မယုံကြည်နိုင်စရာကို ယုံကြည်ခြင်း
Vol. 8 Ch. 115
“မဟုတ်ဘူး၊ ငါတို့ မလုပ်နိုင်ဘူး”
ပိုင်မျိုးနွယ်၏ ခမ်းနားသောခန်းမကြီးအတွင်း၌ လေထုသည် တင်းမာမှုနှင့်အတူ ထူထပ်နေသည်။
မျိုးနွယ်စုခေါင်းဆောင် ပိုင်ထျန်းဟမ်သည် ခန်းမဆောင်၏ ခေါင်းရင်းတွင် ရပ်နေပြီး သူ့အမူအရာ တည်ငြိမ်သော်လည်း သူ့အကြည့်များက စူးရှနေ၏
သူ့ပတ်ဝန်းကျင်တွင် ဒါဇင်ဝက်ခန့်ရှိသော အကြီးအကဲများ စုဝေးနေကြပြီး ၎င်းတို့၏မျက်နှာများတွင် စိုးရိမ်မှု၊ သံသယများနှင့် ဖီဆန်မှုအရိပ်အမြွက်များ ရောထွေးနေသည်။
“မျိုးနွယ်စုခေါင်းဆောင်၊” အကြီးအကဲ ပိုင်ဝေ့က ပြောသည်။
"ရှင်းရှင်းပဲပြောမယ်။ ရှေးဟောင်းပျက်စီးမှုအတွက် ပါဝင်သူတွေထဲမှာ ပိုင်ကျီဟန်ပါနေတာကအဆင်မပြေ..”
"အဆင်မပြေတာ?"
ပိုင်ထျန်းဟမ်အသံသည် ကျယ်သည့်တိုင် ၎င်းအတွက် အန္တရာယ်ရှိသော အစွန်းတစ်ခုရှိနေ၏။
"ဟုတ်တယ်”
အကြီးအကဲပိုင်ဝေ့သည် သူ့ပတ်ဝန်းကျင်ရှိ သဘောတူညီချက်များဖြင့် အားတက်သရော ဖိပြောလိုက်သည်။
"ပိုင်ကျီဟန်က မင်းရဲ့သားပါ ၊ ဒါပေမယ့် ဒါက တစ်သက်မှာ တစ်ခါမှ မမြင်နိုင်တဲ့ တန်ဖိုးရှိတဲ့ အခွင့်အရေးပဲ။ ငါတို့ရဲ့ အကောင်းဆုံးတပည့်တွေကို စေလွှတ်ရမယ်။ အားကောင်းပြီး အရည်အချင်းရှိတဲ့ အမွေရနိုင်အောင် ကူညီပေးနိုင်တဲ့သူတွေ”
"မင်းပြောတာက ပိုင်ကျီဟန်မဖြစ်နိုင်ဘူးပေါ့”
ပိုင်ထျန်းဟမ်လေသံသည် ပိုအေးစက်လာသည်။
"ဂိုဏ်းခေါင်းဆောင်၊ ရိုးရိုးသားသားပြောရအောင်။ ပိုင်ကျီဟန် ပြဿနာတွေကို ဖန်တီးတတ်တော့ အတားအဆီးဖြစ်လာမှာ သေချာပါတယ်။ ကျွန်တော်တို့က ဒါကို တစ်ကိုယ်ကောင်းဆန်စွာ ပြောနေတာမဟုတ်ဘဲ သူ့လုံခြုံရေးအတွက်ပါ"
ပိုင်ဝေ့က ရှင်းပြပေသည်။
ပိုင်ကျီဟန်၏ မကြာသေးမီက အောင်မြင်မှုနှင့် ရွှေဗဟိုနယ်ပယ် နှောင်းပိုင်းအဆင့် သတင်းများသည် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားသော်လည်း ၎င်းသည် အလွန်အစွမ်းထက်သည်ဟု မဆိုလိုပေ
သူ့အသက်အရွယ်အရ ပိုင်ကျီဟန်သည် အတော်လေးကို အရည်အချင်းရှိသည်ဟု ယူဆနိုင်သည်။
သို့တိုင် ပိုင်မျိုးနွယ်အကြီးအကဲတွေသည် သူတို့ကိုယ်တိုင်မမြင်ဖူးသော သူ့တိုက်ခိုက်ရေးစွမ်းရည်ကို သံသယရှိနေတုန်းပင်
