ပြောင်းလဲသွားသော ဆက်ခံသူ
Vol. 8 Ch. 117
ပိုင်မျိုးနွယ်မှ ပါဝင်သူ ၄၀ ခန့်ရှိသည်။
ဒါတောင် ပိုင်မျိုးနွယ်၏ ရွေးချယ်မှုကို ဖြတ်ကျော်သူတွေသာ ။ ပိုင်ရွှယ်ချင်းကဲ့သိူ့ ၎င်းတို့၏ သက်ဆိုင်ရာ ဂိုဏ်းခွဲများမှတစ်ဆင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြသူများလည်း ရှိသည်။
ထိုအယောက်၄၀ ထဲမှ ၂၀ နီးပါးသည် ပိုင်ကျီဟန်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပြီး တိုက်ခိုက်ဖို့တောင် အဆင်သင့်ဖြစ်နေချေသည်။
၎င်းတို့အနက် ဝိညာဉ်အခြေတည်ကာစအဆင့် သုံးဦးသာ ရှိပြီး ကျန်သောသူများသည်
ရွှေဗဟိုနယ်ပယ် အဆင့်တွင်ရှိကြသည်။
သို့သော်ဝိညာဉ်အခြေတည်ကာစအဆင့် ကျင့်ကြံသူများသည် ရွှေဗဟိုနယ်ပယ် အဆင့်တွင်သာရှိသော ပိုင်ကျီရန်ကိုအနိုင်ယူရန် လိုအပ်သည်ဟု မထင်ခဲ့ကြပေ
ကောလာဟလများ မှန်ကန်လျှင် သူသည် ကောင်းကင်အဆင့် နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီး အရိပ်ကိုးပါးအလင်းတန်းဓားကို ကျွမ်းကျင်သည့်တိုင် သူတို့ လူအရေအတွက်အား အနိုင်ရရန် မဖြစ်နိုင်ကြောင်း ယုံကြည်ကြသည်။
တခြားသူတွေကတော့ မလိုအပ်ဘူး ထင်တာကြောင့် သို့မဟုတ် မျိုးနွယ်စု၏ နိုင်ငံရေးတွင် မပါဝင်ချင်တာကြောင့် မပါဖို့ ရွေးချယ်ခဲ့တာပင်
"ဒါဆို အားလုံး အဆင်သင့်ဖြစ်ပြီလား။ စလိုက်တော့”
ပိုင်ဖန်းက ကြေညာလိုက်သည်။
သို့သော် သူ့ပါးစပ်မှ စကားထွက်လိုက်သည်နှင့် ပိုင်မင်သည် ရုတ်တရက် ရှေ့သို့ တိုးဝင်လာပြီး မျက်နှာပေါ်တွင် အပြုံးပေါ်လာ၏
"အားလုံးပဲ အေးဆေးနေပါ။ ဒီမာနကြီးတဲ့ အမွေဆက်ခံသူကို ဖြေရှင်းဖို့ မင်းတို့ အကူအညီ မလိုဘူး။"
သူ့အသံသည် ယုံကြည်မှုအပြည့် ရှိနေပြီး တချို့က ခေတ္တရပ်လိုက်ကြကာ တချို့က ခေါင်းညိတ်ကြ၏ တချို့က လိုလိုလားလာရ နောက်ပြန်ဆုတ်သွားကြသည်။
တကယ်တော့ ပိုင်မင်သည် သူတို့ထဲတွင် အသန်မာဆုံးတစ်ယောက်ပင်။ ပိုင်ကျီဟန်ကို အရှက်တကွဲ ဖြစ်အောင် လုပ်မှာကို ဘာကြောင့် နှောက်ယှက်ရမည်နည်း ။
ထို့အပြင် ပိုင်ကျီဟန်ကို တိုက်ခိုက်ရန် သဘောတူခဲ့သော်လည်း ၎င်းတို့သည် သူ့အား မတရားသဖြင့် တိုက်ခိုက်ရန် ကြံစည်ခဲ့ခြင်း မရှိပေ။
အများစုသည် သူ့ကို သင်ခန်းစာပေးချင်ကြပြီး တစ်ယောက်တည်းတောင် လုပ်နိုင်သည်ဟု ယုံကြည်ကြသည်။
ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ နှုတ်ခမ်းများ တွန့်လိမ်ပြီး လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
ထိုသို့ မာနကြီးသော အရူးတွေစုပြီး သူ့ကို တိုက်ခိုက်မည်ဟု မျှော်လင့်ထားတာ မဟုတ်ပေ
ဟဲဟဲ!
