← Chapters

ရှော့ခ်ရလောက်ဖွယ် အထောက်အထား

Vol. 141 Ch. 2105

ရှော့ခ်ရလောက်ဖွယ် အထောက်အထား

Vol. 141 Ch. 2105

“ ဒါပေမယ့် ဒီကိစ္စမှာ … လင်းယွင်အုပ်စုနဲ့ အနောက်ကမ္ဘာဘက်ခြမ်းက Semiconductor ဂျိုင်းရက်ကြီးတွေ ဒါမှမဟုတ် သူတို့နှစ်ဦး နောက်ကွယ်မှာ ရှိတဲ့ ကြီးမြတ်တဲ့ နိုင်ငံနှစ်နိုင်ငံကြားထဲမှာ သိသာတဲ့ ကြီးကြီးမားမား ကွာဟမှု တစ်ချို့ ရှိတယ် … ကျွန်တော့်ဘက်က ဒီတစ်ကြိမ် အနိုင်ရသွားခဲ့ရင်တောင် အခြေခံကျတဲ့ တည်ဆောက်ပုံကိုတော့ ပြောင်းလဲနိုင်ဦးမှာ မဟုတ်ဘူး ….” လင်းရီ‌ ပြောလိုက်သည်။

“ အကြိမ်တစ်ရာ အနိုင်ရတာက အခြေနေကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပေမယ့် တစ်ကြိမ်ရှုံးနှိမ့်မှုက ပြင်မရနိုင်တဲ့ ကပ်ဘေးဆီ ကျရောက်သွားနိုင်တယ် ..”

“ တကယ်လို့ အကြိမ်တစ်ရာနဲ့ မလုံလောက်ဘူးဆိုရင် ငါတို့ဘက်က အကြိမ်တစ်ထောင် … ဒါမှမဟုတ် အကြိမ်တစ်သောင်း အနိုင်ယူမယ် .. ဒါက ငါတို့နိုင်ငံကြီး ပြန်လည်အားကောင်းလာဖို့အတွက် ငါတို့ လျှောက်လှမ်းရမယ့် လမ်းပဲ … သေရမယ်ဆိုရင်တောင် ငါတို့ ခြေတစ်လှမ်း နောက်ဆုတ်လိုက်လို့ မဖြစ်ဘူး….”

“ ဟူး ……”

လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ အန်တီရှန်း ပြောချင်တာကို ကျွန်တော် သဘောပေါက်တယ် …”

ဖုန်းတစ်ဖက်ခြမ်း၌ ရှန်းရှုရီ၏ အသံသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

“ ကလေး … နင် ကြိုးစားရမယ် …”

“ ဟွာရှရဲ့ အတိတ်က ကြီးမြတ်မှုတွေကို ပြန်ပြီး ဖော်ဆောင်ဖို့က ကျွန်တော်တို့တွေ ရှောင်လွှဲလို့ မရတဲ့ တာဝန်ပါပဲလေ …..”

လင်းရီ ဖုန်းချလိုက်ပြီး တာဝန်ဆိုသည့် အသိစိတ်ကြီးက သူ့ပခုံးထက်သို့ လေးလံစွာ ဖိနှိပ်ထားနေသည်။

“ ကော့တေးပါတီက ဘယ်တော့စမှာ …”

“ ည ရှစ်နာရီ …” ချီရှန်းကျောက် ပြန်ဖြေလိုက်သည်။

လင်းရီ သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ အချိန်ကျတော့မယ် … ငါ တစ်ချက် လိုက်ကြည့်ဖို့ စီစဥ်ထားတယ် … မင်းက ဟိုတယ်မှာပဲ နေပြီး လောလောဆယ် မသွားသေးနဲ့ .. တကယ်လို့ တစ်ခုခုဆိုရင် မင်းအပြင်ကနေ ကိုင်တွယ်လို့ရတယ် …”

“ နားလည်ပြီ …”

ချီရှန်းကျောက် မတ်တပ်ရပ်ပြီး လေးပင်စွာ ခေါင်းညိတ်လိုက်၏။

မသိလိုက်ခင် အချိန်အတွင်းမှာပဲ လင်းရီသည် အဖွဲ့အစည်းကြီး တစ်ခုလုံးကို အနောက်က မောင်းနှင်နေသည့် လင်းယွင်အုပ်စု၏ အရင်းမြစ် ဝိဉာဏ် ဖြစ်မှန်းမသိ ဖြစ်လာနေခဲ့သည်။

လင်းရီ ရှိနေပါက အခြားအချိန်များတွင် ကျော်လွှား၍ မရနိုင်ဟု ထင်ရသည့် ပြဿနာများသည်လည်း ဖြုံစရာမကောင်းတော့ပေ။

…..