ထို့အပြင် ပိုင်ကျီဟန်ကို စေလွှတ်ခြင်းသည် အခြား ပိုင်မျိုးနွယ် အဖွဲ့ဝင်များကို ကလေးထိန်းခိုင်းခြင်းဖြစ်ပြီး အမွေရရန် အခွင့်အရေးကို ဆုံးရှုံးသွားနိုင်သည်။
အခွင့်အလမ်းအလွန်နည်းသည်ဟု ယုံကြည်သော်လည်း ပိုင်ကျီဟန်ကို အခွင့်အရေးရယူဖို့အတွက် မစွန့်စားလိုသောကြောင့် ဆန့်ကျင်သူများလည်း ရှိခဲ့သည်။
"ဒါဆို ငါ့သားက အရည်အချင်းမရှိဘူးလို့ မင်းထင်တာလား"
ပိုင်ထျန်းဟမ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဒါပေါ့ မျိုးနွယ်စုခေါင်းဆောင်၊ ကျွန်တော်တို့ အမွေဆက်ခံသူ အသက်ကို အန္တရာယ်ထဲမှာ မစွန့်စားခိုင်းပဲနေရအောင်ပါ”
ပိုင်ဝေ့သည် ပိုင်ကျီဟန်လုံခြုံရေးအတွက် စိုးရိမ်မှုအဖြစ် ဘောင်ခတ်ဖို့ ကြိုးစားနေသည့်တိုင် သူ့ရည်ရွယ်ချက်အမှန်က ထင်ရှားသည်။
ပိုင်ထျန်းဟမ်သည်လည်း ပိုင်ကျီဟန်ကို အားနည်းသည်ဟု ထင်မြင်ယူဆကာ သူ့အသက်အန္တရာယ်ကို စွန့်စားမည့်အပေါ်
သဘောမတူလှပေ
သို့ပေမဲ့ ပိုင်ကျီဟန်က သူ့ဆန္ဒကိုပြောထားပြီးသားပင်
ကျင့်ကြံသူများအနေဖြင့် အခွင့်အလမ်းများရရှိရန် အသက်အန္တရာယ်ကို စွန့်စားရသည်မှာ သဘာဝပင်
အန္တရာယ်ရှိသည်ဟု ဆိုပါက အန္တရာယ်ကို ရှောင်ရှားရမည် မဟုတ်ပေ
ဒါက မှား၏
ကိုယ့်ရန်သူတွေသာ အပျက်အစီးတွေထဲ ဝင်ပြီး အခွင့်အရေးကို ရလျှင် ဘာဖြစ်မည်နည်း
ထိုအခါ ကိုယ့်အနာဂတ်ကို လက်ပြရုံသာ
ထို့ကြောင့် အထူးသဖြင့် တစ်သက်တာတွင် ထပ်မံ မကြုံတွေ့ရနိုင်သော အခွင့်အရေးတစ်ခုကြုံသောအခါတွင် စွန့်စားတာ မဟုတ်ဘဲ ဒါကပုံမှန်သာ ဖြစ်ပေသည်။
ပိုင်ထျန်းဟမ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး စုဝေးနေသော အကြီးအကဲတွေကို ကြည့်လိုက်သည်။
"မင်းတို့အားလုံး ပိုင်ကျီဟန် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိတ်ပူနေကြတာလား။ ကောင်းပြီ၊ ငါတို့က ပါဝင်သူတွေကို ဆုံးဖြတ်ခွင့်ပေးလိုက်မယ်။"
အကြီးအကဲများသည် ရှုပ်ထွေးသော အကြည့်များဖလှယ်ကြသည်။
"ဘာကိုဆိုလိုတာလဲ ဂိုဏ်းခေါင်းဆောင်"
အကြီးအကဲပိုင်ဝေ့သည် သတိကြီးကြီးနဲ့ မေး၏
"မင်းတို့ အားလုံး အရည်အချင်း ရှိတဲ့ သူတွေလို့ ယူဆထားတဲ့ ထိပ်တန်း တပည့်တွေအားလုံးကို စုစည်းလိုက်မယ် ။ ပိုင်ကျီဟန်က ဝန်ထုပ်ဝန်ပိုး မဟုတ်ကြောင်း သူတို့ကို စည်းရုံး နိုင်ရင် သူကို လိုက်ခိုင်းလိုက်မယ် ။ ပြတ်ပြတ်သားသား ငြင်းရင် သူ နေခဲ့မှာပါ "