ပိုင်မင်သည် ရူးသွပ်သော အရှိန်ဖြင့် ရွေ့လျားသွားပြီး ပိုင်ကျီဟန်ဆီသို့ တိုက်ခိုက်လိုက်စဉ် သူ့ပုံသဏ္ဍာန်သည် မှုန်ဝါးကာ မိုးကြိုးပစ်သလိုမျိုး သူ့လက်သီးများ ရှေ့သို့ လိမ့်သွားသည်။
"ဒါက ကိုယ်ရေးကိုယ်တာကြောင့် မဟုတ်ဘူး၊ ဒါပေမယ့် မင်းရဲ့နေရာကို သိအောင် သင်ပေးတာ။"
ပိုင်မင်က အော်လိုက်သည်။
ပိုင်ကျီဟန်သည် မျက်တောင်တောင် မခတ်ပေ
သူ့ပုံသဏ္ဍာန်သည် တရိပ်ရိပ်ပြောင်းသွားပြီး မှုန်သွားကာ ပျင်းရိလုနီးပါးဖြစ်နေပုံရ၏
ဂျွတ်
ပိုင်မင်၏ အသံသည် လည်ချောင်းထဲတွင် နစ်မြှပ်သွားပြီး ပိုင်ကျီဟန်၏ လက်သီးသည် သူ့အူထဲတွင် နစ်မြုပ်နေသဖြင့် မျက်လုံးများ ပြူးသွားသည် ။
ပြင်းထန်သော တွန်းအားသည် လေထဲသို့ လှိုင်းလုံးကြီးတစ်ခုကို ပို့လွှတ်လိုက်သည်။
"ဂလူး”
ပိုင်မင်၏ မျက်နှာသည် နာကျင်နေပြီး သူမတုံ့ပြန်နိုင်မီတွင် ပိုင်ကျီဟန်၏ ဒူးသည် သူ့မေးစေ့ကို ထိသွားကာ မြေပြင်ပေါ်မှ မြှောက်တက်သွားသည်။
ထို့နောက် ပေါ့ပေါ့ပါးပါး လက်ဖဝါးရိုက်သံသည် သူ့ရင်ဘတ်ပေါ် ပြုတ်ကျလာကာ အရုပ်ကလေးလို အနောက်သို့ လွင့်သွားစေသည်။
ပိုင်မင်သည် မြေပြင်ကို ပြုတ်ကျကာ လဲကျပြီး နောက်ဆုံးတွင် မလှုပ်မယှက်နဲ့ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဖုန်မှုန့်များ ကျရောက်နေသည်။
ဘုန်း
အခြားလူများသည်လည်း တိတ်ဆိတ်ငြိမ်သက်စွာ ငေးကြည့်နေကြသည်။
"အဲဒါ... အဲဒါ ပိုင်မင်ပဲ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ပတ်သက်ရင် သူ့မျိုးဆက်မှာ အပြင်းထန်ဆုံးထဲက တစ်ယောက်ပဲ"
"ပြီးတော့ သူ... လွယ်လွယ်နဲ့ အရိုက်ခံရတာလား။"
"ဘယ်လို... ဘယ်လိုတောင် ချီမသုံးဘဲ ပိုင်ကျီဟန်က သန်မာနိုင်မှာလဲ"
"သူ့ခန္ဓာကိုယ်က ပိုင်မင်ထက်တောင် ပိုအစွမ်းထက်နေသလား။ ဒါမဖြစ်နိုင်ဘူး၊ သူက လေ့ကျင့်ဖို့တောင် ခက်ခဲတာလေ”
ပိုင်ကျီဟန်သည် သူတို့ထဲတွင် အပြင်းထန်ဆုံးဟု ယူဆရသည့် ပိုင်မင်ကို မည်မျှ လွယ်ကူလျင်မြန်စွာ ဖယ်ရှားခဲ့သည်ကို မယုံနိုင်ဖြစ်နေ၏
