← Chapters

၈ နောက်တစ်ယောက်လာခဲ့

Vol. 8 Ch. 118

၈ နောက်တစ်ယောက်လာခဲ့

Vol. 8 Ch. 118

ကြည့်နေသူတွေအားလုံးသည် အသံတိတ်သွားကာ အံ့အားသင့်ခြင်းနဲ့ မယုံနိုင်ခြင်းတို့က သူတို့ မျက်နှာပေါ်မှာ ပေါ်လာချေသည်။

“မင်း-မင်း”

ပိုင်ကျန့်အသံသည် တုန်နေ၏သူမယုံနိုင်ပေ ဒါက မည်သို့ ဖြစ်နိုင်မည်နည်း ။ ပိုင်ကျီရန်အား သူလှောင်ပြောင်သလို ပြန်လုပ်ခံနေရ၏

ပိုင်ကျန့်က လပ်သီးဆုပ်လိုက်ချေ၏

လက်ဝါးသည် တင်းသွားပြီး မျက်နှာအရောင်ဖျော့သွားသော်လည်း ဂုဏ်သိက္ခာကြောင့် နောက်ပြန်လှည့်ဖို့ စိတ်ကူးမရှိပေ

“အားလုံးပဲ”

ပိုင်ကျန့်သည် လူတွေကို စုဖို့ အော်လိုက်

သည်။

“ဒီအချိန်မျိုးမှာ အားလုံးပါဝင်ရမယ် မထင်ဖူးလား “

ကျန်နေသော တပည့်အဖွဲ့သည်

တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ငြိမ်သက်နေကြသည်။

မျိုးဆက်သစ်တွေကို မျိုးဆက်ဟောင်းက ဖြေရှင်းရမည့်အချိန် ရောက်လာမည်ဟု မထင်ပေ

ပါရမီရှင် ပိုင်ရွှယ်ချင်းနဲ့ပင် ထိုသို့သော ကိစ္စမရှိခဲ့ပေ

ပိုင်ကျီဟန် ပြသထားသော စွမ်းအားကြောင့် အများစုက သူ့အား ပါဝင်ခွင့်ပေးရန် ပြဿနာမရှိတော့ပေ

ဒါပေမဲ့ “ခေါင်းဆောင်” ဖြစ်ခွင့်အနေနဲ့တော့ မလုံလောက်သေးဟု သူတို့ယုံကြသည်။

“သခင်လေး မင်းခွန်အားက အတော်လေး အားကောင်းပါတယ်။ ဒါပေမဲ့ နောက်တစ်လှမ်းဆုတ်ပြီး ပါဝင်သူအနေနဲ့ နေပါလား။ ကျွန်တော်တို့ကို ခေါင်းဆောင်ဖို့တော့ အတွေ့အကြုံ မလုံလောက်သေးဘူးလေ”

ဝိညာဉ်အခြေတည်ကာစအဆင့်က ပြောလေ၏

အစောပိုင်းမှာတော့ ပိုင်ကျီဟန်ကို သူမှတ်မိသည့် အမှိုက်ကဲ့သို့ ထင်နေသေးပေမဲ့ အခုတော့ ပြောင်းသွားချေပြီ။

အနာဂတ်မှာ ပိုင်ကျီဟန်သည် ဂိုဏ်းခေါင်းဆောင်ဖြစ်လာမည်မှာ သေချာ၏ ထိုအချိန်တွက် ပြသနာတွေ ပိုဆိုးအောင် မလုပ်ချင်ပေ

ပိုင်ကျီဟန်သည် ယခင်ကမရှိဖူးသော သူ့ခွန်အားနဲ့ စွမ်းရည်အသစ်တွေဖြင့် ဆွဲဆောင်နိုင်ခဲ့ပြီပင်

ပိုင်ကျန့်ကတော့ ပိုဒေါသထွက်နေ၏

ထိုမျိုးဆက်ဟောင်းတွေသည် သူ့စကားကို နားမထောင်ဘဲ ပိုင်ကျီဟန်အပေါ် ထိုသို့ သိမ်ငယ်သော အပြုအမူတွေတောင် ပြသနေချေပြီ

