← Chapters

Chapter 3

Vol. 1 Ch. 3

Chapter 3

Vol. 1 Ch. 3

စူးယွင်သည် တိုးဖွဖွရယ်မောရင်း သူမ‌နံဘေးလျှောက်သွားလိုက်သည်။

"မင်းကိုပြောဖို့ ကျွန်မမေ့နေတာ ဒါကဆိုင်ရဲ့ ရိုးရာချုံဆမ်းပုံစံလေ"

(T-N : traditional cheongsamကို ဘာသာပြန်ရာမှာ မှားယွင်းခဲ့သော်ရှိ နားလည်ပေးကြပါ။ကိုယ်တို့ဆီဆို ရိုးရာအင်္ကျီဘာညာ သုံးသလိုပဲ ကိုယ်ကသုံးထားလိုက်လို့ပါ)

"ရိုးရာချုံဆမ်းလား"

ရှောင်ဟယ်မှာ ဝတ်စုံအားကြည့်လိုက်ရာ ဆန်းသစ်သောဝတ်စုံသည် အံ့ဩမိစေတုန်းပင်။

အနီးကပ်ကြည့်လိုက်ရာ ပန်းနုရောင်ချုံဆမ်းအား မင်္ဂလာတိမ်တိုက်ကြီးတစ်ခုနှင့် ပန်းထိုးထားခဲ့၏။ကြယ်သီးများမှာ ရိုးရာပုဇဉ်းခေါင်းသီးပုံစံများ ဖြစ်ကြပြီး ရွှေချည်ငွေချည်များနှင့် ကောက်ကြောင်းဖော်ထားကာ ပုလဲများပင်ထည့်သွင်းထားသည်။ထိုသည်မှာ ရိုးရှင်းနေပေသိ ကျော့ရှင်းနေကာ ထူးခြားသောအသရေတစ်ရပ်ကို သယ်ဆောင်ထားသည်။သို့‌သော်ငြားလည်း.......

စကပ်ခွဲကြောင်းနှင့် အင်္ကျီလက်တိုများမှာ....

ထိုသည်မှာ နည်းနည်းတော့.......

သူမသည်သိမ်မွေ့စွာမေးလိုက်၏။

"မိန်းကလေးစူး ဒါက....."

"ဟုတ်တယ်"

"ဒါက ကောင်းကောင်းရောင်းမထွက်မှာကို ကျွန်မစိုးရိမ်မိတယ် ပြောရရင် ဒါက......"

စူးယွင်သည် သူမမည်သည်ကို စိုးရိမ်နေကြောင်းသိနေ၍ ပြုံးကာသူမလက်အား ယမ်းလိုက်၏။

"ဝတ်စုံလှလှတွေဆိုတာ မင်းသူတို့ကိုဝတ်တဲ့အချိန် မင်းကိုယ်မင်းပျော်ရွှင်အောင်လုပ်ဖို့ ဖြစ်တည်လာတာလေ။အခြားလူတွေ ဘာပြောတယ်ဆိုတာကို စိတ်ပူမနေပါနဲ့။ဘဝဆိုတာ ကျွန်မတို့ပိုင်တာဖြစ်လို့ ကျွန်မတို့ပျော်ရွှင်နေဖို့ကပဲ အရေးကြီးတာလေ"

ရှောင်ဟယ်သည် သူမခေါင်းအားငုံ့လိုက်၏။

"ကျွန်မအမြင်ကျဉ်းသွားတယ်"

----------

ငါးရက်ကြာပြီးနောက်တွင် နေမင်းကြီးသည် တောက်တောက်ပပထိန်လင်းနေလေသည်။စူးယွင်နှင့်ရှောင်ဟယ်သည် သူတို့၏ချုံဆမ်းများအား ဝတ်ဆင်ကာ ဆိုင်ရှေ့၌ မီတာများစွာရှိ‌ေသာဗြောက်အိုးများအား နေရာချလိုက်၏။