ပိုင်ကျီဟန်နဲ့ ပိုင်မင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့်သာ ရှိပြီး ချီ ပါဝင်မှုအနည်းငယ်သာရှိ၏
ပိုင်ကျီဟန်က ထိပ်ဆုံးမှာ ရှိနေတာလား။
ပိုင်ကျီဟန် မည်မျှပျင်းရိတတ်ကြောင်း သိသည့် ပိုင်မျိုးနွယ်ဝင် အဖွဲ့ဝင်တွေအတွက် ဒါက မဖြစ်နိုင်ဘူးဟု ထင်ရသည်၊
ပိုင်ကျီဟန်သည် နောက်ထပ် စိန်ခေါ်သူ တစ်ဦးကို စောင့်ဆိုင်းခဲ့သော်လည်း ၎င်းတို့သည် လှုပ်ရှားရန် အလွန်တုန်လှုပ်နေသေးသည်။
သူ၏ လှောင်ပြောင်သော အသံသည် သူတို့၏ မယုံကြည်နိုင်မှုကို ဖြတ်တောက်ပစ်လိုက်သည်။
"လာ၊ ဒါကို ကြည့်ဖို့ ဒီမှာရှိနေတယ်လို့ မပြောနဲ့"
သူ၏ အပြုံးသည် ကျယ်လောင်လာပြီး ရှုတ်ချမှုနဲ့အတူ ပိုကျယ်ပြန့်လာသည်။
"မင်းတို့နှစ်ဆယ်က ငါ့ကို တိုက်မယ်ဆိုပြီး အခုကျ လှုပ်ဖို့တောင် ကြောက်နေပြီလား? အင်း၊ အဲဒါကို ကူညီပါရစေ။"
အိုး
ပိုင်ကျီဟန်သည် မှုန်ဝါးသွားပြန်၏။
တခဏချင်းမှာပဲ သူသည် တခြားတပည့်တစ်ယောက်ရှေ့ ပေါ်လာပြီး သူ့လက်ဖဝါးသည် ထိုလူ့မျက်နှာပေါ် ကျရောက်ကာ နောက်လွင့်သွားစေသည်။
ထိုကောင်လေးသည် သတိမထားမိဘဲ တုံ့ပြန်မှုပင်မပြုနိုင်ခဲ့ပေ။ ပိုင်ကျီဟန်၏အရှိန်သည် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
မိန်းကလေးတစ်ယောက်သည် သူ့ဓားကို အမြန်လွှဲဖို့ ကြိုးစားပေမယ့် ပိုင်ကျီဟန်လက်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
"ဂါး”
သူမ၏ တုံ့ပြန်မှုသည် လျင်မြန်သော်လည်း ပိုင်ကျီဟန်၏ တိုက်ခိုက်မှုသည် ပိုမြန်ဆန်နေသည်။
သူသည် သူမကို ရှေ့သို့ ဆွဲကာ ဒူးကို သူမ၏ဗိုက်ထဲသို့ ထိုးသွင်းပြီး
မြေပြင်ပေါ်သို့ လဲချလိုက်သည်။
"နောက်တစ်ယောက်”
ပိုင်ကျီဟန်သည် အော်လိုက်ပြီး သူ့အသံက စစ်ပွဲအသံ အပြည့်နဲ့ပင်
ထို့နောက် ပရမ်းပတာတွေ စတင်ခဲ့သည်။
နောက်ဆုံးတွင် ကျန်တပည့်များသည် ထိတ်လန့်မှု၊ မာနနှင့် ဒေါသတို့ လွှမ်းခြုံသွားကြသည်။
