ရှေးဟောင်းအပျက်အစီး ပွင့်လာသော နေ့
Vol. 8 Ch. 121
တောမီးလိုပင် ကောင်းကင်အင်ပါယာ တစ်ခုလုံးတွင် စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နေ၏
မြောက်ဘက် အေးမြသော တောင်ထိပ်မှ တောင်ဘက်လွင်ပြင် အပူပိုင်းတောင်တန်းအထိ ကျင့်ကြံသူများ ၊ ဂိုဏ်းများ၊ တစ်ကိုယ်တော်ခရီးသွားများနဲ့ အင်အားကြီး မျိုးနွယ်များ အားလုံး တစ်နေရာတည်းကို ကြည့်နေကြသည်။
အဲ့တာကတော့ ရှေးဟောင်းအပျက်အစီးပင်
ယနေ့သည် တစ်ကမ္ဘာလုံးအတွက် အတားအဆီးကို ဖွင့်လှစ်မည့်နေ့ဖြစ်သည်။
လူတိုင်း ၎င်းကို သိကြပေသည်။
အချို့သော ကျင့်ကြံသူများသည် မိမိတို့သာ “ရွေးချယ်ခံရသူများ” ဟုယုံကြည်ပြီး တားဆီးမှုကို ကိုယ်တိုင်ဖောက်ဖျက်ကြည့်ခဲ့ကြပြီး
အတားအဆီး၏ တန်ပြန်မှုကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူများပင် အများကြီးရှိလာခဲ့သည်။
မြို့များတွင် ဆူညံသံတွေတိုးလာ၏ ဈေးတန်းများမှာ လူမရှိတော့ချေ။ တောင်တန်းများမှာတော့ ကျင့်ကြံသူများ၏ လမ်းလျှောက်သံများကြောင့် တုန်ခါသံများ ထွက်ပေါ်နေသည်။
ဓားပျံများနှင့် နတ်သားရဲများသည် ဥက္ကာပျံများကဲ့သို့ ကောင်းကင်ကို ဖြတ်ကာ ပျံသန်းနေကြသည်။
ဆယ်စုနှစ်များစွာ တံခါးပိတ်ကျင့်ကြံနေသည့် မျိုးနွယ်စုများပင်လျှင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ဓားဂိုဏ်း၊ မြစိမ်းရောင် နေမင်းဂိုဏ်း ၊ ကောင်းကင်ပတ္တမြား ခန်းမ ၊ နီညိုရောင် မိုးကြိုးနန်းတော်မှအစ
အင်အားကြီးနတ်ဆိုးဂိုဏ်းအထိ အားလုံးသည် ဦးတည်ရာတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
ကျင့်ကြံသူတွေ လိုချင်မှုများလား ၊ မများလား နေရာတိုင်းတွင် ပေါများနေ၏
တော်ဝင်မိသားစုနှင့် အရာရှိများသည် ထောင်နှင့်ချီသောလူများကို ကိုင်တွယ်ဖြေရှင်းရန် အချင်းချင်း အပြိုင်အဆိုင် အလုပ်များနေမည်ကို သူတို့သိသည်။
တော်ဝင်မိသားစုနှင့် ကျင့်ကြံသူများသည်ပင် ရာဇ၀တ်သားအချို့ကို ဖမ်းခြင်းထက် အပျက်အစီးများက ပို၍ အဖိုးတန်ကြောင်း နားလည်ခဲ့ကြသည်။
ပိုင်မျိုးနွယ်သည် ပိုင်ကျီဟန် ဦးဆောင်မှုနဲ့အတူ အကြီးအကဲများနှင့် ပါဝင်သူများကို ခေါ်ဆောင်လာခဲ့လေသည်။
သူတို့ရောက်လာချိန်မှာတော့ သောင်းနဲ့ချီသော ကျင့်ကြံသူတွေ စုရုံးနေပြီး မိနစ်ပိုင်းအတွင်း ပိုများလာချေသည်။
ပိုင်ထျန်းဟမ်သည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ပြီး ချူရှင်းကိုတွေ့ရာ အနားသို့ ဆင်းသွားလေ၏
ချူရှင်းသည် ကောင်းကင်မှ ပိုင်ထျန်းဟမ်ဆင်းသက်လာသည်ကို မြင်လိုက်ရသည့်အခိုက်တွင် ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဘိုးဘေးပိုင်”
နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
"ဘိုးဘေးချူ”
ပိုင်ထျန်းဟမ်သည်လည်း အလားတူ ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။
သူက လှည့်ပတ်ကြည့်ကာ မေးလေ၏ "ကျီယန်အာ မလာဘူးလား?"
