← Chapters

Chapter 8

Vol. 1 Ch. 8

Chapter 8

Vol. 1 Ch. 8

“အားပြန်ပြည့်အောင် တစ်ခုခုစားကြပါဦး”

မနက်ခင်း၌ သူတို့ထံတွင်ရှိခဲ့သော ချုပ်တည်းထားမှုမှာ ‌ေပျာက်ဆုံးသွားပြီး လူအုပ်ကြီးသည် သူတို့၏အစားအစာများကို အလျင်အမြန်ကောက်ယူကာ ပါးစပ်ထဲထိုးသိပ်ထည့်ကြတော့၏။

သူတို့စား၍ဝလောက်ချိန်တွင် စူးယွင်မှာ ပြင်ဆင်ထားသည့်ငွေအား ကမ်းပေးလိုက်သည်။

“ဒါကဒီရက်တွေအတွက် ရှင်တို့ရဲ့လုပ်အားခပါ။အလုပ်ကြိုးစားပေးခဲ့ကြလို့ ရှင်တို့ကို‌ေကျးဇူးတင်ပါတယ်”

“မိန်းကလေးစူးသာ ကျွန်တော်တို့ကို အလုပ်မခန့်ခဲ့ရင် ကျွန်တော်တို့လည်း အလုပ်တစ်ခုကို လုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး”

လူအိုကြီးမှပြောလာ၏။

“မိန်းကလေးစူးဘက်ကနေ လက်သင့်ခံ‌ေပးလာတာကိုကကျွန်တော်တို့အတွက်တော့ ကောင်းမွန်တဲ့အနာဂတ်တစ်ခုဖြစ်နေပါပြီ”

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် တည်ငြိမ်သောဝင်ငွေ စဉ်ဆက်မပြတ်ရုန်းကန်နေရသောဘဝရှိခြင်းနှင့် ကောင်းမွန်သောအစားအသောက်များရှိခြင်းတို့သည် သူတို့အတွက်တော့ ကြီးမားသောကောင်းချီးတစ်ခုလို ခံစားရစေခဲ့သည်။

စူးယွင်သည် ပြုံးလိုက်မိ၏။

“ကျွန်မတို့က စီးပွားဖက်တွေပဲလေ။ရှင်တို့သာမရှိရင် ကျွန်မရဲ့ဒီကြော်ငြာစာတွေက ဒုက္ခရောက်သွားမှာပဲ”

သူတို့၏ဆက်ဆံရေးမှာ ပူးပေါင်းမှုတစ်ခုသာသာဖြစ်သည်ကို နားလည်ကြပေသိ သူတို့သည် စူးယွင်၏ကြင်နာမှုနှင့် အထင်အမြင်သေးခြင်းမရှိသည့်အပေါ် အလွန်အမင်းကျေးဇူးတင်မိနေဆဲပင်။

ယဉ်ကျေးသောစကားအချို့ပြောပြီးနောက် သူတို့သည်ယနေ့၏ ဖြစ်ကြောင်းကုန်စင်ကို စူးယွင်ထံတင်ပြကာ အကြောင်းပြချက်တစ်ခုရှာရင်း ပြန်ကြရန်ပြင်ဆင်ကုန်ကြ၏။

ရှောင်ယွင်နှင့် အနီးဆုံးလူမှာ သူသည်ယခုထိတုတ်တုတ်မှမလှုပ်လာသည်ကို သတိပြုမိပြီး ‌လှမ်းပြောလိုက်သည်။

“ရှောင်ယွင် မင်းမသွားသေးဘူးလား”

“ငါတစ်ခုခုလုပ်စရာရှိသေးလို့ပါ။မင်းတို့အရင်သွားနှင့်ကြလေ”

“ကောင်းပြီလေ”

ရှောင်ယွင်သည် စူးယွင်၏ဘေးသို့အပြေးသွားကာ ခေါင်းကိုငုံ့ထားလိုက်၏။သူသည် အရိပ်အခြေကြည့်ကာ မေးလာသည်။

“မိန်းကလေးစူး အဲ့ဒီစကပ်အကြောင်းလေ.......ကျွန်တော်....”

