သတ္တိလား ရူးတာလား
Vol. 8 Ch. 116
“ငါတို့မှာ ရှေးခေတ်အပျက်အစီးကို ဝင်ဖို့ တစ်ရက်ပဲကျန်တော့တာမို့ အချိန်မဆွဲကြရအောင်”
ပိုင်ကျီဟန်က ဆက်ပြောလိုက်သည်။
“ဒီနေရာမှာ အဲ့ကို ငါသွားဖို့အတွက် မသင့်တော်ဘူးလို့ ထင်သူရှိသလား?”
ပိုင်ကျီဟန်သည် တိုက်ရိုက်မေးလိုက်သည်။
ချက်ချင်းပဲ လက်မြှောက်သူတွေ ပေါ်လာကြပြီး အများစုကတော့ အသက်ငယ်သောမျိုးဆက်တွေဖြစ်ကြသည်။
အသက်ကြီးသူတွေကတော့ ပိုင်ကျီဟန်သည် အမွေဆက်ခံသူ ဖြစ်ပြီး မိသားစုခေါင်းဆောင်ပါ ရှိနေတော့ ငြင်းဆိုရန်ခက်ကြသည်။
ဆိုးဆိုးဝါးဝါး မဖြစ်အောင် သူတို့သဘောတူသယောင် ငြိမ်နေကြ၏
သူတို့သဘောတူနေသည့်တိုင် အများစုက လက်မြှောက်ထားတာကြောင့် သူတို့အမြင်ကို ထပ်ပြောစရာလိုမည်ဟု မထင်ကြပေ
ပိုင်ကျီဟန်သည် လက်မြှောက်သူတွေကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။
တကယ်လို့ လက်မြှောက်တဲ့သူ မရှိဘူးဆိုရင်သာ အံ့ဩစရာပင်
“ဟုတ်ပြီ နားလည်ပြီ”
ပိုင်ကျီဟန်က ပြောလိုက်သည်။
“ ပိုင်ကျန့် မင်းက ဘာကြောင့် ငါသွားဖို့ မသင့်တော်ဘူးလို့ထင်တာလဲ”
ပိုင်ကျီဟန်က မေးလိုက်သည်။
ပိုင်ဖန်းသား ပိုင်ကျန့်သည် မျိုးဆက်သစ် လူငယ်ထဲတွင် အရည်အချင်းအရှိဆုံးသူ တစ်ဦးဖြစ်၏
ပိုင်ကျီဟန်သည် သူ့အား အမုန်းဆုံးသူကို ရွေးမေး၏
“ပိုင်ကျီဟန် မင်းမှာ ဒီလို စွန့်စားခန်းတွေ သွားဖို့အတွက် အတွေ့အကြုံနဲ့ အင်အားတွေ မလုံလောက်ဘူး။ အေးဆေးနေပြီး လေ့ကျင့်နေဖို့ကိုပဲ အကြံပြုချင်တယ်”
ပိုင်ကျန့်က ချက်ချင်းပြန်ဖြေလိုက်သည်။
“ မင်းထင်တာက ငါက အင်အားမရှိဘူးပေါ့။ မင်းတောင် ရွှေဗဟိုနယ်ပယ်နှောင်းပိုင်း အဆင့်တင်ရှိသေးတာလေ”
ပိုင်ကျီဟန်သည် ပြုံးပြီး ပြန်မေးလိုက်သည်။
ပိုင်ကျန့်သည် ထိုအမေးကြောင့် တွန့်ဆုတ်သွားသည်။
ပိုင်ကျီဟန်၏ ရွှေဗဟိုနယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်ပြီဟူသော သတင်းကို မကြာခင်မှ ကြားသိရသောအခါ သူ့အတွက် တကယ်အံ့သဩစရာဖြစ်ခဲ့ရသည်။
သူ့မယုံလို့မရတာက သူ့နောက်လိုက်တစ်ယောက်သည်လည်း ပိုင်ကျီဟန်နဲ့ အတူ မိန်မျိုးနွယ်ကို ဖျက်ဆီးရန်သွားခဲ့ပြီး ကိုယ်တိုင် ပြောပြလို့သာပင်
ထိုသတင်းကိုသိလိုက်သည့်တိုင် ၎င်းက ကျင့်ကြံရေးအဆင့်တစ်ခုသာ ဖြစ်ပြီး ပိုင်ကျီဟန်
စွမ်းအားသည် သူ့ထက်နိမ့်ကျသည်ဟု ဆက်ယုံကြည်နေဆဲပင်
ထို့အပြင် သူသည် အမဲပစ်ပွဲတွေကို မသွားဖူးသလို တခြားအဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုက်သည့် လေ့ကျင့်မှုတွေကိုလည်း မလုပ်ဖူးပေ
“တူညီတဲ့ ကျင့်ကြံမှုအဆင့်တင်ရှိတာနဲ့ ဘာမှမထူးဘူး။ အဲဒီလိုဆိုရင် တခြားသူတွေလည်းသွားလို့ရမှာပေါ့။”
ပိုင်ကျန့်က ပြန်ပြော၏
“အခြားလူတွေလည်း ဒီအမြင်နဲ့ အတူတူပဲလား?”