"ငါတို့ကို မကဲ့ရဲ့စေနဲ့၊ သူ့ကို တိုက်”
ပိုင်ကျန့်သည် ဒေါသတကြီး အော်လိုက်သည်။
ပိုင်မျိုးနွယ်၏ လူရွှင်တော်သည် သူတို့အထဲတွင် အပြင်းထန်ဆုံး ပိုင်မင်နဲ့ နောက်ထပ် နှစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း ဖြုတ်ချသွားတာကို သူတွေးနေတုန်းပင်
၎င်းတို့နှစ်ဦးသည် သူ သို့မဟုတ် ပိုင်မင်လောက် မသန်မာသော်လည်း ၎င်းတို့သည် ပါဝင်သူများအဖြစ် ရွေးချယ်ခံရသည့် အထက်တန်းစားများ ဖြစ်နေဆဲပင်
အမှိုက်ဟု ခေါ်သော အညစ်အကြေးက
ဘာမှမဟုတ်သလို ဖယ်ထုတ်ပစ်လိုက်၏
သူ့ထက်သာလွန်သောအရည်အချင်းရှိသည့် မျိုးဆက်ဟောင်းကတော့ ပိုင်ကျန့် အမိန့်ကို မနာခံကြပေ။ သူသည်
ထိုအခွင့်အာဏာနှင့် မထိုက်တန်ပေ
သို့ပေမဲ့ မျိုးဆက်သစ်လူငယ်တွေကတော့ ကွဲပြား၏ သူတို့သည် ခေါင်းဆောင်လို ပြုမူသည့် ပိုင်ကျန့်နောက်ကို လိုက်လေ့ရှိသည်။
တပည့်ခုနစ်ယောက်သည် ပိုင်ကျီဟန်ကို ချက်ချင်းဝိုင်းရံပြီး သူ့လွတ်မြောက်ဖို့ လမ်းစပင် မချန်ခဲ့ပေ
"ပိုင်ကျီဟန် ၊ မင်း လွတ်ဖို့ လမ်းမရှိဘူး"
ပိုင်ကျန့်သည် ပျော့ညံ့သူဟု သူထင်ခဲ့သူကို ထိန်းနိုင်ဖို့ တပည့်များစွာကို အားကိုးရကြောင်း မေ့ကာ မောက်မာစွာ ထုတ်ဖော်
ပြောဆိုလိုက်သည်။
“လွတ်မြောက်ဖို့လား ဘယ်သူလဲ.. ငါလား”
ပိုင်ကျီဟန်က ရယ်လေ၏
သူ လွတ်မြောက်ချင်လျှင် အရင် တမင်တကာ ချဉ်းကပ်မည်လော
အောင်ပွဲရမည်ဟု ယစ်မူးနေသူတစ်ယောက်ကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့ အသုံးမ၀င်ပေ
သူတို့သည် ရှေ့သို့ တိုးလာပြီး လက်နက်များဆွဲရင်း ချီတဟုန်ထိုး ခုန်တက်လာကာ ပိုသ်ကျီဟန်ကို တိုက်ခိုက်လိုက်ကြသည်။
သူတို့ထဲမှ တစ်ယောက်သည် ဓားကို လွှဲလိုက်ရာ ဓားသည် ပြင်းထန်စွာ တောက်လောင်နေလေသည်။
သို့သော် သူ၏ဓားသည် ပိုင်ကျီဟန်ကို မထိမီတွင် မှုန်ဝါးသော လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။
ဂျွတ်!
