ဝိညာဉ်အခြေတည်ကာစအဆင့် စွမ်းအား
Vol. 8 Ch. 119
နောက်တစ်ကြိမ် စစ်မြေပြင်ပေါ်တွင်တိတ်ဆိတ်သွားခဲ့သည်။
ပိုင်ကျီဟန်ကို တိုက်ခိုက်နေသူ ဝိညာဉ် အခြေတည်ကာစအဆင့် နှစ်ဦးသည် အံ့အားသင့်လှစွာ ပါးစပ်ဟနေကြသည်။
သိသင့်တာကတော့ ပိုင်ကျီဟန်သည် သူတို့ထက် အသက် ၁၃၊ ၁၄ နှစ်လောက်ငယ်နေသည့်တိုင် သူ့ကျင့်ကြံမှုအဆင့်ကတော့ သူတို့နဲ့ တူညီနေတယ်ဆိုတာပင်
သူတို့သည် ထူးချွန်သူများအဖြစ် နာမည်ကြီးနေကြ၏ အမှိုက်နဲ့ ပါရမီရှင်အကြား နှိုင်းယှဉ်မရသော်လည်း အခုက ပါရမီရှင်နဲ့ ခန့်မှန်းမရသော နတ်ဆိုးလိုပင်
ထို့အပြင် ပိုင်ကျီဟန် ပိုင်ထျန်းအား လုပ်သလို သူတို့ မလုပ်နိုင်သည့်အပြင် ပိုင်ကျီဟန်သည် ဤမျှစွမ်းအားကြီးမားမည်ဟု မမျှော်လင့်ထားပေ။
ပိုင်ကျီဟန်အား သဘောမတူသည့် တခြားသူတွေသည် အရှက်ရစရာကိစ္စ မလုပ်မိသည့်အပြင် သူတို့၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့် ပိုင်ကျီဟန်ကို မစော်ကားမိတာကြောင့် စိတ်သက်သာရာရသွားသည်။
မဟုတ်ရင်တောင်မှ ပိုင်ကျီဟန်သည် သူတို့ မလွန်ဆန်နိုင်သောသူတစ်ယောက် ဖြစ်လာမှာ သေချာ၏
ပိုင်ကျီဟန်ကို မဆန့်ကျင်သူတွေသည်လည်း အံ့အားသင့်မှုနဲ့အတူ သက်သာရာရခဲ့သည်။မဟုတ်လျှင် သူတို့လည်း ပိုင်မင်နဲ့ ပိုင်ထျန်းတို့လိုပဲ ဖြစ်သွားမှာ သေချာပင်။
“အားလုံးပဲ အပြည့်အဝစွမ်းအားနဲ့ အတူ တိုက်ကြရအောင်”
ပိုင်ကျန့်သည် ဒေါသနဲ့ အော်လိုက်သည်။
ပိုင်ကျီဟန်သည် ဝိညာဉ်အခြေတည်ကာစအဆင့်သို့ ရောက်သွားသည်ကို သိမြင်ရပေမဲ့ ပိုင်ကျန့်ကတော့ အရှုံးမပေးပေ
တစ်ချိန်က အမှိုက်ဟု သူနိမ့်ချခဲ့သော ပိုင်ကျီဟန်က တဖန်ပြန်ဖိနှိပ်တာကို မမြင်ချင်တာလည်း ဖြစ်နိုင်၏
သူ့အနေနဲ့တော့ ပိုင်ကျီဟန် စွမ်းအားကြီးလာမည့် အချိန်တွေကို မတွေ့ချင်တော့တာ လည်း ဖြစ်နိုင်၏
ပိုင်ကျီဟန် သူ့စွမ်းအားကိုပြသချိန်မှာတော့
သူ့၏ အတိတ်ဆိုးအမှတ်တရတွေပါ ပေါ်လာချေသည်။
ပိုင်ကျီဟန် အနိုင်ကျင့်သည့်အချိန်တွေကို ပြန်မရောက်ချင်ပေ
ထိုအချိန်တွင် အသက်ကြီးသူတွေသည်လည်း တိုက်ခိုက်ဖို့ ပြင်ဆင်လာကြ၏ ပိုင်ကျန့် ညွှန်ကြားတာကြောင့် မဟုတ်ဘဲ အနိုင်ရဖို့အတွက်သာ
သူတို့ရှုံးလျှင် ပိုင်မျိုးနွယ်အတွင်း မျက်နှာပျက်စရာပင်
