Chapter 9
Vol. 1 Ch. 9
လော့ဇီယင်းသည် ခြေစုံရပ်ကာ သူမထံငုံ့ကြည့်လာ၏။
“လော့ချန်းယီး ငါ့ဧည့်သည်ကနင်လျှောက်အမိန့်ပေးလို့ရတဲ့ လူတစ်ယောက်မဟုတ်ဘူးနော်”
“မမ ဒီလိုပုံမျိုးဖြစ်နေစရာမလိုပါဘူး”
လော့ချန်းယီးသည် ရှောင်ဟယ့်ထံ အထင်သေးသလိုကြည့်လိုက်၏။
“သူမလိုလူတွေက အိမ်တော်ကိုပြဿနာဖြစ်စေတာပဲရှိမှာလေ။ကျွန်မကဒါကို မမကောင်းကျိုးအတွက်ပဲ လုပ်ပေးေနတာပါ”
“ငါ့ဘာသာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ နင့်ကိစ္စမဟုတ်ဘူး”
လော့ဇီယင်းသည် နှာမှုတ်လိုက်ရင်း
“နင်ဘာကိုရည်ရွယ်နေတယ်ဆိုတာကို ငါမသိဘူးလို့မထင်နဲ့”
လော့ဇီယင်းနှင့် လော့ချန်းယီးတို့သည် အသက်အရွယ်တူကာ သူမတို့၏သွင်ပြင်နှင့် အသိပညာကြောင့် မြို့တော်ထဲ၌ လူသိများကြလေသည်။သူမတို့နှစ်ဦးသားမှာလည်း ရံဖန်ရံခါတွင် အနိုင်မခံအရှုံးမပေးပဲ အချင်းချင်းယှဉ်ပြိုင်တတ်ကြ၏။
ယခုတွင်လည်း လော့ချန်းယီးသည် ရှောင်ဟယ်မှ လော့ဇီယင်းအားတွေ့ရန်ရောက်လာသည်ကြားလိုက်ရ၍ သူမအား(ဇီယင်း)လှောင်ပြောင်ရန်မျှော်လင့်ကာ သူမ(ရှောင်ဟယ်)ကို တမင်စော်ကားပြောဆိုနေခြင်းပင်။
လော့ချန်းယီးသည် ငြင်သာစွာပြုံး၍ သူမလက်ကို သူမ၏အနီးကပ်အစေခံပေါ် ဖွဖွတင်လိုက်၏။
“တွေ့လား မမ နင်ကတော့ငါ့ကိုထပ်ပြီးအထင်လွဲနေပြန်ပါပြီ။ငါ့မှာဘယ်လိုလုပ် မကောင်းတဲ့အကြံတွေရှိနိုင်ပါ့မလဲ”
“အဲ့ဒါတွေအကုန်လုံးကလည်း နင်က အခြားလူတွေကို အတင်းပြောစရာအကြောင်းပေးလိုက်သလိုဖြစ်သွားပြီး နင့်ရဲ့ဂုဏ်သတင်းကို ပျက်စီးသွားမှာ စိုးရိမ်မိလို့မဟုတ်ဘူးလား”
လော့ဇီယင်းသည် ညီအစ်မလုပ်တမ်းကစားနည်းအား ကစားချင်စိတ်မရှိတော့ပါပေ။
“ငါ့ရဲ့အဖေက လက်ရှိမင်းဆက်ရဲ့ ကျော်ကြားတဲ့ဗိုလ်ချုပ်ကြီး ဝူရုန်းမြို့စားဖြစ်ပြီး ငါ့အမေက လက်ရှိမိဖုရားခေါင်ရဲ့ ညီမဆိုတာကို နင်သိထားသင့်တယ်။တစ်ခုခုမှားယွင်းခဲ့ရင်တောင် သူတို့က သူတို့ကိုယ်တိုင် ရင်ဆိုင်ပေးပါလိမ့်မယ်”
သူမသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ သူမလက်ကောက်ဝတ်ထက်ရှိ ကျောက်စိမ်းလက်ကောက်အားလှည့်ရင်း သူမထံစိုက်ကြည့်လိုက်သည်။
“ဒါမှမဟုတ် ငါ့ရဲ့ချစ်ရတဲ့ညီမလေးက ငါ့ရဲ့အဖေနဲ့အမေထက်ပိုပြီး စွမ်းဆောင်ရည်ရှိနေတယ်လို့ ထင်နေတာများလား”