သူ၏လက်ကောက်ဝတ်သည် ထောင့်သို့ လိမ်သွားကာ ဆုပ်ကိုင်ထားသည့်ဓား လွင့်သွားပြီး သူ၏ရင်ဘတ်ထဲသို့ ရက်စက်စွာကန်သွင်းခံလိုက်ရ၏ ထို့နောက် လွင့်ပျံသွားကာ သူ၏ခန္ဓာကိုယ်သည် အခြားတပည့်တစ်ဦးထံ ကျရောက်သွားသည်။
"ခွေးကောင်”
နောက်တစ်ယောက်သည် ပိုင်ကျီဟန်ကို မီးတောက်နေသော လက်သီးနဲ့ ချိန်ရွယ်ရင်း သူ့လက်ဖဝါးသည် အနီရောင် မီးတောက်တွေနဲ့ တောက်လောက်နေ၏
သို့ပေမဲ့ ပိုင်ကျီဟန်သည် လွယ်လွယ်ကူကူနဲ့ ရှောင်ထွက်သွားပြီး တိုက်ခိုက်သူ၏လက်ကို ဖမ်းပြီး ရှေ့ကို ဆန့်ထုတ်လိုက်သည်။
ဘုန်း
သူ၏ ဒူးခေါင်းသည် တပည့်၏ မျက်နှာနှင့် ဆုံမိချေ၏ ထိုလူ၏နှာခေါင်းရိုး ကွဲအက်ကာ သွေးများ ဖြန်းခနဲထွက်ပြီး နာကျင်စွာ အော်ဟစ်နေသည်။
အထက်မှ အကြီးအကဲများသည် အံ့အားသင့်စွာ ကြည့်နေကြသည်။
ပိုင်ဖန်း အပြုံးက ပျောက်သွားချေပြီ
အရည်အချင်းမရှိဘဲ ပြဿနာပဲရှာတတ်သည့် သခင်လေးသည် ဘယ်ရောက်သွားသနည်း။
သူတို့ သိထားပုံနဲ့ လုံးဝကို မတူတော့ပေ
ပိုင်ထျန်းဟမ် အကြည့်တွေက စူးရှသည့်တိုင် သူ့နှုတ်ခမ်းမှာ အပြုံးလေးတွေ ပွင့်နေ၏
(ဒါဆို… ဒါက ငါ့သား ဖုံးကွယ်ထားတဲ့ ခွန်အားပဲ)။
သန်မာလွန်း၏
ရလဒ်ကို မဆုံးဖြတ်ရသေးသော်လည်း ပိုင်ကျီဟန်သည် ၎င်းတို့အားလုံးကို သက်သေပြခဲ့ပြီးဖြစ်သည်။
သူသည် သူတို့သိခဲ့ဖူးသော ပုဂ္ဂိုလ်မဟုတ်တော့ဘဲ ပိုင်မျိုးနွယ်၏ အထက်တန်းလွှာများစွာကိုပင် တိုက်နိုင်ခဲ့သည်။
အစောပိုင်းက ပါရမီရှင်သုံးယောက်ကို အနိုင်ယူပြလိုက်ရုံနဲ့ သူ့အစ်မ ပိုင်ရွှယ်ချင်းလိုမျိုး ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့သည်။
ပိုပြီး အရေအတွက် များနေသော တပည့်များကို မဆိုထားနှင့်
အနည်းဆုံး သူ့သား၏ ကျင့်ကြံမှုသည် ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားသည်ကို သိလိုက်ရသည့်အတွက် ဝမ်းသာမိသော်လည်း ၎င်းမှာ လုံးဝခြားနားသည်။
ကျင့်ကြံမှုအဆင့်သည် တူညီသောအဆင့်ရှိ လူများစွာကို ကောင်းစွာတိုက်ခိုက်နိုင်သည်ဟု အမြဲတမ်းမဆိုလိုပေ
သူ၏ ကျင့်ကြံမှုသည် ပါရမီရှင့်အဆင့်တွင် တစ်ခုတည်းသော အရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားစေသည် ။ သူ၏ တိုက်ခိုက်ရေး နည်းစနစ်နှင့် ကိုယ်ကာယသည် ထိပ်တန်း ပါရမီရှင်တစ်ဦးနှင့် တန်းတူဖြစ်သည်။
(မဟာအကြီးအကဲက ကျီဟန်အာအကြောင်းပြောတုန်းက အရမ်းစိတ်လှုပ်ရှားနေပုံက အံ့ဩစရာမရှိပါဘူး။)
