှိပေ။
သခင်ဟွမ်၏ နှုတ်ခမ်းများသည် ပါးလွှာပြီး အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။
"ဒီဖွဲ့စည်းပုံကို ကျွန်တော်တို့ ချိုးဖျက်လို့ မရပါဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံက အလုံပိတ်သင်္ချိုင်းတစ်ခုတော့ မဟုတ်ပါဘူး၊ ဒါက စမ်းသပ်မှုတစ်ခုပါ။"
"စမ်းသပ်မှု?"
ဘုရင့်စစ်သူကြီးက မေးသည်။
"ဟုတ်တယ်။ အကျယ်တဝင့်လေ့လာကြည့်ရသလောက် ဖွဲ့စည်းပုံကို သူ့ဘာသာသူဖွင့်ဖို့ ဒီဇိုင်းထုတ်ထားတာ- အခုကနေ ဆယ်ရက်တိတိမှာ အတည်ပြုနိုင်ပြီ"
သခင်ဟွမ်၏ စကားများသည် လူအုပ်ကြားတွင် ညည်းညူသံများ ထွက်ပေါ်လာသည်။
"ဆယ်ရက်..ဒါပဲလား?"
"ဒါဆို ငါတို့စောင့်ရမှာလား"
"ဟာဟား...ဒါဆို လွယ်လွယ်လေး။ ဆယ်ရက်စောင့်ရတာ ဘာများဖြစ်လို့လဲ၊ ဒီအတွက် တစ်နှစ်တောင် စောင့်ရသေးတာပဲ”
တော်တော်များများ သက်ပြင်းချမိသည်။
စောင့်ဆိုင်းရမည့်ကိစ္စသာဆိုလျှင် လက်ရှိ အင်အားကြီး အဖွဲ့များအားလုံးသည် အတွင်း၌ ရှိနေသမျှကို သိမ်းပိုက်ရန် အခွင့်အလမ်း ရှိနေသေးသည်။
သက်တမ်းအလွန်ကြီးသော ကျင့်ကြံသူတစ်ဦးအတွက် ၁၀ ရက်သည် လျစ်လျူရှုနိုင်သော မျက်လုံးတစ်မှိတ်နှင့်တူသည်။
ဒါပေမယ့် သူတို့မပျော်နိုင်ခင်မှာ သခင်ဟွမ်အသံသည် မျှော်လင့်ချက်တွေကို ဖြတ်တောက်လိုက်ပြန်သည်။
"ဒါပေမယ့် နောက်ထပ် အခြေအနေတစ်ခု ရှိတယ်။"
လူအုပ်ကြီးသည် ငြိမ်ကျသွားပြီး အားလုံးက မဟာသခင်ကို ကြည့်နေကြသည် ။
"ဒီဖွဲ့စည်းပုံက အသက်သုံးဆယ်နဲ့အောက်တွေပဲ သုံးလို့ရတယ်။"
တိတ်ဆိတ်ကုန်၏
ထို့နောက် ဒေါသပေါက်ကွဲသံ ထွက်ပေါ်လာသည်။
"ဘာလဲဟ”
"ဒါက ရယ်စရာပဲ”
"မျိုးဆက်သစ်တွေပဲလား”
ပိုင်ထျန်းဟမ်၏အမူအရာသည်လည်း ကြမ်းတမ်းလာသည်။
"သေချာရဲ့လား၊ သခင်ဟွမ်"
"ငါပါ သေချာတာပေါ့”
ဆရာဟွမ်၏ အသံသည် လုံးဝ ပြတ်သားသည်။
"ဖွဲ့စည်းပုံကိုယ်တိုင်က အဲဒီအသက်အရွယ်နဲ့အထက် ဘယ်သူကိုမဆို ငြင်းပယ်မယ်၊ စည်းကမ်း ဖောက်ဖျက်တဲ့သူကိုတောင် ထိခိုက်စေနိုင်တယ်။ ဒါက ဖန်တီးသူက တမင်ရည်ရွယ်ထားတာလို့ ကျွန်တော် သံသယဖြစ်မိပါတယ်။"
