← Chapters

Chapter 2

Vol. 1 Ch. 2

Chapter 2

Vol. 1 Ch. 2

စူးယွင်သည် ချန်းရှီလမ်းမ၏ အရှေ့ဘက်ခြမ်းရှိ ဆိုင်ဆီသို့ နဉ်ကျင်းနောက်မှလိုက်သွားကြည့်ခဲ့၏။

ဆိုင်သည် ပြီးပြည့်စုံသော အရွယ်အစားဖြင့် ဖော်ပြထားသည့်အတိုင်းပါပင်။အထဲတွင်တော့ အညိုရောင်နံရံကပ်စင်အနည်းငယ်နှင့် ပန်းပွင့်ပုံဖော်ကာ တန်ဆာဆင်ထားသည့် နံရံများသာရှိနေခဲ့ပြီး ဤနေရာအား မကြာသေးမှီကမှ ဝယ်ယူထားပါသည်ဟု ထောက်ခံပေးနေတော့သည်။

ပြတင်းပေါက်များရှိ လိုက်ကာများမှာ ပျံ့ကျဲနေသော သစ်ခွပွင့်ပုံကြီးများနှင့် ပန်းထိုးထားခြင်းဖြစ်ကာ လန်းဆန်းပြီး ရိုးရှင်းသောအသရေကို ပေးစွမ်းနေပြီး ချုံဆမ်းကိုလည်း ပြည့်စုံအောင်ထောက်ပံ့နိုင်လေ၏။

စူးယွင်သည် ဆိုင်နှင့်ပက်သက်၍ အတော်စိတ်တိုင်းကျနေပေသိ သူမ၏ဘဏ္ဍာရေးမှာကြပ်တည်းနေလေသည်။

သူမသည် နှုတ်ခမ်းအားကိုက်ကာ ခဏတာတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။

"သခင်လေး ဒီဆိုင်ကိုကျွန်မဆီငှားပေးမယ်လို့ ယူဆပေးလို့ရမလား။ကျွန်မအမြတ်အစွန်းစရတာနဲ့ ငှားခပေးပါ့မယ်"

"အကြွေးလား"

နဉ်ကျင်းမှာ ခပ်ဖွဖွရယ်လိုက်ပြီး ခေါင်းအားငုံကာ

"မိန်းကလေး ဒီလိုပုံစံမျိုးနဲ့ စီးပွားရေးကို ဘယ်သူမှလုပ်မှာမဟုတ်ဘူးနော်"

စူးယွင်သည် အသက်ပြင်းပြင်းရှူကာ ရှေ့သို့တိုးရင်း လေးလေးနက်နက်ပြောလိုက်သည်။

"သခင်လေး ကျွန်မကလတ်တလောငွေပြတ်နေပေမယ့် ကျွန်မတစ်ကယ်.....ရှင့်အနေနဲ့ ညှာတာထောက်ထားမှုအချို့ပြပြီး ဒီအခွင့်အရေးကို ကျွန်မဆီပေးအပ်ပေးဖို့ မျှော်လင့်ပါတယ်"

"ကျွန်မမှာ ငွေကြေးရှိလာတာနဲ့ သခင်လေးကိုချက်ချင်းပေးပါ့မယ်လို့ အာမခံပါတယ်"

နဉ်ကျင်းသည် သူ၏‌ေခါက်ယပ်တောင်ကို ဖြတ်ကနဲပိတ်လိုက်၍ သူ့လက်ဖဝါးပေါ် အသာထိကာ သူ၏အကြည့်များအား စူးယွင်၏အထုပ်ထံရွှေ့လိုက်သည်။

"မင်းလက်ထဲကပစ္စည်းတွေကို ကိုယ့်ဆီဘာလို့မပေးရတာလဲ။ကိုယ်တို့တွေ အဲ့ဒါတွေကို တစ်လစာငှားရမ်းခအတွက် ပေးချေမှုအဖြစ် သုံးလို့ရတယ်လေ။မင်းဘယ်လိုထင်လဲ"

