← Chapters

Chapter 10

Vol. 1 Ch. 10

Chapter 10

Vol. 1 Ch. 10

သူမသည် ခုံပေါ်မှဆင်းကာ ရှေ့သို့လျှောက်သွားရင်း မျက်လုံးများကို ပွတ်နေလိုက်သည်။

သူမမျက်လုံးများအား အချိန်အတော်ကြာအသုံးပြုခဲ့ခြင်းမှ ဖြစ်လာခဲ့သည့် အောင့်သက်သက်ဖြစ်မှုမှာ သက်တောင့်သက်သာဖြစ်မနေပါပဲ ယနေ့ည၏လရောင်မှာ ပို၍ဆိုးအောင်လုပ်ခဲ့လေ၏။

သူမမျက်လုံးများ၏ နာကျင်မှုမှာ သူမပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများအား သတိမပြုမိစေရန် လုံးလုံးလွှမ်းမိုးထားလေသည်။

သူမသည် အာရုံစိုက်ခြင်းမရှိပဲ ရှေ့ဆက်လျှောက်လာ၏။

"အ.."

စူးယွင်မှာ ရှေ့သို့အတန်ငယ်ယိုင်သွားကာ သူမနဖူးသည် နဉ်ကျင်း၏ရင်ဘတ်အား ဝင်တိုက်မိတော့သည်။

"ဒါကဘာလဲ"

သူမသည် လက်အားသူမမျက်လုံးများထံမှ ဖယ်လိုက်သော်လည်း သူမအမြင်မှာဝေဝါးနေဆဲပင် : သူမသည်နဉ်ကျင်းအား ရှုပ်ထွေးဟန်ဖြင့်ကြည့်ကာ မသိစိတ်အရ ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။

သို့သော် သူမသည်ပုလင်းတစ်လုံးပေါ် မတော်တဆနင်းမိသွားပြီး သူမတစ်ကိုယ်လုံးမှာ နောက်သို့ယိုင်ကျသွားတော့သည်။

"ဂရုစိုက်လေ"

နဉ်ကျင်းသည် ဘယ်လက်ဖြင့် သူမ၏လက်ကောက်ဝတ်အား ဖမ်းကိုင်ကာ ညာဘက်လက်မှ ခေါက်ယပ်တောင်အားပိတ်လိုက်ပြီး သူမနောက်ကျောကို အသာထောက်ပေးထား၏။

"မိန်းကလေးစူး မင်းပိုပြီးဂရုစိုက်ဖို့လိုနေပြီနော်"

ညနေခင်း၏ တိုက်ခတ်လာသော လေပြင်းတစ်သုတ်မှာ သူမအလုပ်လုပ်ထား၍ လျော့ရဲကာ‌ေပြကျနေသည့်ဆံနွယ်စုတစ်ချို့အား ဝဲလွှင့်သွား‌ေစပြီး နဉ်ကျင်း၏နှာတံအား အသာပွတ်သပ်သွားလေသည်။

စူးယွင်သည် လက်ဖြင့်ဆံနွယ်စုတို့အား အမြန်စု၍သပ်တင်လိုက်ရပြီး သူမပါးပြင်တို့မှာ အတန်ငယ်ရှက်သွေးဖြာနေကာ ရှက်ရွံ့မှုအရိပ်အ‌ေယာင်တစ်စွန်းတစ်စ စွက်နေသောလေသံဖြင့်ပြောလိုက်၏။

"အာ!ဝမ်ကောက သန့်ရှင်းရေးနည်းနည်းလုပ်ဖို့လိုနေပုံပဲ"

နဉ်ကျင်းသည် ကြမ်းပြင်ထက်၌ ပြန့်ကျဲနေသည့် ကိရိယာတန်ဆာပလာတို့အားငုံ့ကြည့်လိုက်သည်။

"တစ်ကယ်ကို သန့်ရှင်းရေးလုပ်ဖို့လိုနေတာမှန်ပေမယ့် ကိုယ်ကတော့ မိန်းကလေးစူးကို တစ်ခုခုဖြစ်ခွင့်မပေးစေချင်ဘူး"

"ဟုတ်တာပေါ့ ဟုတ်တာပေါ့"

စူးယွင်သည် ခေါင်းငြိမ့်ကာ ကြမ်းပြင်မှပစ္စည်းများအား ကောက်ယူရန်ဆောင့်ကြောင့်ထိုင်ချလိုက်၏။

နဉ်ကျင်းသည် သူမအားကြည့်ကာ သူ့နှာတံအား အသာပွတ်လိုက်ပြီး ဖွဖွပြုံးလိုက်သည်။

ခေတ္တအကြာတွင်တော့

"အ...!"

