← Chapters

ပြင်ဆင်မှုများ

Vol. 8 Ch. 114

ပြင်ဆင်မှုများ

Vol. 8 Ch. 114

ရှေးခေတ်မှော်အပျက်အစီးများနှင့် ထိတ်လန့်ဖွယ် အဆင့် (၈) အတားအဆီး အကြောင်း သတင်းသည် တောမီးလို ကောင်းကင်အင်ပါယာ အနှံ့ ပျံ့နှံ့သွားသည်။

ထိုအရာကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ချေ။ မှော်ရှေးခေတ်မှော်အပျက်အစီးများပေါ်ပေါက်လာချိန်တွင်

တောက်ပသော အလင်းစုနဲ့ မြေကမ္ဘာကို တုန်လှုပ်စေသောချီ ထွက်လာ၏

သန်းပေါင်းများစွာသောလူများသည် မျက်မြင် တွေ့ခဲ့ကြပြီး မမြင်တွေ့သူတွေအဖို့ပင် တစ်ရက်အတွင်း ကောလဟာလတွေက မြို့ကြီး၊ မြို့ငယ်နဲ့ ရွာများ အထိ စီးဆင်းသွားခဲ့သည်။

အနိမ့်ဆုံးမျိုးနွယ်စုတွေကစပြီး ကမ္ဘာအပေါ်မှ ကြီးမားဆုံး ဂိုဏ်းများအထိ လူတိုင်းသည် စိတ်လှုပ်ရှားမှုနဲ့ လောဘတွေ

ပေါ်လာခဲ့သည်။

အဆင့်(၈) အတားအဆီးအတွင်း၌ အတုမရှိသော အမွေဆက်ခံမှုတစ်ခု ဝှက်ထားသည်ဟူသော ပြောဆိုချက်သည် တစ်နိုင်ငံလုံးတွင် ပျံ့ကာ လောဘနဲ့ မျှော်လင့်မှုတွေကို ဖြစ်စေခဲ့သည်။

ကောင်းကင်အင်ပါယာ၏ မြို့တော်အတွင်းရှိ နန်းတော်မှာတော့ ပဋိပက္ခများ ထွက်ပေါ်လာခဲ့သည်။

အကြံပေးအဖွဲ့ဝင်များသည် အရေးအကြီးဆုံး စီမံကိန်းတစ်ခုကို အလျင်အမြန် ဆွေးနွေးချက်များ ပြုလုပ်နေကြသည်။

ဧက္ကရာဇ် ကိုယ်တိုင်ကတောင် အယုံကြည်ဆုံး တပ်ချုပ်တွေနဲ့ မှူးမတ်တွေကို ခေါ်ပြီး လျှို့ဝှက်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်ဟူသော သတင်းတွေ ပျံ့သွားခဲ့သည်။

“အဆင့် ၈ အတားအဆီးလား? ဟိုးအရင်

ခေတ်က အမွေဆက်ခံမှုတစ်ခု ဖြစ်နိုင်မလား?”

မှူးမတ်တစ်ဦးသည် အသံတုန်တုန်နဲ့ ပြောလိုက်၏။

“အဲ့ဒါကို ကျွန်တော်တို့ တော်ဝင်မိသားစုက ရလာမယ်ဆိုရင် တိုင်းပြည်က အတိုင်းအတာတစ်လျှောက် အာဏာတည်ငြိမ်သွားမှာပါ။ မာနကြီးတဲ့ ဂိုဏ်းတွေ၊ မျိုးနွယ်ကြီးတွေကိုတောင် မျက်နှာသာပေးစရာ မလိုတော့ဘူး”

တစ်ဦးက ထပ်ပြီး ပြောလိုက်၏

ကောင်းကင် အင်ပါယာကို တော်ဝင်မိသားစုက အုပ်ချုပ်နေသည့်တိုင် အာဏာအများစုကတော့ သီးသန့်ဂိုဏ်းတွေနဲ့ မျိုးနွယ်အဖွဲ့တွေကြားမှာ ခွဲပေးထားရသည့် အခြေအနေဖြစ်နေ၏

မျိုးနွယ်စုတွေ ပုန်ကန်တောင် တော်ဝင်မိသားစုအနေနဲ့ လုပ်နိုင်တာ မရှိသလောက်ပင်။ အထူးသဖြင့် ပိုင်မျိုးနွယ်၊ လီမျိုးနွယ်နဲ့ ကျောက်မျိုးနွယ်တွေပင်။