“အဆင်ပြေပါတယ် စကပ်ကပြဿနာကြီးတစ်ခုမဟုတ်ပါဘူး။အဲ့ဒါနဲ့ပက်သက်ပြီး စိတ်ပူမနေနဲ့တော့နော်”

သူ၏လက်များမှာ သူ့အင်္ကျီလက်အား တင်းတင်းဆုပ်ကိုင်ထားလေသည်။

“အဲ့ဒါတွေအကုန်လုံးက ကျွန်တော့်အမှားပါ။ကျွန်တော်က မိန်းကလေးစူးကို ဒုက္ခရောက်စေခဲ့မိပြီ”

“အိုးးး အဲ့ဒါကတစ်ကယ်ကို မပြောပလောက်တဲ့ ကိစ္စလေးပါဆို”

သူဖုန်းစားတစ်ဦးအဖြစ် ရှိခဲ့သောသူ၏ဘဝအခြေအနေကြောင့်ဖြစ်ဟန်တူသည် သူ၏စိတ်နှလုံးမှာ လူအများစုထက်ပို၍ ထိခိုက်လွယ်နေခဲ့၏။

စူးယွင်သည် လက်ဆန့်ကာသူ၏ခေါင်းလေးအား အသာပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။

“ဒါကလေ အရမ်းကိုတော်တော်လေးသေးမွှားတဲ့ ကိစ္စလေးပါ။မင်းစိတ်ရှုပ်ခံမနေနဲ့တော့နော်”

“မင်းလည်းပင်ပန်းခဲ့မှာပေါ့ အိမ်ပြန်ပြီးအနားယူတော့နော်”

စူးယွင်သည် သူ၏မျက်နှာထက်ရှိ အရိပ်အယောင်ငယ်လေးကို သတိပြုမိနေရာ သူမခေါင်းလေးကို စောင်း၍

“မနက်ဖြန် မင်းနိုးလာပြီဆိုရင် အဲ့ဒါကနေ့သစ်တစ်ရက်ဖြစ်‌ေနလိမ့်မယ်။မကောင်းတဲ့ကိစ္စတွေအကုန်လုံးကိုလည်း မနက်ခင်းနေရောင်ရဲ့ ပထမဆုံးအလင်းတန်းတွေက လွှင့်ပြယ်သွားစေလိမ့်မယ်”

ရှောင်ယွင်သည် သူ့ခေါင်းအားအသာနောက်လှည့်ကာ အဝေးတစ်နေရာဆီငေးစိုက်ကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။

စူးယွင်သည် သူ၏လက်မောင်းအား ပုတ်ပေးလိုက်၏။

“သွားတော့လေ ကောင်းကောင်းအိပ်ပစ်လိုက်တော့”

“အွန်း”

“မိန်းကလေးစူးက အလုပ်ရှင်ကောင်းတစ်ဦးဖြစ်တဲ့အပြင် နှစ်သိမ့်ပေးနိုင်တဲ့ ပန်းလေးတစ်ပွင့်ပါဖြစ်နေတာပဲ”

နဉ်ကျင်းသည် သူမထံကြည့်သော သူ့မျက်ဝန်းများထဲ၌ ကျီစယ်လိုဟန်အရိပ်အယောင်တစ်ခုနှင့်အတူ သူ၏ခေါက်ယပ်တောင်အား ဝှေ့ယမ်းရင်း တံခါးဘောင်ကို မှီနေခဲ့သည်။

“ဒီစီးပွားရေးကို ဝေးဝေးရောက်အောင် မင်းတိုးမြှင်နိုင်မှာပါ”

ရှောင်ယွင်ထွက်သွားသည်ကို စောင့်ကြည့်ပြီး‌ေနာက် စူးယွင်သည် သူမအကြည့်အား နဉ်ကျင်းဘက်လှည့်လာပြီး ခေါင်းထက်မှ‌ဆိုင်းဘုတ်ထံ ညွှန်ပြရင်းပြောလိုက်သည်။

“ကောင်းမွန်တဲ့ စိတ်သဘောထားတွေပေမယ့် ခွန်အားက မလုံလောက်ဘူးလေ”

နဉ်ကျင်းသည် တိုးဖွဖွရယ်ကာ သူ၏ယပ်တောင်အားပိတ်၍ တံခါးဘောင်အား အသာထိလိုက်၏။

စူးယွင်သည် ဆိုင်ထဲလျှောက်ဝင်လာပြီး စားပွဲနေရာချနေသော ရှောင်ဟယ်ထံကြည့်လိုက်သည်။သူမသည် ခေါင်းစောင်း၍မေးလာ၏။