ပိုင်ကျီဟန်က မေးလိုက်သည်။
အခြားသူတွေအားလုံးက သဘောတူကြောင်း ခေါင်းငြိမ့်ကြသည်။
“ဟုတ်ပါပြီ ၊ မင်းတို့အားလုံးက ငါအားနည်းနေတယ်လို့ ထင်နေကြလား? ငါက ပိုင်မျိုးနွယ်မှာ ရှိမနေတာ ကြာတော့ အားလုံးကို ရိုက်နှက်ပေးခဲ့တဲ့ အမှတ်တရကို သတိမေ့သွားတာ ထင်တယ်။”
ပိုင်ကျီဟန်အသံသည် တိုးတိုးလေးမဟုတ်ဘဲ သူတို့ကို ဒေါသထွက်လာစေသည့်အထိ ကြားရပေသည်။
ပိုင်ကျီဟန်သည် အတွေးထဲနစ်မြောနေသယောင် ဖြစ်ကာ အတွေးပေါက်သွားသလို လက်ခုပ်တီးလိုက်၏
“အိုကေ၊ ဒီလိုလုပ်ကြမယ်။ မကျေနပ်သူရှိရင် တိုက်ကြမယ်။ မင်းတို့ အနိုင်ရင် ငါမလိုက်တော့ဘူး။”
ပိုင်ကျီဟန်က ကြေညာလိုက်သည်။
“သူကလား? ငါတို့နဲ့ တိုက်ဖို့လား?”
ပိုင်ကျန့်သည် ဟာသတစ်ခုကြားရသလို မေးလိုက်သည်။
“မင်းတို့ အကုန်ကြားလား”
“တကယ်တိုက်ဖို့လား ။ ကျင့်ကြံမှုကို ကန့်သတ်မထားပဲလား?”
ပိုင်ကျန့်က မေး၏
“ဟုတ်ပြီ”
“ပိုင်ကျီဟန်၊ မင်း ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ်။ ငါတို့ထဲက တစ်ယောက်ချင်းစီက မင်းကို အလွယ်တကူ ထိုးနိုင်တယ်။ အချိန်ကုန်ခံစရာမလိုဘူး”
ပိုင်ကျန့်သည် ဂုဏ်ယူလျက် ပြောလိုက်သည်။
အခြားသူတွေသည်လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောတူကြပြီး ပိုင်ကျီဟန်ကို တိုက်လျှင် သူတို့အနေနဲ့ အလွယ်တကူ အနိုင်ရမည်ဟု ထင်နေကြသည်။
ထို့အပြင် ပိုင်ကျီဟန်သည် အမြဲတမ်း ကြောက်ရွံ့သူတစ်ယောက်ဖြစ်ပြီး အခြားနည်းလမ်းတွေကို အသုံးပြုကာ သူတို့ကို ဖိနှိပ်တတ်၏ အခုတော့ မျက်နှာချင်းဆိုင် တိုက်မည်ဟု ပြောနေပုံက အချို့သူတွေအဖို့တော့ သူ့တို့နားကိုတောင် မယုံနိုင်စရာပင်
“ဒါပေမယ့် မင်းတိုက်ချင်တယ်ဆိုရင် တစ်ယောက်က တိုက်ပေးလိမ့်မယ်”
ပိုင်ကျန့်သည် ပိုင်ကျီဟန်အား ရိုက်နှက်ဖို့ အခွင့်အရေးကို ဖမ်းဆုပ်ချင်သေး၏။
“မဟုတ်ဘူး ။ နားလည်မှုလွဲနေပြီ”
ပိုင်ကျီဟန်က အမြန်ပြောလိုက်၏။
