မင်းရဲ့သွေးတွေကို တကယ်ကြီး အဆိပ်ခပ်လိုက်တယ်
Vol. 6 Ch. 84
မာနကြီးသည့် ပြိတ္တာဘုရင်နှင့် ရင်ဆိုင်ပြီး နောက်တွင် အန်လင်းသည် ဓားအင်မော်တယ်မြစ်စိမ်းနှင့် ကောင်းကင်နတ်မိမယ် မြေခွေးနီ တို့အား ကြည့်လိုက်သည်။
သွေးဘုရင် နှစ်ကောင် …၊ အထီးတစ်ကောင်၊ အမတစ်ကောင်။ နှစ်ကောင်စလုံးသည် ရွှေရောင်ဆံပင်နှင့် နီရဲနေသော မျက်လုံးများ ရှိကြသည်။ သူတို့၏ နောက်ကျောတွင် ကြီးမားသည့် လင်းနို့တောင်ပံ တစ်စုံစီလည်း ရှိကြသည်။ ထိုသွေးဘုရင် နှစ်ကောင်အား ကြည့်ရသည်မှာ အနောက်တိုင်း ရုပ်ရှင်များမှ သွေးစုပ်ဖုတ်ကောင်များနှင့်ပင် တူနေသေးသည်။
သို့သော်လည်း သူတို့အသုံးပြုနေသည့် မန္တန်များနှင့် နည်းစနစ်များသည် ရုပ်ရှင်များတွင် ပါဝင်သည့် သွေးစုပ်ဖုတ်ကောင်များထက် အဆပေါင်းများစွာ ပြင်းထန်ပေသည်။
ကောင်းကင်တွင် သွေးစုပ်လင်းနို့များ ပျံသန်းလာပြီး သူတို့၏ အစွယ်များအား လှစ်ဟကာ ဓားအင်မော်တယ်မြစ်စိမ်းနှင့် ကောင်းကင် နတ်မိမယ်မြေခွေးနီ တို့ထံသို့ ဦးတည်ပျံသန်း လာလေသည်။
လေထဲတွင် မီတာ တစ်ရာခန့် ရှည်လျားသည့် သွေးနဂါးနှစ်ကောင်သည် သူတို့၏ အစွယ်များကို ထုတ်ကာ လက်သည်းများအား ဝှေ့ယမ်း နေလေသည်။ သေစေနိုင်လောက်သည့် အငွေ့အသက်များ ထုတ်ဖော်ကာ သူတို့သည် ဝင်ရောက် တိုက်ခိုက်ဖို့ရန် အခွင့်အရေးအား စောင့်ဆိုင်း နေကြလေသည်။
ကောင်းကင်နတ်မိမယ် မြေခွေးနီသည် သန်မာသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူမ၏ ပတ်လည်တွင် မီးတောက် လေပွေတစ်ခုအား ဖန်တီးလိုက်သည်။ သွေးစုပ်လင်းနီးများသည် ထိုမီးတောက်များနှင့် ဝင်တိုက်မိသည့်အခါတွင် ချက်ချင်းဆိုသလို တစ်စစီဖြစ်ကာ သေကြေပျက်စီး သွားကြရသည်။
သူမ၏ လှပသည့် လက်မောင်း များသည်လည်း ရဲရဲတောက်နေသည့် ဒူးလေးအား ထပ်ကာထပ်ကာ ဆွဲတင်ကာ ပစ်ခတ် နေလေသည်။
ထိုစွမ်းအားပြင်းသည့် မြားများသည် သွေးဘုရင် အထီးကောင်အား တစ်ချောင်းပြီး တစ်ချောင်း ဆက်တိုက်ပစ်လွှတ်ကာ တိုက်ခိုက် နေလေသည်။ တရဆက် ပစ်လွှတ်နေသည့် မြားများကြောင့် သွေးဘုရင်သည် ရန်သူအနီးသို့ မကပ်နိုင်ဘဲ အဝေးမှသာ ခုခံကာကွယ်နိုင်ပေသည်။
အခြားသော တိုက်ပွဲတွင်မူ ဓားအင်မော်တယ် မြစ်စိမ်းသည် စတင်ပြီး ရုန်းကန် နေရလေသည်။
သူနှင့် တိုက်ခိုက်နေသည့် သွေးဘုရင် အမသည် ရင်သတ်ရှုမောဖွယ် ကောင်းလှသည်။ သူမ၏ ခြေထောက်များသည် ရှည်လျားပြီး သွယ်လျသည်။ သူမ၏ ခါးသည် ကျဉ်းမြောင်းပြီး နူးညံ့သည်။ သူမ၏ ကြီးမားလှသည့် ရင်သားများသည် လှုပ်ရှားလိုက်သည့် အခါတိုင်းတွင် ယိမ်းထိုး နေလေသည်။ သူမ၏ နီရဲသည့် နှုတ်ခမ်းနှင့် ညှို့ချက်ပြင်း မျက်ဝန်းတို့ကြောင့် ဓားအင်မော်တယ် မြစ်စိမ်းသည် သူမအား ရှောင်တိမ်းရုံမျှသာ တိုက်ခိုက်နိုင်ပေသည်။