"ဘာလုပ်နေတာလဲ၊ သူ့ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်”
ပိုင်ကျန့်သည် ဒေါသတကြီး အော်လိုက်သည်။
ဒါပေမယ့် မုန်တိုင်းတိုက်နေသလိုပင်
ပိုင်ကျီဟန်၏ ရုပ်သွင်သည် တစ္ဆေသရဲကဲ့သို့ ပျောက်ကွယ်သွားပြီး သူတို့ကြားတွင် လှုပ်ရှားသွားသည်။
လက်သီးတစ်ချက်သည် မေးရိုးကို ကွဲသွားစေသည်။ တံတောင်ဆစ်က ပုခုံးကို ကွဲသွားစေသည်။ ကန်ချက်ကြောင့် နောက်ထပ် တစ်ယောက် လဲကျသွားသည်။
စက္ကန့်ပိုင်းအတွင်း နောက်ထပ်လေးဦးသည် မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းတွားနေခဲ့သည်။
ပိုင်ကျန့်၏ မျက်နှာသည် ဒေါသအမျက်ထွက်နေ၏ ။ သူသည် ဘေးမှာရပ်နေပြီး အမှိုက်ဟုခေါ်သော သူ့အကိုဝမ်းကွဲမှ သူတို့အပေါ်အရှက်ခွဲမည်ကို စောင့်နေမည် မဟုတ်ပေ
"လူတိုင်း၊ အာရုံစိုက်.. မျက်စိစုံမှိတ် မတိုက်ခိုက်နဲ့၊ သူ့ကို အချိန်ယူတိုက်”
ပိုင်ကျန့်သည် အော်လိုက်ပြီး သူ့အသံက တခြားသူတွေကို ထိတ်လန့်တုန်လှုပ်သွားစေပုံရသည်။
သူ့ဓားကို ထိုးချလိုက်သည်နှင့် ပိုင်ကျီဟန်၏ပခုံးဆီသို့ တိကျစွာ ထိန်းချုပ်ထားသော ထိုးနှက်ချက်တစ်ခုဖြင့် ပျံ့လွင့်သွားသည်။
ကလန်!
ပိုင်ကျီဟန်လက်သည် ပိုင်ကျန့်ဓားနဲ့ တွေ့ပြီး လှိုင်းလုံးကြီး ထွက်လာသည် ။
"အိုး? နောက်ဆုံးတော့ မင်း လာပြီ။
ထိုင်ပြီး ဘယ်လောက်ကြာကြာ အော်ဖို့ တွေးနေမလဲ ငါသိချင်နေတာ"
ပိုင်ကျီဟန်က ပြုံးပြလိုက်သည်။
"ပါးစပ်ပိတ်ထား”
ပိုင်ကျန့်သည် တံတွေးထွေးကာ သူ့လက်ကောက်ဝတ်ကို လှန်ပြီး ပိုင်ကျီဟန် နောက်ဆုတ်သွားဖို့ ကြိုးစားစဉ် အပြာရောင် ချီနှင့်ဓားမီးသည် တောက်လောင်လာ၏
သို့ပေမဲ့ ပိုင်ကျီဟန်ကတော့ မတုန်လှုပ်ပေ။သူ့လက်သည် ဓါးကို ဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးတစ်ဝိုက်တွင် ချီသည် ဒိုင်းတစ်ခုလို တောက်ပနေသည်။
"မဆိုးဘူး”
ပိုင်ကျီဟန်သည် စစ်မှန်သော ချီးကျူးစကားဖြင့် မှတ်ချက်ပေးခဲ့သည်။
"ဒါပေမယ့် မင်းဒီထက် အများကြီး ပိုလိုလိမ့်မယ်။"
ရုတ်တရက် သူသည် ဓားကို ဘေးသို့ တွန်းချလိုက်ပြီး ပိုင်ကျန့်ခြေထောက်ကို ပြင်းပြင်းထန်ထန် ကန်သွင်းလိုက်လေသည်။
ပိုင်ကျန့်သည် သူ့ခန္ဓာကိုယ်အပေါ် အပြည့်အဝ သက်ရောက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း အင်အားက သူ့ကို နောက်ပြန်ဆုတ်သွားစေသည်။
(သူ့ခန္ဓာကိုယ်က ဘယ်လိုတောင် အစွမ်းထက်နေတာလဲ။)
ပိုင်ကျန့်သည် တွေးလိုက်သည်။