ချူရှင်းက ပြောလေသည်
"မင်း သမီးနဲ့အတူတူပဲ။ သူက ကောင်းကင်ဓားဂိုဏ်းနဲ့ ပေါင်းဖို့ ဆုံးဖြတ်ပြီး ရွှယ်ချင်းအာနဲ့ လိုက်မယ်လို့ ပြောတယ်။"
ပိုင်ထျန်းဟမ်သည် သက်ပြင်းချလိုက်သည်။
ပိုင်ရွှယ်ချင်းသည် ကောင်းကင်ဓားဂိုဏ်းနဲ့ လိုက်တာ မမှားဟု ထင်ခဲ့ပေမယ့် ပိုင်မျိုးနွယ် အဖွဲ့ကို ဦးဆောင်ဖို့ သူမအား ဦးစားပေးခဲ့သည်။
ပိုင်ကျီဟန်သာ သွားမည်ဆိုပါက သူ့အား ကာကွယ်ရန် သူမကို ခေါ်ဖို့ပင် စဉ်းစားထားပြီးချေပြီ။ သို့ပေမဲ့ ပိုင်ကျီဟန် ခွန်အားကို မြင်ပြီးနောက်မှာတော့ မလိုအပ်တော့ဘူးဟု ခံစားလာရသည်။
"ကောင်းကင်ဓားဂိုဏ်းက ဘယ်မှာလဲ"
"ဟိုမှာ”
ချူရှင်းက ညွှန်ပြသည်။
ပိုင်ထျန်းဟမ်သည် သူ့အကြည့်
နောက်လိုက်လိုက်ရာ ထျန်းယုဟမ် ဦးဆောင်သော ကောင်းကင်ဓားဂိုဏ်းအဖွဲ့ကို တွေ့လိုက်ရသည်။
ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်သည် အတူတူရပ်နေပြီး ပိုင်ထျန်းဟမ်ကိုတွေ့တော့ ချူကျီယန်သည် ချက်ချင်း ပိုင်ရွှယ်ချင်းလက်ကိုဆွဲကာ လာနှုတ်ဆက်လေသည်။
ပိုင်ထျန်းဟမ်သည် ကောင်မလေးနှစ်ယောက် ချဉ်းကပ်လာသည်ကို ကြည့်ရင်း သူ့လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ကာ ပြုံးလိုက်၏
သူ၏ ထုံးစံပုံစံလို ဖြစ်နေသော်လည်း ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်ဖြတ်သွားသောအခါတွင် သူ့မျက်လုံးထဲ၌ နွေးထွေးမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။
ကောင်းကင်ဓားဂိုဏ်း၏ ထင်ရှားကျော်ကြားသော ပါရမီရှင်နှစ်ယောက် ၊ အင်ပါယာတစ်လျှောက် လူသိများသော အလှတရားများ—သူတို့သွားလေရာကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
ချူကျီယန်သည် ပထမဆုံး စကားပြောလာသူဖြစ်ပြီး သူမ၏ အသံမှာ ပြတ်သားကာ လေးစားစရာကောင်းသည်။
"ဦးလေးပိုင်”
သူမက ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
ပိုင်ရွှယ်ချင်းသည် နောက်ကနေ ဦးညွတ်လိုက်၏
"အဖေ”
ပိုင်ထျန်းဟမ်သည် သူတို့ကို အပေါ်အောက် ငုံ့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"မင်းတို့ကို မတွေ့ရတာ အချိန်ခဏလေးလိုပဲ။ မင်းတို့နှစ်ယောက် အထူးသဖြင့် ကျီယန်အာက သိသိသာသာ တိုးတက်မှုရှိတယ်။"
"ဒါတွေအားလုံးက ခင်ပွန်းရဲ့ကျေးဇူးကြောင့်ပါ”
ချူကျီယန်သည် ပိုင်ကျီဟန်ကို အပျော်သဘောနဲ့ မျက်စိမှိတ်ကာ ပြန်ပြောလိုက်သည် ။
အမှန်တကယ်ပင် ပိုင်ကျီဟန်ဆီမှ အဖိုးမဖြတ်နိုင်သော မြေကမ္ဘာအဆင့် ကျင့်ကြံနည်းကို လက်ဆောင်ရရှိပြီးနောက် သူမ၏ ကျင့်ကြံမှုသည် ငါးဆယ်ရာခိုင်နှုန်းနီးပါး တိုးလာခဲ့သည်။