ထို့အပြင် သူ၏လက်စားချေခြင်းနှင့်ပတ်

သတ်ပြီးတော့ရော။ တိုက်ပွဲသည် ယခုရပ်တန့်သွားပါက ဘယ်လို ကြည့်နေပါစေ ပိုင်ကျီဟန် အောင်နိုင်မည်သာ။

အကယ်၍ ဆက်သွားပါက ပိုင်ကျီဟန်သည် လူဆယ်ဦးထက်မနည်း တိုက်ရမည်ဟု ယုံကြည်ထားပြီး သုံးယောက်မှာ ဝိညာဉ်အခြေတည်ကာစ အဆင့်တွင် ရှိနေသည်။

"ဟူး။ မင်းကြောက်ရင် လက်မြှောက်ပြီး အရှုံးပေးလိုက်ပါ။ မဟုတ်ရင် မင်းပါးစပ်ကိုပိတ်ထား”

ပိုင်ကျီဟန်က မောက်မာစွာ အမိန့်ပေး၏

ပိုင်ကျီဟန်၏ တုံ့ပြန်မှုကို ကျင့်ကြံသူသည် စိတ်ဆိုးခြင်း မရှိပေ

အမြဲတမ်း မရိုမသေ ပြုမူတတ်သော ပိုင်ကျီဟန်ပုံစံ မဟုတ်ရင်သာ တစ်မျိုး ဖြစ်နေမည်

"အင်း ငါမင်းကိုသတိပေးထားတယ်”

ဤသို့ပြောရင်း နောက်ဆုံးတွင် သူ၏ ဝိညာဉ်အခြေတည်ကာစအဆင့်သည် ကျင့်ကြံမှုကို လွှတ်ပေးခဲ့သည်။

"ပိုင်ကျိီဟန် ၊ မင်းအရင်ကလို ပျော့ညံ့တဲ့လူမဟုတ်ကြောင်း သက်သေပြခဲ့ပြီးပြီ၊ ဒါပေမယ့် မာနက မင်းကို ကျဆုံးသွားစေလိမ့်မယ်"

သူရွှေ့လိုက်သည်။ အရှိန်နဲ့အတူ သူ့လက်သီးသည် လေထဲသို့ဆုတ်ဖြဲကာ လှိုင်းလုံးကြီးတစ်ခုက နောက်မှ လိုက်လာသည်။

သို့တိုင် ပိုင်ကျီဟန် ပုံစံက မယိမ်းယိုင်ပေ။

ဘုန်း

ဝိညာဉ်အခြေတည်ကာစအဆင့်ကျင့်ကြံသူ၏ လက်သီးချက်သည်

ပိုင်ကျီဟန် လက်ဖဝါးတွင် ရပ်တန့်သွားသည်။

ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"မဖြစ်နိုင်ဘူး”

"ဟုတ်လား?"

ပိုင်ကျီဟန်၏ အသံသည် ငြိမ်သက်နေပြီး စိတ်ပျက်လက်ပျက် ဖြစ်နေ၏

"မင်းက ဝိညာဉ်အခြေတည်ကာစ အဆင့်မှာလေ…ဒါက အကောင်းဆုံးပဲလား”

ဂျွတ်!

ပိုင်ကျီဟန်၏ ဆုပ်ကိုင်ထားမှုသည် တင်းကျပ်လာပြီး ပေါ့ပေါ့ပါးပါး လှည့်ကွက်ဖြင့် ထိုလူ၏ လက်ကောက်ဝတ် ကွဲအက်သွားသည်။

"အား”

သူအော်လိုက်ပြီး ခန္ဓာကိုယ်က နာကျင်စွာ တွန့်လိမ်နေသော်လည်း ပိုင်ကျီဟန်က မပြီးသေးပေ