ထိုမျိုးနွယ်အဖွဲ့တွေအတွင်းတွင် တော်ဝင်မိသားစု၏ သက်ရောက်မှုသည် အလွန်အားနည်းပြီး မျိုးနွယ်တစ်ခုသာ ထပုန်ကန်ပါက ဘာဖြစ်မည်မသိပေ

သို့ပေမဲ့ တော်ဝင်မိသားစုသည် ထိုဒီအမွေကို ရရှိနိုင်ပါက ကောင်းကင်အင်ပါယာ အတွင်း ၎င်းတို့ အာဏာကို ပြန်လည်

တည်ထောင်နိုင်မည်ဟူသော မျှော်လင့်ချက်အသစ် တစ်ခု ပေါ်လာပေမည်။

“အဲ့ဒီအမွေကို ငါတို့တော်ဝင် မိသားစုက မဖြစ်မနေ ရယူရမယ်.. မင်းသား၊ မင်းသမီးအားလုံးကို ခေါ်လိုက်ပါ။ အမွေကို ရနိုင်သူကို နောက်ထပ် မင်းအဖြစ် ခန့်အပ်ခံရမယ်ဆိုတာပါ ပြောလိုက်ပါ”

တစ်ဖက်မှာတော့ ကောင်းကင်အင်ပါယာအတွင်း အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သည့် ကောင်းကင်ဓားဂိုဏ်းတွင်လည်း

လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။

အကြီးအကဲတွေကို စုရုံးစေပြီး သူတို့မျက်နှာတွေသည် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေ ပြည့်နေကြသည်။

ဂိုဏ်းခေါင်းဆောင် ထျန်းယုဟမ် ကိုယ်တိုင်က အကြီးအကဲများကို စုရုံးပြီး တင်းတင်းရင်းရင်း အသံဖြင့် ပြောကြားလိုက်သည်။

“ထိပ်တန်းတပည့်တွေကိုစု။ သူတို့ထဲက အယောက်တစ်ရာကို ရွေးပြီး သူတို့လိုအပ်သမျှ အရင်းအမြစ်နဲ့ အထောက်အပံ့အားလုံး ပေးမယ်။”

တပည့်အားလုံးကို အကုန်ပို့တာထက် အကောင်းဆုံးတွေ အနည်းငယ်ကို ရွေးပြီး လုံးဝအသင့်ပြင်ပေးတာက ပိုကောင်းကြောင်း ထျန်းယုဟမ် သိ၏

တချို့က တပည့်တွေကို အကန့်အသတ်နဲ့ ပေးပို့ခြင်းသည် ရူးသည်ဟု ထင်ကြသော်လည်း သူကတော့ ထိုအခွင့်အရေးတွေအောက်တွင် ဝှက်ထားသော အန္တရာယ်တွေရှိသည်ကို နားလည်နေသူဖြစ်သည်။

ထိုအရာသည် အမှန်တကယ် အမွေမဟုတ်ဘဲ ထောင်ချောက်တစ်ခုဖြစ်နေပါက တပည့်အားလုံးကို ပေးပို့တာက ဂိုဏ်းအတွက်ဆုံးရှုံးမှု ဖြစ်သွားနိုင်သည်။

ထိုကြောင့် အရေးကြီးဆုံးအချက်က သတိထားမှုပင်

နောက်ပြီး ရွေးချယ်ခံထားရသော တပည့်​တွေအပေါ် အရင်းအမြစ်တွေကို အများဆုံး ထုတ်ပေးဖို့လည်း လိုအပ်သည်။

အကြီးဆုံးဂိုဏ်း ဖြစ်သည့်တိုင် အရင်းအမြစ်တွေဟာ အကန့်အသတ်မရှိတာမျိုး မဟုတ်ပေ

“တပည့်တွေကို ဘယ်လိုရွေးမလဲ?”