ညဘက်ကျင့်ကြံလျှင် နှစ်ဆ ပိုများလေ၏
ပိုင်ကျီဟန်ကတော့ သူမ မရှိနေသလိုမျိုး လုံးဝလျစ်လျူရှုခဲ့သည်။ သူ့အစ်မကိုရောပင်
ရှေးဟောင်း ပျက်ဆီးမှုဖြစ်သော ထိုနေရာတွင် ရှိနေသင့်သည်ဟု ထင်ရသော ဇာတ်ကောင်ကို ရှာဖွေဖို့သည် သူလုပ်စရာရှိသည့် အရေးကြီးသော အရာတွေထဲမှ တစ်ခုဖြစ်၏
သူသည် ကောင်းကင်ဓားဂိုဏ်းနှင့်အတူ ရှိနေသော ပိုင်ရှင်းယွဲ့ကို မြင်နေရသည်။ ထိုအခွင့်အရေးသည် သူ့မလိုလူအတွက် ဖြစ်
သင့်သည်ဟု သူ မထင်ထားခဲ့ပေ။ သူလည်း မဖြစ်နိုင်ပေ။
ဟန်ကျန်းဝူလည်း ထိုနေရာတွင် ရှိနေပြီး ပိုင်ကျီဟန်ကို သိသလိုမျိုး ပြုံးပြနေသည်၊
ပိုင်ကျီဟန် သိပ်ပြီးမစဉ်းစားထားပေမယ့် ရှေးဟောင်းအပျက်အစီးတွေထဲမှာ ပိုင်ရှင်းယွဲ့ကို မိုက်မဲသည့် အရာတစ်ခုလုပ်ဖို့ စီစဉ်နေတာသိသာသည်။
သူသည် သူ့ကို သနားနေမိသည် သို့မဟုတ် သူမကို လှုံ့ဆော်မည့် လက်ပါးစေများကိုသာ သနားနေနိုင်သည်။
"ကျီဟန်အာ ၊ ဒီကိုလာပါ။ မင်းရဲ့ယောက္ခထီးကို နှုတ်ဆက်လိုက်ပါ။"
ပိုင်ထျန်းဟမ်က ပြောသည်။
"ဟူး”
စိတ်ရှုပ်နေသော်လည်း ရောက်လာသည့် နောက်တော့ နှုတ်ဆက်စကား ပြောသင့်သည်။
"မင်္ဂလာပါ ဦးလေးချူ"
သူ့မျိုးရိုးရှိ အကြီးအကဲများအား ဆက်ဆံပုံနှင့် နှိုင်းယှဉ်ပါက ယဉ်ကျေးသိမ်မွေ့နေသည်။
"ဟား...ကျီဟန်အာ မင်းရော လာတာလား"
ချူရှင်းသည် အံ့အားသင့်စွာပြုံးလိုက်သည်။
အထူးသဖြင့် ထိုသို့ အန္တရာယ်များသော နေရာကို ထျန်းဟမ်သည် ကျီဟန်အား ခွင့်ပေးမည် ဟု မမျှော်လင့်ထားခဲ့ပေ
သို့တိုင် ၎င်းသည် ပါရမီရှင်လူငယ်တိုင်း ဖြတ်သန်းရမည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။
ကျင့်ကြံသူများသည် ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်အောင် စွန့်စားရမည့်သူများဖြစ်သည်။
ထို့အပြင် ပိုင်ကျီဟန်၏ ထူးဆန်းသော ပြောင်းလဲမှုဖြစ်သည့် အမှိုက်မှ ရွှေဗဟိုနယ်ပယ် နှောင်းပိုင်းအဆင့်အထိရောက်လာသည် ဟူသော ကောလဟာလများသည် သူ့နားသို့ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအရည်အချင်းသည် သူ့သမီးနှင့် ယှဉ်လုနီးပါးဖြစ်ပြီး ပိုင်ကျီဟန်နှင့် လက်ထပ်ရန် ဆုံးဖြတ်သည့် ချူကျီယန်အဖို့ အမှားမရှိဟု ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
အနည်းဆုံးတော့ သူ့အနာဂတ် သားမက်သည် တစ်ချိန်က လူတွေပြောသည့် အမှိုက်မဟုတ်တော့ပေ။
ပိုင်ကျီဟန်သည် ခေါင်းညိတ်ပြပြီး ငြိမ်နေလိုက်သည်။
