← Chapters

ထွက်ခွာခြင်း

Vol. 141 Ch. 2111

ထွက်ခွာခြင်း

Vol. 141 Ch. 2111

“ နားလည်ပြီ …”

နင်ချဲ့ အပိုစကား ပြောမနေခဲ့ချေ။ လင်းရီ ပြောဆိုနေသည့် လေသံက အခြေအနေ မည်မျှ လေးနက်ပြင်းထန်ကြောင်းကို ဖော်ပြနေသည်။

ထိုကဲ့သို့သော အခိုက်အတန့်မျိုး၌ အပိုစကားပြောသည်က သင့်လျော်သည့်အရာ မဟုတ်ချေ။

ဖုန်းချပြီးနောက် လင်းရီ၏ မျက်နှာက ပိုပြီး တည်ကြည်လာသည်။

သူ ယခုလို ပြုလုပ်ရသည်က အကြောင်းမဲ့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ ဧည့်ခံပွဲ အတွင်းသို့ ဝင်ရောက်သည့်အချိန်၌ စင်အစွန်းပိုင်းတွင် မတ်တပ်ရပ်နေသည့် အီဗန်ကို မြင်တွေ့ထားပြီး ဖြစ်သောကြောင့်ပင်။

ထိုအချိန်တုန်းက သူ အတော်လေး ရှော့ခ်ရသွားခဲ့ပြီး ရင်ဘက်ထဲ၌ အက်တမ်ဗုံး ပေါက်ကွဲသွားသည့်နှယ် ခံစားလိုက်ရသည်။ အီဗန်က ဖရီးမေဆင်အဖွဲ့ဝင်ဖြစ်ပြီး ၎င်း၏ ရာထူး အဆင့်အတန်းက ဝေါ်ကာအောက် မလျော့ပေ။

တစ်နည်းဆိုရသော် ထိုနေရာတွင် ဖရီးမေဆင်ဂိုဏ်းအဖွဲ့ဝင်များ စုဝေးနေပြီး သူက နဂါးခံတွင်းထဲသို့ ဝင်ရောက်မိသွားခဲ့ခြင်း ဖြစ်၏။

လင်းရီ ယခုလို လုပ်ဆောင်ခဲ့သည်က ဝေါ်ကာ သူ့အား မှတ်မိသွားနိုင်ချေ များပြားနေသောကြောင့်ပင်။ ဝေါ်ကာက လတ်တလောလေးတွင် သေဆုံးသွားခဲ့ပြီး ယခုက ထိလွယ်ရှလွယ်ဖြစ်သည့် အချိန်အခါပင်။ ဖရီးမေဆင်၏ အစွမ်းအစတို့ဖြင့် ဆိုပါက အစက်အပျောက်လေးများအား ဆက်စပ်မိစေဖို့ အချိန်ယူရမှာ မဟုတ်ချေ။

လေဆိပ် ခရီးသွား မှတ်တမ်းများကို စုံစမ်းလိုက်သည်နှင့် သူနှင့် နင်ချဲ့တို့၏ လှုပ်ရှားမှုများကို ရှာဖွေတွေ့ရှိသွားပြီး ဖော်ထုတ်ခံလိုက်ရမည်မှာ ကျိန်းသေပေါက်ပင်။

ရန်သူ၏ ပိုင်နက်အတွင်း၌ ပေါ်ပေါ်ထင်ထင် လှုပ်ရှားသည်က အင်မတန် အန္တရာယ်များသည့် ကိစ္စရပ် ဖြစ်၏။

ယခုမစ်ရှင်တွင် အမြင်လျှမ်းသွားခဲ့သည်က အလယ်အလတ်အဆင့်ရှိသည့် ဖရီးမေဆင် အဖွဲ့ဝင်များနှင့် ထိုကဲ့သို့သော နေရာမျိုးတွင် ဆုံတွေ့ခဲ့ရခြင်း မဟုတ်ဘဲ နှစ်ဖက်လုံးက အချင်းချင်း ပက်ပင်းတိုးခဲ့မိသောကြောင့်ပင်။

အဆိုပါ အကြောင်းအရင်းကြောင့် လင်းရီသည် ထိုကဲ့သို့သော နည်းလမ်းမျိုးဖြင့် ကျီချင်းရန်နှင့် ရှန်းထျန်းကျိုးကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ ရဲအရာရှိများအား ကိုင်တွယ်ရသည်က ဖရီးမေဆင်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည်ထက် ပိုပြီး လွယ်ကူသည်။