"ရှင်ကဒီပစ္စည်းတွေလိုချင်လို့လား"

စူးယွင်သည် သူ့အားရှုပ်ထွေးဟန်ဖြင့်ကြည့်လိုက်၏။

နဉ်ကျင်းမှာ ရှင်းပြလာသည်။

"ကိုယ့်တူမလေးက ဒီလိုလက်ဝတ်လက်စား‌တွေအပေါ် နှစ်သက်မှုရှိနေတာလေ။ကိုယ်ထင်တာက သူမပျော်သွားအောင် ဒါတွေကိုဝယ်ရမလားလို့ပါ"

စူးယွင်သည် မူလကသူမ၏ဆိုင်အတွက် ငွေအချို့ရရန် ပစ္စည်းများအား ပေါင်နှံဖို့စီစဉ်ခဲ့သော်လည်း နဉ်ကျင်း၏အကြံပြုချက်ကိုကြားသော် သူမအားအလွန်ပျော်ရွှင်စေခဲ့သည်။တုံ့ဆိုင်းမှုရှိမနေပဲ သူမမှာသဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်၏။

ထိုပစ္စည်းများမှ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်လာမည်ကို စိုးရိမ်၍ သူမမှာချက်ချင်းအကြံပြုလိုက်သည်။

"ကျွန်မတို့တွေ ဘာလို့အခုပဲစာချုပ်မှာ လက်မှတ်မထိုးလိုက်ရမှာလဲ"

"တုန့်စန်း မှင်နဲ့စာရွက်ပြင်ဆင်လိုက်ပါ"

တုန့်စန်းသည် သူမထံအကြမ်းဖျင်းရေးသားထားသည့် စာချုပ်အားကမ်းပေးလိုက်၏။

"တစ်ချက်ကြည့် ကြည့်လိုက်ပါဦး မိန်းကလေး။ဒီမှာ ဘယ်လိုပြဿနာမျိုးမှရှိမနေသင့်ပါဘူး"

"ကောင်းပြီလေ"

စူးယွင်သည် ခေတ်သစ်ကမ္ဘာ၌ စာချုပ်များစွာအား လက်မှတ်ထိုးခဲ့ဖူးပြီး ဤစာချုပ်ထက် ပိုမိုရှုပ်ထွေးသည်တို့ကိုပင် မြင်ဖူးခဲ့လေပြီ။

သူမသည် စာချုပ်ပေါ် ပေါ့‌ေပါ့ပါးပါးကြည့်ကာ အမြန်ဖတ်ရှုလိုက်ပြီး ပြဿနာမရှိသည်ကိုတွေ့ရာ စုတ်တံအားယူ၍ သူမနာမည်ကိုလက်မှတ်ထိုးလိုက်သည်။

"သခင်လေး ရှင့်အလှည့်ပါ"

နဉ်ကျင်းသည် သပ်ရပ်သန့်ရှင်းနေသော စာလုံးနှစ်လုံးအား စိုက်ကြည့်ကာ သူ၏နူးညံ့သောအသံဖြင့် ရေရွတ်လိုက်၏။

"စူးယွင်"

ထို့နောက် သူသည်စုတ်တံအားယူကာ သူ၏အကြည့်စူးစူးတို့က စာရွက်ပေါ်သက်ဆင်းနေပြီး သူက နဉ်ကျင်းဟု ရေးခဲ့သည်။

စာချုပ်အားလက်မှတ်ထိုးပြီးနောက် နှစ်ယောက်သားထွက်သွားသည်ကို စူးယွင်မြင်သော် နေရာအားနည်းနည်းပါးပါးသန့်ရှင်းရေးလုပ်ရန် ဆိုင်နီးချင်းတစ်ဆိုင်ထံမှ ရေပုံးတစ်ပုံးနှင့် အဝတ်စုတ်တစ်ခုကို ငှားရမ်းလိုက်၏။