ပိုင်ကျီဟန်၏ ဓားသည် သူ့ဝမ်းဗိုက်ထဲကို တိုက်မိသွားပြီး သူပင့်သက်မရှိုက်မီခင်မှာပဲပိုင်ကျီဟန် လက်ဖဝါးသည် သူ့ဦးခေါင်းပေါ်ကို ရိုက်ချလိုက်သည်။

ဘုန်း

ဝိညာဉ်အခြေတည်ကာစအဆင့်ရှိသူသည် မြေပြင်ကို လဲကျသွားပြီး အောက်မှာ ချိုင့်ကွက်ငယ်တစ်ခု ထွက်လာသည်။

အရင်အတိုင်းပါလားး

ပရိသတ်တွေသည် ထပ်မံပြီး အံ့သြသွားကြသည်။

“မ-မဖြစ်နိုင်ဘူး! ဝိညာဉ်အခြေတည်ကာစအဆင့်ကို… အဲ့လိုနဲ့ အနိုင်ယူလိုက်တာလား?”

“ဒီပုံစံက ပိုင်မင်နဲ့ တုန်းကလို”

“ဘယ်လိုဖြစ်နိုင်မ လဲ…?”

ပိုင်ကျီဟန် ပိုင်မင်ကို တိုက်ခိုက်တုန်းကထက်ပင် သူတို့ အသံတွေသည် ကြောက်ရွံ့မှုတွေနဲ့ မယုံကြည်မှုတွေဖြင့် ပြည့်နှက်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဝိညာဉ်အခြေတည်ကာစ အဆင့်သည် ရွှေဗဟိုနယ်ပယ်အဆင့်နဲ့ လုံးဝကွဲပြားသော အဆင့်မှာ ရှိနေသည်။

သို့သော် ပို၍အံ့သြစရာကောင်းသည်မှာ ပိုင်ကျီဟန်ထံမှ ဖြာထွက်နေသော အရောင်အဝါဖြစ်သည်။

သေချာတာက

ပိုင်ကျီဟန်သည် ဝိညာဉ်အခြေတည်ကာစတွင်ရှိခဲ့သည်။

"မဖြစ်နိုင်ဘူး”

ပိုင်ကျန့်သည် အော်ဟစ်လိုက်ပြီး သူ့မျက်နှာ ဖြူဖျော့ကာ သူ့မျက်လုံးတွေက မယုံနိုင်စရာတွေနဲ့ ပြည့်နေ၏

"သူက ရွှေဗဟိုနယ်ပယ်အဆင့်မှာပဲ ရှိသင့်တယ်! ဘယ်လိုလုပ် သူက ဝိညာဉ်အခြေတည်ကာစအဆင့်မှာ ရှိနေတာလဲ?"

ပိုင်ကျီဟန်သည် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

အမှန်တော့ သူသည် ဝိညာဉ်အခြေတည်ကာစအဆင့် တွင်ရှိနေပြီဖြစ်သောကြောင့် ပါဝင်သူအားလုံးကို ရင်ဆိုင်ရန် ဤမျှယုံကြည်မှု ရှိခဲ့တာပင်

[ပိုင်ရှင် အချက်အလက်]

ပိုင်ရှင် -ပိုင်ကျီဟန်

အသက် -၁၆

ကျင့်ကြမှုနယ်ပယ် - ဝိညာဉ်အခြေတည်ကာစအဆင့် (အစောပိုင်း)

ဖွဲ့စည်းပုံ - အဆင့်မြင့် တာအိုအရိုး

ကိုယ်ခံပညာ- အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား (တဆင့်ကျွမ်းကျင်မှု)

မိုရီချန်ကိုသတ်ရာတွင် သူရရှိခဲ့သော ကျင့်ကြံမှု အမြန်နှုန်းအဆ ၁၀၀ ( ၁၀ရက်) ကတ် ကြောင့်ဖြစ်သည်။