ဝိညာဉ်အခြေတည်ကာစအဆင့် နှစ်ဦးသည် မျက်စိချင်းဆိုင်ကြည့်ပြီး ခေါင်းညိတ်ကြသည်။
သူတို့နှစ်ဦးသည် စွမ်းအင်အပြည့်ဖြင့် ဝိညာဉ်စွမ်းအားကို လွှတ်ထုတ်ကြသည်။
ချီရေဝဲကြီးတစ်ခု ပေါ်လာပြီး လေထုတစ်ခုလုံး လှုပ်ခတ်သွားသည်။
သူတို့ထဲက တစ်ဦးသည် ဓားလို ချွန်ထက်သော မြူနှင်းကို ဖြစ်ပေါ်စေကာ လေမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
ထိုအချိန်မှာပင် ရွှေဗဟိုနယ်ပယ်အဆင့်ရှိသော တပည့်များသည်လည်း ဝိညာဉ်စွမ်းအားများနဲ့ ဖွဲ့စည်းပုံဖန်တီးကာ
ပိုင်ကျီဟန် လွတ်လမ်းမရှိအောင် ဝန်းရံထားလိုက်သည်။
လူကိုးဦးသည် ကိုယ်ပိုင်စွမ်းအားနဲ့ ပိုင်ကျီဟန်တစ်ဦးထဲကိုသာ ပစ်မှတ်ထားကြသည်။
“ဒါကိုရှောင်စမ်း”
ဝိညာဉ်အခြေတည်ကာစအဆင့် ကျင့်ကြံသူတစ်ယောက်သည် အော်ဟစ်ပြီး သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသည်။
ချီမုန်တိုင်းသည် ပိုင်ကျီဟန်ဆီသို့ ပျက်ကျသွားသည်။ အနက်ရောင်လျှပ်စီးကြောင်းသည် မြွေများကဲ့သို့ ပေါ်ထွက်နေပြီး အေးခဲနေသော အခိုးအငွေ့များသည် ချွန်ထက်သော ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားကာ ရွှေဓားအလင်းသည် လေထဲသို့ တိုးဝင်သွားခဲ့သည်။
သူ တစ်ဦးတည်းမဟုတ်ပေ ။ အခြားသူများလည်း ပါဝင်လာသဖြင့် ပိုင်ကျီဟန်သည် ၎င်းတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် သို့မဟုတ် တားဆီးရန် နည်းလမ်းမရှိတော့ပေ။
"အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား- တောက်ပနေတဲ့ အရိပ်ခြေလှမ်း”
ပေါင်းစပ်တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ပိုင်ကျီဟန်သည် သဘာဝလွန်အရှိန်ဖြင့် ရှောင်တိမ်းကာ တောက်ပနေသော အရိပ်
ခြေလှမ်းကို အသုံးပြုခဲ့သည်။
သို့တိုင် တိုက်ခိုက်မှုအရေအတွက်က သူ့ကို လွှမ်းမိုးလာသည်။
လျှပ်စီးကြောင်းတစ်ခုသည် သူ့ပခုံးကိုထိုးဖောက်ပြီး သူ့ဝတ်ရုံကို ဖျတ်ခနဲ ကွဲသွားစေသည်။
ရေခဲဓားတစ်ချောင်းသည် သူ့ပါးပြင်ကို ပွတ်တိုက်ကာ သွေးပါးပါးထွက်သွားသည်။
အမှန်စင်စစ် ၎င်းတို့သည် ပိုင်မျိုးနွယ်၏ ထိပ်တန်းအဆင့်များသာ မဟုတ်ပေ။ မျိုးဆက်သစ်များနှင့်မတူဘဲ အဖွဲ့လိုက်လုပ်ဆောင်ခြင်း၏ အနှစ်သာရကို နားလည်ကြသည်။
"ဟူး”
ပိုင်ကျီဟန်က သက်ပြင်းချလိုက်သည်။
တိုက်ခိုက်မှုတွေ ပိုများလာချေသည်။