သို့သော်လည်း သွေးမျိုးနွယ်စု၏ ပြည်လည် အားဖြည့်သည့် စွမ်းရည်ကြောင့် သူသည် ရပ်တည်ရန် ခဲယဉ်းလာတော့သည်။
ဓားအင်မော်တယ်မြစ်စိမ်းသည် သူမနှင့် အနီးကပ် ရင်ဆိုင်နေခြင်း ဖြစ်သည်။ သူ၏ ဓားနည်းစနည်သည် အလွန်သန်မာ အားကောင်းသည်။ သွေးဘုရင်သည် ပက်လျှင် ထိုခုတ်ချက်များအား အပြည့်အဝ ရှောင်တိမ်းနိုင်ခြင်း မရှိချေ။
သို့သော်လည်း ထိုခုတ်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများသည် လျင်မြန်စွာပင် ပျောက်ကင်း သက်သာသွားကြသည်။
ထို့အပြင် သွေးဘုရင်သည် အစွမ်းကုန် အားကုန် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူမသည် ဧရာမသွေးနဂါးကြီးအား လိုသလို အသုံးချနိုင်ပြီး ဓားအင်မော်တယ်မြစ်စိမ်းအား ထပ်ကာထပ်ကာ ထိုးနှက်နေလေသည်။ ထိုးနှက်ချက် အားလုံးသည် သေစေနိုင်လောက် သည်အထိ ပြင်းထန်သည်ချည်းသာ။
ဓားအင်မော်တယ်မြစ်စိမ်းသည် သွေးဘုရင်းအား တစ်ချက်တည်းဖြင့် ပြင်းထန်းစွာ ဒဏ်ရာရရှိအောင် မပြုလုပ်နိုင်ပါက သူသည် မောပန်းနွယ်နယ်မှုကြောင့် သေဆုံး သွားလိမ့်မည် ဖြစ်သည်။
ထိုသည်ကို ကြည့်ခြင်းအားဖြင့် အန်လင်းသည် ဓားအင်မော်တယ် မြစ်စိမ်းအား ကူညီသင့်သည်ဟု ခံစားမိလေသည်။
သူလက်ချောင်းများကို တိတ်ဆိတ် ရွေ့လျား လိုက်ပြီးနောက် လျှပ်စီးအား လိုသလိုအသုံးပြုနိုင်သည့် နည်းစနစ်ကို အသုံးပြုကာဖြင့် စွမ်းအင်များအား စတင် စုဆောင်းလိုက်သည်။
ထိုနည်းစနစ်သည် ပညာရှိပြိတ္တာဘုရင်အပေါ် အသုံးပြုခဲ့သည့် နည်းစနစ် ဖြစ်သည်။ ကောင်းကင်မှ လျှပ်စီးအား ခေါ်ယူခြင်း။
လျှပ်စီးကြောင်းများသည် ကောင်းကင် တစ်နေရာတွင် ဖြည်းညင်းစွာ စုဆုံလာကြသည်။ ထိုလျှပ်စီးကြောင်းများသည် ဆင်းသက် မလာခင်အချိန်အထိ ပုန်းကွယ်နေမည် ဖြစ်သည်။
သွေးဘုရင် အမသည် သွေးနဂါး၏ထိပ်တွင် ရပ်လျက် ဓားအင်မော်တယ် မြစ်စိမ်းအား ထပ်ကာထပ်ကာ ထိုးနှက်လျက်ရှိသည်။ သူမနှင့် တိုက်ခိုက်နေသည့် ရန်သူ၏ ပုံရိပ်အား ကြည့်သည့်အခါတွင် သူမ မျက်လုံးထဲတွင် လောဘကြီးသည့် အရိပ်အယောင်များ ကပ်ညိနေလေသည်။
သူမသည် နူးညံ့ကာ ရဲရဲနီနေသည် နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်သည်။ “လူသား ကျင့်ကြံသူတွေ ပိုပြီး သန်မာလာလေလေ သူတို့ရဲ့ သွေးတွေက ပိုချိုလာလေပဲတဲ့ … တကယ်ကို လိုချင်တယ် … ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး …”