လန်ဒန် ၊ ဟိဒ့် ပန်းခြံရှိ မန်ဒရင်း အော်ရီရန်တယ် ဟိုတယ်သည် ၎င်းနေရာဒေသရှိ အဆင့်မြင့်ဆုံး ဟိုတယ်များထဲက တစ်ခု ဖြစ်သည်။

လတ်တလောနှစ်များတွင် ဆက်တိုက်မြင့်တက်လာနေသည့် ၎င်းတို့ဂုဏ်သတင်း၏ ဆောင်မမှုဖြင့် ချမ်းသာသည့် အသိုင်းအဝိုင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် လူကုံထံ အချို့တို့ စုဝေးရာ နေရာတစ်ခု ဖြစ်လာလေသည်။

Semiconductor ညီလာခံကြီး၏ ဧည့်ခံပွဲကိုလည်း ဤနေရာ၌ လက်ခံကျင်းပခဲ့၏။

ဟိုတယ်၏ ရှစ်လွှာ၊ အတွင်းဘက်အကျဆုံး presendital suite ထဲတွင်။

အခန်း၏ ထောင့်နေရာအသီးသီးတွင် လူ ရှစ်ယောက်၊ ဆယ်ယောက် ဝန်းကျင်ခန့်မှာ သွင်ပြင်ပုံစံ အမျိုးမျိုးဖြင့် အသီးသီး ထိုင်နေခဲ့ကြသည်။ ၎င်းတို့အားလုံးက ရှပ်သို့ မဟုတ် အနောက်တိုင်းဝတ်စုံများကို ဝတ်ဆင်ထားခဲ့ကြလေသည်။

သို့သော် ၎င်းတို့ ထိုင်နေသည့် ပုံစံများကတော့ စည်းစနစ်ကျသည်ထက် သာမန်လျှံကာ နိုင်လှသည်ဟု ညွှန်းဆိုဖော်ပြခြင်းကသာလျှင် ပိုပြီး သင့်လျော်ပေလိမ့်မည်။

ဘဏ္ဍာရေး သို့မဟုတ် နည်းပညာ နယ်ပယ်နှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်သည့် မည်သူမဆို ယခု အခန်းထဲတွင် ထိုင်နေကြသည့် လူများအား မှတ်မိကြမည်မှာ မလွဲမသွေပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရှိနေကြသူတိုင်းက Semiconductor နယ်ပယ်ကို ဦးဆောင်နေကြသည့် ထိပ်သီး ပုံရိပ်များ ဖြစ်နေသောကြောင့်ပင်။

သူတို့အားလုံးက ASML, TSMC , Micron နှင့် Texas Instrument ကဲ့သို့သော ကမ္ဘာ့ထိပ်သီး Semiconductor ကုမ္ပဏီကြီးများမှ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ကြ၏။

အချို့က နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများဖြစ်ပြီး အချို့ကတော့ စီးပွားရေး လုပ်ငန်းစုကြီးများနောက်ကွယ်၌ ထိန်းချုပ်ကြိုးကိုင်နေသူများ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးတွင် တူညီသည့် အချင်းအရာ တစ်ခု ရှိ၏။

၎င်းတို့၏ သက်ဆိုင်ရာ ကုမ္ပဏီတွင် သူတို့က အကြွင်းမဲ့ အာဏာကို ပိုင်ဆိုင်ထားကြသူများပင်။

အကယ်၍များ ဤလူများအားလုံးသာ ပျောက်ရှပျက်စီးသွားခဲ့မည်ဆိုပါက ကမ္ဘာ့ Semiconductor နယ်ပယ်သည်လည်း အနည်းဆုံး သုံးနှစ်ခန့်အထိ နောက်ပြန်ဆုတ်သွားရနိုင်သည်။ ထိုမျှလောက်အထိကို အရေးပါသည့် လူပုဂ္ဂိုလ်များက စုဝေးနေကြခြင်း ဖြစ်၏။

Zzzzzzzzz …. ( လျှပ်စစ်စီးသံ )

ထိုအချိန်တွင် တံခါးဝသို့ လျှပ်စစ်စီးသံ ခပ်တိုးတိုး မြည်ဟည်းလာခဲ့ပြီး များမကြာမီ တံခါး တွန်းပွင့်လာသည်။