«ဟားဟား… ပိုင်ကျီဟန်၊ ကြောက်နေလား? မိနစ်ပိုင်းအတွင်း စကား ပြန်ပြောင်းသွားတာလား။ မင်း မတိုက်ချင်တာနဲ့ အဲဒီလိုမပြောသင့်ဘူး”
ပိုင်ကျန့်သည် ထိုအခွင့်အရေးကို လက်လွတ်မခံချင်ပေ
အခြားသူတွေသည်လည်း ပိုင်ကျီဟန်၏ ကြောက်ရွံ့မှုကိုကြည့်ပြီး ရယ်လိုက်ကြသည်။
အချို့အကြီးအကဲတွေသည် လက်ကိုမျက်နှာနဲ့ အုပ်ထားပြီး ပိုင်မျိုးနွယ်မိသားစုဝင် မပြုမူသင့်သည့်အရာတစ်ခုကြောင့် အရှက်ရနေကြသည်။
“ချီးပဲ .. ဘယ်တုန်းက ငါမတိုက်ဘူးလို့ ပြောခဲ့သလဲ”
ပိုင်ကျီဟန်က ဆက်ပြောလိုက်သည်။
“ငါဆိုလိုတာက မင်းတို့ထဲက တစ်ယောက်နဲ့ မတိုက်ဘူး၊ ဒါပေမဲ့ အားလုံးနဲ့ အတူတူတိုက်မယ်လို့ ပြောချင်တာ”
ပိုင်ကျီဟန်က ကြေညာလိုက်သည်။
“ ဘာလဲ”
“ ဒီပိုင်ကျီဟန်က၊…ငါကြားတာ မှန်လား”
“အားလုံးနဲ့ တိုက်ဖို့လား? သူအရူးလား? သူ့ကိုယ်သူ ဘယ်သူလိုထင်နေတာလဲ”
ရှင်းရှင်းပြောရလျှင် ပိုင်ကျီဟန် စကားတွေကို အများစုက မကြိုက်ကြပေ ၊ အထူးသဖြင့် အားလုံး လက်တွဲတိုက်နိုင်သည်ဟု ပြောတာက သူတို့ကို နိမ့်ချနေသည်ဟု ခံစားရလို့ပင်
ပိုင်ကျန့်အပြုံးပါ ပြန်ပျောက်သွားချေသည်။
ပိုင်ကျီဟန်သည် အမြဲတမ်း မာနကြီးတတ်သူဖြစ်သည့်တိုင် ဒီအကြိမ်မှာတော့ လုံးဝအသစ်ဖြစ်သည့် ဂုဏ်ယူမှုမျိုးဖြစ်နေပြီး အချို့ ဝိညာဉ်တည်ကာစအဆင့်ရှိသူတွေပါ ရှိနေတာကို ထည့်စဉ်းစားရလျှင် ဒါက အံ့ဩစရာပင်
“ ပိုင်ကျီဟန် တကယ်ပြောတာလား”
ပိုင်ကျန့်သည် မျက်ခုံးကျုံ့ပြီး မေး၏
“ဟုတ်တယ်”
ပိုင်ကျီဟန်က ပြန်ဖြေလေ၏
“ အားလုံးက ငါတစ်ယောက်တည်းနဲ့ တိုက်ရဖို့ ကြောက်နေရတာလား”
ပိုင်ကျီဟန်က နှိုးဆွလိုက်သည်။
၎င်းသည် လှောင်ပြောင်ခံရသော ပါဝင်
သူများကို ဒေါသဖြစ်စေခဲ့သည်။
"ငါလုံးဝအဆင်သင့်ဖြစ်နေပြီ”
"သွားကြစို့ ကောင်လေးတွေ သူ့ကို သင်ခန်းစာ ပေးမယ်”
" လုံလောက်ပြီ၊ သူက ကောင်းကောင်းရိုက်ခံချင်တယ်ဆိုတော့ ငါတို့ရဲ့ အမွေဆက်ခံသူကို ဘယ်သူက ငြင်းနိုင်မှာလဲ"
ပါဝင်သူများသည် ယခုအခါ ပိုင်ကျီဟန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