လော့ချန်းယီး၏မျက်နှာမှာ ခဏတာမျှ အေးခဲသွားရပြီး အပြုံးတစ်ခုအားညှစ်ထုတ်လိုက်ရ၏။
“ငါက ငါ့ကိုယ်ငါနဲ့ ဦးလေးတို့အဒေါ်တို့ကို မယှဉ်နိုင်တာသိသာပါတယ်”
“ဒါဆိုလည်း နင့်ကိစ္စမဟုတ်တဲ့အရာတွေမှာ ဝင်မရှုပ်နဲ့လေ”
လော့ဇီယင်းသည် သူမအကြည့်အားရွှေ့ကာ အိမ်တော်ထဲပြန်လှည့်လျှောက်သွားတော့၏။
“ရှောင်ဟယ် ငါနဲ့လိုက်ဝင်ခဲ့”
သူမတို့အမြင်မှပျောက်သွားသည်နှင့် လော့ချန်းယီးသည် အစေခံ၏လက်အား ဒေါသတကြီးခါထုတ်ပစ်လိုက်သည်။
“အဲ့ဒါက သူမမိဘတွေပေါ် မှီခိုနေတာပဲမလား။အဲ့ဒါကို ဘာတွေလာကြီးကျယ်ပြနေတာလဲ”
လော့ချန်းယီး၏ဖခင်သည် ဝူရုန်းမြို့စား၏ ညီငယ်ဖြစ်ကာ မိခင်မှာ မြို့တော်ထဲရှိ ဂုဏ်သတင်းကျော်စောသော မိသားစုမှ ဆင်းသက်လာလေသည်။ဤနောက်ခံမှာ မြို့တော်ထဲ၌ အတော်လေးလွှမ်းမိုးမှုရှိနေပေသိ လော့ဇီယင်းနှင့် နှိုင်းဆကြည့်သော် ဝေးကွာနေဆဲပင်။
လော့ဇီယင်းသည်လည်း မည်သည်ကသူမအား(ချန်းယီး) ဒေါသထွက်စေသည်ကို ကျိန်းသေသိနေပြီး ဤသည်ကပဲ သူမတို့နှစ်ေယာက်အချင်းများချိန်တိုင်းတွင် သူမ(ဇီယင်း)သည် ဤပျော့ကွက်အားနင်းရသည်ကို နှစ်ခြိုက်ခဲ့ေလ၏။
အစေခံမလေးချိုးကျူးသည် ကြောက်ရွံ့သွားခဲ့ပြီး ချက်ချင်းဆိုသလို မြေကြီးပေါ်ဒူးထောက်ချလိုက်သည်။
“သခင်မလေး စိတ်မဆိုးလိုက်ပါနဲ့နော်”
“စိတ်ဆိုးစရာ ဘာအကြောင်းမှမရှိဘူး”
လော့ချန်းယီးသည် သူမအားကြည့်ပြီးနောက် အိမ်တော်ထဲဝင်သွားလိုက်သည်။
ယင်းဟယ်ခြံဝန်း
လော့ဇီယင်းသည် အဓိကထိုင်ခုံတွင်ထိုင်ကာ ရှောင်ဟယ့်လက်ထဲရှိ ပန်းရောင်အထည်စအား အမှုမဲ့အမှတ်မဲ့ကြည့်လိုက်၏။
“အဲ့တော့ အထဲကဟာက ဒီသခင်မလေးဝတ်စုံလား”
“ဟုတ်ပါတယ် သခင်မလေးလော့။ကျွန်မရဲ့သခင်မလေးက ပြောင်းလဲမှုတွေလုပ်ပြီးသွားပါပြီ။တစ်ချက်လောက် ကြည့် ကြည့်ပါဦး”
ရှောင်ဟယ်သည် အရိုအသေပေးကာ ပြန်ဖြေလိုက်ပြီး ဝတ်စုံအားချွန်းလန်ထံ ကမ်းပေးလိုက်သည်။
“ဖွင့်လိုက်ကြ မင်းရဲ့အင်္ကျီလက်စထဲ လှည့်ကွက်တွေဘယ်လောက်ရှိနေတယ်ဆိုတာကို ဒီသခင်မလေးတွေ့ချင်တယ်”
အစေခံများမှာ နှစ်မီတာရှည်သည့် စားပွဲတစ်လုံးအားရွှေ့လာကာ အထဲရှိထုတ်ပိုးထားသည့်ဝတ်စုံကို အပြင်ဘက်သို့ သေသေသပ်သပ်နေရာချလိုက်ကြ၏။
“သခင်မလေး ကြည့် ကြည့်ပေးပါဦး”
“အမ်း”