ရွှေရောင်ဆံနွယ် ၊ အပြာရောင် မျက်ဝန်းပိုင်ရှင် တစ်ဦးက မိုးပြာရောင် အနောက်တိုင်း ဝတ်စုံနှင့် အမျိုးသားတစ်ဦး အဖော်ပြုလျက် အခန်းထဲသို့ လျှောက်လှမ်းဝင်လာခဲ့သည်။

အမျိုးသမီးက နီတောက်ရဲရဲ နှုတ်ခမ်းနီကို ဆိုးထားပြီး ရိုရှင်းသည့် LV တီရှပ်နှင့် မီးခိုးရောင် fitness legging(ဘောင်းဘီ) ကို ဝတ်ဆင်ထားသည်။ သူမ၏ သွင်ပြင်နှင့် ကိုယ်လုံးကိုယ်ပေါက်က အလွန်တရာ လှပကောင်းမွန်သော်ငြားလည်း ဤသို့သော အထက်တန်းလွှာ ပရော်ဖက်ရှင်နယ်များ စုဝေးရာ နေရပ်တွင်တော့ မျက်စိစူးချင်စရာ ဖြစ်နေခဲ့သည်။

သူမနှင့် အတူ ဝင်လာခဲ့သည့် မိုးပြာရောင် အနောက်တိုင်း ဝတ်စုံနှင့် အမျိုးသားကတော့ ဝေါ်ကာ၏ ပါတနာ ၊ အီဗန်ပင်။

အမျိုးသမီး၏ နာမည်က ဟောလစ်ဖြစ်ပြီး အီဗန်ကဲ့သို့ ဖရီးမေဆင်၏ ကွပ်ကဲသူ ဆယ့်နှစ်ဦးထဲက တစ်ဦးဖြစ်လေသည်။

“ ဂုဏ်သရေရှိ စီနီယာ အဖွဲ့ဝင်များအားလုံးကို ဒီနေရာကနေ ကြိုဆိုလိုက်ပါတယ် .. ရှင်တို့အားလုံး ဒီနေ့ ဒီနေရာကို လာခဲ့ပေးတာ သိပ်ဝမ်းသာတာပဲ …” ဟောလစ်က အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်၏။ သူမက ရွှင်ပြတက်ကြွသည့် ပွဲဧည့်ခံသူ တစ်ဦးကဲ့သို့ သူမ၏ ဧည့်သည်များအား နွေးထွေးစွာ ကြိုဆိုနေပုံပေါ်သည်။

၎င်းတို့၏ ကုမ္ပဏီအသီးသီးတွင် ကြီးမားသည့် ဩဇာအာဏာကို လက်ကိုင်ထားသည့် တူညီမှု တစ်ချက် အပြင် ဤအခန်းထဲရှိ လူတိုင်း၌ အခြား တူညီသည့် အချင်းအရာ တစ်ခုလည်း ရှိသေး၏။

ယင်းက သူတို့အားလုံးမှာ ဖရီးမေဆင်၏ အကြီးတန်း စီနီယာအဖွဲ့ဝင်များ ဖြစ်နေကြခြင်းပင်။

သို့သော် ဖရီးမေဆင်၏ လက်တံတို့က အခန်းထဲတွင် ရှိနေကြသည့် လူတို့လောက်သာလျှင် မဟုတ်။ အချို့သော ရာထူးမြင့် နိုင်ငံရေးသမားများကလည်း ၎င်းတို့၏ အဖွဲ့ဝင်များ ဖြစ်နေကြသေးသည်။

ကမ္ဘာတစ်လွှား၌ ၎င်းတို့၏ လွှမ်းမိုးနိုင်မှုက လူအများစု စိတ်ကူးယဉ်ထားသည်ထက်ပင် ကျော်လွန်နေသေးသည်။

ထို့ကြောင့်ပဲ သူတို့အားလုံးက တညီတညွှတ်တည်း စုဝေး၍ လင်းယွင်အုပ်စုကို ဖိနှိပ်ရန်အလို့ငှာ Semiconductor တည်ဆောက်ပုံအသစ်ကို ပြောင်းလဲဖို့ ဆန္ဒရှိကြခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နောက်ကွယ်၌ ဖရီးမေဆင် အဖွဲ့အစည်းကြီး ရှိနေသောကြောင့် ဖြစ်၏။

သူတို့နှစ်ဦး အထဲသို့ ဝင်လာသည်နှင့် အုပ်စုက သူတို့၏ ကိုယ်ဟန်သွင်ပြင်ကို ချိန်ညှိလိုက်ကြပြီး ထိပ်ပြောင်နှင့် လူတစ်ယောက်က အရင်စပြောသည်။