ဗြောက်အိုး‌ေဖာက်သံ *ဖောက် ဖောက် ဖောက်*

ဗြောက်အိုးဖောက်သံ *ရှူး ရှူး ရှူး*

ဗြောက်အိုးတန်းရှည်ကြီးမှာ ပေါက်ကွဲသွားပြီး လေထဲပျံ့နှံ့သွားကာ ဘေးပတ်လည်ရှိ ဝယ်သူများ၏အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားတော့သည်။

"ဒီနေ့မှာ ဝမ်ကောက ဝယ်ယူသူ‌ေတွအတွက် လျှော့ဈေးကြီးတစ်ခုနဲ့အတူ ဆိုင်တံခါးမတွေကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ဆိုင်ထဲဝင်လိုက်တာနဲ့ လက်ဆောင်တစ်ခုရမယ်ဆိုတာ အာမခံတယ်နော်"

စူးယွင်သည် ယပ်တောင်ဝိုင်းလေးတစ်ခုအား ကိုင်ကာ အသက်ဝင်နေသည့်သစ်ခွပန်းပုံများ ပန်းထိုးထားသောအဖြူရောင်ချုံဆမ်းအားဝတ်ဆင်ထားသည်။သူမ၏ နူးညံ့သောမျက်နှာ ပင့်မြှောက်ထားသည့် မျက်ခုံးတန်းလေးများ ဆွဲဆောင်မှုရှိသော မျက်လုံးလေးများနှင့်အတူ ချုံဆမ်းသည်လည်း သူမ၏အချိုးအစားကျနလှသော သွင်ပြင်ကို ပေါ်လွင်ပြည့်စုံစေခဲ့၏။သွင်ပြင်တစ်ရပ်လုံးသည် နူးညံ့သိမ်မွေ့မှုနှင့် ရင်သပ်ရှုမောဖွယ်ကောင်းနေတော့သည်။

သူမဘေးရှိ ရှောင်ဟယ်သည်လည်း နိမ့်ကျမသွားခဲ့ပေ။အစိမ်းနုရောင်ချုံဆမ်းအား ဝတ်ဆင်ထားခြင်းသည် သူမအား မိန်းမသားဆန်စေကာ နူးညံ့သိမ်မွေ့သွားစေပြီး လွန်ခဲ့သောရက်အနည်းငယ်မှ သူမထံရှိခဲ့ဖူးသည့် စိတ်ပျက်အားငယ်ခြင်းတို့ကို လုံးလုံးလွှမ်းမိုးသွားစေခဲ့၏။

ဆိုင်အပြင်ဘက်တွင် မိန်းမလှလေးများနှင့်အတူ အာရုံစိုက်မှုများအား ဆွဲဆောင်ခြင်းသည် ကျိန်းသေအကျိုးရှိလေပြီး မကြာခင်မှာပင် ဖြတ်သွားဖြတ်လာများစွာသည် ဝင်ရောက်ရန်စိတ်အားထက်သန်ကုန်ကြသည်။

ဝမ်ကောဆိုင်လေးသည် အညိုရောင်သစ်သားအမျိုးအစားများအပေါ် အခြေခံထားသည့် ပုံစံတစ်ခုကိုအသားပေးထားပြီး ကာကီရောင်နှင့် မီးခိုးရောင်တို့ကို ပေါ်လွင်‌ေအာင်ဖော်ပြထားကာ ရိုးရှင်းသောခေတ်ဟောင်းခံစားချက်တစ်ရပ်ကို ဖန်တီးထားသည်။မာကျူရီအလင်းရောင်မှာ ချုံဆမ်းများအား ရောင်ပြန်ဟပ်နေကာ ဆွဲဆောင်မှုရှိသောတောက်ပမှုကို ဖော်ဆောင်၍ နေရာတစ်ခုလုံးအား ထူးခြားသည့်အသရေတစ်ရပ်ကို ပေါင်းစပ်ပေးထား၏။

စူးယွင်သည် ကြိုတင်ပြင်ဆင်ထားခဲ့သော စင်မြင့်လေးပေါ်မတ်တပ်ရပ်ကာ သူမ၏ယပ်တောင်အား ငြင်သာစွာဝှေ့ယမ်းလိုက်သည်။

"ကျွန်မက ဝမ်ကောရဲ့ဆိုင်ရှင်စူးပါ"