ထိုစဉ်တွင် တုန့်စန်းမှာ နဉ်ကျင်းအား ရှုပ်ထွေးစွာကြည့်ရင်း မေးလာသည်။

"သခင်လေး ဘာလို့ဒီလိုလုပ်လိုက်တာလဲ"

သူ၏တူမမှာ လက်ဝတ်လက်စားများအား နှစ်သက်သည်မှန်သော်လည်း နဉ်ကျင်း၏အနီးကပ်အစေခံအနေဖြင့် တုန့်စန်းသည် နဉ်ကျင်းမှာ သူ၏အကူအညီအား ရည်ရွယ်ချက်ရှိ ပေးကမ်းလိုက်ခြင်းဖြစ်ကြောင်း ပြောနိုင်ပေ၏။

နဉ်ကျင်းသည် သူ၏ခေါက်ယပ်တောင်အား အသာရမ်းရင်း ရွှင်မြူးရိပ်တစ်စွန်းတစ်စမှာ သူ့မျက်လုံးများထဲ ရှိနေသည်။

"သူမကအရမ်းစိတ်ဝင်စားစရာကောင်းတယ်လေ"

-----------

လွန်ခဲ့သောရက်အနည်းငယ်အတွင်း စူးယွင်သည် သူမဆိုင်ထဲ၌ ချုံဆမ်းများချုပ်လုပ်ရင်း အလုပ်များနေခဲ့သည်။ယနေ့တော့ သူမသည်လွန်ခဲ့‌သည့်ရက်များမှ ကြိုတင်မှာယူခဲ့သော အထည်စကိုသွားယူရန် အပြင်ထွက်ခဲ့၏။သို့သော် သူမမှအထည်အားယူပြီး ပြန်လာစဉ် အရပ်ရှည်ရှည်အမျိုးသားတစ်ဦးက အမျိုးသမီး၏ဆံပင်ကို ဆွဲဆောင့်ကာ သူမခေါင်းအား မြေကြီးပေါ် အတင်းအကြပ်ရိုက်နှက်နေသည်ကို မျက်မြင်တွေ့လိုက်ရသည်။

နေ့ခင်းကြောင်တောင်ကြီးတွင် ဤကဲ့သို့အမျိုးသမီးတစ်ဦးအား တိုက်ခိုက်နေသည့်လုပ်ရပ်မှာ စူးယွင်အနေဖြင့် ဘယ်တော့မှ လျစ်လျူရှုမသွားနိုင်သည့် အရာတစ်ခုဖြစ်လေ၏။

သူမသည်အရှေ့သို့ပြေးတက်ကာ အော်လိုက်သည်။

"ရပ်စမ်း"

ဝမ်စစ်သည် သူ့ရှေ့ရှိအမျိုးသမီးအားကြည့်လိုက်၏။သူမသည် သွယ်လျကာ ကောင်းမွန်သောအသားအရေရှိပြီး သူမနှင့်ပက်သက်ပြီး မည်သည့်အန္တရာယ်မှရှိပုံမရချေ။

သူသည်အမျိုးသမီး၏ဆံပင်ပေါ်ရှိ သူ၏ဆွဲအားကိုတိုးလိုက်ရင်း မတ်မတ်ရပ်ကာ

"မင်း သောက်ကောင်မ မင်းလာတဲ့နေရာဆီကိုသာ ပြန်သွားချေ။ငါ့လမ်းကို လာမရှုပ်နဲ့"

"ဟမ့် ဒီနေ့တော့ ငါဝင်ရှုပ်ရလိမ့်မယ်"

စူးယွင်သည် အနီးနားတွင် အထုပ်အားချရင်း ပြောလာ၏။သူမသည် အင်္ကျီလက်များအား ပင့်တင်ကာ ဆက်ပြောလိုက်သည်။

"ရှင့်လို အမျိုးသမီးတွေကို ရိုက်နှက်တဲ့ လူယုတ်မာတစ်ယောက်က လူတိုင်းရဲ့ရှုံ့ချတာကိုခံရဖို့ပဲ တန်တယ်"

"ကျစ်"