“ရှင်ကျွန်မတို့နဲ့ ထမင်းအတူစားသွားချင်လား”

“မေးနေစရာလိုလို့လား”

နဉ်ကျင်းသည် ဆိုင်ထဲဝင်လာရင်းပြန်ဖြေလိုက်သည်။

စူးယွင်သည် သူမ၏အမူအယာတွင်းတွင် မည်သည့်ယဉ်ကျေးမှုမှ ပြသမနေပဲ အသာနှာမှုတ်လိုက်၏။

ရှောင်ဟယ်ပြင်ဆင်ထားသည့် အစားအသောက်များမှာ အသားဟင်းတစ်ပန်းကန်နှင့် အသီးအရွက်ဟင်းပွဲတစ်ပွဲမျှသာဖြင့် ရိုးရှင်းလေသည်။နဉ်ကျင်းသည် စောဒကတစ်ခုတစ်လေမျှမတက်ပါပဲ အသီးအရွက်တစ်ချို့ကို ယူကာသူ၏ပါးစပ်ထဲ ထည့်လိုက်၏။

“စကားမစပ် အစောကရှင်တစ်ခုခုပြောမလို့လုပ်နေတာမဟုတ်ဘူးလား”

စူးယွင်သည် ထမင်းတစ်ဇွန်းကော်ရင်း သူမနှင့်မျက်စောင်းထိုးရှိ နဉ်ကျင်းထံမော့ကြည့်ကာမေးလိုက်သည်။

“ဟမ်”

“ရှင်တစ်ခုခုပြောဖို့ လုပ်နေတုန်းသူတို့ဝင်လာတာလေ”

လူများဝင်လာသောကြောင့် ထိုအကြောင်းအား သူမမေ့လျော့သွားခဲ့ပေသိ ယခုစားသောက်ရန် သူမတို့ထိုင်နေချိန်တွင်တော့ ပြန်အမှတ်ရလာခဲ့လေ၏။

နဉ်ကျင်းသည် သူ့လက်များမှတူကိုကိုင်ထားရင်း ရပ်တန့်သွားပြီးမှ ခေါင်းယမ်းလာသည်။

“အထွေအထူးမဟုတ်ပါဘူး”

“အိုး”

စူးယွင်သည် သဘာဝကိုကဂရုမစိုက်တတ်သည်ဖြစ်ရာ နဉ်ကျင်း၏တုံ့ပြန်မှုကို မြင်သည်နှင့် ထိုအကြောင်းအား ထပ်တွေးမနေတော့ပါပေ။

နဉ်ကျင်းသည် သူ၏နှုတ်ခမ်းများအား ဖိကပ်ကာ သူမထံတစ်ချက်ခိုးကြည့်လိုက်၏။

သူသည် သူမ၏ကျန်းမာရေးကို ဂရုစိုက်ရန် သူမအားသတိပေးချင်ခဲ့မိရုံသာပင်။

“ရှောင်ဟယ် အဲ့ဝတ်စုံကို အောက်ချပြီးယူခဲ့လိုက်”

စူးယွင်သည် စားသောက်ပြီးသည်နှင့်ပြောလာသည်။သူမသည် လော့ဇီယင်း၏ဝတ်စုံအား ပြင်ပေးရပေတော့မည်။

“မင်းနည်းနည်းလောက် အနားမယူချင်တော့ဘူးလား”

နဉ်ကျင်းသည် စူးယွင်မှ အပ်ထဲချည်ထိုးပြီးနှင့်နေပြီကို သတိပြုမိလိုက်၏။

“မင်းအလျင်လိုစရာမလိုပါဘူး”

စူးယွင်သည် သူ့အားအကြည့်တစ်ချက်ပေးကာ သက်ပြင်းချလိုက်သည်။

“ကျွန်မက မနက်ဖြန်မနက်ကျရင် ဒီဝတ်စုံကို သူမဆီပို့ပေးဖို့ ကတိပေးခဲ့ပြီးပြီလေ။အဲ့လိုမှမဟုတ်ရင် စားသောက်ပြီးပြီးချင်း ဘယ်သူကအလုပ်လုပ်ချင်နေမှာလဲ”

ရှောင်ဟယ်သည် ဝတ်စုံအားကိုင်ရင်း ရောက်လာကာ သူမထံဝတ်စုံအား ကမ်းပေးလိုက်၏။

“မိန်းကလေးစူး”