“ ဥက္ကဌလင်း … ငါတို့ အခု ဟွာရှ ပြန်ကြတော့မှာလား ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဒီမှာ အရမ်း အန္တရာယ်များလွန်းတယ် … တကယ်လို့ ကျွန်တော်သာ မရောက်လာခဲ့ရင် ခင်များ ဟွာရှကို တစ်သက်လုံး မပြန်သွားနိုင်တာမျိုးတောင် ဖြစ်သွားနိုင်တယ် …. အခု ခင်များတို့ကို ဒီကနေ အရင် ထွက်သွားလို့ရအောင် လုပ်ပေးမယ် …”

ပြောရင်းဖြင့် လင်းရီသည် ကျီချင်းရန်၏ ဆံနွယ်အား ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ “ မင်း လန့်သွားမှာပဲ …”

ကျီချင်းရန် ခေါင်းခါလိုက်ပြီး သူမ၏ အကြည့်တို့ကတော့ လင်းရီထံ၌သာ ကျောက်ချထားခဲ့သည်။

“ နင် ကုမ္ပဏီကိစ္စ အတွက်ကြောင့်နဲ့တော့ လန်ဒန်ရောက်လာတာ မဟုတ်ဘူးမလား …”

လင်းရီ ခေတ္တ အေးခဲသွားခဲ့ရသည်။ ထို့နောက် ခေါင်းညိတ်လိုက်၏။

“ နင် အဲ့မှာ ဘယ်အချိန်ထိ ကြာအောင် နေဖို့ စိတ်ကူးထားတာလဲ … နင် ဒီတိုင်း ကုမ္ပဏီကိုပဲ သေချာလေး မအုပ်ချုပ်ချင်ဘူးလား ….”

ကျီချင်းရန် ပို၍ ပို၍ ဒေါသတကြီး ဖြစ်လာကာ စိတ်ခံစားချက်များအား ချုပ်ထိန်းမရတော့ချေ။ “ နင် အရင်လို ကုမ္ပဏီကို မအုပ်ချုပ်ချင်ဘူးဆိုရင်တောင် နင် တခြား ကြိုက်တဲ့ဟာတွေ လုပ်လို့ရတာပဲလေ … ဒီလိုမျိုး အသက်နဲ့ရင်းပြီး လုပ်နေရတဲ့ အလုပ်မျိုးတွေ ဘာလို့ လုပ်နေမှာလဲ ….”

“ ဒါက ငါ လုပ်ဖို့ ကြမ္မာဖန်လာတဲ့ အရာတွေပဲ … ငါ ရှောင်ပြေးလို့ ရတဲ့ အရာတွေ မဟုတ်ဘူး ….”

“ ငါ မယုံဘူး …” ကျီချင်းရန် စိတ်ခံစားချက် ပြင်းထန်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါတို့ နှစ်ယောက် ခွဲခွာရပြီးပြီ … ဒါကရော ကြမ္မာဖန်လာတဲ့ အရာပဲလား ….”

သူမ၏ ထိုစကားက တင်းကြပ်ပြီး ပြတ်သားနေခဲ့သည်။ ယင်းက လင်းရီကို ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားစေခဲ့လေသည်။

“ ဘယ်လို အခြေအနေတွေပဲ ဖြစ်လာပါစေ ငါမင်းကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး .. ဒီတော့ ငါတို့ ခွဲခွာစရာ အကြောင်းလည်း မရှိဘူး …” လင်းရီပြောလိုက်သည်။ “ ဒါပေမယ့် ငါ့မှာက တကယ်ပဲ လုပ်စရာတွေ အများကြီး ရှိနေတာ … ငါ့မှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး ….”

“ ငါ နင်နဲ့ စကားမပြောချင်ဘူး …”

ကျီချင်းရန် ဒေါသတကြီးနှင့် တစ်ဖက်သို့ ခေါင်းလှည့်သွားခဲ့ပြီး မျက်ဝန်းနှစ်ဖက်မှ မျက်ရည်တို့က တသွင်သွင် စီးကျလာခဲ့သည်။

လင်းရီ ထပ်ပြီး ပြောဆိုချင်ပါသော်လည်း ရှန်းထျန်းကျိုးက သူ့ကို ရပ်တန့်ရန် မျက်ရိပ်ပြလိုက်၏။

ယခုလို အခိုက်အတန့်မျိုး၌ တိတ်တိတ်နေသည်ထက် ပိုကောင်းသည့် ဖြေရှင်းနည်းလမ်းကား မရှိတော့ချေ။ ပြဿနာကို နှစ်ယောက်လုံး ခေါင်းအေးအေးထားပြီး ဖြေရှင်းဖို့ လိုသည်။