"ကျွန်မတို့ဆိုင်မှာ အဓိကထားရောင်းတာကတော့ တရုတ်ရိုးရာပုံစံ ချုံဆမ်းဆိုတဲ့ အမျိုးသမီးအဝတ်အစားတွေပါပဲ"

"တရုတ်ရိုးရာပုံစံချုံဆမ်းတွေတဲ့လား"

လူအုပ်ကြီးမှာ ပထမဆုံးအကြိမ်ကြားဖူးသည့် ဤမရင်းနှီးသောအခေါ်အဝေါ်အား ကြားလိုက်ရချိန်တွင် ရှုပ်ထွေးစွာကြည့်လာကြ၏။

စူးယွင်သည် ငြင်သာစွာပြုံးလိုက်ပြီး ချုံဆမ်းအား ပြသရန်ရှေ့သို့ ယူလာဖို့ ရှောင်ဟယ်အား အချက်ပြရန်လက်ဆန့်လိုက်သည်။

"ကျွန်မဝတ်ထားသလို ဒီဝတ်စုံကို တရုတ်ရိုးရာချုံဆမ်းလို့ခေါ်ပါတယ်"

"ချုံဆမ်းရဲ့ပုံစံက အလွန်‌ေကာင်းမွန်လှတဲ့ရိုးရာယဥ်ကျေးမှုကို ပေါင်းစပ်ထားတာဖြစ်ပြီး ပထမဆုံးအကြည့်မှာတင် အထက်တန်းဆန်ဆန်နဲ့ ကျော့ရှင်းတဲ့ပုံပေါ်အောင် လုပ်‌ေဆာင်ပေးမှာပါ"

"ဒါပေမယ့် အတွင်းပိုင်းပုံစံက ပိုပြီးတောင်အနုစိတ်နေသေးပါတယ်"

"ခွဲကြောင်းမြင့်မြင့်က ခြေတံရဲ့သဘာဝကောက်ကြောင်းကို ပေါ်လွင်အောင်ပြသ‌ပြီး ခါးဘက်ကိုလည်း ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်အောင် ဂရုတစိုက်ချုပ်ပေးထားပါတယ်။ရှင့်မှာ ဗိုက်ချပ်ချပ်လေး ရှိရှိ မရှိရှိ ဒီဝတ်စုံက ကောင်းကောင်းကြီးဖုံးကွယ်ပေးထားနိုင်တယ်နော်"

သူမသည်စကားပြောရင်း ဝတ်စုံ၏ဆွဲဆန့်မှုကို လက်တွေ့ပြရန် သူမခါးပတ်လည်ရှိ အထည်စကိုဆွဲပြလိုက်သည်။

"နွေရာသီရဲ့ နေကအရမ်းပူလောင်လွန်းတဲ့အပြင် ရိုးရာဝတ်စုံတွေက အရေပြားကိုတင်းတင်းချုပ်နှောင်ထားတော့ အပူတွေကိုလှောင်ထားသလိုဖြစ်ပြီး အသက်ရှုကြပ်သလိုခံစားနေရတာကနေ မလွတ်မြောက်နိုင်အောင်လုပ်နေတာလေ။ဒါပေမယ့် ဒီချုံဆမ်းကကျ စကပ်ခွဲ‌ေကြာင်းနဲ့ လက်တိုတွေရှိနေတော့ နွေရာသီမှာတောင် ရှင်တို့ကိုအပူဒဏ်ခံစားခွင့် လုံးဝပေးမှာမဟုတ်ပါဘူး"

အောက်ဘက်ရှိ လူများမှာ လှုပ်လှုပ်ရွရွဖြစ်လာ‌ကြသော်လည်း ချုံဆမ်းပုံစံနှင့်ပက်သက်ပြီး တွန့်ဆုတ်နေကြဆဲပင်။

"ဒါပေမယ့် ဝတ်စုံတွေက......"