“ ငါတော့ ဒီရဲ့ ချဉ်းကပ်နည်းလမ်းက နည်းနည်း စွန့်စားရလွန်းတယ်လို့ ထင်တယ်… ဒါက ငါတို့ရဲ့ နယ်ပယ်ကိုပါ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ် …”

သူ့နာမည်က ဒရစ်(ခ်) ဖြစ်ပြီး Texas Instrument ၏ စီနီယာ ဒုဥက္ကဌပင်။

“ လင်းယွင် အုပ်စုရဲ့ လွှမ်းမိုးမှုက ဖြည်းဖြည်းချင်း ကြီးထွားလာနေပြီ … ဒါပေမယ့် သူတို့ရဲ့ ကမ္ဘာ့ဈေးကွက်ရှယ်ယာကတော့ မပြောပလောက်သေးဘူး … ဒီ နည်းလမ်းကိုသုံးပြီး သူတို့ကို ဆန့်ကျင်သာက လုံးဝ မသင့်လျော်ဘူး … ငါတို့ရဲ့ ရေရှည်အကျိုးစီးပွားနဲ့လည်း မကိုက်ညီနေဘူး …”

ဟောလစ် သူ့စကားကို တုံ့ပြန်ဖြေဆိုခြင်း မပြုခဲ့ချေ။ ထိုအစား ပြတင်းပေါက်ဘောင်ဘေးနားတွင် မတ်တပ်ရပ်နေသည့် သတ်လတ်ပိုင်း အမျိုးသားထံသို့သာ အကြည့်ပို့လိုက်၏။

“ ဝင်ဒီဘီ …. လင်းယွင်အုပ်စုက နင်တို့ ASML ရဲ့ အဓိက ပြိုင်ဘက်တွေထဲက တစ်ယောက်ပဲ … ဧကန္တ … နင်လည်း အဲ့လို ထင်နေတာလား …”

“ လင်းယွင်အုပ်စုက အထင်ကြီးဖို့ ကောင်းတာ မှန်တယ်… ဒါပေမယ့် ငါလည်း ဒရစ်(ခ်) ပြောတာကို ထောက်ခံတယ် … သူတို့က ကမ္ဘာ့ ဇာတ်ခုံပေါ် ဝင်ရောက်လာနိုင်တဲ့ အစွမ်းအစ မရှိသေးဘူး … ငါတို့ အဲ့လို အခွင့်အရေးမျိုး ပေးမှာ မဟုတ်ဘူး ….” ဝင်ဒီဘီ ပြောလိုက်သည်။ “ ဒါပေမယ့် ငါတို့ဘက်က ကိုင်တွယ်ဖို့လိုတဲ့ တစ်ယောက်တော့ ရှိတယ် … တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မင်းဘက်က လှုပ်ရှားပေးဖို့ မျှော်လင့်တယ် …”

“ ဘယ်သူလဲ …”

“ ရှန်းထျန်းကျိုး ….”

ထက်ရှမှု အမျှင်တန်းက သူ့ မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့ပြီး ဝင်ဒီ၏ အမူအရာမှာ ခြွင်းချက်မဲ့ လေးနက်တည်ကြည်နေသည်။

“ သူက လင်းယွင်အုပ်စုရဲ့ စီနီယာ ဒုဥက္ကဌတွေထဲက တစ်ယောက်ပဲ … ပြီးတော့ လီတိုဂရပ်ဖီစက် သုတေသနနဲ့ ထုတ်လုပ်ရေးပိုင်းကို ဦးဆောင်နေသူလည်း ဟုတ်တယ် … သူသာ မရှိဘူးဆိုရင် လင်းယွင်အုပ်စုက လီတိုဂရပ်ဖီစက်ကို ဈေးကွက်ထဲ ဒီလောက်မြန်မြန်နဲ့ ရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ….”

“ ငါ သူ့ကို သိတယ် … ငါတို့ ကိုင်တွယ်ဖို့ နည်းလမ်းရှာလိုက်မယ် … သူ့ကို အမေရိကန်မှာ တစ်သက်လုံး ထိန်းသိမ်းထားဖို့က ပြဿနာ မရှိဘူး …” ဟောလစ် ပြောလိုက်ပြီး “ ဒါပေမယ့် ငါသိချင်တာက နင်တို့လည်း ငါတို့ရဲ့ အစီအစဉ်အပေါ် မတူကွဲပြားတဲ့ အမြင်တွေ ရှိနေလား ဆိုတာပဲ ….”