သူလိုအပ်သည့် အချိန်အတွက် သုံးဖို့ သိမ်းဆည်းထားသည့်တိုင် အပြင်းထန်ဆုံး ကျင့်ကြံသူတွေတောင် မချိုးဖျက်နိုင်သော ရှေးဟောင်းအပျက်အစီး ပေါ်လာသည့် အခွင့်အလမ်းကြီးတစ်ခုနဲ့ ကြုံသော အခါ သူ့မှာရှိသမျှ အကုန်ပြင်ဆင်ရမည်ဟု သိသည်။

ရှေးခေတ်အပျက်အစီးတွေ ပေါ်လာမည်ကို မည်သူသိမည်နည်း သတိထားဖို့ လိုသောဇာတ်ဆောင်တွေလည်း ရှိ၏

ထို့ကြောင့် သူသည် ပိုင်မျိုးနွယ်သို့ပြန်လာပြီး နောက်ဆုံး (၉ )ရက်ကို ကျင့်ကြံကာ ဝိညာဉ်အခြေတည်ကာစအဆင့်သို့ဖြတ်ကျော်နိုင်ခဲ့သည်။

သူတို့ကို စိန်ခေါ်ခဲ့သည့် နောက်ထပ်အကြောင်းရင်းကတော့ သူ့၏စွမ်းအားသစ်ကို စမ်းသပ်ကာ သူရပ်နေတဲ့နေရာကို နားလည်ဖို့ပင်

သူထင်သည့်အတိုင်း တူညီသော ကျင့်ကြံမှုအဆင့်ရှိသည့် ကျင့်ကြံသူများသည် သူ့အတွက် ပြသနာမရှိပေ

"ဒီ..."

ပိုင်ဖန်းသည် တခြားအကြီးအကဲတွေနဲ့အတူပြောစရာ စကားမရှိပေ။ ပိုင်ထျန်းဟမ်သည်လည်း အံ့အားသင့်သွားသည် - သူဒီလိုအဖြစ်မျိုးကို မမျှော်လင့်ထားပေ

ဝိညာဉ်အခြေတည်ကာစအဆင့် ?

အသက် ၁၆ နှစ်အရွယ်မှာ ဒါကများလွန်း၏

ဒါဟာ ပိုင်ရွှယ်ချင်းတောင် ကျော်လွန်နိုင်သည့် အရည်အချင်းတစ်ခုပင်

ဤအရာသာမှန်ပါက အမွေဆက်ခံသူအား မည်သူတစ်ဦးတစ်ယောက်မှ ပြောင်းလဲရန် အခွင့်အရေးမရှိပေ။ ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ အနာဂတ် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမည်မှာ သေချာသည်။

ပိုင်ဖန်းသည် ပိုင်ကျီဟန်၏ မယှဉ်နိုင်သောအရည်အချင်းတွေကြောင့် သူ့ရာထူးက နုတ်ထွက်ဖို့ အကြောင်းပြချက် တစ်စုံတစ်ရာ မပေးနိုင်တော့ပေ

(ငါ့သား ဘယ်လောက် ဖုံးကွယ်ထားလိုက်သလဲ၊ ဒါမှမဟုတ် ကောင်းကင်ဓားဂိုဏ်းမှာ လအနည်းငယ်ကြာမှ ဒီအရာတွေ အကုန်ရခဲ့တာလား)

ပိုင်ထျန်းဟမ် စိတ်ရှုပ်သွားသည်။

သူ့သားသည် တခြားသူတွေ ထင်ထားသလိုမျိုး သူ့ကျင့်ကြံမှုကို ဖုံးကွယ်မထားတတ်ကြောင်း သူသိ၏

ကောင်းကင်ဓားဂိုဏ်းသို့ သွားပြီးနောက်တွင် ပိုင်ကျီဟန် တိုးတက်လာတာ သေချာနေပြီး ထိုနေရာ၌ ဤကဲ့သို့ အခွင့်အလမ်းမျိုး ရရှိခဲ့သည်။

သို့သော် အခွင့်အလမ်းတစ်ခုနှင့်ပင်

ထိုသို့သော ကြီးထွားမှုသည် ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။

(ဒါပြီးရင် ငါသူ့ကိုမေးရမယ်)

All Chapters