အော်သံမှာ တိတ်ဆိတ်သောညခင်းတွင် ထင်ထင်ရှားရှားပီပီသသ ထွက်ပေါ်လာခဲ့၏။

နဉ်ကျင်းသည် သူ့လက်ထဲရှိယပ်တောင်အား ပစ်ချကာ ဓားရှသွားခဲ့သည့် သူမလက်ဖဝါးအား တင်းတင်းဆုပ်ကိုင်ပြီး လေသံနိမ့်နိမ့်ဖြင့်

"အရမ်းနာ‌ေနလား"

စူးယွင်သည် မျက်မှောင်ကြုတ်ကာ သူမမျက်ဝန်းများမှာလည်း မျက်ရည်တို့ဝေ့သီနေပြီး သူမလေသံမှာ ရှိုက်သံတစ်စွန်းတစ်စပါဝင်နေ၏။

"နည်းနည်း"

နဉ်ကျင်းသည် သူမမျက်နှာအား လက်တစ်ဖက်ဖြင့် အသာအုပ်ကိုင်ကာ သူမမျက်လုံးထောင့်ရှိ မျက်ရည်စက်တို့အား လက်မဖြင့် သုတ်ပေးလိုက်ပြီး သူ၏လေသံမှာလည်း နူးညံ့နေလေသည်။

"အရင်သွားထိုင်လိုက်ပါဦး"

"အင်း"

နဉ်ကျင်းသည် သူမဘယ်ဖက်လက်ဖဝါးထက်ရှိ အတွင်းမှအသားနုပင်ပေါ်နေကာ သူမအရေပြားတွင်းနစ်နေသည့် ပါးလျလျခပ်ရှည်ရှည် ရှရာအား ဖိကိုင်လိုက်သည်။ဘယ်လက်အပေါ်နားတွင် ညစ်ညမ်းကာ ရွံ့ရှာဖွယ်ကောင်းသော ပြည်နှင့်သွေးတို့ရောနေသည့် အဖုလေးတစ်ခုဖြစ်လာခဲ့၏။

"ကိုယ်အဲ့ဒါကို ညှစ်ထုတ်လိုက်မယ် ကိုယ့်ကိုစိတ်မရှိနဲ့နော်"

စူးယွင်သည် ညာဘက်လက်ဖြင့် သူ၏အင်္ကျီထောင့်အားဆွဲကာ သူမမျက်ဝန်းတို့မှာလည်း မျက်ရည်စတို့ဖြင့် တလဲ့လဲ့ဖြစ်နေပြီး သူ့ထံသနားချင့်စဖွယ်ကြည့်လိုက်သည်။

"ရှင်အဲ့ဒါကိုမညှစ်လို့မရဘူးလား"

နဉ်ကျင်းသည် သူ့လက်ချောင်းအား ကွေးကာ သူမ၏မျက်ခုံးနှစ်ဖက်ကြားထံ အသာတောက်လိုက်၏။

"ဒီနည်းနဲ့မှ မြန်မြန်ပျောက်မှာလေ"

"ဒါပေမယ့်..."

စူးယွင်မှ ထပ်မပြောနိုင်သေးခင်‌တွင် သူမရှေ့ရှိ အရာရာတိုင်းမှာ မည်းမှောင်သွားတော့သည်။

နဉ်ကျင်းသည် အနက်ရောင်အဝတ်စတစ်စအား ယူကာသူမမျက်လုံးများအား ဖုံးအုပ်ပေးလိုက်၏။

"အဲ့ဒါကို မင်းမမြင်ရရင် ကြောက်မှာမဟုတ်တော့ဘူး"

သူမရှေ့ရှိအမှောင်ထုနှင့် သူမလက်ဖဝါးရှိနာကျင်မှုတို့မှာ စူးယွင်အားနေမထိထိုင်မသာဖြစ်စေသည်။

သူမသည် နဥ်ကျင်း၏လက်အား တင်းတင်းဆုပ်ကိုင်ကာ သူ၏လက်ဖဝါးထက်ရှိ အနွေးဓာတ်ဖြင့် သူမ၏အဆင်မပြေမှုတို့အား သက်သာစေရန်ကြိုးပမ်းနေတော့၏။