ထျန်းယုဟမ်သည် ငြိမ်သွားသည်။ မျိုးဆက်သစ်လူငယ်တွေသာ ဝင်လို့ရလျှင်လည်း ပြဿနာမရှိပေ
ကောင်းကင်ဓားဂိုဏ်းတွင် ပါရမီရှင် အများဆုံးရှိပြီး ၎င်းတို့သည် အတွင်း၌ ရှိသမျှအရာများကို အများဆုံးရရှိနိုင်မည်မှာ သေချာသည်။
“အသက်သုံးဆယ်အောက်တွေပဲ…” အကြီးအကဲရှီက ရေရွတ်သည်။ “ဒါဆို ဒီအခင်းအကျင်းကို တည်ထောင်တဲ့သူက အမွေဆက်ခံသူ ဒါမှမဟုတ် သူတို့ရဲ့ အမွေခံထိုက်သူကို ရှာနေတာပေါ့”
အတားအဆီးထဲသို့ လူငယ်များသာ ဝင်ရောက်နိုင်သောကြောင့် ဒါက လွယ်ကူသော ခန့်မှန်းချက်ဖြစ်သည်။
ထိုသို့သောဖွဲ့စည်းပုံကို ယခင်ကတွေ့ရှိခဲ့ဖူးပြီး အများစုမှာ ပါရမီရှင် သို့မဟုတ် အလားအလာကောင်းရှိသူသာ ထိုက်တန်သည်ဟု ယူဆရသူများအဖို့ ဖန်တီးရှင်များမှ ချန်ထားခဲ့သော အမွေအနှစ်များဖြစ်သည်။
သို့သော် မဟာသခင်ဟွမ်ပြောသလို အဆင့်(၈) သို့မဟုတ် ထိုထက် ပိုမြင့်သော မည်သည့် ဖွဲ့စည်းပုံမျိုးမှ မရှိဖူးပေ
ရလဒ်အနေနှင့် အဆင့်-၈ ဖွဲ့စည်းပုံ သခင်သာလျှင် ထိုကဲ့သို့ဖွဲ့စည်းနိုင်သောကြောင့် ကျန်ရစ်ခဲ့သောအမွေသည် မထင်မှတ်လောက်အောင် အစွမ်းထက်သင့်သည်။
အမှန်ဆိုပါက အတားအဆီးကိုကျော်လွန်ပြီး မည်သည့်အရာမဆိုသည် ကောင်းကင်အင်ပါယာကို ပြောင်းလဲပစ်နိုင်သော အရာဖြစ်သည်။
“ အကြီးအကဲ ၊ ဒီလေ့လာရေးခရီးအတွက် တပည့်တွေကို ချက်ချင်းရွေးချယ်ရပါမယ်”
ထျန်းယုဟမ်က ကြေညာသည်။
သုံးယောက်သည် သဘောပေါက်သွားချေ၏ ထိုကိစ္စကို ဦးစားပေးအနေနဲ့ ပြင်ဆင်မှုတွေ အမြန်ဆုံးလုပ်ဖို့ လိုသည်။
သူတစ်ဉီးတည်းမဟုတ်ပေ၊ အခြားအဖွဲ့များသည်လည်း ၎င်းတို့၏ မျိုးဆက်သစ်လူငယ်များကို ပြင်ဆင်ရန် အစီအစဉ်များ စတင်ပြုလုပ်ကြသည်။
ဒါပေမယ့် တချို့က မကျေနပ်ပေ
တန်ခိုးကြီးသော လူဆိုးကျင့်ကြံသူများ ၊ မျိုးနွယ်စုမရှိသူများ သို့မဟုတ် ဂိုဏ်းဂဏများ မရှိသူများသည် ဒေါသူပုန်ထကြသည်။
"မဟုတ်ဘူး.. ဒါမဖြစ်နိုင်ဘူး! မင်း လိမ်နေတာပဲ”