အထက်တွင် ပိုင်ထျန်းဟမ်နှင့် အခြားအကြီးအကဲများသည် အရာအားလုံးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ စောင့်ကြည့်နေခဲ့သည်။
ပိုင်ဖန်းက ပြုံးနေ၏ - ပိုင်ကျီဟန်အရူးလိုလုပ်လေလေ။ သူ့အရှုံးက ပိုသေချာလာလေလေပင်
"ဂိုဏ်းခေါင်း ပိုင်ကျီဟန်က ဒါကို ကျော်ဖြတ်ချင်တာ သေချာလား"
ပိုင်ဖန်းက စိုးရိမ်ဟန်ဆောင်ကာ မေးသည်။
(ဘာတွေစီစဉ်နေတာလဲ။)
ပိုင်ကျီဟန် လူတိုင်းကို စိန်ခေါ်သည့်အခါ ပိုင်ထျန်းဟမ်က တွေးမိသည်။
ပိုင်ကျီဟန်တွင် အစီအစဉ်တစ်ခုရှိနေသည်ဟု သူထင်ခဲ့သည့်တိုင် ထိုအရာမျိုးကို မမျှော်လင့်ထားပေ
သို့တိုင် သူ့သားကို ယုံကြည်ရန် ဆုံးဖြတ်ခဲ့သည်။
"ဒါက ပိုင်ကျီဟန် သဘောတူထားတဲ့အရာမလို့ ငါဘာမှ မပြောဘူး"
ပိုင်ထျန်းဟမ်က ပြန်ဖြေလေ၏
ပိုင်ဖန်းအပြုံးသည် ပိုကျယ်လာသည်။
ထို့နောက် ကျယ်လောင်သော အသံဖြင့် ကြေညာသည်။
"ပိုင်ကျီဟန်ရဲ့ ပါဝင်မှုကို သဘောမတူတဲ့သူတိုင်း စုဝေးကြပါ။ အားလုံးက ပိုင်ကျီဟန်ကို တိုက်ခိုက်ရမယ်။ ပိုင်ကျီဟန်အနိုင်ရရင် သူက ပါဝင်သူတစ်ယောက်ဖြစ်လာမှာပါ။"
ပိုင်ဖန်းက ကြေညာသည်။
"ခဏလေး”
ပိုင်ကျီဟန်သည် ကြားဖြတ်ပြောလိုက်သည် ။
"ဘာဖြစ်တာလဲ ပိုင်ကျီဟန်"
ပိုင်ဖန်းက မေးလေ၏
"ပါဝင်ဖို့သက်သက်ပဲလား။ လူတော်တော်များများနဲ့ တိုက်ပွဲက ဒါပဲဆို တရားမျှတတဲ့ပုံမပေါ်ဘူး။ အဲဒါကို ငါအနိုင်ရရင် ဒီလေ့လာရေးခရီးရဲ့ ခေါင်းဆောင်ဖြစ်ရမယ်"
ပိုင်ကျီဟန်သည် အကြံပြုလိုက်သည်။
"ကောင်းပြီ၊ ခေါင်းဆောင်ရာထူးက ဘယ်လိုပဲဖြစ်ဖြစ် မဆုံးဖြတ်ရသေးဘူး၊ လူတော်တော်များများကို အနိုင်ယူနိုင်ရင် ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်။"
ပိုင်ကျီဟန် ထိုအခွင့်အရေးကို ရမည်ဟု လုံးဝ မယုံကြည်တာကြောင့် ပိုင်ဖန်းအဖို့ ဒါက ပြသနာမရှိပေ
"ပိုင်ကျီဟန်ရဲ့ ပါဝင်မှုကို သဘောမတူတဲ့သူတွေက သူ့ကို တိုက်ကြ။ ။ ပိုင်ကျီဟန် အနိုင်ရရင် သူက ခေါင်းဆောင်ရာထူးကို ရလိမ့်မယ်။ မဟုတ်ရင် သူ လိုက်လို့ရမှာ မဟုတ်ဘူး။"