ဝမ်စစ်သည် အမျိုးသမီး၏ဆံပင်အား လွှတ်လိုက်ပြီး စူးယွင်ထံသတ်‌ေတာ့ဖြတ်တော့မလို ကြည့်လာ၏။

"ငါကငါ့ကိုယ်ပိုင် ကိုယ်လုပ်တော်ကို ဘယ်လိုပြုမူရမယ်ဆိုတာ သင်ပေးနေတာ။ငါ့ကိုဘာလုပ်ရမယ်ဆိုတာ ပြောနေရအောင် မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ"

"သူမကရှင့်ရဲ့ကိုယ်လုပ်တော်ဖြစ်‌ေနရင်တောင် သူမအပေါ်ရှင်လက်မပါသင့်ဘူး"

စူးယွင်သည် အမျိုးသမီးအားထူပေးရင်းပြောလိုက်သည်။

"မကြောက်နဲ့နော် ဒီမှာလူတွေအများကြီးရှိတယ်။လူတိုင်းက ရှင့်ကိုကူညီကြမှာပါ"

"သူမအဖေက သူမကိုငါ့ဆီရောင်းခဲ့တာကွ။သူမကအခုငါ့ဟာပဲ။သူမနဲ့ပက်သက်ပြီး ငါလုပ်ချင်တာငါလုပ်နိုင်တယ်"

ရှောင်ဟယ်၏မိသားစုမှာ ဆင်းရဲပြီး သူမမောင်လေးလက်ထပ်ရန်အတွက် ငွေပေါ်ရန်အလို့ငှာ သူမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဝမ်စစ်ထံရောင်းချခံခဲ့ရ၏။

"ဘယ်လောက်လဲ။ရှင့်ဆီကနေ သူမကိုကျွန်မပြန်ဝယ်မယ်"

စူးယွင်၏စကားများအားကြားသော် ဝမ်စစ်သည် သူ၏မျက်လုံးများအား လှည့်ပတ်ရင်း ဈေးနှုန်းကို လောဘတကြီးတင်ချလိုက်၏။

"နှစ်ဆယ်တေး"

သူသည်လောင်းကစားသမားတစ်ဦးဖြစ်ပြီး သူ့အိမ်ရှိအရာအားလုံးမှာလည်း လောင်းကစားအတွက် ဖြစ်ခဲ့ပြီးလေပြီ။ယနေ့တွင်တော့ သူသည် လောင်းကစားဆက်လုပ်ဖို့ ငွေအချို့ရှာရန် ရှောင်ဟယ်အား ဆောင်ကြာမြိုင်တစ်ခုထံရောင်းဖို့ကြံစည်ခဲ့၏။

"နှစ်ဆယ်တေး ရှင်ကျွန်မကိုဓားပြတိုက်နေတာလား"

စူးယွင်သည် ရှောင်ဟယ်၏ပုခုံးအားအသာပုတ်ကာ သူမအားနှစ်သိမ့်လိုက်သည်။

"ရှင့်အနေနဲ့ အမျိုးသမီးတွေကို ဒီလိုမျိုး ရိုက်နှက်ပြီးရောင်းချလို့မရနိုင်ဘူး။အဲ့အတွက် ရှင်သေဒဏ်ကျသွားနိုင်တယ်နော်"

ပြီးခဲ့သည့်ရက်များတွင် စူးယွင်သည် ဒေသန္တရဥပဒေများအား အကြမ်းဖျင်းနားလည်မှုရှိခဲ့၏။

ဤနေရာမှာ အလွန်ပွင့်လင်းသောမင်းဆက်တစ်ခုဖြစ်ပြီး အမျိုးသမီးများအား ကာကွယ်ထားသည့်ဥပဒေများမှာ အလွန်ကောင်းမွန်မျှတလေသည်။

"ငါကကြောက်နေမယ်လို့ မင်းထင်လို့လား"

ဝမ်စစ်ကနှာမှုတ်လိုက်၏။

"ဥပဒေကို ဧကရာဇ်ကိုယ်တိုင်က ပြဌာန်းခဲ့တာပါ။ရှင်က အဲ့ဒါကိုမလိုက်နာဘူးလို့ပြောနေတာလား ဒါမှမဟုတ် တော်ဝင်အမိန့်ပြန်တမ်းကို ဖီဆန်ပြီး ဧကရာဇ်ကို လူသိရှင်ကြား စော်ကားချင်နေတာလား"

စူးယွင်မှပြန်ချေပလိုက်သည်။

"ဒါက....."