"ဟုတ်တယ်၊အဆင့်(၈) ဖွဲ့စည်းမှုက ဘယ်လိုပေါ်လာတာလဲ။ အဲဒါက ရှိရင်တောင် မသေနိုင်တဲ့စွမ်းအားတွေကို ခုခံနိုင်မယ်လို့ ငါမယုံဘူး။"
သူတို့၏ ရင်တွင်းစကားသံများသည် သခင်ဟွမ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း သူတို့၏စိတ်ပျက်မှုသည် ရှင်းပါသည်။
"ယုံချင်ယုံ၊မယုံချင်နေ။ ဒါ မင်းတိူ့ရဲ့ရွေးချယ်မှုပဲ။ မင်းတ်ို့ကိုယ်တိုင် ဖောက်ဖျက်ဖို့ ကြိုးစားနိုင်တယ် ဒါမှမဟုတ် ဆယ်ရက်
လောက်ကြာမှ ဝင်ဖို့ကြိုးစားနိုင်တယ်။ဒါဆို ငါလိမ်နေတာ ဟုတ်လား မဟုတ်လာူကို မင်းတို့မြင်လိမ့်မယ်။"
သခင်ဟွမ်သည် ကြေငြာလိုက်သည်။
ထျန်းယုဟမ်နှင့် အခြားခေါင်းဆောင်များသည် ငြင်းခုံရင်း အချိန်မဖြုန်းကြပေ
သခင်ဟွမ်၏ဂုဏ်သတင်းမှာ လောင်းကြေးထပ်ရဖွယ်ရှိပြီး သူ၏စကားများသည် မှားယွင်းပါက သူ၏အဆင့်အတန်းသည် ပျက်စီးသွားမည်ဖြစ်သည်။
ထို့အပြင် (၁၀)ရက်အကြာတွင် ၎င်းကိုဖွင့်နိုင်မည်ဟု သခင်ဟွမ်ကပြောသောကြောင့် လူတိုင်းသည် ဤနေရာမှ ထွက်ခွာမည်ဟု မဆိုလိုပေ
တစ်စုံတစ်ယောက်သည် ဤနေရာကို စောင့်ကြည့်ပြီး ၎င်းတို့၏ သက်ဆိုင်ရာ မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းသို့ ပုံမှန် သတင်းပေးပို့မည်ဖြစ်သည်။
ထို့ကြောင့် မဟာသခင်အဖို့ သူ့အား မည်သူမျှ ကြည့်မနေဟု ထင်ကာ အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားနိုင်တာမျိုးမဟုတ်ပေ
"ပိုင်မျိုးနွယ် ခေါင်းဆောင် ငါသွားတော့မယ်။"
ထျန်းယုဟမ်သည် ပိုင်ထျန်းဟမ်ကိုပြော၏
အတားအဆီး၏သဘောသဘာဝကို သူတို့နားလည် လာသောအခါတွင် ဆက်နေရန် အကြောင်းမရှိတော့သည်ကို သိနေသည်။
ပိုကောင်းအောင် ပြင်ဆင်ရမည်
"ဟုတ်တယ် နောက်တစ်ခေါက်မှ တွေ့ကြစို့”
ပိုင်ထျန်းဟမ်က ပြန်ဖြေသည်၊
ပိုင်ထျန်းဟမ်သည် သူ၏ ပေးပို့ခြင်းကျောက်စိမ်းကို လျင်မြန်စွာ အသုံးပြုပြီး ပိုင်မျိုးနွယ် အိမ်တော်မှ အကြီးအကဲများထံ သတင်းပေးပို့ခဲ့သည်။
"အသက်သုံးဆယ်အောက် တပည့်အားလုံးကို ချက်ခြင်းစုဝေးစေ”