အကြီးအကဲတစ်ဦးက မေးလိုက်သည်။

“ဝိညာဉ်အခြေတည်ကာစအဆင့်နဲ့ အထက်ရောက်ထားသူတိုင်းက မဖြစ်မနေ ပါဝင်ရမယ်။ ကျန်တဲ့နေရာတွေကတော့ အမြန်ပြိုင်ပွဲတစ်ခုပြုလုပ်ပြီး နိုင်တဲ့သူတွေအနေနဲ့ နေရာရလိမ့်မယ်။”

ပိုင်မျိုးနွယ်၏ခမ်းနားသောအိမ်ခြံမြေတွင် ခေါင်းဆောင် ပိုင်ထျန်းဟမ်သည် အလားတူပဲ အကြီးအကဲများကို အမိန့်ပေးသည်။

"အင်ပါယာတစ်ဝှမ်းက ငါတို့ ထိပ်တန်းတပည့်အားလုံးကို ဆက်သွယ်ပါ။ အသက်သုံးဆယ်အောက်တွေ ဖြတ်ကျော်ပြီးသွားရင် ချက်ခြင်းပြန်ခိုင်း။ ဒါက ငါတို့

လက်လွတ် မခံနိုင်တဲ့ အခွင့်အရေးပဲ”

ဒါပေမယ့် ၎င်းသည် ကြီးကျယ်သည့် ဂိုဏ်းဂဏနဲ့ မြင့်မြတ်သော မျိုးနွယ်စုတွေချည်းမှာတင် မဟုတ်ပေ

တောရိုင်းမြေများတွင် ကျင်လည်ကျက်စားသော ကျင့်ကြံသူများ၊ ၎င်းတို့၏ တောင်ထိပ်များမှ စောင့်ကြည့်နေသည့် ပုန်းလျှိုးကွယ်လျှိုး သခင်များနှင့် ဖရိုဖရဲ နယ်နိမိတ်ရှိ ကြေးစားအဖွဲ့များ— မည်သူမျှ လျစ်လျူရှုနေတာမျိုး မရှိပေ

ရက်စက်ကြမ်းကြုတ်သော ကြေးစားများနှင့် ပြည်နှင်ဒဏ်ပေးသူများ စုဝေးရာ ရွှေရောင်သဲမြေ သဲကန္တာရမြို့ကြီးတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော သဲမြွေပွေး အဖွဲ့ ခေါင်းဆောင်ကမ်းသည် အစီရင်ခံစာကိုကြည့်ရင်း ပြုံးနေ၏

"ဟေး... ဒီဂိုဏ်းကြီးတွေက ရတနာတွေကို ခိုးယူလို့ရတယ်ထင်ရင် နောက်တစ်ခုပါ ရှိသေးတယ်။ ငါတို့လည်း အဲဒီမှာ ရှိနေမယ်ဆိုတာပဲ”

သူ့စကားများသည် စုရုံးနေသော ဂိုဏ်းဝင်များကို နှိုးဆော်ကာ စိတ်အားထက်သန်စွာနှင့် ရက်စက်စွာ ပြုံးလိုက်သည်။

"ဘော့စ် ကျွန်တော်တို့တကယ် သွားမှာလား။"

တစ်ယောက်က စိတ်လှုပ်ရှားပြီး မျက်လုံးများ တော်ပစွာနဲ့ မေး၏

"ဟုတ်တယ်။ ငါတို့ရှိနေမှာ”

မြွေပွေးအိုက ပြောသည်။

" လူသတ်သမား ၊ လူဆိုး ကျင့်ကြံသူတွေ ဒါမှမဟုတ် သဲကန္တာရ ဓားပြတွေပဲဖြစ်ဖြစ်၊ ကျွမ်းကျင်မှု တစ်ခုခုရှိတဲ့ သုံးဆယ်အောက် အားလုံးကို စုဆောင်းပါ။ အမွေကို မသိမ်းပိုက်နိုင်ရင်တောင်မှ ဂုဏ်သိက္ခာရှိတဲ့ မျိုးနွယ်စုတွေ ဒါမှမဟုတ် ဂိုဏ်းပေါင်းစုံက ပါရမီရှင်တွေ သတ်ပစ်ဖို့ ညွှန်ကြားပါ။"

နတ်ဆိုးဂိုဏ်းများ ခိုလှုံရာနေရာဟု နာမည်ဆိုးဖြင့်ကျော်ကြားသော တားမြစ်ချောက်ပင်လျှင် ကင်းလွတ်ခွင့်မရှိပေ ။ မှောင်ရိပ်ကျနေသော ဘုရားကျောင်းတစ်ခုအတွင်းတွင် ၀တ်စုံတစ်စုံသည် ရယ်မောလိုက်သည်။