စူးယွင်သည် သူတို့ဘာပြောမည်ကိုသိနေ၍ ရှင်းပြလိုက်သည်။

"ကျွန်မဝတ်ထားတာနဲ့ပက်သက်ပြီး မှားယွင်းတာတစ်ခုခုရှင်တို့ မြင်မိကြလား"

"ကျွန်မလက်မောင်းတွေနဲ့ ခြေထောက်တွေကလွဲရင် အပြင်ဘက်ကို‌မဖော်ပြသင့်တဲ့အရာတစ်ခုခုများရှိနေလား"

"ဝတ်လိုက်တဲ့အခါဆို ဒီဝတ်စုံကလှပမနေဘူးလား"

မြန်ဆန်သောမေးခွန်းသုံးခုနှင့်အတူ လူထုမှာ မည်ကဲ့သို့တုံ့ပြန်ရမည်ဆိုသည်ကို မသိတော့ပဲ အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြသည်။သူတို့သည် ချုံဆမ်း၏အလှတရားကို အသိအမှတ်ပြုနေစဉ်မှာပင် ခံစားနေမိသေးသည်က......

စူးယွင်သည် သူတို့၏တုံ့ဆိုင်းမှုအား သတိပြုမိကာဆက်ပြောလာသည်။

"အချိန်တွေကပြောင်းလဲနေပါပြီ။အရင်ကဆို အမျိုးသားတွေကပဲ တော်ဝင်ရုံးတော်မှာ အမှုတော်ထမ်းနိုင်ခဲ့‌တယ်။ဒါပေမယ့် အခုကျအမျိုးသမီးတွေပါ ရုံးတော်ရာထူးတွေကို ကိုင်ဆောင်နိုင်နေပြီလေ"

"အဲ့လိုဆိုမှတော့ ဝတ်ရုံရှည်တွေကလည်း တစ်နေ့ကျ ဒီလိုမျိုးတစ်ခုခုနဲ့ ပြောင်းလဲမသွားနိုင်ပါဘူးလို့ ဘယ်သူကအာမခံပေးနိုင်မှာလဲ"

စူးယွင်သည် ယပ်တောင်အား ချကာသူမ၏ချုံဆမ်းထောင့်အား ဆုပ်ကိုင်လိုက်သည်။

"အရာရာတိုင်းမှာ ဆန်းသစ်တီထွင်မှုကလိုအပ်ပါတယ်။ကျွန်မတို့တွေက အရာဝတ္ထုအသစ်တွေတိုင်းကို စမ်းသုံးကြည့်ဖို့ဆန္ဒရှိနေသင့်တယ်လေ"

ဤတစ်ကြိမ်တွင်တော့ လူအုပ်ထဲရှိ တစ်စုံတစ်ယောက်က ပြန်ချေပလာ၏။

"ဒါပေမယ့်....ဒီဟာက....."

"ဒါပေမယ့်တွေကို ထားလိုက်ပါတော့။အရင်ကြိုးစားကြည့်ပြီးမှ ရှင့်ရဲ့ဆုံးဖြတ်ချက်ကိုချလေ"

စူးယွင်မှာ ပြောလိုက်ပြီးနောက် လူအုပ်ကြီးမှ မခက်ထန်တော့သည်ကို မြင်လိုက်ရာ ရှောင်ဟယ့်ထံအကြည့်တစ်ချက်ပြလိုက်သည်။

ရှောင်ဟယ်သည် ချုံဆမ်းတစ်ထည်အား ယူကာစကားပြောခဲ့သည့် အမျိုးသမီးထံ ကမ်းပေးလိုက်၏။

"သခင်မက ဘာလို့အရင်ဝတ်မကြည့်ရမှာလဲ"

အမျိုးသမီးမှာ ချုံဆမ်းအားခဏတာမျှ ငေးကြည့်မိသော်လည်း ယူတော့မယူခဲ့ပေ။

စူးယွင်သည်ပြုံးကာ

"သခင်မအနေနဲ့ စိတ်ဝင်စားတယ်လို့ ခံစားရတာက ကိစ္စတစ်ခုပေမယ့် လုပ်ရပ်ကသာ ကျယ်ကျယ်ပြောလာမှာပါ။ဝတ်စုံက အဆင်မပြေရင် ရှင်တန်းချွတ်ပစ်လို့ရပါတယ်။အရှုံးမရှိပါဘူး"