ရုတ်ချည်းဆိုသလို ရှန်းထျန်းကျိုး ကဗျာတစ်ပုဒ်ကို သွားအမှတ်ရမိ၏။ လူတိုင်းလူတိုင်းက ထိုကဲ့သို့ ဆုပ်လည်းစူး ၊ စားလည်းရူး အခြေအနေတွင် ကျရောက်နေသကဲ့သို့ ရှိ၏။

' ချစ်ခြင်းမေတ္တာပေါ် စိတ်ပိုနေခဲ့မိတာက ငါ့ရဲ့ သန္နိဌာန်ကို ထိခိုက်စေတယ်။

တစ်ကိုယ်တည်း တောတောင်ထဲကို ဝင်ရောက်ရတော့မယ့် အချိန်မှာ သေမျိုးကမ္ဘာရဲ့ ဖုန်မှုန့်လေးတွေနဲ့ ခွဲခွာရမှာကို စိုးရွံ့မိတယ်။

ဗုဒ္ဓကို သစ္စာမဖောက်၊ မင်းကို စိတ်မပျက်စေဘဲ ၊ ကောင်းကင်နဲ့ မြေပြင်ရဲ့ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မယ့် နည်းလမ်းသာ ရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်လိမ့်မလဲ။ '

အကယ်၍ တစ်ဖက်ခြမ်းက ညှိနှိုင်းလိုစိတ် မရှိပါဘူးဆိုပါက သဟဇာတ ပြန်ဖြစ်ဖို့ နည်းလမ်း ရှိမှာ မဟုတ်ချေ။

ယခုလို ကိစ္စမျိုး၌ ဆွေးနွေးငြင်းခုန်နေသည်က အချည်းနှီးသာ ဖြစ်၏။

မည်သို့ပင်ဆိုစေ လူတိုင်းသည် မိမိတို့ကမ္ဘာနှင့် မိမိ မှန်ကန်နေသူများပင်တည်း။

နာရီဝက်ခန့် ကြာပြီးသည့်နောက် နှစ်အုပ်စုက ဘုရင့်လမ်းဟု အမည်ရသည့် ကွန်ဒိုတွင် တွေ့ဆုံသည်။

လန်ဒန်မြို့က အိပ်စက်ခြင်း ကင်းမဲ့သည့် မြို့ဟူ၍ ကမ္ဘာအနှံ့တွင် နာမည်ကြီးသည်။ သို့သော် ယင်းက မြို့လယ်တွင်သာ ဖြစ်၏။ ၎င်းနှင့် ဝေးလံသည့် နေရာများ၌ ယခုကဲ့သို့ စည်ကားလှုပ်ရှားနေသည့် မြင်ကွင်းမျိုး မြင်တွေ့ရသည်က အင်မတန် ခဲယဉ်းလှသည်။

ထိုအချိန်တွင် ဘုရင့်လမ်း ကွန်ဒိုဝန်းကျင်တွင် ပိန်းပိတ်မှောင်မည်းနေခဲ့ပြီး အထီးကျန်ဆန်သည့် လမ်းမီးတိုင်တို့ကသာလျှင် မီးအလင်းရောင် တောက်ပနေသည်။ ရံဖန်ရံခါ ကားတစ်ချို့ကလည်း ထိုနေရာမှ ဖြတ်သန်းသွားလာမှု ပြုနေခဲ့ကြ၏။

မှောင်မိုက်သည့် လမ်းကျဉ်းလေးထဲတွင် ချီရှန်းကျောက်က ကားထဲတွင် ကြိုတင်စောင့်ဆိုင်းလို့နေသည်။

ဘေးပတ်ဝန်းကျင်ကို လင်းရီ ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်၍ မည်သူကမျှ သူတို့ကို သတိထားမနေသည်ကို အတည်ပြုပြီးနောက် ကျီချင်းရန်တို့အား အချက်ပြလိုက်သည်။

“ သွာစို့ … ကားထဲက ထွက်ဖို့ အချိန်ကျပြီ ….”