သူမ၏ အသက်ရှူနှုန်းမှာ မြန်လာပြီး ရင်သပ်ရှုမောဖွယ် ကောင်းလွန်းသည့် ရင်သားများမှာလည်း လှိုက်ဖို လာလေသည်။ သူမ၏ ဖြူဖျော့ဖျော့ လက်မောင်း သားသည်လည်း အနည်းငယ် လှစ်ဟလာသည်။
ရုတ်တရက် ဆိုသလိုပင် လေထုသည် တုန်ခါလာပြီး သွေးဘုရင်၏ ခန္ဓာကိုယ်မှနေ သွေးအမြောက်အများ ထွက်လာသည်။ ထိုသွေးစက်များသည် ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး လေထဲတွင် မရေမတွက် နိုင်တော့လောက်အောင် များပြားသည့် သွေးနဂါးများ ပေါ်လာတော့သည်။
“နင့်ရဲ့သွေးကို ငါက ဖြည်းဖြည်းလေး အရသာခံပါ့မယ် …” ဓားအင်မော်တယ် မြစ်စိမ်းအား စိုက်ကြည့်ကာဖြင့် သွေးဘုရင်သည် ချစ်စဖွယ်လေသံဖြင့် ပြောလာသည်။
ဓားအင်မော်တယ်မြစ်စိမ်း၏ အမူအရာမှာ လေးနက်လာသည်။ သူမ၏ စွမ်းအားသည် သူ၏ ခံနိုင်စွမ်းကို ကျော်လွန်နေပြီ ဖြစ်သည်။
ဘုန်း …
သူတို့၏ မေးရိုးများကို ဖွင့်ဟကာဖြင့် သွေးနဂါး အားလုံးတို့သည် ကောင်းကင်မှနေ သူ့ထံသို့ တစ်ရှိန်ထိုး ပြေးဆင်း လာကြတော့သည်။
သွေးနဂါးတစ်ကောင်ချင်းစီသည် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး အန္တရာယ်အငွေ့အသက်ကို ပေးနေလေသည်။
တောက်ပသည့် မိုးပြာရောင် ဓားချက်သည် ဓားအင်မော်တယ်မြစ်စိမ်း၏ ဓားသွားတွင် စုဆုံလာသည်။ သူ၏ စွမ်းအားအပြင်းဆုံး တိုက်ကွက်အတွက် စွမ်းအင်များကို စုဆောင်းနေခြင်းဖြစ်သည်။
“လာစမ်းပါ အသည်းလေးရဲ့ … ဟဟဟဟဟ …” သွေးဘုရင်သည် စိတ်လှုပ်ရှားစွာဖြင့် ရယ်မော နေလေသည်။ သူမ၏ ချစ်စဖွယ် ပုံရိပ်လေးမှာ ထိန်းချုပ်လို့ မရတော့လောက်အောင် ယိမ်းထိုးနေလေသည်။
ဂျိမ်း …
လျှပ်စီးကြောင်းတစ်ခုသည် လေထုကို ထိုးဖောက်ကာ သွေးဘုရင်၏ ဦးခေါင်းအား ပစ်ခတ်လိုက်သည်။ သူမသည် မည်းနက် သွားတော့သည်။
သူမ၏ မျက်လုံးများသည် ဖောင်းလာပြီး ရယ်လိုက်သည့် အခါတွင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ သွေးနဂါးအားလုံး တို့သည့်လည်း ရပ်တန့်သွားကြသည်။
ဓားအင်မော်တယ် မြစ်စိမ်းသည် ထိုအချက်အား အခွင့်ကောင်းယူကာဖြင့် ကြီးမားသည့် မိုးပြာရောင် ဓားကြီးအား အဝေးတွင်ရှိနေသည့် သွေးဘုရင်ထံသို့ ခုတ်ပိုင်း လိုက်လေသည်။
ဓားခုတ်ချက်သည် လေကိုပိုင်းဖြတ်ကာ သွေးဘုရင်၏ ခန္ဓာကိုယ်ထံသို့ ရောက်ရှိ သွားပြီးနောက် သူမအား နှစ်ပိုင်း ပိုင်းလိုက်တော့သည်။
သွေးဘုရင်သည် ဖြည်းညင်းစွာဖြင့် လဲကျသွားပြီးနောက် ကောင်းကင်တွင် ရှိနေသည့် သွေးနဂါးတို့သည်လည်း ပျောက်ကွယ် သွားတော့သည်။
ဓားအင်မော်တယ်မြစ်စိမ်းမှာ ပင့်သက်ရှိုက်လျက် ရှိသည်။ အသုံးပြုလိုက်သည် ဓားချက်သည် သူ၏ စွမ်းအင်အများအပြားကို ကုန်ဆုံး သွားစေသည်။