"‌ဒါဆိုလည်း ကောင်းပြီလေ"

အမျိုးသမီးမှာ နောက်ဆုံး၌သဘောတူမလာခင် တုံ့ဆိုင်းနေခဲ့၏။

မကြာမီ အမျိုးသမီးမှာ ချုံဆမ်းအား ကသိကအောက်ဟန်ဖြင့် ဆွဲဆန့်ကာ အဝတ်လဲခန်းထဲမှ ထွက်လာခဲ့၏။

"ကြည့်ရတာ ထူးဆန်းနေလား"

"လုံးဝရင်သပ်ရှုမောဖွယ်ရာပါပဲ။ဒီဝတ်စုံက ရှင့်အတွက် ချုပ်ပေးထားသလိုပါပဲလား"

စူးယွင်သည် သူမအားမှန်ဆီခေါ်သွားရင်း ပြောလိုက်သည်။

"ဒီခါးလေးကိုကြည့်စမ်းပါဦး။ကျွန်မမနာလိုလာပြီ"

"လှလိုက်တာ"

အမျိုးသမီးမှာ မှန်ရှေ့လှည့်ပတ်ကြည့်နေကာ သူမ၏အစောကရှက်ရွံ့မှုမှာ လုံးဝပျောက်ကွယ်သွားခဲ့၏။

"မိန်းကလေးစူး မင်းရဲ့အချုပ်အလုပ်က အရမ်းကောင်းတာပဲ။ကျွန်မဒီတစ်ခုယူမယ်နော်"

"ကောင်းပါပြီ"

စူးယွင်သည် စာရင်းသွင်းပြီးငွေချေရာတွင် သူမအားကူညီရန် ရှောင်ဟယ်အားခေါ်လိုက်သည်။

အမျိုးသမီးမှာ ချုံဆမ်းနှင့် အလွန်လှပနေသည်ကိုမြင်သော် ပတ်ပတ်လည်ရှိလူများမှာ သူတို့၏ကိုယ်ပိုင်ဝတ်စုံများအား စ‌တင်ရွေးချယ်ကာ အဝတ်လဲခန်းများဆီ ဦးတည်ကုန်ကြ၏။

"ဘုရားရေ ဒါလေးကအရမ်းလှတာပဲ"

"ဟုတ်တယ် ဝတ်စုံကတစ်ကယ်ရင်သပ်ရှုမောစရာပဲ"

"အရေပြားကို နည်းနည်းဖော်တာက အတော်ကောင်းတယ်လို့ ရုတ်တရက်ကြီးငါတွေးမိနေပြီ"

"ငါထောက်ခံတယ် အဲ့ဝတ်စုံကငါ့သွင်ပြင်ကို တစ်ကယ်ပိုကြွလာစေတာပဲ။အိမ်ပြန်သယ်သွားဖို့ဝတ်စုံနည်းနည်း‌ေလာက်ဝယ်ဖို့လိုနေပြီ"

"ငါလည်း တစ်စုံလိုချင်တယ်။ငါလည်းတစ်စုံလိုချင်တယ်လို့"

လူအုပ်ထံမှ ကောင်းမွန်သောတုံ့ပြန်မှုကို မြင်သော် စူးယွင်သည် စင်မြင့်လေးထက်မှပြန်ဆင်းကာ ဆက်ပြောလာသည်။

"ဒီနေ့က ဝမ်ကောရဲ့ဆိုင်ဖွင့်ပွဲနေ့ဖြစ်တော့ လူတိုင်းအတွက် ကောင်းတဲ့အရာတွေအများကြီး ကျွန်မပြင်ဆင်ထားတယ်။ကျွန်မတို့ဆိုင်ကနေ ချုံဆမ်းတစ်ထည်ဝယ်ယူသူတိုင်းက ဆုတစ်ဆုရယူဖို့ မဲနှိုက်ခွင့်တစ်ကြိမ် ရနိုင်ပါတယ်"