“ ငါတို့ အစောပိုင်းတုန်းက ဆွေးနွေးထားပြီးပြီ … ပြီးတော့ ဒီလိုမျိုး လုပ်ဖို့က မလိုအပ်ဘူးလို့ ငါတို့အားလုံး ယုံတယ် …”

ပြေလိုက်သူက လူငယ်၊ လီယုံချော ဖြစ်ပြီး ဆမ်ဆောင်းအုပ်စု၏ အမွေဆက်ခံနိုင်သူများထဲက တစ်ဦး ဖြစ်လေသည်။

“ နင်တို့ရဲ့ အမြင်ကို ငါနားလည်တယ် … ဒါပေမယ့် နင်တို့ သတိမပြုမိသေးတဲ့ တစ်ချက် ရှိသေးတယ် … လင်းယွင်အုပ်စုကို နောက်ကွယ်ကနေ အဓိက ထိန်းချုပ်နေတဲ့လူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ လင်းရီပဲ ….” ဟောလစ် ရှင်းပြလိုက်သည်။ “ အပေါ်ယံမှာ သူက ဒီတိုင်း သာမန် စီးပွားရေး သမား တစ်ယောက်ပဲ … ဒါပေမယ့် နောက်ကွယ်မှာကျ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင် ဖြစ်နေတယ် … ပြီးတော့ သူ့ရဲ့ အရည်အချင်းကလည်း ပြောစမတ်ပြုရလောက်အောင်ကို ကောင်းလွန်းတယ် …”

ဤသည်ကို ကြားတော့ လူတိုင်း၏ အကြည့်က ဟောလစ်ထံသို့ စုပြုံသွားခဲ့ကြသည်။

အဆိုပါ သတင်းအစနလေးက သူတို့အားလုံးကို အမှန်ပင် ရှော့ခ်ရသွားစေခဲ့လေသည်။

အသက် ငယ်ငယ်လေးနှင့် ကမ္ဘာ့ ထိပ်တန်းသို့ ဝင်ရောက်နိုင်သည့် Semiconductor ဂျိုင်းရက်ကြီးကို သုံးနှစ် အတွင်း တည်ဆောက်နိုင်သည်ကပင် အထင်ကြီးဖို့ကောင်းနေပြီး ဖြစ်၏။ သို့သော် နောက်ကွယ်၌ သူတို့ ထင်မှတ်မထားသည့် အခြားသော အထောက်အထားတစ်ခုကလည်း ရှိနေပြန်သည်။ ဤသည်ကို သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

“ စီးပွားရေး အမြင်ရှုထောင့်ကနေ ကြည့်ရင် လင်းယွင်အုပ်စု မြင့်တက်လာတာက နောက်ကွယ်ကနေ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ပံ့ပိုးကူညီပေးမှုတွေ ရှိနေမှာကို သံသယ ဖြစ်နေစရာ မလိုဘူး … သူတို့သာ မရှိခဲ့ရင် ဒီလောက် လျင်လျင်မြန်မြန်နဲ့ Semiconductor နယ်ပယ်ထဲမှာ အခြေချနိုင်စရာ အကြောင်း မရှိဘူး …” ဟောလစ် ဆက်ပြီးပြောသည်။

“ အခု … ဟွာရှက ကမ္ဘာ့စီးပွားရေးမှာ ထိပ်တန်း ဒုတိယ နေရာကို ရောက်လာနေပြီ … အဲ့ဒီသူကလည်း သူတို့ကို ပံ့ပိုးကူညီမှုတွေ အများကြီးပေးမှာ သေချာတယ် … နင်တို့ဘက်ကသာ အချိန် နှစ်နည်းနည်းလောက် ပေးလိုက် … နင်တို့ အားလုံးကို ခြိမ်းခြောက်လာနိုင်မှာ ကျိန်းသေတယ်….”

( အဲ့ဒီသူက .. သူ့ကို ပြေးမြင်မိကြမှာပါ။ ကျနော် မပြောတော့ဘူး။)

ဟူး ….

ဟောလစ် စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး ဆေးလိပ်ငွေ့များအား မှုတ်ထုတ်လိုက်သည်။

“ နင်တို့တွေ ကျုံးဝေ့တပ်ဖွဲ့ကို အထင်သေးမယ် မကြံနဲ့ .. သူတို့ရဲ့ လွှမ်းမိုးမှုကလည်း ကျယ်ပြောတယ် … ငါတို့သာ အခုချိန် လင်းယွင်အုပ်စုကို အခုချိန် မဖယ်ရှားထားဘူးဆိုရင် နင်တို့ရဲ့ အနာဂတ် အကျိုးစီးပွားကိုလည်း ထိခိုက်မှု ရှိလာမှာ ကျိန်းသေတယ် ….”

All Chapters