ဝိညာဉ်အခြေတည်ကာစအဆင့် ကျင့်ကြံသူများသည် ညှိနှိုင်းဆောင်ရွက်ကြပြီး ၎င်းတို့ဖွဲ့စည်းပုံ ဗဟိုဆီသို့ တွန်းပို့ခဲ့သည်။
"အခုပဲ”
သူတို့ထဲမှ တစ်ယောက်က အော်ဟစ်ပြီး ကြီးမားလှသော လျှပ်စီးကြောင်းနဲ့ ရေခဲပြင်ကြီး ပေါ်လာကာ ချီအကျဉ်းထောင်ထဲမှာ ပိုင်ကျီဟန်အား ပိတ်လိုက်၏
"သူ ပိတ်မိနေပြီ”
ပိုင်ကျန့်၏ မျက်နှာသည် အပြုံးဖြင့် တွန့်လိမ်သွားသည်။
"ဟားဟား..ပိုင်ကျီဟန် မင်းမြင်လား? မာနကြီးတာက မင်းရဲ့ကျဆုံးခန်းပဲ။"
သို့တိုင် လှိုင်းထန်နေသော မုန်တိုင်းထဲမှ ပိုင်ကျီဟန်၏ အေးဆေးတည်ငြိမ်သော အမူအရာကို မြင်လိုက်ရသည့်အခါ သူ့ရယ်သံတွေ ရပ်သွားချေသည်။
ထောင်တွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကလန်!
ပဲ့တင်ထပ်သော ဓားသွားသံသည် လေထဲသို့ စူးစူးရှရှ ထိုးဖောက်ဝင်ရောက်လာသည်။
ဝေ့ဝဲနေသော လျှပ်စီးကြောင်းများနှင့် ရေခဲများကို ဖြတ်ကာ ဖြာထွက်နေသော အလင်းတန်းတစ်ခုအဖြစ် ကွဲအက်သွားသည်။
ဝိညာဉ်အခြေတည်စ ကျင့်ကြံသူများသည် နောက်ပြန်ဆုတ်သွားကာ ၎င်းတို့၏ အရောင်အဝါများ ပြတ်တောက်သွားသည်။
ပြီးတော့ သူရပ်နေ၏။
ပိုင်ကျီဟန် - အဝတ်အစားတွေ စုတ်ပြဲ သွားသည့်တိုင် သူ့အကြည့်တွေက အေးစက်ပြီး စူးရှနေ၏
သူ၏ညာလက်တွင် ဓားတစ်ချောင်းရှိ၏။ ၎င်းသည် နောက်ဆုံးတွင် ပိုင်ကျီဟန်၏ဓားကိုအသုံးပြုရန် အတင်းအကျပ်ခိုင်းစေခံပုံရသည်။
ထာဝရဝိညာဉ်ဓား။
ပိုင်ကျီဟန်သည် မြေကမ္ဘာအဆင့်သို့ အဆင့်မြှင့်တင်ရန်သာ စီမံခဲ့သော်လည်း ၎င်းကို အဓိကလက်နက်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
သူ၏အခြားဓားသည် အဆင့်တစ်ခု ပိုမိုအားကောင်းနေသေးသော်လည်း ၎င်းကို ကျွမ်းကျင်အောင်အသုံးပြုဖို့ စိတ်ကူးခဲ့သည်။
၎င်းကို အဆင့်မြှင့်တင်နိုင်သောကြောင့် သူသည် အနာဂတ်တွင် မည်သို့ပင်ဖြစ်စေ အသုံးပြုရမည်ဖြစ်သည်။
(ဒါက ငါ့ရဲ့ ကန့်သတ်ချက်လို့ ထင်တယ်။)
သူ့ခန္ဓာကိုယ်နှင့် စွမ်းအားကို အားကိုးပြီး ဝိညာဉ်အခြေတည်ကာစအဆင့် ပြိုင်ဘက်ကို ဖယ်ရှားဖို့သာ ဖြစ်နိုင်ချေရှိသည်။
သို့သော် အခြားသော ရွှေဗဟိုနယ်ပယ်အဆင့်တပည့်များက ပံ့ပိုးပေးသော ဝိညာဉ်အခြေတည်ကာစအဆင့် နှစ်ဦးနှင့်ရင်ဆိုင်ရာမှာတော့ သူ့ခန္ဓာကိုယ်၏ ခွန်အားမှာ ခက်ခဲသည်။