သူမသည် အနီရောင်သေတ္တာတစ်လုံးအား ရှေ့သို့တွန်းပို့လိုက်၏။

"ကျွန်မတို့က အထဲမှာစိတ်လှုပ်ရှားစရာကောင်းတဲ့ဆုတွေအများကြီးထည့်ထားတာမလို့ ရှင်တို့ရဲ့ကံကို လွတ်လွတ်လပ်လပ်စမ်းသပ်ကြည့်ကြပါ"

"ဒါ့အပြင် ဒီနေ့မှာနှစ်ဆယ်တေးအထက်ဝယ်ယူသူတိုင်းက အမှတ်တစ်ရာရပြီး ကျွန်မတို့ဆိုင်ရဲ့ အထူးဝယ်ယူသူဖြစ်လာပါလိမ့်မယ်။ရှင်ကသုံးဆယ့်ငါးတေးသုံးခဲ့မယ်ဆိုရင်တော့ အမှတ်နှစ်ရာရနိုင်ပြီး လေးစားရတဲ့အထူးအဖွဲ့ဝင်တစ်ဦးဖြစ်လာမှာပါ"

"ဒီနေ့မှာ သတ်မှတ်ပမာဏကို မရောက်ခဲ့တဲ့လူတွေကလည်း စိတ်ပူစရာမရှိပါဘူး။ကျွန်မတို့ကအမှတ်စနစ်တစ်ခုကို စီမံထားပါတယ်။အဲ့တော့ အနာဂတ်မှာဝယ်ယူမှုတိုင်းအတွက် ရှင်တို့ကအမှတ်တွေစုထားနိုင်တာပေါ့။ဒါပေမယ့် ဒီနေ့မှာတော့ ရထားတဲ့အမှတ်တွေကို နှစ်ဆအနေနဲ့ရေတွက်ပေးမှာပါ"

စူးယွင်၏စကားများကို နားထောင်ရင်း လူအုပ်ထဲရှိအမျိုးသမီးတစ်ဦးက စိတ်အားထက်သန်စွာ လက်မြှောက်လာသည်။

"ကျွန်မပါဝင်ချင်ပါတယ် ကြိုးစားကြည့်ပါရစေ"

"ဂုဏ်ပြုပါတယ်နော် ရှင်ကပထမဆုကို ရရှိသွားတာပါ။နောက်တစ်ကြိမ်ကျရင် ရှင်ကကျွန်မဆီကနေ စိတ်ကြိုက်ပြုလုပ်မယ့်ချုံဆမ်းတစ်ထည်ကို အခမဲ့မှာယူခွင့်ရမှာပါ"

စူးယွင်မှာ ရှောင်ဟယ့်ထံ ညွှန်ပြရင်းပြောလိုက်သည်။

"အနာဂတ်မှာလာမယ့်ပြိုင်ပွဲ‌ေတွအတွက် ရှင့်ရဲ့နာမည်နဲ့ လိပ်စာကို သူမဆီစာရင်းသွင်းပေးသွားပါနော်"

သူမမှ ဆုကြီးတစ်ဆုအား ရသွားခဲ့သည်ကိုမြင်သော် လူတိုင်းမှာအလောတကြီးဖြစ်လာတော့၏။

"ကျွန်မလည်း ဝင်ပါချင်ပါတယ်"

"မိန်းကလေး‌များရှင့် တန်းစီပေးပါနော်။လူတိုင်းတစ်လှည့်စီရကြမှာပါ"

စူးယွင်သည် ပြုံးကာ

"နှစ်ဆယ်တေးအထက်နဲ့ သုံးဆယ့်ငါးတေးသုံးခဲ့သူ ဒါမှမဟုတ် အမှတ်စုမယ့်သူတွေက ဟိုနေရာကိုသွားပြီး စာရင်းသွင်းပေးကြပါ

ဦးနော်"

"မြန်မြန် မြန်မြန် ကျွန်မစာရင်းသွင်းချင်တယ်။စူးယွင် ကျွန်မကိုချုံဆမ်းအချို့ထပ်ပေးပါဦး"

"ပြီးတော့ ကျွန်မ!ကျွန်မရောပဲ!"

"စိတ်မပူကြပါနဲ့ လူတိုင်းအခွင့်အရေးတစ်ခုရကြမှာပါ"

All Chapters