နဉ်ကျင်းသည် ဖြန့်ထားသည့် သူမလက်ချောင်းတို့အား ကြည့်ကာသူမ၏ နူးညံ့သောလက်ကောက်ဝတ်လေးကို သူ့ခါးဘက်ဆွဲသွားရင်း သူမလက်ဖဝါးအား ခါးပေါ်နေရာချပေးလိုက်သည်။

"ဒဏ်ရာကအရမ်းနာသွားရင် ခါးကိုတင်းတင်းဆွဲလိုက်ရုံပဲနော်"

သူမသည်ခေါင်းငြိမ့်ပြလိုက်၏။

နဉ်ကျင်းသည် ပြည်ဖု၏တစ်ဖက်တစ်ချက်စီအား ဖိကာ ချွေးစို့နေသည့် သူမနှာတံထိပ်လေးအား ကြည့်ရင်း

"သည်းခံထားနော်"

သူသည် သူ၏လက်မှအားကို အသာတိုးလိုက်ရာ ပြည်နှင့်သွေးတို့မှာ သူ၏ဖြူဖျော့ဖျော့ဝတ်ရုံရှည်ထက်ဆီ တစ်စက်စက်ကျလာတော့၏။

စူးယွင်သည် သူမမျက်ခုံးတို့အား တင်းသထက်တင်းအောင်ကြုတ်ကာ သူမ၏အားကုန်ဖြင့် နဉ်ကျင်း၏ခါးအားဆုပ်ကိုင်လိုက်သည်။

တိတ်ဆိတ်သော ညခင်းဝယ် မည်သူမှစကားမပြောခဲ့ကြပေ။စူးယွင်သည် သူမ၏ခပ်ဖွဖွအသက်ရှူသံနှင့် တံခါးအပြင်ဘက်ရှိ တိုက်ခတ်နေသော လေသံတို့ကိုသာကြားနေရလေသည်။

မသိရသောအချိန်တစ်ခုကြာပြီးသော် အသံတစ်သံမှာ ထွက်လာခဲ့၏။

"ပြီးပြီ"

နဉ်ကျင်းသည် သူ့လက်မှသွေးတို့အားသုတ်ပြီးနောက် သူမမျက်နှာထက်ရှိ အနက်ရောင်အဝတ်စအား ဖယ်လိုက်စဥ်တွင် သူသည်ခေါင်းထက်ရှိအလင်းရောင်မှ သူမမျက်လုံးများအား ကာရန်လက်ဆန့်ထုတ်လိုက်သည်။

"အဲ့ဒါကမမြန်ဘူးလား"

"အရမ်းနှေးတယ် တော်တော်ကိုနှေးတာ"

စူးယွင်သည် ခပ်ဖွဖွသက်ပြင်းတစ်ချက်ချကာ နဉ်ကျင်း၏လက်ဖဝါးထံကြည့်လိုက်သည်။

သူမသည် ခေတ္တမျှရပ်တန့်သွား၏။

သူမလက်ကို သူကကိုင်ထားတုန်းပဲပေါ့လေ။

ခံစားချက်ကတော့ ကောင်းပုံပဲ။

သူမ၏အတွေးများအား သတိမမူမိသော နဉ်ကျင်းသည်အချိန်အခါအား သတိပြုမိပြီး သူမလက်ကိုလွှတ်ပေးလိုက်သည်။

"မင်းဆီမှာ ဆီမွှေးတစ်မျိုးမျိုးရှိလား"

"အင်း နောက်ဆုံးအခေါက်တုန်းက ကျွန်မအကုန်မသုံးရသေးဘူး"

သူမသည်ပြောလိုက်ရင်း ရှာရန်မတ်တပ်ရပ်လိုက်၏။

နဉ်ကျင်းသည် သူမ၏လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်။

"ကိုယ်သွားပါ့မယ်။မင်းကထိုင်ပဲထိုင်နေပါ"

စူးယွင်လည်း ပြန်ဖြေလိုက်၏။

"ရှေ့စားပွဲညာဘက်ပေါ်က ပထမဆုံးဗီရို"

"မင်းလက်ကိုထုတ်လိုက်"