အကြီးအကဲအချို့သည် ချီတုံချတုံဖြစ်နေသော်လည်း အချို့က ဤဖြေရှင်းချက်ကို ကျေနပ်ပုံရသည်။
နောက်ဆုံးတွင် ထိပ်တန်းတပည့်များသည် ပိုင်ကျီဟန်ကို အလွယ်တကူ ငြင်းပယ်လိမ့်မည်ဟု ယုံကြည်ကြသည်။
"သဘောအတိုင်းပဲ မျိုးနွယ်စုခေါင်းဆောင်”
အကြီးအကဲ ပိုင်ဝေ့သည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်မှ အပြုံးတစ်ခု ပေါ်လာသည်။
(မင်း လိုချင်တာ အားလုံးကို ငါလုပ်ပေးပြီးပြီ။ အခု အရာအားလုံး မင်းလက်ထဲမှာ ရှိတယ် သားလေး)
ပိုင်ထျန်းဟမ်သည် တွေးလိုက်သည်။
"ရွေးချယ်ထားတဲ့ ပါဝင်သူအားလုံးကို ချက်ချင်းခေါ်လိုက်။ ဒီနေရာမှာ အခု ဖြေရှင်းမယ်”
ပိုင်ထျန်းဟမ်က အမိန့်ပေးလိုက်၏
အစေခံတွေ ထွက်သွားပြီး သူတို့ ခြေထောက်တွေသည် ခန်းမတွင် ပဲ့တင်ထပ်နေ၏
မိနစ်ပိုင်းအတွင်းတွင် ခန်းမသည် ပိုင်မျိုးနွယ်၏ ထိပ်တန်းလူငယ်ရာဂဏန်းကျော်နဲ့ ပြည့်ပြီး အစွမ်းထက်သော အရောင်အဝါတစ်ခုစီ ဖြာထွက်နေသည်။
အများစုသည် ရွှေဗဟိုနယ်ပယ် အဆင့်တွင်ရှိကြပြီး အချို့သည် ဝိညာဉ်အခြေတည်ကာစအဆင့်သို့ပင်ရောက်ရှိခဲ့ကြသည်။
သူတို့သည် ပိုင်မျိုးနွယ်၏ ဂုဏ်ယူစရာများပင်။
"ဘာလို့ ကျွန်တော်တို့ကို ခေါ်တာလဲ၊ ဒါက ရှေးဟောင်းအပျက်အစီးတွေအတွက် အစည်းအဝေးတစ်ခုလား။"
"ကြည့်။ အကြီးအကဲတွေ အားလုံးလည်း ဒီမှာ ရှိတယ်။ ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ရမယ်။"
စုရုံးနေသော တပည့်များကြားတွင် ညည်းညူသံများ ပျံ့နှံ့သွားသည်။
"အားလုံးပဲ အရေးကြီးတဲ့ကိစ္စအတွက် မင်းတို့ကို ဒီကိုခေါ်လိုက်တာ” ပိုင်ထျန်းဟမ်က စပြော၏
"မင်းတို့ သိတဲ့အတိုင်းပဲ၊ ရှေးဟောင်းအပျက်အစီးတွေပေါ်လာပြီး အားလုံးက ငါတို့ ပိုင်မျိုးနွယ်ကို ကိုယ်စားပြုမယ့်သူတွေပဲ"
ခေတ္တရပ်လိုက်ပြီး သူ့အကြည့်တွေက အေးစက်သွားသည် ။
"ဒါပေမယ့် အကြီးအကဲတွေကြားမှာ အငြင်းပွားမှုတစ်ခုတော့ ရှိတယ်။ တချို့က ငါ့သား ပိုင်ကျီဟန် မပါဝင်သင့်ဘူးလို့ ယုံကြည်ကြတယ်။ သူက မင်းတို့အားလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာကို စိုးရိမ်ကြတယ်။"
တပည့်ငယ် အချို့သည် အံ့အားသင့်ကာ အချို့က ရွှင်မြူးကြသည်။