ရုတ်တရက်ဆိုသလိုပင် သွေးနဂါးများ၏ ပေါက်ကွဲမှုကြောင့် သွေးတိမ်တိုက်များ ဖြစ်ပေါ်လာပြီး နှစ်ပိုင်းပိုင်းသွားသည့် ခန္ဓာကိုယ်ထံသို့ စုရုံး ရောက်ရှိလာကြသည်။
သွေးမှုန်များ အလယ်တွင် သွေးဘုရင်၏ ယိုယွင်းနေသည့် ခန္ဓာကိုယ်မှာ စတင်ချိတ်ဆက် သွားကြသည်။
ထိုသည်ကို မြင်လိုက်ရသဖြင့် ဓားအင်မော်တယ် မြစ်စိမ်းသည် ချက်ချင်း ဆိုသလိုပင် သူမထံသို့ ပြေးဝင်သွားတော့သည်။ သူ့လက်ထဲရှိ ဓားသည့် နောက်ထပ်တစ်ဖန် အလွန်အံ့အားသင့်ဖွယ်ရာ ကောင်းသည့် စွမ်းအားများကို ထုတ်ဖော် ာပြန်သည်။
“သွေးပေါက်ကွဲမှု …” သွေးဘုရင်က အော်ဟစ်လိုက်သည်။ သူမ၏ ရွှေရောင် ဆံပင်များသည် ထတောက် လာပြီးနောက် သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသည့် အငွေ့အသက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။
ဘုန်း …
သွေးမှုန်များ ပေါက်ကွဲထွက်လာပြီး ဓားအင်မော်တယ် မြစ်စိမ်းသည် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် လှိုင်းများကြောင့် အနောက်ဘက်သို့ လွင့်ထွက်သွားသည်။
သွေးဘုရင်မသည် သူမ၏ အတောင်များကို တဖျပ်ဖျပ်ခက်က ရူးသွပ်ဖွယ်ရာ အမြန်နှုန်းဖြင့် နေရာတစ်ခုထံသို့ ပစ်လွှတ်လိုက်သည်။
ထိုနေရာသည် အန်လင်းပုန်းအောင်နေသည့် နေရာပင် ဖြစ်သည်။
“သတိထား …” ဓားအင်မော်တယ် မြစ်စိမ်းက အော်လိုက်သည်။
သွေးဘုရငသည် သူ့ထံသို့ ပြေးလာနေကြောင်း အန်လင်းက သိပြီးဖြစ်သည်။ သို့သော်လည်း သူမသည် ရုတ်တရက် ထိုမျှလာက် သန်မာလရခြင်းကို မသိသော်လည်း သေချာသည်မှာ လျှို့ဝှက်နည်းစနစ်အား အသုံးပြုလိုက်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အချိန်ကြာမြင့်စွာ ထိန်ထားနိုင်မည် မဟုတ်ချေ။
“တောင်ခွင်းလက်သီး” အန်လင်းသည် သူမထံသို့ လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။
ဘန်း …
အန်လင်း၏ ရွှေလက်သီးကြောင့် သွေးဘုရင်မှာ လွင့်ထွက် သွားသည်။
အန်လင်းသည် ခေတ္တမျှ ကြောင်အ သွားသည်။ သူတွေဝေနေစဉ်မှာပင် အရိပ်မည်း တစ်ခုသည် သူအရှေ့တွင် ပေါ်လာပြီးနောက် သူ့အား သယ်ဆောင် သွားတော့သည်။
ရုတ်တရက် ဆိုသလို သွေးကြိုးများ ပေါ်လာပြီး သူ့ခန္ဓာကိုယ်အား တင်းကျပ်စွာ ချည်နှောင် ထားတော့သည်။
ဖြူဖျော့နေသည့် လက်တစ်ဖက် ရောက်ရှိလာပြီးနောက် သူ၏လည်ပင်းအား ဖျစ်ညှစ်ထားသည်။
ထိုသို့ဖြင့် ဆွဲဆောင်မှုရှိလှသည့် သွေးဘုရင်သည် သူ့ဘေးတွင် ပေါ်လာခဲ့ပြီး ထွက်ပြေးနိုင်သည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလေသည်။