ဝမ်စစ်သည် လောင်းကစားလုပ်ရသည်ကို နှစ်သက်ပေသိ သူသည်လုံးလုံးတုံးအနေသည်‌ေတာ့မဟုတ်ပေ။သူသာ ဤသည်ကိုယနေ့၌ဝန်ခံခဲ့ပါက သူ၏အသက်မှာ ကျိန်းသေဒုက္ခရောက်ပေလိမ့်မည်။

"ဒါဆိုမင်းကဘာလုပ်ချင်တာလဲ"

စူးယွင်သည် ကျန်‌ေငွအကြောင်းစဉ်းစားကာ ပြောလိုက်သည်။

"နှစ်တေး။ရှင်သာ ဆန္ဒမရှိရင် ကျွန်မတို့အစိုးရရုံးဆီသွားပြီး တရားသူကြီးကို မျှတမှုအတွက် မေးနိုင်တယ်"

"ကောင်တီတရားသူကြီးကတော့ ဧကရာဇ်ရဲ့ဥပဒေတွေကို လိုက်နာမယ်လို့ကျွန်မယုံကြည်တယ်"

"မင်း...."

ဝမ်စစ်သည် အငြင်းပွားချင်ခဲ့ပေမယ့် အရပ်သားတစ်ဦးအနေဖြင့် သူသည်ရုံးတော်အာဏာပိုင်များအား စိန်မခေါ်ဝံ့ချေ။

သူသည်အံကြိတ်ရုံသာတတ်နိုင်ပြီး စကားအနည်းငယ်ကို ဖိညှစ်ပြောလာသည်။

"မင်းနဲ့ဒီနေ့တွေ့ရတာ ငါကံဆိုးတာပဲ"

"ငွေယူပြီးဒီကထွက်သွားတော့"

စူးယွင်သည်သူ့ထံ ငွေပစ်ပေးလိုက်ပြီး ရှောင်ဟယ်အား ဆိုင်ဆီပြန်သွားရန် ကူညီခဲ့၏။

ရှောင်ဟယ်အား ခုံပေါ်ထိုင်ခိုင်းပြီးနောက် စူးယွင်သည် အစောပိုင်းကလမ်းပေါ်ရှိ ကြင်နာသောအမျိုးသမီးထံမှ ရရှိခဲ့သောဆီမွှေးကို ထုတ်လိုက်သည်။သူမသည် အနည်းငယ်တို့ယူကာ ရှောင်ဟယ်၏နဖူးပေါ် အသာလိမ်းပေးလိုက်၏။

"ဆန်ကုန်မြေလေးကောင်ပဲ"

"မိန်းကလေး ကျွန်မအဆင်ပြေပါတယ်"

ရှောင်ဟယ်မှ နူးညံ့စွာပြောလာသည်။

"အခုကစပြီး မင်းဒီမှာကျွန်မနဲ့နေရလိမ့်မယ် ပြီးတော့ အဲ့ဒီဆန်ကုန်မြေလေးကို ထပ်ပြီးကြောက်နေစရာမလိုတော့ဘူး"

ရှောင်ဟယ်၏မျက်လုံးများထဲရှိ အကြောက်တရားနှင့် သူမနှင့်ထွက်လာစဉ်က တုန်ယင်နေသော သူမကိုယ်ကိုပြန်တွေးကြည့်ကာ ထိုသည်မှာ ကာလရှည်ကြာ အိမ်တွင်းအကြမ်းဖက်မှု၏ရလဒ်နှင့်တူညီသည်ကို စူးယွင်နားလည်လိုက်၏။