စူးယွင်သည် အစွန်းကွက်ကို ကြည့်ရင်းပြုံးကာ အပ်အားကောက်ကိုင်၍ ထိုအပေါ်တွင် ဒီဇိုင်းတစ်ခုအား ချည်ထိုးပါတော့သည်။

လျှော်ဖွပ်ပြီးနောက်တွင် အစွန်းကွက်မှာ ပြဿနာမဟုတ်တော့၍ စူးယွင်သည် အလုပ်အားမြန်မြန်အဆုံးသတ်ခဲ့၏။သူမသည် ရှောင်ဟယ်ထံဝတ်စုံအား ပေးလိုက်သည်။

“အဲ့ဒီသခင်မလေး ဝမ်းနည်းနေတာမဖြစ်ရအောင် ဝတ်စုံကိုမနက်ဖြန်စောစော သေချာသွားပို့ပေးလိုက်”

“ကောင်းပါပြီ”

နဉ်ကျင်းသည် သူ၏ရေနွေးအား လှည့်နေရင်း

“ဒါ အစောလေးကစွန်းနေတဲ့ ဝတ်စုံနဲ့တူတူပဲပေါ့”

“သူတို့ကမတော်တဆ အချင်းချင်းတိုက်မိခဲ့တာလေ”

စူးယွင်သည် အညောင်းအညာပြေရန် သူမလက်အားလှုပ်ယမ်းရင်း တံခါးမတွင် ဖြစ်ရပ်များကို အစဖော်ကာ ရှင်းပြလာ၏။

“ရှောင်ယွင်ရဲ့ ဘဝအနေအထားက နည်းနည်းတော့.......အဲ့ဒါကပဲသူ့ကိုပိုပြီး အထိမခံဖြစ်စေတာပဲလေ”

“သူကအနာဂတ်ကျ ပိုကောင်းလာမှာပါ”

နဉ်ကျင်းသည် မတ်တပ်ရပ်ရင်း ပြောလာသည်။

“နောက်ကျနေပြီဆိုတော့ ကိုယ်မင်းကို မနှောင့်ယှက်တော့ပါဘူး”

အချိန်အချို့ကြာအောင် နဉ်ကျင်းနှင့် သိခဲ့ရပြီးနောက်တွင် စူးယွင်မှာ လုပ်ထုံးလုပ်နည်းများအား လိုအပ်သည်ဟု မခံစားရတော့ပေ။

“ဂရုစိုက်နော် ကိုယ့်ကိုလိုက်ပို့စရာမလိုပါဘူး”

နောက်နေ့မနက်ခင်း နေအရမ်းမမြင့်ခင်တွင် ရှောင်ဟယ်သည် ဝတ်စုံအားသယ်ကာ မြို့တော်အရှေ့ဘက်ရှိ လော့မိသားစုအိမ်တော်ထံ ထွက်လာခဲ့သည်။

ခပ်မြင့်မြင့် ချိတ်ဆွဲထားသည့် *ဝူရုန်းဟုန် အိမ်တော်*ဟူသောစကားလုံးများနှင့်အတူ ခမ်းနားသည့်အိမ်တော်ကြီးသည် အဝေးတစ်နေရာမှပင်လျှင် ချမ်းသာမှုနှင့် ခွန်အားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်အား ခံစားရနိုင်လေ၏။

ဝင်ပေါက်တွင် ဟန်ပေစကျင်ကျောက်မှ ထွင်းထုထားသည့် ကျောက်ခြင်္သေ့ကြီးများမှာ မားမားမတ်မတ်ရှိနေကာ သူတို့သည် အရှေ့ဘက်ကိုမျက်နှာမူရင်း သူတို့အမူအယာများမှာ ရက်စက်ကြမ်းကြုတ်လှသည်။

အနားတွင်တော့ အစေခံဝတ်စုံဝတ်ထားသည့်လူနှစ်ယောက်မှာ မတ်တပ်ရပ်နေကာ ဘာမှပြောမနေပါပဲ သူတို့အကြည့်များက ပတ်ဝန်းကျင်ကို စောင့်ကြပ်စစ်ဆေးနေလေ၏။

ရှောင်ဟယ်သည် လျှောက်လာရင်း

“မင်္ဂလာပါ ကျွန်မက သခင်မလေးလော့ဇီယင်းကို လာရှာတာပါ”