လော့ဇီယင်းသည် မတ်တပ်ရပ်ကာ စားပွဲထံလျှောက်လာပြီး သူမလက်အားဝှေ့ယမ်းလိုက်၏။
“မင်းတို့အခုထွက်သွားလို့ရပြီ”
လော့ဇီယင်းသည် သူမအကြည့်အား ပြန်လှည့်ကာ ဝတ်စုံတွင် အပျက်အစီးတစ်ခုခု သို့မဟုတ် လက်ဆော့ထားသည့် အရိပ်အယောင်များရှိမရှိကို စစ်ဆေးကြည့်ရှုလိုက်သည်။
အမှားအယွင်းမရှိသည်ကို မြင်သော်သူမ၏အမူအယာမှာ ဆက်လက်တည်ငြိမ်နေခဲ့ပြီး သူမမျက်လုံးများက အထက်အောက်ရွေ့လျားနေတော့၏။
မတိုင်ခင်ထိပင်
အလင်းတစ်ချက်က သူမမျက်ဝန်းများထဲ ဖျက်ကနဲလက်သွားခဲ့သည်။
သူမသည် ခြေတစ်လှမ်းရှေ့တိုးကာ မနေ့က စွန်းပေခဲ့သည့်နေရာပေါ် အာရုံစိုက်ကာ ဂရုတစိုက်စစ်ဆေးလိုက်၏။
ဝတ်စုံထက်တွင် မျက်လုံးနီယုန်လေးတစ်ကောင် ပေါ်ထွက်နေသည်။
သူသည် ခြေတစ်ဖက်ကိုမြှောက်ကာ သူ၏မျက်လုံးနီလေးများက ဝတ်စုံထက်ရှိ မူလဒေစီပန်းပုံစံပေါ်တွင် ရှိနေခဲ့၏။အစွန်းကွက်အရောင်ဖျော့ဖျော့မှာ ယုန်၏နောက်ကျောဘက်တွင်ဖြန့်ကျက်ထားသည့် အစုအဝေးပုံစံတစ်ခုအဖြစ် ချည်ထိုးခံလိုက်ရသည်။
အလင်းရောင်အောက်တွင် ရောင်စုံစီးကွင့်များမှာ ဝတ်စုံအား ထူးခြားသောအသရေကိုဖြည့်စွက်ကာ တလက်လက်တောက်ပနေစေ၏။
လော့ဇီယင်းသည် သူမလက်အားဆန့်ထုတ်ကာ ပိုးချည်မျှင်များအား အသာထိလိုက်သည်။
“အစွန်းကွက်ကို ဖုံးကွယ်ဖို့ ပုံစံကိုသုံးတာက အတော်ကို တီထွင်နိုင်စွမ်းရှိတဲ့အကြံတစ်ခုပဲ”
ရှောင်ဟယ်သည် ရှေ့တက်ကာအရိုအသေပေးလိုက်၏။
“ကျွန်မသခင်မလေးက သခင်မလေးလော့ကို ပြောလိုက်ပါတယ်။သခင်မလေးသာ ကျေနပ်မယ်ဆိုရင် မနေ့ကဝတ်စုံကို တောင်းပန်မှုတစ်ခုအနေနဲ့ယူထားလိုက်ပါတဲ့။သခင်မေလးေလာ့သာ စိတ်မရှိရင် ဝတ်စုံကိုလက်ခံပေးပါ”
“မင်းကယဉ်ကျေးလွန်းနေပါပြီ”
“ဆိုင်ကအလုပ်များနေတာမလို့ ကျွန်မသခင်မလေးကို ထပ်မနှောင့်ယှက်တော့ပါဘူး”
“ချွန်းလန် ဧည့်သည်ကိုပြန်လိုက်ပို့ပေးလိုက်ပါဦး”
ရှောင်ဟယ်ထွက်သွားပြီးေနာက် ချွန်းလန်သည် လော့ဇီယင်းမှာ စားပွဲရှေ့၌ရပ်နေဆဲဖြစ်သည်ကို သတိပြုမိလိုက်သည်။
“သခင်မလေးကို ကြည့်ရတာ မိန်းကလေးစူးရဲ့ လက်မှုပညာကို တစ်ကယ်နှစ်သက်နေပုံပဲ”
“သူမရဲ့တီထွင်နိုင်စွမ်းနဲ့ ချည်ထိုးစွမ်းရည်က တစ်ကယ်အထင်ကြီးစရာပဲ”
လော့ဇီယင်းသည် ငုံ့ကြည့်နေရင်း မနေ့က ကြော်ငြာစာများနှင့် သူဖုန်းစားလေးကို ပြန်အမှတ်ရသွားသည်။