“အန်လင်း…” ဓားအင်မော်တယ်မြစ်စိမ်းသည် အလွန်စိုးရိမ်နေမိသည်။
သွေးဘုရင်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း ထိုမျှလောက်အထိ စွမ်းအားကြီးနေဆဲ ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားချေ။
“ကျင့်ကြံသူလေး … မင်းက ငါ့ကို အရမ်းကို သဘောကျတာပဲလား … အရမ်းကို စိတ်ဝင်စားနေတယ်ပေါ့ …”
သွေးဘုရင်မသည် သူမ၏ နှုတ်ခမ်းအား အန်လင်း၏ လည်ပင်းအနီးတွင် ဝေ့ဝိုက်လျက်ရှိပြီး နူးညံ့စွာဖြင့် ပြောလာသည်။
“ဟီးဟီး … လှပတဲ့ မမ … ကျွန်တော်က မမကို အရမ်း သဘောကျတယ် ဆိုတာ သိနေပြီ မဟုတ်လား … ဘာလို့များ မလွှတ်ပေးရသေးတာလဲ …” အန်လင်းသည့် အဓိပ္ပာယ်မဲ့သည့် စကားများကို ကရားရေလွှတ် ပြောတော့သည်။ သူ့စိတ်ထဲတွင်မူ မည်သို့လွတ်မြောက်ရန် ကြိုးပမ်းရမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။
“အဲလိုမလုပ်နိုင်ပါဘူးနော် … ဒီမမက အခုလေးတင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားတာကြောင့် မင်းရဲ့အကူအညီကို လိုအပ်နေတယ်ကွ …”
“လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ် … မင်းရဲ့ သွေးတွေကိုသာ သောက်လိုက်ရမယ်ဆိုရင် မမရဲ့ စိတ်စွမ်းအင်တွေက ချက်ချင်း ပြန်ပြည့်လာပြီး အရမ်းကို တက်ကြွလာတော့မှာ …”
ထိုသို့ပြောရင်း သူမ၏ နူးညံ့သည့် လျှာလေးအားထုတ်ကာ အန်လင်း၏ လည်ပင်းအား လျက်နေလေသည်။
သူမ၏လျှာကို ခံစားမိနေရသဖြင့် အန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီ လာတော့သည်။
သွေးဘုရင်၏ ခံတွင်းမှ ထွက်ပေါ်လာသည့် သွေးရနံ့သည် အန်လင်း၏ ကျောရိုးထဲအထိ အေးစိမ့်သွားစေသည်။
ဒီဖေ … အခုလိုမျိုး ဆက်လုပ်နေမယ် ဆိုရင်တော့ ငါတော့ တကယ်ကြီး ခြောက်ခမ်းသွားတော့မှာပဲ …
အန်လင်းသည် ဓားအင်မော်တယ်မြစ်စိမ်းအား ကြည့်လိုက်သော်လည်း သူသည် တည်ငြိမ်စွာဖြင့် နေထိုင်ရမည်ကို သတိပြုမိလိုက်သည်။
အန်လင်းသည် အဖမ်းခံထားရခြင်း ဖြစ်သည်။ အကယ်၍ ဓားအင်မော်တယ် မြစ်စိမ်းသာ အလျင်စလို ပြုမူလိုက်မည်ဆိုလျှင် အန်လင်းသည် သူ့တိုက်ခိုက်မှုတွင် ပူးပေါင်း တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခု ရှိပေသည်။
လာစမ်းပါဗျ …
အန်လင်းတွင် ဆုတ်ခွာရန် မရှိတော့ချေ။ နောက်တစ်ဖန် လျှပ်စီးအား လိုသလိုအသုံးချခြင်း နည်းစနစ်ကို လျှို့ဝှက်စွာ အသုံးပြလိုက်ပြန်သည်။ လျှို့ဝှက်စွာ ပြင်ဆင်ထားရသည့် တိုက်ကွက်ဖြစ်သည်။
လျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လိုက်သည်။