သို့တိုင် အနည်းဆုံး သူ့ဓားမပါဘဲ သူ့ကန့်သတ်ချက်ကို သိရ၍ ကျေနပ်နေမိသည်။
"ဒါကို မင်းကိုင်တွယ်နိုင်မလား ကြည့်ရအောင်”
ပိုင်ကျီဟန်အသံသည် အေးစက်နေပြီး သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရှိသမျှ လူတိုင်းအပေါ် ဖိနှိပ်ချုပ်ချယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ဝိညာဉ်အခြေတည်ကာစ အဆင့် ကျင့်ကြံသူများ၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။
"မဖြစ်နိုင်ဘူး.. ဒီဓားရောင်ဝါ... အန္တရာယ်ရှိတယ်”
"လူတိုင်း၊ ခံစစ်ဖွဲ့စည်းပုံ”
တယောက်က ထအော်လေ၏
အားလုံးသည် ပိုင်ကျီဟန်ဆီမှ ဖြာထွက်နေသော စွမ်းအားကို ခံစားပြီး လာသမျှ ဘာမဆို အားကောင်းမည်ကို သိ၏ ။ သူတို့သည် ချက်ချင်းပင် ကာကွယ်ရေးပုံစံသို့ ရောက်သွားကြသည်။
"အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”
တခဏချင်းမှာပဲ သူ့သည် ကိုးယောက်ကွဲသွားပြီး တစ်ခုစီသည် သူ့ပြိုင်ဘက်တွေကို ဝိုင်းကာ ကခုန်နေ၏။
"ဘာလဲ..သူဘယ်မှာလဲ?”
"ကာကွယ် ကာကွယ်”
သို့သော် သူတို့၏အော်သံများသည် ဓားအလင်းမုန်တိုင်းထဲတွင် နစ်မြုပ်သွားခဲ့သည်။
ရွှမ် ရွှမ် ရွှမ်
ကိုးကြိမ်ဆက်တိုက် ခုတ်ထစ်လိုက်သည်။
ပထမဆုံး ဝိညာဉ်အခြေတည်စ ကျွမ်းကျင်သူသည် ခုခံရန် လက်ကို ဆန့်ထုတ်လိုက်သည်။
သူ နောက်ပြန်ဆုတ်သွားတော့ လက်ငုတ်တိုကို ဆုပ်ကိုင်ကာ သွေးများ စီးကျလာသည်။
ဒုတိယလူသည် ပိုင်ကျီဟန် တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ ကြိုးစားသည့်တိုင် ဘယ်ကလာမည်မှန်း မသိလိုက်ချေ ။ ပြင်းထန်သော နာကျင်မှုသည် သူမ၏ ဝမ်းဗိုက်ထဲတွင် ပေါက်ကွဲသွားသည် ။
ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူများသည် အခွင့်အလမ်းပင် မရှိခဲ့ပေ။
တိုက်ခိုက်မှု၏ အင်အားကြောင့် အရိုးများ ကွဲအက်သွားသကဲ့သို့ အချို့က ဆုပ်ကိုင်ထားပြီး အချို့က ၎င်းတို့၏ လက်နက်များကို ပစ်ချကာ လဲကျခဲ့ကြသည်။
ရိူက်ခတ်မှူကိုးခု ၊ ကိုးယောက် ။ မည်သူကမှ မကာကွယ်နိုင်ပေ
စစ်မြေပြင်သည် ဖြစ်ပျက်ခဲ့သမျှကို နားလည်ရန် အချိန်များ ရပ်တန့်သွားသလိုပင်။
ပိုင်ကျီဟန်သည် အလယ်ဗဟိုတွင်ရပ်နေပြီး သူ၏ဝတ်ရုံမှာ စုတ်ပြဲနေကာ ထာဝရဝိညာဉ်ဓားသည် သွေးပါးပါးလေးဖြင့် တောက်ပနေသည်။