စေ့စပ်ထားသူကို နှုတ်မဆက်ပေ။ သူ့အစ်မကို လည်း တစ်ချက်မျှ မကြည့်ပေ
ပုံမှန်အားဖြင့် ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်ကို သိပ်ဂရုမစိုက်ချေ ။ သို့သော် သူမ ဘာကို တွေးရမှန်း မသိတော့ပေ
ပိုင်ကျီဟန်သည် အခြေအနေကို ပြောင်းပြန် လှန်ပြီး ရှန်လျန့်အား ဒုက္ခိတဖြစ်စေသောအခါ သူမ အံ့အားသင့်သွားခဲ့သည်။ ထိုအကြံအစည်မျိုးကို သူ့ထံမှ မျှော်လင့်ထားပြီးသားပင်
သူမ မမျှော်လင့်ထားသောအရာသည် ရက်ပိုင်းအကြာကမှ ထွက်ပေါ်လာသော သတင်းဖြစ်သည်။
သူသည် မိန်မျိုးနွယ်ကို ဖျက်ဆီးရုံသာမက
ရွှေဗဟိုနယ်ပယ် နှောင်းပိုင်း အဆင့်သို့လည်း ရောက်ရှိခဲ့သည်။
ထိုနယ်ပယ်သည် အထူးထိတ်လန့်စရာမဟုတ်သော်လည်း သူမကိုယ်တိုင် ထိုအသက်တွင် ဝိညာဉ်အခြေတည်ကာစအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူတိုးတက်သည့်အရှိန်မှာ ကြောက်စရာကောင်းသည်။
သူသည် ဂိုဏ်းထဲသို့ စတင်ဝင်ရောက်သောအခါတွင် သူမ၏ဆရာကြီး ချင်းလန်သည် အဓိက ပေါင်းစည်းခြင်းအဆင့် တွင်သာရှိကြောင်း အတည်ပြုခဲ့သည်။
လအနည်းငယ်အကြာတွင် သူသည် ရွှေဗဟိုနယ်ပယ် နှောင်းပိုင်းသို့ရောက်ရှိသွားသည်လား
သူမပင် ထို့သို့ကျင့်ကြံမှုအရှိန်မျိုး မရှိပေ
"ငါ့အမျိုးသားက ငါ့ကို လျစ်လျူရှုနေတာပဲ”
ချူကျီယန်က နှုတ်ခမ်းစူလိုက်သည်။
ပိုင်ရွှယ်ချင်းသည် သူမ၏ ကျောရိုးထဲ အေးစက်သွားသလို ခံစားလိုက်ရသည်။
ဒါက ...အသည်းယားစရာပင် ။
အခင်ဆုံးသူငယ်ချင်းက ကိုယ့်မောင်နဲ့ စေ့စပ်ခြင်းသည် ခံစားချက်ကောင်း မဟုတ်ပေ
သို့ပေမဲ့ ချူကျီယန်ကတော့ မရပ်တန့်ခဲ့ပေ။
"ယောကျာ်း၊ မိန်းမကို လွမ်းနေပြီလား"
ပိုင်ကျီဟန် အနားကို ချဉ်းကပ်လိုက်၏
ပိုင်ကျီဟန်သည် သူ့လက်ချောင်းတွေကို နဖူးပေါ် ဖိထားရင်း ခေါင်းကိုက်သလို ခံစားရကာ သူရှာနေသော ကောင်းကင်ဘုံ ရွေချယ်သူကိုတောင် မတွေ့မိသေးပေ။
"ဟုတ်ပြီအခု မင်းပါးစပ်ပိတ်ထားလို့ ရမလား"
ပိုင်ကျီဟန်က ပြန်ဖြေ၏
သို့သော် ချူကျီယန်သည် မရပ်တန့်ဘဲ ပိုင်ကျီဟန်ကို ဆက်စနေသည် ။
ကြည့်ရှုသူတိုင်းအတွက် သူတို့သည် ချိုမြိန်ပြီး ချစ်စဖွယ်ကောင်းသော စုံတွဲတစ်တွဲကဲ့သို့ပင်
"ငါတို့ ဒီမှာ ရှင်သန်ခြင်းနဲ့သေခြင်း အခွင့် အရေးအတွက် လာတာ မဟုတ်ဘူးလား။"
"သူတို့က ဟန်းနီးမွန်းထွက်သလို ပရောပရည်လုပ်နေကြတာ ဘာကြောင့်လဲ?"
လူအုပ်ထဲမှ တစ်ကိုယ်တော် ကျင့်ကြံသူများသည် တိတ်တဆိတ် ကြေကွဲနေကြသည်။
ငါတို့ရဲ့ ခံစားချက်တွေကို မစဉ်းစားကြဘူးလား ဒီအချစ်ငှက်တွေကတော့။