“လမ်းမဘက်မှာ သူဖုန်းစားလေးကိုရှာပြီး သူ့ဆီကကြော်ငြာစာတွေကို ပြန်ယူခဲ့ဖို့ တစ်ယောက်ယောက်လွှတ်လိုက်”
“နားလည်ပါပြီ”
“ငါ့အဝတ်တွေကို လဲပေး။ငါဒီဝတ်စုံကို ဧည့်ခံပွဲဆီ ဝတ်သွားမယ်”
ဝမ်ကောဆီပြန်ရောက်ပြီးနောက် ရှောင်ဟယ်သည် လော့ဇီယင်း၏တုံ့ပြန်မှုများအား စူးယွင်ထံပြန်ပြောပြလိုက်သည်။
“မကြာခင် ဝမ်ကောက ဧည့်သည်အသစ်တွေရလာတော့မယ့်ပုံပဲ”
မနေ့ကဝတ်စုံအား သူမဝတ်ဆင်ခဲ့ချိန်တွင် လော့ဇီယင်းမှာ ကောလဟလများအား ဂရုမစိုက်သော စိတ်ဓာတ်သန်မာသည့် လူတစ်ဦးဖြစ်သည်ကို စူးယွင်မှာသတိပြုမိခဲ့၏။
ဤသည်မှာလည်း ယနေ့တွင် သူမထံချီဖောင်အား လက်ဆောင်ပေးရန် ရှောင်ဟယ်အား စူးယွင်ပြောခဲ့ရသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်လေသည်။
အခမ်းအနားမတိုင်ခင်ညတွင် စူးယွင်သည်အရင်ရက်မှပြင်ဆင်ထားသည့် အလှဆင်ပစ္စည်းများအား ထုတ်ယူကာ ဝမ်ကောအားအလှဆင်ရန် ပြင်ဆင်တော့၏။
သူမသည် သစ်သားသေတ္တာငယ်ကို အပေါ်ရွှေ့ပြီး အောက်ရှိဖဲကြိုးများအား ဆွဲထုတ်လိုက်ရာ အထဲတွင် ကျိုးပြတ်နေသော ဖဲကြိုးအချို့ကိုသာတွေ့လိုက်ရသည်။
“အရည်အသွေးကလည်း ဆိုးဝါးချက်”
စူးယွင်သည် ပြောနေရင်း ကျိုးပြတ်နေသည့် ဖဲကြိုး၃ခုကို စားပွဲပေါ်လွှင့်ပစ်လိုက်၏။
“ဒါကတစ်ခုခုအောက် အဖိခံလိုက်ရတာများလား တစ်ကယ်ပျက်စီးသွားပြီ”
“သခင်မလေး ဒီတစ်ခါကျွန်မလုပ်ပါရစေ”
ရှောင်ဟယ်သည် စူးယွင်၏ပစ္စည်းများအား လျှောက်ဖွချန်ထားတတ်သည့်အကျင့်ကို အမှတ်ရကာ သူမမျက်ဝန်းများအား လခြမ်းကွေးသဏ္ဍာန်ဖြစ်သည်ထိ ပြုံးလိုက်မိ၏။သူမသည် ပျက်စီးသွားသော ဖဲကြိုးများအားစုကာ သွားလွှင့်ပစ်လိုက်သည်။
“အရမ်းနောက်မကျသေးဘူးပဲ။ကျွန်မအပြင်ထွက်ပြီး နည်းနည်းလောက်ထပ်ဝယ်လာခဲ့မယ်”
စူးယွင်သည် မီးအိမ်များ ထွန်းထားသည့်အပြင်ဘက်လမ်းမအားကြည့်လိုက်၏။
“ကိစ္စမရှိပါဘူး။အရမ်းမိုးချုပ်နေပြီ။ကျွန်မတို့တွေ မနက်ဖြန်မနက်မှ ဝယ်ကြစို့”
“ဒါပေမယ့် မနက်ဖြန်ကျ လုပ်စရာတွေအများကြီးရှိနေတာလေ။အချိန်လွန်သွားရင် ဘယ်လိုလုပ်မလဲ”
ရှောင်ဟယ်သည် မီးအိမ်တစ်ခုအား ကောက်ယူလိုက်သည်။
“ကျွန်မရွာမှာနေတုန်းက မှောင်မည်းနေတဲ့လမ်းတွေပေါ် တစ်ခါတစ်လေသွားဖူးတာမလို့ ဒီလိုအမှောင်ထုလေးလောက်ကတော့ ကျွန်မအတွက်ဘာမှမဟုတ်ပါဘူး”
“ဒါပေမယ့်....”