လင်းရီ ကားတံခါးဖွင့်၍ ကျီချင်းရန်နှင့် ရှန်းထျန်းကျိုးကို ကားပေါ်က ဆင်းစေသည်။ သူကိုယ်တိုင် ဆင်းခါနီးအချိန်၌ ကျန်ရှိသည့် ရဲအရာရှိ သုံးဦးလုံးကို အပြတ်ရှင်းလိုက်ပြီး ကားကို မီးရှို့ခဲ့လိုက်သည်။

နီရဲတောက်လောင်သည့် မီးညွှန့်တို့ တလူလူ မြင့်တက်လာချိန်တွင် လင်းရီနှင့် အခြားသူများမှာ လေဆိပ်သို့ ဦးတည်ထွက်ခွာလာနေခဲ့ပြီး ဖြစ်၏။

လေဆိပ်သို့ ရောက်ရှိသည့် အချိန်၌ ချိုးယွီလော့၊ နင်ချဲ့နှင့် အသင်းဝင်များအားလုံး ထိုနေရာတွင် စုစည်းနေကြပြီး နောက်ဆုံး၌ အုပ်စုမှာ အောင်အောင်မြင်မြင်နှင့် ပြန်လည် စုစည်းနိုင်လိုက်လေသည်။

“ မင်းဘက်ခြမ်းက အခြေအနေ ဘယ်လိုရှိလဲ… တစ်ယောက်ယောက် စောင့်ကြည့်လာသေးလား …” လင်းရီ သတိထားသည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ အကုန် စိတ်ချရတယ် …” ချိုးယွီလော့ ခွန်းတုံ့ပြန်လိုက်သည်။

“ သံရုံးရဲ့ လမ်းကြောင်းကလည်း အနီးနားလေးမှာပဲ … ပြီးတော့ လေယာဉ်လည်း အသင့်ဖြစ်ပြီ .. အချိန်မရွေး ပျံသန်းဖို့ အသင့်ပဲ … “

“ အခုပဲ သွားကြတာပေါ့ …” လင်းရီ ပြောလိုက်သည်။ “ ငါတို့ အခု သူတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရောက်ရင်ရောက်နေလောက်ပြီ … အပြည့်အဝ တပ်ပြန်ဆုတ်တာက တစ်ခုတည်းသော ရွေးချယ်စရာပဲ …”

ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးလည်း လင်းရီ၏ စကားကို ထောက်ခံလိုက်ကြသည်။

ထိုကဲ့သို့ကိစ္စများ ဖြစ်ပျက်ပြီးနောက်တွင် သူတို့၏ မကောင်းသည့် ကံကြမ္မာကိုသာ အပြစ်တင်ရုံမျှသာ တတ်နိုင်သည်။

မစ်ရှင်အတွက်ကတော့ … နောက်တစ်ကြိမ် အချိန်အခါကောင်းကို စောင့်ဆိုင်းဖို့သာ ရှိတော့သည်။ မဟုတ်ပါက တစ်မြို့လုံး တပ်လှန့်နေမှာ ဖြစ်ပြီး ပနားမားတွင် ဖြစ်ခဲ့သည့် ကိစ္စရပ်ကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး တစ်ကျော့ပြန် ဖြစ်မလာနိုင်ဟု ပြောမရပေ။

ယခုလို ဆုံးဖြတ်ပြီးသည်နှင့် လူတိုင်း လေယာဉ်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့ကြကာ ထွက်ခွာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

လုံခြုံရေးကလည်း အတော်လေးကို တင်းကြပ်နေသည်။

ဤကဲ့သို့သော အခြေအနေအောက်၌ အစိုးရ အရာရှိများ ထွက်ပေါ်လာခဲ့စေကာမူ ၎င်းတို့အပေါ် လွယ်လင့်တကူ လှုပ်ရှားဝံ့မှာ မဟုတ်ချေ။

“ ဒီမစ်ရှင်က မအောင်မြင်လိုက်တော့ နောင်ကျ ပြန်လာဖို့ ခက်ခဲသွားနိုင်တယ် …” နင်ချဲ့ ရေရွတ်လိုက်ပြီး ခံပြင်းနေသည့် မျက်နှာအမူအရာဖြင့် စီးကရက်တစ်လိပ်ကို ထုတ်သောက်နေသည်။

“ ငါတို့တတ်နိုင်တာလည်း ဘာမှ မရှိတာ … ဘယ်သူကရော ဒီမှာ ဖရီးမေဆင် အဖွဲ့ဝင်နဲ့ ပက်ပင်းတိုးမိမယ်လို့ ထင်ထားခဲ့လို့ …” ချိုးယွီလော့ ပြောလိုက်သည်။ “ ဒါပေမယ့် ငါတို့ ဒီကိစ္စကို အပြီးသတ်မှတော့ ရမယ် … မဟုတ်ရင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်လာနိုင်တယ် …”

“ ခေါင်းဆောင်လျိုဆီ အရင်ဆုံး တင်ပြကြတာပေါ့ .. ပြီးရင် လင်းရီကို သူ ဘယ်လိုတွေးထားလဲ မေးကြမယ် … သူ့ဦးနှောက်က တခြားလူတွေနဲ့ တူတာ မဟုတ်ဘူး … အကြံဉာဏ် တစ်ခုခု ရှိရင် ရှိလာနိုင်တယ် … နေဦး … အဲ့ကောင် ဘယ်သွားခဲ့တာလဲ …”