စူးယွင်သည် သူမကိုယ်ကို စိတ်တည်ငြိမ်စေရန် ရေနွေးတစ်ခွက်‌ငှဲ့နေစဉ် ရှောင်ဟယ်မှရုတ်ချည်းမတ်တပ်ရပ်လိုက်ပြီး ဒူးထောက်ဝပ်တွားလာသည်ကို တွေ့လိုက်ရသည်။

"မိန်းကလေးကို ကျေးဇူးတင်ပါတယ်။ရှင်သာဒီနေ့ ကျွန်မကိုမကူညီခဲ့ရင် ကျွန်မတော့ရောင်းစားခံရမှာပဲ"

"ရှောင်ဟယ် မြန်မြန်ထလိုက် ဒီလိုအစဉ်အလာတွေမလိုပါဘူး"

စူးယွင်သည် သူမအားထူပေးလိုက်ရာ မရည်ရွယ်ပဲ သူမအင်္ကျီလက်အောက်ရှိ ဖုံးကွယ်ထားသောလက်မောင်းပေါ်မှ အမာရွတ်များကို သတိပြုမိလိုက်သည်။သူမမှာ ဒေါသတကြီးဆဲဆိုမိ၏။

"အဲ့ခွေးသူတောင်းစားကောင်ကတော့ သူ့ကိုနှုတ်နှုတ်စဉ်းပြီး ခွေးတွေကိုကျွေးပစ်ဖို့ကလွဲပြီး ဘာမှသုံးစားမရဘူးပဲ"

ရှောင်ဟယ်သည် အမာရွတ်များအား ဖုံးရန်သူမအင်္ကျီလက်အား အမြန်ဆွဲချဖို့လုပ်လိုက်သည်။

"ကျွန်မအဆင်ပြေပါတယ်"

သူမမှာ နူးနူးညံ့ညံ့လေးပြောလာ၏။

စူးယွင်သည် သူမအားပြန်မပြောတော့ပေ။ထိုအစား သူမကိုဆီမွှေးသာ ဆက်လိမ်းပေးနေလိုက်သည်။

လိမ်းပြီးသည်နှင့် သူမသည်ရှောင်ဟယ်အတွက် ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်ပြီး သူမကိုယ်ကိုမိတ်ဆက်လိုက်၏။

"ကျွန်မမျိုးရိုးနာမည်က စူးပါ နာမည်ကယွင်။အခုကစပြီး မင်းကဒီဆိုင်ကို စီမံခန့်ခွဲဖို့ ကျွန်မကိုကူညီရလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် မိန်းကလေးစူး"

ရှောင်ဟယ်ကပြန်ဖြေလိုက်သည်။

"မလိုပါဘူး ကျွန်မနေရာကရိုးရိုးလေးပါပဲ။မင်းဘာသာ ဒီမှာ လျှောက်ပတ်ကြည့်တာဖြစ်ဖြစ် ထိုင်နားတာပဲဖြစ်ဖြစ် ကြိုက်တာသာလုပ်ပါ"

စူးယွင်သည် မတ်တပ်ရပ်လိုက်ရင်း ပြောခဲ့သည်။

"ကျွန်မမှာ အာရုံစိုက်ရမယ့် အချို့အရာတွေရှိသေးလို့ အခုသွားတော့မယ်နော်"

စူးယွင်ထွက်သွားသည်နှင့် ရှောင်ဟယ်လည်း မတ်တပ်ရပ်ကာ နေရာအား

ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်၏။

ခေတ္တအကြာတွင်တော့ ရှောင်ဟယ်မှာအော်လိုက်မိသည်။

"ဒါကဘာကြီးလဲ"

စူးယွင်မှာ သူမ၏ကျယ်လောင်သော အော်သံကြောင့် လန့်ဖြပ်သွားရပြီး မြန်မြန်မတ်တပ်ရပ်ကာ အသံလာရာဆီလှည့်ကြည့်လိုက်၏။

All Chapters