ဓားသွားတစ်ဝိုက်တွင် အပြာရောင်ဖျော့ဖျော့ မီးတောက်များ တောက်ပနေသည်။
( ဒါက ဓားရည်ရွယ်ချက်နဲ့ ကောင်းကင်အဆင့် နည်းစနစ်ကို ပေါင်းစပ်ခြင်းရဲ့ တန်ခိုးပဲ)
ပိုင်ကျီဟန်သည် တွေးပြီး သူ့ဓားကို ဆုပ်ကိုင်ထားရာကနေ ဖြေလျော့လိုက်သည်။
"အား”
"အား”
ဝိညာဉ်အခြေတည်ကာစအဆင့်နှင့် ရွှေဗဟိုနယ်ပယ်အဆင့် တပည့်များသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နာကျင်စွာ ညည်းတွားနေကြသည်။
ပြင်းထန်သော ဒဏ်ရာများနှင့် နာကျင်နေသော်လည်း မည်သူမျှ မသေပေ
ပိုင်ကျီဟန်က ကျောခိုင်းထားပေ၏
ဒါက လုံလောက်ပြီပင်
သူတို့သည် ရန်သူများ မဟုတ်ပေ။ သူတို့သာ ရန်သူဆိုပါက သူတို့ ပခုံးပေါ် ခေါင်းရှိနေမည် မဟုတ်တော့ပေ ။
သူ့အကြည့်တွေသည် တပည့်တွေအပေါ် လွှမ်းခြုံသွားပြီး သူတို့အားလုံး လက်တုံ့ပြန်ဖို့ မတတ်နိုင်ကြတော့ပေ။
သူသည် သူ၏ဓားကို သိမ်းလိုက်ရာ ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါ ပျောက်ကွယ်သွားသည်။ ယခင်က ကြောက်လန့်တကြား အေးခဲနေသော လူအုပ်ကြီးသည် နောက်ဆုံးတွင် ပြန်လည်အသက်ရှုရန် သတ္တိရှိလာသည်။
ဖြစ်ရပ်သည် သူတို့အား ဒီလှိုင်းကဲ့သို့ ရိုက်ခတ်နေသည်။ ပိုင်ကျီဟန်သည် ဝိညာဉ်အခြေတည်ကစ အဆင့် ကျွမ်းကျင်သူနှစ်ဦးနှင့် ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြား၏ ပေါင်းစပ်စွမ်းအားကို ချေမှုန်းလိုက်ချေသည်။
မျိုးဆက်ဟောင်း၏ တပည့်များထဲမှ တစ်ယောက်သည် တုန်တုန်ယင်ယင်နဲ့ “သူ… သူက သူ့အစ်မလို နတ်ဆိုးတစ်ယောက်ပဲ”
"ငါတို့ဒီလို ဖြစ်တဲ့အချိန်မှာ သူတို့က ဘယ်လိုလုပ်ပြီး သန်မာနေတာလဲ"
"အနည်းဆုံးတော့ ဒီနတ်ဆိုးက ငါတို့ရဲ့ မျိုးနွယ်ထဲမှာ ရှိနေလို့ ပျော်နေလိုက်ပါ။ သူတို့ နှစ်ယောက်နဲ့အတူဆို ငါတို့ရဲ့ မျိုးနွယ်က တခြားသူတွေထက် မြင့်မားလာနိုင်ပါတယ်။"
"ငါအနိုင်ရခဲ့ပြီ။ ငါ မနက်ဖြန် အဖွဲ့ကို ဦးဆောင်တော့မယ်။ တခြားထင်မြင်ချက် တွေရှိလား"
ပိုင်ကျီဟန်က မေးလေ၏
သူ့မေးခွန်းအပေါ် တိတ်တိတ်ဆိတ်ဆိတ် ရှိနေ၏ ။ သူ့ရဲ့ အောင်ပွဲခံမှုကို မည်သူကမှ ငြင်းခုံနိုင်စရာ အကြောင်းမရှိပေ
အသန်မာဆုံးမဟုတ်လျှင် ဘယ်သူက အဖွဲ့ကို ဦးဆောင်နိုင်မည်နည်း
ဒါက သူတို့၏ အနာဂတ် မျိုးနွယ်စု ခေါင်းဆောင်ပင်
ဒါက ပိုင်ကျီဟန်ပင်