သို့သော်လည်း ဒီတစ်ကြိမ်တွင်မူ သွေးဘုရင်သည် ကြိုတင် ပြင်ဆင်ထားလေသည်။ သူမ၏ အပေါ်မှနေ ချက်ချင်းဆိုသလို သွေးနံရံတစ်ခု ပေါ်လာသည်။
ဘုန်း …
လျှပ်စီးကြောင်းသည် သွေးနံရံအား မည်းနက်သည်အထိ လောင်ကျွမ်း သွားစေသည်။ သို့သော်လည်း သွေးဘုရင်အား ထိခိုက်ခြင်း မရှိ။
“ကျင့်ကြံသူလေးရေ … မင်းက ဒီမမကို တကယ်ကြီး မူးနောက်အောင် လုပ်နေတာလား … ဟင်း … ဒီမမကတော့ သည်းမခံနိုင်တော့ဘူးရယ် … စကြတာပေါ့ …”
ဆွဲဆောင်မှုရှိသည့် ချစ်စဖွယ် အသံလေးသည် သူ၏နားအတွင်းသို့ ရောက်ရှိလာသည်။ သူမ ပြောသည်များအား ကြားလိုက်သည့်အခါတွင် အန်လင်းသည် မျက်ရည်များပင် ပိုးပိုးပေါက်ပေါက် ကျချင်လာမိတော့သည်။
ထို့နောက်တွင် သူ၏လည်ပင်းမှ နာကျင်မှုကို ခံစားရသည်။
သူ၏သွေးများအား စုပ်ယူနေခြင်းကို ခံစားမိနေသည်။
“အား …”
သွေးဘုရင်မသည် ဆွဲဆောင်မှုရှိစွာဖြင့် ညည်းညူ လိုက်သည်။ သို့သော်လည်း သူမသည် အန်လင်းအား ရုတ်တရက် ဆိုသလို တွန်းပစ်လိုက်သည်။ အန်လင်းမှာ ရုတ်တရက် ကြောင်အနေမိပြီး သူမအား လှည့်ကြည့်လိုက်သည်။
နင်က ဒီလိုမျိုး လိုချင်ခဲ့တာ မဟုတ်ဘူးလား … ဘာလို့များ ငါ့ကို တွန်းထုတ်ရတာတုန်း …
“အား”
သွေးဘုရင် နာကျင်မှုကြောင့် အော်ဟစ် နေလေသည်။ သူမသည် ရူးသွပ်သွားတော့မည့်ပုံပင်။
သူမသည် ဒေါသကြီးစွာဖြင့် ပြေးလွှားနေပြီး သူမလက်မောင်းများအား လွှင့်ပစ်နေလေသည်။ သူမ ထုတ်လွှတ်ထားသည့် ကြောက်မက်ဖွယ် စွမ်းအားသည် သူမနှင့် ထိစပ်နေသည့် အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။
ဟုတ်သည်။ အန်လင်း၏သွေးအား သောက်သုံးပြီးသည့် နောက်တွင် သူမသည် အမှန်တကယ်ကို တက်ကြွလာလေသည်။ အလွန်အမင်း တက်ကြွလာခြင်း …။
ဓားအင်မော်တယ် မြစ်စိမ်းသည်လည်း အန်လင်းထံသို့ ပြေးလာပြီးနောက် အန်လင်းအား ကိုယ်ဖြင့် ကွယ်ထား လိုက်တော့သည်။
“အန်လင်း … မင်းအဆင်ပြေရဲ့လား”
အန်လင်းက လည်ပင်းအားပွတ်ကာ ခေါင်းညိတ်လိုက်သည်။ “သွေးအားနည်းသလိုလို ဖြစ်နေတာကလွဲလို့ အဆင်ပြေပါတယ် …”
“ဓားအင်မော်တယ်မြစ်စိမ်း …”
ထိုအချိန်မှာပင် သွေးဘုရင်သည် အော်ဟစ် လာတော့သည်။ “ကျင့်ကြံသူလေး နင်က နင့်ရဲ့သွေးတွေကို တကယ်ကြီး အဆိပ်ခတ်လိုက်တယ်ပေါ့ … ဘယ်တော့မှ ခွင့်မလွှတ်ဘူးမှတ် …”
ထိုသို့အော်ဟစ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် တုံ့ခနဲ ရပ်တန့်သွားကာ မြေပေါ်တွင် လဲကျသွားတော့သည်။
***
မြေပြင်တွင် လဲကျနေသည့် သွေးဘုရင်မအား ကြည့်အား အန်လင်းနှင့် ဓားအင်မော်တယ် မြစ်စိမ်းတို့သည် တစ်ဦးနှင့်တစ်ဦး နားမလည်နိုင်စွာဖြင့် ကြည့်လိုက် ကြတော့သည် …။
***