“ဆိုင်ကစောင့်နေမှာမဟုတ်တော့ ကျွန်မအမြန်သွားသင့်ပြီ”
ရှောင်ဟယ်သည် စူးယွင်မှသူမအား တားလာမည်ကို စိုးရိမ်၍ ပြောလိုက်သည်။သူမ(စူးယွင်)ပြောမပြီးေသးခင်တွင်ပင် သူမ(ရှောင်ဟယ်)သည်တံခါးအပြင်သို့ အမြန်ပြေးထွက်သွားတော့၏။
“ဆိုင်မှာတစ်ယောက်တည်းရှိနေတုန်း ဂရုစိုက်နော်”
စူးယွင်သည် နဖူးအားဖိကာ ခေါင်းယမ်းလိုက်မိသည်။
သူမသည် ပစ္စည်းတစ်ခုအား သွားယူကာ သူမပြင်ဆင်ထားခဲ့သည့် အလှဆင်ပစ္စည်းများအား ချိတ်ဆွဲရန်စီစဉ်လိုက်သည်။
ဆိုင်သည် ဝမ်ကောနှင့်အတန်ဝေးနေ၍ ဖြစ်ပေမည် စူးယွင်မှာ အရှေ့မှအနောက်သို့ ရွေ့သွားသည့်တိုင် ရှောင်ဟယ့်အသံအား မကြားရသေးပေ။
သူမသည် သူမ(ရှောင်ဟယ်)အား ရှာရန်အပြင်ထွက်ဖို့စဉ်းစားလိုက်သော်လည်း ဆိုင်ဆီသို့သွားသော လမ်းကြားငယ်များစွာ ရှိနေသည်ကိုတွေးမိကာ တုံ့ဆိုင်းသွားခဲ့သည်။သူမတို့အချင်းချင်း လမ်းလွဲသွားနိုင်သောကြောင့် သူမသည်ထိုအကြံအား စွန့်လွှတ်လိုက်ရ၏။
သူမသည်ဖဲကြိုးများအား ကောက်ကာ ဆက်လက်အလှဆင်နေလိုက်သည်။
ပြတင်းပေါက်ဆီလျှောက်သွားပြီး သူမသည် လိုက်ကာများအားဘေးသို့ဆွဲလိုက်ရာ လရောင်သည်ကြယ်ရောင်အလား တောက်ပကာ မြေပြင်ပေါ်ဖြန့်ကျက်နေ၏။
သူမသည် ပစ္စည်းအားနေရာချကာ ထိုအပေါ်မတ်တပ်ရပ်၍ အလှဆင်ပစ္စည်းများအား တစ်ခုပြီးတစ်ခု ဂရုတစိုက်စတင်အသုံးပြုလိုက်သည်။
လရောင်မှာ ယနေ့ညမှအထူးတလည် တောက်ပနေပုံရပြီး စူးယွင်၏မျက်လုံးများဆီ တိုက်ရိုက်အလင်းကျနေကာ မသက်မသာဖြစ်အောင်လုပ်နေတော့၏။
သူမသည် ကသိကအောက်ဖြစ်စွာ မျက်တောင်ခတ်လိုက်သည်။