"လူငယ်တွေအတွက် စမ်းသပ်မှုတစ်ခုလား။ ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ... မျိုးဆက်သစ်တွေရဲ့ ခြေသည်းတွေကို ဆန့်ထုတ်ရမယ့်အချိန်ရောက်ပြီ"

“ဟား... ကောင်းကင်ဘုံက ငါတို့ကို ကောင်းချီးပေးတယ်။ ငါတို့ဂိုဏ်းမှာ မကြာသေးမီက ပေါ်ထွန်းလာတဲ့ ပါရမီရှင်တွေရှိတော့ ဖြောင့်မတ်တဲ့လမ်းကနေ ကျင့်ကြံသူတွေ အခွင့်အလမ်းမရှိတော့ဘူး။"

လူဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာကြီးတစ်ခုလုံးသည် ရည်မှန်းချက်နှင့် အကြံအစည်များ၏ စုဝေးရာတစ်ခုဖြစ်လာပြီး ဖွဲ့စည်းပုံမဖွင့်မီ ဆယ်ရက်အကြာမှာပင် လူတိုင်းသည် သွေးထွက်သံယိုတိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။

ထိုသို့ ကြီးမားသော သတင်းကို ပိုင်ကျီဟန်အနေနဲ့ ဘယ်လိုလျစ်လျူရှုနိုင်မည်နည်း။

(ရှေးခေတ်ပျက်စီးခြင်း? အမွေဆက်ခံခြင်း? ဇာတ်ဆောင်အတွက် ဒီအခွင့်အရေးက ဘယ်လိုမျိုးလဲ)

ဒါက ကောင်းကင်ရွေးချယ်ထားရသူအတွက် ကြိုတင် သတ်မှတ်ထားကြောင်း သူပြောနိုင်နေပြီဖြစ်သည်။

သတင်းကိုကြည့်လိုက်တော့ ကောင်းကင်က မျက်နှာသာပေးသည့် ကောင်းကင် ရွေးချယ်ထားသူအတွက် အခွင့်အလမ်းပင်

အင်အားကြီးသော ကျင့်ကြံသူများသည် သူ့ထံမှ အခွင့်အရေးကို မခိုးယူနိုင်ကြောင်း သေချာစေရန် ကန့်သတ်ချက်များ အများအပြားရှိနေနိုင်သည်။

ထိုလူသည် မိုရီချန်ထက် အများကြီး ပိုသိသာသည်။

သူသွားရတော့မည်။

ထိုအခွင့်အရေးကို ဇာတ်ဆောင်ဆီကနေ ခိုးယူတာပဲဖြစ်ဖြစ်၊ ကောင်းကင် ရွေးချယ်ခံရသူ ဘယ်သူလဲဆိုတာ ရှာကြည့်တာပဲဖြစ်ဖြစ် လုပ်ရမည်။

မသွားခြင်းသည် သူ့အတွက် ရွေးချယ်စရာ မဟုတ်ပေ။

ယခု သူ့တွင် ရွေးချယ်ခွင့် နှစ်ခုရှိသည်- ပိုင်မျိုးနွယ် သို့မဟုတ် ကောင်းကင်ဓားဂိုဏ်း၏ အဖွဲ့ဝင်အဖြစ် သွားဖို့ပင်

ပိုင်ကျီဟန်အတွက် သိပ်အရေးမကြီးသည့်တိုင် ပိုင်မျိုးနွယ်ကို ရွေးဖို့ ဆုံးဖြတ်လိုက်သည်။

ဘာကြောင့်လဲ?

အိမ်လွမ်းနေလို့ပင်

တကယ်တော့ မဟုတ်ပေ

သူသည် ပိုင်မျိုးနွယ် အဖွဲ့ဝင်များနှင့် ပိုရင်းနှီးသောကြောင့် ၎င်းတို့ကို အနီးနားတွင် အမိန့်ပေးရန် ပို၍လွယ်ကူ၏

ထို့အပြင် ကောင်းကင်ဓားဂိုဏ်းသည် ပါဝင်သူများကို ရွေးချယ်ရန်အတွက် ပြိုင်ပွဲအမျိုးအစားအချို့ကို ကျင်းပနေပြီး ပိုင်ကျီဟန်သည် ၎င်းအတွက် အချိန်မဖြုန်းချင်ပေ။

ဒီလိုအချိန်တွေကို ဖြုန်းတီးဖို့ စိတ်မဝင်စားပေ

All Chapters