“ငါတို့သခင်မလေးကိုလား”

အမျိုးသားတစ်ယောက်မှာ သူမအားကြည့်လာ၏။

“မင်းမှာ အကြောင်းကြားစာရှိလား”

မြို့တော်ထဲရှိ လော့မိသားစုသည် သင့်လျော်သော အသိပေးချက်မပါပဲ အပြင်လူများအား ဝင်ခွင့်မပေးနိုင်ချေ။

ရှောင်ဟယ်သည် ချွန်းလန်ချန်ထားခဲ့သည့် မှတ်စုကိုသူ့ထံကမ်းပေးလိုက်သည်။

“ကျွန်မရဲ့သခင်မလေးနာမည်က စူးပါ ပြီးတော့ သခင်မလေးလော့က ဒီဝတ်စုံကို လာပို့ဖို့ကျွန်မဆီပြောခဲ့လို့ပါ”

အမျိုးသားသည် မှတ်စုအားကြည့်ကာ ထိုသည်ကချွန်းလန်၏လက်ရေးမှန်း အတည်ပြုခဲ့သည်။သူသည် ခေါင်းငြိမ့်ရင်းပြောလိုက်၏။

“ဒီမှာစောင့်ပေးပါဦး။အတည်ပြုဖို့ ကျွန်တော်အထဲသွားရဦးမယ်”

လွန်ခဲ့သောနှစ်များတွင် အိမ်တော်မှလူများ၏လက်ရေးကို တစ်စုံတစ်ယောက်က အတုလုပ်ခဲ့ကာပြဿနာဖြစ်စေခဲ့သည်။ထိုကဲ့သို့ မတော်တဆမှုမျိုး ထပ်ဖြစ်မလာစေရန် တားဆီးဖို့ သူသည်လက်မခံခင် အရင်ဆုံးအတည်ပြုရန်လိုအပ်ပေလိမ့်မည်။

“ရှင့်ရဲ့အပင်ပန်းခံမှုအတွက် ကျေးဇူးတင်ပါတယ်”

အမျိုးသားဝင်သွားပြီး သိပ်မကြာခင်တွင် တန်ဖိုးကြီးဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှာ ထောင့်တစ်နေရာမှပေါ်လာခဲ့၏။မက်မွန်ပွင့်ရောင်ဆေးခြယ်ထားသည့် သူမ၏နူးညံ့ညံ့လက်ချောင်းများဖြင့် သူမဆံနွယ်တို့ကို ရစ်ခွေကစားရင်း နှာမှုတ်လိုက်သည်။

“ဒီလိုအမြင်မတော်တဲ့ အဝတ်အစားတွေဝတ်ပြီး ဝူရုန်မြို့စားအိမ်တော်မှာ ရဲရဲတင်းတင်းပြုမူနေရအောင် ဒီနိမ့်ကျတဲ့လူတွေက သူတို့ကိုယ်သူတို့ဘယ်သူများထင်နေလဲ”

ချုံဆမ်းဝတ်ဆင်ထားသည့် ရှောင်ဟယ်မှာ ဒေါသထွက်သွားတော့၏။

“ကျွန်မ....”

“ဘာလဲ။ဒီသခင်မလေးရှေ့မှာ နင်ကငါ့ကိုဒီလိုအချိုးမျိုးနဲ့ စကားပြောရဲတယ်ပေါ့လေ”

အမျိုးသမီးမှာ အော်လိုက်သည်။

“တစ်ယောက်ယောက် သူမကိုအပြင်ပစ်ထုတ်လိုက်စမ်း”

“နောက်တစ်ကြိမ် တံခါးရှေ့မှာ ဒီလိုလူမျိုးတွေ့ခဲ့လို့ရှိရင် သူတို့ကိုကြိမ်လုံးနဲ့ သေအောင်သာရိုက်သတ်ပစ်ကြ”

အစေခံတစ်ဦးမှာ ရှောင်ဟယ်အား ဘေးသို့တွန်းပစ်ရန် ရှေ့တိုးလာသည်။

ထိုအချိန်မှာပင် တံခါးမကြီးမှာ အတွင်းမှနေပွင့်လာပြီး နူးညံ့သော‌ေလှာင်ရယ်သံလေးတစ်သံက ထွက်ပေါ်လာ၏။

“ရဲတင်းလိုက်တာ”

All Chapters