နဉ်ကျင်းသည် ဗူးအားဖွင့်ကာ သူ၏လက်ချောင်းကို ဆီမွှေးအနည်းငယ်စွတ်၍ ဒဏ်ရာတစ်လျှောက် စလိမ်းပေးလိုက်သည်။

ဆီ‌ေမွှး၏ နူးညံ့သောအထိအတွေ့မှာ သူမအရေပြားပေါ် အသာပွတ်သပ်သွားပြီး အေးမြကာ သက်တောင့်သက်သာရှိသော ခံစားချက်အား ပေးစွမ်းနေလေ၏။သို့သော် သူ၏လက်ချောင်းထိပ်မှ အ‌ေနွးဓာတ်နှင့်ရောစပ်သွားချိန်မှာတော့ သူမအား အနည်းငယ်ယားယံသလိုခံစားရစေလေသည်။

သူမမှာ အလိုလိုလက်အားနောက်ပြန်ဆုတ်လိုက်မိ၏။

"မလှုပ်နဲ့လေ"

နဉ်ကျင်းသည် သူမလက်ကောက်ဝတ်အား ပြန်ဆွဲကာ သူ၏ခေါင်းအားငုံ့ရင်း ဒဏ်ရာပေါ် ဖွဖွလေးလေမှုတ်ပေးနေ၏။

စူးယွင်သည် ခေါင်းငုံ့၍ သူ၏ရုပ်သွင်‌ေပါ် နွေးထွေးသောအလင်းရောင် ဖြာကျနေသည်အား ကြည့်နေမိတော့သည်။

သူ၏သွင်ပြင်မှာ နူးညံ့ပြီး အဖြူရောင်ဝတ်ရုံရှည်ဝတ်ဆင်ရသည်ကို နှစ်သက်ကာ ခေါက်ယပ်တောင်အား ကိုင်ဆောင်၍ အခြားလူထံစကားပြောဆိုရာတွင် သူ့မျက်လုံးလေးများမှာ ရံဖန်ရံခါအပြုံးရိပ်လေးရှိနေတတ်ပြီး သူ့အား ကောင်းမွန်သည့်ပညာရှင်တစ်ယောက်၏ သွင်ပြင်ကိုပေးစွမ်းနေသည်။

"နဉ်ကျင်း"

"အင်း"

နဉ်ကျင်းသည် မော့ကြည့်လိုက်ရာ သူမအကြည့်နှင့် တွေ့ဆုံသွားလေ၏။

ဤသည်မှာ သူတို့တွေ့ဆုံစဉ်ကတည်းမှ သူ၏အမည်ကို သူမခေါ်ဆိုခဲ့သောပထမဆုံးအကြိမ်ဖြစ်လေသည်။

သင့်တော်သော "သခင်‌လေး"ဆိုသည့်ဂုဏ်ပုဒ်မပါလေရာ ထိုအခေါ်သည် သူတို့အားပို၍နီးကပ်သွားသယောင် ခံစားရစေခဲ့၏။

စူးယွင်သည် သူမနှုတ်ခမ်းတို့အား အသာဖိကပ်ကာ သူ့ထံသို့ ဖြည်းဖြည်းချင်းတိုးကပ်၍ သူမလက်ချောင်းတို့သည် သူ့နားရွက်နားရှိ ဆံနွယ်ရှည်တို့အား ဖွဖွကိုင်တွယ်လိုက်၏။

"ရှင်ဆိုရိုးစကားတစ်ခုကို ကြားဖူးလား"

"ဘာတဲ့လဲ"

နဉ်ကျင်းသည် သူမနှင့်ပူးပေါင်းပေးရန် သူ့ခေါင်းအားအသာငုံ့ကိုင်းပေးကာ သူ့အသက်ရှူသံတို့မှာလည်း မှားယွင်း‌ေနလေတော့သည်။

"မိန်းကလေးစူး မင်းကဘာကိုဆိုလိုချင်တာလဲ"

စူးယွင်သည် သူ၏ဆံနွယ်တို့အား ဆံနွယ်ဖျားမှအရင်းဆီ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းစီ လိပ်တင်သွားလိုက်သည်။

သူမသည် ခေါင်းအားစောင်းကာ သူ့နားရွက်ဆီ သူမနှုတ်ခမ်းများတိုးကပ်ပြီး နူးညံ့တိုးလျစွာပြောလိုက်၏။

"ကျွန်မရှင့်ကိုထင်တာ....."

All Chapters