“ သူ့ကောင်မလေးနား ရှိမှာပေါ့ … သွားကြည့်ကြည့်လေ …”

နင်ချဲ့ ခေါင်းညိတ်ပြီး ဘာမျှ ထပ်မပြောတော့ချေ။

အစောပိုင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေတို့အရ လင်းရီသည် သူ့ကောင်မလေးနှင့် အတူ ရှိနေမည်မှာ သဘာဝပင်။

နင်ချဲ့က လင်းရီ၏ သစ္စာရှိ နှစ်သက်မြတ်နိုးသူ တစ်ယောက် ဖြစ်လင့်ကစား ကျီချင်းရန်အပေါ် မည်သည့် ရန်လိုသည့် စိတ်သဘောတို့မျှ မရှိပါချေ။

“ ဥက္ကဌကျီ … လင်းရီက နင်နဲ့ ရှိနေတာ မဟုတ်ဘူးလား ….”

ကျီချင်းရန်နှင့် ရှန်းထျန်းကျိုးတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး …

ကျီချင်းရန်က ပြန်ဖြေလိုက်၏။

“ သူက နင်တို့နဲ့ ရှိနေတာ မဟုတ်ဘူးလာ … သူ နင်တို့နဲ့ ဆွေးနွေးစရာ ရှိတယ်ဆိုပြီး ထွက်သွားခဲ့တာပဲ ….”

“ မဖြစ်နိုင် --- “

ရုတ်ချည်းဆိုသလို နင်ချဲ့သည် တစ်ခုခု မူမမှန်သည်အား သတိထားမိသွားခဲ့သည်။ သူမ၏ မျက်နှာသွင်ပြင်က သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် ဖုန်းထုတ်၍ လင်းရီထံသို့ ဆက်သွယ်လိုက်၏။

သို့သော် ဖုန်းက ဝင်မသွားခဲ့ချေ။

“ ချီးလိုပဲ …”

နင်ချဲ့ ကျိန်ဆဲလိုက်ပြီး လေယာဉ်တံခါးပေါက်ဝသို့ ပြေးသွားကာ လေယာဉ်မယ်အား အော်ငေါက်လိုက်သည်။

“ တံခါး ချက်ချင်းဖွင့်စမ်း …”

“ ခေါင်းဆောင်နင် … ကျွန်မတို့ ထွက်ခွာတော့မှာပါ … တံခါး မဖွင့်ပေးနိုင်ပါဘူး …”

ဤသည်က သံရုံး၏ အထူးလေယာဉ်ဖြစ်သဖြင့် လေယာဉ်မယ်သည်လည်း ထူးခြားသည့် အထောက်အထားတို့ ရှိနေခဲ့သည်။ နင်ချဲ့၏ အမိန့်ပေးမှုဖြင့် ရင်ဆိုင်နေရသည်ပင် တည်ငြိမ်ပြတ်သားမှု အပြည့်ဖြင့် မတုန်မလှုပ် တုံ့ပြန်လာခဲ့၏။

“ ငါက ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၃ ရဲ့‌ ခေါင်းဆောင်ပဲ … တံခါးကို အခုချက်ချင်း ဖွင့်ဖို့ အမိန့်ပေးတယ် …”

“ ကျွန်မ မလုပ်ပေးနိုင်ဘူး …” လေယာဉ်မယ်က ခေါင်းမာစွာ ပြောလိုက်ပြီး “ ခေါင်းဆောင်လင်းက ရှင်တို့အားလုံး ဟွာရှပို့ဖို့ အမိန့်ပေးထားတယ် .. ရှင်တို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ကျွန်မမှာ တာဝန်ရှိတယ် …”

“ နင် …”

ထိုအခိုက်အတန့်၌ ကျုံးဝေ့တပ်ဖွဲ့၏ ကျန်ရှိသည့် အသင်းဝင်များအားလုံး စုဝေးလာခဲ့ကြသည်။

ယခုတော့ ဘာဖြစ်နေလဲဆိုတာ သူတို့အားလုံး နားလည်သွားခဲ့လေပြီ။ လင်းရီက သူ့သဘောနှင့်သူ ထွက်သွားခဲ့ခြင်းပင်။

သူ၏ အကျင့်စရိုက်ဖြင့်ဆိုပါက ထိုသည်ကလည်း ထူးဆန်းသည်တော့ မဟုတ်ပေ။

“ လင်း … လင်းရီ ... သူ ထွက်သွားတယ် …..”

All Chapters