ယခင်ကလည်း ပိုင်ကျီဟန်၏ ရိုက်နှက်ဆုံးမခြင်း ခံခဲ့ရပြီး ပိုင်ကျီဟန်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပုံကို သတိရမိသည်။ အခုတော့ သူ့ကို ပြန်ပြီး တွေးနေရသည်။
အခြားတပည့်များသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူရန် ကြိုးစားသော်လည်း ဟာရီကိန်းမုန်တိုင်းကို တိုက်ခိုက်သလိုမျိုး ဖြစ်နေ၏ ။
အခြားတစ်ဦးသည် လက်ကျိုးသွားကာ မိန်းကလေးတစ်ဦးက ဓားကို လွှဲရန် အသုံးပြုခဲ့သော်လည်း အခြားတပည့်တစ်ဦးအား သူမဆီသို့ ရက်စက်ကြမ်းကြုတ်စွာ လွင့်ပျံစေခဲ့သည်။
သို့ပေမဲ့ ပိုင်ကျန့်ကတော့ နောက်ပြန်ဆုတ်ဖို့ ငြင်းဆိုခဲ့သည်။ သူ၏ဓားသည် ကခုန်နေ၏ လျင်မြန်ပြီး တိကျစွာ ထိုးနှက်ကာ သူ့ခြေထောက်ကို ဆက်ထိန်းနိုင်ခဲ့သည်။
အမှန်တော့ ယင်ကောင်များကဲ့သို့ အလဲထိုးခံရသော အခြားတပည့်များနှင့် နှိုင်းစာလျှင် ပိုင်ကျန့်သည် အသိစိတ်မပျောက်ဘဲ တိုက်ခိုက်နိုင်ခဲ့သည်။
သူသည် ယခုအဖွဲ့တွင် အသန်မာဆုံးဖြစ်ကြောင်း သိသာထင်ရှားသည်။ သူသည် အခြားသူများကဲ့သို့ ထိတ်လန့်တကြား မအော်ရုံမျှမက ၎င်းတို့၏ အားထုတ်မှုများကို ပေါင်းစပ်ရန် ကြိုးစားနေသည်။
သို့သော် သူ၏ခေါင်းဆောင်မှုဖြင့်ပင် အခြားတပည့်များက သူ့ကိုအမှီမလိုက်နိုင်သောကြောင့် အသုံးမဝင်ပေ။
နောက်ဆုံးတစ်ယောက်ဖြစ်သည့် လှံကိုင်ထားသော မိန်းကလေးသည် ရှေ့သို့ထိုးချလိုက်ပြီး သူမ၏အမူအရာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
"အဲ့မှာနေ”
သူမ၏ အသံသည် တုန်လှုပ်သွားသော်လည်း သူမ၏ တိုက်ခိုက်မှုမှာ စူးရှသည်။
ပိုင်ကျီဟန်သည် သံကဲ့သို့ လှံတံကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
“လှံက ကောင်းလိုက်တာ” ဟု လှောင်ပြောင်ရင်း ရှေ့သို့ ယမ်းလိုက်ရာ ကောင်မလေးက မျက်လုံးပြူးသွားသည်။
ဘုန်း!
သူ့လက်က ရှေ့ကို လှမ်းဆွဲပြီး သူမ၏လည်ပင်းနောက်ကို ထိလိုက်ရာ သတိလစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ပိုင်ကျီဟန်သည် လှံကို လှည့်ပတ်ပြီး ပစ်လိုက်သည်။
သူ လှည့်ပတ်ကြည့်လိုက်လေ၏ သူတို့ ခုနစ်ဦးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ အချို့က ညည်းတွားကြပြီး အချို့မှာ သတိလစ်သွားကာ တိုက်ခိုက်နိုင်သူမှာ ပိုင်ကျန့်သာ ရှိတော့သည်။
"ဝိုး၊ အဲဒါ သနားစရာပဲ”
ပိုင်ကျီဟန်သည် ရယ်မောလိုက်ပြီး အံ့အားသင့်နေသော တိတ်ဆိတ်မှုကို သူ့အသံလွှမ်းသွား၏
"ဒါက ပိုင်မျိုးနွယ်ရဲ့ အကောင်းဆုံးပဲလား?"