ပိုင်ကျီဟန်အား အမှိုက်ဟု သတ်မှတ်ခံရသော အတိတ်ကြောင့် တော်တော်များများက အံ့အားသင့်ခဲ့ကြသည်။
အထင်ကြီးစရာကောင်းသော သူ၏ ကျင့်ကြံမှုအကြောင်း မကြာသေးမီက သတင်းတွေအရ တော်တော်များများ သိသော်လည်း သူ့အစွမ်းသတ္တိကို သံသယဝင်နေကြတုန်းပင်
စွမ်းရည်မရှိဘဲ မြင့်မားသော ကျင့်ကြံမှုသည် ၎င်းစွမ်းအား၏ ထက်ဝက်ကိုပင် အသုံးမချနိုင်ပေ
သူတို့၏သခင်လေးသည် ထိုကဲ့သို့သောအန္တရာယ်ရှိသည့် နေရာသို့ဝင်ရောက်ရန် သတ္တိရှိသောကြောင့်လည်း သူတို့ ကြည်နူးခဲ့ကြသည်။
ထောင်ပေါင်းများစွာ သေမဲ့နေရာကို သွားနေသော လူရွှင်တော်တစ်ယောက်လိုပင်
သူ့အဆင့်အတန်း ဘယ်လိုပဲဖြစ်နေပါစေ ၊အထဲမှာက တန်းတူပင်
ဖြစ်နိုင်လျှင် အဖွဲ့လိုက်လုပ်ရမှာတွေ ရှိမည်
ဒါပေမယ့် ပိုင်ကျီဟန် တစ်ခုခု စီမံနိုင်သည်ကို သံသယဝင်မိတဲ့ အတွက် သူတို့ကိုယ်သူတို့လည်း ကာကွယ်ရလိမ့်မည်။
"ဒါကို ဖြေရှင်းဖို့ မင်းတို့ကို ငါတို့ ဆုံးဖြတ်ခွင့်ပေးမယ်။ ပိုင်ကျီဟန်လိုက်ဖို့ မင်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။"
ပိုင်ကျီဟန်သည် အေးအေးဆေးဆေးနှင့် ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် လမ်းလျှောက်လာကာ စုစည်းထားသော အထက်တန်းစားများထံ သူ့အကြည့်များက လွှမ်းခြုံထားသည်။
"အိုး.. အားလုံး ဒီမှာ စုပြီးပြီလား?"
သူက ပြောပြီး လှည့်ကြည့်လိုက်၏။
သူကောင်းကောင်း မှတ်မိသော မျက်နှာတချို့ရှိပြီး တချို့ကတော့ သူ မမြင်ဖူးသော မျက်နှာတွေပင်။ဝိညာဉ်အခြေတည်ကာစအဆင့် သက်ကြီး တပည့်တွေကိုတော့ နှစ်ပေါင်းများစွာ မတွေ့ဖူးပေ
အများစုသည် မျိုးနွယ်မှ ထွက်သွားကြပြီး ရံဖန်ရံခါသာ အလည်အပတ် ပြန်လာကြတတ်သည်။
သူတို့၏ခံစားချက်များသည် အများအားဖြင့်ကြားနေအဖြစ်သာ ။ သူတို့သည် ပိုင်ကျီဟန် နှင့်အနည်းငယ်သာ တွေ့ဖူးပြီး သူပူးပေါင်းခြင်းနှင့်ပတ်သက်၍ ခိုင်မာသောထင်မြင်ချက်မရှိပေ။
ဒါပေမယ့် ပိုင်ကျန့်လို မျိုးဆက်သစ်လူငယ်တွေအတွက်တော့ ဒါဟာ လုံးဝကို ကွဲပြားသည်။
ပိုင်ကျီဟန်ကို မြင်ရုံနဲ့ ဒေါသထွက်သွားပြီး သူ့အဆင့်အတန်းကြောင့် သူတို့နဲ့ ပါချင်သည်ဟူသော အတွေးက သူတို့ကို ပိုဒေါသဖြစ်သွားစေသည်။
ကျွန်တော်တို့ကို စည်းရုံးစေချင်တာလား။
ဘယ်လိုမှမဖြစ်နိုင်ဘူး